ဘယ်နေ့ အိမ်အသစ် စတင်ဆောက်ရင် ကောင်းမလဲ...

မိတ်ဆွေများခင်ဗျာ...

သင်ဟာ ကိုယ်ပိုင် အိမ်တစ်လုံး ဆောက်မယ် ဆိုရင် ဘယ်နေ့ ဘယ်ရက်မှာ စတင်ပြီး အိမ်ပန္နက်ချမလဲ။ ဘယ်နေ့မှာ စတင်ပြီး ဆောက်သင့်လဲ ဆိုတာကို သိချင်တယ် ဆိုရင်တော့ အကောင်းဆုံး နီးစပ်ရာဗေဒင်ဆရာ တစ်ဦးဦးထံမှာ သွားရောက်ပြီး တိုင်ပင်ဆွေးနွေးလိုက်တာ ကောင်းပါတယ်။ အဲဒါဆိုရင် ပြည့်ပြည့်စုံစုံ ပြောပြဆိုပြပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘဲ အိမ်ဆောက်တာနဲ့ ပါတ်သက်လို့ အလွယ်တကူ ရွေးချယ်ချင်တယ် ၊ ရက်ရာဇာ ပြဿဒါး ရွေးချယ်ရုံလောက်နဲ့ မလုံလောက်ဘူးဆိုရင်တော့ ဒီမြန်မာရိုးရာ ဗေဒင်ပညာ နည်းစနစ် တစ်ခုကို တင်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေနေ့သားသမီးများအတွက်

တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက အောင်မြင်စွာပြီးဆုံးခြင်း ရှိမည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက ဆင်းရဲမည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက အဆုံးသတ်အထိ ပြီးစီးအောင်မြင်မည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက လာဘ်လာဘတိုးပွားမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက အခက်အခဲ ကြုံမည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက အမှုအခင်းများနှင့် ရင်ဆိုင်ရမည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက ချစ်ချစ်ခင်ခင် နေထိုင်ရရမည်။

တနင်္လာနေ့သားသမီးများအတွက်

တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက အောင်မြင်မှု့များရှိမည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက ဆင်းရဲခြင်း ဘေးဒုက္ခနှင့် ကြုံတွေ့ရမည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက ပြီးဆုံးခြင်းရှိမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက လာဘ်လာဘ တိုးပွားမည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက ခက်ခဲမှု့များ ရှိမည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက အမှု့အခင်းများ ကြုံမည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက ချစ်ချစ်ခင်ခင်နှင့် နေထိုင်သွားကြရမည်။

အင်္ဂါနေသားသမီးများအတွက်

အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက အောင်မြင်စွာ ပြီးဆုံးမည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက ဆင်းရဲခြင်း ရှိမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက ပြီးစီးအောင်မြင်မည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက လာဘ်လာဘပေါကြွယ်ဝမည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရမည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက အမှု့အခင်း ပြဿနာများ ဖြေရှင်းရမည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက ချစ်ချစ်ခင်ခင် နေထိုင်ရမည်။

ဗုဒ္ဓဟူးနေ့သားသမီးများအတွက်

ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက အောင်မြင်စွာ ပြီးဆုံးသွားမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက ဆင်းရဲခြင်းများ ကျရောက်မည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက အချောသတ်ပြီးစီးမည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက လာဘ်လာဘပေါကြွယ်ဝမည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက အခက်အခဲများနှင့် ရင်ဆိုင်ရမည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက အမှု့အခင်းများနှင့် ရင်ဆိုင်ရမည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက စိတ်ချမ်းမြေ့မည်။ အဆင်ပြေမည်။ ချစ်ချစ်ခင်ခင်နေထိုင်ရမည်။

ကြာသပတေးနေ့ သားသမီးများအတွက်

ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက အောင်မြင်မည်။ အဆင်ပြေမည်။ စိတ်ချမ်းသာမည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက ဆင်းရဲ ၊ ငွေအဖတ်မတင် ၊အကုန်အကျများမည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက ပြီးစီးအောင်မြင်မည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက လာဘ်လာဘပေါကြွယ်ဝမည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက အခက်အခဲများနှင့် ကြုံမည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက အမှု့အခင်းများနှင့် ကြုံမည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက ချစ်ချစ်ခင်ခင် နေထိုင်သွားရမည်။

သောကြာနေ့ သားသမီးများအတွက်

သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက အောင်မြင်မည်။ အဆင်ပြေချောမွေ့မည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက ဆင်းရဲမည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက ပြီးစီးအောင်မြင်မည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက လာဘ်လာဘပေါကြွယ်ဝမည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက အခက်အခဲများနှင့် ရင်ဆိုင်ရမည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက အမှု့အခင်းများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက ချစ်ခင်ကြင်နာစွာ နေထိုင်ရမည်။

စနေနေ့ သားသမီးများအတွက်

စနေနေ့တွင် စတင်ဆောက်လုပ်ပါက အောင်မြင်မှု့များ ရရှမည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက ဆင်းရဲခြင်း ရှိမည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက ပြီးစီးအောင်မြင်မည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက လာဘ်လာဘရစေမည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက အခက်အခဲများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက အမှု့အခင်းများနှင့် ရင်ဆိုင်ရမည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေထိုင်ရမည်။

အခက်အခဲမကြုံရအောင် ဒီအချိန်လေးတွေ ရှောင်ပါ

လူတစ်ယောက်တွင် တစ်နေ့လျှင် အညံ့ချိန် (၃)ချိန် ရှိပါတယ်။ မိမိ စိတ်တိုင်းကျ ဆောင်ရွက်လို့ မရတဲ့အချိန်တွေလို့ ဆိုပါတယ်။ ထိုအချိန်လေးများကို သတိထားပြီး ရှောင်လို့ရပါတယ်။ သတိထားသင့်ပါတယ်။ အရမ်းအရေးကြီးတဲ့ အလုပ်ကိစ္စများကို ဆောင်ရွက်သည့်အချိန်တွင် သတိထားရပါမည်။ ထိုနည်းသည် မြန်မာရိုးရာ အင်္ဂ၀ိဇ္ဇာဗေဒင် ပညာမှ လာသော ပညာရပ်ဖြစ်ပါသည်။

ဥသြမြည်သံဟု အလွယ်မှတ်ထားလို့ ရပါသည်။ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဥ - တနင်္ဂနွေနေ့သားသမီးများသည် ၊ သြ - တနင်္ဂနွေအချိန် ၊ မြည် - ကြာသပတေးအချိန် ၊ သံ - သောကြာအချိန်တွင် အရေးကြီးသော အလုပ်များ မလုပ်သင့်။ မသွားသင့်၊ မချိန်းသင့်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါက တနင်္ဂနွေသားသမီးများ အတွက် ဥပမာပေးထားတာပါ။ အဓိကကတော့ မည်သည့်နေ့သားသမီးမဆို မိမိမွေးနံအခါရယ်၊ ပဉ္စပွတ်အခါရယ်၊ ဆပွယ်အခါရယ်တွေမှာ ခရီးကိစ္စ လုပ်ငန်းကိစ္စများ အရေးကြီးသော လုပ်ငန်းဆောင်တာများ စတင် မဆောင်ရွက်သင့်လို့ ဆိုပါတယ်။ အောက်ဖက်မှာ အသေးစိတ် တင်ပြပေးလိုက်ပါတယ်။ (ပုံပေါ်ကလစ်ပါ)









အားလုံးကို ကျေးဇူးတင်ပါတယ်။
ခင်မင်လေးစားစွာဖြင့်
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

မိနစ်ပိုင်းအတွင်း ပြဿနာပြေလည်အောင် ဖြေရှင်းနည်း

တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်-နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ မရောက်တာ ကြာပြီဖြစ်သော လွန်စွာ အကြောက်ကြီးသော ဒေါ်သတ္တိဟူသော အဖွားကြီးတစ်ဦး ရောက်ရှိလာပြန်လေ၏။ ထိုအဖွားကြီးသည် စကားပြောလျှင် အသံကျယ်ကျယ်ဖြင့် အော်ကြီးဟစ်ကျယ် ပြောဆိုတတ်၏။ ယနေ့တွင် လည်း ထိုအဒေါ်ကြီးသည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ အော်ကြီးဟစ်ကျယ် နှုတ်ဆက်ပြီး ၀င်ရောက် လာလေတော့၏။

ဘယ်လိုလည်း ဗေဒင်ဆရာ နေကောင်းရဲ့လား။ အလုပ်အကိုင်တွေရော အဆင်ပြေရဲ့လား။ ကျန်းခန့်သာလို့ မာပါစ ဗေဒင်ဆရာ စသည်ဖြင့် အော်ဟစ်နှုတ်ဆက်၍ ၀င်ရောက်လာလေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းတွင် ဗေဒင်မေးရန်ရောက်ရှိနေသော လူလေးငါးယောက်လည်း ရောက်ရှိနေချိန် ဖြစ်၏။ ဗေဒင်မေးရန် စောင့်ဆိုင်းနေသော ထိုလူများသည် အော်ကြီးဟစ်ကျယ်နှင့် အော်၍ ၀င်လာသော ဒေါ်သတ္တိကြီးကို ကြည့်၍ မသိမသာ နှာခေါင်းရွံကြလေ၏။ ထိုလူများကိုလည်း ဒေါ်သတ္တိကြီးက ဖုတ်လေသည့် ငါးပိ ရှိလေသည်မထင်သည့် ပုံစံဖြင့် လုံးဝဂရုမစိုက်ပဲ ၀င်ရောက်လာလေတော့၏။

ကျွန်ုပ်လည်း ဒေါ်သတ္တိကြီးအား ခပ်ရွံ့ရွံ့နှုတ်ဆက်လိုက်၏။ ကဲ.... အေးအေးဆေးဆေး ထိုင်ပါဦး ဒေါ်သတ္တိရဲ့။ အမောလေး အပန်းလေး ဖြေပါဦး။ ရေလေးဘာလေး သောက်ပါဦး၊ ခနတဖြုတ် နားပါဦးဟု လေပြေအေးလေးနှင့် နှုတ်ဆက်လိုက်၏။ ထိုအခါ ဒေါ်သတ္တိက မီးပြင်းပြင်း တောက်လောက်နေသော နေရာကို ရေစက်အနည်းငယ်နှင့် ပက်ဖြန်းလိုက်သကဲ့သို့ ပိုမို၍ပင် ဆိုးသွားကာ... အမလေး... ဘယ်လို ပြောလိုက်တာလဲ ဗေဒင်ဆရာ၊ အေးအေးဆေးဆေး နားပါဦးလို့ ပြောလိုက်သလား၊ အေးအေးဆေးဆေး နားနေနိုင်ရင် ဗေဒင်ဆရာဆီကို ရောက်လာပါ့ဦးမလား၊ အေးအေးလူလူ မနေနိုင်လို့ ဗေဒင်ဆရာဆီကို ရောက်လာခဲ့တာ။ အလကား အားအားယားယား လာနေတယ်လို့ ထင်လို့လားဟု ကျွန်ုပ်အား ရန်ပြန်တွေ့လေသောကြောင့် ကျွန်ုပ်လည်း ခေါင်းကိုအသာလေး ငုံ့လိုက်ရလေတော့၏။

ကဲ... ဘာပဲပြောပြော ထိုင်ပါဦးဗျာ။ ဒီမှာ လူလေးငါးယောက်လောက် ဗေဒင်တွက်ပေးလိုက်ဦးမယ်ဟု ပြောလိုက်လေလျှင် ဒေါ်သတ္တိကြီးက ဗေဒင်မေးရန် စောင့်ဆိုင်းနေသော လူလေးငါးယောက်ကို ခပ်ဆတ်ဆတ် ဝေ့ကြည့် လိုက်ပြီးလျှင် အော် .... မြန်မာလူမျိုးတွေ လူကြီးသူမကို ဦးစားပေးရမယ်ဆိုတာ နားမလည်ဘူးလား၊ အခု ဒီအထဲမှာ ငါက နင်တို့အားလုံးနဲ့ နှိုင်းယှဉ်လိုက်ရင် အသက်အကြီးဆုံးပဲ။ အသေအချာ တွက်ကြည့်လိုက်ရင် ငါက နင်တို့ရဲ့ အမေအရွယ်ပဲ။ ဒါကြောင့် ငါ့ကို ဦးစားပေးရမယ်။ ဒါမှ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု့နဲ့ ကိုက်ညီမှာဟု ဘာမဆိုင်ညာမဆိုင် နိုင်ထက်စီးနင်း ပြောဆို၍ ကျွန်ုပ် ဗေဒင်ဟောပေးသော စာပွဲခုံရှေ့သို့ အတင်း ၀င်ရောက်ဝင်ထိုက်လိုက်ပြီးလျှင် ကျွန်ုပ်အား ကဲ... ပြောမယ်ဟု စကားစလေတော့၏။

ကျွန်ုပ်လည်း ဒေါ်သတ္တိမတိုင်ခင် ကြိုတင်ရောက်ရှိနေသော ဗေဒင်မေးမည့် လူများကို လွန်စွာအားနာသော မျက်လုံး အမူအယာဖြင့် လှမ်းကြည့်လိုက်မိလေလျှင် ထိုသူတို့မှလည်း ဒီအဒေါ်ကြီး မြန်မြန် ပြီး -ပြီးရောဟူသော သဘောဖြင့် လုပ်ပေးလိုက်ပါ ဆရာရယ်ဟု ပြန်ပြောလေသောကြောင့် ကျွန်ုပ်လည်း အင်မတန် မသိသား ဆိုးရွားလှသော ဒေါ်သတ္တိကြီးအား စိတ်မရှည်သော လေသံဖြင့် ကဲ... ပြော ကျွန်တော် ဘာတွက်ပေးရမလဲ ဟု စိတ်တိုသော လေသံဖြင့် ပြောလိုက်လေလျှင် ဒေါ်သတ္တိကြီးသည် စိတ်တိုနေသော ကျွန်ုပ်၏ အမူအယာကို ကြည့်လျှက် အင်မတန် သဘောကျသော အမူအယာဖြင့် တဟားဟား ရယ်မောလေတော့၏။ ကလေးတစ်ယောက်ပမာ ဟက်ဟက်ပက်ပက် ရယ်မောနေသော ဒေါ်သတ္တိကြီး၏ အမူအယာကို ကြည့်ရင်း သူမ၏ ပျော်ရွှင်နေသော ဓာတ်များသည် ကျွန်ုပ်ထံသို့ ကူးစက်လာပြီးလျှင် ကျွန်ုပ်လည်း ကျေကျေနပ်နပ် ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေတော့၏။ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောနေသော ကျွန်ုပ်တို့နှစ်ဦး၏ အဖြစ်ကို တွေ့မြင်ကြသော ဗေဒင်မေးရန် စောင့်ဆိုင်းနေသော သူများသည်လည်း လိုက်၍ ရယ်မောကြလေတော့၏။ ထိုအခိုက်အတန့်တွင် ကျွန်ုပ်၏ ဗေဒင်ဟောခန်းလေး အတွင်း၍ တဒင်္ဂတခဏ ရယ်သံမောသံလေးများနှင့် စည်ပင်ဝေဆာ သွားလေတော့၏။

ကျွန်ုပ်လည်း ဒေါ်သတ္တိအား ဗေဒင်ဟောပေးမည်ဟု စိတ်ကူးလိုက်၍ တားရော့ကို ကိုင်လိုက်သည့် အချိန်တွင် ကျွန်ုပ်၏ အခန်းအတွင်းသို့ တတိယမြောက်ဧည့်သည် တစ်ယောက်သည် ကျွန်ုပ်အား အော်ကြီးဟစ်ကျယ် နှုတ်ဆက်၍ ၀င်ရောက်လာပြန်လေ၏။ ထိုသူသည် အသက်(၅၀)ခန့်ရှိသော အမျိုးသားတစ်ဦးပင် ဖြစ်၏။ ထိုသူသည်လည်း ကျွန်ုပ်တစ်ကြိမ်တစ်ခါက ဘလော့ပို့တင်ခဲ့ဘူးသော ဦးမိုးဟု အမည်ရသော အညာသား ဘုန်းကြီးလူထွက်ကြီးတစ်ဦး ဖြစ်၏။ ဘုန်းကြီးလူထွက်ဘ၀နှင့် အိမ်ထောင်ကျ ကလေးများရကာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော သူတစ်ဦးပင်ဖြစ်၏။ ထိုသူသည်လည်း ဒေါ်သတ္တိကြီးနှင့် သူမသာကိုယ်မနာ ဆိုသကဲ့သို့ အော်ကြီးဟစ်ကျယ် စကားပြောဆိုတတ်၏။ စကားပြောလျှင် ပွင့်ပွင့်လင်းလင်း ဒဲတိုးကြီး ပြောဆိုတတ်၏။ သူသည်လည်း ယခု ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ ရောက်ရှိလာပြီးလျှင် ဒေါ်သတ္တိအပါအ၀င် ဗေဒင်မေးရန် စောင့်ဆိုင်းနေသော လူအများကို နည်းနည်းမှပင် အားနာမှု့မရှိပဲ ၀င်ရောက်လာပြီးလျှင် ကျွန်ုပ်အား အောက်ပါအတိုင်း ပြောဆိုလေတော့၏။

ဒီမှာ ဆရာလေးရေ...။ ကျုပ်က ဗေဒင်မေးဖို့ ၀င်လာတာ မဟုတ်ပါဘူး။ ဒီရပ်ကွက်ထဲကို ရောက်တာ လမ်းကြုံတာနဲ့ ကိုယ့်ဆရာ နေထိုင်ကောင်းရဲ့လား၊ အဆင်မှပြေရဲ့လားလို့ သတင်းမေးချင်တာက တကြောင်း နောက်တစ်ခုက ကိုယ့်ဆရာအကြောင်းကို အပြင်မှာ ပြောတာ ကြားနေရတာ လေးတွေလည်း ဖောက်သည်ချချင် တာကတကြောင်း အဲဒီ အကြောင်းနှစ်ခုနဲ့ ၀င်လာခဲ့တာပါဟု ကျွန်ုပ်အား ပြောလေ၏။ ထိုအခါ ကျွန်ုပ်က ဒေါ်သတ္တိကြီးအား ဗေဒင်ဟောဖို့ပင် မေ့သွားကာ ငါ့အကြောင်းကို လူတွေက ပြောနေကြတယ်။ ဘာတွေများ ပြောနေကြတာပါလိမ့်ဟု အတွေးဝင်ကာ လွန်စွာ စိတ်ဝင်စားစွာဖြင့် ဟာ... ဟုတ်လား ၊ ကျုပ်အကြောင်းကို ဘာတွေများ ပြောဆိုတာ ကြားခဲ့ရတာပါလိမ့်ဗျာ။ ပြောပြစမ်းပါဦးဟု ပြန်ပြောလိုက်လေလျှင်....ထိုလူကြီးက ...

ပြောရမှာကတော့ အချိန်မရလို့ လိုရင်းတိုရှင်းပဲ ပြောပြပါ့မယ်။ တစ်ခုက ကောင်းကြောင်း နောက်တစ်ခုက မကောင်းကြောင်းဟု ပြောလေ၏။ ထို့နောက် ၎င်းက ဆက်လက်၍ ဒီလိုပါ။ ဆရာလေးရယ်။ ကျုပ်က အလုပ်ကလည်း မယ်မယ်ရရ မရှိဆိုတော့ အချိန်တွေက အားနေတာနဲ့ အသိမိတ်ဆွေတွေဆီကို လျှောက်သွား လည်နေတာပေါ့။ အဲဒိလိုသွားရင် ဟိုတလောတုန်းက ကျုပ်အသိ အိမ်တစ်အိမ်ကို ရောက်ခဲ့တယ်။ အဲဒီ အိမ်ဘုရားခန်းမှာ ဆရာလေး ပေးထားတဲ့ အဆောင်တွေကို မှန်ဘောင်သွင်းပြီး ကျကျနန ချိတ်ဆွဲ ပူဇော် ဆောင်ထားတာ တွေ့ခဲ့ရတယ်။

ဆရာလေးဆီ လာတဲ့ဧည့်သည်တွေကို ပေးနေကျ ဘုရားပုံတော်တွေ ၊ အဆောင်ပုံတွေ၊ အင်းစမပုံတွေလေ။ အဲဒါကို မြင်တော့ ကျုပ်က မသိချင်ယောင်ဆောင်ပြီး ဒီအဆောင်တွေက ဘာတွေလဲလို့ မသိမသာ မေးလိုက်တာပေါ့။ အဲဒီမှာ ကျုပ်မိတ်ဆွေ လင်မယားနှစ်ယောက်က အမလေး ဆရာလေးရယ် ၊ ဆရာလေးကို ချီးမွမ်းခန်း ဖွင့်လိုက်ကြတာ။ အဲဒီဆရာလေးက ဘယ်လိုတော်ကြောင်း၊ ဘယ်လောက် ဗေဒင်မှန်ကြောင်း ၊ လူတွေအပေါ်မှာ ဘယ်လို စေတနာထားကြောင်း ယတြာချေပေးရင် အခမဲ့ မေတ္တာနဲ့ ဆောင်ရွက်ပေးတာ ဖြစ်ကြောင်း ပြောလိုက်ကြတာ။ ကျုပ်ဖြင့် ဆရာလေးရယ် ကိုယ့်ဆရာလေး ကောင်းတဲ့ အကြောင်းတွေကို ကြားလိုက်ရတာ ၀မ်းသာလွန်းလိုက်တာ။ အင်မတန်ကို အားရ၀မ်းသာ ဖြစ်မိသဗျာဟု ပြောလေ၏။

ကျွန်ုပ်လည်း မိမိ၏ ကောင်းကြောင်းကို ပြောဆိုနေသည်ကို ကြားရလေရာ ကောင်းတာကို ပြောသည်ကို ကျေနပ်လေ့ရှိသော အားရလေ့ရှိသော ပုထုဇဉ် လူအန္ဓတို့၏ သဘောအတိုင်း လွန်စွာကျေနပ် ပျော်ရွှင်တတ်သော သဘောရှိလေရာ ကျွန်ုပ်၏ စိတ်တွင်းမှ ကျေနပ်ပျော်ရွှင်ခြင်းကို ဖုံးဖိ၍ပင် မထားနိုင်သကဲ့သို့ ကျွန်ုပ်၏ မျက်နှာသည် ပြုံးဖြီးဖြီးကြီး ဖြစ်လျှက် လွန်စွာ သဘောကျ နေလေတော့၏။ ဗေဒင်မေးရန် စောင့်ဆိုင်းနေသော ဒေါ်သတ္တိကြီးသည်လည်း ကျွန်ုပ်၏ မျက်နှာအား သေသေချာချာ ကြည့်၍ အကဲခတ်နေလေတော့၏။

ထို့နောက် ဦးမိုးက ဆက်လက်၍ သိတ်လည်း ကျေနပ်မနေနဲ့ဦး ဆရာလေးရေ...။ ပြောပြရဦးမယ်။ နောက်တစ်အိမ်ကို ရောက်တော့ ကိုယ့်ဆရာကို အကြောင်းပြုပြီး လင်မယားနှစ်ယောက် စကားများ ငြင်းခုန်နေကြတာ။ မသိရင် ရန်ထဖြစ်တော့မယ့် အတိုင်းပဲ။ သူ့မိန်းမက ဆရာပေးလိုက်တဲ့ ဘုရားပုံတော်တွေ အဆောင်ပုံတွေ၊ အင်းစမတွေကို သေသေချာချာ ကျကျနန ဘုရားခန်းမှာ ကပ်မယ်လည်းလုပ်ရော သူ့ယောက်ျားက လုံးဝ ကန့်ကွက်တော့တာပဲဗျို့။ အဲဒီသူ့ယောက်ျားက ကျုပ်ရှေ့မှာတောင် မရှောင်ဘူးဗျာ။ သူ့မိန်းမကို ပြောဆိုနေတာများ။ သူပြောတဲ့အတိုင်း ဆရာ့ကို ပြန်ပြောရဦးမယ်။ သူ့မိန်းမကို သူက ဘယ်လိုပြောလဲ ဆိုတော့..

ဒီမှာ မအေး ။ မင်း ဘာပုံတွေ ဘယ်ကနေ ယူလာပြန်ပြီလဲ။ မင်းကို ကြည့်လိုက်ရင် အားအားရှိ ဒီဗေဒင်ပဲ သွားမေးနေတာ။ ငါက ဗေဒင်တွေ ဘာတွေ သိတ်အယုံအကြည်ရှိတာ မဟုတ်ဘူး။ ငါ မပြောလိုက်ချင်ဘူး။ မင်းတို့ ဗုဒ္ဓဘာသာ မဟုတ်ဘူးလား ၊ ဘာသာရေးကို တကယ် သက်ဝင် ယုံကြည်တယ်ဆိုရင် ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုး မလုပ်စမ်းပါနဲ့ မအေးရာ။ ဘုရားဟောတဲ့ တရားတော်အတိုင်း လိုက်နာကျင့်သုံးတာ အကောင်းဆုံးပဲ။ မင်းတို့တွေ လူဖြစ်ရတဲ့ ဘ၀ခဏတာလေးမှာ လမ်းလွဲမရောက်ကြနဲ့လို့ သူ့မိန်းမကို ပြောလိုက်တယ်။

အဲဒီတော့ သူ့မိန်းမကလည်း ဆတ်ဆတ်ထိ မခံဘူး ကိုယ့်ဆရာရေ။ ရှင်က ဘာသာရေးကို အကြောင်းပြုပြီး ပြောနေရအောင် ရှင်ကလည်း ဘာသာရေးကို ဘယ်လောက်ထိ နက်နက်ရှိုင်းရိုင်း သက်ဝင် ယုံကြည်နေလို့လဲ။ ကျွန်မလေ ရှင့်အကြောင်း မသိရင်ခက်မယ်။ သူများကို အပြစ်ပြောတော့မယ်ဆိုရင် ကိုယ်က အရင်ကောင်းအောင် စံနမူနာဖြစ်အောင် အရင် လုပ်ပြနေပြရမယ်။ ပြီးတော့ ပြောရဦးမယ်။ ကျွန်မတို့ ဆွေစဉ်မျိုးဆက် ဗေဒင်မေးလာတာ။ အခုမှ မဟုတ်ဘူး။ ဒီဗေဒင်မေးလိုက်တော့ ရှင့်အတွက် ဘာဖြစ်သွားမှာ မို့လို့လဲ။ ဘာတွေ ထိခိုက်သွားမှာ မို့လို့လဲလို့ ပြန်ပြောတယ်ဗျ။ အဲဒီတော့ သူ့ယောက်ကျားကလည်း အရမ်း ဒေါသဖြစ်သွားတဲ့ ပုံနဲ့ သူ့မိန်းမကို ဒီလို ပြောတော့တာပဲ။

မင်းတို့ မိန်းမတွေက အဲဒါတွေ ခက်တာပဲ။ ဗုဒ္ဓဘာသာဝင်ဆိုလည်း.. ပီပီပြင်ပြင်ပေါ့.. ဘောက်မယ့်ကြောင့်.. အုတ်အရောရော၊ ကျော်အရောရော.. လုပ်နေရလည်းဆိုတာ ငါတော့ နားမလည်တော့ဘူး.. ဗေဒင်ဆရာဆိုတဲ့ လူတွေကလည်း ဘာကြောင့်လူတွေကို မှိုင်းတိုက်နေရတာလဲ မသိဘူး။ ဒီလောကကြီးထဲမှာ ဗေဒင်ဆရာဆိုတဲ့ လူတွေ မရှိရင် သိတ်ကောင်းမှာပဲ။ ဒီမှာ မအေး ငါတို့ ဘုရားဟောထဲမှာလည်း ကြီးပွားရာ၊ ကြီးပွားကြောင်း တရားတွေ ဟောခဲ့ပါတယ်.. ငါးပါးသီလလုံးခြုံပြီး ကံ၊ ဥာဏ်၊ ၀ီရီယ မျှတဖို့နဲ့ ဒါန၊ သီလလိုက်စားဖို့သာ အရေးကြီးတယ် မဟုတ်လား။ ဗေဒင်မေးစရာ မလိုပါဘူးကွာ။ အပိုအလုပ်တွေ မလုပ်စမ်းပါနဲ့လို့ သူ့မိန်းမကို ပြောလိုက်တယ်။ အဲဒီတော့ သူ့မိန်းမကလည်း ဘယ်လို ပြန်ပြောသလဲဆိုတော့....

ဒီမှာ ရှင့်ပြောသလို ငါးပါးသီလလုံးခြုံပြီး ကံ၊ ဥာဏ်၊ ၀ီရီယ မျှတဖို့နဲ့ ဒါန၊ သီလလိုက်စားနေရင်တော့ ရှင်ပြောသလို ဗေဒင်မေးစရာလည်း မလိုဘူး။ ယတြာချေစရာလည်း မလိုဘူးဆိုတာ ကျွန်မလည်း သိနေတာပဲ။ ရှင့်ကိုရှင် ပြန်စဉ်းစားကြည့်ပါဦး။ လူတွေက ငါးပါးသီလ လုံဖို့ဆိုတာ လွယ်တယ်များ မှတ်နေသလား။ ရှင့်ကိုယ်ရှင်ပဲ ပြန်ပြီး သုံးသတ်ကြည့်ပါဦး။ ရှင်ရော ငါးပါးသီလကို ဘယ်လောက်တောင် လုံခြုံနေပြီလဲ။ ဆရာတော်တွေဆီက သီလယူပြီး ဆရာတော်တောင် ပြန်မကြွသေးဘူး။ သီလက ပျက်ချင်ချင် ဖြစ်နေပြီ မဟုတ်လား။

အသေအချာ တွေးကြည့်ရင် ရှင်တို့ဟာက ဘုရားကိုလည်း နေ့တိုင်း လိမ်နေသလို ဖြစ်နေတယ်။ သံဃာတော်တွေကိုလည်း ဂတိပေးလိုက်။ ပြီးတော့ ကိုယ်ပေးတဲ့ ဂတိကို ကိုယ်ပြန်ဖျက်လိုက်နဲ့။ အစောကြီး ကတည်းက ကိုယ်မလုပ်နိုင်ရင် ဂတိမပေးနဲ့ပေါ့။ အခုတော့ အာမဘန္တေ- မှန်ပါ့ အရှင်ဘုရား။ တပည့်တော် ဒါတွေဒါတွေကို လုံးဝ မလုပ်တော့ပါ။ ရှောင်ကြည်ပါတော့မယ်လို့ ဂတိပေးတယ်။ ပြီးတော့ ဆရာတော်တောင် ကျောင်းပြန်မကြွရသေးဘူး။ မဟုတ်တာ လုပ်နေကြပြီ။

တစ်ချို့ဆို ရာသက်ပန်လို့တောင် ဂတိပေးသေးတယ်။ အဲဒီတော့ ရှင်တို့က ကျွန်မတို့ထက် ပိုပြီး အပြစ်ကြီးတယ်။ အဲဒါ ရှင်သိရက်လားလို့ ။ ဗေဒင်မေးတာလေးကိုပဲ မသိရင် အပြစ်ကြီးတစ်ခု လုပ်နေသလိုလို၊ လောကကျင့်ဝတ်ကိုပဲ ဖော်ဖျက်နေသလိုလို ပြောနေသေးတယ်။ ကျွန်မ ဒီဗေဒင်လေး မေးလိုက်တာ လောကကြီး ဘာထိခိုက်သွားမှာမို့လဲ။ ဘယ်သူတွေကရော ကျွန်မအတွက်နဲ့ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားလို့လဲလို့ သူ့မိန်းမကလည်း အားကျမခံ ပြန်ပြောတယ် ကိုယ့်ဆရာရေ...။ နောက်တော့ တစ်ယောက်ကို တစ်ယောက် ငယ်ကျိုးငယ်နာတွေ ဖော်ပြီး စကားတွေများ ရန်ဆက်ဖြစ်ကြလို့ ကျုပ်တောင် မနည်း ဖြန့်ဖြေ ပေးခဲ့ရသေးတယ် ကိုယ့်ဆရာရေ.. ကဲ ... ကျုပ်လည်း အချိန်မရလို့ ပြန်လိုက်ဦးမယ် ဆရာလေးရေဟု ဦးမိုးက နှုတ်ဆက်၍ ပြန်သွားလေတော့၏။


ကြည်လင်နေသော ကျွန်ပ်၏ စိတ်အစဉ်သည် ချက်ချင်းဆိုသလိုပင် သူတစ်ပါးတို့၏ ဝေဖန်ခြင်းကို ခံနိုင်လောက် အောင် စိတ်ဓာတ် မရင့်သန်သေးသော ပုထုဇဉ်လူသား ဖြစ်သည့်အားလျှော်စွာ ချက်ချင်းဆိုသလိုပင် ပျော်ရွှင်နေသော စိတ်အစဉ်သည် နေသာ၍ကြည်လင် နေရာမှ မိုးအုံ့လာသကဲ့သို့ အုံ့မှိုင်း၍ သွားလေတော့၏။ ချက်ချင်းဆိုသလို စိတ်မကောင်းလည်းဖြစ်သွား၏။ စိတ်ထဲတွင်လည်း ၀မ်းနည်းသလို ဖြစ်သွားမိ၏။ ထိုစိတ်ခံစားချက်များ နှင့်အတူ ကျွန်ုပ်၏ မျက်နှာသည်လည်း ချက်ချင်းဆိုသလို ညှိုးချုံးကြသွားလေတော့၏။ ဗေဒင်ဟောသော နေရာတွင်ပင် ငူငူကြီးထိုင်နေပြီးလျှင် ၀မ်းနည်းခြင်း ၊ စိတ်မကောင်းဖြင်း ၊ ယူကျုံးမရခြင်း ၊ စိတ်ပူပန်ခြင်းစသော စိတ်ခံစားချက်များနှင့် အတူ တဒင်္ဂတခဏ လောကကြီးနှင့် ကင်းကွာသွားလေတော့၏။ ထိုအချိန်တွင် ဒေါ်သတ္တိက ... သူမထံမှ တစ်ကြိမ်တစ်ခါမျှ မကြားဖူးသော အင်မတန် နူးညံ့၍ နွေးထွေးသော ၊ အင်အားပါသော လေသံမျိုးဖြင့် အောက်ပါအတိုင်း ကျွန်ုပ်ကို ပြောလေတော့၏။

ဒီမှာ ငါ့သား။ မင်းကို ကြည့်နေတာ။ ခုနက လူကြီးက ကောင်းတဲ့အကြောင်းတွေကို ပြောနေတဲ့ အချိန်တုန်းက ငါ့သားမျက်နှာက လပြည့်ဝန်းကြီး ကျနေတာပဲ။ ပြုံးလို့ ၊ ပျော်လို့ ၊ ၀င်းလို့ ၊ ပျော်နေလိုက်တာ။ နောက် စိတ်မကောင်းစရာတွေ လာပြောတော့လည်း ချက်ချင်းဆိုသလို မျက်နှာက မဲ့သွားတယ်။ ညှိုးသွားတယ်။ စိတ်မကောင်းဖြစ်သွားတဲ့ ပုံပေါက်သွားတယ်။ အဲဒါကို လေ့လာကြည့်လိုက်တော့ ငါ့သားမှာက ကောင်းတာကြားရရင် ၀မ်းသာတတ်တယ်။ မကောင်းတာ ကြားရရင် ၀မ်းနည်းတတ်တယ် ဆိုတဲ့ အင်မတန် စိတ်ခံစားချက်ကို ဦးစားပေးတတ်တဲ့ စိတ်မျိုးကို ပိုင်ဆိုင်ထားသလိုဖြစ်နေတယ်။

ဒီလို စဉ်းစားကြည့်ရအောင် ငါ့သားရယ်။ ချီးမွမ်းခြင်းရယ် ကဲ့ရဲ့ခြင်းရယ် နှစ်မျိုးရှိတဲ့ နေရာမှာ လူတွေဟာ သူတို့အတွေးနဲ့ သူတို့ ချီးမွမ်းချင် ချီးမွမ်းမယ်။ ကဲ့ရဲ့ချင် ကဲ့ရဲ့မယ်။ တစ်ခါတစ်လေ ချီးမွမ်းစရာ မဟုတ်တာကို ချီးမွမ်းတတ်တယ်။ ကဲ့ရဲ့စရာ မဟုတ်တာကို ကဲ့ရဲ့တတ်တယ်။ တစ်ခါတစ်လေ စိတ်ထဲက မပါပဲ ပါးစပ်ဖျားက ချီးမွမ်းတတ်တယ်။ အဲဒါတွေကြောင့် ကိုယ်က လိုက်ပြီး စိတ်လှုပ်ရှားနေမယ်ဆိုရင် ငါ့သားဟာ တော်တော် စိတ်ဓာတ် မခိုင်မာတဲ့သူ ဖြစ်နေမှာပေါ့။

ချီးမွမ်းတာ ကဲ့ရ့တာ ဝေဖန်တာတွေကို ဘယ်လိုမှ သဘောမထားဘဲနဲ့ ကိုယ်ဟာကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ၊ အေးအေးချမ်းချမ်းနဲ့ ကိုယ်လုပ်သင့်တဲံ အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်မှသာ စိတ်ဓာတ်ရင်ကျက်တဲ့ သူလို့ ခေါ်နိုင်မှာပေါ့ ငါ့သားရဲ့။ လူတွေ ဝေဖန်တိုင်း ကိုယ်က စိတ်ဆင်းရဲမယ်ဆိုရင် သူတို့ နှိတ်စက်တာကို ကိုယ်က ခံနေရသလို ဖြစ်သွားပြီ မဟုတ်ဘူးလား။ သူတို့ တန်ဖိုးထားမှ ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်မယ်။ အဲဒီလို ယူဆသလား။ အဲဒီလို ယူဆရင် ကိုယ့်တန်ဖိုးဟာ သူတို့ လက်ထဲကို ရောက်သွားပြီ။ ကိုယ့်ကို သူများက တန်ဖိုးဖြတ်ပေးနေပြီ။

နောက်တစ်ခုက သူတစ်ပါးက စေတနာအမှန်နဲ့ ကောင်းကောင်းမွန်မွန် ဝေဖန်တာကို ကိုယ်က စိတ်ညစ်သွားတယ်။ စိတ်ဆိုးသွားတယ်။ စိတ်တိုသွားတယ်၊ စိတ်ဓာတ်ကျသွားတယ်ဆိုရင် ကိုယ့်ကိုကိုယ် ပြန်ပြောပါ။ “ ငါ့လုပ်ပုံ ကိုင်ပုံ တွေးပုံ တွေ ကို ထောက်ပြတာ၊ ဝေဖန်တာ ငါမယူတတ်လို့ ၊ ငါ သဘောထား မမှန်လို့ ငါ စိတ်ဆင်းရဲရတာ ” အဲဒီလို သဘောထားမျိုး ထားနိုင်ရမယ်။ ဒါမှသာ ငါ့သားဟာ ရင်ကျက်တဲ့ စိတ်ထား၊ ရှိတယ်။ ဒါမှသာ ငါ့သားဟာ တိုးတက်မယ်၊ ဒါမှ စိတ်ချမ်းသာမယ် ငါ့သားဟု အင်မတန်နွေးထွေးသော လေသံဖြင့် တစ်လုံးချင်းတစ်လုံးချင်း ပြောလေတော့၏။ ဒေါ်သတ္တိကြီး ပြောသော စကားလုံးများသည် ကျွန်ုပ်၏ နှလုံးအိမ်အတွင်းသို့ ရွံ့ပျော့ပျော့အတွင်းသို့ လောင်လေးခွဖြင့် တစ်ချက်ချင်း ပစ်ထည့်လိုက်သော အခါ လောက်စာလုံးများသည် ရွံ့အတွင်းသို့ စွပ်ခနဲ့ စွပ်ခနဲ့ ၀င်သွားသကဲ့သို့ ကျွန်ုပ်၏ နှလုံးအိမ်အတွင်းသို့ ၀င်သွားလေတော့၏။ ထို့နောက် ဒေါ်သတ္တိကြီးက ဆက်လက်၍

ဒီမှာ ငါ့သား။ နောက်တစ်ခု သတိထား စဉ်းစားရမယ်။ ကိုယ့်ကို ဝေဖန်သူ အကြံညာဏ်ပေးသူ ဆိုတာ နှစ်မျိုးနှစ်စား ရှိတယ်။ စိတ်နေသဘောထား လေးနက်တဲ့သူ ၊ ရင့်ကျက်တဲ့သူ၊ သဘောထားကြီးတဲ့ သူတွေဟာ သူများလုပ်တာတွေ လွဲတာ မှားတာကို မြင်ရတဲ့အခါ အဲဒီ အလုပ်ကိုပဲ လွဲကြောင်းမှားကြောင်း ၊ နောက် ဘယ်လို လုပ်ရင် ကောင်းတဲ့အကြောင်းကို ပြောတယ်။ စိတ်နေသဘောထား မလေးနက်တဲ့ သူ၊ မရင်ကျက်တဲ့ သူ ၊ စိတ်သဘောထား သေးသိမ်တဲ့ သူတွေကြတော့ သူများလုပ်တာ လွဲမှားတာကို မြင်ရတဲ့အခါ အဲဒီ အလုပ်ကို ဝေဖန်ပြီး ဘယ်လိုလုပ်ရင် ကောင်းမယ်လို့ မပြောဘူး။ လုပ်တဲ့လူ မကောင်းကြောင်း ပုဂ္ဂိုလ်ကို ဦးတည်ပြီးတော့ ပုဂ္ဂိုလ်ရေး ရှုံ့ချတဲ့ စကားမျိုး ပြောတတ်တယ်။ ပုဂ္ဂိုလ်ကို ချိုးချိုးဖဲ့ဖဲ့ ဝေဖန်တာကြတော့ ရက်စက်ချင်တဲ့ စေတနာပါတယ်။

ဒါကြောင့် ငါ့သားကို အမေ... အလေးအနက် မှာချင်တာက တန်ဖိုးရှိတဲ့ အလုပ်ကို လုပ်နေတဲ့သူဟာ နေ့စဉ် မလွဲသာ မရှောင်သာ တွေ့ရတတ်တဲ့ အဆင်မပြေမှု့လေးတွေကို ဂရုမစိုက်ဘူး။ မတုန့်ပြန်ဘူး။ သူ့မှာ အဲဒါတွေအတွက် အချိန်နဲ့ အင်အားကို မပေးနိုင်ဘူး။ ကိုယ်ကိုလည်း သူတစ်ပါးက လွမ်းမိုးနေတာကို စိုးမိုးနေတာကို အတွေးတွေနဲ့ ချယ်လှယ်နေတာကို လက်မခံတတ်ဘူး။ ဒါကြောင့် ငါ့သားလဲ အဲဒီလို စိတ်နေစိတ်ထားမျိုး ရအောင် လေ့ကျင့်ပါ။ နှလုံးသွင်းပါ။ ဒါဆိုရင် ငါ့သားဟာ ကောင်းတာတွေ ကြားရပြီး အရမ်းဝမ်းသာတယ်ဆိုတာလည်း သိတ်မဖြစ်တော့ဘူး။ မကောင်းတာတွေ အပြောခံရလို့ အရမ်းစိတ်မကောင်း မဖြစ်တော့ဘူး။ လာကကြီးမှာ လွတ်လပ်တဲ့ ပေါ့ပါးတဲ့ လွှမ်းမိုးမှု့ကင်းတဲ့ စိတ်အစဉ်နဲ့ ကောင်းမွန်စွာ ဖြတ်သန်းနိုင်ပါလိမ့်မယ်ဟု တစ်ခွန်းခြင်း လေးနက်စွာ ပြောလေတော့၏။

ကျွန်ုပ်လည်း ဒေါ်သတ္တိကြီး ပြောပြသော စကားများကို နားထောင်ပြီးနောက် ကျွန်ုပ်၏ နောက်ကျိနေသော စိတ်အစဉ်သည် ပြန်လည် ကြည်လင်လာလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က ကဲပါ.... ဒေါ်သတ္တိရယ်။ ဒီနေ့ ကျွန်တော်ဆီလာတာ ကျွန်တော် ဘာကူညီပေးရမလဲ၊ ဘာတွက်ပေးရမလဲ၊ ဘာကြည့်ပေးရမလဲဟု မေးလိုက်လေရာ ဒေါ်သတ္တိက...

ဒီလိုပါ ငါ့သားရယ်...။ ခုနက ငါ့သားဖြစ်သလို အမေမှာလဲ လှုမှု့ရေး ပြဿနာလေးတွေ ရှိနေပါတယ်။ သူကကြတော့ အမေ့ကို ဝေဖန်တာ ကဲ့ရဲ့တာမဟုတ်ပါဘူး။ အထင်လွဲတာပါ။ အထင်လွဲတော့ အမေ့ကို ကွယ်ရာမှာ အမျိုးမျိုး ပြောဆိုတော့တာပေါ့။ အမှန်က သူက အမေ့ကို အထင်လွဲနေတာပါ။ ဖြစ်ပုံက ဒီလို။ သူ... ပိုက်ဆံလိုတယ်ဆိုလို့ အမေက တစ်ယောက်ဆီက အတိုးနဲ့ ချေးပေးပြီး ကူညီပေးလိုက်တာပါ။ အတိုးက ၂၀ တိုးပေးရတယ်။ များတော့ များတာပေါ့။ ဒါပေမယ့် ကိုယ့် မရှိတော့ အခက်အခဲ ဖြစ်တော့လည်း မယူလို့ မရတဲ့ အခြေအနေဆိုတော့လည်း ယူပေးလိုက်ရတာပေါ့။ အမေက စိတ်သန့်သန့်လေးနဲ့ ကူညီပေးလိုက်တာပါ။ အဲဒါကို အခု သူက ကွယ်ရာမှာ သူများဆီက တစ်ဆယ်တိုးနဲ့ ယူပြီး နှစ်ဆယ်တိုးနဲ့ ပြန်ချေးတယ် ဘာညာဆိုပြီး လိုက်ပြောနေတယ်လေ။

အဲဒါကြတော့ အထင်လွဲနေတာဆိုတော့ ဒါကိုကြတော့ သူနားလည်အောင် ရှင်းပြမှ ဖြစ်မယ်။ ကိုယ့်စေတနာကို စော်ကားတာကြတော့ မခံနိုင်ဘူး မဟုတ်လား။ ဒါကြောင့် အဲဒီ မိန်းကလေးကို သွားပြီး ရှင်းပြမှာ။ ပြဿနာ မဖြစ်ချင်ဘူး။ နောက်ပြီး နားလည်စေချင်တယ်။ အဲဒါ ဘယ်လို လုပ်ရမလဲ။ ဒီတစ်ခါတော့ ငါ့သားက ကူညီပေးပါဟု ပြောလေသောကြောင့် ကျွန်ုပ်လည်း အောက်ဖော်ပြပါ မိနစ်(၉၀)အတွင်း ပြဿနာဖြေရှင်းနည်း ဆိုသော ယတြာနည်းကို ဒေါ်သတ္တိကြီးအား ပေးလိုက်လေတော့သတည်း။

ယတြာနည်းတစ်ခု ပေးလိုက်ပါ့မယ်။ အဲဒီနည်းအတိုင်းသာ လုပ်ပါ။ ပြဿနာတွေ လုံးဝ ပြေလည်သွားပါလိမ့်မယ်။ သူတစ်ပါးက ကိုယ့်ကို အထင်အမြင်လွဲနေတယ်။ သူနဲ့ ကိုယ်နဲ့ ထိပ်တိုက် ပြဿနာ ဖြေရှင်းလိုက်မှ အဆင်ပြေမယ်လို့ ထင်တယ်။ လုံးဝကို ရှောင်လို့လည်း မရတော့ဘူး။ ဒါဆိုရင် အဲဒီ တစ်စုံတစ်ယောက်နဲ့ ပြဿနာဖြေရှင်းဖို့အတွက် ထိပ်တိုက်တွေ့ဆုံဖို့ အတွက် ဒီနည်းကို အသုံးပြုပါ။ ဒီယတြာနည်းက မခက်ပါဘူး။ အချိန်ကာလလေးတစ်ခုကို သိထားဖို့ရယ် အဆောင် ပန်းအညွန့်လေးကို ဆောင်ပြီး မျက်နှာမူပြီး ဖြေရှင်းရမယ့် အရပ်ဒေသကို မှတ်ထားရင် ရပါပြီ။( အောက်မှာ အားလုံး နားလည်အောင် ဇယားလေးဖြင့် ဖော်ပြပေးလိုက်ပါတယ်။)



အထက်ပါဇယားကို ကြည့်ပါ။ ဥပမာအားဖြင့် တနင်္ဂနွေသားသမီး တစ်ဦးဦးသည် ထိပ်တိုက် ဆုံတွေ့၍ ပြဿနာ အခက်အခဲ တစ်ခု ကြုံလာပြီ ဆိုပါစို့။ အင်္ဂါနေ့ နံက် (၁၀း၃၀ မှ ၁၂း၀၀) အတွင်း သွားပါ။ ကံကော်ညွန့်ကို ဆောင်သွားပါ။ အနောက်အရပ်ကို မျက်နှာမူ၍ မိမိ ဖြေရှင်းလိုသည့် ကိစ္စကို ဖြေရှင်းပါ။ သေချာပေါက် အဆင်ပြေသွားပေလိမ့်မယ်။

မိတ်ဆွေ... သင်သည် မီးနစ်အနည်းငယ် အသုံးပြု၍ အထက်ပါဇယားကို ကူးယူထားပါက တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မုချအသုံးဝင်လာပါလိမ့်မည်။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

အချိန်ကောင်း အခါကောင်းကို ရွေးချယ်မယ်ဆိုရင်...

ကျွန်တော်တို့ လူတစ်ယောက်ရဲ့ ဘ၀မှာ နေ့စဉ်နေ့တိုင်း နာရီတွေကို ဖြတ်သန်းနေရတယ်။ နာရီတိုင်း မိနစ်တိုင်း အချိန်တိုင်း စက္ကန့်တိုင်းကို ဖြတ်သန်းနေရတယ်။ အဲဒီလို ဖြတ်သန်းနေတဲ့ အချိန်တိုင်း အချိန်တိုင်းမှာ အလုပ်အကိုင်တွေ အကြံအစည်တွေ ရည်ရွယ်ချက်တွေ အောင်မြင်သည့်ထက် အောင်မြင်အောင် တိုးတက်သည့်ထက် တိုးတက်ဖို့အတွက် တစ်ခုလောက် အကြံညာဏ်ပေးချင်တာ တစ်ခုရှိပါတယ်။ တခြားဟာတော့ မဟုတ်ပါဘူး။ အခါရွေးနည်း လေးတွေပါပဲ။ အခါရွေးနည်းတွေ ကတော့ အများကြီး တင်ထား ပေးပါတယ်။ သူ့နည်းနဲ့ သူ ကောင်းတာတွေချဉ်းပဲ။ ဒါပေမယ့် အခုနည်းက ထင်ရှားတဲ့ နည်းလေးတစ်ခုပါ။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စာအုပ်ဆိုင်တို့ ဘုရားစောင်းတန်းက အဆောင်တွေ ရောင်းတဲ့ဆိုင်တို့ တော်တော်များများမှာ ရှိပါတယ်။ တော်တော်များများကို တွေ့ရတာပါ။ ပလပ်စတစ်ကဒ် လောင်းပြီးသား လေးတွေပါ။ ဇယားကွက်လေးနဲ့ပါ။ တော်တော်ကောင်းတဲ့ အခါရွေးနည်းလေးပါ။ သူက (၇)ရက်သားသမီးများ အားလုံးအတွက် ဖော်ပြထားတယ်။ ဘယ်နေ့သားသမီးဟာ ဘယ်နေ့မှာ ဆိုလို့ရှိရင် ဘယ်အခါကျတယ်။ ဘယ်အခါကတော့ ကိုယ့်အတွက် အရမ်းကောင်းတယ်။ အဲဒီလို အရမ်းကောင်းတဲ့ အချိန်တွေကို စနစ်တကျ ရွေးချယ်ပြီး ဆောင်ရွက်လို့ ရနိုင်အောင် တင်ပြထားတာ။

ဒီနည်းမှာ အခါ(၄)ခါကို အဓိက ပိုင်းထားတယ်။ အဓိက အခါတွေဆိုပါတော့။ ရတနာပုံဆိုက်ချိန်ရယ်၊ ဖုတ်သွင်းရထား ဆိုက်ချိန်ရယ်၊ ရာဇဓာတ်ပေါ်ချိန်ရယ်၊ သဗ္ဗသိဒ္ဓိ ရချိန်ရယ်ဆိုပြီး အခါလေးခုကို ပိုင်းခြား ထားပြတယ်။ နေ့တစ်နေ့ကို ကိုယ်က ကိစ္စတစ်ခု ဆောင်ရွက်ဖို့ အကြံအစည်တွေ အကောင်အထည် ဖော်ဖို့အတွက် ဘယ်နှစ်နာရီမှာ ဘယ်အခါတွေ ကျနေသလဲဆိုတာ သိရတယ်။ သိပြီးသွားရင် ဘယ်အခါမှာ ဘယ်လို ကိစ္စတွေ အကောင်အထည် ဖော်ဆောင်သင့်လဲဆိုတာကို ကျွန်တော် အောက်မှာ ထပ်ပြီး တင်ပြပေးထားပါတယ်။

နံပါတ်(၁) ရတနာပုံဆိုက်ချိန်အကြောင်းပြောမယ်။
ရတနာပုံဆိုက်ချိန်ဆိုတဲ့ အချိန်အခါနဲ့ တိုက်ဆိုင်တဲ့ အချိန်တွေမှာ ဆိုရင် အဓိကအားဖြင့် ငွေရေးကြေးရေး ကိစ္စတွေအတွက် အဓိက ဆောင်ရွက်သင့်တဲ့ အချိန်ဖြစ်ပါတယ်။ ငွေကြေးတွေလည်း ၀င်လာတတ်ပါတယ်။ ထီထိုးခြင်း ငွေကြေးကိစ္စ ဆောင်ရွက်မယ်ဆိုရင် ကံကောင်းနိုင်တဲ့ အချိန်ကာလ ဖြစ်ပါတယ်။

နံပါတ်(၂)က ဖုတ်သွင်းရထား ဆိုက်ချိန် အကြောင်းကို ပြောပြပါ့မယ်။
ဒီအချိန် ဒီကာလနဲ့တိုက်ဆိုင်ပြီး ဆောင်ရွက်မယ်ဆိုရင် ထူးထူးခြားခြား အခွင့်အရေးကောင်းတွေ ကြုံမယ်။ ပြီးတော့ အဲဒီ ဖုတ်သွင်းရထား ဆိုက်ချိန်နဲ့ တိုက်ဆိုင်တဲ့ အချိန်မှာ ကြုံတွေလာတဲ့ အခွင့်အရေး တွေကိုလည်း လက်လွတ် မခံသင့်ပါဘူး။ ကိုယ့်အတွက် တိုးတက်ရာ တိုးတက်ကြောင်း ကံမြင့် ကံပွင့်စေတဲ့ အကြောင်း အရာတွေ တိုက်ဆိုင် ကြုံတွေ့ရတဲ့ အချိန်ကောင်း အခါကောင်းဖြစ်ပါတယ်။

နံပါတ်(၃)က ရာဇဓာတ်ပေါ်ချိန် အကြောင်းကို ပြောမယ်။
ဒီရာဇဓာတ်ပေါ်ချိန်ကြတော့ ဘာတွေ ကောင်းလဲဆိုတော့ ပြောသမျှ ဆိုသမျှ အောင်မြင်မယ်။ လုပ်သမျှ ထိထိမိမိ ထက်ထက်မြက်မြက် ဖြစ်မယ်။ အကြီးအကဲ မင်းစိုးရာဇာတွေနဲ့ တွေ့ရင် ချီးမြောက် ထောက်ပံခြင်း ခံရတတ်တယ်။ ကိုယ်ကနေ သူတစ်ထူးဆီမှာ အကူအညီတွေ တောင်းဆိုသင့်တဲ့ အချိန်ပါ။ နောက်တစ်ခုက ပြဿနာတွေကို ဖြေရှင်းဖို့ အတွက်လည်း ကောင်းတဲ့အချိန်ဖြစ်ပါတယ်။

နံပါတ်(၄)က သဗ္ဗသိဒ္ဓိရချိန်ကိုပြောမယ်။
အဲဒီအချိန်မှာ လုပ်သမျှ ကြံစည်သမျှ ကိစ္စအားလုံး ထူးထူးခြားခြား အောင်မြင်မယ်။ လူမှု့ရေး ၊ စီးပွားရေး ၊ အိမ်ထောင်ရေး ၊ အချစ်ရေး ၊ မေတ္တာရေး ၊ ကျန်းမာရေး ကိစ္စအ၀၀အတွက် ဆောင်ရွက်ဖို့ အတွက် အခါကောင်း အချိန်ကောင်း ဖြစ်တယ်။ အလုံးစုံသော အကြောင်းအရာတွေကို အကောင်အထည် ဖော်ဖို့ အတွက် ကောင်းစေတဲ့ အချိန်အခါလည်း ဖြစ်တယ်။

အချိန်လေးချိန်ရဲ့ ကောင်းခြင်းတွေ အကျိုးအာနိသင်တွေ အားလုံကို အကြမ်းဖျဉ်း နားလည်ပြီဆိုရင် (၇)ရက်သားသမီး အားလုံးအတွက် (၇)ရက်လုံးအတွက် ရွေးချယ်ပေးလိုက်ပါတယ်။ အဲဒီအချိန်တွေကို ကြည့်ပါ။ ပြီးရင် ကိုယ့်ရဲ့ အကြံအစည်တွေ အားလုံးကို ကောင်းမွန်သော မနသီကာရဖြင့် ဆောင်ရွက်ကြည့်ကြပါကုန်... မိမိတို့၏ အလုပ်အကိုင် အကြံအစည်တွေ အောင်မြင်သည်ထက် အောင်မြင်လာတဲ့ နေ့ရောက်လာတဲ့ နေ့ကို ရောက်ပါမှ ဤမြန်မာရိုးရာ နည်းကလေး၏ အသုံးဝင်မှု့အား အသိအမှတ် ပြုကြပါကုန်.....









ပုံတွေကို ဒီနေရာမှာ တင်ထားပေးတာ ကြည့်ရတာ အဆင်မပြေသူများအတွက် ဒီနေရာလေးမှာ (PDF ) ဖိုင်လေးနဲ့ ထပ်ပြီးတင်ထားပေးပါတယ်။ အဆင်ပြေ ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

စနေသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ

ဟန်ဆောင်မျက်နှာဖုံးအောက်က ချစ်ခြင်းမေတ္တာ

တစ်နေ့သ၌ ထိုင်းနိုင်ငံ-မဟာချိုင်နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ အသက်အရွယ် အားဖြင့် (၃၃) နှစ်ခန့်ရှိသော အမျိုးသမီးတစ်ဦး ၀င်ရောက်လာလေ၏။ ထိုအမျိုးသမီး၏ မျက်လုံးများသည် ရဲရဲနီလျှက်ရှိပြီးသူမ၏ ခြေလှမ်းများသည် ယိမ်းယိုင်လျှက်ရှိလေ၏။ သူမသည် အခန်းတွင်းသို့ ၀င်ရောက်လာ သည့်အချိန်တွင် ကျွန်ုပ်၏ အခန်းတစ်ခုလုံး အရက်နံ့များ ထောင်းထောင်းထအောင် နံသွားလေ၏။ ကျွန်ုပ်သည် ၎င်းအမျိုးသမီးအား အကဲခတ်ကြည့်လိုက်လေရာ ထိုအမျိုးသမီးသည် အရက်များကို အလွန်အကျွံသောက်၍ လာကြောင်း သိရလေ၏။ အတော်လည်း မူးနေပုံရလေ၏။

ထိုအမျိုးသမီးသည် ကျွန်ုပ်၏ အခန်းတွင်းသို့ ၀င်ရောက်လာပြီးလျှင် စိတ်ပျက်လက်ပျက် ထိုင်လေ၏။ ထို့နောက် ကျွန်ုပ်အား ဗေဒင်ကြည့်ချင်တယ်ဟု လျှာလေးအားလေး ပြောလေတော့၏ ။ ထိုအခါ ကျွန်ုပ်က ဒီမှာ မိန်းကလေး မင်းက အတော်လေး မူးနေပု့ရတယ်။ အဲဒီတော့ မနက်ဖြန်မှ လာခဲ့ပါ။ အရက်မူးနေတော့ ဘယ်လို ဗေဒင်ကြည့်လို့ ရမလဲဟု ပြန်ပြောလိုက်လေလျှင် ၎င်းအမျိုးသမီးက...

ကန်တော့ဆရာ ကန်တော့။ ဆရာ့ကို ကျွန်မ ရှိခိုးပြီး တောင်းပန်ပါတယ်။ မရိုသေရာ ကျရင် ခွင့်လွှတ်ပါ။ ဒီအရက်ကို သောက်တာ ဒီနေ့ နောက်ဆုံးပါပဲ။ မနက်ဖြန်က စပြီး ကျွန်မ စိတ်သစ်လူသစ်နဲ့ ဘ၀သစ်ကို ပြန်စမှာပါ ဆရာ။ ဒါကြောင့် ဒီနေ့တစ်နေ့တော့ ကျွန်မ သောက်ဖြစ်သွားတယ်ဟု ကျွန်ုပ်အား ပြန်ပြောလေ၏။

ထိုအခါ ကျွန်ုပ်က “ ဘယ်လို ဖြစ်တာလဲ မိန်းကလေးရဲ့။ နည်းနည်းလောက်လည်း နားလည်အောင် ပြောပြပါဦးဟု ကျွန်ုပ်က ပြောလိုက်လေလျှင် ထိုအမျိုးသမီးက ကျွန်မ သိပ်စိတ်ညစ်လို့ပေါ့ ဆရာရဲ့။ ဘာကြောင့် စိတ်ညစ်တာလဲ ဆိုတော့ ကျွန်မ ယောက်ျားနဲ့ ပြန်ပေါင်းရမှာကို မလိုလားလို့ပေါ့။ ဘာကြောင့် ကျွန်မက ကျွန်မယောက်ျားကို ပြန်ပြီး မပေါင်းချင်တာလဲ ဆိုတာတော့ ကျွန်မလည်း ကောင်းကောင်း မသိဘူး။ အလိုလိုနေရင်နဲ့ကို မပေါင်းချင် တာ။

ကျွန်မယောက်ျားက မကောင်းလို့လား၊ ဆိုးလို့လား ဆိုတော့ အဲလိုလည်း မဟုတ်ဘူး။ သူများ ယောက်ျားတွေ ထက် တောင် ပိုတော်သေးတယ်။ အရမ်းလည်း ရိုးသားတယ်။ တည်ငြိမ်တယ်။ ပြီးတော့ ကျွန်မကိုလည်း သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းပြီး လုပ်ကိုင် ကျွေးမွေးတယ်။ မကောင်းတာတွေဆိုလည်း သိပ်မလုပ်တတ်ဘူး။ ၀ါသနာ မပါဘူးဆရာ။ အဲဒီလောက် ကျွန်မအပေါ်ကောင်းတဲ့ ယောက်ျားကို မပေါင်းချင်လို့ ဆိုပြိး ကျွန်မ အိမ်ပေါ်က ဆင်းလာခဲ့တာ။ အခုဆို (၇)လလောက်ရှိပြီ ဆရာ။

ကျွန်မကိုယ်တိုင် ကျောခိုင်းလာခဲ့တဲ့ အဲဒီအိမ်ပေါ်ကို မနက်ဖြန်မှာ ကျွန်မကိုယ်တိုင် ပြန်တက်တော့မှာဆရာ။ ကျွန်မကိုယ်တိုင် ရက်ရက်စက်စက် ပစ်ထားခဲ့တဲ့ ကျွန်မယောက်ျားဆီကို ကျွန်မကိုယ်တိုင် လိုလိုချင်ချင်နဲ့ ပြန်သွားတော့မှာ။ ပြီးတော့ ကျွန်မယောက်ျားနဲ့ ကျွန်မ ဘ၀သစ်ကို စိတ်သစ်လူသစ်နဲ့ ပြန်စချင်တယ်။ ကျွန်မရဲ့ မကောင်းတဲ့ အကျင့်စရိုက်တွေကိုလည်း ဒီနေ့ နောက်ဆုံးထားပြီး ပြုပြင်သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်ဟု ကျွန်ုပ်အား ပြောလေ၏။ ထိုအခါ ကျွန်ုပ်က....

မိန်းကလေးကိုယ်တိုင် လုံးဝမပေါင်းချင်တဲ့ ယောက်ျားတစ်ယောက်ကို ဘယ်လို စိတ်နဲ့ ပြန်ပေါင်းမှာလဲ။ နောက်ပြီး ဘယ်လိုကြောင့် အဲလို စိတ်တွေ ပြောင်းလဲ သွားတာလဲဟု ကျွန်ုပ်က မေးလိုက်လေလျှင် ထိုမိန်းကလေးက ....

အချစ်ပေါ့ဆရာ အချစ်ဖြစ်မယ်ထင်တာပဲ။ အချစ်ဆိုတဲ့ နေရာမှာ ကျွန်မက သူ့ကို ချစ်တဲ့ အချစ်မဟုတ်ဘူးနော်။ သူက ကျွန်မကို ချစ်တဲ့ အချစ်ကိုပြောတာ။ အချစ်ဆိုတာထက် မေတ္တာတရားလို့ ပြောရင် ပိုမှန်မလားတောင် မ မသိပါဘူး။ ကျွန်က ဆရာ့ကို ပြောသလို တော်တော်ကို ဆိုးခဲ့တာ။ အရင်တုန်းက ကျွန်မကို စိတ်နာရင် ပြီးရော ဆိုပြီး သူ့ကို တော်တော်လေး နစ်နစ်နာနာ ပြောပစ်ခဲ့ဘူးတာ။ မကြာခနဆိုသလိုလည်း ယောက်ျားယူတော့ မယ်လို့ ပြောခဲ့တာ။ ဘယ်လောက်ပဲ ပြောပြော သူက ကျွန်မကို စိတ်မနာခဲ့ဘူး၊ စိတ်မဆိုးခဲ့ ဘူး ဆရာ။ ကျွန်မကိုလည်း အတင်းအကြပ်ကြီး ပြန်ခေါ်တာ မဟုတ်ဘူး။ ပြန်လာချင်စိတ်လေး နည်းနည်းလောက် ပေါ်လာရင် အချိန်မရွေး ပြန်လာခဲ့တဲ့။ သူစောင့်နေတယ်လို့ပဲ ပြောတယ်ဆရာ။

အဲဒီတော့ ကျွန်မက သူကို မေးလိုက်တယ်။ ငါက ဒီလောက်ဆိုးတာ။ ငါကို ဘာလို့ စောင့်နေတာလဲလို့ မေးလိုက်တော့ ငါက နင့်ကို ချစ်တာကိုးလို့ ပြန်ပြောတယ်။ ငါက နင့်ကို ချစ်တော့ နင်ဆိုးတာတွေ နင်မကောင်းတာတွေ ဘာမှကို အပြစ်မမြင်တော့ဘူးတဲ့။ ဘာပဲဖြစ်နေဖြစ်နေ ဒီဘ၀မှာ နင်တစ်ယောက်တည်း ကိုပဲ အမြဲ စောင့်နေမှာလို့ ပြန်ပြောတယ်လေ။

သူက ကိုယ့်အပေါ် အဲဒီလောက် စိတ်ရှည်ပြီး ကောင်းလာတာကို မြင်ရတော့ ကျွန်မ စိတ်တွေ တဖြည်းဖြည်း ပြောင်းလာခဲ့တယ်။ သူနဲ့ လက်တွဲပြီး ဘ၀ကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းချင်စိတ်တွေ ပေါ်လာတယ်။ အဲဒီနောက် အခုလို စိတ်ထင်တိုင်း ရှောက်သွား ရှောက်လုပ်နေတာ တွေကိုလည်း သိပ်ပြီး စိတ်မပါတော့ဘူး။ ဒါကြောင့် ကျွန်မ သူ့ကို ဖုံးဆက်လိုက်တယ်။ ငါပြန်လာတော့မယ်လို့။ ကျွန်မ သိလိုက်ပါတယ်။ သူ သိပ်ပျော်သွားမယ်ဆိုတာ။ မနက်ဖြန် သူလာကြိုမယ်တဲ့ဟု ပြောလေ၏။

ကောင်းပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မိန်းကလေး ဆုံးဖြတ်ချက် မှန်ပါတယ်။ လူတစ်ယောက်က ကိုယ့်အပေါ် ဒီလောက် ကောင်းနေတယ်ဆိုရင် ကိုယ်ကလည်း သူ့အပေါ် သူ့လောက် မဟုတ်ရင်တောင်မှ အနည်းအကျဉ်း တော့ ပြန်ကောင်းသင့်တယ် မဟုတ်လား။ ကျွန်တော် အားပေးပါတယ်။ လိုအပ်တဲ့ အကူအညီရှိရင် အချိန်မရွေး ပြန်လာခဲ့ပါဗျာ။ ကျွန်တော် တတ်နိုင်သလောက် ကူညီပေးပါ့မယ်ဟု ပြန်လည် အားပေးလိုက်မိလေ၏။ ထို့နောက် သူမသည် ကျွန်ုပ်အား နှုတ်ဆက်လျှက် ပြန်သွားလေ၏။ ထိုမိန်းကလေး၏ ကျော်ပြင်ကို ငေးကြည့်မိရင်း မိန်းကလေးရေ မင်းးရဲ့ ဘ၀သစ်ကို စိတ်သစ်လူသစ် ခွန်အားသစ်နဲ့ ပြန်လည် စတင်နိုင်ပါစေလို့ ဆုတောင်းပါတယ်ဟု ရင်ထဲမှ တိုးတိုးလေး ဆုတောင်းပေးလိုက်မိလေတော့၏။

ထိုကဲ့သို့ နေထိုင်လာခဲ့ရာမှ (၃) လခန့်အကြာတွင် ကျွန်ုပ်၏ အခန်းတွင်းသို့ အရက်မူးနေသော မိန်းကလေးတစ်ဦး ၀င်ရောက်လာလေ၏။ ထိုမိန်းကလေးကို မြင်လိုက်သော အခိုက်အတန့် တွင် ကျွန်ုပ်သည် အံ့သြမှင်သက်မိသွား၏။ အရင်တစ်ခါတုန်းက ဘ၀သစ်ကို စိတ်သစ်လူသစ်နဲ့ ပြန်လည် စတင်မည်ဟု ကျွန်ုပ်၏ အခန်းထဲတွင် ပြောဆိုခဲ့သော ထိုမိန်းကလေးပင် ဖြစ်လေ၏။ အရင်တစ်ခါလည်း မူးလာ၍ ယခုတစ်ခါလည်း အရက် မူးလာပြန်လေ၏။ ထိုမိန်းကလေးအား ကျွန်ုပ်က....

ဘယ်လို ဖြစ်လာပြန်တာလဲ မိန်းကလေး.....
မင်းပြောတော့ မကောင်းတာတွေ အားလုံးကို စွန့်လွှတ်ပြီး စိတ်သစ်လူသစ်နဲ့ ဘ၀သစ်ကို ပြန်စတော့မယ်ဆိုပြီး ငါ့ကို ပြောသွားခဲ့တယ်လေ။ မေ့သွားပြီလား။ အခုထိ ဘာမှ မပြောင်းလဲသေးပါလားဟု ကျွန်ုပ်က ပြောလိုက်လေလျှင် ထိုမိန်းကလေးက...

လူတွေ အတော်ရက်စက်တယ် ဆရာ။ ကိုယ်ရဲ့ အမူအကျင့်တွေ မကောင်းမှန်းသိလို့ ပြန်ပြုပြင်မယ့် လူသားတစ်ဦးကို ပြန်လည် ပြုပြင်ခွင့်မပေးကြဘူး။ မြေနိမ့်ရာ လှံစိုက်။ ရေနစ်သူ ၀ါးကူလို့ ထိုးဆိုသလိုပါပဲ။ ကျွန်မ အပေါ် အရမ်းကောင်းပါတယ်လို့ ထင်ထားခဲ့တဲ့ ကျွန်မယောက်ျားကလည်း မကောင်းပါဘူး။ ကျွန်မ မသိလိုက်တာ တစ်ခုက သူက ကျွန်မကို ပြန်ပြီး လက်ခံခဲ့တယ်ဆိုတာကလည်း ကျွန်မအပေါ်ကို အရမ်းချစ်လို့ ၊ သူက အရမ်း စိတ်သဘောထား ကောင်းနေလို့ မဟုတ်ဘူး။ တမင်သက်သက် ကျွန်မကို အချိုသတ်တာ ဆရာ။ ကျွန်မကိုလည်း ပြန်ရပြီလည်း ဆိုရော နှိပ်စက်လိုက်တာ နှိပ်စက်လိုက်တာ ဆရာရယ်။ မပြောပါနဲ့တော့။ အရင်တုန်းက ကျွန်မ ဆိုးခဲ့တာတွေကို တစ်ခုချင်း ပြန်ပြန်ပြောပြိး ကျွန်မကို နှိပ်စက်လိုက်တာ။ ကျွန်မ တစ်ကိုယ်လုံးလည်း ရစရာကို မရှိတော့ပါဘူး။

ဒါကြောင့် ကျွန်မ သိလိုက်ပါပြီ ဆရာ။ ကျွန်မလေ ဘယ်တော့မှ ကျွန်မကိုကျွန်မ ပြုပြင်ဖို့ မကျိုးစားတော့ပါဘူး။ လူ့ဘ၀ကြီးမှာ အသက်ရှင်သန်နေသရွေ့ ကျွန်မ အကျလေးအတိုင်းပဲ နေတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ ဆရာရေဟု ကျွန်ုပ်အား ပြောဆိုနှုတ်ဆက်ကာ ဒယီးဒယိုင် ခြေလှမ်းများဖြင့် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းမှ ပြန်သွားလေတော့သတည်း။

စနေသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ




ကံအမြင့်ဆုံးအချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း
တနင်္ဂနွေနေ့ဒုတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း

တတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း

ကံအမြင့်ဆုံးအချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း
တနင်္လာနေ့ဒုတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း

တတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)အတွင်း

ကံအမြင့်ဆုံးအချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်းညနေ(၃း၀၀)မှ(၇း၀၀)တွင်း
အင်္ဂါနေ့ဒုတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း

တတိယကံမြင့်ချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း

ကံအမြင့်ဆုံးအချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း
ဗုဒ္ဓဟူးနေ့ဒုတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း

တတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း
ကံအမြင့်ဆုံးအချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း
ကြာသပတေးနေဒုတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း
တတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း

ကံအမြင့်ဆုံးအချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
သောကြာနေ့ဒုတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)အတွင်းညနေ(၃း၀၀)မှ(၇း၀၀)တွင်း

တတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း

ကံအမြင့်ဆုံးအချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း
စနေနေ့ဒုတိယကံမြင့်ချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း

တတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း


သောကြာသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ

“ဗေဒင်ဟောပါ - သင်မပါစေနဲ့ဟု ဆရာသခင်က ဆုံးမခဲ့ဘူးသည်။ သို့သော်....”

တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ အသက်အရွယ် အားဖြင့် ၂၂- နှစ်အရွယ်ရှိသော အင်မတန် ချောမောလှပသော မစံပယ်ဟု အမည်ရသော မိန်းကလေး တစ်ဦးသည် လွန်စွာလေးလံနေသော ခြေလှမ်းများဖြင့် ၀င်ရောက် လာလေတော့၏။

ထိုမိန်းကလေးသည် ကျွန်ုပ်ထံတွင် ဗေဒင်မေးမြန်းလို၍ ရောက်ရှိလာခြင်းဖြစ်၏။ ဗေဒင်မေးသည် ဆိုရာ၌ အဓိကအားဖြင့် သူမ၏ အိမ်ထောင်ရေးကို သိရှိလို၍ လာရောက်ခဲ့ခြင်းပင် ဖြစ်လေ၏။ ဤနေရာ၌ မစံပယ်၏ အကြောင်းကို အနည်းငယ်မျှ ပြောပြရန် လိုအပ်ပါသည်။ မစံပယ်သည် ရှမ်းပြည်နယ် တောင်ကြီးဘက်မှ ဖြစ်၏။ သူမ၏ အသားအရည်သည် ၀င်းပ၏။ အရပ်အမောင်း ကောင်း၏။ နှာတံပေါ်၏။ တိုင်းရင်းသူ ဖြစ်သောကြောင့် မျက်နှာ အနည်းငယ်လေးဒေါင့် ဆန်၏။

အကျဉ်းချုပ်ပြောရပါမူ ထိုမိန်းကလေးသည် လွန်စွာ ကြည့်၍ကောင်း၏။ အင်မတန် ချောမောလှပ၍ တင့်တယ်သော ထိုမိန်းကလေးသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ သူမ၏ အိမ်ထောင်ရေး အကြောင်းကို သိရှိလိုသောကြောင့် ရောက်ရှိလာခဲ့လေ၏။ သူမ၏အသက်သည် (၂၂)နှစ်ရှိပြီ ဖြစ်၏။ အသက် ၂၁နှစ်တွင် အိမ်ထောင် ကျခဲ့၍ အိမ်ထောင်သက် (၈)လလောက် အရောက်တွင် သူမ၏ အမျိုးသားသည် သူမအား ထားပစ်ခဲ့၍ အိမ်မှ အပြီးအပိုင် ထွက်သွားခဲ့သည်ဟု သိရ၏။ သူမ၏ အကြောင်းကို ထိုကဲ့သို့ ပြောပြလေသော အခိုက်တွင် ကျွန်ုပ်၏ စိတ်တွင် ဤမျှလောက် ချောမောလှပသော ထိုအမျိုးသမီးကို စွန်ပစ်ထားရစ်ခဲ့သော ၎င်း၏ အမျိုးသားကို နားမလည်နိုင် ဖြစ်မိလေ၏။ ထို့နောက် ကျွန်ုပ်၏ စိတ်သည် စွန့်ထားခံခဲ့ရသော မိန်းကလေးကိုပင် ဂရုဏာ သက်မိလေ၏။ ထို့နောက် မစံပယ်က ...

သူ အိမ်က ထွက်သွားတာ တစ်လလောက် ရှိပြီဆရာ။ အခုဆိုရင် ကျွန်မ တစ်ယောက်တည်း ဘ၀ကို ဖြစ်သလို ဖြတ်သန်းနေရတာ။ ပတ်ဝန်းကျင်ကလည်း ကျွန်မကို အထင်သေးပြီး အတင်းတွေ ဘာတွေတောင် ပြောကြတယ်။ ကျွန်မဖြင့် အရမ်း အားငယ်တာပဲ ဆရာရယ်ဟု မျက်လုံး၌ မျက်ရည်စများ ရစ်ဝဲလျှက် ပြောလေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ စိတ်အစဉ်သည် ငြိမ်သက်နေသော ညောင်ဗုဒ္ဓဟေပင်ကို လေပြင်းတိုက်ခတ်သကဲ့သို့၎င်း၊ တည်ငြိမ်နေသော ကန်ရေပြင်ကို ခဲကြီးကြီး ပစ်ချလိုက်သကဲ့သို့၎င်း သနားစရာ ကောင်းသော မစံပယ်ဟူသော အမျိုးသမီးကို လွနိစွာသနားဂရုဏာ ဖြစ်မိသွားလေ၏။

ကျွန်ုပ်သည် ထိုမိန်းကလေးအား တားရော့ကဒ်များဖြင့် ကြည့်ပေးလိုက်လေ၏။ အိမ်ထောင်ရေး ကံဇာတာမှာ လွန်စွာ မကောင်းကြောင်း အိမ်ထောင်ဘက် အမျိုးသားမှာ ပြန်လာမည်ဟု မမြင်ကြောင်း ။ သူမအား အပြီးအပိုင် စွန့်လွှတ်သွားတာ ဖြစ်ကြောင်း ၊ ဒီလို မပြောချင်ပေမယ့် စိတ်မကောင်းစွာနှင့် ပြောရကြောင်း စသည်ဖြင့် ဟောပေးလိုက်၏။ ထိုအချိန်တွင် ၎င်းမစံပယ်၏ ရစ်ဝဲနေသော မျက်ရည်များသည် ကျွန်ုပ်၏ ဗေဒင်ဟောသော စာပွဲခုံပေါ်သို့ တစ်ပေါက်ခြင်း ကျလာလေတော့၏။ သူမ၏ ငိုသံသည်လည်း တိတ်ဆိတ်နေသော ကျွန်ုပ်၏ အခန်းတွင်းတွင် တဖြေးဖြေး ထွက်ပေါ်လာလေတော့၏။ မစံပယ်နှင့် အဖော်ပါလာသော အမျိုးသမီးတစ်ဦးသည် မစံပယ်အား အနားသို့ကပ်ခါ သတိပေး အားပေးရှာလေ၏။

မစံပယ်က ဆရာရယ်။ ကျွန်မကလေ အိမ်ထောင်ရေး ကံဇာတာ မကောင်းဘူး ထင်ပါတယ်။ အရင် တစ်ယောက်တုန်းကလည်း ဒီလိုပဲ ကျွန်ုပ်မကို ဘာမပြောညာမပြော ပစ်သွားခဲ့တာ။ အခု တစ်ယောက်မကောင်း လို့ နောက်တစ်ယောက်ကို အိမ်ထောာင် ပြုပြန်တော့လည်း အရင် တစ်ယောက်လိုပဲ ကျွန်မကို ပစ်သွားပြန်ပြီ။ ကျွန်မရဲ့ ကံကိုက မကောင်းတာပါရှင်။ အခုတော့ ကျွန်မဘ၀ကို ကျွန်မ ဘယ်လို ဆက်ပြီး ရှင်သန်နေထိုင် သွားရမယ်မှန်းတောင် မသိတော့ပါဘူးရှင်ဟု ပြောသောကြောင့် ကျွန်ုပ်ကလည်း အားမငယ်ပါနဲ့ မစံပယ်ရယ်။ ဘ၀ဆိုတာ ဒီလိုပါပဲ။ ကိုယ်ရည်ရွယ်သလို မဖြစ်တတ်ဘူးလေ။ လူ့လောကကို ၀င်ရောက်လာပြီဆိုကတည်းက ငိုကြွေးတဲ့ အသံတွေနဲ့ ၀င်ရောက်လာခဲ့တာလေ။ ထွက်သွားတဲ့ အချိန်ကြရင်လည်း ငိုသံတွေနဲ့ဆိုတော့၊ ဒီလူ့လောက ကြီးကိုက ငိုကြွေးခြင်းနဲ့ စတင်ပြီး ငိုကြွေးခြင်းနဲ့ပဲ အဆုံးသတ်ရတာကိုပဲ ဘ၀လို့ဆိုသလား မသိပါဘူးမစံပယ်ရယ်ဟု မဆီမဆိုင် စကားများကို ပြောရင်း အားပေးလိုက်လေ၏။

ထို့နောက် မစံပယ်သည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းထဲတွင် ခေတ္တခဏမျှ ထိုင်နေပြီးလျှင် ကျွန်ုပ်အား နှုတ်ဆက်လျှက် ပြန်သွားလေတော့၏။ ကျွန်ုပ်အား ကျောခိုင်းထွက်ခွါသွားသော မစံပယ်၏ ကျောပြင်အား ငေးမောကြည့်မိရင်း အနာဂါတ်မှာ ကံကောင်းပါစေ မိန်းကလေးရေဟု စိတ်ထဲမှ ဆုတောင်းပေးလိုက်လေ၏။

ကျွန်ုပ်၏ ဗေဒင်ဟောခန်းမှ မစံပယ်လည်း ပြန်သွားပြီဖြစ်၏။ ကျန်နေသေးသော ဧည့်သည် သုံးလေးယောက်ကို ကျွန်ုပ်လည်း ဆက်လက်၍ ဗေဒင်ဟောပေးလိုက်၏။ ထိုဧည့်သည် သုံးလေးယောက် ပြန်သွားသောအခါတွင် ကျွန်ုပ်သည် အခန်းထဲတွင် တစ်ယောက်တည်း ကျန်နေတော့၏။ ထိုအချိန်တွင် လွန်စွာ သနားဖွယ်ကောင်း သော မစံပယ်၏ မျက်နှာလေးသည် ကျွန်ုပ်၏ အာရုံထဲတွင် ပြန်ပေါ်လာပြီးလျှင် ကျွန်ုပ်လည်း အောက်ပါအတိုင်း ဆက်လက်တွေးနေမိတော့၏။

အော်... မစံပယ်ဆိုတဲ့ မိန်းကလေးက ဘယ်မှာ နေတာလဲ မသိဘူး။ ယောက်ျားက စွန်ပစ်သွားတာ ဆိုတော့ ထိုင်းနိုင်ငံမှာ တစ်ယောက်တည်း တော်တော် အန္တရာယ်များမှာပဲ။ ပါတ်ဝန်းကျင်ကလည်း အထင်သေးပြီး အတင်းတွေပြောတာ ခံနေရမှာပဲ။ လူတွေကလည်း တော်တော်မကောင်းတာပဲ။ အားနည်းတဲ့လူကို အားပေးမယ်ဆိုတာ မရှိဘူး။ ရေနစ်သူဝါးကူလို့ ထိုးဆိုတာ ဒီလိုမျိုးကိုပြောတာနေမှာ။ သူတို့နေရာမှာ ငါသာဆိုရင် မစံပယ်ကို မကောင်းမပြောပါဘူး။ လိုအပ်တာကိုတောင် ကိုယ်တတ်နိုင်သလောက် ကူညီပေးဦးမှာ။ အင်း တစ်ယောက်တည်း ဆိုရင် ကျန်းမာရေး မကောင်းရင်တော့ ဒုက္ခပဲ။ တစ်ယောက်တည်း သတိတွေ ဘာတွေ လစ်နေရင် လူမသိ သူမသိဘဲ ဒုက္ခဖြစ်နေတော့မှာ။ အင်း ငါကလည်း သတိမေ့တတ်လိုက်တာ။ ဖုံးနံပါတ်လေး တောင် မတောင်းထားလိုက်ရဘူး... စသည်ဖြင့် တောင်စဉ်ရေမရ တွေးနေမိလေတော့၏။ ထိုအတွေးများနှင့် အတူ ကျွန်ုပ်၏ စိတ်အစဉ်သည် လေးလံသွားလေတော့၏။

ကျွန်ုပ်သည် ညနေငါးနာရီလောက်တွင် အလုပ်ကိစ္စများကို ခေတ္တနားလိုက်ပြီးလျှင် တစ်နေကုန် ၀တ်ထားသော ဗေဒင်ဟောသော နီညိုရောင် ယူနီဖောင်းကို လဲဝတ်လိုက်၏။ ထို့နောက် ရေမိုးချိုး၏။ အ၀တ်အစားလဲ၏။ ညနေဘက် အလေ့အကျင့်အရ ဘုရားစင်ကို သန့်ရှင်းရေးလုပ်၏။ ဘုရားသောက်တော်ရေ လဲ၏။ မြတ်ဘုရားအား ဆီမီးထွန်းခြင်း၊ အမွေးနံ့သာများ ကပ်လှူပူဇော်ခြင်း ဘုရားပန်းလဲခြင်း စသော ဘုရား ဝေယျာ ဝေစ္စများကို ပြုလုပ်ပြီးလျှင် ဘုရားရှိခိုး အဓိဋ္ဌာန်ပုတီးစိတ်ရန်အတွက် ဘုရားစင်ရှေ့တွင် ထိုင်လိုက်ပြီးလျှင် မြတ်စွာဘုရားအား လက်အုပ်ချီလိုက်လေ၏။

ထိုအချိန်တွင်ပင် ကျွန်ုပ်၏ အာရုံထဲသို့ မစံပယ်၏ ညှိုးငယ်နေသော မျက်နှာကလေးသည် ဖြတ်ခနဲ့ မဖိတ်ခေါ်ရပါဘဲ ရုတ်တရက် ပေါ်လာလေတော့၏။ ကျွန်ုပ်သည် ဆက်လက်၍ ဘုရားရှိခိုးရန် အတွက် စိတ်ဂနာမငြိမ် ဖြစ်နေတော့၏။ ကိုယ့်စိတ်ကို မနည်းစုစည်းလိုက် ပြန်၍ မစပယ်ထံသို့ လွင့်သွားလိုက် ဖြစ်နေ၏။ ကျွန်ုပ်၏ စိတ်သည် အခါတိုင်းကဲ့သို့ ကြည်ကြည်လင်လင် တက်တက်ကြွကြွ မရှိတော့ဘဲ စိတ်နှင့် ကိုယ်မကပ်ဘဲ ဘုရားရှိခိုး ပြီးသွားလေတော့၏။ အမှန်အတိုင်း ၀န်ခံရလျှင်ပါမူ ဘုရားရှိခိုးသော အချိန်တွင် ကျွန်ုပ်၏ စိတ်အစဉ်သည် မြတ်ဘုရားထံတွင် အာရုံကပ်မနေဘဲ နှုတ်ကသာ ဘုရားစာများကို ကြက်တူရွေးတစ်ကောင် ကဲ့သို့ တတွတ်တွတ် ရွတ်ဆို ပြီးသွားခြင်း ဖြစ်လေတော့၏။

ဘုရား ၀တ်တက်၍ ပြီးသောအခါတွင်လည်း ကျွန်ုပ်သည် ဘုရားစင်ရှေ့မှ မထနိုင်သေးဘဲ ပုတီးကို ရှေ့တွင် ချကာ ငူငူကြီးထိုင်လျှက် မစံပယ်၏ အကြောင်းကို ဆက်လက်၍ တွေးနေမိလေတော့၏။ ထိုကဲ့သို့ စားချိန်တွင်လည်း မစံပယ်အကြောင်း အိပ်ချိန်တွင်လည်း ကောင်းမွန်စွာ မအိပ်စက်နိုင်သေးပဲ မစံပယ် အကြောင်းများကို တောင်စဉ်ရေမရ တွေးတောလျှက် မအိပ်နိုင်သေးဘဲ ရှိလေတော့၏။ မြင်သာထင်သာအောင် ပြောပြရပါမူ သတိနဲ့ကိုယ် မကပ်ခြင်းပင်ဖြစ်၍ သမာဓိဆိုသော စိတ်ဓာတ် တည်ငြိမ်ခြင်း ပျက်သွားခြင်းပင် ဖြစ်၏။

ထိုကဲ့သို့ ကျွန်ုပ်၏ စိတ်သည် မစံပယ်အကြောင်းကို တွေးတောပူပန်လျှက် စိတ်နှလုံး ညှိုးနွမ်းစွာ ကုန်လွန်ခဲ့သော အချိန်များသည် နာရီမှ ရက် ၊ ရက်များမှ လတိုင် ကျွန်ုပ်၏ စိတ်ထဲမှ မပျောက်သွားဘဲ ကျွန်ုပ်အား ကောင်းစွာ နှိပ်စက်လေတော့၏။ လုပ်နေကျ အလုပ်များကိုလည်း စိတ်မပါတော့သလို ဖြစ်နေတော့၏။ ပျင်းသလိုလို စိတ်လေသလိုလို ဖြစ်နေ၏။ ထိုကဲ့သို့ နေထိုင်လာခဲ့ရာမှ တစ်နေ့တွင် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ မစံပယ်ဟု အမည်ရသော လွန်စွာချောမောသော မိန်းကလေးသည် အဖော် အမျိုးသားတစ်ဦးနှင့်အတူ ၀င်ရောက်လာ ခဲ့လေ၏။ ထို့နောက် ကျွန်ုပ်အား အောက်ပါအတိုင်း ပြောလေတော့၏။


ဆရာရေ....။ ဘယ်တော့မှ ပြန်မလာတော့တဲ့ ဟိုအကောင်ကိုတော့ လုံးဝ မမျှော်တော့ဘူးလေ။ အခု ကျန်နေသေးတဲ့ အနာဂါတ်အတွက် ကျွန်မ အဖော်တစ်ယောက် ရှာထားတယ်။ ကျွန်မအတွက် ကောင်းမကောင်း ကိုက်မကိုက် တွက်ကြည့်ပေးပါဦး။ ဘ၀ဆိုတာ စိတ်ပျက်ဝမ်းနည်း အားငယ်စရာတွေကို အတတ်နိုင်ဆုံး မေ့ထားပြီး ရသသလောက် ပျော်ရွှင်မှုလေးတွေနဲ့ ဖြတ်သန်းသွားရမှာ မဟုတ်လား ဆရာရယ်ဟု ကျွန်ုပ်အား ပြောရင်း တစ်ဘက်မှ အတူထိုင်နေသော အဖော်အမျိုးသားဘက်ကို လှည့်ကြည့်ရင်း ရှင်လည်း အရင် လူတွေလို ကျွန်မကို ပစ်ထားခဲ့မှာလားဟု လှည့်၍ မေးလေ၏။

ထိုအခါ အဖော်အမျိုးသားက ချက်ချင်းဆိုသလို သွားများကို အကုန် ဖြဲလျှက် မပြစ်ပါဘူး စံပယ်ရယ်။ ဘုရားစူး မိုးကြိုးပစ်ပါ။ မယုံဘူးလား။ ရင်ထဲကစကားပါ။ မယုံရင် နားထောင်ကြည့်ဟု ရင်ဘတ်ကြီးကို ကော့၍ ပြလိုက်လေ၏။ ထို့နောက် ကျွန်ုပ်သည် မစံပယ်တို့ နှစ်ဦးအား ကောင်းမွန်စွာ ဗေဒင်တွက်ပေးလိုက်လေ၏။ သူတို့နှစ်ဦးလည်း ကျွန်ုပ်အား နှုတ်ဆက်၍ ပြန်သွားကြလေ၏။

ထိုအချိန်တွင် ကျွန်ုပ်သည် ထိုင်၍ စဉ်းစားမိသည်မှာ ....

အော်.... ငါ့နှယ်။ ငါက စံပယ်ဆိုတဲ့ မိန်းကလေးကို အကြောင်းပြုပြီး ပူပန်နေလိုက်တာ။ စားချိန်လည်း ကောင်းကောင်း စားမရ၊ အိပ်ချိန်လည်း ကောင်းကောင်း အိပ်မရ။ နောက်ဆုံး ဘုရားရှိခိုး တရားထိုင်တဲ့ အချိန်တွေမှာတောင် ကောင်းကောင်း စိတ်မဖြောင့်ဘူး။ သူ့အတွက် ပူပန်နေလိုက်တာ။ ငါနဲ့ ဘာမှ သွေးမတော် သားမစပ်၊ ဘာမှလည်း မပါတ်သက်တဲ့ မိန်းကလေးတစ်ယောက်ကို ငါ့ဆီမှာ ဗေဒင်ကြည့်တာ တစ်ခုလေးနဲ့ ငါက လိုက်ပြီး ပူပန်နေလိုက်တာ။

သူကတော့ နောက် အဖော်တစ်ယောက်နဲ့။ ရီရီမောမော ပျော်ပျော်ရွှင်ရွှင်နဲ့ ပါလား။ ဒီအတိုင်းဆိုရင် အလိုလိုလိုက်ပြီး ပူပန်နေမိတဲ့ငါက သက်သက် အပို အလုပ်တွေကို လုပ်နေမိတာပါလား။ အမှန်က ဗေဒင်ဆရာဆိုတာ ဗေဒင်ဟောဖို့ တစ်ခုပဲလေ။ ဗေဒင်ဟောပြီးရင် ငါ့အလုပ်က ပြီးသွားပြီပဲ။ သူ့ဆီကို ငါ့စိတ်ကေ၇ာက်နေတာကိုက ငါမှားနေတာဟု တစ်ယောက်တည်း ထိုင်စဉ်းစားရင်း ခေါင်းရင်းဘက် နံရံတွင် ချိတ်ဆွဲထားသော ဆရာသခင် အဘမင်းသိင်္ခ၏ ဓာတ်ပုံကို လှမ်းကြည့်လိုက်ရင်း ကျွန်ုပ်သည် အဘအား အောက်ပါအတိုင်း ပြောလိုက်မိလေတော့သတည်း။

အဘရေ... အဘကတော့ တပည့်တွေကို ဗေဒင်ဟောပါ။ သင်...မပါစေနဲ့လို့ ဆုံးမထားခဲ့တယ်နော်။ အခုတော့ ကျွန်တော်က ဗေဒင်ဟောတဲ့ အထဲမှာ ကျွန်တော် ပါနေမိလိုက်ပြီ အဘရေ.. ဟု ပြောလိုက်မိလေတော့သတည်း။

သောကြာသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ




ကံအမြင့်ဆုံးအချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း
တနင်္ဂနွေနေ့ဒုတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း

တတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)ညနေ(၄း၃၀)မှည(၇း၃၀)တွင်း

ကံအမြင့်ဆုံးအချိန်နံက်(၆း၀၀)မှ(၇း၃၀)ညနေ(၄း၃၀)မှည(၇း၃၀)တွင်း
တနင်္လာနေ့ဒုတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း

တတိယကံမြင့်ချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း

ကံအမြင့်ဆုံးအချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း
အင်္ဂါနေ့ဒုတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း

တတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း

ကံအမြင့်ဆုံးအချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း
ဗုဒ္ဓဟူးနေ့ဒုတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း

တတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
ကံအမြင့်ဆုံးအချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
ကြာသပတေးနေဒုတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)ညနေ(၄း၃၀)မှည(၇း၃၀)တွင်း
တတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း

ကံအမြင့်ဆုံးအချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း
သောကြာနေ့ဒုတိယကံမြင့်ချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း

တတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း

ကံအမြင့်ဆုံးအချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း
စနေနေ့ဒုတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း

တတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း


ကြာသပတေးသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသော အချိန်များ

ဗေဒင်ဆရာနှင့် iPhone ရူးရောဂါ

တစ်နေ့သ၌ ကျွန်ုပ်သည် အွန်လိုင်းပေါ်မှ တဆင့် ဗေဒင်ဟောပြောရင်းဖြင့် မညိုမြဟု အမည်ရသော အမျိုးသမီး တစ်ဦးနှင့် ရင်းနှီးခင်မင်ခွင့်ရ လေတော့၏။ အစပထမပိုင်းတွင် ဗေဒင်ဟောရင်းဖြင့် သိကြွမ်းကြသော်ငြားလည်း နောက်ပိုင်းတွင် တစ်ယောက်နှင့် တစ်ယောက် အွန်လိုင်းပေါ်တွင် အလ္လာပသလ္လာပ ပြောကြ ဆိုကြမိလေသောကြောင့် တစ်စထက်တစ်စ ပိုမို၍ ရင်းနှီးခင်မင်လာလေသည်။

ထိုမညိုမြဟုဆိုသော အမျိုးသမီးသည် လွန်စွာခင်မင်ဖွယ်ရာ ကောင်းသော အမျိုးသမီးတစ်ဦး ဖြစ်လေ၏။ အားနည်းနေသောအခါ အားငယ်နေသော အခါများတွင် ကျွန်ုပ်၏ မိခင်တစ်ဦး အမကြီးတစ်ဦး အနေနျင့် အမြဲတမ်း အားပေးစကားပြောလေ့ ရှိလေ၏။ သူတ်ပါးအားလည်း အမြဲတမ်း ကူညီပေးလေ့ရှိကြောင်း ပြောပြ လေ့ရှသောကြောင့် သူမသည် အားငယ်နေသောသူများ အားနည်းနေသူများကိုလည်း အမြဲတမ်း ကူညီပေးလေ့ ရှိကြောင်း ပြောပြလေ့ရှိ၏။ ထို့ကြောင့် ဆရာမှလည်း အခက်အခဲရှိခဲ့ပါက သူမအား မိခင်တစ်ယောက် အမကြီး တစ်ယောက်ကဲ့သို့ သဘောထား အကူအညီတောင်းနိုင်ကြောင်းကိုလည်း အားပေးစကား ပြောခဲ့လေ၏။

ကျွန်ုပ်ကလည်း အကူအညီ မလိုကြောင်း အရမ်းကြီး မချမ်းသာပေမယ့် အဆင်ပြေကြောင်း ပြန်လည်ပြောပြခဲ့၏ ထိုကဲ့သို့ ကျွန်ုပ်နှင့် မညိုမြသည် အွန်လိုင်းပေါ်မှ တဆင့် အမြဲတမ်းစကားပြောရင်း တစ်ယောက်ကို တစ်ယောက် အားပေးစကား ပြောရင်းဖြင့် ဖြူဖြူစင်စင် ရင်းနှီးခင်မင်လာခဲ့သည်မှာ လအတော်ပင် ကြာခဲ့လေ၏။

တစ်နေ့တွင် မညိုမြက ကျွန်ုပ်အား အောက်ပါအတိုင်း ဖုံးဆက်လာခဲ့လေ၏။

ဆရာရေ.... ဒီလကုန်ရင် ကျွန်မသူငယ်ချင်း တစ်ယောက် ထိုင်းကို ဆင်းလာဖို့ ရှိတယ်။ အဲဒါ သူနဲ့ ဆရာ့အတွက် iPhone တစ်လုံး ၀ယ်ထည့်ပေးလိုက်မလို့လေ။ ပြီးတော့ ဆရာ ကျွန်မအတွက် ကူညီပေးတဲ့ ယတြာတွေက လည်း ကျွန်မအတွက် အထောက်အကူ ဖြစ်လို့လေ။ ဒါကြောင့် ကျွန်မက ဆရာ့ကို ကျေးဇူးဆပ်တဲ့ အနေနှင့် လက်ဆောင် ၀ယ်ထည့်ပေးလိုက်မလို့။ ဆရာ လက်ခံပါနော်ဟု ဖုံးဆက်ပြောလေ၏။

ကျွန်ုပ်သည် iPhpne ဟူသော အသံကို ကြားလိုက်ရသည့်နေ့မှ စ၍ စားသည့်အချိန် သွားသည့်အချိန် စသော အချိန်တိုင်း အားလုံးတွင် iPhone ဟူ၍ အတွေးများ ဖြစ်နေလေတော့၏။ ကုန်ကုန်ပြောရလျှင်မူ အိပ်မက်ထဲတွင် ပင် ကျွန်ုပ်သည် အိပ်မက်မက်လေ၏။ အိပ်မက်ထဲတွင် ကျွန်ုပ်သည် ထိုဖုံးနှင့် မြန်မာပြည်မှ မိဘများကို စကားပြောနေသည်ဟု အိပ်မက် မက်လေတော့၏။ ထိုမျှလောက် ကျွန်ုပ်အား အိုင်ဖုန်းကို စွဲလန်းလေတော့၏။

ထို့နောက် ကျွန်ုပ်သည် ပင်ကိုယ်သဘာဝအားဖြင့် လွန်စွာ အကြွားသန်လှသူ ဖြစ်လေရာ ကျွန်ုပ်နှင့် ရင်းနှီးသော မိတ်ဆွေများ တပည့်များ အသိများ ဗေဒင်မေးသူများအား အိုင်ဖုန်းအကြောင်းကို ကြားဖူးနားဝဖြင့် အိုင်ဖုံးဆိုသည်မှာ အလွန်ကောင်းကြောင်း ကျွန်ပြူတာ သေးသေးလေး တစ်လုံးကဲ့သို့ လွန်စွာ အသုံးဝင်ကြောင်း လူတိုင်း မကိုင်နိုင်ကြောင်း ငွေကြေးပြည့်စုံသူများသာ ကိုင်နိုင်ကြကြောင်း ထိုအိုင်ဖုံးကို အမေရိကမှ ကျွန်ုပ်၏ မိတ်ဆွေတစ်ယောက်မှ မကြာခင် ရက်ပိုင်းအတွင်း လူကြုံဖြင့် ပို့ပေးမှာဖြစ်ကြောင်း တွေ့သမျှ လူတိုင်းအား ခပ်ကြွားကြွား ပြောလျှက်ရှိလေတော့၏။

ကျွန်ုပ်၏ တပည့်များ အသိမိတ်ဆွေများကလည်း ထိုအိုင်ဖုန်းကြီး ရောက်လာတဲ့နေ့ကျရင် သူတို့အား ဖုန်းဆက် ပြောပါရန်နှင့် မမြင်ဘူး၍ လာရောက် ကြည့်လိုကြောင်း အစဉ်ပြေပါက ထိုင်းနိုင်ငံတွင် တစ်နှစ်လောက် ကြိုးစားပန်းစား အလုပ်လုပ် ပိုက်ဆံစု၍ အိုင်ဖုန်း ၀ယ်ကိုင်မည့်အကြောင်းကို ပြန်၍ ပြောလေကြသောကြောင့် ကျွန်ုပ်ကလည်း ရောက်တဲ့နေ့ကျရင် ဖုံးဆက်လိုက်မယ်ဟု ပြန်လည် ဂတိပေးရလေ၏။

ထိုကဲ့သို့ မကြာမီအချိန်ကာလ၌ မညိုမြပြောထားသော ရက်သို့ ရောက်လာခဲ့လေ၏။ ထိုနေ့တွင် မညိုမြနှင့် ကျွန်ုပ် အွန်လိုင်းပေါ်တွင် တွေ့ကြရာ မညိုမြက အိုင်ဖုန်းထည့်ပေးမည့် သူငယ်ချင်းနှင့် သွားခါနီးတွင် မတွေ့လိုက်ရကြောင်း ထို့ကြောင့် မထည့်ပေးလိုက်နိုင်ကြောင်း သူမကိုယ်တိုင် ဒီဇင်ဘာလလောက်မှာ ထိုင်းနိုင်ငံသို့ အလည်လာမည်ဖြစ်ကြောင်း ထို့ကြောင့် သူလာမှယူလာမည်ဟု ကျွန်ုပ်အားပြောပြန်လေ၏။

ကျွန်ုပ်အား အိုင်ဖုန်းအကြောင်း တမေးတည်းမေးနေကြသော အသိမိတ်ဆွေများအားလည်း ထိုအမျိုးသမီး ပြောသကဲ့သို့ ပြန်ပြောရလေ၏။ ထိုကဲ့သို့ ကျွန်ုပ်အား မညိုမြက ရက်ရွေ့ပြောလိုက် ကျွန်ုပ်ကလည်း ရက်ရွေ့ပြောလိုက်ဖြင့် ထိုအိုင်ဖုန်းဆိုသော အရာသည် ကျွန်ုပ်ထံသို့ ရောက်မည်ဟုပြောသော နေ့မှစ၍ ယခုဆိုလျှင် တစ်နှစ်လောက်ပင် ဖြစ်နေလေ၏။ နေမြင့်လေ အရူးရင့်လေ ဆိုသကဲ့သို့ ကျွန်ုပ်တွင် စွဲကပ်နေသော အိုင်ဖုန်းရောဂါသည်လည်း တစ်နေ့တခြား ပိုပို၍ ဆိုးရွားလာလေတော့၏။

ထိုကဲ့သို့ ကျွန်ုပ် လုံးဝမမြင်ဘူး မကိုင်ဘူးသော အိုင်ဖုန်းဆိုသောအရာကို မညိုမြဟုဆိုသော မိတ်ဆွေအမျိုးသမီးက ကျွန်ုပ်၏ အတွေးထဲသို့ လာရောက် ထည့်ပေးခဲ့လေ၏။ ထိုမမြင်ဘူး မကိုင်ဘူးသော အိုင်ဖုန်းကို ကျွန်ုပ်သည် အစွဲကြီး စွဲလန်းလျှက်ရှိရကား မစားနိုင်မသောက်နိုင် မအိပ်နိုင်ပင်ဖြစ်လျှက် ကျန်းမာရေးပင် ချို့ယွင်းလာလေတော့၏။ ရမည်ဟု ပြောထားသောနေ့ကို ရောက်လာလိုက် နောက်တစ်ရက်ကို ရွေ့ဆိုင်းသွားလိုက် နောက်တစ်လကို ကျော်သွားလိုက် ဖြစ်နေသည်မှာ လွန်စွာ အသဲယားစရာကောင်း၏။ ကျွန်ုပ်၏ ပင်ကိုယ်ဗီဇအရ လွန်စွာ အကြွားသန်သည့်အားလျှော်စွာ ကျွန်ုပ်ကိုယ်တိုင် လေလုံးထွားထားသော စကားများကိုလည်း တပည့်များကိုတွေ့တိုင်း လွန်စွာ ရှက်မိလေသောကြောင့် ကျွန်ုပ်သည် တပည့်များကိုပင် မတွေ့ရဲတော့သော အခြေအနေသို့ ရောက်ရှိရလေတော့၏။

ထိုကဲ့သို့ နေလာခဲ့ရာမှ တစ်နေ့တွင် မြန်မာပြည်သို့ ခေတ္တ အလည်အပတ် ပြန်သွားခဲ့၏။ မြန်မာပြည်သို့ ပြန်ရောက်ခိုက် ကျွန်ုပ်သည် ဇာတိဖြစ်သော ဧရာဝတီမြေသို့ ရောက်ဖြစ်၏။ ကျွန်ုပ်၏ ကျေးရွာတွင် ငယ်သူငယ် ချင်း အရင်းအခြာကြီး ဖြစ်သော ရွှေတိုးဆိုသော သူငယ်ချင်းသည် သွက်သွက်ခါအောင် ရူးနေသည်ကို အံ့သြ စိတ်မကောင်းစွာ တွေ့ရလေ၏။ ကျွန်ုပ်အပါအ၀င် မည်သူကိုမျှ မမှတ်မိတော့ပေ။ အားလုံကို မေ့သွားတော့၏။

ဒီနေရာ၌ အရူးကြီး ရွှေတိုးအကြောင်းကို ကျွန်ုပ်အနေနှင် အနည်းငယ်ပြောပြရန် သင့်၏။ ရွှေတိုကြီး၏ တကိုယ်လုံးတွင် အ၀တ်အစားများမှာ စုတ်ပြတ်လျှက် ရှိ၏။ အရူးရွှေတိုးသည် ကြိုးခွေတစ်ခွေကို ပုခုံးထက်တွင် စလွယ်သိုင်းထားလေ၏။ လက်တစ်ဖက်တွင်လည်း တစ်လံလောက်ရှိသော ၀ါးစိမ်းကိုင်း တစ်ကိုင်းကို ကိုင်ထား၍ အသံချဲ့စက်သံကြားသော အရပ်ဒေသများသို့ သွာရောက်၍ ၀မ်းရေးကို ဖြေရှင်းလေ၏။ သူ ကောင်းကောင်း သိသော အကြာင်းအရာတစ်ခုမှာ အလှူအိမ်များမှ ဖွင့်သော အသံချက်စက်သံကိုမူ ကောင်းကောင်း မှတ်ထားလေ၏။ ကျွန်ုသည် ကျွန်ုပ်၏ ငယ်သူငယ်ချင်း အရင်းအခြာကြီး ဖြစ်သော ရွှေတိုးတစ်ယောက် မည်ကဲ့သို့ ရူးသွတ်သွားရသနည်းဟု ရွာမှ သူငယ်ချင်းများထံတွင် စုံစမ်းကြည့်လေရာ ရွာမှ သူငယ်ချင်းများက အောက်ပါအတိုင်း ပြောပြလေ၏။

ရွှေတိုကြီးက အရမ်းသနားဖို့ ကောင်းတယ်ကွ။ အရူးတကာ့ အရူးထဲမှာ ဥစ္စာရူး ဖြစ်မယ်ထင်တယ်။ ပြီးခဲ့တဲ့ ၄-နှစ်လောက်တုန်းက ဒီကောင်က မြင်းရူးရူးတယ်လေကွာ။ ဧရာဝတီမြစ် တစ်ဘက်ကမ်းမှာ ရှိတဲ့ သူ့ဦးလေး ဆီကို ဒီကောင် အလည်သွားတယ်။ အဲဒီမှာ သူ့ဦးလေးက သူ့ကို သီတင်းကျွတ်ရင် မြင်းတစ်ကောင် ၀ယ်ပေးမယ် လို့ ပြောလွှတ်လိုက်တယ်ကွ။ အဲဒီကောင် အရှေ့ဘက်ကမ်းက ပြန်လာတဲ့ အချိန်က စပြီး မြင်းရူး ရူးတော့တာပဲ ။ အချိန်ပြည့် မြင်းအကြောင်း ပြောနေတော့တာပဲ။ သူ့ဦးလေးက မြင်းတစ်ကောင် ၀ယ်ပေးမယ်လို့ ပြောလိုက် ကြောင်း အဲဒီမြင်း ၀ယ်တဲ့နေ့ကျရင် ဘယ်လို စီးမယ်ဆိုတဲ့ အကြောင်း သူ့မြင်းကို သူဘယ်လို ဂရုစိုက်မည် ဆိုသည့်အကြောင်း ဒါတွေဘဲ ပြောနေတော့တာပဲ။

ဒါပေမယ့် သူ့ဦးလေးကလည်း အတော်ရက်စက်တယ်ကွာ။ တစ်ခေါက်သွားရင် တစ်ခါရက်ရွေ့တယ်။ နောက်တစ်ခေါက် သွားတော့ နောက်တစ်ခါ ရက်ရွေ့တယ်။ သီတင်းကျွတ်သွားရင် တန်ဆောင်မုန်း ကို ရွေ့တယ်ကွာ။ တန်ဆောင်မုန်းမှာသွားရင် သင်္ကြန်ကို ရက်ရွေ့တယ်ကွာ။ သူ့ဦးလေးကလည်း အတော်ရက်စက်တယ်ကွာ။ အစောကြီးကတည်းက မ၀ယ်ပေးချင်ရင် ဘာမှ မပြောနဲ့ပေါ့ကွ။ အခုတော့ ဟုတ်တာလဲ မဟုတ်ဘဲနဲ့ ရွှေတိုးကြီးကို မျှော်လင့်ချက်တွေ ပေးပေးပြီး နောက်ဆုံးတော့ ရွှေတိုးကြီးဟာ မင်းမြင်တဲ့အတိုင်း သွက်သွက်ခါခါ အောင် ရူးသွားတော့တာပဲဟေ့။ အဲဒီ အချိန်ကစပြီး ရွှေတိုးတစ်ယောက် မြင်းကလွဲရင် ဘာမှကို မသိတော့ဘူးဟု ကျွန်ုပ် အား ပြောပြလေတော့၏။

ထိုအချိန်တွင် ကျွန်ုပ်၏ ခေါင်းထဲတွင် အတွေးတစ်စ ၀င်ရောက်လာလေ၏။ အရူးရွှေတိုးကြီးက မြင်းကို လိုချင်တာ မရသောကြောင့် သွက်သွက်ခါခါအောင် ရူးသွားရလေ၏။ ကျွန်ုပ်မှာမူ iPhone ကို မရသောကြောင့် ရူးချင်ချင် ဖြစ်နေ၏။ ထို့ကြောင့် ကျွန်ုပ်နျင့် ရွှေတိုးကြီးသည် နှစ်ယောက်စလုံး အရူးများသာ ဖြစ်ကြလေ၏။ နှစ်ယောက်စလုံးမှာ မရနိုင်သည်ကို မျှော်လင့် တမ်းတရင်း ရူးသွတ်နေခြင်းပင်ဖြစ်လေ၏။ ရွှေတိုးကြီးက သွက်သွက်ခါအောင် ရူးသွတ်နေ၍ ကျွန်ုပ်မှာမူ ယဉ်ယဉ်လေး ရူးနေခြင်း ဖြစ်၏။ အမှန်တကယ်တော့ အရူးများ သာ ဖြစ်ကြသည် မဟုတ်ပါလား။ ထိုနေ့မှစ၍ ကျွန်ုပ်သည် ကျွန်ုပ်နှင့် အပြင်မှာ တစ်ခါတစ်ရံမျှ တွေ့ဘူးမြင်ဘူးခြင်း မရှိသော လွန်စွာ သဘောကောင်း၍ အပြောချိုသော မညိုမြဟူသော အမေရိကမှ အမျိုးသမီး လက်ဆောင်ဝယ်ပေးမည်ဟု ဆိုသော အိုင်ဖုန်းဟူသောအရာကို ကျွန်ုပ်၏ ဦးနှောက်နှင့် နှလုံးသားအတွင်းမှ အပြီးအပိုင် မောင်းထုတ်လိုက်လေတော့သတည်း။

ကြာသပတေးသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ
























ကံအမြင့်ဆုံးအချိန်နံက်(၆း၀၀)မှ(၇း၃၀)ညနေ(၄း၃၀)မှည(၇း၃၀)တွင်း
တနင်္ဂနွေနေ့ဒုတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း

တတိယကံမြင့်ချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း

ကံအမြင့်ဆုံးအချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း
တနင်္လာနေ့ဒုတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း

တတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း

ကံအမြင့်ဆုံးအချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း
အင်္ဂါနေ့ဒုတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း

တတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း

ကံအမြင့်ဆုံးအချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
ဗုဒ္ဓဟူးနေ့ဒုတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)တွင်း

တတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း
ကံအမြင့်ဆုံးအချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း
ကြာသပတေးနေဒုတိယကံမြင့်ချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း
တတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း

ကံအမြင့်ဆုံးအချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း
သောကြာနေ့ဒုတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း

တတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း

ကံအမြင့်ဆုံးအချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း
စနေနေ့ဒုတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း

တတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)ညနေ(၄း၃၀)မှည(၇း၃၀)တွင်း

ဗုဒ္ဓဟူးသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသော အချိန်များ

ဒီနေ့က ကျွန်တော့်ရဲ့ အသက် (၃၄)နှစ်ပြည့်ပြီး (၃၅)နှစ်ထဲကို ၀င်တဲ့ မွေးနေ့လေးပါ။ ကျွန်တော်က ၈.၈.၁၉၇၇ တနင်္လာသားဆိုတော့ ဒီနှစ်မွေးနေ့လေးက မွေးရက် မွေးလ မွေးနေ့ အားလုံးတိုက်ဆိုင်တဲ့ နေ့လေးပါ။ မွေးနေ့မှာ ဘာတွေ အမှတ်တရ လုပ်ဖြစ်လဲဆိုတော့ ညဦးပိုင်းတုန်းက အော် မနက်ဖြန် ငါ့မွေးနေ့ပါလား ဆိုတာ တစ်ချက် သတိယတယ်။



မိုးလင်းပိုင်းရောက်တော့ မိုးလင်းကတည်းက ဗေဒင်မေးတဲ့ ဧည့်သည်တွေ ရောက်လာတယ်။ ဟောစာတမ်း ကိစ္စတွေနဲ့ အလုပ်များနေတာ မွေးနေ့ဆိုတာကိုတောင် မေ့နေမိတယ်။ ညနေလောက် ရောက်တော့မှ သတိယဖြစ်သွားတယ်။ ဒါပေမယ့် ဘာပွဲမှ မလုပ်ဖြစ်ပါဘူး။ ဒီတိုင်းလေးပဲ တိတ်ဆိပ်ငြိမ်သက်စွာ မွေးနေ့ကို ကျော်ဖြတ်ဖြစ်ပါတယ်။ ဒါကြောင့် မွေးနေ့ အထိမ်းအမှတ် ဒီနေ့ည ကျွန်တော် စောစောအိပ်တော့မယ်ဗျာ။ အာလုံးပဲ ဂွတ်နိုက်ပါ။





ဗုဒ္ဓဟူးသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ





















ကံအမြင့်ဆုံးအချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)အတွင်း
တနင်္ဂနွေနေ့ဒုတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)အတွင်း
တတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)အတွင်း


ကံအမြင့်ဆုံးအချိန်နံက်(၇း၃၀)မှ(၉း၀၀)တွင်း
တနင်္လာနေ့ဒုတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၃၀)တွင်း


တတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)အတွင်း


ကံအမြင့်ဆုံးအချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
အင်္ဂါနေ့ဒုတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၀၀)ခွဲ၊ညနေ(၄း၀၀)မှ(၇း၃၀)တွင်း
တတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)အတွင်း
ကံအမြင့်ဆုံးအချိန်နံက်(၉း၀၀)မှ၁၀း၃၀)တွင်း
ဗုဒ္ဓဟူးနေ့ဒုတိယကံမြင့်ချိန်မွန်းတည်း(၁၂း၀၀)မှ (၁း၃၀)တွင်း
တတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း
ကံအမြင့်ဆုံးအချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း
ကြာသပတေးနေဒုတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)တွင်း
တတိယကံမြင့်ချိန်နံက်(၁၀
ကံအမြင့်ဆုံးအချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း
သောကြာနေ့ဒုတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
တတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)၊ညနေ(၄း၃၀)မှည(၇း၃၀)တွင်း
ကံအမြင့်ဆုံးအချိန်နံက်(၆း၀၀)မှ(၇း၃၀)၊ညနေ(၄း၃၀)မှည(၇း၃၀)တွင်း
စနေနေ့ဒုတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)တွင်း
တတိယကံမြင့်ချိန်မွန်းတည့်(၁၂)မှ(၁း၃၀)တွင်း


အင်္ဂါသားသမီးများအတွက် ကံကောင်းသော အခါရွေးချယ်ပေးခြင်း

တစ်ခုသော တနင်္ဂနွေနေ့၌ ကျွန်ုပ်သည် လွန်စွာရင်းနှီးသော မိတ်ဆွေလင်မယားနှစ်ဦးမှ ဖိတ်ကြားထားသော ကလေးကင်ပွန်းတပ် တစ်ခုသို့ သွားရောက်ခဲ့လေ၏။ ကျွန်ုပ် သွားရောက်သော အချိန်တွင် ဘုန်းတော်ကြီး ဆွမ်းကပ်နေသော အချိန် ဖြစ်၏။ ကျွန်ုပ်လည်း အလှူရှင်များနှင့် အတူ ၀င်ရောက်၍ ကုသိုလ်ယူရင်း ၀ိုင်းဝန်း၍ ဆွမ်းကပ်၏။ အလှူရှင်များနှင့်အတူ အလှူတော်ငွေများ ထည့်ဝင်၏။ ထို့နောက် အလှူရှင်များနှင့်အတူ ရေစက်အတူချ တရားအတူနာ အမျှအတန်းပေးဝေ၏။ ဆရာတော်များသည် ဆွမ်းဘုန်းပေး တရားတော်များကို ချီးမြင့် ရေစက်ချပြီး ပြန်ကြွသွားလေ၏။





ကျွန်ုပ်တို့ကိုလည်း ဘုန်းတော်ကြီးများ ဆွမ်းဝိုင်းအကျများကို အိမ်ရှင်များမှ ကြွေးမွေးဧည့်ခံလေ၏။ အလှူရှင် လင်မယားနှစ်ဦးမှ ကိုဟိန်းတင့်ဇော် နေဦနော် အေးဆေးပေါ့ဟု အေးဆေးမှ ပြန်နော်ဟု ပြောသဖြင့် ကျွန်ုပ်ကလည်း ရပါတယ်ဗျာ။ လုပ်ပါလုပ်ပါ။ ကျွန်တော့်အတွက် စိတ်အနှောက်အယှက် မဖြစ်ပါနဲ့ဟု ပြန်ပြောလိုက်လေ၏။



ကျွန်ုပ်တို့ ခေါင်းရင်းဘက်ဝိုင်းတွင် ကျွန်ုပ်နှင့် တစ်ဝိုင်းတည်း ထိုင်နေကြသော သူ ၄-ဦးရှိ၏။ အသက်၄၅-နှစ်ခန်ရှိသော လင်မယားနှစ်ဦးနှင့် အသက် ၃၀လောက်ရှိသော အမျိုးသားတစ်ဦးဖြစ်လေ၏။ ကျွန်ုပ်အပါအ၀င် လူလေးဦး ၀ိုင်းထိုင်နေခြင်း ဖြစ်လေ၏။ လင်မယားနှစ်ဦးအနက်မှ အမျိုးသား ဖြစ်သူသည် ကျွန်ုပ်အား မကြာခန ဆိုသလို လှမ်းလှမ်း၍ အကဲခပ်ကြည်လေ၏။ အနည်းငယ်ကြာသောအခါတွင်လည်း အလှူရှင်အိမ်တွင် လူအနည်းငယ် ရှင်းသွားပြီဖြစ်၏။ တရားနာလာသော သူများသည်လည်း အလုပ်ဆင်းမီ ပြန်သွားကြပြီ ဖြစ်၏။ ထို့ကြောင့် အလုပ်ရှင်အိမ်တွင် အလှူရှင်မိသားစုနှင့် ကျွန်ုပ်အပါအ၀င် ဧည့်သည် လေးငါးယောက်လောက် သာ ရှိလေ၏။ အလှူရှင်ဖြစ်သူလည်း အခုမှ အနည်းငယ် အားလပ်သဖြင့် ကျွန်ုပ်တို့ ၀ိုင်းသို့ လာရောက်ထိုင်ရလေ၏။



အလှူရှင် ကိုအောင်ဝင်းက ကျွန်ုပ်တို့ ၀ိုင်းသို့ လာရောက်ထိုင်ရင်း ကျွန်ုပ်ရှေ့မှ လင်မယားနှစ်ဦးအား ကျွန်ုပ်နှင့် မိတ်ဆက်ပေးလေ၏။ ဒါက ဆရာကြီးမင်းသိင်္ခတပည့် ဗေဒင်ဆရာ ကိုဟိန်းတင့်ဇော်လေဟု မိတ်ဆက်ပေးလေ ၏။ အစောနကတည်းက ကျွန်ုပ်အား မကြာမကြာ အကဲခတ်နေသော ထိုသူသည် ကျွန်ုပ်ကို ဗေဒင်ဆရာဖြစ် သည်ဟု ကြားလိုက်ရသည်နှင့် တပြိုင်နက် ၎င်း၏ မျက်ခုံးနှစ်ဘက်သည် အနည်းငယ် မြင့်တက်သွားပြီး အံ့သြ သွားပုံရလေ၏။ ကျွန်ုပ်ကလည်း ၎င်းအား ဖော်ရွှေစွာဖြင့် ဟုတ်ပါတယ်ဗျာ။ မဟာချိုင်နေ၀စ်မှာ နေပါတယ်။ နေ၀စ်ဘက်ကို ရောက်ရင် ၀င်လည်လို့ ရပါတယ်။ ဖိတ်ခေါ်ပါတယ်ဟု ပြန်လည် နှုတ်ဆက်လိုက်၏။



၎င်းအမျိုးသားသည် ကျွန်ုပ်က ခင်မင်စွာဖြင့် ဖိတ်ခေါ်သော်လည်း ကျွန်ုပ်အား ခပ်တည်တည်ဖြင့် ကြည့်လိုက်ကာ အေးဗျ.... ကျွန်တော်ကတော့ ဗေဒင်တွေဘာတွေ တစ်ခါဘူးမှ မမေးဘူးပါဘူး။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်း အသိတွေ ဗေဒင်တွေဘာတွေ သွားမေးရင်းနဲ့တော့ အဖော်လိုက်သွားဖူးပါတယ်။ ရန်ကုန် မှာနေတုန်းကလည်း ခင်ဗျားတို့ ဆရာမင်းသိင်္ခရဲ့ တပည့်တွေဆီကို လိုက်သွာလို့ ရောက်ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်က မေးတာတော့ မဟုတ်ပါဘူး။ အဖော်လိုက်သွားရင်း ရောက်ဖြစ်တာပါဟု ခပ်တည်တည်ဖြင့် ပြန်ပြောလေ၏။



ထို့နောက် ၎င်းက ဆက်လက်၍ ကျွန်တော် ဗေဒ်ဆရာတွေနဲ့ ပါတ်သက်လို့ နည်းနည်း အစာမကြေတဲ့ဟာလေး ရှိတယ်ဗျ။ အဲဒါကို ခင်ဗျားနဲ့ တွေ့တုန်း နည်းနည်လောက် ပြောလို့ရမလားဟု ပြန်မေးလေ၏။ ထိုအခါ ကျွန်ုပ်က မိတ်ဆွေကြီးက ကျွန်တော်ဆီမှာ ဗေဒင်လာမေးဘူးလို့လားဟု ပြန်မေးလိုက်လေရာ ၎င်းက မမေးဘူးပါဘူး။ ဒါပေမယ့် ဗေဒင်ဆရာတွေနဲ့ ပါတ်သက်တဲ့ ကိစ္စဆိုတော့ ဗေဒင်ဆရာကို ပြောတာ ပိုကောင်းမလားလို့ဗျ။ ပြောလို့ ရရ မရရ နည်းနည်းလောက်တော့ ပြောမယ်ဗျာဟု အားမနာတမ်း ပြောလေတော့၏။ ထိုအခါ အလှူရှင် ကိုအောင်ဝင်းကလည်း ကျွန်ုပ်အား အားနာသော မျက်လုံးများဖြင့် လှမ်းကြည့်လေ၏။



ထိုအခါ ကျွန်ုပ်ကလည်း ဒီနေ့ ကျွန်တော်လာတာက ကိုအောင်ဝင်းတို့ အလှူကို လာတာပါဗျာ။ မိတ်ဆွေကြီး စကားပြောချင်တယ် မေးချင်တယ်ဆိုရင်တော့ ကျွန်တော့်အခန်းကို လာခဲ့ပါ။ ကျွန်တော် ခင်ဗျားကို ကော်ဖီတစ်ခွက်ဖျော်တိုက်ပြီး ခင်ဗျား ပြောတဲ့စကားတွေကို အေးအေးဆေးဆေး နားထောင်ပေးပါ့မယ်ဟု ပြန်ပြောလိုက်လျှင် ၎င်း မသိဆိုးဝါးလှသော ဧည့်သည်က. ကျွန်ုပ် ပြန်ပြောသည်ကို အရေး မစိုက်သော အမူအယာဖြင့် ဆက်လက်၍ ကျွန်ုပ်အား အောက်ပါအတိုင်း တရစတ် ပြောချလေတော့၏။



အမှန်အတိုင်းပြောရရင် ကျွန်တော့ ဗေဒင်ဆရာတွေဆီကိုသွားရင် သူတို့ဘာတွေပြောတာလဲ နားထောင်ကြည့် တယ်။ ဘာတွေ ပြောကြလဲဆိုတော့ တစ်ချို့ ယတြာတွေကို ပြောပြပြီး ဘယ်လိုဖြစ်အောင် လုပ်လို.့ရတယ် ဒီလိုဖြစ်အောင် လုပ်လိုရတယ်ဆိုပြီးတော့ ပြောတာတွေ့ရတယ်။ သူ့ဘာသူနေတဲ့ တစ်ယောက်ကိုလည်း လုပ်လို့ ရတာဘဲလား။ ဆရာကြီးရဲ့ တစ်ချို့တပည့်တွေနဲ့ လည်း သူငယ်ချင်းတွေ သွားဗေဒင်မေး ယတြာချေနဲ့လုပ်တော့ လိုက်သွားရင်း တွေ့ဘူးတဲ့ ဆရာတစ်ချို့ လည်း ရှိခဲ့ဘူးပါတယ်။ တွေ.ဖူးတဲ့သူ အားလုံးနည်းပါးက မှားခြင်း မှန်ခြင်းဆိုတာထက် ဗေဒင်လာမေးသူ စိတ်ကြိုက်လုပ်ပေးလေ့ရှိတာကို တွေ့ဘူးပါတယ်။



ငါ့ကိုလာ မပြိုင်နဲ. ငါ့ပညာနဲ့ လုပ်လိုက်နိုင်တယ်ဆိုတဲ့ ဆရာတွေ များပါတယ်။ အားလုံးက အပြိုင်ဖြစ်ရင် အနိုင်လိုချင်ကြတဲ့ လူတွေကြီး ပါ။ လာမေးတဲ့ လူတစ်ယောက်ထဲရဲ့ အပြောမှာ ဗေဒင်ဆရာတွေက အမှန်လို့ အတည်ယူပြီး အနိုင်ရအောင် လုပ်ပေးကြတာ တကယ်တရားမျှတပါရဲ့လား။ တကယ်တော့ ခင်ဗျားတို့ ဗေဒင်ဆရာတွေဆိုတာ တနည်းအားဖြင့် စိတ်ရောဂါကု ဆရာဝန်တွေနဲ့ အတူတူပါဘဲ။ တစ်ခါတစ်လေ ဗေဒင်ဆရာတွေရဲ့ စကားတစ်ခွန်းက စိတ်ဓါတ်ကျသွားနိုင်စေသလို စိတ်ဓါတ်ကိုမြှင့်တင်ပြီးပေးပြီး ဘ၀ခွန်အားကိုလည်း တက်စေတယ် မဟုတ်လားဟု ကျွန်ုပ်အား ပြောလေ၏။



ထိုအခါ ကျွန်ုပ်လည်း ၎င်း၏စကားကို မည်သို့ ပြန်လည်ချေပပြောဆိုရမည်ကို မသိအောင် ဖြစ်သွားမိ၏။ မည်သို့ ရှင်းပြရမည်ကို နားမလည်နိုင် ဖြစ်မိ၏။ တစ်ချို့ စကားလုံးများသည် မရှင်းလင်းတာကပင် ကောင်းသေး၏။ ရှင်းပြလိုက်ကာမှ ပိုမို၍ ရှုပ်ထွေးသွားတတ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ထိုလူအားမည်သို့ ပြန်ပြောရမည်ကို လုံးဝမတတ်သောကြောင့် မျက်လုံးကြီး အကြောင်သားဖြင့် ကြည်နေမိတော့၏။



ထိုအချိန်တွင် ကျွန်ုပ်တို့ ၀ိုင်းထဲတွင် တစ်ချိန်လုံး ငြိမ်၍ ထိုင်နားထောင်နေသော အမျိုးသားက ကျွန်ုပ်တို့ စကားဝိုင်းကို ၀င်ရောက်လာပြီးလျှင် ကျွန်ုပ်အားပြောသော အမျိုးသားကြီးကို အောက်ပါအတိုင်း လှမ်းပြောလိုက်လေ၏။



အော်... ခင်ဗျားမလဲ ဗေဒင်ဆရာကို ဘာတွေ သွားပြောနေတာတုံး။ ဗေဒင်ဆရာလဲ ဆရာဝန်လိုပဲပေါ့ဗျာ။ ဆရာဝန်တွေလည်း တစ်ခါတလေ လူနာတွေကို မပြောချင်တဲ့ စကားကို ပြောရတာပဲမဟုတ်လား။ ခင်ဗျား ရုပ်ရှင်တွေထဲမှာ မတွေ့ဘူးလား။ လုံးဝသေတော့မယ့် လူနာတစ်ဦးကို ဆရာဝန်က ဘာမှ မပူပါနဲ့။ သေချာပေါက် ခင်ဗျာ အသက်ရာကျော် နေရမယ်လို့ ပြောတာ တွေ့ဘူးလို့လား။ မသိမသာလေး ခေါင်းခါပြလိုက်တာ မဟုတ်လား။ ဗေဒင်ဆရာတွေလည်း ဒီလိုပေါ့ဗျာ။ တစ်ခါတလေကြတော့လည်း မကောင်းတဲ့ စကားတွေကို တော့ ဘယ်ပြောချင်ပါ့မလဲ။ ဒါပေမယ့် ဗေဒင်ဆရာဘက်ကလည်း ကြည့်ကြည့်ဦးလေ။ မပြောချင်ပေမယ့် မျက်လုံးမှိတ်ပြီး ပြောလိုက်ရတာပဲ မဟုတ်လား။



နောက်ယတြာကတော့ ဆရာကလည်း အမျိုးမျိုး ရှိတာပဲ မဟုတ်လား။ နောက် တစ်ခု စဉ်းစားကြည့်ရမှာက ဗေဒင်ဆရာတွေက အိမ်တကာ လှည့်ပြီး မဟုတ်တာတွေ လိုက်လုပ်ပေးတဲ့ ဆရာတွေကြတော့ တစ်မျိုးပေါ။့ ကိုယ်ရဲ့ ဗေဒင်ဟောခန်းမှာ ကိုယ့်ဘာသာ အေးအေးဆေးဆေးနေပြီး လာပြီးအကူအညီတောင်း ကြတာလေ။ သူက ကိုယ့်ဆီကို အကူအညီလာတောင်းတာ။ ဗေဒင်ဆရာရယ် လုပ်ပေးပါလို့လာပြီး အကူအညီတောင်းကြ တာ။



ဗေဒင်ဆရာက ဗေဒင်ဆရာပဲလေ။ တန်ခိုးရှင်မှ မဟုတ်တာ။ ကိစ္စမှန်သမျှ ဖြစ်စေ အောင်စေဆိုပြီး လုပ်ပေးလို့ မရပါဘူး။ နောက်ပြီး ကိုယ့်ဘာသာ အေးအေးဆေးဆေးနေတဲ့ လူတိုင်းကိုလည်း လိုက်လုပ်လို့ မရပါဘူး။ ကိုယ်နဲ့ ပါတ်သက်တဲ့ ကိစ္စတွေလောက်ကိုသာ လုပ်လို့ရတာပါ။ နောက်ပြီး ဗေဒင်ဆရာတွေဟာ တွေ.ဖူးတဲ့သူ အားလုံးနည်းပါးက မှားခြင်း မှန်ခြင်းဆိုတာထက် ဗေဒင်လာမေးသူ စိတ်ကြိုက်လုပ်ပေးလေ့ရှိတာကို တွေ့ဘူးတယ်။ ငါ့ကိုလာ မပြိုင်နဲ. ငါ့ပညာနဲ့ လုပ်လိုက်နိုင်တယ်ဆိုတဲ့ ဆရာတွေ များပါတယ်။ အားလုံးက အပြိုင်ဖြစ်ရင် အနိုင်လိုချင်ကြတဲ့ လူတွေကြီးပါ။



လာမေးတဲ့ လူတစ်ယောက်ထဲရဲ့ အပြောမှာ ဗေဒင်ဆရာတွေက အမှန်လို့ အတည်ယူပြီး အနိုင်ရအောင် လုပ်ပေးကြတာ တကယ် တရားမျှတပါရဲ့လားဆိုတာကတော့ ဗေဒင်ဆရာတိုင်း အဲလို မဟုတ်ပါဘူးဗျာ။ ဗေဒင်ဆရာတွေဆိုတာကလည်း ဘာသာရေးကို တန်ဖိုးထားတဲ့ လိုက်စားတဲ့ ဆရာတွေ အများကြီးရှိပါတယ်။ ကိစ္စတစ်ခု လာတိုင်ပင်တာနဲ့ ဒါဟာ သင့်တော်သလား မသင့်တော်တဲ့ ကိစ္စလားဆိုတာ မစဉ်းစားပဲ နေပါ့မလား။ သူတို့လည်း စဉ်းစားမှာပေါ့။ မဟုတ်ဘူးလား ဆရာရယ် ဟု ကျွန်ုပ်ဘက်သို့ လှည့်ကာ စစ်ကူတောင်းရင်း ကျွန်ုပ်၏ ရှေ့မှ လူကြီးအားလှမ်း၍ ပြောလိုက်လေ၏။



ထိုအခါ ကျွန်ုပ်ကလည်း ယောင်တောင်တောင်ဖြင့် ဗျာ ....... အော် .... ဟုတ်ပါတယ် ။ ဟုတ်ပါတယ်ဟု ကြောင်တောင်တောင်ဖြင့် ပြန်လည်၍ ခေါင်းညိတ်လိုက်မိ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ ဗေဒင်ဟောခန်းတွင် ဧည့်သည်တွေ စောင့်နေကြကြောင်း ဖုံးဆက်လာသဖြင့် ကျွန်ုပ်လည်း အလှူရှင် လင်မယားအား၎င်း ကျွန်ုပ်အား ၀ိုင်းဝန်းကူညီ၍ ပြောပေးသော မိတ်ဆွေအား၎င်း ကျွန်ုပ်၏ ရှေ့တည့်တည့်မှ ကျွန်ုပ်၏ မိတ်ဆွေကြီးအား၎င်း နှုတ်ဆက်ကာ ပြန်လာခဲ့လေတော့၏။



အပြန်တွင် အလှူရှင် ဖြစ်သော ကိုအောင်ဝင်းက စိတ်မရှိပါနဲ့ ဆရာရယ်။ ဒိလူက ဒီလိုပါပဲ။ စိတ်ရင်းတော့ ကောင်းပါတယ်။ စကားအပြောအဆို မတတ်တာလေး တစ်ခုပါပဲဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က ရပါတယ်ဗျာ။ ကျွန်တော်က သူမေးတာတောင် ကောင်းကောင်း ပြန်ဖြေတတ်တာ မဟုတ်ပါဘူး။ အခုတောင် ကျွန်တော့်ဘေးက မိတ်ဆွေက ကျွန်တော့်ကိုယ်စား ၀င်ပြောပေးလို့ တော်သေးတယ်။ မဟုတ်ရင် ကျွန်တော်တောင် ဘာပြန်ပြောရမှန်း မသိလို့ ချက်ချင်းတောင် ထပြန်ရမလား မဆိုနိုင်ဘူး။ ပြီးတော့ သူလည်း သူမြင်တာကို သူပြောတာ သူလည်း မမှားပါဘူးဗျာ။ မှန်ပါတယ်ဟု ကျွန်ုပ် ပြန်ပြော၍ ဆိုင်ကယ် တက္ကစီငှားကာ ပြန်လာခဲ့လေ၏။



အခန်းသို့ ပြန်ရောက်သောအခါ ဧည့်သည်များကို ဗေဒင်ဟောခြင်း ၊ ယတြာပေးခြင်း စသောအလုပ်များ ပြီးသောအခါ ရေးလက်စ အင်္ဂါသားသမီးများအတွက် ကံကောင်းသော အခါရွေးချယ်ပေးခြင်းစသည်ကို ဆက်လက် ရေးသားပေးလိုက်လေတော့သတည်း။



အင်္ဂါသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ













































ကံအမြင့်ဆုံးအချိန်နံက်(၇း၃၀)မှ(၉း၀၀)တွင်း
တနင်္ဂနွေနေ့ဒုတိယကံမြင့်ချိန်နံနက်(၁၀း၃၀) မှ (၁၂း၀၀)တွင်း


တတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း


ကံအမြင့်ဆုံးအချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
တနင်္လာနေ့ဒုတိယကံမြင့်ချိန်နံနက်(၆း၀၀) မှ (၇း၃၀)တွင်းညနေ(၄း၃၀)မှ ည(၇း၀၀)တွင်း


တတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)တွင်း


ကံအမြင့်ဆုံးအချိန်နံက်(၉း၀၀)မှ(၁၀း၃၀)တွင်း
အင်္ဂါနေ့ဒုတိယကံမြင့်ချိန်မွန်းတည့် (၁၂း၀၀)မှ(၁း၃၀)တွင်း


တတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း


ကံအမြင့်ဆုံးအချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း
ဗုဒ္ဓဟူးနေ့ဒုတိယကံမြင့်ချိန်နံနက်(၇း၃၀) မှ (၉း၀၀)တွင်း


တတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း
ကံအမြင့်ဆုံးအချိန်နံက်(၁း၃၀)မှ(၁၂း၀၀)တွင်း
ကြာသပတေးနေဒုတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
တတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)တွင်းညနေ(၄း၃၀)မှ ည(၇း၃၀)တွင်း


ကံအမြင့်ဆုံးအချိန်နံက်(၆း၀၀)မှ(၇း၃၀)တွင်းညနေ(၄း၃၀)မှည(၇း၃၀)တွင်း
သောကြာနေ့ဒုတိယကံမြင့်ချိန်နံနက်(၉း၀၀) မှ (၁၀း၃၀)တွင်း


တတိယကံမြင့်ချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)တွင်း


ကံအမြင့်ဆုံးအချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)တွင်း
စနေနေ့ဒုတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း


တတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)တွင်း




တနင်္လာသားသမီးများအတွက် ကံကောင်းသောအခါရွေးချယ်ပေးခြင်း

ဒီတစ်ခါလာတဲ့ သူ့နာမည်က ကိုကျော်ခေါင်တဲ့။ အဘမင်းသိင်္ခ မြေလျှောက်ဝိဇ္ဇာ ရွှေမြသာဆိုတဲ့ စာအုပ်ထဲက ကိုကျော်ခေါင်တော့ မဟုတ်ဘူး။ ထိုင်းနိုင်ငံကို မြေလျှောက်ပြီး ရောက်လာတဲ့ ရွေ့ပြောင်းအလုပ်သမား ကိုကျော်ခေါင်ပါ။ သူ ထိုင်းနိုင်ငံကို ရောက်တာ အခုဆိုရင် (၁၅)နှစ်ကျော်ပြီ။ အခုတော့ သူက အလုပ်ရုံက အလုပ်သမားတစ်ဦး မဟုတ်တော့ပါဘူး။ သူ့ရဲ့ ဇွဲလုံးလ၀ိရိယနဲ့ သူ့ရဲ့ ကြိုးစားအားထုပ်မှု့ကြောင့် ပွဲစားဆိုတဲ့ နာမည်တစ်ခုကို အပိုင်စားရထားပြီး အတော်အသင့် အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်နေပြီလေ။



သူလည်း ပွဲစားတို့ထုံးစံအတိုင်း တော်တော်အလုပ်များတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ အလုပ်များတဲ့ အထဲမှာ မိန်းမများလို့ အလုပ်များတာလဲ ပါတာပေါ့လေ။ မနက်မိုးလင်းကတည်းက မယားအငယ်လေးက လဘက်ရည် သောက်ချင်တယ်လို့ပြောလို့ သူကသွားဝယ်ပေးရတယ်။ နောက်မယားအလတ်က ကုန်တိုက်မှာ အလှကုန် ပစ္စည်း သွားဝယ်ပေးရမယ်ဆိုလို့ ကုန်တိုက်ကို လိုက်ပို့ပေးရတယ်။ နောက် မယားကြီးက အိမ်လခ ၊ ကားလခသွင်း ဘေတွေ သွားသွင်းရမယ်ဆိုလို့ သွားရသေးတယ်။ နောက် ကလေးကိစ္စ ခွေးကိစ္စ အစုံပါပဲလေ။



ဘယ်လောက်ပဲ အလုပ်တွေများများ ကိုကျော်ခေါင်ဆိုတဲ့လူက အပြုံးမပျက်ဘူးလေ။ သူ့ကိုယ်သူတောင် ဦးအောင်ဇေယျသွေး အပြည့်ပါတဲ့လူဆိုပြီး ဂုဏ်တောင်ယူနေသေးတာ။ ပြီးတော့ နောက်တစ်ခုရှိသေးတာက ဒီလူကိုမြင်လိုက်ရရင် ကျွန်တော်တို့တောင် အလိုလိုပျော်လာမိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူက ပျော်ပျော်နေတတ်တယ်။ သူ့မျက်နှာကကို အလိုလို ပြုံးနေတာ။ သူ့မိန်းမတွေကိုလည်း သူကသိပ်ချစ်တတ်တာ။ သိပ်ပြီး ဂရုစိုက်တတ်တာ။ ပြီးတော့ ပြောရရင် သူ့မိန်းမတွေကလည်း သူ့ကို သိပ်ချစ်ကြတာ။ ပါရမီကောင်း တယ်ထင်ပါရဲ့။





အဲဒီကိုကျော်ခေါင်ကြီးက ကျွန်တော်ဆီကို မကြာခနလာပြီး ဗေဒင်မေးလေ့ရှိတယ်။ သူ့အတွက် ဗေဒင်မေးတာ ကတော့ တစ်ခါတည်းပါ။ မကြာခနဆိုသလို ကောင်မလေးတွေ ခေါ်ခေါ်လာပြီး ဗေဒင်မေးခိုင်းလေ့ရှိတယ်။ ကျွန်တော်ကလည်း သူခေါ်လာတဲ့ ကောင်မလေးတိုင်းကိုလည်း ကိုကျော်ခေါင်နဲ့ ဘာတော်လည်းလို့ မေးတယ်။ အဲဒီမှာ သူခေါ်လာတဲ့ ကောင်မလေးတိုင်းက လင်မယားလို့ ပြန်ဖြေတယ်။ ကျွန်တော်က ကိုကျော်ခေါင်ကြီးမှာ မိန်းမ ဘယ်နှစ်ယောက်တောင် ရှိလဲလို့ ပြန်မေးလိုက်တော့ အဲဒီကောင်မလေးတွေက ဘာပြန်ပြောလဲဆိုတော့ အများကြီးပဲလို့ ပြန်ဖြေတယ်။



ခင်ဗျားတို့က မနာလိုမဖြစ်ဘူးလား၊ သ၀န်မတိုဘူးလားလို့ ပြန်မေးလိုက်တော့ သူတို့တွေက ဘာပြန်ပြောလဲ ဆိုတော့ ကျွန်မယောင်္ကျားကို သ၀န်လဲမတိုဘူး။ မနာလိုလဲမဖြစ်ဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ကျွန်မယောက်ျား ကိုကျော်ခေါင်ကြီးက ရိုးသားတယ်။ မလိမ်ညာတတ်ဘူး။ အစသိတဲ့အချိန်တုန်းကတည်းက သူ့မှာ မိန်းမတွေအများကြီး ရှိတယ်လို့ပြောပြီးမှ ချစ်ခွင့်ပန်တာ။ အဲဒါကလည်း လေးစားစရာတစ်ခုပဲ။ နောက်တစ်ခုက သူက ယူပြီးသွားရင် ပစ်မထားဘူးဆရာရဲ့။ အားလုံးကို တပြေးညီတည်း အိမ်ထောင်ဦးစီး တာဝန်ကြေအောင် လုပ်ကျွေးတာဆိုတော့ အင်မတန်တော်တဲ့ အိမ်ထောင်ဦးစီး ယောက်ျားတစ်ဦးပါ ဆရာရယ်။ နောက်ပြီးတော့ ကျွန်မယောက်ျားက သမာသမတ်လည်း ရှိတယ်ဆရာရဲ့။ ဘက်မလိုက်တတ်ဘူး။ အားလုံးကို မျှမျှတတ ဆက်ဆံတတ်တယ်။ အမှန်အတိုင်းပြောရရင် ကိုကျော်ခေါင်က သူတော်ကောင်းကြီးပါ ဆရာရယ် အစရှိသည်ဖြင့် ကိုကျော်ခေါင်၏ ကောင်းကြောင်းတွေကိုထိုင်ပြီး ပြောတတ်ကြတယ်။ အဲဒီအချိန်မှာ ကိုကျော်ခေါင်ကြီးကတော့ မျက်နှာကြီး စပ်ဖြီးဖြီးကြီးနဲ့ပေါ့။



အဲဒီတော့ ကျွန်တော်က ဒါကတော့ ခင်ဗျားယောက်ျား ကိုကျော်ခေါင်ကြီး လုပ်နိုင်ကိုင်နိုင်တုန်း ဖြစ်နေလို့ပါ။ တစ်နေ့တစ်ချိန်ချိန် ကိုကျော်ခေါင်ကြီး မလုပ်နိုင်မကိုင်နိုင် ဖြစ်တဲ့အချိန် အသက်ကြီးတဲ့ အချိန်ကြရင်ကော ဘယ်လိုလုပ်ပါ့မလဲ။ အဲဒီအခါကြရင် ခင်ဗျားတို့က ကျုပ်တို့ ကိုကျော်ခေါင်ကြီးကို တစ်ယောက်ပြီး တစ်ယောက် ပစ်သွားကြမှာပဲ မဟုတ်လားဟု အတည်ပေါက်နှင့် ခပ်နောက်နောက် မေးလိုက်လေ၏။ ထိုအခါ ကိုကျော်ခေါင်၏ ဘယ်နှစ်ယောက်မြောက် မယားမှန်းမသိသော အမျိုးသမီးက အဲဒီလိုတော့ မပြောပါနဲ့ ဆရာရယ်။ တကယ်လို့ ကိုကျော်ခေါင်ကြီး မလုပ်နိုငမကိုင်နိုင်တဲ့ နေ့တွေကို ရောက်ရင် ကျွန်မတို့က တလှည့် ပြန်လုပ်ကျွေးဖို့ စုပြီး တိုင်ပင်ထားပြီးသားပါဆရာရယ်။ အထင်မသေးပါနဲ့ ဆရာရယ်ဟု ပြန်ပြောလေ၏။



ကိုကျော်ခေါင်ကို ကျွန်တော်က ဘယ်လိုမှ မဖြစ်နိုင်တာတွေကို ခင်ဗျားက ဖြစ်အောင် လုပ်တယ်ဆိုတော့ ခင်ဗျားမှာ အဆောင်လေး ဆေးလေးတော့ ရှိမယ်ထင်တယ်။ ဘာတွေဆောင်ထားပြီး ဘာဆေးတွေများ သောက်ထားလို့တုန်းဆိုလို့ ကျွန်တော်က မေးတော့ ကိုကျော်ခေါင်က ဘာပြန်ပြောတယ် မှတ်လဲ။ ဆေးတွေ အဆောင်တွေကတော့ တခြားမဟုတ်ပါဘူး ဆရာသမားရယ်။ မေတ္တာပေါ့။ မေတ္တာတရားက အရာရာကို အနိုင်ရစေတာပဲ မဟုတ်လား။ ကျွန်တော်က အားလုံးအပေါ်မှာ မေတ္တာထားလိုက်တာပါ။ အဲဒီတော့ အားလုံးက လည်း ကျွန်တော့်ကို ချစ်ခင်ကြတယ် ။ မေတ္တာရှိကြတယ်ပေါ့ ဆရာရယ်။ ဟားဟားဟား လို့ ရီမောရင်း ပြန်ပြောတယ်။



ကဲ... ကိုကျော်ခေါင် ... ဒီတစ်ခါကော ကျုပ်က ဘယ်သူ့အတွက် ဗေဒင်ကြည့်ပေးရမှလဲ၊ ပြောပါဦးဟု ကျွန်ုပ်က ပြောလိုက်လေရာ ကိုကျော်ခေါင်က ဘယ်သူ့အတွက်မှ ဗေဒင်မကြည့်ပါဘူး ဆရာသမားရယ်။ ကျွန်တော့်အတွက် အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ။ ဆရာသမားလည်း သိတဲ့အတိုင်းပဲလေ။ ကျွန်တော်က ပွဲစားဆိုတော့ အလုပ်ကလည်း ခပ်များများပဲ မဟုတ်လား။ ပြီးတော့ အချိန်ကောင်း အခါကောင်း နက္ခတ်ကောင်းဆိုတဲ့ စကားကို ကျွန်တော်က အရမ်းကြိုက်တာ။ ဒါကြောင့် တနင်္လာသား ကျွန်တော့်အတွက် ကံဇာတာ ပွင့်လန်းတိုးတက် ကောင်းမွန်စေမယ့် အချိန်ကောင်းလေးတွေ ရွေးပေးစေချင်တယ်။ ရွေးပေးရင်လည်း တစ်ရက်စာ မဟုတ်ဘူးနော်။ အမြဲတမ်း နေ့တိုင်း သုံးလို့ ရအောင် (၇)ရက်စာ ရွေးပေးစေချင် တယ်။



ကျွန်တော်က အဲဒီစာရွက်လေးကို အခန်းမှာကပ်ထားပြီး ကျွန်တော့်အတွက် ကံဇာတာအခွင့်အလန်း ကောင်းမွန်စေမယ့် အချိန်တွေကို ရွေးပြီး အလုပ်လုပ်ချင်လို့ ဆရာသမားရဟု ပြောသောကြောင့် ကျွန်ုပ်လည်း အောက်တွင်ဖော်ပြထားသော တနင်္လာသားသမီးများအတွက် အခါပေးစာရွက်လေးကို ပရင့်ထုပ်၍ ပေးလိုက်လေတော့၏။ ကိုကျော်ခေါင်လည်း ကျွန်ုပ်ပေးလိုက်သော စာရွက်လေးကိုရ၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားပြီးလျှင် ပြန်တောမယ်ဆရာရေ... နွေရောက်ရင် မိန်းမတွေကို သီလရှင်ဝတ်ပေးမယ်။ အဖေတူ အမေကွဲ သားသမီးတွေ အားလုံးကို စုပေါင်းရှင်ပြုပေးမယ်။ ပွဲစားကြီးဦးကျော်ခေါင် မိသားစုသီးသန့် စုပေါင်းနားသ အလှူတော် မင်္ဂလာပေါ့။ အဲဒီအခါကြရင် ဆရာ့ကို ဖိတ်လိုက်ဦးမယ် ဆရာရေဟု ကျွန်ုပ်အား နှုတ်ဆက်၍ ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းမှ တဟားဟား အော်ရီကာ ပျော်ရွှင်တက်ကြွသော ခြေလှမ်းများဖြင့် ပြန်သွားလေတော့သတည်း။







တနင်္ဂနွေသားသမီးများအတွက် ကံကောင်းသောအခါရွေးချယ်ပေးခြင်း

တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ အသက်အရွယ်အားဖြင့် ၂၇-နှစ်ခန်ရှိသော မအေးအေးမိုးဟု အမည်ရသော မိန်းကလေးတစ်ဦး ရောက်ရှိလာလေ၏။ ထိုမိန်းကလေးသည် အင်မတန်မှ အလုပ်နှင့်ပါတ်သက်၍ လောဘကြီးလှသော မိန်းကလေးတစ်ဦး ဖြစ်လေ၏။ အလုပ်ရုံတွင်လည်း အလုပ်လုပ်၏။ ထိုအလုပ်ရုံတွင် သူမ ဈေးလည်းရောင်း၏။ အလုပ်ရုံတွင် လူလိုအပ်လာလျှင်လည်း သူမသည် ထိုအလုပ်ရုံတွင် အလုပ်သမားများ သွင်းပေးလေ၏။ ထိုအတူ မများသော ငွေကြေးများကိုလည်း နေ့ပြန်တိုးပေးလေ၏။ ထို့အတူ အိမ်တွင်လည်း အလကားမနေ အခွေငှား၏။ ထမင်းလခ ချက်ကျွေး၏။ ထိုကဲ့သို့ များပြားလှသော အလုပ်များကို အလုပ်နှင့် လက်မပြတ်အောင် တရစပ်လုပ်သူ ဖြစ်လေ၏။ သူမသည် ကျွန်ုပ်၏ ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ ရောက်ရှိလာလေ၏။



သူမသည် လွန်စွာအလုပ်များလှသည့်အားလျှော်စွာ ကျွန်ုပ်ထံတွင်လည်း မေးခွန်းပေါင်းများစွာကို တရစပ်မေး လေတော့၏။ ကျွန်ုပ်ကလည်း သူမမေးသမျှ မေးခွန်းတိုင်းကို ဖြေပေးရလေ၏။ ဒီနှစ် ကံဇာတာကောင်း မကောင်း မေးလေ၏။ ကျွန်ုပ်ကလည်း သုံးတန်ပေါ်နိစ်ဗေဒင်ပညာနှင့် ဂဏန်းဗေဒင်ပညာတို့ဖြင့် တွက်ချက်၍ ဟောပေးလိုက်၏။ သူမသည်လည်း ကျေနပ်သွား၏။ ထို့နောက် ပေးထားသောငွေများ ပြန်ရမလား မရဘူးလား ဟု မေးပြန်လေ၏။ ကျွန်ုပ်ကလည်း တားရော့ပညာဖြင့် ရ-မရ ကြည့်ပေးလိုက်၏။ တားရော့ကဒ်သည် နံပါတ်(၁၅) တစ္ဆေကဒ်ကျ၏။ ထို့ကြောင့် အဆင်မပြေ ကြန့်ကြာနေမည် မရသေးဟု ဟောပေးလိုက်၏။ သူမသည်လည်း မအီမလည်ကြီး ဖြစ်သွားလေ၏။





ထို့နောက် သူမကဆက်လက်၍ လက်ရှိသူမကို ချစ်ခွင့်ပန်နေသူ (၃)ဦးရှိတယ်။ ဘယ်သူ့ကို ဘ၀တစ်သက်စာ ရွေးချယ်ပေးရမလဲဟု ထပ်မံ၍ မေးပြန်လေ၏။ ကျွန်ုပ်ကလည်း ၎င်းတို့ သုံးဦးစလုံး၏ နေ့နံကို မေးမြန်းပြီးလျှင် တစ်ယောက်မှ အကျိုးမပေးကြောင်း အကုန်လုံး လူလိမ်များသာဖြစ်ကြောင်း နောက်ဆုံး ကျော်အောင်ဆိုသော တစ်ယောက်မှာ လက်ရှိ အိမ်ထောင်ရှိနေကြောင်း ရွေးချယ်ခြင်း မရွေးချယ်ခြင်းမှာ သင်၏ သဘောသာ ဖြစ်ကြောင်း ဟောပေးလိုက်၏။ သူမ၏ မျက်နှာကြီးသည် ပြိုတော့မည့် မိုးကဲ့သို့ ချက်ချင်း မဲမှောင်သွားလေတော့၏။



ထို့နောက် သူမ ဘာပဲမေးမေး အဆင်မပြေဘူးဟု ဟောပေးသော ကျွန်ုပ်အား ဒေါသ ဖြစ်လာပုံ ရလေ၏။ ထို့ကြောင့် သူမသည် အသံကျယ်ကျယ်ဖြင့် ကျွန်ုပ်အား အောက်ပါအတိုင်း ရန်တွေ့လေတော့၏။



ဘယ်လိုလည်း ဆရာသမားရယ် စိတ်ညစ်လို့ ဗေဒင်လာမေးတာ ဆရာ့ဆီမှာ ဗေဒင်မေးလိုက်မှ ကိုယ့်ကိုကို သတ်သေချင်စိတ်တောင် ပေါက်သွားတယ်။ နည်းနည်းပါးပါး စိတ်ချမ်းသာစရာလေးတွေ ပြောပါဦးဆရာရဲ့ ။ အခုတော့ ဘာမေးမေး စိတ်ချမ်းသာစရာကို မရှိဘူးဟု ကျွန်ုပ်အားရန်တွေ့သံဖြင့် ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်က ...



ဒီမှာ မအေးအေးမိုးရဲ့။ ခင်ဗျားက အခုလာတာ ဗေဒင်လာမေးတာ မဟုတ်ဘူးလား။ စိတ်ချမ်းသာချင်လို့ လာတာဆိုရင်တော့ ခင်ဗျား လာတဲ့နေရာ မှားနေပြီထင်တယ်။ စိတ်ချမ်းသာချင်ယုံသက်သက် ဆိုရင်တော့ ဗေဒင်မေးဖို့တောင် လာစရာမလိုဘူး။ ကိုယ့်ကို စိတ်ချမ်းသာစရာ ပြောတတ်တဲ့ လူတစ်ယောက်ဆီကို သွားလိုက်ရင် ရပြီပဲမဟုတ်ဘူးလား။ ပြီးတော့ ပြောရဦးမယ် မိန်းကလေး။ ကျုပ်ကလည်း မိန်းကလေးကို ဗေဒင်ဟောနေတာနော်။ အားပေးစကားပြောနေတ မဟုတ်ဘူး။ ကျုပ်ရဲ့ မူရင်း စိတ်အမှန်ကို ပြောရရင် မိန်းကလေးကို ကောင်းတဲ့ စိတ်ချမ်းသာစေမယ့် စကားတွေ ပြောချင်တာပါ။ ဒါပေမယ့် အခုအချိန်က ဗေဒင်ဟောတဲ့ အချိန်လေ။



ကျုပ်တို့ ဗေဒင်ဆရာတွေအတွက် ဆောင်ပုဒ်လေးတစ်ခုရှိတယ်။ ဗေဒင်ဟောပါ သင်မပါစေနဲ့တဲ့။ ဆိုလိုတာက တော့ ဗေဒင်ဟောတဲ့နေရာမှာ ဗေဒင်ဟောတဲ့ အလုပ်တစ်ခုပဲ လုပ်ရမယ်တဲ့။ ကိုယ်ရေးကိုယ်တာ စိတ်ခံစားချက် တွေ မပါစေရဘူး။ သနားခြင်း၊ ၀မ်းသာခြင်း ၊ ၀မ်းနည်းခြင်း ၊ ချစ်ခြင်း ၊ မုန်းခြင်း ၊ ပျော်ရွှင်ခြင်း ၊ တက်ကြွခြင်း စတဲ့ ကိုယ်ရေးကိုယ်တာ စိတ်ခံစားချက်တွေ မပါရဘူး။



ဥပမာ ကိုယ်အရမ်းမုန်းနေတဲ့ လူတစ်ယောက် ဗေဒင်လာမေးတယ် ဆိုကြပါစို့။ သူ့ကိုလည်း ဗေဒင်ဟောပေးရ မယ်။ ဒါတာဝန်ပဲ။ သူ့ကို ကိုယ်က အရမ်းမုန်းနေတာမို့လို့ မကောင်းတာတွေချဉ်းပဲ ဟောမယ်လို့ လုပ်လို့ မရဘူးလေ။ ကိုယ်အသုံးပြုတဲ့ တွက်ကိန်းအရ မြင်တာတွေကို ပြောပြရမှာ။ ကောင်းတာတွေကိုပဲ မြင်မြင် ၊ မကောင်းတာတွေကိုပဲ မြင်မြင် အကုန်ပြောပြရမှာ။ ချစ်လို့ ကောင်းတာတွေကို ပြောမယ်၊ မုန်းလို့ မကောင်းတာ တွေကို ပြောမယ် အဲဒီလို လုပ်လို့ မှ မရတာ။ အဲဒီလိုလုပ်မယ်ဆိုရင်လည်း ဒါကို ဗေဒင်ဟောတယ်လို့ ပြောလို့ ဘယ်ရတော့မလဲ။ မဟုတ်ဘူးလားဟု ကျွန်ုပ်က ပြောလိုက်လေလျှင်....မအေးအေးမိုးက



ဟုတ်ပါပြီဆရာရယ် ကျွန်မက ကျွန်မရဲ့ ကံကြမမာကို အားမလိုအားမရ ဖြစ်မိလို့ အမှတ်တမဲ့ ပြောလိုက်မိတာပါ။ ကျွန်မကလည်း ကျွန်မရဲ့ ကံကြမ္မာကို အမှန်အတိုင်း သိရလို့လည်း ကျေနပ်ပါတယ်။ အခု ကျွန်မက ဆရာ့ကို အပြစ်မြင်နေတာ မဟုတ်ပါဘူးဟု ပြန်ပြောလေ၏။ ထို့နောက် မအေးအေးမိုးက ဆက်လက်၍



ဒီလိုပါဆရာ။ ကျွန်မက အလုပ်တွေ တအားများတယ်။ အဲဒီတော့ တစ်ချို့ အလုပ်တွေကိုကြတော့ အချိန်လေး အခါလေးရွေးပြီး လုပ်ချင်တာ။ ကျွန်မက တနင်္ဂနွေသမီးဆိုတော့ တနင်္ဂနွေသားသမီးတွေ အတွက် နေ့တိုင်း နေ့တိုင်း ဘယ်အချိန်ကောင်းတယ်၊ ဘယ်အချိန်မကောင်းဘူး အဆင်သင့် ရွေးချယ်လို့ရအောင် ပြောပေးစေချင်တယ်။ အဲဒါဆိုရင် ကျွန်မက အလုပ်တစ်ခု လုပ်တော့မယ်ဆိုတိုင်း အချိန်ကိုကြည့် ပြီးရင် ကောင်းမကောင်း ကြည့်မယ်။ ကောင်းရင်လုပ်မယ်။ မကောင်းရင် နောက်တစ်ချိန်ကို ပြောင်းစောင့်မယ်ပေါ့။ မကောင်းဘူးလားဆ၇ာဟု ပြန်ပြောလေသောကြောင့် ကျွန်ုပလည်း တနင်္ဂနွေ သားသမီးများအားလုံးအတွက် နေ့စဉ် ကံဇာတာကောင်းသော အောက်ပါအချိန်ဇယားကို မအေးအေးမိုးအား စာရွက်ထုပ်၍ ပေးလိုက်လေတော့ သတည်း။ မအေးအေးမိုးလည်း ကျွန်ုပ်ပေးလိုက်သော အခါပေး ဇယားကို ယူ၍ ကျွန်မ ကံဇာတာမကောင်းလို့ ၀မ်းနည်းတယ်- ဆရာ့ဆီကို သိချင်တာတွေ လိုချင်တာတွေ ရလိုက်လို့ ၀မ်းသာတယ် ။ ပြန်ဦးမယ် - နောက်ပြန်လာခဲ့ဦးမယ်ဟု ကျွန်ုပ်အား ဦးပီတာကြီးစတိုင် နှုတ်ဆက်၍ ပြန်သွားလေတော့သတည်း။





2011-ခု မရမ်းတလင်းအခါတော်ပေးပြက္ခဒိန် (နှစ်သစ်ကူးလက်ဆောင်)

ဒီတစ်ခါပေးလိုက်တဲ့ မျှဝေလိုက်တဲ့ လက်ဆောင်လေးကတော့ အားလုံးသော ကျွန်တော် မိတ်ဆွေတွေအတွက် အရမ်းကို အသုံးဝင်တဲ့၊ လိုအပ်တဲ့ အရာပါ။ အဘဆရာကြီးမင်းသိင်္ခ ရှိစဉ်ကတည်းက နှစ်စဉ် ထုပ်ဝေပေးခဲ့တဲ့ မရမ်းတလင်းက ထုပ်ဝေတဲ့ တားရော့ အခါတော်ပေး ပြက္ခဒိန်ပါ။ ဘယ်နေ့က ကောင်းတယ်။ မကောင်းဘူး စသည်ဖြင့် နေ့အလိုက် ရွေးချယ်ပေးထားတဲ့ ပြက္ခဒိန်ဆိုတော့ အားလုံးသော (၇)ရက်သစားသမီးများအတွက် ၊ အိမ်တိုင်းအတွက် အရမ်းကို အကျိုးရှိပါတယ်။ အားလုံးစုစုပေါင်း (၁၃)ရွက်ပါ။ မျက်နှာဖုံး တစ်ရွက်ရယ် ၁၂-လစာ ၁၂ရွက်ရယ်ပါ။ ဒေါင်းလော့တင်ပေးထားပါတယ်။

ဒီမှာ ဒေါင်းယူလိုက်ကြပါ။ (Jpg file-Mediafire)
ဒီမှာလည်း ဒေါင်းလို့ရပါတယ် (Pdf file-Mediafire)
ဒီမှာလဲတိုက်ရိုက်ကြည်လို့ရတယ်၊ဒေါင်းလို့ရတယ်နော်။ (google DOC)
ကျေးဇူးတင်စကား လေးတော့ ပြောခဲ့ပါဦးနော်....