ဤကတ်သည် တစ်ခါတရံ ရှေ့ဆုံးမှာရှိကာ တစ်ခါတရံ နောက်ဆုံးမှာ ရှိတတ်၏။ ယခုခေတ် ဖဲထုပ်များတွင်ပါသော ဂျိုကာနှင့်လည်း တူသည်။ အရူးကတ်တွင် လူငယ်တစ်ဦးအသွင်ဖြင့် ဖော်ပြထားကာ ချောက်ကမ်းပါးစွန်းတွင် ကိုယ်ဖော့ပြီး လျှောက်နေ၏။ အသူတရာနက်သော ချောက်ကမ်းပါးသည် သူ့အတွက် ထိတ်လန့်စရာမရှိပါ။ ခွေးတစ်ကောင်က သူ့ခြေထောက်နားမှာ ဟောင်နေ၏။ တုတ်နှင့်သီထားသော အထုပ်ထဲတွင် ပညာဗဟုသုတမျိုးစုံပါသည်။
နှင်းဆီပန်းအဖြူမှာ နိမ့်ကျသော လိုအင်ဆန္ဒများမှ လွတ်မြောက်မှု ကိုပြဆိုသည်။ လက်ယာဘက်ထောင့်တွင် တောက်ပသော နေမင်း ထွန်းလင်းနေကာ ကောင်းကင်ပြင်တွင် တိမ်ကင်းစင်နေ၏။ အချို့ကတ်ပြားများတွင် ခွေးအစား နဂါးပုံ ပါတတ်၏။ အချို့ကတ်များတွင် တောင်ဝှေးကိုင် ထားသည်ကို တွေ့ရ၏။ လောက၏ လျှို့ဝှက်မှုများကို သိရန် ဂန္ဓာရီအရူးစခန်း ထွက်သည့်သဘောကို ဆောင်သည်။ သူသည် ရုပ်ပိုင်းဆိုင်ရာ လောကကို စွန့်ခွာကာ ဘ၀ခရီးကို စတင်လျှောက်လှမ်းနေသည်။
သူ့တွင် စိတ်ပိုင်းဆိုင်ရာ စွမ်းအားတွေ ရှိနေသဖြင့်လည်း မည်သည့်အန္တရယ်ကိုမဆို သူ ရင်ဆိုင်ဝံ့သည်။ အချို့ပညာရှင်များအလိုအရ အရူး၏ အိတ်ထဲတွင် လောက၏ အကုသိုလ် ဒုစရိုက်အားလုံးကို ထည့်ထားသည် ဆို၏။ ဤကတ်ပြားသည် အထုပ်ထဲတွင် အရေးကြီးဆုံး ကတ်ပြားတစ်ချပ်ဖြစ်၏။ နံပါတ်မတပ်ထားသဖြင့် ၄င်းသည် အားလုံးနှင့် သက်ဆိုင်သည်ဟု ဆိုနိုင်သကဲ့သို့ ဘာတစ်ခုနှင့်မှ မသက်ဆိုင်ဟုလည်း ဆိုနိုင်သည်။
ဒီကတ်ပြားမှာ ခြေဦးတည်ရာ လျှောက်သွား နေတဲ့ အရူးတစ်ယောက်ကို တွေ့ရပါ့မယ်။ အရူး ဟာ တုတ်တစ်ချောင်းမှာ အထုပ် တစ်ထုပ် ထမ်းထားပါတယ်။ ဂန္ဓာရီ ပညာရှင်များက မသိ နားမလည်ခြင်း အ၀ိဇ္ဇာ အထုပ်ကို ထမ်းထားတာလို့လည်း အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ အရူး ဟာ သူ့ရဲ့ ဖိနပ်ကို မစီးဘဲ ထမ်းထားတာ လို့လည်း ဆိုကြပါတယ်။
မသိ နာမလည်တဲ့ အရူးဟာ ရှေ့ကို လှမ်းလိုက်ရင် ချောက်ထဲကို ကျတော့မှာပါ။ သူ့ရဲ့ နောက်ကလည်း ခွေးတစ်ကောင်က လိုက်လာပါတယ်။ ဒီကတ်ပြားကို ဘယ်လိုပဲ ဖြစ်ဖြစ် အဆိုးသဘော ယူဆရမှာပါပဲ။ အားလုံးကို ခြုံပြီး စဉ်းစား လိုက်တဲ့ အခါ ဘယ်လို မေးခွန်းမျိုး ကိုပဲ မေးမေး အရူးကတ်ပြား ကျလာခဲ့ပြီဆိုရင်...
မဖြစ်ဘူး ၊ မရဘူး ၊ မအောင်မြင်ဘူး ဆိုတဲ့ အဟောတွေပဲ ဟောရမှာပေါ့။ ရူးသွတ်ခြင်း၊ ကယောင် ချောက်ခြား ဖြစ်ခြင်းတွေနဲ့ပါ တွဲစပ်ပြီး ဒီကတ်ပြားကို ဆိုးရူး လို့ အလွယ် မှတ်ထားနိုင်ပါတယ်။
# ရူးလောက်အောင် ဖြစ်သည် ဆိုသော အဖြစ်မျိုးများနှင့် ကြုံရတတ်သည်။
# ခု တစ်မျိုး၊ တော်ကြာ တစ်မျိုး စိတ်နှင့် ကိုယ်နှင့် မကပ်ပဲ ယောင်ချာချာ ဖြစ်နေမည်။
# ထိုင်ရတော့ မလိုလို ၊ ထရတော့ မလိုလို ၊ ဆက်လုပ်ရတော့ မလိုလို ၊ ရပ်ရတော့ မလိုလို အဖြစ်မျိုးများ ကြုံမည်။
# တောင်စဉ် ရေမရ ခရီးတိုများ ဆက်တိုက် သွားနေရတတ်သည်။
# ခြေထောက်ပိုင်း ။ ဖိနပ်ပိုင်း ဒုက္ခပေးတတ်သည်။
# မိုက်မဲ ရူးသွတ်စွာ တဇွတ်ထိုးတဇောက်ကန်း လုပ်မှု့ကြောင့် မလိုလားအပ်သော အန္တရာယ်များနှင့် ကြုံရ တတ်သည်။
# လုပ်သမျှ ကြံသမျှ တွေးသမျှ ဆုံးဖြတ်သမျှ အလွဲလွဲ အချော်ချော် အမှားမှား အယွင်းယွင်း ဖြစ်နေရတတ်သည်။
# အပိုင် တွက်ဆထားသော စီစဉ်ထားသော ကိစ္စများ လွဲချော် ပျက်ယွင်း သွားရတတ်သည် ဆိုတဲ့ ဟောချက်မျိုးတွေ အဟောထုတ်နိုင် ပေတာပေါ့ဗျာ.....။
ဒီအောက်က ဟောကိန်းလေးတွေကတော့ အဘမင်းသိင်္ခရဲ့ ပုံသေနည်းလေးတွေ ဖြစ်ပါတယ်...
၁။ လုပ်ငန်းများရှေ့ သို့မတိုးဘဲနှောင့်နှေးနေမည်။
၂။ အရောင်းအ၀ယ်သမားဖြစ်ပါက အရောင်းအ၀ယ်မ ကောင်းပါ။
၃။ အိမ်သို့ အရက်ပုလင်းများ ရောက်လာတတ်သည်။ အမြန်ဆုံး ပြန်၍ထုတ်ပစ်ပါ။
၎။ နားအူ၍ နေမည်။ အမြန်းဆုံးကုသပါ။ ပျောက်ကင်းမည်။
၅။ခရီးတိုများ ဆက်တိုက်သွားနေရမည်။
၆။ အမှုအခင်း ဖြစ်ပွားတတ်သည်။
၇။ ကိုယ်ခန္ဓာ၏ ဘယ်ဘက်ခြမ်း မကြာခဏအောင့်မည်။
၈။ သက်ကြီးရွယ်အိုများ အိမ် ၌ လာရောက်မတည်းခိုမိရန် သတိပြုပါ။ တည်းခိုမိပါက ထိုသက်ကြီးရွယ်အို အိမ်၌ ဆုံးပါသွားတတ်သည်။
၉။ လောကဓံတရား၏ မတရားညဉ်းပန်းနှိပ်စက်မှုကို ခံရတော့မည်။ အံကြိတ်ပြီးသာခံပေတော့။
၁၀။ ဘာတစ်ခု မှ ကောင်းကွက်မရှိပါ။
လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ မေ့လျော့ပစ်လိုက်ပါ။ အောင်မြင်ရန် လမ်းလုံးမရှိပါ။

အမှောင်ထု စိုမိုးပြီးလျှင် အလင်းရောင် တစ်ကြိမ်တစ်ခါ ထပ်ပေါ်စမြဲ။ လစန္ဒာ၏ မြူခြေဝေသီဆိုင်းပြီး မသေချာ မရေရာမှု လာပြီးလျှင် တက်ကြွလန်းဆန်း တောက်ပသော သူရိယနေမင်း ထွက်ပေါ်စမြဲ၊ ကိုယ်လုံးတီး ကလေးငယ်တစ်ဦးသည် မြင်းဖြူ တစ်ကောင်ကိုစီးလာသည်။ သူသည် ရွှင်မြူးစွာဖြင့် အနီရောင် တောက်တောက်အလံကို ကိုင်စွဲ ဝှေ့ယမ်းနေသည်။
ခွေးနှင့် ၀ံပုလွေတို့သည် လမင်းကိုကြည့်၍ အူနေကြသည်။ ၀ံပုလွေသည် သဘာဝ၏ အရိုင်းထည်ကို ပြပြီး၊ ခွေးသည် လူသားတို့နှင့်အတူ လိုက်လျောညီထွေရှိမှုကို ပြ၏။ ရေကန်ထဲမှ တက်လာသော သတ္တ၀ါသည် ကဏန်းကောင် ဖြစ်သည်။ နက္ခတ္တဗေဒပညာအရ ၄င်းသည် ခန္ဓာ၏ အုပ်စိုးမှုအောက်တွင် ရှိသည်။ အချို့ကတ်ပြားများတွင် အမျိုးသမီး တစ်ဦးက ကဏန်းကောင်ကို စီးနင်းလာပုံ၊ လက်တစ်ဖက်က မှန်ကိုင်ထားပုံများ ပါဝင်သည်။
ဓူဝံကြယ်တွင် ထောင့်ချွန်းရှစ်ခု ဖြာထွက်နေသည်။ ၄င်းသည် အနန္တစွမ်းအားကို ဖော်ဆောင်သည်။ ထို တရာများဘေးတွင် သေးငယ်သော ကြယ်လေး ၇ လုံး ၀န်းရံနေ၏။ မြေပေါ်မှာ ဒူးထောက်နေသော မိန်းမပျိုပေါ်သို့ နေရောင်ခြည် စွမ်းအင်များ စီးဆင်းနေသည်။
ပြိုကျနေသော မျှောစင်၊ သို့မဟုတ် မိုးကြိုးအပစ်ခံရသော မျှောစင်ပုံဟုလည်း ခေါ်သည်။ ရှေးဦး အီတလီကတ်ပြားများတွင်မူ “ပလူတိုရဲတိုက် ” ဟုခေါ်သည်။ “ ပလူတို” သည် မြေအောက်ကမ္ဘာမှ နတ်အမည်ဖြစ်၏။ လက်ရှိ အခြေအနေများတွင် ပြောင်းလဲပစ်ရန် အဟောင်းကို ဖြိုချသည့် သင်္ကေတဖြစ်သည်။
ကဒ်ပြားအမှတ် (၆)ဖြစ်သော ချစ်သူနှစ်ဦးကဒ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ စေတန်ခေါ် မကောင်းဆိုးဝါးပုံမျိုး ဖြစ်၏။ ခေါင်းတွင် ဆိတ်ချိုနှစ်ဖက် ပေါက်နေကာ ပခုံးနှစ်ဖက်တွင် လင်းနို့တောင်ပံတွေ ရှိသည်။ လက်တစ်ဖက်က မီးထုတ်ကို ကိုင်ထား၏။ ချိုနှစ်ခုကြားတွင် ပဉ္စဂံ ပြောင်းပြန်ပုံရှိ၏။ သူထိုင်နေသော စင်မြင့်ရှေ့တွင် သံကွင်းတစ်ခုရှိကာ ထိုကွင်းမှ သံကြိုးများသည် ကိုယ်လုံးတီး ယောက်ျားနှင့် မိန်းမတို့၏ လည်ပင်းများကို ထူးခတ်ထားသည်။
ဤကတ်ပြားကို အချို့ကလည်း အချိန်နတ်သား ( The Anget of Time ) ဟု ခေါ်ကြသည်။ ရေနတ်သား “ အကွားရီးယပ်စ် ” က ဆင်းသက်လာသည်ဟုလည်း ဆိုကြ၏။ အချို့ကလည်း ဤကတ်ပြားကို စိတ်ကို သင့်လျော်သလို ပြောင်းလဲစေသည့် သဘောကို ဆောင်ရာတွင် သုံးသည်။ တောင်ပံပါသော နတ်သားတစ်ပါး၏ နဖူးထက်တွင် သူရိယ အမှတ်တံဆိပ် ခတ်နှိပ်ထားသည်။ အတွင်း၌ တြိဂံပုံပါသော လေးထောင့် ကွက်တစ်ခု သူ့ရင်ဘတ်မှာ ရှိ၏။ ၄င်းသည် “တားရော့ကျမ်း” ၏ သင်္ကေတ ဖြစ်သည်။
အရိုးစုက သံချပ်အင်္ကျီ ၀တ်ထားသည့် ထူးခြား ဆန်းကြယ်သော မြင်းစီးယောင်္ကျားသည် လယ်ကွင်းကို ဖြတ်၍ ဖြည်းညင်းစွာ မြင်းစီးလာနေသည်။ ဂမ္ဘီရနှင်းဆီ အမှတ်တံဆိပ် ခတ်နှိပ်ထားသော အမည်းရောင် အလံကို ကိုင်ဆောင်ထားသည်။ မိုးကုတ်စက်ဝိုင်း၏ အဆုံးနားရှိ တိုင်လုံးနှစ်လုံး၏ကြားတွင် ထာဝရရှင်သန်သော နေမင်းက ထွန်းလင်း တောက်ပ နေသည်။ မြင်းစီးယောင်္ကျားသည် မြင့်သောထင်သာသော လက်နက် တစ်စုံတစ်ရာမျှ ကိုင်ဆောင်မထား၊ သို့သော် သူ့ရှေ့တွင် ဘုရင်၊ ကလေး၊ လုံမပျိုတို့သည် ပျပ်ဝပ် ၀ပ်စင်းနေကြ၏။
သစ်သားတိုင်မှာ အရွက်တွေဝေလျက် သက်ရှိဖြစ်နေသည်။ ထိုသက်ရှိတိုင်တွင် လူငယ်သည် စောက်ထိုးဆွဲခံနေရသည်။ လက်ကိုနောက်ကျောတွင် ပိုက်ထားသည်။ ဦးခေါင်းနှင့်အတူ ကြည့်လျှင် တြိဂံပုံပေါ် နေသည်။ ခြေထောက်တစ်ချောင်းမှာ ကန့်လန့်ဖြတ် ချိတ်ဆွဲထားသည်။ ဦးခေါင်းဘေးတွင် ရောင်ခြည်အ၀ိုင်း ပေါ်နေမည်။ မျက်နှာပြင်သည် ကသိကအောင့် ပုံစံမျိုး မပေါ်ဘဲ တည်ငြိမ်အေးဆေးမှုပုံပေါ်နေသည်။
ကတ်ပြားအမှတ် ( 2 ) ဘိက္ခုနီမယ်တော်ကြီး ကတ်ပြားနှင့် ပုံသဏ္ဍာန်တူသည်။ တရားသူကြီးသည် ကျောက်တိုင်နှစ်လုံးကြားတွင် ထိုင်နေသည်။ တရာတစ်ဖက် ဓားတစ်လက်ဆိုသော သဘောကိုဆောင်သော လက်တစ်ဖက်တွင် ဓားလွတ်ကိုင်ထားကာ တစ်ဖက်တွင်ကား ချိန်ခွင်ကို ကိုင်ထားသည်။
ဤကတ်ပြားတွင် ထူးဆန်းသော တိရစ္ဆာန်များ၏ပုံတွေပါမည်။ ထိုတိရစ္ဆာန်များသည် သမ္မာကျမ်းစာ တွင် ပါသော တိရစ္ဆာန်များ အဆန်းများဖြစ်၏။ TARO ဆိုသော စာလုံးကို စက်ဝန်းပတ်လည်တွင် ဖြန့်ကျက်ထားသည်။ အဖြစ်အပျက်တွေ မည်မျှပင် ပြောင်းလဲ စေကာမူ ကံကြမ္မာကတော့ တည်မြဲနေမည် ဆိုသော သရုပ်ကိုပြဆိုသည်။ တိရစ္ဆာန်ရုပ်များသည် ရာသီရုပ်များဖြစ်သည်။

နေမင်းသည် အထွတ်အထိပ်သို့ ရောက်ကာ အစွမ်းကုန် ထွန်းလင်း တောက်ပလျက်ရှိ၏။ နေမင်း၏ အောက်တွင် တောင်ပံနှစ်ဖက်ပါသော တမန်တော် တစ်ဦသည် လက်နှစ်ဖက် ဆန့်တန်းလျက် ကောင်းချီးမင်္ဂလာများ ဖြန့်ဝေပေးနေသည်။ တမန်တော်၏ ရှေ့တွင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးပုံ ရှိသည်။
သာသနာပိုင် ဆရာတော်ကြီး ဆောင်းထားသော သရဖူမှာ သုံးဆင့်ထပ် သရဖူဖြစ်သည်။ ပုပ်ရဟန်းမင်း များ၏ အဆောင်အယောင်ဖြစ်သည်။ ဆရာတော်ကြီးသည် တိုင်နှစ်လုံးကြား တွင် ထိုင်နေသည်။ သို့သော် ဤတိုင်လုံးများသည် သီလရှင်ဆရာကြီး သီတင်းသုံးသော ကျောင်းတော်ကြီးထဲမှ တိုင်လုံးများတော့ မဟုတ်၊
လက်တန်းတွင် သိုးခေါင်းများ တပ်ဆင်ထားသော ရာဇပလ္လင်ပေါ်တွင် ခံညားထည်ဝါစွာ ထိုင်နေသော သရဖူးဆောင်းထားသည့် ဧကရာဇ်ပုံဖြစ်သည်။ လက်ယာဘက်လက်တွင် အီဂျစ်တို့၏ အာဏာ သင်္ကေတဖြစ်သော လက်ဝါးကပ်တိုင်ကို ကိုင်ထားသည်။ ထို လက်ဝါးကပ်တိုင်မှာ အမှောင်ကို ဖြိုခွင်းနိုင်သော စွမ်းအားရှိသည်။ လက်ဝဲဘက်လက်တွင် ကိုင်ဆောင်ထားသော ကမ္ဘာလုံးသည် အာဏာစက် အမှတ်အသားဖြစ်သည်။
ကောင်းကင်ဘုံနှင့် မြေလွှာမဟီ၏ သမီးပျိုဖြစ်ပြီး ခံ့ညားထည်ဝါစွာ ထိုင်နေသည်။ ၀တ်စား တန်စာများမှာ တော်ဝင် နန်းဝတ်နန်းစားများဖြစ်ပြီး အဖိုးအနဂ္ဃထိုက်မှုကို ဖော်ညွှန်းနေ သည်။ ပန်းပေါင်းစုံ ရှင်သန်လန်းစွင့်နေသော ဥယျာဉ်ထဲတွင် ထိုင်နေသည်။ သူမ၏ သရဖူတွင် စိန်ကြယ်ပွင့် ၁၂ ပွင့်ရှိသည်။ လည်တိုင်ပတ်လည်ရှိ ပုလဲ ၇ လုံးသည် ဗီးနပ်စ် နတ်သမီး၏ သင်္ကေတဖြစ်သည်။