ပီယ ၊ ကိုယ်လုံ ၊ လာဘ်ခေါ်အင်းစမတော်များ








စမတော်ရေးဆွဲပုံ အဆင့်ဆင့်
  • နမောတဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿကို နှုတ်မှ ပူဇော်၍ “မ” အက္ခရာကို အရင်ဆုံးရေးပါ။
  • “၀ရ ဗုဒ္ဓေါ ၀ရ ဓမ္မော ၀ရ သံဃော” ဟု နှုတ်မှ ပူဇော်၍ ထိုမအက္ခရာပေါ်မှ “၀” ကို ဆက်ရေးပါ။
  • “သုဂတော” ဟု ရွတ်ဆို၍ “၀” အက္ခရာ၏ အပေါ်မှ “ကာ”နှင့် “၀” ၏ အောက်မှ “ယ” အက္ခရာကို ရေးဆွဲပါ။
  • “ပီယ၀ါယေ ပီယေမမ န၀မကာယ”ဟု ရွတ်ဆို၍ ပုံပါအတိုင်း “၀”၏ လက်ဝဲ၊ လက်ယျာတွင် နငယ်ကို ရေးဆွဲပါ။
  • ထို့နောက် စမတော်များနှင့် သက်ဆိုင်ရာ သိဒ္ဓိတင် ဂါထာတော်များနှင့် သိဒ္ဓိတင်ရပါမည်။
  • “မ”တစ်လုံး ကာယအရံအတား စမတော်အား သရဏဂုံသုံးပါး (၁၀၈)ခေါက်နှင့် သိဒ္ဓိတင်ရပါမည်။
  • “မ”နှစ်လုံးဆင့် လာဘ်ခေါ် စမပုံတော်အား ဘုရားဂုဏ်တော် ကိုးပါး (၁၀၈)ခေါက်နှင့် သိဒ္ဓိတင်ရပါမည်။
  • “မ” သုံးလုံးဆင့် လူချစ်နတ်ချစ် ပီယစမအား မေတ္တာသုတ် ပရိတ်တော် (၂၇)ခေါက်နှင့် သိဒ္ဓိတင်ရပါမည်။
  • ထို့နောက် ကိုယ်နှင့် မကွာဆောင်ထားခြင်း၊ ဈေးဆိုင် ၊ ကုမ္ပဏီစသော မြင့်မြတ်သောနေရာများတွင် ဆောင်ထားခြင်း၊ ဖယောင်းတိုင်တွင် ပတ်၍ မီးထွန်းဆုတောင်းခြင်းပြုလုပ်ပါက ထူးခြားသော အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါကြောင်း...
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

ဘေးကင်းစေသော နငယ်ကွင်းပိတ် အဆောင်

မိတ်ဆွေများခင်ဗျား.....

သင်တို့၏ ဘ၀ခရီးလမ်းမှာ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေမှာ (ဒါမှမဟုတ်) မိသားစုတွေမှာ အခက်အခဲတွေ၊ ရန်တွေ ပြဿနာတွေ အထစ်အငေါ့တွေ၊ အပိတ်အစို့တွေ ကြုံတွေ့နေရတယ်ဆိုရင် ဒီအောက်ဖက်မှာ ဖောပြပေးထားတဲ့ အဆောင်လေးကို ဆောင်ထားလိုက်ပါ။ အဲဒီနငယ် နကွင်းပိတ် အဆောင်လေးကို ဖယောင်းတိုင်မှာ ရေးဆွဲပြီးလည်း မီးထွန်းနိုင်ပါတယ်။ မီးထွန်းတဲ့အခါမှာလည်း ညနေဆည်းဆာ နေ၀င်ချိန်မှာ ထွန်းပါ။ အနည်းဆုံး (၉)ရက်ဆက်တိုက် မီးထွန်းဆုတောင်းလိုက်ပါက မိသားစုတွင် ကြုံတွေ့နေရသော ရန်အန္တရယ်များသည် ရက်ပိုင်းအတွင်း ပြေလည်သွားသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရပေလိမ့်မည်။





သိဒ္ဓိဝင်ရူနေးအဆောင်များအကြောင်း


ကျွန်တော်တို့ Rune-ရူနေးဆိုတဲ့ ပညာရပ်က စိတ်ဝင်စားဆရာ အရမ်းကောင်းပါတယ်။ အနောက်တိုင်းက ပညာရှင်တွေကတော့ ရူနေးနဲ့ ဗေဒင်လဲ ဟောကြပါတယ်။ ကျွန်တော်တို့ အဘမင်းသိင်္ခဆီမှာ နေတုန်းက တော့ ရူနေးနဲ့ ပါတ်သက်ပြး သင်လာခဲ့တာ။ နောက် အဆောင်တွေ ဘာတွေလုပ် ဆောင်လို့ ရတယ် ဆိုတာတွေ နောက်ပြီး ကိုယ့် ရဲ့ ကိစ္စအလိုက် ဖယောင်းတိုင်မှာ ပတ်ပြီး မီးထွန်းလို့ ရတယ်ဆိုတာတွေ သင်လာခဲ့ရတယ်။ အမှန်အတိုင်း ပြောရရင် ကျွန်တော် ဒီလောက် အစွမ်းသတ္တိရှိမှန်း အရင်တုန်းက မသိခဲ့ပါဘူး။ ကျွန်တော်က ယောင်းမလိုလူ ဖြစ်နေတယ် ထင်ပါတယ်။

နောက် ကျွန်တော် အသက် (၃၀)လောက်မှာ မရမ်းတလင်းက အပြင်မှာ ဟောခန်းဖွင့်ပြီး နေ့စဉ် လာသမျှသော လူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရကာမှ အားပါး သိရတော့တယ်။ ကျွန်တော်တို့ လူသား တွေကလည်း ကိစ္စများမြောင် လူတို့ဘောင် ဆိုတာကိုး။ တစ်ယောက်နဲ့ တစ်ယောက် ကိစ္စတွေကလည်း မတူဘူး။ အကြောင်းအရာတွေကလည်း မတူဘူး။ လာသမျှ လူတွေအားလုံးကို တစ်ခါလာလည်း န၀င်းယတြာ နောက်တစ်ခါလာလည်း န၀င်းယတြာ မရဘူးလေ။ ကျန်းမာရေး ညံ့နေလဲ န၀င်း၊ အိမ်ရောင်းချင်လဲ န၀င်း မရဘူးလေ။ ကြာလာရင် လူတွေက ဒီဗေဒင်ဆရာ န၀င်းယတြာနဲ့ လုပ်စားနေတာပါလို့ ပြောကြဦးမယ်။

အဲဒါနဲ့ ကျွန်တော် တစ်နေ့မှာ မှတ်စုစာအုပ်လေးထဲက ရူးနေနဲ့ ပါတ်သက်တဲ့ စာတွေကို ပြန်ဖတ်ကြည့်မိတယ်။ မရမ်းတလင်းမှာ အဘသင်ပေးခဲ့တုန်းက ဒီပညာရပ်ကို စကြာဝဠာ စမများလို့တောင် တင်စားပြီး ခေါ်ခဲ့တာပါ။ အဲဒါနဲ့ တဖြည်းဖြည်း စမ်းပြီး ယတြာတွေ အဆောင်တွေ စမ်းပြီး လုပ်ပေးကြည့်တယ်။ ဟာ.. အဆင်ပြေတယ် ဗျို့။ တော်တော် အဆင်ပြေလာတယ်။ လူတွေ အဆင်ပြေလာတော့ ကိုယ့်ရဲ့ ကိစ္စ အခက်အခဲ ဘာပဲ ကြုံကြုံ ဒီစကြာဝဠာ စမတွေနဲ့ ပဲ အလုပ်လုပ်တော့တယ်။ တော်တော် အဆင်ပြေပါတယ်။

ဒီနေ့အထိ ကျွန်တော် ကောင်းကောင်း အသုံးပြုနေတဲ့ ပညာရပ်ဖြစ်ပါတယ်။ ကျွန်တော်ဆီလာပြီး လက်ဖွဲ့ အဆောင် တောင်းတဲ့ လူတွေဆိုရင်လဲ ရွှေပြား (သို့) ငွေပြားပေါ်မှာ ဒီသင်္ကေတတွေကို ရေးဆွဲပြီး လက်ဖွဲထိုးပြီး အဆောင်ပေးတော့တာ။ သူတို့ ပြောတာကတော့ ဆရာ့ အဆောင်တွေ ကောင်းတယ် ဆိုပဲ။ လူတွေ ဒီလိုပြောလေ ကျွန်တော်က ဒီရူနေး သင်္ကေတ တွေအပေါ် ပိုပြီး လေးနက်လေ၊ ပိုတန်ဖိုးထားလေပါ။ ဒီအကြောင်းနဲ့ ပါတ်သက်ပြီး အဘမင်းသိင်္ခက စာအုပ်တစ်အုပ် ရေးထားခဲ့တယ်။ စာအုပ်အမည်က ဗေဒင်မတတ်ပဲ ချေပေးနိုင်သော ယတြာများပါ။ ကျွန်တော်ရဲ့ မိတ်ဆွေများလည်း ဘ၀မှာ အခက်အခဲတွေ ကြုံတွေ့လာခဲ့ရင် တစ်ခါလောက် စမ်းပြီး အသုံးချ ကြည့်စေချင်ပါတယ်။ အောင်မြင်တယ် အဆင်ပြေတယ် ဆိုကာမှ ယုံပါလို့ တိုက်တွန်းလိုက်ရပါတယ်။



မိမိ၏ ဆန္ဒအတိုင်း တဖက်လူကိုယူရန် နှင့် အမြန်ဆုံး အခြေအနေ ပြုပြင်ပြောင်းလဲရန် အတွက် အသုံးပြုပါတယ်။

တစ်ဖက်လူ စိတ်ပြောင်းစေတယ်။ အမှား အယွင်းများကိုလည်း ပြင်ဆင်ပေးပါတယ်။

မိခင်မြေကြီးနှင့် အသီးပေါက်ရောက်နေခြင်း၎င်း ၊လောကီ မင်္ဂလာအခမ်းအနားများကို အကာအကွယ် ရစေချင်းအတွက်၎င်း အသုံးပြုပါတယ်။

စကားပြောရန်ကိစ္စ ရှိသောအခါနှင့် ဆက်သွယ်မှု့ ပြတ်တောက်သောအခါများတွင် အသုံးပြုပါတယ်။

နတ်ဒေ၀တာများနှင့် ရာဇ၀င်သူရဲကောင်းများကို အာရုံဖြင့်ဖန်တီး၍ မိမိအား ကာကွယ်ခိုင်းခြင်း၊ ခက်ခဲသော ပြဿနာများကို ရင်ဆိုင်ရန်အတွက် အသုံးပြုပါသည်။

အကာအကွယ် ရစေခြင်းနှင့် သူတပါးအား ပညာဖြင့် အနိုင်ရစေခြင်း အတွက် အသုံးပြုပါတယ်။

ပစ္စည်းဥစ္စာ ဓနငွေကြေးအတွက် ဆောင်ရသော တန်ခိုးသိဒ္ဓိ တံဆိပ်ဖြစ်ပါတယ်။

ယောက်ျားနှင့် မိန်းမကို သင့်မြတ်စေခြင်းနှင့် လိင်ကိစ္စ အခက်အခဲကို ပြေလည်စေခြင်း၊ အများစု၏ ဆန္ဒကို ပြည့်မြောက်စေခြင်း အတွက် အသုံးပြုပါတယ်။

မည်သည့် အခက်အခဲ အကြပ်အတည်း ပေါ်ပေါက်သည်ဖြစ်စေ ဖြေးဖြေးခြင်း ထိုးဖောက်၍ အောင်မြင်စေသော တံဆိပ်။


အကျိုးအမြတ်ရရှိစေရန်နှင့် လက်ရှိနေရာတွင် တည်မြဲစေရန်အတွက် အသုံးပြုပါတယ်။

ပေါကြွယ်ဝခြင်းနှင့် ငွေကြေးချောင်လည်စေရန် အတွက် အသုံးပြုရသော တံဆိပ်။

ဘ၀၏ မီးတောက် မီးလျှံများကို ထိမ်းချုပ်ခြင်း၊ တဏှာရမ္မက် ကို ထိမ်းချုပ်ခြင်း

ဣတ္ထိယ သဘာဝ အစွမ်းပြသော တံဆိပ်( မယ်တော်အား တိုင်တည်သော တံဆိပ်)

စွန့်စားရသောအခါ အကာအကွယ် ရလိုသောအခါ အသုံးပြုပါတယ်။

အချစ်စစ် အချစ်မှန် ရှာဖွေရန်နှင့် မိမိ ရောက်ရှိနေသော နေရာတွင် စည်းချက်ဝါးချက် ညီစေရန်

ဆွေမျိုး သားချင်း အကြီးအကဲများ ရောဂါ ဖြစ်သောအခါတွင် ပျောက်စေခြင်း၊ ပစ္စည်းဥစ္စာ ကာကွယ်ခြင်း အမွေကိစ္စအတွက် အသုံးပြုရသော တံဆိပ်။

ဝှက်ကွယ်ထားသော ပစ္စည်း ၊ မြေတွင် မြုတ်ထားသော ပစ္စည်း ၊ အခိုးခံရသော ပစ္စည်းများ ရှာဖွေ၇န်အတွက် အသုံးပြုပါတယ်။

အပြစ်မရှိကြောင်း ဖော်ပြခြင်းနှင့် ခရီးလမ်းပန်းအတွက် အသုံးပြုပါတယ်။

မတရား သဖြင့် မိမိအား ဒုက္ခပေးသူကို တရားရုံး၌ အမှု့ရင်ဆိုင်ရန်အတွက် အသုံးပြုရသော တံဆိပ်

အတတ်ကံကို ဖော်ယူ၍ ဖြေရှင်းရသော တံဆိပ်။

ကာကွယ်မှု့အတွက် စကြာဝဠာ၏ အင်အားကိုယူ၍ ဖြေရှင်းရသော တံဆိပ်။

လိုအင်ဆန္ဒ ဟူသမျှ ပြင်းထန်စေရန် ဆောင်ရွက်ရသောအခါများတွင် သုံးပါတယ်။

သင်၏ လောကီပညာ အစွမ်းကို ပြလိုသောအခါတွင်၎င်း ပျော်ရွှင်မှု့နှင့် စီးစိမ်ရလိုသော အခါများတွင် အသုံး ပြုပါတယ်။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

အင်းစမတော်များကိုစုပေါင်း၍တင်ပေးလိုက်ပါသည်

ကျွန်တော့်ရဲ့ ဆိုက်လေးထဲကို အလည်အပတ် ရောက်လာသူများ အဆင်ပြေစေရန်အတွက် အင်းစမတော်များကို တစ်နေရာထဲတွင် စု၍ တင်ပေးလိုက်ပါတယ်။ ဘယ်လိုသုံးရမည်ကို မသိသူများအတွက် အနည်းငယ် ပြောပြချင်ပါတယ်။ မိမိတို့ ကိစ္စအသီသီးအလိုက် အင်းစမတော်ကို ရိုးရိုးဖယောင်းတိုင်တွင် ပတ်၍ မီးထွန်း ဆုတောင်းပါ။ အင်းဖယောင်းတိုင်ကို ကိုယ်တိုင် စနစ်တကျ မလုပ်တတ်ပါက ဒီနေရာတွင် အင်းဖယောင်းတိုင် စီရင်ပုံ ပို့လေးကို တင်ထားပါတယ် ပြန်ဖတ်ကြည့်ပါ။


ဒီအင်းစမတော်ကတော့ အတိုက်အခိုက်တွေကို တန်ပြန်တဲ့ အင်းစမတော်ပါ။


ဒီစမတော်ကတော့ အချစ်ရေး အိမ်ထောင်ရေး သာယာစေပါတယ်။

ရန်ဘေးဟူသမျှ လွတ်မြောက်စေတဲ့ အင်းစမတော်ပါ။

ပီယနှင့်ပါတ်သက်ပါတယ် အလယ်မှာ ကိုယ့်မွေးနံထည့်၍ မီးထွန်းပါ။



မိမိအိမ်မှ မနေစေချင်သူများကို ထွက်သွားစေတဲ့ အင်းစမပါ။

အိမ်ကနေ ထွက်သွားတဲ့သူကို ပြန်ခေါ်တဲ့ အင်းစမတော်ပါ


အလုပ်နေရာ အိမ်နေရာ မြဲစေပါတယ်။

ငွေကြေးပြေလည်စေသောအင်းစမတော်ပါ။


အမှု့ကိစ္စအတွက် သုံးတဲ့အင်းစမတော်ပါ။


သူခိုးဖမ်းတဲ့အင်းစမတော်ပါ။


စိတ်ထဲတွင် မီးတာက်မီးလျှံများ လောင်မြိုက်နေချိန်တွင် ထွန်းပါတယ်။


ဖုံးကွယ်နေသော ပစ္စည်းများကို ရှာဖွေရာမှာ သုံးပါတယ်။


မင်္ဂလာကိစ္စအောင်မြင်ရန် သုံးပါတယ်။


မိမိသဘောအတိုင်း တစ်ဖက်လူက လိုက်နာဆောင်ရွက်စေရန် သုံးပါတယ်။

ကျန်းမာရေးကောင်းဘို့နျင့် ပစ္စည်းဥစ္စာ ကာကွယ်ဖို့ သုံးပါတယ်။


မိမအလိုရှိတဲ့ ကိစ္စကို အလယ်တွင်ရေး၍ မီးထွန်းပါ။


လွယ်ကူစွာ ငွေကြေး ချောင်လည်စေရန် သုံးပါတယ်

အမှားအယွင်းများကို ပြင်ဆင်ပေးပါတယ်