နာမက္ခရဆန်း နာမည် အဟောကျမ်းကြီး-အပိုင်း(၉)

၄၆။ ၀ဏ္ဏဆိုတာ ဘယ်ကလာ

ယောဇနာ ၃ ပါး

၁။ ဥပရသည် ကောင်းမြတ်သော သဘောဖြစ်၍ ဣဋ္ဌကို နှစ်သက်၏။
၂။ မဇ္ဈသည် အလတ်စားကောင်းသော သဘောဖြစ်၍ ဣဋ္ဌ၊ အနိဋ္ဌ နှစ်မျိုးလုံးကို နှစ်သက်၏။
၃။ ဟေဋ္ဌသည် ကောင်းမြတ်သော သဘောမှ ယုတ်လျော့ခြင်း ဖြစ်၍ အနိဋ္ဌကို နှစ်သက်၏။

လူတို့သည် အဓိက အသားရောင် ၅ မျိုးရှိ၏။

၁။ အသားအဖြူရောင်သည် ဣဋ္ဌ ကိုနှစ်သက်၏။
၂။ အသား ၀ါရောင်သည် ဣဋ္ဌ ကို နှစ်သက်၏
၃။ အသားလတ်ရောင်သည် ဣဋ္ဌ၊ အနိဋ္ဌ ၂ မျိုးလုံးကို နှစ်သက်၏။
၎။ အသားအညိုရောင်သည် အနိဋ္ဌ ကိုနှစ်သက်၏။
၅။ အသားမည်းရောင်သည် အနိဋ္ဌ ကို နှစ်သက်၏။



၁။ ဥပရ ပထမအက္ခရာ က၊ စ၊ ဋ၊ တ၊ ပ၊ ယ ခြောက်လုံးတို့သည် အသားအဖြူရောင်ကို နှစ်သက်၏။
ဥပရ ဒုတိယ အက္ခရာ ခ၊ ဆ၊ ဌ၊ ထ၊ ဖ၊ ရ၊ သ ခုနှစ်လုံးတို့သည် အသားအ၀ါရောင်ကို နှစ်သက်၏။

၂။ မေဇ္ဈအက္ခရာ ဂ၊ ဇ၊ ဍ၊ ဒ၊ ဗ၊ ဠ၊ အ ခုနစ်လုံးတို့သည် အသားလတ်ရောင်ကို နှစ်သက်၏။

၃။ ဟေဋ္ဌ ပထမ အက္ခရာ ဃ၊ ဈ၊ ဎ၊ ဓ၊ ဘ၊ လ၊ ဟ ခုနစ်လုံးတို့သည် အသားအညိုရောင်ကို နှစ်သက်၏။
ဟေဋ္ဌ ဒုတိယ အက္ခရာ င၊ ည၊ ဏ၊ န၊ မ၊ ၀၊ ခြောက်လုံးတို့သည် အသားမည်းရောင်ကို နှစ်သက်၏။

၁။ ဥပရ အက္ခရာသည် ကောင်းမြတ်သော သဘောရှိ၏။ ကောင်းမှု၌ ပျော်ပါးတတ်ခြင်း၊ သနားကြင်နာမှုများခြင်း၊ အေးဆေးစွာ နေလိုခြင်း၊ ဣဋ္ဌသဘောဖြင့် ကျော်စောခြင်း သဘောရှိ၏။

၂။ မဇ္ဈအက္ခရာများသည် အလတ်စား ကောင်းသော သဘောရှိ၍ ကောင်းဆိုးနှစ်တန်ကို နှစ်သက်၏။ အရာရာကို ၀ါသနာပါခြင်း၊ အပေါင်းအဖော်ကို ခင်မင်တွယ်တာခြင်း သဘောရှိ၏။ အသားဖြူလတ် ဖြစ်လျှင် ဣဋ္ဌသဘောဖြင့် ကျော်စောခြင်း သဘောရှိ၏။ အသားညိုလတ်ဖြစ်လျှင် အနိဋ္ဌ သဘောနှင့် ကျော်စောခြင်း သဘောရှိ၏။

၃။ ဟေဋ္ဌအက္ခရာများသည် မကောင်းသော သဘောရှိ၏။ မကောင်းမှု၌ ပျော်ပါးတတ်ခြင်း၊ အတိုက်အခံဖြင့် အောင်မြင်ခြင်း၊ လှုပ်ရှားမှုများခြင်း၊ တစ်ဇွတ်ထိုးလုပ်တတ်ခြင်း၊ အနိဋ္ဌသဘောဖြင့် ကျော်စောခြင်း သဘောရှိ၏။

မှတ်ချက်။ ။ ယောဇနာ ၃ ပါးကို ၀ဏ္ဏဟု အမည်ပြောင်း၍ သုံးနှုန်းထားခြင်းဖြစ်၏။ ယောဇနာ ၃ ပါးဟူသည် အက္ခရာ၏ အမည်ဖြစ်၏။ ၀ဏ္ဏဟူသည် အသားအရောင်၏ အမည်ဖြစ်၏။ ရှေ့ပိုင်း၌ ဖော်ပြခဲ့သာ ဣဋ္ဌ ၊ အနိဋ္ဌ ကို သတိပြုပါ။ဣဋ္ဌသည် ဣဋ္ဌ ၌ အကျိုးပြု၏။ အနိဋ္ဌသည် အနိဋ္ဌ၌ အကျိုးပြု၏။

ဆန်းဝင်ပုံနှင့် ဆန်ကျင်ပုံ
အကျိုးပြုသော သဘောကို ဆန်းဝင်၏ဟု မှတ်ပါ။
အကျိုးပျက်သော သဘောကို ဆန့်ကျင်၏ဟု မှတ်ပါ။

၄၇။ ၀ဏ္ဏမှန်မမှန် သိအောင်ကြံ
အက္ခရာနှင့် အသားအရောင် ညီညွှတ်လျှင် ( ၀ါ ) နာမည်နှင့် အသားအရောင် ညီလျှင် ၀ဏ္ဏမှန်၏။ ( ၀ါ ) ဆန်းဝင်၏။
အက္ခရာနှင့် အသားအရောင် မညီညွတ်လျှင် ( ၀ါ ) နာမည်နှင့် အသားအရောင် မညီလျှင် ၀ဏ္ဏမှား၏ (၀ါ ) ၀ဏ္ဏ ပျက်၏ ( ၀ါ ) ဆန့်ကျင်၏။

၁။ ဥ့ပရ ပထမအက္ခရာဖြင့် အမည်မှည့်လျှင် အသား အဖြူရောင် အ၀ါရောင်ရှိမှ ၀ဏ္ဏမှန်၏၊ ဆန်းဝင်၏။
အသားညိုလတ် အသားညို အသားမည်းလျှင် ၀ဏ္ဏ ပျက်၏။ဆန့်ကျင်၏။

၂။ ဥပရ ဒုတိယ အက္ခရာဖြင့် အမည်မှည့်လျှင် အသား အဖြူရောင်၊ အသားအ၀ါရောင်၊ အသားဖြူလတ်ရောင်ရှိမှ ၀ဏ္ဏမှန်၏။ ဆန်းဝင်၏။ အသားညိုလတ် အသားညို အသာမည်းလျှင် ၀ဏ္ဏပျက်၏။ ဆန့်ကျင်၏။

၃။ မဇ္ဈအက္ခရာဖြင့် အမည်မှည့်လျှင် အသားဝါ အသားဖြူလက် အသားညိုလတ် အသားညိုရောင်ရှိမှ ၀ဏ္ဏမှန်၏၊ ဆန်းဝင်၏။ အသားဖြူ၊ အသားမည်းလျှင် ၀ဏ္ဏပျက်၏၊ ဆန့်ကျင်၏။
၎။ ဟေဋ္ဌ ပထမအက္ခရာဖြင့် အမည်မှည့်လျှင် အသားညိုလတ် အသားညို အသားမည်းရောင်ရှိမှ ၀ဏ္ဏမှန်၏၊ ဆန်းဝင်၏ အသားဖြူ၊ အသားဝါ ၊ အသားဖြူလတ်လျှင် ၀ဏ္ဏပျက်၏၊ ဆန့်ကျင်၏။

၅။ ဟေဋ္ဌ ဒုတိယအက္ခရာဖြင့် အမည်မှည့်လျှင် အသားညို အသားမည်းရောင်ရှိမှ ၀ဏ္ဏမှန်၏၊ ဆန်းဝင်၏
အသားဖြူ၊ အသားဝါ ၊ အသားဖြူလတ်လျှင် ၀ဏ္ဏပျက်၏၊ ဆန့်ကျင်၏။

၄၈။ ကာလဒေသ ပုဂ္ဂလကို မသိတတ်သူ လူမိုက်ဟူ၏

ကာလဒေသ အပူပိုငးဒေသမှာ နေထိုင်ကြသော သူများသည် အသားညို ၊ အသားနီရောင် များ၏။ အအေးပိုင်း ဒေသမှာနေထိုင်ကြသော သူများသည် အသားဖြူလတ်ရောင် များ၏။

ထို့ကြောင့် အပူပိုင်းဒေသမှာ နေထိုင်ကြသော လူများကို အသားအရောင်လျှော့၍တိုင်းပါ၊အအေးပိုင်းမှာ နေထိုင်ကြသောလူများကို အသားအရောင် တိုး၍တိုင်းပါ။ သမပိုင်းဒေသမှာ နေထိုင်ကြသော လူများကို မှန်တန်းတိုင်းပါ။

ပုဂ္ဂလ မြန်မာပြည်၌ နေထိုင်ကြသော လူများတွင် တရုတ်၊ ကုလား၊ ကရင်၊ ကချင်၊ ရှမ်း စသော လူမျိုးများကို
အသားအရောင် တိုင်းတာရာ၌ လူမျိုးအလိုက် ဘာသာအလိုက် တိုင်းပါ။

နိုင်ငံအသီးသီးမှာလည်း နည်းတူ လူမျိုးအလိုက် ၊ ဒေသအလိုက်ကြည့်၍ တိုင်းပါ။ အသားအရောင် မမှန်သေးသော ကလေးများမှာ အမိအဖနှင့် မွေးဖွားရာဒေသကိုကြည့်ပြီး အသားအရောင်ကို တိုင်းသင့်ကြောင်း ဖော်ပြအပ်ပါသည်။

ဤနာမက္ခရဆန်း နာမည်အဟောကျမ်း၌
ယောဇနာ သုံးပါးသည် အရေးကြီးသော အပိုင်းကဏ္ဍ၌ ပါဝင်၏။ ထို့ကြောင့် နာမည်နှင့် အသားအရောင် မှန်ကန်ညီညွှတ်ဖို့ လိုအပ်ပေ၏။ နာမည်၏ အင်္ဂါ ၁၀ ပါးတွင် ယောဇနာ ၃ ပါးကို ၀ဏ္ဏဟု အမည်တစ်မျိုးတည်းဖြင့် သုံးနှုန်းထား၏။ ၀ဏ္ဏဟူသည် ဤယောဇနာ ၃ ပါးကိုပင် ခေါ်ဝေါ်ကြောင်း သိအပ်ပေ၏။
ဝဏ္ဏသည် စီးပွားရေးကို အဓိက ဟောပြောရမည် ဖြစ်၏။ အိမ်ထောင်ရေးနှင့် ဘုန်းကံကိုလည်း ဟောပြောနိုင်၏။

၁။ နာမည်နှင့် အသားအရောင် မှန်လျှင် ဆန်းဝင်သောကြောင့် စီးပွားရေးတိုးတက်အောင်မြင်ခြင်း၊ ပစ္စည်းဥစ္စာမြဲခြင်း၊ အကျင့်စာရိတ္တကောင်းခြင်း၊ အိမ်ထောင်ရေး သုခရှိခြင်း၊ ဘုန်းတန်ခိုးကြီးခြင်းကို ဖြစ်စေတတ်၏။

၂။ နာမည်နှင့် အသားအရောင် မမှန်လျှင် ဆန့်ကျင်သောကြောင့် စီးပွားရေး မကောင်းခြင်း၊ အပျက်အစီးများခြင်း၊ အကျင့်
စာရိတ္တပျက်ခြင်း၊ အိမ်ထောင်ရေး ဒုက္ခကြုံခြင်း၊ သူတစ်ပါး၏ သြဇာခံရခြင်းကို ဖြစ်စေတတ်၏။

ဝဏ္ဏ မှန် မမှန် တိုင်းရာ၌ -
နာမည်ကို အရင်းလုံး၊ အဖျားလုံးခွဲ၍ တိုင်းရမည် ဖြစ်၏။
နာမည်အရင်းလုံးသည် မိမိအတွက်ဖြစ်၍ မိမိ၏ စီးပွားရေး ၊ အိမ်ထောင်ရေး ဘုန်းကံနှင့် သက်ဆိုင်၏။

နာမည်အဖျားလုံးသည် သူ့အတွက်ဖြစ်၍ အိမ်ထောင်ဖက်ဖြစ်သော ဇနီးခင်ပွန်းသည် စီးပွားရေး ၊ အိမ်ထောင်ရေးနှင့် သက်ဆိုင်၏။
နာမည် ၂ လုံးစလုံးသည် နာမည်ပိုင်ဆိုင်သူနှင့် သက်ဆိုင်သော်လည်း နာမည်အဖျားလုံးမှာ အိမ်ထောင်ဖက်ကို တိုက်ရိုက်ဟောနိုင်ကြောင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။

နာမည် ၁လုံးတည်း ရှိသူများမှာ ဤနာမည် ၁ လုံးကိုပင် မိမိအတွက် သူ့အတွက် ဟောရမည်။

နာမည် ၃ လုံး၊ ၄ လုံး ရှိသူများမှာ နာမည်အရင်းလုံးကို မိမိအတွက် ဟောပြော၍ နာမည်အဖျားလုံးကို အဆင့်ဆင့် ပထမ၊ ဒုတိယ သူ့အတွက် ဟောပြောနိုင်ပါသည်။ မထင်ရှားသောအမည်ကို ပယ်ရမည်ဟု မှတ်ပါ။

၄၉။ အက္ခ၇ာတို့၏ ဣဋ္ဌ အနိဋ္ဌ နှစ်သက်ပုံ

၁။ ဥပရအက္ခရာများသည် ကောင်းသော သဘောရှိ၍ ဣဋ္ဌကို နှစ်သက်၏။ နာမည် အရင်းလုံး၊ ဥပရအက္ခရာဖြစ်လျှင် မိမိတို့
ကိုးကွယ်ကြသော ဘာသာရေးအလုပ်၊ ကောင်းမြတ်သော အလုပ်မျိုးတို့ဖြင့် ကျော်စောထင်ရှားစေ၏။

၂။ ဟေဋ္ဌအက္ခရာများသည် မကောင်းသော သဘောရှိ၏။ အနိဋ္ဌကို နှစ်သက်၏။ နာမည်အရင်းလုံး ဟေဋ္ဌအက္ခရာဖြစ်လျှင်
အတိုက်အခံ၊ အပြိုင်အဆိုင်အလုပ်၊ မကောင်းသော အလုပ်မျိုးဖြင့် ကျော်စောထင်ရှားစေ၏။
ဥပရ အက္ခရာများသည် ကောင်းသောနေရာ၌ အထွတ်အထိပ်သို့ ရောက်နိုင်သလို….
ဟေဋ္ဌအက္ခရာများသည် မကောင်းသောနေရာ၌ အထွတ်အထိပ်သို့ ရောက်နိုင်၏ဟု မှတ်ပါ။

၃။ မဇ္ဈအက္ခရာများသည် အမည်မှည့်နည်းသော အက္ခရာ ဖြစ်၏။ ယင်းမဇ္ဈအက္ခရာများမှာ ဣဋ္ဌသဘော၊ အနိဋ္ဌသဘော၊ ရောနှောနေ၍ ကောင်းသော အကျိုးကိုလည်း အလယ်အလတ်သာ အကျိုးပေး၏။ အသားအရောင်ကိုလိုက်၍ ဣဋ္ဌသဘော အနိဋ္ဌသဘောကို နှစ်သက်မည် ဖြစ်၏။

၁။ ဥပရ အက္ခရာများသည် ၀ဏ္ဏမှန်လျှင် ဣဋ္ဌသဘောဖြင့် အကျိုးပြု၏။
၂။ ဥပရ အက္ခရာများသည် ၀ဏ္ဏပျက်လျှင် အနိဋ္ဌသဘောဖြင့် အကျိုးပြု၏။
၃။ မဇ္ဈ အက္ခရာများသည် ၀ဏ္ဏမှန်လျှင် ဣဋ္ဌသဘောဖြင့် အကျိုးပြု၏။
၎။ မဇ္ဈ အက္ခရာများသည် ၀ဏ္ဏပျက်လျှင် အနိဋ္ဌသဘောဖြင့် အကျိုးပြု၏။
၅။ ဟေဋ္ဌ အက္ခရာများသည် ၀ဏ္ဏမှန်လျှင် အနိဋ္ဌသဘောဖြင့် အကျိုးပြု၏။
၆။ ဟေဋ္ဌ အက္ခရာများသည် ၀ဏ္ဏပျက်လျှင် ဣဋ္ဌသဘောဖြင့် အကျိုးပြု၏။

ဝဏ္ဏသည် စီးပွားရေး သောချက်ဖြစ်၏။
နာမည်နှင့် အသားအရောင် ၀ဏ္ဏ မှန် မမှန်ကြည့်ရှု၍ အထက်ဖော်ပြပါ သော့ ၆ မျိုးတွင် အဘယ်သော့ဖြင့် ဖွင့်မှ ဘဘဏ္ဍာတိုက်ပွင့်မည်ကို အကြိမ်ကြိမ် စဉ်းစား၍ ဉာဏ်ကစားကြပါကုန်။


၅၀။ ဒြပ်၊ အရပ် အတို အရှည် ၊ အ၀ အပိန်၊ ဉာဏ် နှင့်ချိန်
ကာလ ၊ ဒေသ၊ ပုဂ္ဂလကိုမသိတတ်သူ လူမိုက်ဟူ၏။
နောက်ပိုင်းမှာ ဖော်ပြခဲ့ပြီးသော်လည်း ပို၍ထင်ရှား သဘောပေါက်ခြင်း အကျိုးငှာ ထပ်မံဖော်ပြလိုက်ပါသည်။
ဒေသ - အအေးပိုင်း ဒေသနှင့် အပူပိုင်းဒေသကို သိစေလိုပါသည်။ ( ၀ါ ) ဖော်ပြခဲ့ပြီးသော ကမ္ဘာပေါ်တွင် အအေးပိုင်းဇုန်၊ အပူပိုင်းဇုန်၊ သမပိုင်းဇုန်ကိုကြည့်၍….

အရပ်ရှည်၍ သန်မာ ထွားကျိုင်းသော ဒေသ။
အရပ်တို၍ ကြုံလှီသေးငယ်သော ဒေသ။
အရပ်မတိုမရှည် မျှတသော ဒေသကို သိရှိထားဖို့ လိုအပ်ပေ၏။

ကာလ = ဤ အချိန်ကာလသည် လူတို့၏ သက်တမ်းအားဖြင့် အသက်တမ်းရှည်၍ အရပ်ရှည်ပြီး သန်မာ ထွားကျိုင်းသော ကာလ။

သက်တမ်းတို၍ အရပ်တိုပြီး ကြုံလှီသေးငယ်သော ကာလကိုသိဖို့လိုအပ်၏။ နောက်နှစ်ပေါင်း ၁၀၀ ကျော်က လူတို့နှင့် ယခုခေတ်လူတို့သည် အရပ်ချင်း မတူကြသလို ရှေ့နှစ်ပေါင်း ၁၀၀ ကျော်လျှင်လည်း ပို၍ပင် အရပ်တိုလာမည်ကို သတိပြုသင့်ပါသည်။

ပုဂ္ဂလ = လူမျိုးဘာသာအားဖြင့်လည်း အရပ်ရှည်၍ သန်မာ ထွားကျိုင်းသော လူမျိုး၊ အရပ်တို၍ ကြုံလှီသေးငယ်သော လူမျိုးဟူ၍ ရှိပေ၏။
ထို့ကြောင့်ပုဂ္ဂလကိုလည်း ကြည့်ရမည်ဖြစ်၏။
အရပ်ရှည်သောလူမျိုး = ကာလ ဒေသတို့ကို နာမည်နှင့် အရပ်တိုင်းသောအခါ တိုး၍ တိုင်းရမည်။
အရပ်တိုသောလူမျိုး= ကာလ၊ ဒေသတို့ကို နာမည်နှင့် အရပ်တိုင်းသောအခါ လျှော့၍ တိုင်းရမည်။

အရပ်နှင့် နာမည် ဒြပ်ညီပုံ
မြန်မာပြည်မြေလတ်ပိုင်း မြန်မာလူမျိုးများကို နာမည်နှင့် အရပ် ညီ၊ မညီ ဒြပ်တိုင်းတာပုံကို ဖော်ပြလိုက်ပါသည်။
အမျိုးသားများသည် တစ်မတြာလျှင် အရပ် ၄ ပေမှ ၄ ပေခွဲ ဖြစ်သည်။
အမျိုးသမီးများသည် တစ်မတြာလျှင် အရပ် ၃ ပေခွဲ မှ ၄ ပေဖြစ်သည်။
တစ်မတြာလျှင် အရပ် ၆လက်မ အတိုးအဆုတ် ဖြစ်သည်။

မှတ်ချက်။ ။ ရဿ သံတိုသည် တစ်မတြာ ဖြစ်၏။
ဒီဃ သံရှည်သည် နှစ်မတြာဖြစ်၏။


အရပ်နှင့်နာမည်
၁။ ဦးပု တစ်မတြာ အရပ် ၄ ပေခွဲအတွင်း အရပ်ရှိရမည်။
၂။ ဦးမြိုင် နှစ်မတြာ အရပ် ၄ပေခွဲမှ ၅ပေအတွင်း အရပ်ရှိရမည်။
၃။ ဦးသိန်းမြင့် သုံးမတြာ အရပ် ၅ပေမှ ၅ပေခွဲအတွင်း အရပ်ရှိရမည်။
၎။ ဦးကျော်ဖေ လေးမတြာ အရပ် ၅ပေခွဲမှ ၆ပေအတွင်းအရပ်ရှိရမည်။
၅။ ဦးခင်မောင်ညွှန့် ငါးမတြာ အရပ် ၆ပေမှ ၆ပေခွဲအတွင်း ရှိရမည်။
၆။ ဦးတင်မောင်ထွန်း ခြောက်မတြာ အရပ် ၆ပေခွဲမှ ၇ ပေအတွင်း အရပ်ရှိရမည် စသည်ဖြင့် နာမည်နှင့် အရပ် ဒြပ်ညီအောင် အမည်ပေးရမည် ဖြစ်၏။


၁။ ဒေါ်ခ တစ်မတြာအရပ် ၃ ပေခွဲမှ ၄ ပေအတွင်း အရပ်ရှိရမည်။
၂။ ဒေါ်တင် နှစ်မတြာ အရပ် ၄ပေမှ ၄ပေခွဲ အတွင်း အရပ်ရှိရမည်။
၃။ ဒေါ်ညွှန့်မေ သုံးမတြာ အရပ် ၄ ပေခွဲမှ ၅ ပေအတွင်း အရပ်ရှိရမည်။
၎။ ဒေါ်ရင်မြ လေးမတြာ အရပ် ၅ ပေမှ ၅ပေခွဲအတွင်း အရပ်ရှိရမည်။
၅။ ဒေါ်သန်းသန်းမြင့် ငါးမတြာ အရပ် ၅ပေခွဲမှ ၆ပေအတွင်းအရပ်ရှိရမည်။
၆။ ဒေါ်စန်းစန်းဝင်း ခြောက်မတြာ အရပ် ၆ပေမှ ၆ပေခွဲအတွင်း အရပ်ရှိရမည် စသည်ဖြင့် နာမည်နှင့် အရပ် ဒြပ်ညီအောင် အမည်ပေးရမည် ဖြစ်၏။

၁။ အရပ်နှင့် နာမည် ဒြပ်ညီသော် ( ၀ါ ) နာမည်နှင့် အရပ် ညီညွတ်သော် လူတည်ကြည်ခြင်း၊ ကိုယ်ခန္ဓာချမ်းသာခြင်း၊ သက်သာစွာ လုပ်ကိုင်ရခြင်း ဖြစ်တတ်၏။

၂။ အရပ်ကရှည်၍ နာမည်ဒြပ်ညီသော် ( ၀ါ ) နာမည်နှင့် အရပ်မညီညွှတ်သော် လှုပ်ရှားမှုများခြင်း၊ ၀ီရိယလွန်ခြင်း၊ ကိုယ်ခန္ဓာပင်ပန်းခံရခြင်း၊ ပင်ပန်းစွာ လုပ်ကိုင်ရခြင်း ဖြစ်တတ်၏။

၃။ အရပ်ကတို၍ နာမည်ကရှည်သော် ( ၀ါ ) နာမည်နှင့် အရပ် မညီညွှတ်သော် စိတ်လှုပ်ရှားခြင်း၊ ၀ီရိယနည်းခြင်း၊ လူများစုကို နှစ်သက်ခြင်း၊ အနုပညာကို ၀ါသနာပါခြင်း ဖြစ်တတ်၏။

ထို့ကြောင့် အရပ်နှင့် နာမည် ဒြပ်ညီအောင် နာမည်ပေးသင့်သည်။

ရုပ်ရှင်အနုပညာ၊ သဘင်ပညာ၊ ပန်းချီ၊ ပန်းပု စသော အနုပညာ၊ စာပေးအနုပညာဖြင့် အသက်မွေးသူများကို အရပ်ထက် နာမည်က ရှည်အောင် ပေးမှ ( ၀ါ ) နာမည်ရှည်ရှည်ပေးမှ အနုပညာ၌ အကျိုးပေးကြာခြင်း ၊ ကျော်စောထင်ရှားခြင်း ဖြစ်သည်။

၅၁။ သကတ်ဆိုတာ ဘယ်ကလာ

သကတ်ဟူသည် တည်ငြိမ်မှု လှုပ်ရှားမှု အလုပ်အကိုင်ကိုပင် သကတ်ဟု ဆိုထားခြင်း ဖြစ်၏။
( ၁၊၃၊၇၊၈ ) နေအုပ်စုဖြစ်သော ပါပဂြိုဟ်များသည် စရကာလ လှုပ်ရှားမှုကို နှစ်သက်၏။
(၂၊၄၊၅၊၆ ) လ အုပ်စုဖြစ်သော သောမဂြိုဟ်များသည် ထိရဌာန တည်ငြိမ်မှုကို နှစ်သက်၏။

နာမည်ကို သကတ် စစ်သောအခါ -
နာမည် ၁ လုံးရှိလျှင် တစ်လုံး
နာမည် ၂ လုံးရှိလျှင် နှစ်လုံး
နာမည် ၃ လုံးရှိလျှင် သုံးလုံး
နာမည် ၄ လုံးရှိလျှင် လေးလုံး စစ်ဆေးရမည် ဖြစ်၏။
နာမည် အရင်းလုံးသည် ကိုယ်ခန္ဓာနှင့် သက်ဆိုင်၏။
နာမည် အဖျားလုံးသည် စိတ်ခန္ဓာနှင့် သက်ဆိုင်၏။

ဝါသနာပါခြင်း၊နှစ်သက်ခြင်း၊ ပျော်ပါးခြင်းသည် စိတ်မှဖြစ်ပေါ်လာရာ ဖြစ်သောကြောင့် စိတ်ဝင်စားသော အလုပ်၊ ၀ါသနာ ပါသောအလုပ်သည် ထင်ပေါ် ကျော်စောခြင်းကို ဖြစ်စေတတ်၏။
ထို့ကြောင့် နာမည်အဖျားလုံးကို အဓိကထား၍ စစ်ဆေးရမည် ဖြစ်၏။

နာမည်ကို သကတ်စစ်ဆေးပုံ

ရှေးဦးစွာ နာမည်ကို နံကောက်ပါ။ ရသောဂဏန်းကိုကြည့်၍ ပါပဂြိုဟ်ဖြစ်သည်။ သောမဂြိုဟ်ဖြစ်သည် ဝေဖန်၍ အောက်ဖော်ပြပါအတိုင်း ဟောပြောပါလေ။

၁။ ဦးစိုးတင့် ၃၊ ၇ ပါပအပေါင်း ပါပအမည်။
ဒေါ်အေးတင် ၁၊ ၇ ပါပအပေါင်း ပါပအမည် စသည့် ပါပဂြိုဟ်ချင်းတွဲသော အမည်များသည် လှုပ်ရှားသော အလုပ်၊ စက်မှုလက်မှုအလုပ်၊ စက်ဘက် အလုပ်၊ ဈေးသည် အလုပ်၊ ပွဲစားအလုပ်၊ အားကစားအလုပ် စသောအလုပ်မျိုးကို ၀ါသနာပါတတ်သည်။ ယင်း အလုပ်မျိုးနှင့် ကျော်စောနိုင်ပါသည်။

၂။ ဦးကျော်ဖေ ၂၊ ၅ သောမ အပေါင်း သောမအမည်။
ဒေါ်ဝင်းဟန် ၄၊ ၆ သောမအပေါင်း သောမအမည် စသည့် သောမဂြိုဟ်ချင်းတွဲသော အမည်များသည် တည်ငြိမ်သောအလုပ်၊ ဆေးတိုက်အလုပ်၊ ရုံးထိုင်အလုပ်၊ ပွဲရုံအလုပ်၊ ကုန်သည်အလုပ်မျိုးကို ၀ါသနာပါတတ်သည်။ယင်းအလုပ်မျိုးနှင့် ကျော်စောနိုင်ပါသည်။

၃. ဦးလှဌေး ၄၊၇ သောမပေါင်း ပါပမည်။
ဒေါ်ခင်စိန် ၂၊၃ သောမအပေါင်း လှုပ်ရှားသောအလုပ်၊ ပွဲစားအလုပ်၊ စက်မှုလက်မှုအလုပ်၊ အားကစားအလုပ် စသော အလုပ်မျိုး၌ အုပ်ချုပ်ရတတ်ပါသည်။ ယင်းအလုပ်မျိုးနှင့် ကျော်စောနိုင်ပါသည်။

၎။ ဦးတင်မောင် ၇၊၅ ပါပအပေါင်း သောမအမည်။
ဒေါ်အေးသိန်း ၁၊၆ ပါပအပေါင်း သောမအမည် စသည့် ပါပဂြိုဟ်နှင့် သောမဂြိုဟ်တွဲသော အမည်များသည် တည်ငြိမ်သောအလုပ်၊ ပညာပေးအလုပ်၊ အဖွဲ့အစည်းအလုပ်၊ အုပ်ချုပ်ရေးအလုပ်မျိုးကို ၀ါသနာပါတတ်ပါသည်။ ယင်းအလုပ်မျိုးနှင့် ကျော်စောနိုင်ပါသည်။


သကတ်သည် ဤနာမက္ခရဆန်း နာမည်အဟောကျမ်း၌ ဟောကွက်တစ်ကွက်ဖြစ်ဖြင့် ပါဝင်၏။ နာမည်ကိုကြားလျှင် အထက်ဖော်ပြပါ အမည်လေးမျိုးကို မှတ်သား၍ ပါပအပေါင်း ပါပအမည်၊ သောမအပေါင်း၊ ပါပအမည် ဖြစ်လျှင် လှုပ်ရှားသော အလုပ်ကို ၀ါသနာပါမည်။ လှုပ်ရှားသော အလုပ်မျိုးနှင့် ကျော်စာထင်ရှားမည်း တည်ငြိမ်သောအလုပ်ဖြစ်လျှင် ၀ါသနာမပါဘဲ လုပ်ကိုင်နေရသော အလုပ်မျိုးဖြစ်မည် ( ၀ါ ) စိတ်မ၀င်စားဘဲ ခေတ္တခဏ လုပ်ကိုင်နေရသော အလုပ်မျိုးဖြစ်သည် စ သည်ဖြင့် ဟောပြောနိုင်ပါသည်။
သောမအပေါင်း သောမအမည်၊ ပါပအပေါင်း သောမအမည်မျိုးဖြစ်လျှင် တည်ငြိမ်သောအလုပ်ကို ၀ါသနာပါမည်။ တည်ငြိမ်သော အလုပ်မျိုးနှင့် ကျော်စောထင်ရှားမည်။ လှုပ်ရှားသော အလုပ်ဖြစ်လျှင် ၀ါသနာမပါဘဲ လုပ်ကိုင်နေရသော အလုပ်မျိုးဖြစ်မည်။ ( ၀ါ ) စိတ်မ၀င်စားဘဲ ခေတ္တခဏ လုပ်ကိုင်နေရသော အလုပ်မျိုး ဖြစ်သည် စသည်ဖြင့် ဟောပြောနိုင်ပါသာည်။
ထို့ကြောင့် သကတ်မှန်သော အလုပ်သည် ထင်ရှားခြင်း အလုပ်မြဲခြင်း၊ ကျော်စောခြင်း ဖြစ်၏။ သကတ်မမှန်သော အလုပ်သည် စိတ်မ၀င်စားခြင်း၊ အလုပ်မမြဲခြင်း၊ မကျော်စောခြင်း ဖြစ်တတ်၏။

၅၂။ ဗျုပွတ်ကောင်းမှ ကျော်စောရ
ဗျုပ္ပတ်ဟူသည် နာမည်၏ အဓိပ္ပယ်ပင်ဖြစ်၏။ နာမည်၏ အဓိပ္ပာယ်သည် နာမည်များသလောက် အဓိပ္ပာယ်များ၏။
ဤနာမက္ခရဆန်း နာမည်အဟောကျမ်း၌ ဗျူပ္ပတ်သည် အရေးကြီးသော ဟောကွက်ဖြစ်၍ ဗျူပ္ပတ်ကောင်း၍ ဘုန်းတန်ခိုး ကြီးသလို ဗျူပ္ပတ် မကောင်းလျှင် ဇာတာပင်ကောင်းသောလည်း သြဇာပျက်တော့၏။

ဤနေရာ၌ စိတ်ဝင်စားဖွယ် ကောင်းလှ၏။ မှတ်သားဖွယ် ကောင်းလှ၏။
သြဘာနိမိတ်ထွန်းတဲ့ ဇမ္မူဒီပါ လက်ယာတောင်ကျွမ်းမှာ ဆင်ဗွေ၊ မြင်းဗွေ၊ နှုတ်ဗွေ သာလို့ဆိုးသည်ဟု ရှေးသူဟောင်းစကား ရှိခဲ့ပေ၏။ ဤသည်ပင်လျှင် ဗျုပ္ပတ်ကို ဆိုလိုကြောင်း ထင်ရှား၏။ အယူတော်မင်္ဂလာဦးနိုးသည် မင်းတရားကြီး၏ အမေးစကားကို ဖြေကြားရာ၌ -
ကျွန်တော်မျိုး မရှိသည့်နောက်ကာလ၌ သူရူးစကား၊ ကလေး၏စကား၊ သဘင်သည်၏စကားကို မှတ်သားရမည်ဟု လျောက်ထားခဲ့၏။ ဤသည်ပင်လျှင် ဗျုပ္ပတ်ပဲ မဟုတ်ပါလော။

ရှေးပညာရှင်အပေါင်းတို့ မှတ်သားရာဖြစ်သော “ နိမိတ်၊ တဘောင်၊ စနည်း၊ သိုက်” တို့သည်လည်း မြင်တွေ့ကြားသိရသော အဓိပ္ပာယ်ကို မှတ်သားဖတ်ကြားရသောကြောင့် ဗျုပ္ပတ်ဖြစ်ကြောင်း သိသာလှ၏။
ထို့ကြောင့် နာမည်တစ်လုံး၌ ဓာတ်အုပ်၍ ဗျုပ္ပတ်ချုပ်သည်ဟု ဆရာတော်ကြီး မိန့်မှာခဲ့၏။
နာမည်သည် မည်မျှပင်ကောင်းသည်ဟု ထင်မှတ်ရသောလည်း ( ၀ါ ) ကောင်းအောင် မှည့်သော်လည်း ဓာတ်ပျက်၍ ဗျုပ္ပတ် မကောင်းလျှင် အကျိုးပေးညံ့တော့၏။
နာမည်တိုင်း၌ ဓာတ်နှင့် ဗျုပ္ပတ်ကောင်းဖို့ အလွန်အရေးကြီးလှပေ၏။


ဗျုပ္ပတ်အမျိုးအစား
ဗျူပ္ပတ်သည် -
၁။ မှန်သော ဗျူပ္ပတ်
၂။ လွန်သော ဗျူပ္ပတ်
၃။ လိုသော ဗျူပ္ပတ်ဟူ၍ ၃ မျိုးရှိ၏။

၁။ မှန်သော ဗျုပ္ပတ်သည် ဘုန်းတန်ခိုးကြီးခြင်း၊ ကျော်စောထင်ရှားခြင်းကို ဖြစ်စေ၏။
၂။ လွန်သော ဗျုပ္ပတ်သည် အောင်မြင်မှုနည်းခြင်း၊ ဘေးဥပဒ်သင့်ခြင်းကို ဖြစ်စေ၏။
၃။ လိုသော ဗျုပ္ပတ်သည် ကျော်စောမှု မရှိခြင်း၊ ပင်ပန်းဆင်းရဲခြင်းကို ဖြစ်စေ၏။

နာမည်ကို ဗျူပ္ပတ်စစ်ဆေးရာ၌ ၀ဏ္ဏနှင့်ညှိ၍ စစ်ဆေးရမည် ဖြစ်၏။
အချို့သောအမည်များမှာ အဓိပ္ပာယ်တစ်မျိုးတည်း ရှိ၏။
အချို့သော အမည်မှားမှာအဓိပ္ပာယ်နှစ်မျိုးယူဆနိုင်၏
အဓိပ္ပာယ် ၂ မျိုးယူဆနိုင်သော အမည်များတွင် -
ဝဏ္ဏမှန်လျှင် ကောင်းသော အဓိပ္ပာယ်ကို ယူဆ၍ ၀ဏ္ဏပျက်လျှင် မကောင်းသော အဓိပ္ပယ်ကို ယူဆရမည်။

ဥပမာ။ ။ မောင်သန်းဝေကို ဗျုပ္ပတ်စစ်လျှင် ….အသားဖြူသော မောင်သန်းဝေသည် သိန်း၊ သန်း၊ ကုဋေ ချမ်းသာ၍ အခြံအရံ ပေါများဝေဆာခြင်း အဓိပ္ပာယ်ကို ယူရမည်ဖြစ်၏။

အသားညိုသော မောင်သန်းဝေသည် သမ်းဝေထိုင်းမှိုင်း၍ အပေါင်းအသင်း အခြွေအရံ ကင်းမဲ့ခြင်း အဓိပ္ပာယ်ကို ယူရမည်ဖြစ်၏။

ဤကဲသို့ ဗျုပ္ပတ်စစ်ဆေးဟောပြောရာ၌ ၀ဏ္ဏ အသားအရောင်နှင့် ညှိ၍ စစ်ဆေးရမည် ဖြစ်၏။ ၀ဏ္ဏမှန်လျှင်ကောင်းသော အဓိပ္ပာယ် ကောင်းသော သဘောကို ယူဆ ဟောပြောရမည်။ ၀ဏ္ဏပျက်လျှင် - မကောင်းသော အဓိပ္ပာယ်၊ မကောင်းသော သဘောကို ယူဆဟောပြောရမည်။ အဓိပ္ပာယ်တစ်မျိုးတည်းရှိသော အမည်များမှာ အဓိပ္ပာယ်ကို အပြန်ယူဆရမည်ဟု မှတ်ယူပါ။


၅၃။ မှန်သောဗျုပ္ပတ်

မှန်သော ဗျူပ္ပတ်ဟူသည် အသားအရောင်၊ ရုပ် ဆင်း သဏ္ဍာန်နှင့် နာမည်၏ အဓိပ္ပာယ် ညီညွှတ်မှုကို မှန်သော ဗျူပ္ပတ် ဟု ဆိုလိုရင်းဖြစ်သည်။

၁။ အသးဖြူ၍ အသံကောင်းသောသူကို မောင်သာယာဟုအမည်ပေးလျှင် မှန်သော ဗျူပ္ပတ် ဖြစ်၏။
မောင်သာယာသည် နာမည်ကျော်စောခြင်း၊ ချစ်ခင်သူပေါခြင်း၊ စီးပွါးဖြစ်ထွန်းခြင်း၊ အောင်မြင်မှုများခြင်း၊ ဘုန်းတန်ခိုး ကြီးခြင်းကို ဖြစ်စေတတ်၏။

၂။ အသားဖြူဝါ၍ ကြည်လင်သော မျက်နှာ ရှိသောသူကို မောင်ထိန်လင်းဟု အမည်ပေးလျှင် မှန်သော ဗျူပ္ပတ် ဖြစ်၏။ မောင်ထိန်လင်းသည် ပွင့်လင်းထင်ရှားခြင်း၊ ဘုန်းတန်ခိုးကြီးခြင်း၊ သြဇာထက်မြက်ခြင်း၊ အောင်မြင်မှုများခြင်းကို ဖြစ်စေတတ်၏။

၃။ အသားညို၍ ပြည့်ဖြိုးသော ကိုယ်ခန္ဓာရှိသောသူကို မောင်မြအောင်ဟု အမည်ပေးလျှင် မှန်သော ဗျူပ္ပတ် ဖြစ်၏။ မောင်မြအောင်သည် အေးမြချမ်းသာခြင်း၊ အောင်ြမင်မှုများခြင်း၊ ကျော်စောထင်ရှားခြင်းကို ဖြစ်စေတတ်၏။

၎။ အသားဖြူလတ်၍ ထွားကျိုင်းသန်မာသော သူကို အောင်အံ့ကျော်ဟုအမည်ပေးလျှင် မှန်သော ဗျူပ္ပတ် ဖြစ်၏။ မောင်အံ့ကျော်သည် အခက်အခဲပေါင်းကို ကျော်လွှားနိုင်ခြင်း၊ စွန့်စားမှုဖြင့် ကျော်စောထင်ရှားခြင်း၊ ဘုန်းတန်ခိုးကြီးခြင်း ကို ဖြစ်စေတတ်၏။

၅။ အသားဝါ၍ အရပ်မြင့်သောသူကို မောင်ဖုန်းမြင့်ဟု အမည်ပေးလျှင် မှန်သော ဗျူပ္ပတ် ဖြစ်၏။
မောင်ဖုန်းမြင့်သည် ဘုန်းတန်ခိုးကြီးခြင်း၊ မြင့်မားတင့်တယ်ခြင်း၊ အောင်မြင်မှုများခြင်း၊ သြဇာထက်မြက်ခြင်းကို ဖြစ်စေတတ်၏။ ဤကဲ့သို့ အသားအရောင်၊ ရုပ်ဆင်းသဏ္ဍာန်နှင့် အမည်ကို ကိုက်ညီအောင်ပေးခြင်းသည် ဗျူပ္ပတ်မှန်၊ ဗျူပ္ပတ်ကောင်းဟု မှတ်ပါ။

ကြွင်းကျန်သော အသားအရောင်၊ ရုပ်ဆင်းသဏ္ဍာန်များကိုလည်း နာမည်၏ အဓိပ္ပာယ်ကို ကိုက်ညီအောင် သတိဆောင်၍ မတိမ်းအောင် ကြံဆနိုင်ကြပါစေသော….။


၅၄။ လွန်သော ဗျူပ္ပတ်

လွန်သော ဗျူပ္ပတ်သည် အသားအရောင် ရုပ်ဆင်းသဏ္ဍာန်ထက်နာမည်၏ အဓိပ္ပာယ်က ပိုလွန်နေခြင်းကို ( ၀ါ ) မာတာပီတု အာစရိယဂိုဏ်း မလွတ်သော အမည်မျိုးကို လွန်သော ဗျူပ္ပတ်ဟု ဆိုလိုရင်းဖြစ်သည်။

၁။ အသားဖြူ၍ အရပ်ပုကွကွ ရှိသောသူကို မောင်မြင့်ကျော်ဟု အမည်ပေးလျှင် လွန်သော ဗျူပ္ပတ်ဖြစ်၏။ ဒြပ်ဂုဏ်တို့ဖြင့် မြင့်မားသော သူများကို ကျော်လွန်နိုင်ခြင်းဟု အဓိပ္ပာယ်ရ၏။ နာမည်၏ အဓိပ္ပာယ် ကောင်းသော်လည်း အသားအရောင် ၀ဏ္ဏပျက်ခြင်း၊ ရုပ်သဏ္ဌာန် အရပ်ပုကွကွ ရှိသောကြောင့် နာမည်ရှင်ထက် နာမည်၏ အဓိပ္ပာယ်က ပိုလွန်နေခြင်း ဖြစ်၏။

၂။ အသားညို၍ အရပ်ပုကွကွရှိသောသူကို မောင်ဖေမြင့်ဟု အမည်ပေးလျှင် လွန်သော ဗျူပ္ပတ် ဖြစ်၏။
မောင်ဖေမြင့်ဟူသော နာမည်၏ အဓိပ္ပာယ်သည် အများထက် မိမိက မြင့်မားခြင်း၊ တစ်နည်း အဖေထက် မိမိကမြင့်မား ခြင်းဟု အဓိပ္ပာယ်ရ၏။ အသားအရောင် ၀ဏ္ဏပျက်ခြင်း၊ မာတာပိတု ဂိုဏ်းမလွတ်ခြင်းတို့ကြောင့် နာမည်ရှင်ထက် နာမည်၏ အဓိပ္ပာယ်က ပိုလွန်မှားယွင်းနေခြင်းဖြစ်၏။
မောင်ဖေမြင့်သည် ကျော်ဇောထင်ရှားမှု နည်းခြင်း၊ သြဇာမဲ့ခြင်း၊ ဘေးဥပဒ်သင့်တတ်ခြင်း၊ စီးပွါးပျက်ပြားခြင်း ဖြစ်တတ်၏။

၃။ အသားဖြူ၍ ရုပ်အဆင်းသဏ္ဌာန် လှပသူကို ပီမိုးနင်းဟု အမည်ပေးလျှင် လွန်သော ဗျူပ္ပတ် ဖြစ်၏။
ပီ ချစ်ခင်မြတ်နိုးခြင်း မိုးနင်း အများအပေါ် မိုး၍ နင်းခြင်း၊ မိုးကောင်းကင်ကို နင်းခြင်းဟု အဓိပ္ပာယ်ရ၏။

အသားအရောင် ၀ဏ္ဏမှန်၍ ရုပ်ဆင်းသဏ္ဌာန် ညီညွှတ်သောလည်း နာမည်ရှင်ထက် နာမည်၏ အဓိပ္ပာယ်က ပိုလွန်နေသောကြောင့် ပီမိုးနင်းသည် ချစ်ခင်သူပေါများခြင်း၊ ကျော်စောထင်ရှားခြင်း၊ စီးပွားဖြစ်ထွန်းခြင်း၊ ဘေးဥပဒ်သင့်ခြင်း ဖြစ်တတ်၏ ( ၀ါ ) ခြေမှာ ဥပဒ်ပေးတတ်၏။

ဤကဲ့သို့ ….
အရပ်ပု၍ အသားမည်းသူ ညိုသူကို ထွန်းအောင်ကျော်၊ တိုင်းကျော်၊ အောင်ကျော်စိုး၊ တင်ဖေနိုင်ဦး၊ ပြည်ကျော်စိုး၊ ကမ္ဘာကျော်မို၊ ပေါ်ဌေးနိုင်သူ စသည်ဖြင့် မှည့်ခြင်း။
အရပ်ရှည်၍ အသားဖြူသူ၊ အသားဝါသူကို မောင်ငွေအိုး၊ မမိနိုင်၊ မိတူး၊ ကိုဝဲ၊ ကိုဝ ၊ ကိုညီပု၊ မောင်မင်းနိုင် စသည်ဖြင့် မှည့်ခြင်းသည် ၀ဏ္ဏပျက်ခြင်း၊ ဗျူပ္ပတ်လွန်ခြင်းတို့ကြောင့် နာမည်ရှင်ကို နာမည်က ဖိစီးထားသလိုဖြစ်၍ ကျော်စောမှု မရှိခြင်း ၊ စီးပွားရေး ပျက်ပြားခြင်း၊ ဘေးဥပဒ်သင့်တက်ခြင်း၊ အနှောင့်အယှက် များခြင်းကို ဖြစ်စေတတ်သည်။

၅၅။ လိုသော ဗျူပ္ပတ်
လိုသော ဗျူပ္ပတ် ဟူသည် အသားအရောင်၊ ရုပ်ဆင်းသဏ္ဌာန်နှင့် မညီညွတ်အောင် နိမ့်ကျလွန်းသော အမည်မျိုးကို လိုသော ဗျူပ္ပတ် ဟု ဆိုလိုရင်းဖြစ်သည်။

၁။ အရပ်ရှည်၍ အသားမည်းသူ၊ အသားညိုသူကို မခွေးမ ဟု အမည်ပေးလျှင် လိုသောဗျူပ္ပတ်ဖြစ်၏။
လူသည် ဣဋ္ဌဖြစ်၍ ခွေးမဟူသော အမည်သည် အနိဋ္ဌဖြစ်ခြင်း၊ ၀ဏ္ဏပျက်ခြင်းတို့ကြောင့်…….
မခွေးမသည် သြဇာမဲ့ခြင်း၊ ကျော်စော ထင်ရှားမှုမရှိခြင်း၊ ဆင်းရဲပင်ပန်းစွာ စီးပွားရှာရခြင်း ဖြစ်တတ်၏။

၂။ အရပ်ရှည်၍ အသးဝါသူ ၊ မသားဖြူသူကို မ၀က်မ ဟု အမည်ပေးလျှင် လိုသော ဗျူပ္ပတ် ဖြစ်၏။
လူသည် ဣဋ္ဌဖြစ်၍ ၀က်မဟူသော အမည်သည် အနိဋ္ဌဖြစ်ခြင်း၊ ၀ဏ္ဏပျက်ခြင်းတို့ကြောင့်….
မ၀က်မ သည် သြဇာမဲ့ခြင်း၊ ကျော်စောထင်ရှားမှု မရှိုခြင်း၊ ဆင်းရဲပင်ပန်းစွာ စီးပွားရှာရခြင်းကို ဖြစ်တတ်၏။

၃။ အရပ်ပု၍ အသားဖြူသူ ၊ အသားဝါသူကို ကိုကျွဲကြီးဟု အမည်ပေးလျှင် လိုသောဗျူပ္ပတ်ဖြစ်၏။
လူသည် ဣဋ္ဌဖြစ်၍ ကျွဲကြီးဟူသော အမည်သည် အနိဋ္ဌဖြစ်ခြင်း၊ ၀ဏ္ဏမှန်သော်လည်း ဗျူပ္ပတ်မှားခြင်းတို့ကြောင့်…..
ကျွဲသည် များသောအားဖြင့် အမည်းရောင်ဖြစ်၏
ကိုကျွဲကြီးသည် သြဇာမဲ့ခြင်း၊ ကျော်စောထင်ရှားမှုမရှိခြင်း၊ ကိုယ်ခန္ဓာ ငြိုငြင်ပင်ပန်းခြင်း ဖြစ်တတ်၏။

ဤကဲ့သို့ အရပ်ရှည်၍ အသားမည်းသူ၊ အသားညိုသူကို မဇီးကွက်၊ မဘုတ်ဆုံ၊ မကြွက်၊ ကိုသံလုံး၊ ကိုကျောက်ခဲ၊ ကိုပေါင်မုန့် စသည်ဖြင့် မှည့်ခြင်း၊
အရပ်ပု၍ အသားဖြူ၊ အသားဝါသူကို ကိုနံပြား၊ မငို၊ ကိုဝဲကျော်၊ မဆိတ်မ စသည်ဖြင့် မှည့်ခြင်းသည် လိုသော ဗျူပွတ်ဖြစ်၍ သြာဇာမဲ့ခြင်း၊ ကျော်ဇော ထင်ရှားမှုမရှိခြင်း၊ ကိုယ်ခန္ဓာ ငြိုငြင် ပင်ပန်းခြင်းကို ဖြစ်စေတတ်ပါသည်။

နာမက္ခရဆန်း နာမည် အဟောကျမ်းကြီး-အပိုင်း(၈)

၄၁။ နာမည်အင်္ဂါ ၁၀ ပါး သိမှတ်ထား

၁။ ၀ုဒ္ဓိ ဘာသာရေးကို အဓိက ဟောရမည်။
၂။ ဒီဃရဿ အိမ်ထောင်ရေးကို အဓိက ဟောရမည်။
၃။ ၀ဏ္ဏ စီးပွားရေးကို အဓိကဟောရမည်။
၎။ ဒြပ် ကိုယ်ခန္ဓာ ချမ်းသာမှု/ဆင်းရဲမှုကို အဓိကဟောရမည်။
၅။ သကတ် အလုပ်ဖြစ်မှု မဖြစ်မှုကို အဓိကဟောရမည်။
၆။ ဗျုပ္ပတ် ကျော်စောမှုကို အဓိက ဟောရမည်။
၇။ ဓာတ် မိမိကိုယ်ကို အားကိုးနိုင်မှုကို အဓိကဟောရမည်။
၈။ တိုင်စဉ် ဘေးဥပဒ်အန္တရာယ် ရှိမရှိကို အဓိက ဟောရမည်။
၉။ ဖိုမ စိတ်တည်ငြိမ်ပြတ်သားမှု ရှိမရှိကို အဓိကဟောရမည်။
၁၀။ ဌာန် သြဇာရှိမရှိကို အဓိက ဟောရမည်။

နာမည်၏ အင်္ဂါ ၁၀ ပါးကို အရကျက်မှတ် ထာခြင်းဖြင့် နာမည် တစ်လုံကို တွေ့သောအခါ လွယ်ကူစွာ နာမည်၏ အင်္ဂါ ၁၀ပါး ဖြင့် စိစစ်ဝေဖန်၍ ဟောပြောနိုင်ပေမည်။


၄၂။ ၀ုဒ္ဓိမှန် မမှန် ခွဲဝေဖန်

ဝုဒ္ဓိဟူသည် ကြီးသောအစဉ်ဟု သဘောရ၏။
နေ့သားနှင့် စပ်လျဉ်း၍ ဂြိုဟ်တို့သည် ၇ လုံးရှိသောကြောင့် တနင်္ဂနွေဂြိုဟ်မှ စ၍ ဂဏန်းအစဉ်အတိုင်း ချလျှင် ၀ုဒ္ဓိ သဘောပင်ဖြစ်၏။

နာမည်ကို ၀ုဒ္ဓိ စစ်ဆေးရာ၌
နာမည်ကို နံကောက်၍ နာမည်အရင်းလုံးကို အလယ်မှာ ချပြီးလျှင် ဂြိုဟ်စဉ်အတိုင်း ရှေ့သို့ ဂဏန်းဖြင့် ၃ လုံး၊ နောက်မှ ရှေ့သို့ ဂဏန်းဖြင့် ဂြိုဟ်စဉ်အတိုင်း ၃ လုံးချပါ။
နာမည်အဖျားလုံး ရှေ့မှာတွေ့လျှင် ၀ုဒ္ဓိဆန်၏ ( ၀ါ ) ၀ုဒ္ဓိမှန်၏ဟု မှတ်ရမည်။
နာမည်အဖျားလုံး နောက်မှာတွေ့လျှင် ၀ုဒ္ဓိပြန်၏။ ( ၀ါ ) ၀ုဒ္ဓိမှား၏ဟု မှတ်ရမည်။

ဥပမာ။ ။ အောင်ကျော်ကို ၀ုဒ္ဓိစစ်မည် ဆိုကြပါစို့။
အောင်ကျော်ကို နံကောက်လျှင် ၁ + ၂ ရ ၏။ နာမည်အရင်းလုံးဖြစ်သည့် အောင် ၁ ဂဏန်းကို အလယ်မှာချ၍ ရှေ့သို့ ဂြိုဟ်စဉ်အတိုင်း ၃ လုံးချ။
နောက်မှ ရှေ့သို့ ဂြိုဟ်စဉ်အတိုင်း ၃ လုံးချလျှင် ၅-၆-၇ ( ၁) ( ၂- ၃-၄ ) ဤကဲ့သို့ ၇ လုံးရ၏။ အောင်ကျော်သည် ကျော် ၂ ဂဏန်း တနင်္လာဂြိုဟ် ရှေ့မှာ တွေ့သောကြောင့် ၀ုဒ္ဓိဆန်၏ ( ၀ါ ) ၀ုဒ္ဓိမှန်၏ဟု မှတ်ရမည်။


ကျော်တင့်ကို ၀ုဒ္ဓိစစ်ဆေးမည် ဆိုပါစို့။
ကျော်တင့်ကို နံကောက်လျှင် ၂+၇ ရ၏။ နာမည်အရင်းလုံးဖြစ်သည့် ကျော်၂ ကို အလယ်မှချပါ။
ရှေ့သို့ ဂြိုဟ်စဉ်အတိုင်း ၃ လုံးချ၊ နောက်မှ ရှေ့သို့ ဂြိုဟ်စဉ်အတိုင်း ၃ လုံးချလျှင် ၆ - ၇ - ၁ ( ၂ ) ၃ - ၄- ၅ ဤကဲ့သို့ ဂြိုဟ် ၇ လုံးရ၍။
နာမည်အဖျားလုံးဖြစ်သည့် တင့် ၇ ဂဏန်း စနေဂြိုဟ်နောက်မှာ တွေ့သောကြောင့် ကျော်တင့်သည် ၀ုဒ္ဓိပြန်၏။ ( ၀ါ ) ၀ုဒ္ဓိ မှား၏ဟု မှတ်ရမည်။

နာမည် ၂ လုံး၊ ၃ လုံး ၄ လုံးရှိသော အမည်များမှာ နာမည်အရင်းလုံးကို မူထား၍ ၀ုဒ္ဓိ စစ်ဆေးရမည်ဖြစ်၏။
နာမည် ၁လုံးတည်းရှိသော သူများကို ၀ုဒ္ဓိစစ်ဆေးရန် မလိုပါ။

မှတ်ချက်။ ။ နာမည် ၂ လုံးနံတူမှည့်သော လူများကို အာမေဍိတ် အမည်ဟုခေါ်သည်။


လယ်တီဆရာတော်ကြီး၏ မိန့်မှာချက်

အင်္ဂ၀ိဇ္ဇာ ဋိကာကြီး၌ ….
နေ့သူရဇ္ဇ ၊ စသည်အမည်၊ အစဉ်တည်၍ သာစညပင်းယ၊ တော်လှ သံမှို ( လ )
မင်းငုံလေဆိပ်၊ ထက်အောင်ကြိတ်လျက်၊ နိမိတ်ပုံယူ၊ နံတူမြို့ရွာ၊ ယတြာသည်၊ အောင်ရာ ရန်မျိုး ၀ိဇ္ဇာတည်း။



၄၃။ ၀ါဒ နှစ်သွယ် ညီညွတ်ဖွယ်

၁။ လယ်တီဆရာတော်ကြီး ၀ါဒ
မိမိနာမည် အရင်းလုံးကိုအလယ်ထား၍ ရှေ့ ၃ လုံး၊ နောက် ၃ လုံး ရှိရာ ရှေ့၃လုံးနှင့် တွဲ၍ လူအမည် မှည့်ရမည်။

၂။ တောင်တွင်းကြီးဆရာတော်၏ ၀ါဒ
ဆပွတ်လင်္ကာဖြင့် ကရားစောက်တိုင်ထူ၍ (၀ါ ) မိမိ၏ နာမည်အရ်းလုံးကို ကရားစောက်တိုင်ထူ၍ အထက် ၃
လုံးနှင့်တွဲ၍ လူအမည်မှဲ့ရမည်။
အောက် ၃ လုံး အမည်ပါသော မြို့ရွာများမှာ နေထိုင်ရမည်ဟု မိန့်မှာ၏။
ဤနေရာ၌ လယ်တီဆရာတော်ကြီး၏ ၀ါဒအတိုင်း ဂြိုဟ်စဉ်အတိုင်း ၀ုဒ္ဓိ စစ်ဆေးပုံကို ဖော်ပြလိုက်ပါတယ်။

နာမည်၏ အင်္ဂါရပ်များတွင် ၀ုဒ္ဓိ ဟူသော အင်္ဂါရပ်သည် ဘာသာရေးကို အဓိကဟောရမည် ဖြစ်သောကြောင့်..

၁။ ၀ုဒ္ဓိပြန်လျှင် ( ၀ါ ) ၀ုဒ္ဓိ မှားလျှင် -

ရိုသေမှုနည်းပါးခြင်း၊ ဘာသာရေးကို လက်ခံသောလည်း ကျင့်သုံးမှုနည်းပါးခြင်း၊ ဝေဖန်မှုများခြင်း၊ စိတ်ထားကြမ်းတမ်း
ခြင်း သဘောရှိ၏။

၂။ ၀ုဒ္ဓိဆန်လျှင် ( ၀ါ ) ၀ုဒ္ဓိ မှန်လျှင် -
ကြီးသူကို ရိုသေခြင်း၊ ဘာသာရေးကို လက်ခံကျင့်သုံးခြင်း၊စိတ်ထားနူးညံ့သိမ်မွေ့ခြင်း သဘောရှိ၏။

၃။ နာမည် တစ်လုံးတည်းရှိသော အမည်များမှာ -
အသားအရောင်ဟု ဆိုအပ်သော ၀ဏ္ဏဖြင့် စစ်ဆေးရမည် ဖြစ်၏။ ၀ဏ္ဏမှန်လျှင် ဘာသာရေးကို ကျင့်သုံးခြင်း၊ သဘောရှိ၏။ ၀ဏ္ဏမှားလျှင် ဘာသာရေး၊ မလေးစားခြင်း၊ အပြောင်းအလဲမြန်ခြင်း၊ နားမထောင် ပြန်မပြော သဘောမျိုး ဖြစ်တတ်၏။

၎။ အာမေဍိတ် အမည်များကိုလည်း နည်းတူမှတ်ပါ။
ဝဏ္ဏမှနလျှင် ဘာသာရေး၌ ယုံကြည်လေးစားမိလျှင် သူတစ်ပါးထက် ပိုလွန်လေးစားကျင့်သုံးခြင်း သဘောရှိ၏။
ဝဏ္ဏမှားလျှင် စိတ်ထားကြမ်းတမ်းခြင်း၊ ဘာသာရေးကို မလေးစားတတ်ခြင်း၊ ပယ်ဖျောက် ပြောင်းလဲတတ်ခြင်း သဘောရှိ၏။နာမည် ၃ လုံး၊ ၄ လုံးရှိသူများမှာ ဒုတိယစာလုံးကို ပဓာနထား၍ ဟောပြောရမည် ဖြစ်၏။


၄၄။ ဒီဃရဿ သိကောင်းလှ
၁။ ဒီဃသည် အသံရှည်မျိုးဖြစ်၍ ၂ မတြာကာလ အသံရှည်၏။
၂။ ရဿသည် အသံတိုမျိုးဖြစ်၍ ၁ မတြာကာလ အသံတို၏။


အက္ခရာ အရေအတွက် အမျိုးမျိုး
၁။ ကစ္စည်းဆရာ အလိုအားဖြင့် အက္ခရာသည် လေးဆယ့်တစ်လုံးရှိ၏။
၂။ မောဂ္ဂလန်ဆရာ အလိုအားဖြင့် အက္ခရာသည် လေးဆယ့်သုံးလုံးရှိ၏။
၃။ မြန်မာဘာသာအလိုအားဖြင့် အက္ခရာသည် လေးဆယ့်ခြောက်လုံးရှိ၏

ဤနေရာ၌ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ရေးသားရသောကြောင့် မြန်မာဘာသာ အလိုအားဖြင့် အက္ခရာ ၄၆ လုံးကို ရေးသား ဖော်ပြလိုက်ပါသည်။

အက္ခရာဒယော ဆ စတ္တာလီသံ

မြန်မာဘာသာအားဖြင့် ( ၄၆ ) လုံးသော အက္ခရာဟူသော်ကား

က၊ ခ၊ ဂ ၊ ဃ ၊ င၊ စ၊ ဆ၊ ဇ၊ စ်၊ ည၊ ဋ၊ ဌ၊ ဍ၊ ဎ၊
ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န၊ ပ၊ ဖ၊ ဘ၊ မ၊ ယ၊ ရ၊ လ၊ ၀၊
သ၊ ဟ၊ ဠ၊ အံ ၊ အံ့၊ အား၊ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦး၊ ဧ ၊ ၾသ၊
အဲ့၊ အို၊ သြော်၊

၁၁ လုံးသရ ဟူသော်ကား

အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦး၊ ဧ၊ သြ၊ အဲ၊ အို၊ သြော်

၁။ သရ ၁၁ လုံးတွင် အ၊ ဣ၊ ဥ သုံးလုံးတို့သည် ရဿ ကာလေ နိယုတ္တာတိ ရဿာ။
အသံတိုသောကာလ၌ ယှဉ်တတ်သောကြောင့် ရဿမည်ကုန်၏။
ထိုရဿတို့သည် တစ်မတြာကာလ အသံရှိကုန်၏။ဗျည်းနှင့်ယှဉ်သော အခါ တစ်မတြာခွဲကာလ အသံရှိကုန်၏။

၂။ သရ ၁၁ လုံးတို့တွင် အာ၊ ဤ၊ ဦး၊ ဧ ၊ သြ၊ အဲ၊ အို၊ သြော် ရှစ်လုံးတို့သည်-
ဒီဃ ကာလေ နိယုတ္တာတိ ဒီဃာ
အသံရှည်သောကာလ၌ ယှဉ်တတ်သောကြောင့် ဒီဃမည်ကုန်၏။ ထိုဒီဃတို့သည် နှစ်မတြာကာလ အသံရှိကုန်၏။ ဗျည်းနှင့်ယှဉ်သောအခါ နှစ်မတြာခွဲကာလ အသံရှိကုန်၏။

၃။ ဗျဉ္စီယတိ အတ္ထော ဧတေ ဟီတိ ဗျဉ္စနာ။

အနက်ကို ပြအပ်သောကြောင့် ဗျည်းမည်ကုန်၏။
ထိုဗျည်းတို့သည် သက်သက်သောအားဖြင့် အတြာခွဲကာလ အသံရှိကုန်၏။


ဧကမတ္တာ ဘဝေရဿာ၊
ဒွိမတ္တာ ဒီဃ မုစ္စတေ။
တိမတ္တာဟု ဗြုတာ ဉေ ယျာ၊
ဗျဉ္စနာ အဍ္ဎ မတ္တိကာ။

၁။ ရဿတို့သည် တစ်မတြာကာလ အသံ ရှိကုန်၏။
၂။ ဒီဃတို့သည် နှစ်မတြာကာလ အသံရှိကုန်၏။
၃။ သုံးမတြာရှိသောအသံတို့သည် သီချင်းသံဟု သိကုန်အပ်၏။
၎။ ဗျည်းတို့သည် မတြာခွဲကာလ အသံရှိကုန်၏။

သက်သက်သော ဗျည်းတို့သည် မတြာခွဲကာလ အသံရှိသောကြောင့် ပီသအောင် ရွတ်ဆို၍မရကောင်း၊ ထို့ကြောင့် မြန်မာစာပေ ၌ ဗျည်းသက်သက် ဖြစ်လျှင် ( က် ) ဟု က ပေါ်မှာ တံခွန်တင်၍ ရေးရမည်။ ( က ) ၏ တစ်ဝက်အသံထွက်၍ ပီသအောင် မရွတဆိုပါ။ ( က ) ဟူ၍ ရေးသားလျှင် ၄င်းဗျည်းတွင် သရပါပြီး ဖြစ်သောကြောင့် တစ်မတြာခွဲကာလ အသံရှိ၍ ပီသအောင်
( က ) ဟူ၍ ရွတ်ဆိုနိုင်၏ ။

နာမက္ခရဆန်း နာမည် အဟောကျမ်း၌

ရဿသည် ၃ မျိုးရှိ၏ ။
၁။ သရ ရဿ
၂။ အောင်မြစ် ရဿ
၃။ ဟထိုး ရဿ

ဒီဃသည် ၃ မျိုးရှိ၏။
၁။ သရ ဒီဃ
၂။ သံယောဂ ဒီဃ
၃။ နိဂ္ဂဟိတ ဒီဃ

ဥပမာ ၁။ သရ ရဿအမည် မခ၊ မအိ၊ မစိုး၊
ဥပမာ ၂။ အောက်မြစ် ရဿ အမည် မမြင့်၊ မတင့်၊ မဆင့်၊
ဥပမာ ၃။ ဟထိုး ရဿအမည် မလှ၊ ကိုလှ၊
ရဿ သရ ၃ လုံးနှင့် ဗျည်းအက္ခရာ ယှဉ်တွဲသောအမည်ဟူသမျှ ရဿ အမည်ဟု ယူပါ။
ဟထိုး သံယုဂ်ကိုလည်း အသံ တိုစေတတ်သောကြောင့် ရဿ အမည်ဟု ယူပါ။

ဥပမာ ၁။ သရ ဒီဃ အမည် မောင်တာ၊မောင်ရီ၊ မောင်တူး၊
မောင်အေး၊ မောင်စော၊ မောင်ရဲ၊ မောင်စိုး၊ မောင်ဇော်၊

ဥပမာ ၂။ သံယောဂဒီဃ အမည် မအုံး၊ မရုံး၊
ဒီဃသရ ၈ လုံးနှင့် ဗျည်းအက္ခရာယှဉ်တွဲသော အမည်ဟူသမျှ ဒီဃ အမည်ဟု ယူပါ။

သံယုဂ်တွဲသော အက္ခရာဟူသမျှ ဒီဃအမည်ဟု ယူပါ။
နိဂ္ဂဟိတ်ပါ၍ အသံရှည်ဟူသမျှ ( ၀ါ ) အောက်မြစ် မပါသော
နိဂ္ဂဟိတ် ဟူသမျှ ဒီဃအမည်ဟု ယူပါ။


ပါပဂြိုဟ် သောမဂြိုဟ်တို့၏ ဒီဃရဿကြိုက်ပုံ

၁။ ပါပဂြိုဟ်များသည် လှုပ်ရှားသော သဘောရှိသောကြောင့် လဟုရုပ်ဖြစ်၏။ ရဿကြိုက်၏။

၂။ သောမ ဂြိုဟ်များသည် တည်ကြည်သော သဘောရှိသောကြောင့် ဂရုရုပ်ဖြစ်၏။ ဒီဃကြိုက်၏။

ထို့ကြောင့်

၁-၃-၇-၈ ဟု ဆိုအပ်သော ပါပဂြိုဟ်များကို ရဿအသံတို့ဖြင့် အမည်မှည့်မှ ဒီဃရဿ မှန်၏။ ပါပ ဂြိုဟ်များကို ဒီဃအသံရှည်ဖြင့် အမည်မှည့်လျှင် ဒီဃရဿ မှား၏။

၂-၄-၅-၆ ဟု ဆိုအပ်သော သောမ ဂြိုဟ်များကို ဒီဃ အသံရှည်ဖြင့် အမည်မှည့်မှ ဒီဃရဿ မှန်၏။ သောမ ဂြိုဟ်များကို ရဿအသံတိုဖြင့် မှည့်လျှင် ဒီဃရဿမှား၏။


၄၅။ ပါပအက္ခရာသောမအက္ခရာ သိအောင်ရှာ

က၊ ခ၊ ဂ၊ ဃ၊ င တနင်္လာ သော မ အက္ခရာ
စ၊ ဆ၊ ဇ၊ စ်၊ ည အဂၤါ ပါပအကၡရာ
တ၊ ထ၊ ဒ၊ ဓ၊ န
ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ စေန ပါပအကၡရာ
ပ၊ ဖ၊ ဗ၊ ဘ၊ မ ကြာသပတေး သောမ အက္ခရာ
ယ၊ လ၊ ၀ ဗုဒ္ဓဟူး သောမ အက္ခရာ
သ၊ဟ သောကြာ သောမ အက္ခရာ
ရ၊ ဠ ရာဟု ပါပ အက္ခရာ
အ တနင်္ဂနွေ ပါက အက္ခရာ

ပါပအက္ခရာများကို ရဿ အသံတိုဖြင့် အမည်မှည့်ရမည်။

သောမအက္ခရာများကိုဒီဃ အသံရှည်ဖြင့် အမည်မှည့်ရမည်။
ဒီဃရဿမှန်လျှင် အိမ်ထောင်ရေး သုခရှိခြင်း၊ အိမ်ထောင်တည်မြဲခြင်း၊ စိတ်နေစိတ်ထား တည်ကြည်ခြင်း၊
မင်္ဂလာမြောက်သော အိမ်ထောင်ကျခြင်း၊ လူပျို၊ အပျိုရခြင်းသဘောရှိ၏

ဒီဃရဿမှားလျှင် အိမ်ထောင်ရေး ဒုက္ခကြုံခြင်း၊ အိမ်ထောင်ဆက်များခြင်း၊ စိတ်နေစိတ်ထား ဖောက်ပြန်ခြင်း၊ လူပျို အပျို မရတတ်ခြင်း သဘောရှိ၏။ ဒီဃရဿမှားရာ၌ ၀စံ္ဆသည် အိမ်ထောင်ရေးကို လှုံဆော်ပွားများ စေတတ်၏။

နာမည်ကို ဒီဃရဿ စစ်ဆေးရာ၌
နာမည် ၁ လုံးရှိလျှင် တစ်လုံး၊ နာမည် ၂ လုံးရှိလျှင် နှစ်လုံး၊ နာမည် ၃ လုံးရှိလျှင် သုံးလုံးစလုံးပင် စစ်ဆေးရမည် ဖြစ်၏။
နာမည် အရင်းလုံးသည် မိမိအတွက်ဖြစ်၍ နာမည် အဖျားလုံးသည် သူ့အတွက်ဖြစ်၏။
နာမည်အရင်းလုံးဒီဃရဿမှားလျှင် မိမိက အိမ်ထောင်ရေး မှားတတ်၏။
နာမည် အဖျားလုံးဒီဃရဿမှားလျှင် အိမ်ထောင်ဖက်ဖြစ်သောသူက အိမ်ထောင်ရေး မှားတတ်၏။

ဒီဃရဿမှန်သောအမည်များ

၁။ တနင်္ဂနွေ အံ့ကျော် မအိခင်
၂။ တနင်္လာ ကြည်မင်း မခင်မ
၃။ အင်္ဂါ ညွှန့်ဟန် မစုရီ
၎။ ဗုဒ္ဓဟူး ရင်ဟန် မ၀င်းသော်
၅။ ကြာသပတေး မျိုးကျော် မဖြူသိမ်း
၆။ သောကြာ သောင်းဖေ မသင်းစု
၇။ စနေ တင့်လွင် မနုဝေ


ဒီဃရဿ မှားသော အမည်များ

၁။ တနင်္ဂနွေ အေးထွန်း အုံးမြင့်
၂။ တနင်္လာ ကျော်မြင့် ကျင်အေး
၃။ အင်္ဂါ စိန်မြင့် ညိမ်းရွှေ
၎။ ဗုဒ္ဓဟူး လှမြင့် ရှုတင်
၅။ ကြာသပတေး မြင့်အောင် မြင့်ကြည်
၆။ သောကြာ မောင်သန့် သန့်သန့်ဦး
၇။ စနေ ထွန်းအောင် တင်လှိုင်

ဤနေရာ၌ ဒီဃရဿ အမှားအမှန် စစ်ဆေးတတ်ဖို့ အရေးကြီး၏။ နာမည်တွေ့တိုင်း မိမိနှင့် မိမိပတ်ဝန်းကျင်မှ အမည်များကို ဒီဃရဿ စစ်ဆေး၍ နာမည်အရင်းလုံး မှားသည်၊ မှန်သည်ကို လည်းကောင်း၊ နာမည်အဖျားလုံး မှားသည် ၊ မှန်သည်ကိုလည်းကောင်း၊ နာမည်အဖျားလုံး မှားသည် ၊ မှန်သည်ကိုလည်းကောင်း သိဖို့ လိုအပ်ပေသည်။ အဟောကို အလျင် မလိုသင့်ပေ။

အိမ်ထောင်ရေး ဟောပြောရာ၌ အင်္ဂါ ၃ ရပ်ရှိ၏။ အင်္ဂါ ၃ ရပ်ပြည့်စုံမှသာ အိမ်ထောင်ရေးကို ပိုင်ပိုင်နိုင်နိုင် ဟောပြော သင့်ပါသည်။

ရှင်းလင်းချက်
အထက်ဖော်ပြပါ အမည်များတွင် -
အံ့ကျော်ကို ဒီဃရဿစစ်ဆေးလျှင် နာမည်ကို နံကောက်ပါ။ ၁+ ၂ ရ၏။ အံ့ ၁ တနင်္ဂနွေ ပါပဂြိုဟ် အောက်မြစ်ရဿ အသံတိုမျိုးဖြစ်၍ ဒီဃရဿ မှန်၏။ ကျော် ၂ တနင်္လာ သောမဂြိုဟ် သံယောဂ ဒီဃ အသံရှည်မျိုးဖြစ်၍ ဒီဃရဿ မှန်၏။
အိခင်ကို ဒီဃရဿ စစ်ဆေးလျှင် နာမည်ကို နံကောက်ပါ။ ၁ + ၂ ရ၏။
အိ ၁ တနင်္ဂနွေ ပါပဂြိုဟ် သရ ရဿ အသံတိုမျိုးဖြစ်၍ ဒီဃရဿ မှန်၏။
ခင် ၂ တနင်္လာ သောမဂြိုဟ် သံယောဂဒီဃ အသံရှည်မျိုးဖြစ်၍ ဒီဃရဿ မှန်၏။
ထွန်းအောင်ကို ဒီဃရဿ စစ်ဆေးလျှင် နာမည်ကို နံကောက်ပါ။ ၇ + ၁ ရ၏။
ထွန်း ၇ စနေ ပါပဂြိုဟ် သံယောဂ ဒီဃ အသံရှည်မျိုးဖြစ်၍ ဒီဃရဿ မှား၏ ။
အောင် ၁ တနင်္ဂနွေ ပါပဂြိုဟ် သံယောဂဒီဃ အသံရှည်မျိုးဖြစ်၍ ဒီဃရဿ မှားသည်။
တင်လှိုင်ကို ဒီဃရဿ စစ်ဆေးလျှင် နာမည်ကို နံကောက်ပါ။ ၇ +၄ ရ၏။
တင် ၇ စနေ ပါပဂြိုဟ် သံယေဂဒီဃ အသံရှည်မျိုးဖြစ်၍ ဒီဃရဿ မှားသည်။
လှိုင် ၄ ဗုဒ္ဓဟူး သောမဂြိုဟ် သံယောဂ ဒီဃ အသံရှည်မျိုးဖြစ်၍ ဒီဃရဿ မှန်သည်။
ကြွင်းကျန်ရစ်သော အမည်များကိုလည်း နည်းမှီ၍ ဒီဃရဿ စစ်ဆေးကြပါကုန်။

နာမက္ခရဆန်း နာမည် အဟောကျမ်းကြီး-အပိုင်း(၇)

၃၇။ နာမည်ကြည့်၍ မိဘမွေးနံ သိအောင်ကြံ

ရှေ့ပိုင်း၌ ဖော်ပြခဲ့သော မိတ်ရန်၊ ဓာတ်၊ ဥဒါသိန်ကို သတိပြုမိကြပါစေ။

မွေးနံ အပြင်မိတ် အတွင်းမိတ် ဓာတ်မိတ်
တနင်္ဂနွေ၏ ၁ ၅ ၁ ၆ ၁ ၇
တနင်္လာ၏ ၂ ၄ ၂ ၈ ၂ ၅
အင်္ဂါ၏ ၃ ၆ ၃ ၅ ၃ ၈
ဗုဒ္ဓဟူး၏ ၄ ၂ ၄ ၇ ၄ ၆
ကြသပတေး၏ ၅ ၁ ၅ ၃ ၅ ၂
သောကြာ၏ ၆ ၃ ၇ ၄ ၇ ၁

ကလေးများအသက် ( ၁၂ ) နှစ်အထိ မွေးနံနှင့် တိုင်းရမည်။ ကလေးများ အသက် ( ၁၂)မှ ကျော်သော် နာမည် အရင်းလုံးနှင့် တိုင်းရမည်။ နာမည်အရင်းလုံး၏ အပြင်မိတ်၊ အတွင်းမိတ်၊ ဓာတ်မိတ်ဂြိုဟ်များတွင် တစ်လုံးလုံးသည် အမိအဖ၏ မွေးနံဖြစ်သည်။

ဥပမာ။ ။ အောင်မြင့်၏ အမိအဖသည် ကြာသပတေး၊ သောကြာ၊ စနေနေ့ သားသမီး ဖြစ်ရမည်။
ကျော်ဝင်း၏ အမိအဖသည် ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေးနေ့ သားသမီးဖြစ်ရမည်။
စိန်ဖေ၏ အမိအဖသည် သောကြာ၊ ကြာသပတေး၊ ရာဟုနေ့ သားသမီးဖြစ်ရမည်။
ဝင်းကြည်၏ အမိအဖသည် တနင်္လာ၊စနေ၊ သောကြာနေ့ သားသမီး ဖြစ်ရမည်။
ဖေအောင်၏ အမိအဖသည် တနင်္ဂနွေ၊အင်္ဂါ၊တနင်္လာနေ့ သားသမီးဖြစ်ရမည်။
သိန်းတင်၏ အမိအဖသည် အင်္ဂါ၊ တနင်္ဂနွေ၊ ဗုဒ္ဓဟူးနေ့ သားသမီးဖြစ်ရမည်။
တင်မြင့်၏ အမိအဖသည် ရာဟု၊ ဗုဒ္ဓဟူး၊ တနင်္ဂနွေနေ့ သားသမီးဖြစ်ရမည်။

၁။ နာမည်ရှင်၏ အပြင်မိတ်တွင် အမိအဖတို့၏ မွေးနံပါသော် အမိအဖတို့၏ ချစ်ခင်ယုယမှုကို ခံစားရခြင်း၊ မိရိုးဖလားအလုပ် လုပ်ကိုင်ရခြင်း၊ စိတ်ချမ်းသာရခြင်း ဖြစ်၏။

၂။ နာမည်ရှင်၏ အတွင်းမိတ်တွင် အမိအဖတို့၏ မွေးနံပါသော် အမိအဖတို့နှင့် အတူတကွ နေရခြင်း၊ ဆွေမျိုးဉာတိတို့၏ချစ်ခင်ယုယမှုကို ခံစားရခြင်း၊ စိတ်ချမ်းသာရခြင်း ဖြစ်၏။

၃။ နာမည်ရှင်၏ ဓာတ်မိတ်တွင် အမိအဖတို့၏ မွေးနံပါသော် အမိအဖတို့၏ အကျိုးကျေးဇူးကို ခံစားရခြင်း၊ အမွေအနှစ်ရခြင်း၊ စိတ်ချမ်းသာရခြင်းဖြစ်၏။

၁။ နာမည်ရှင်၏ အပြင်မိတ်၊ အတွင်းမိတ်၊ ဓာတ်မိတ်များတွင် အမိမွေးနံမပါသော် အမိ၏ ချစ်ခင်ယုယမှုကို မခံစားရခြင်း ၊အမိအတွက် ပူပန်သောက ရောက်တတ်ခြင်း၊ ပင်ပန်းစွာ လုပ်ကျွေးရခြင်၊ ခွဲခွာနေရခြင်း သဘောရှိ၏။

၂။ နာမည်ရှင်၏ အပြင်မိတ် အတွင်းမိတ် ဓာတ်မိတ်များတွင် အဖ၏ မွေးနံမပါသော် အဖ၏ ချစ်ခင်ယုယမှုကို မခံစားရခြင်း၊ အဖအတွက် ပူပန်သောကရောက်ြခင်း၊ ပင်ပန်းစွာ လုပ်ကျွေးခြင်း၊ ခွဲခွာနေရခြင်း သဘောရှိ၏။

၃။ နာမည်ရှင်၏ အပြင်မိတ် အတွင်းမိတ် ဓာတ်မိတ်များတွင် အမိအဖနှစ်ပါးလုံး၏ မွေးနံမပါသော် အမိအဖများနှင့် အတူတကွ မနေရခြင်း၊ အမိအဖတို့၏ အကျိုးကျေးဇူးကို မခံစားရခြင်း၊ချစ်ခင်ကြင်နာမှု နည်းခြင်း သဘောရှိ၏။

၁။ နာမည်ရှင်၏ ဥဒါသိန်များတွင် အမိအဖတို့၏ မွေးနံပါသော် အတူနေရသော်လည်း ချစ်ခင်မှုနည်းခြင်း၊ ချစ်ခင်ပါသော်လည်း ခွဲခွာနေရခြင်း သဘောရှိ၏။

၂။ နာမည်ရှင်၏ အပြင်ရန် အတွင်းရန်ဓာတ်ရန်များတွင် အမိအဖတို့၏ မွေးနံပါသော် အမိအဖတို့၏ အယူဝါဒကို စွန့်ပယ်ခြင်း၊ အမိအဖတို့၏ မနှစ်သက်သော အလုပ်အကိုင်များကို လုပ်ကိုင်တတ်ခြင်း ၊ အမိအဖတို့နှင့် ခွဲခွာ နေတတ်ခြင်း သဘောရှိ၏။

၃၈။ အမြုံဟောကွက် အသိခက်

၁။ အမျိုးသားသည် လက်ဝဲဂြိုဟ် အထက် ၃ လုံးတွင် အလယ်လုံး မွေးနံရှိ၍ နာမည်မှန်ခြင်း၊
၂။ အမျိုးသမီးသည် လက်ယာဂြိုဟ် အထက် ၃ လုံးတွင် အလယ်လုံးမှာ မွေးနံရှိ၍ နာမည်မှန်ခြင်းဖြစ်လျှင် ၄င်းတို့၏ အိမ်ထောင်သည် သားသမီးမရ အမြုံဖြစ်တတ်၏။


ကလေးအင်္ဂါ မစုံပါ

၁။ အမျိုးသားသည် နာမည်အရင်းလုံး လက်ဝဲဂြိုဟ် အောက်ဆုံးဌာနမှာ ရှိခြင်း။
၂။ အမျိုးသမီးသည် နာမည်အရင်းလုံး လက်ယာဂြိုဟ် အောက်ဆုံးဌာနမှာ ရှိခြင်းဖြစ်လျှင် ၄င်းတို့၏ အိမ်ထောင်ဖက်သည် ကိုယ်အင်္ဂါ ချို့တဲ့သော သားသမီးကို မွေးရတတ်ပါသည်။

၃၉။ အဆာင်ရတနာ ၌ဤသို့ရှာ

တနင်္ဂနွေ ဥဿဖရား
တနင်္လာ ဂေါ်မုတ် -ကြောင်
အင်္ဂါ စိန် - ကျောက်စိမ်း
ဗုဒ္ဓဟူး မဟူရာ
ကြာသပတေး ပတ္တမြား - မြ
သောကြာ သန္တာ
စနေ နီလာ

နာမက္ခရတိုင်တွင် -
အမျိုးသားသည် တိုင်ထိပ်ဌာနမှာ ရှိသောဂြိုဟ်သည် အကောင်းဆုံးအကျိုးပေးသော ဂြိုဟ်ဖြစ်၏။ ကျော်စော ထင်ရှားခြင်း၊ ရန်အပေါင်းကိုအောင်မြင်ခြင်းကို ဖြစ်စေတတ်၏။ လက်ယာ ၂ ဌာနမှာရှိသော ဂြိုဟ်သည် အလတ်စား ကောင်းကျိုးကိုပေးသော ဂြိုဟ်ဖြစ်၏။ ရန်အပေါင်းကို အောင်မြင်ခြင်း၊ စီးပွား တိုးတက်ခြင်းကို ဖြစ်စေတတ်၏။ လက်ဝဲ ၁ ဌာနမှာရှိသော ဂြိုဟ်ည် အညံ့စားကောင်းသော ဂြိုဟ်ဖြစ်၏ မိတ်ပေါ်ခြင်းကို ဖြစ်စေတတ်၏။

နာမက္ခရတိုင်တွင်

အမျိုးသမီးသည် တိုင်ထိပ်ဌာနမှာရှိသော ဂြိုဟ်သည် အကောင်းဆုံးအကျိုးပေးသော ဂြိုဟ်ဖြစ်သည်။ ကျော်စောထင်ရှားခြင်း၊ ဘေးရန်ကင်းခြင်း၊ အောင်မြင်ခြင်းကို ဖြစ်စေတတ်၏။ လက်ဝဲ ၁ ဌာနမှာရှိသော ဂြိုဟ် သည် အလတ်စား ကောင်းကျိုးပေးသော ဂြိုဟ်ဖြစ်၏။ ဘေးရန်ကင်းခြင်း၊ စီးပွား တိုးတက်အောင်မြင်ခြင်းကို ဖြစ်စေတတ်၏။ လက်ယာ၂ ဌာနမှာရှိသော ဂြိုဟ်သည် အညံ့စား ကောင်းသော ဂြိုဟ်ဖြစ်၏။ ချစ်ချင် သူပေါများခြင်းကို ဖြစ်စေတတ်၏။


ဥပမာ ။ ။ ၁ ခုကြွင်း နာမက္ခရတိုင်၌-
အမျိုးသားသည် ဥဿဖရား ကျောက်ကို တစ်လုံးတည်း ခံ့ညားလှပအောင် လက်စွပ်ကွင်းဝတ်လျှင် ကောင်းကျိုးကိုပေးစေတတ်သော အဆောင်ဖြစ်၍ ကျော်စောထင်ရှားခြင်း၊ ရန်အပေါင်းကို အောင်မြင်ခြင်း အကျိုးရှိ၏။ နီလာကျောက်ကို လက်စွပ်ကွင်း ၀တ်လျှင် ကောင်းကျိုးကို ပေးစေတတ်သော ဂြိုဟ် ၂ လုံးပေါင်း အဆောင်ဖြစ် ၍ စီးပွားတိုးတက် အောင်မြင်ခြင်း၊ ချစ်ခင်သူ ပေါများခြင်း ဖြစ်စေတတ်၏။

အမျိုးသမီးသည် ဥဿဖရားကျောက်ကို လှပအောင်လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်ပြုလုပ်ဆောင်လျှင် ကျော်
စောထင်ရှားခြင်း၊ ဘေးရန်ကင်းခြင်း၊ အောင်မြင်မှုများခြင်းကို ဖြစ်စေတတ်၏။ သန္တာကျောက်ကို လှပအောင် လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်ပြုလုပ် ဆောင်လျှင် ဘေးရန်ကင်းခြင်း၊ စီးပွား တိုးတက် အောင်မြင်ခြင်းကို ဖြစ်စေတတ်၏။

ဤကဲ့သို့ နာမက္ခရတိုင်မှာကြည့်၍ အမျိုးသား၊ အမျိုးသမီး တို့သည် ကောင်းကျိုးကိုပေးစေတတ်သော ဂြိုဟ်များအရ နံကောက်၍ အဆောင်ပြုလုပ်နိုင်ပါသည်။ ကျန် နာမက္ခရတိုင်များမှာလည်း ဤသည်ကို နည်းမှီ၍ သိလင့်ပါကုန်၊ ယခုဖော်ပြပါ နာမက္ခရတိုင်မှ ဂြိုဟ်များကို နံကောက်၍ နံသင့်အသားများကို ဘုရားထု၍ ပူဇော်ခြင်း၊ ရှင်သီဝလိထု၍ ပူဇော်ခြင်း၊ သူရဿတီထု၍ ကိုးကွယ်ခြင်းစသည် မိမိတို့ ဉာဏ်မီသလောက် ဆောင်ရွက်နိုင်ကြောင်း ဖော်ပြအပ်ပါသည်။


အဆောင်နှင့်ဆောင်သူ ရန်မမူသင့်

ဖော်ပြပါ ရာသက်ပန် အကျိုးပေးစေတတ်သော ဂြိုဟ် ၃ လုံးတွင်ဆောင်သောူ နေ့နံနှင့် အပြင်မိတ်၊ အတွင်းမိတ်၊ ဓာတ်မိတ်ဖြစ်သော ဂြိုဟ်တို့ကို ရွေးချယ်ဆောင်သင့်ကြောင်း သတိပေးအပ်ပါသည်။


ဟောပြောရေး ပညာများတွင်
ဓမ္မဓိဌာန် ဟောပြောနည်းနှင့် ပုဂ္ဂလဓိဋ္ဌာန် ဟောပြောနည်းဟူ၍ ၂ မျိုးရှိ၏။

၁။ ဓမ္မဓိဋ္ဌာန် ဟောပြောနည်းဟူသည် ကိန်းဂဏန်းကို ပဓာနထား၍ ဟောပြောခြင်း ဖြစ်၏။
၂။ ပုဂ္ဂလဓိဋ္ဌာန် ဟောပြောနည်းဟူသည် ပုဂ္ဂိုလ်၏ အမည်ပညတ်ကို ပဓာနထား၍ ဟောပြောခြင်း ဖြစ်၏။

၁။ ဓမ္မဓိဌာန် ဟောပြောနည်းသည် ကိန်းဂဏန်းကိုကြည့်၍ ကိန်းဂဏန်းဇာတာကောင်းလျှင် ဤလူသည် ရာသက်ပန် ကောင်းသည်ဟု တထစ်ချဟောပြောခြင်း၊ ကိန်းဂဏန်း ဇာတာမကောင်းလျှင်လည်း ဤလူသည် ရာသက် ပန် မကောင်းဟူ၍ တထစ်ချ ဟောပြောရခြင်းကြောင့် လှေနံဓားထစ် ဟောပြောခြင်း ဖြစ်၏။

၂။ ပုဂ္ဂလိကက ဓိဋ္ဌာန် ဟောပြောနည်းသည် အမည် ပညတ်ကို ကြည့်ပြီးကိန်းဂဏန်းပင်ကောင်းသော်လည်း နာမည် မကောင်းလျှင် အကောင်းကို လျှော့၍လည်းကောင်း၊ ကိန်းဂဏန်းကောင်း၍ နာမည်ပါကောင်းလျှင် အပြည့်အစုံ ကာင်းသည်ဟူ၍ လည်းကောင်း ၊ ကိန်းဂဏန်းမကောင်းသောလည်း နာမည်ကောင်းလျှင် အနည်ုးငယ်မျှ ကောင်းသည်ဟူ၍လည်းကောင်း၊ ကိန်းဂဏန်း လည်းမကောင်း၊ နာမည်လည်း မကောင်းလျှင် အလွန်မကောင်းဟူ၍လည်းကောင်း ဟောပြောခြင်းဖြစ်၏။


၄၀။ လှေနံဓားထစ် မှတ်ရစ်ပုံသေ မရှိစေနှင့်

တစ်ကမ္ဘာလုံး မဆိုထားဘိ၊ မြန်မာပြည်၌ နေထိုင်ကြသော လူများတွင် တစ်နေ့ တစ်နာရီ တစ်မိနစ်အတွင်းမှာ အတူ မွေးဖွား ကြသောသူများရှိကြ၏။ ထို့ကြောင့် ကိန်းဂဏန်းချင်းတူ၍ အဟောချင်းတူနေပါလျှင် ဗေဒင်ပညာသည် မှန်ကန်ဖွယ်ရာ မရှိပါ။ ဆန်းပညာသည် နာမည်နှင့် ကိန်းဂဏန်းညှိ၍ ဟောပြောရာ ဖြစ်သောကြောင့် ဖွားဇာတာချင်းတူကြသောလည်း နာမည်ချင်း၊ အသားရောင်ချင်း၊ အရပ်ချင်း ၊ ရုပ်သဏ္ဍာန်ချင်း မတူကြသောကြောင့် အဟောချင်းလည်း မတူနိုင်ပါ။

ဆန်းပညာတွင် အရေးကြီးဆုံးဖြစ်သော နာမက္ခရဆန်းပညာကို လေ့လာလိုက်စားကြသော ပုဂ္ဂိုဟ်များသည် ဤနာမက္ခရ ဆန်းနာမည်အဟောကျမ်း၌ နာမည်၏ အကျိုးအပြစ်ကို ဧကန် သိရှိနိုင်သော နာမည် အင်္ဂါ ၁၀ ပါးကို သိဖို့ အရေးကြီးလှ၏။ သတ္တလောကတွင်မှီတင်းနေထိုင်ကြသော လူမျိုးများစွာတို့ကို နာမည်၏ အင်္ဂါ ၁၀ ပါးဖြင့် စိစစ်ဝေဖန်၍ ဧကန် ဟောပြောရမည် ဖြစ်ပေသည်။

နာမက္ခရဆန်းနာမည် အဟောကျမ်းကြီး-အပိုင်း(၆)

၃၁။ ရာသက်ပန် အကျိုးပေးမည့် အလုပ်

နာမက္ခရတိုင်၌ -
၁။ လက်ယာအထက် ဂြိုဟ် ၃ လုံးသည် အမျိုးသား၌ ကောင်းကျိုးပေးစေတတ်၏။
၂။ လက်ဝဲ အထက်ဂြိုဟ် ၃ လုံးသည် အမျိုးသမီး၌ ကောင်းကျိုပေးစေတတ်၏။
၃။ လက်ယာ လက်ဝဲ အောက်ဆုံးဂြိုဟ် ၂ လုံးသည် အမျိုးသား အမျိုးသမီးတို့၌ ဆိုကျိုးပေးစေတတ်၏။

၁ခုကြွင်း နာမက္ခရတိုင်၌ -

၁။ အမျိုးသားသည် အုပ်ချုပ်ရေးအလုပ်၊ ကျပန်းအလုပ်၊ ကုန်သည်ကြီးအလုပ်၊ အနုပညာအလုပ်မျိုးတို့ဖြင့် တိုးတက်အောင်မြင်ခြင်း၊ ကျော်ဇောထင်ရှားခြင်း၊ အလုပ်မြဲခြင်းကို ဖြစ်စေတတ်၏။
မင်းမှုထမ်းအလုပ်၊ စည်းရုံးရေးအလုပ်၊ ပညာပေးအလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
စက်မှု၊ စစ်ဘက်၊ ဆေးပညာအလုပ်၊ ပွဲစားအလုပ်မျိုးတို့သည် အလုပ်မဖြစ်ခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းတို့ကို ဖြစ်စေတတ်ပါသည်။


၂ခုကြွင်း နာမက္ခရတိုင်၌ -

၂။ အမျိုးသားသည် ပွဲစားအလုပ်၊ ပညာပေးအလုပ်တို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ် ကျော်စောခြင်း ကို ဖြစ်စေပါသည်။
အုပ်ချုပ်ရေးအလုပ်၊ ကုန်သည်ကြီးအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ ကြိုးစားသလောက် အကျိုးမရှိခြင်းကို ဖြစ်စေ တတ်ပါသည်။
အနုပညာအလုပ်နှင့် စက်မှု၊ စစ်ဘက်၊ ဆေးပညာအလုပ်တို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း ၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။


၃ ခုကြွင်း နာမက္ခရတိုင်၌ -

၃။ အမျိုးသားသည် စက်မှု ၊ စစ်ဘက်၊ ဆေးပညာအလုပ်၊ အုပ်ချုပ်ရေးအလုပ်၊ ကုန်သည်ကြီးအလုပ်မျိုးတို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ် ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
ပွဲစားအလုပ်၊ မင်းမှုထမ်းအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ ကြိုးစားသလောက် အကျိုးမရှိခြင်းကို ဖြစ်စေတတ် ပါသည်။
ပညာပေးအလုပ်၊ အနုပညာအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေ တတ်ပါသည်။

၎ ခုကြွင်း နာမက္ခရတိုင်၌ -

၎။ အမျိုးသားသည် အနုပညာအလုပ်၊ ပွဲစားအလုပ်၊ မင်းမှုထမ်းအလုပ်မျိုးတို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက် အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
စက်မှု ၊ စစ်ဘက်၊ ဆေးပညာအလုပ်၊ အုပ်ချုပ်ရေး အလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
ကုန်သည်ကြီးအလုပ်၊ ပညာပေးအလုပ်မျိုးတို့သည် အလုပ်အမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေ တတ်သည်။

၅။ခုကြွင်း နာမရက္ခတိုင်၌ -

၅။ အမျိုးသားသည် ပညာပေးအလုပ်၊ စက်မှု ၊ စစ်ဘက်၊ ဆေးပညာအလုပ်၊ အုပ်ချုပ်ရေး အလုပ်မျိုးတို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ် ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
အနုပညာအလုပ်၊ ပွဲစား အလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အလုပ်မဖြစ်ခြင်းကို ဖြစ်စေ တတ်ပါသည်။
မင်းမှုထမ်းအလုပ်၊ ကုန်သည် ကြီးအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။

၆ခုကြွင်း နာမက္ခရတိုင်၌ -

၆။` အမျိုးသားသည် ကုန်သည်ကြီးအလုပ်၊ အနုပညာအလုပ်၊ ပွဲစားအလုပ်မျိုးတို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
ပညာပေးအလုပ်၊ စက်မှု၊ စစ်ဘက်၊ ဆေးပညာ အလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
အုပ်ချုပ်ရေးအလုပ်၊ မင်းမှုထမ်းအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။


၇ ခုကြွင်း နာမက္ခရတိုင်၌ -

အမျိုးသားသည် မင်းမှုထမ်းအလုပ်၊ ပညာပေးအလုပ်၊ စက်မှု၊ စစ်ဘက်၊ ဆေးပညာအလုပ်တို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
ကုန်သည်ကြီးအလုပ်၊ အနုပညာအလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
ပွဲစားအလုပ်၊ အုပ်ချုပ်ရေးအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေ တတ်ပါသည်။


၁ ခုကြွင်း နာမက္ခရတိုင်၌ -

၁။ အမျိုးသမီးသည် အုပ်ချုပ်ရေးအလုပ်၊ မင်းမှုထမ်းအလုပ်၊ ပညာပေးအလုပ်မျိုးတို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင် ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
ကုန်သည်ကြီးအလုပ်၊ အနုပညာအလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
စက်မှု၊ စစ်ဘက်၊ ဆေးပညာအလုပ်၊ ပွဲစားအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။

၂ ခုကြွင်း နာမက္ခရတိုင်၌ -

၂။ အမျိုးသမီးသည် ပွဲစားအလုပ်၊ အုပ်ချုပ်ရေးအလုပ်၊ ကုန်သည်ကြီး အလုပ်မျိုးတို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
မင်းမှုထမ်းအလုပ်၊ ပညာပေးအလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
အနုပညာအလုပ်၊ စက်မှု ၊ စစ်ဘက်၊ ဆေးပညာ အလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းတို့ကို ဖြစ်စေတတ်ပါသည်။

၃။ ခုကြွင်း နာမက္ခရတိုင်၌ -

၃။ အမျိုးသမီးသည် စက်မှု၊ စစ်ဘက်၊ ဆေးပညာအလုပ်၊ ပွဲစားအလုပ်၊ မင်းမှုထမ်းအလုပ်မျိုးတို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
အုပ်ချုပ်ရေးအလုပ်၊ ကုန်သည်ကြီးအလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေ တတ်ပါသည်။
ပညာပေးအလုပ်၊ အနုပညာအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။

၎ ခုကြွင်း နာမက္ခရတိုင်၌ -

၎။ အမျိုးသမီးသည် အနုပညာအလုပ်၊ စက်မှု။ စစ်ဘက်၊ ဆေးပညာအလုပ်။ အုပ်ချုပ်ရေး အလုပ်မျိုးတို့ဖြင့် အလုပ်ဖြစ်ခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
ပွဲစားအလုပ်၊ မင်းမှုထမ်း အလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
ကုန်သည်ကြီးအလုပ်၊ ပညာပေးအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။


၅ ခုကြွင်း နာမက္ခရတိုင်၌ -

၅။ အမျိုးသမီးသည် ပညာပေးအလုပ်၊ အနုပညာအလုပ်၊ ပွဲစားအလုပ်မျိုးတို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
စက်မှု၊ စစ်ဘက်၊ ဆေးပညာအလုပ်၊ အုပ်ချုပ်ရေးအလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ထွန်းခြင်းကို ဖြစ်စေတတ်ပါသည်။
မင်းမှုထမ်းအလုပ်၊ ကုန်သည်ကြီးအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။


၆ ခုကြွင်း နာမက္ခရတိုင်၌ -

၆။ အမျိုးသမီးသည် ကုန်သည်ကြီးအလုပ်၊ ပညာပေးအလုပ်၊ စက်မှု၊ စစ်ဘက်၊ ဆေးပညာ အလုပ်မျိုးတို့ဖြင့် တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည် ။
အနုပညာအလုပ်၊ ပွဲစားအလုပ်မျိုးတို့သည် အလုပ်မဖြစ်ခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
အုပ်ချုပ်ရေးအလုပ်၊ မင်းမှုထမ်းအလုပ်မျိုးသည် အလုပ်မဖြစ်ခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။


၇ ခုကြွင်း နာမက္ခရတိုင်၌-

၇။ အမျိုးသမီးသည် မင်းမှုထမ်းအလုပ်၊ ကုန်သည်ကြီးအလုပ်၊ အနုပညာအလုပ်မျိုးတို့ဖြင့် အလုပ်ဖြစ်ခြင်း၊ တိုးတက်အောင်မြင်ခြင်း ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
ပညာပေးအလုပ်၊ စက်မှု၊ စစ်ဘက်၊ ဆေးပညာအလုပ်မျိုးတို့သည် အလုပ်ဖြစ်ခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
ပွဲစားအလပ်၊ အုပ်ချုပ်ရေးအလုပ်မျိုးတို့သည် အလုပ်မဖြစ်ခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။

ဤကဲ့သို့ အမျိုးသားများမှာ လက်ယာဂြိုဟ် အထက် ၃ လုံးတွင် လက်ယာ ၁ ခေါ်သော အလယ်လုံးသည် ဣဋ္ဌအနိဋ္ဌ ရောယှက်၍ ဆူဆူပူပူနှင့် အကျိုးကို ပေးစေတတ်ပါသည်။ တိုင်ထိပ်ဂြိုဟ်နှင့် လက်ယာ ၂ ဂြိုဟ်တို့သည် ဣဋ္ဌသဘောဖြင့် အေးဆေးသာယာစွာ အကျိုးကို ပေးစေတတ်ပါသည်။ လက်ဝဲ ၁ ဂြိုဟ်နှင့် လက်ဝဲ ၂ ဂြိုဟ်များသည်အကျိုးအပြစ်မရှိ၊ ၀ီရိယအကျိုးသာ ခံစားရတတ်ပါသည်။

လက်ဝဲလက်ယာ အောက်ဂြိုဟ် ၂ လုံးသည် အနိဋ္ဌသဘောဖြင့် ဆိုးကျိုးပေးစေတတ်ပါသည်။ အမျိုးသမီးများလည်း လက်ဝဲဂြိုဟ်အထက် ၃ လုံးတွင် လက်ဝဲ ၂ ခေါ်သော အောက်လုံးသည် ဣဋ္ဌ အနိဋ္ဌ ရောယှက်၍ ဆူဆူပူပူ ပင်ပင်ပန်းပန်း အကျိုးကို ပေးစေတတ်ပါသည်။ တိုင်ထိပ်ဂြိုဟ်နှင့် လက်ဝဲ ၁ ဂြိုဟ်တို့သည် ဣဋ္ဌသဘောဖြင့် အေးဆေးသာယာစွာ အကျိုးကို ပေးစေတတ်ပါသည်။ လက်ယာ ၁ ဂြိုဟ်၊ လက်ယာ ၂ ဂြိုဟ်များသည် အကျိုးအပြစ်မရှိ၊ ၀ီရိယ အကျိုးသာ ခံစားရတတ်ပါသည်။ လက်ဝဲလက်ယာ အောက်ဂြိုဟ် ၂ လုံးသည် အနိဋ္ဌသဘောဖြင့် ဆိုးကျိုးကိုပေးစေတေတ်ပါသည်။

ထို့ကြောင့် မိမိရင်နှစ် သားသမီး ရတရာမျးကို ကောင်းကျိုးချမ်းသာနှင့်ပြည့်စုံစေခြင်းငှာ အကျိုးပေးနိုင်သော အလုပ်ကို ငယ်ရွယ်စဉ်ကပင် တင်ကြို၍ ညွှန်ကြားပေးသင့်ကြောင်း အသေးစိတ် ဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။

၃၂။ အိမ်ထောင်ဆက်ကို သိစေလို

အမျိုးသားများ၏ အိမ်ထောင်ဂြိုဟ်သည် သောကြာဖြစ်သည်။
အမျိုးသမီးများ၏ အိမ်ထောင်ဂြိုဟ်သည် အင်္ဂါဖြစ်သည်
နာမက္ခရတိုင်မှာ အိမ်ထောင်ဂြိုဟ်ကို ကြည့်၍ အိမ်ထောင်ဆက်များမည်။ နည်းမည်ကို ဟောပြောရမည် ဖြစ်၏။

အမျိုးသားများသည် ၁ ခုကြွင်း နာမက္ခရတိုင်၌ အိမ်ထောင်ဂြိုဟ် သောကြာသည် လက်ယာ ဌာနမှာ ရှိသောကြောင့် အသက်ကြီးသူနှင့် အိမ်ထောင်ကျတတ်သည်။ အသက်ကြီးသူနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင်တစ်ဆက်နှင်မြဲ၍ အသက် ငယ်သူနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင်ဆက် နှစ်ဆက် ဖြစ်တတ်သည်။

အမျိုးသားများသည် ၂ခုကြွင်း နာမက္ခရတိုင်၌ အိမ်ထောင်ဂြိုဟ် သောကြာသည် လက်ဝဲ ၂ ဌာနမှာ ရှိသောကြောင့် အိမ်ထောင်ဦးပျက်ခြင်း၊ ရည်းစားဦးပျက်ခြင်း၊ အိမ်ထောင် နှစ်ဆက် ကျခြင်း ဖြစ်တတ်၏။
အမျိုးသားများသည် ၃ခုကြွင်း နာမက္ခရတိုင်၌ အိမ်ထောင်ဂြိုဟ် သောကြာသည် လက်ယာ ၂ ဌာနမှာ ရှိသောကြောင့် အိမ်ထောင် တစ်ဆက်နှင့် တည်မြဲခြင်း ဖြစ်တတ်၏။

အမျိုးသားများသည် ၄ခုကြွင်း နာမက္ခရတိုင်၌ အိမ်ထောင်ဂြိုဟ် သောကြာသည် လက်ဝဲ ၃ ဌာနမှာ ရှိသောကြောင့် အအိုနှင့် အိမ်ထောင်ကျတတ်ခြင်း ၊ အိမ်ထောင်ဆက်များခြင်း၊ အိမ်ထောင် လေးဆက်အထိ ပြောင်းရွှေ့ရတတ်ခြင်း ဖြစ်တတ်၏။
အမျိုးသားများသည် ၅ခုကြွင်း နာမက္ခရတိုင်၌ အိမ်ထောင်ဂြိုဟ် သောကြာသည် လက်ယာ ၃ ဌာနမှာ ရှိသောကြောင့် အိမ်ထောင်ပျက်နှင့် အိမ်ထောင်ကျတတ်ခြင်း၊ အိမ်ထောင်ဆက်များခြင်း၊ အိမ်ထောင် သုံးဆက်ထိ ပြောင်းရွှေ့ရတတ်ခြင်း ဖြစ်တတ်၏။

အမျိုးသားများသည် ၆ခုကြွင်း နာမက္ခရတိုင်၌ အိမ်ထောင်ဂြိုဟ် သောကြာသည် တိုင်ထိပ်မှာ ရှိသောကြောင့် အပျိုနှင့် အိမ်ထောင်ကျတတ်ခြင်း၊ အိမ်ထောင် တစ်ဆက်နှင့် တည်မြဲခြင်း ဖြစ်တတ်၏။

အမျိုးသားများသည် ၇ခုကြွင်း နာမက္ခရတိုင်၌ အိမ်ထောင်ဂြိုဟ် သောကြာသည် လက်ဝဲ (၁) ဌာနမှာ ရှိသောကြောင့် အပျိုနှင့် အိမ်ထောင်ကျခြင်း၊ အိမ်ထောင် တစ်ဆက်နှင့် တည်မြဲခြင်း ဖြစ်တတ်သည်။

မှတ်ချက်။ နာမည်အဖျားလုံး နာမက္ခရတိုင်၌ လက်ဝဲလက်ယာ အောက်ဆုံး ၂ လုံးမှာ ရှိလျှင်လည်း အိမ်ထောင်ဆက် များတတ်ပါသည်။
အမျိုးသမီးများသည် အမျိုးသားများကို နည်းမှီ၍ နာမက္ခရတိုင်မှာ အိမ်ထောင်ဂြိုဟ် အင်္ဂါကိုကြည့်၍ ဟောပြောကြပါကုန်။


၃၃။အိမ်ထောင်ဖက်မှန် ရွေးချယ်ရန်
အိမ်ထောင်ဖက် မမှန်လျှင် တွေ့ကြုံရမည့် အပြစ် ၆ ပါး -

၁။ အိမ်ထောင်မမြဲခြင်း၊
၂။ ဆင်းရဲပင်ပန်းခြင်း၊ စီးပွားမဖြစ်ထွန်းခြင်း၊
၃။ စိတ်သဘောချင်း မတိုက်ဆိုင်၍ စိတ်ဆင်းရဲစရာကြုံခြင်း၊
၎။ ခဏခစ ရန်ပေါ်တတ်ခြင်း၊
၅။ အိမ်ထောင်ရှိလျှက် သုခမရှိုခြင်း၊
၆။ အိမ်ထောင်ပျက်ပြားတတ်ခြင်းကို ဖြစ်စေတတ်၏။

နာမက္ခရတိုင်၌ -

၁။ လက်ယာဂြိုဟ်များသည် အမျိုးသား၌ အကျိုးပေးသောဂြိုဟ်ဟု မှတ်ပါ။
၂။ လက်ဝဲဂြိုဟ်များသည် အမျိုးသမီး၌ အကျိုးပေးသော ဂြိုဟ်ဟု မှတ်ပါ။
၃။ အောက်ဆုံး လက်ဝဲ လက်ယာ ဂြိုဟ်များသည် အမျိုးသား အမျိုးသမိးများ၌ ခိုက်သောဂြိုဟ်ဟု မှတ်ပါ။


အမျိုးသား၌ အိမ်ထောင်ဖက်မှန် ရွေးချယ်ရန်မှာ -

၁။ အမျိုးသားသည် လက်ယာဂြိုဟ်အထက် ၃ လုံးတွင် တိုင်ထိပ်ဌာနနှင့် လက်ယာ ၂ ဌာနမှ နေ့သမီးနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက် မှန်သောကြောင့် အိမ်ထောင်တည်မြဲခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း၊ စီးပွား ဖြစ်ထွန်းခြင်း ၊ အိမ်ထောင်ရေး သုခရှိုခြင်း၊ အေးချမ်းသာယာစွာ အကျိုးကို ပေးစေတတ်၏။

၂။ အမျိုးသားသည် လက်ယာ ၁ ဌာနမှ နေ့သမီးနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက် မှန်သော်လည်း အိမ်ထောင်တည်မြဲခြင်း၊ သောကရောက်ခြင်း၊ ဆူဆူပူပူနှင့် အကျိုးပေးခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ပင်ပန်းခြင်း၊ စီးပွား ဖြစ်ထွန်းခြင်းကို ဖြစ်စေတတ်၏။

၃။ အမျိုးသားသည် လက်ဝဲ ၁ ဌာနနှင့် လက်ဝဲ ၂ ဌာနမှ နေ့သမီးနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင် မတည်မြဲခြင်း၊ အနည်းငယ် ရန်ပေါ်ခြင်း၊ ကိုယ်ခန္ဓာပင်ပန်းခြင်း၊ အိမ်ထောင်ရေးသုခ မရှိခြင်း ဖြစ်စေတတ်၏။

၎။ အမျိုးသားသည် လက်ဝဲလက်ယာအောက် ၂ ဌာနမှ နေ့သမီးနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက်မှားသောကြောင့် ဖော်ပြပါအပြစ် ၆ ပါးနှင့် ရန်ဆိုင်ရတတ်ပါသည်။

မှတ်ချက်။ ။ အိမ်ထောင်ဖက်မှန် ရွေးချယ်ရာ၌ မိတ်ရန်ကြည့်ဖို့ မလိုပါ။

အမျိုးသမီး၌ အိထောင်ဖက်မှန် ရွေးချယ်ရန် -

၁။ အမျိုးသမီးသည် လက်ဝဲဂြိုဟ်အထက် ၃လုံးတွင် တိုင်ထိပ်ဌာနနှင့်လက်ဝဲ ၁ ဌာနမှနေ့သားနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက်မှန်သောကြောင့် အိမ်ထောင်တည်မြဲခြင်း၊ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း၊ စီးပွားဖြစ်ထွန်းခြင်း၊ အိမ်ထောင်ရေး သုခရှိုခြင်း၊ အေးချမ်းသာယာစွာ အကျိုးကို ပေးစေတတ်ပါသည်။

၂။ အမျိုးသမီးသည် လက်ဝဲ ၂ ဌာနမှ နေ့သားနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက်မှန်သော်လည်း အိမ်ထောင်တည်မြဲခြင်း၊ စိုးရိပူပန်ရခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ပင်ပန်းခြင်း၊ စီးပွားဖြစ်ထွန်းခြင်းကို ဖြစ်စေတတ်ပါသည်။

၃။ အမျိုးသမီးသည် လက်ယာ ၁ ဌာနနှင့် လက်ယာ ၂ ဌာန နေ့သားနှင့်အိမ်ထောင်ကျလျှင် အိမ်ထောင်တည်မြဲခြင်း၊ အနည်းငယ် ၇န်ပေါ်တတ်ခြင်း၊ ကိုယ်ခန္ဓာပင်ပန်းခြင်း၊ အိမ်ထောင်ရေးသုခ မရှိုခြင်း ဖြစ်တတ်ပါသည်။

၎။ အမျိုးသမီးသည်လက်ဝဲလက်ယာ အောက် ၂ ဌာနမှ နေ့သားနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက် မှားသောကြောင့် ဖော်ပြပါ အပြစ် ၆ ပါးနှင့် ရင်ဆိုင်ရတတ်ပါသည်။

အမှတ် ၁ သည် အကောင်းဆုံး အိမ်ထောင်ဖက်ဟု မှတ်ပါ။
အမှတ် ၂ သည် အလတ်စား အိမ်ထောင်ဖက်ဟု မှတ်ပါ။
အမှတ် ၃ သည် အညံ့စား အိမ်ထောင်ဖက်ဟု မှတ်ပါ။
အမှတ် ၄ သည် အဆိုးဆုံး အိမ်ထောင်ဖက်ဟု မှတ်ယူပါလေ။


၃၄။ အပျိုကြီး လူပျိုကြီးကံ သိစေရန်

အမျိုးသမီးသည် လက်ယာအထက် ၃ လုံးတွင် အလယ်လုံးမှာမွေးနံတွေ့လျှင် (၀ါ) လက်ယာ ၁ မှာ မွေးနံတွေ့လျှင် အပျိုကြီးဖြစ်တတ်၏။

အမျိုးသားသည် လက်ဝဲအထက် ၃ လုံးတွင် အလယ်လုံးမှာ မွေးနံတွေ့လျှင် ( ၀ါ ) လက်ဝဲ ၁ မှာ မွေးနံတွေ့လျှင် လူပျိုကြီးဖြစ်တတ်၏။


၃၅။ အိမ်ထောင်ကျပုံ

၁။ အမျိုးသမီးသည် လက်ယာဂြိုဟ်အထက် ၃ လုံးတွင် အလယ်လုံးမှာ မွေးနံရှိလျှင် အိမ်ထောင်ကျ နောက်ကျခြင်း၊ အိမ်ထောင်ရေး အကျိုးပေးခြင်း၊ ခင်ပွန်းကို အားမကိုးရခြင်း၊ အိမ်ထောင်တစ်ခုလုံးကို မိမိခေါင်းဆောင်၍ အပင်ပန်းခံရခြင်း ဖြစ်တတ်၏။

၂။ လက်ယာဂြိုဟ် တိုင်ထိပ်နှင့် လက်ယာ ၂ မှာမွေးနံရှိလျှင် အသက်ကြီးမှ အိမ်ထောင်ကျတတ်သည်။
၃။ လက်ဝဲ လက်ယာဂြိုဟ် အောက်ဆုံး ၂ လုံးမှာ မွေးနံရှိလျှင် အသက်ငယ်ငယ်မှာပင်အိမ်ထောင်ကျ၍ အိမ်ထောင်မမြဲခြင်း ဖြစ်တတ်ပါသည်။
၎။ လက်ဝဲ ၁ နှင့် လက်ဝဲ ၂ မှာ မွေးနံရှိလျှင် ဓမ္မတာအတိုင်း အိမ်ထောင်ကျမည်၊ အိမ်ထောင်ကျသောအခါ ပျော်ပျော်ရွှင်ရွှင် ရှိမည်။


၁။ အမျိုးသားသည် လက်ဝဲဂြိုဟ် အထက် ၃ လုံးတွင် အလယ်လုံးမှာ မွေးနံရှိလျှင် အိမ်ထောင်ကျ နောက်ကျခြင်း၊ အိမ်ထောင်ရေး အကျိုးမပေးခြင်း၊ ဇနီးကို အားမကိုးရခြင်း၊ အပင်ပန်းခံရခြင်း၊ အိမ်တွင်းရေး ပူပန်ရခြင်းဖြစ်တတ်သည်။

၂။ လက်ဝဲဂြိုဟ် တိုင်ထိပ်နှင့် လက်ဝဲ ၂ မှာ မွေးနံရှိလျှင် အသက်ကြီးမှ အိမ်ထောင်ကျတတ်သည်။

၃။ လက်ဝဲလက်ယာ အောက်ဆုံး ၂ လုံးမှာ မွေးနံရှိလျှင် အသက်ငယ်ငယ်မှာပင် အိမ်ထောင်ကျ၍ အိမ်ထောင်မမြဲခြင်း ဖြစ်တတ်ပါသည်။

၎။ လက်ယာ ၁ နှင့် လက်ယာ ၂ မှာ မွေးနံရှိလျှင် ဓမ္မတာ အတိုင်း အိမ်ထောင်ကျမည်။ အိမ်ထောင်ကျသောအခါ ပျော်ပျော်ရွှင်ရွှင် ရှိမည်။

မှတ်ချက်။ ။ မွေးနံနှင့် နာမည် ညီညွှတ်သောသူအတွက်သာ ဖြစ်သည်။


၃၆။ သားသမီး အကျိုး ပေး မပေး သိဖို့ရေး

အမိ အဖတို့၏ နာမက္ခရတိုင်မှာ ကြည့်၍ အမိကို အကျိုးပေးမည်။ အဖကို အကျိုးပေးမည်ဟု ဟောပြောခြင်းဖြစ်သည်။

ဤဟောကွက်သည် အမိအဖတို့၏ စိတ်နှလုံးကု ရွှင်ပြုံးစေတတ်သော ဟောကွက်ဖြစ်သည်။ အမိအဖတိုင်းပင်လျှင် သားသမီးတို့၏ အကျိုးအပြစ်ကို သိလိုကြ၏။ ထို့ကြောင့် နာမက္ခရဆန်း နာမည် အဟောကျမ်းမှာ သားသမီးတို့၏ အကျိုးအပြစ်ကို အပြည့်အစုံဖော်ပြရေးသားလိုက်ခြင်းဖြစ်ပေသည်။

အဖ၏ နာမက္ခရတိုင်တွင် -
ကလေး၏ မွေးနံသည် လက်ယာဂြိုဟ် အထက် ၃လုံးမှာ တွေ့လျှင် အဖကို အကျိုးပေးမည့် သားသမီးဟု မှတ်ရမည်။
ကလေး၏ မွေးနံသည် လက်ဝဲဂြိုဟ်အထက် ၃ လုံးမှာ တွေ့လျှင် အဖ၌အကျိုးအပြစ်မရှိဟု မှတ်ရမည်။
ကလေး၏ မွေးနံသည် လက်ဝဲ အောက်ဆုံး အလုံးမှာတွေ့လျှင် အမိအတွက် အဖ စိတ်ဆင်းရဲစရာ ကြုံတွေ့တတ်သည်ဟုမှတ်ရမည်။
ကလေး၏ မွေးနံသည် လက်ယာ အောက်ဆုံးအလုံးမှာ တွေ့လျှင် အဖစီးပွားရေး ၊ အိမ်ထောင်ရေး ပျက်ပြားတတ်သည်ဟုမှတ်ရမည်။
ကလေး၏ မွေးနံသည် လက်ဝဲဂြိုဟ် အောက်ဆုံးအလုံးမှာ တွေ့လျှင် အမိ ကျန်းမာရေး ၊ အိမ်ထောင်ရေး ပျက်ပြားတတ်သည်ဟု မှတ်ရမည်။

နာမက္ခရဆန်းနာမည် အဟောကျမ်းကြီး-အပိုင်း(၅)

၂၆။ နာမက္ခရတိုင် တွက်နည်း

တွက်လိုသောသူ၏ မွေးသက္ကရာဇ်ကိုတည်၊ ၁ ခုနုတ်၊ ၇ ဖြင့်စား၍ အကြွင်းကို တိုင်ထိပ်ကွက်မှာ တင်ပြီး တစ်ခုတိုး၍ ( ဂြိုဟ်စဉ်အတိုင်း ) လက်ယာ လက်ဝဲ -လက်ယာ လက်ဝဲ လက်ယာ လက်ဝဲအောက်ဆုံး လက်ယာကွက် မှ အထက်သို့ အစဉ်အတိုင်း ချပါ။

ဥပမာ - ၁၃၃၂ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက်၊ ဗုဒ္ဓဟူးနေ့ မွေးဖွားသော ရဲသိမ်းကို တွက်ကြည့်မည် ဆိုကြပါစို့။

မွေးသက္ကရာဇ်ကိုတည် - ၁၃၃၂

ပုံစံ




ယင်း နာမက္ခရတိုင်တွင် မွေးနံရှိရာ ဌာနကို မှတ်၍
လက်ယာကွက်တွင် မွေးနံတွေ့လျှင် လက်ယာဖွားဟု မှတ်ပါ။
လက်ဝဲကွက်တွင်မွေးနံတွေ့လျှင် လက်ဝဲဖွားဟု မှတ်ပါ။
မောင်ရဲသိမ်းသည် မွေးနံ လက်ယာကွက်မှာ တွေ့သောကြောင့် လက်ယာဖွားဟုမှတ်။




၂၇။ နမက္ခရတိုင် ၇ဌာန သဘောထား

နမက္ခရတိုင်သည် တိုင်ထိပ် လက်ယာ ၁၊ လက်ယာ ၂၊ လက်ယာ ၃၊ လက်ဝဲ ၁၊ လက်ဝဲ၂၊ လက်ဝဲ၃ အားဖြင့် ၇ ဌာနရှိ၏

၁။ တိုင်ထိပ်ဌာနသည် အောင်မြင်မှုများခြင်း၊ ပွင့်လင်း ထင်ရှားခြင်း၊ အပြောအဟော ကောင်း၍ ဇွဲလုံ့လရှိုခြင်း၊ အများ၏ ခေါင်းဆောင်ဖြစ်ခြင်း၊ အသန့်အပြန့်ကြိုက်ခြင်း သဘောရှိ၏။ အမျိုးသား၊ အမျိုးသမီး နှစ်ဦးလုံး၌ ကောင်းကျိုးကို ဆေးဆေးစွာ ပေးစေတတ်၏။

၂။ လက်ယာ ၁ ဌာနသည် အပြော အဟောကောင်း၍ သြဇာရှိခြင်း၊ လူမှုရေးအလုပ်ကို ၀ါသနာပါခြင်း၊ ကိုယ်ခန္ဓာ အပင်ပန်းခံတတ်ခြင်း၊ ဖြစ်သလို နေတတ်ခြင်း သဘောရှိ၏။ အမျိုသား၌ ပူပူဆူဆူနှင့် အကျိုးပေးစေတတ်၏။

၃။ လက်ယာ ၂ ဌာနသည် အေးဆေးစွာနေတတ်ခြင်း၊စကားနည်းခြင်း၊ ဘာသာရေးအလုပ်ကို ၀ါသနာပါခြင်း၊ အကြံအစည်ကြီးခြင်း၊ အောင်မြင်မှုများခြင်း၊ သဘောရှိ၏။ အမျိုးသား၌ ကောင်းကျိုးကို အေးဆေးစွာ ပေးစေတတ်၏။

၎။ လက်ယာ ၃ ဌာနသည် အပြောအဆို တိုတောင်းခြင်း၊ တစ်ဇွတ်ထိုးလုပ်တတ်ခြင်း၊ အရာရာမှာ ရန်ပေါ်တတ်ခြင်း၊ လှုပ်ရှားမှုမကို ၀ါသနာပါခြင်း သဘောရှိ၏။ အမျိုးသား၌ ဆိုးကျိုးကို များစွာ ပေးစေတတ်၏။

၅။ လက်ဝဲ ၂ ဌာနသည် အောင်မြင်မှုများခြင်း၊ အပြောအဆို ကောင်းခြင်း၊ ကိုယ်ခန္ဓာ သိမ်မွေ့ခြင်း၊ အသန့်အပြန့်ကြိုက်ခြင်း၊ အနုပညာ ၀ါသနာပါခြင်း သဘောရှိ၏။ အမျိုးသမီး၌ ကောင်းကျိုးကို အေးဆေးစွာ ပေးစေတတ်၏။

၆။ လက်ဝဲ ၂ ဌာနသည် အပြောအဆို တိုတောင်းခြင်း၊ အလှအပ မြတ်နိုးခြင်း၊ အတိုက်အခံဖြင့် အောင်မြင်ခြင်း၊ အိမ်ထောင်ရေး အခက်အခဲကြုံတွေ့တတ်ခြင်း သဘောရှိ၏။ အမျိုးသမီး၌ ဆူဆူပူပူနှင့် အကျိုးပေး စေတတ်၏။

၇။ လက်ဝဲ ၃ ဌာနသည် စကားများများ ပြောဆိုတတ်ြခင်း၊ အသွားအလာ များခြင်း၊ မတင်မကျဖြစ်ခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ပင်ပန်းခြင်း၊ အားနာမှုများခြင်း သဘောရှိ၏။ အမျိုးသမီး၌ ဆိုးကျိုးကို များစွာ ပေးစေတတ်၏။

ဤ ၇ ဌာန၏ သဘောအဓိပ္ပာယ်ကို အကြိမ်ကြိမ်လေ့လာ၍ မွေးနံသည် အဘယ်ဌာနမှာ ရှိသည်၊ လက်ယာဖွား ဖြစ်သည်၊ လက်ဝဲဖွား ဖြစ်သည်၊ တိုင်ထိပ်ဖွား ဖြစ်သည်ကို ဉာဏ်စေစား၍ ဟောကြားကြပါကုန်။

ရုပ်ခန္ဓာကို နာမ်ခန္ဓာက ဦးဆောင်၏။

မွေးဖွားပုံ ၇ ဌာန၏ သဘောများကို ထင်ရှားအောင် ဖော်ပြရေးသားပြီး၍ နာမ်ခန္ဓာခေါ် နာမည် အဖျားလုံး၏ ၇ ဌာန သဘောသွားကို ထင်ရှားအောင် ဖော်ပြပေးအံ့။ နာမက္ခရတိုင်၌ နာမည်သည် ဘယ်နှလုံးပင် ရှိရှိ နာမည် အရင်းလုံးနှင့် နာမည်အဖျားလုံးကို အဓိကထား၍ ကြည့်ရမည် ဖြစ်၏။

အမျိုးသား အမျိုးသမီးများသည် -

၁။ နာမည် အဖျားလုံး တိုင်ထိပ်ဌာနမှာရှိလျှင် ဘာလုပ်လုပ် ဘာကြံကြံ နှစ်မျိုးနှစ်စား လုပ်တတ် ကြံတတ်ခြင်း၊ ကူညီသူပေါခြင်း၊ ရွှင်လန်းစွာ အောင်မြင်ခြင်းကို ဖြစ်စေတတ်၏။

၂။ အမျိုးသားသည် နာမည် အဖျားလုံး လက်ယာ ၂ မှာရှိလျှင် အကြံအစည်ကြီးခြင်း၊ စကားနည်းခြင်း ၊ တည်ကြည်ခြင်း၊ အေးချမ်းသာယာစွာ အောင်မြင်ခြင်းကို ဖြစ်စေတတ်၏။

၃။ အမျိုးသားများသည် နာမည်အဖျားလုံးလက်ယာ ၁ မှာရှိလျှင် အတိုက်အခံဖြင့် အောင်မြင်ခြင်း၊ လှုမှုရေးအလုပ်ကို ၀ါသနာပါခြင်း၊ ကိုယ်ထူးကိုယ်ချွန် ကိုယ့်အားကိုယ်ကိုး အကျိုးပေးခြင်းမျိုးကို ဖြစ်စေတတ်၏။

၎။ အမျိုးသားများသည် နာမည်အဖျားလုံး လက်ယာ ၃ မှာရှိလျှင် စိတသောက ဗျာပါဒများခြင်း၊ အောင်မြင်မှုနည်းခြင်း၊ ဘေးဥဒ်သင့်ခြင်း၊ အိမ်ထောင်ရေး စီးပွါးရေး ပျက်ပြား ရန်ပေါ်တတ်ခြင်း ဖြစ်တတ်၏။

၅။ အမျိုးသားများသည် နာမည်အဖျားလုံး လက်ဝဲ ၁ မှာရှိလျှင် စိတ်အားငယ်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ဆုံးဖြတ်ချက်မြန်ခြင်း၊ အနည်းငယ် အောင်မြင်ခြင်းကို ဖြစ်စေတတ်၏။

၆။ အမျိုးသားများသည် နာမည်အဖျားလုံးလက်ဝဲ ၂ မှာရှိလျှင် အတိုက်အခံပေါ်ခြင်း၊ အတိုက်အခံဖြင့် အောင်မြင်ခြင်း၊ အားနာမှုများခြင်း၊ ဇွဲလုံလ မရှိခြင်း၊ ကတိမတည်ခြင်းကို ဖြစ်စေတတ်၏။

၇။ အမျိုးသားများသည် နာမည်အဖျားလုံးလက်ဝဲ ၃ မှာရှိလျှင် ဘေးရန်များခြင်း၊ ဆုံးရှုံးနစ်နာခြင်း၊ သူတစ်ပါးကို အားကိုးရခြင်း၊ စိတ်ပင်ပန်းခြင်း၊ ရောဂါဆိုး ဥပဒ်ဆိုးတို့နှင့်တွေ့ကြုံရခြင်း သဘောရှိ၏။


၁။ အမျိုးသမီးများသည် နာမည်အဖျားလုံး လက်ဝဲ ၁ မှာရှိလျှင် စိတ်အားထက်မြက်ခြင်း၊ ခင်မင်ကျွမ်းဝင်ခြင်း၊ အောင်မြင်မှုများခြင်း၊ အေးချမ်းသာယာစွာ ကောင်းကျိုးကို ပေးစေခြင်း ဖြစ်တတ်၏။

၂။ အမျိုးသမီးများသည် နာမည်အဖျားလုံး လက်ဝဲ ၂ မှာရှိလျှင် ဆူဆူပူပူနှင့် အကျိုးပေးခြင်း၊ စိတ်သောကရောက်ခြင်း၊ ကိုယ်ထူးကိုယ်ချွန် ကိုယ့်အားကိုယ်ကိုးရခြင်းများ ဖြစ်တတ်၏။

၃။ အမျိုးသမီးများသည် နာမည်အဖျားလုံး လက်ဝဲ ၃ မှာရှိလျှင် သြဇာမဲ့ခြင်း၊ အိမ်ထောင်ရေး ၊ စီးပွါးရေး ရန်ပေါ်ပျက်ပြားတတ်ခြင်း၊ အောင်မြင်မှု နည်းခြင်းကို ဖြစ်စေတတ်၏။

၎။ အမျိုးသမီးများသည် နာမည်အဖျားလုံး လက်ယာ ၁ မှာရှိလျှင် အပြောဆို ကြမ်းတမ်းခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ပင်ပန်းခြင်း၊ သောကဖြင့် အောင်မြင်ခြင်းကို ဖြစ်စေတတ်၏။

၅။ အမျိုးသမီးများသည် နာမည်အဖျားလုံး လက်ယာ ၂ မှာရှိလျှင် စကားပြောနည်းခြင်း၊ ဘာသာရေးအလုပ်ကို ၀ါသနာပါခြင်း၊ စိတ်ပင်ပန်းခြင်း ၊ အောင်မြင်မှုနည်းခြင်းကို ဖြစ်စေတတ်၏။

၆။ အမျိုးသမီးများသည် နာမည်အဖျားလုံး လက်ယာ ၃ မှာရှိလျှင် ကျန်းမာရေး ချို့တဲ့ခြင်း၊ အရာရာမှာ ရန်ပေါ်ခြင်း၊ စကားပြော တိုတောင်းခြင်း၊ ဘေးဥပဒ်သင့်ခြင်းကို ဖြစ်စေတတ်၏။ ဤသည်ကား နာမည်ပဌာန၊ နံပဌာနပြု၍ ဟောပြောခြင်းမျိုးဖြစ်၏။ နာမက္ခရတိုင်၏ ဌာနသဘောကို နားလည်သဘောပေါက်စေခြင်း အကျိုးငှာ အသေးစိတ် ဖော်ပြလိုက်ခြင်းဖြစ်ပေ၏။

ပြည့်စုံစေဦးအံ့

မဖော်ပြ မရေးသားရသေးသည်ကို ထည့်သွင်း ဖော်ပြရမည်လားဟု သဘောမကျ မရှိကြလင့်၊ ရုပ်ခန္ဓာ -နာမ်ခန္ဓာကို ဟောပြောရာ၌ နာမက္ခရတိုင်နှင့် ဖိုအက္ခရာ၊ မအက္ခရာ အကြောင်းသည် ဆက်စပ်လျှက်ရှိ၏။

နာမက္ခရတိုင်၌ လက်ဝဲလက်ယာ အကြောင်းသည် ဖိုအက္ခရာ မအက္ခရာနှင့် တူ၏။ ဖိုအက္ခရာ မအက္ခရာ သည်ပင်လျှင် နာမက္ခရတိုင်၏ လက်ဝဲလက်ယာနှင့် တူ၏ဟု မှတ်ယူပါလေ။ ဖိုအက္ခရာ မက္ခရာ၏ သဘော အဓိပ္ပာယ်ကို ဖော်ပြလတ္တံ ဖြစ်တဲ့ နောက်ပိုင်း၌ ထင်ရှားလတ္တံ။

၂၉။ နာမက္ခရတိုင်နှင့် ဖို၊ မ အကြောင်း သိကောင်းစရာ

၁။ ဖိုအက္ခရာသည် ကြမ်းတမ်းခြင်း၊ ဇွဲသတ္တိရှိခြင်း၊ ဖြစ်သလိုနေတတ်ခြင်း၊ သဘောရှိ၏။
၂။ မ အက္ခရာသည် နူးညံ့သိမ်မွေ့ခြင်း၊ အပြောအဆို ချိုသာခြင်း၊ အသန့်အပြန့်ကြိုက်ခြင်း၊ အားငယ်ခြင်း သဘောရှိ၏။
၃။ ဒွေဒေဟ အက္ခရာသည် ကိုယ်ခန္ဓာကြမ်းတမ်းခြင်း၊ အပြောအဆို တိုတောင်းခြင်း၊ တစ်ဇွတ်ထိုး လုပ်တတ်ခြင်း၊ နှစ်မျိုးနှစ်ခွဖြစ်ခြင်း သဘောရှိ၏

၁။ မွေးနံသည် ကိုယ်စိတ်နှစ်ပါးလုံးနှင့်ပင် ဆိုင်၏။
၂။ နာမည်အရင်းလုံးသည် ရုပ်ခန္ဓာနှင့်ဆိုင်၏။
၃။ နာမည် အဖျားလုံးသည် နာမ်ခန္ဓာနှင့်ဆိုင်၏။

မှတ်ချက်။ ။ မွေးနံသည် အသက် (၁၂) နှစ်အရွယ်မှာ အရေးကြီး၏။
နာမည်သည် အသက် (၁၂) နှစ်မှ ကျော်လျှင် အရေးကြီး၏။

၁။ နာမည်အရင်းလုံး လက်ယာမှာရှိ၍ ဖိုအက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာကြမ်းတမ်းခြင်း၊ ဖြစ်သလိုနေတတ်ခြင်း၊ ဇွဲလုံ့လရှိခြင်း သဘောရှိ၏။

၂။ နာမည်အရင်းလုံး လက်ယာမှာရှိ၍ မ အက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာကြမ်းတမ်းသော်လည်း အပင်ပန်းခံနိုင်ခြင်း၊ ဖြစ်လိုနေတတ်ခြင်း၊ ဇွဲလုံ့လမရှိခြင်း သဘောရှိ၏။

၃။ နာမည်အရင်းလုံး လက်ယာမှာရှိ၍ ဒွေဒေဟ အက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာ ကြမ်းတမ်းခြင်း၊ ဖြစ်သလိုနေတတ်ခြင်း၊ လုံ့လမရှိခြင်း၊ ကိုယ်ခန္ဓာ အပင်ပန်းခံနိုင်ခြင်း သဘောရှိ၏။

၎။ အမည်အရင်းလုံး လက်ဝဲမှာရှိ၍ ဖိုအက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာ နူးညံ့သိမ်မွေ့သော်လည်း အပင်ပန်းခံနိုင်ခြင်း၊ အသန့်အပြန့်ကြိုက်ခြင်း၊ ဇွဲလုံ့လ မရှိခြင်း သဘောရှိ၏။

၅။ အမည်အရင်းလုံး လက်ဝဲမှာရှိ၍ မအက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာ နူးညံ့သိမ်မွေ့ခြင်း၊ အပင်ပန်းမခံနိုင်ခြင်း၊ အသန့်အပြန့်ကြိုက်ခြင်း၊ ဇွဲလုံ့လ မရှိခြင်း သဘောရှိ၏။

၆။ နာမည်အရင်းလုံး လက်ဝဲမှာရှိ၍ ဒွေဒေဟ အက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာ နူးညံ့သိမ်မွေ့သော်လည်း ပင်ပန်းခံရခြင်း၊ဇွဲလုံ့လရှိခြင်း၊ အသန့်အပြန့်ကြိုက်ခြင်း၊ မတင်မကျဖြစ်ခြင်း၊ သဘောရှိ၏။

၇။ နာမည်အရင်းလုံး တိုင်ထိပ်မှာရှိ၍ ဖိုအက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာ တည်ကြည်ခန့်ညားခြင်း၊ ဇွဲလုံ့လရှိခြင်း၊ ကိုယ်ခန္ဓာချမ်းသာခြင်း၊ ဖြစ်သလိုနေတတ်ခြင်း သဘောရှိ၏။

၈။ နာမည်အရင်းလုံး တိုင်ထိပ်မှာရှိ၍ မအက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာလှပေသိမ်မွေ့ခြင်း၊ အပင်ပန်းခံနိုင်ခြင်း၊ အသန့်အပြန့် ကြိုက်ခြင်း သဘောရှိ၏။

၉။ နာမည်အရင်းလုံး တိုင်ထပ်ရှိ၍ ဒွေဒဟ အက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာကြမ်းတမ်းခြင်း၊ အပင်ပန်းခံနိုင်ခြင်း၊ ဇွဲလုံ့လမရှိခြင်း၊ ကိုယ်ခန္ဓာမညီညွတ်ခြင်း သဘောရှိ၏။

၁။ နာမည်အဖျားလုံး လက်ယာမှရှိ၍ ဖိုအက္ခရာဖြစ်လျှင် အပြောအဆိုကြမ်းတမ်းခြင်း၊ သတ္တိရှိခြင်း၊ သစ္စာရှိခြင်း သဘောရှိ၏။

၂။` နာမည်အဖျားလုံး လက်ယာမှရှိ၍ မ အက္ခရာဖြစ်လျှင် အပြောအဆို ချိုသာခြင်း၊ စိတ်အားငယ်ခြင်း၊ ကတိမတည်ခြင်း သဘောရှိ၏။

၃။ နာမည်အဖျားလုံး လက်ယာမှရှိ၍ ဒွေဒေဟ အက္ခရာဖြစ်လျှင် ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်ခြင်း၊ တစ်ဇွတ်ထိုးလုပ်တတ်ခြင်း သဘောရှိ၏။

၎။ နာမည်အဖျားလုံး လက်ဝဲမှာရှိ၍ ဖိုအက္ခရာဖြစ်လျှင် အပြောအဆိုကြမ်းတမ်းခြင်း၊ စိတ်အားငယ်ခြင်း၊ သစ္စာရှိခြင်း သဘောရှိ၏။

၅။ နာမည်အဖျားလုံး လက်ဝဲမှာရှိ၍ မ အက္ခရာဖြစ်လျှင် အပြောအဆို ချိုသာခြင်း၊ စိတ်အားငယ်ခြင်း၊ အလှအပ မြတ်နိုးခြင်း၊ အားနာမှုများခြင်း သဘောရှိ၏။

၆။ နာမည်အဖျားလုံး လက်ဝဲမှာရှိ၍ ဒွေဒေဟ အက္ခရာဖြစ်လျှင် အပြောအဆို ကြမ်းတမ်းခြင်း၊ စိတ်အားငယ်ခြင်း၊ သစ္စာမရှိခြင်း သဘောရှိ၏။

၇။ နာမည်အဖျားလုံး တိုင်ထိပ်မှာရှိ၍ ဖိုအက္ခရာဖြစ်လျှင် အပြောအဆိုကောင်းခြင်း၊ အောင်မြင်မှုများခြင်း၊ သစ္စာရှိခြင်း သဘောရှိ၏။

၈။ နာမည်အဖျားလုံး တိုင်ထိပ်မှာရှိ၍ မအက္ခရာဖြစ်လျှင် အပြောအဆိုချိုသာခြင်း၊ အောင်မြင်မှုများခြင်း၊ အလှအပမြတ်နိုးခြင်း သဘောရှိ၏။

၉။ နာမည်အဖျားလုံး တိုင်ထိပ်မှာရှိ၍ ဒွေဒေဟ အက္ခရာဖြစ်လျှင် ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်ခြင်း၊ သတ္တိရှိခြင်း၊ ကတိမတည်ခြင်း သဘောရှိ၏။

ဤကဲ့သို့ နာမက္ခရတိုင်မှာ ကြည့်၍ နာမည်အရင်းလုံး လက်ဝဲမှာရှိသည်၊ လက်ယာမှာရှိသည်။ တိုင်ထိပ်မှာရှိသည်။ နာမည်အဖျားလုံး လက်ဝဲမှာရှိသည်။ လက်ယာမှာရှိသည်။ တိုင်ထိပ်မှာရှိသည်။
နာမည်နှစ်လုံးစလုံး လက်ယာမှာရှိသည်။ လက်ဝဲမှာရှိသည်။ တိုင်ထိပ်မှာရှိသည်တို့ကို ဝေဖန်၍ ဖိုအက္ခရာ၊ မအက္ခရာ၊ ဒွေဒေဟ အက္ခရာတို့ဖြင့် မမှားရအောင် သတိဆောင်၍ ဟောကြပါကုန်။


၃၀။ ၀ါသနာပါသောအလုပ်

နာမအက္ခရာတိုင်သည် လက်ယာ ၃ ဌာန၊ လက်ဝဲ ၃ ဌာန တိုင်ထိပ် ၁ ဌာနအားဖြင့် ၇ ဌာန ရှိ၏။
ယင်း ၇ ဌာနတွင် နာမည် အဖျားလုံးရှိသော ဌာနများသည် ၀ါသနာပါတတ်၏။
နာမည် အရင်းလုံးရှိသော ဌာနများသည် ကိုယ်တိုင်လုပ်ကိုင်ရ တတ်၏။

ဥပမာ။ ။ ၁ ခုကြွင်း နာမက္ခရတိုင်၌ -

၁။ မြင့်သိန်းဆိုလျှင် ကုန်သည်ကြီးအလုပ်၊ အနုပညာအလုပ်၊ ပွဲစားအလုပ်၊ ဟောပြောရေးအလုပ်မျိုးကို ၀ါသနာပါတတ်သည်။

၂။ ၀င်းမြင့်ဆိုလျှင် စက်မှု၊ စစ်ဘက်၊ ဆေးပညာအလုပ်၊ ပညာပေးအလုပ်၊ စည်းရုံးရေးအလုပ်မျိုးကို ၀ါသနာပါတတ်သည်။ ကုန်သည်အလုပ်၊ အနုပညာအလုပ်၊ပွဲစားအလုပ်မျိုးကို လုပ်ရတတ်ပါသည်။

၃။ မြင့်အောင်ဆိုလျှင် အစစကို ၀ါသနာပါ၍ စည်းရုံးရေးအလုပ်၊ မင်းမှုထမ်းအလုပ်၊ ပညာပေးအလုပ်၊ စက်မှု၊ စစ်ဘက်၊ ဆေးပညာ အလုပ်မျိုးကို လုပ်ကိုင်ရတတ်ပါသည်။

ဤကဲ့သို့ နာမည်အဖျားလုံး လက်ယာမှာရှိလျှင် လက်ယာဂြိုဟ်များသည် ၀ါသနာပါသော အလုပ်ဖြစ်၏။ နာမည်အဖျားလုံး လက်ဝဲမှာရှိလျှင် လက်ဝဲဂြိုဟ်များသည်ဝါသနာပါသော အလုပ်ဖြစ်၏။

ပြန်လည်တင်ပြသူ
သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

နာမက္ခရဆန်းနာမည် အဟောကျမ်းကြီး-အပိုင်း(၄)

၁၈။ အခြေခံ နာမည်စစ်ဆေးပုံ
နာမက္ခရဆန်း နာမည်အဟောကျမ်း
နာမည်ကိုကြည့်၊ ရုပ်ခန္ဓာ ၀မည် ပိန်မည် ဟောပြောရာတွင် နာမည်တစ်လုံးတည်း ရှိသူများမှာ လူတို့၏ သက်တမ်းကို ၂ ပိုင်းခွဲ၍ -

ပါပဓာတ်ဖိုဖြင်လျှင် ပထမအရွယ်မှာ ၀ ၍ ကိုယ်ခန္ဓာလှုပ်ရှားမည်။
ဒုတိယအရွယ်မှာ ပိန်မည်။ ဥပမာ - မဥ၊ ကိုညွှန့်။

သောမဓာတ်ဖိုဖြစ်လျှင် ပထမအရွယ်မှာ အနည်းငယ်ဝ၍ ကိုယ်ခန္ဓာသွက်လက်မည်။
ဒုတိယအရွယ်မှာ အနည်းငယ် ပိန်မည်။ ဥပမာ - မကျင်၊ ကိုဝင်း။

ပါပဓတ်မဖြစ်လျှင် ပထမအရွယ်မှာ အနည်းငယ်ပိန်၍ ကိုယ်ခန္ဓာ အေးဆေးမည်။
ဒုတိယအရွယ်မှာ ၀ မည်။ ဥပမာ - မတင်၊ ကိုရှိန်း။

သောမ ဓာတ်မဖြစ်လျှင် ပထမအရွယ်မှာ ၀၍ ကိုယ်ခန္ဓာတည်ငြိမ်မည်။
ဒုတိယအရွယ်မှာအနည်းငယ် ၀ မည်။ ဥပမာ - မသန်း - ကိုမြ။

နာမည် ၂ လုံးရှိသူများ
၁။ နာမည်အရင်းလုံး ပါပ ဓတ်ဖိုဖြစ်၍ နာမည်အဖျားလုံး ပါပဓတ်ဖို ဖြစ်လျှင် -ဥပမာ - မအေးညွှန့် ၊ ကိုညွှန့်အောင် ကိုယ်ခန္ဓာ လှုပ်ရှားသွက်လက်မည်၊ ပထမ အရွယ်မှာ ပိန်မည်၊ ဒုတိယ အရွယ်မှာလည်း ပိန်မည်

၂။ နာမည်အရင်းလုံး ပါပဓာတ်ဖို ဖြစ်၍ နာမည်အဖျားလုံး သောမဓတ်ဖိုဖြစ်လျှင် ဥပမာ - မအေးကျင် - ကိုစိန်လှ။ ကိုယ်ခန္ဓာလှုပ်ရှား သွက်လက်မည်။ ပထမအရွယ်မှာ ပိန်မည်။ ဒုတိယအရွယ်မှာ အနည်းငယ် ၀ မည်။

၃။ နာမည် အရင်းလုံး ပါပဓာတ်ဖိုဖြစ်၍ နာမည်အဖျားလုံး ပါပဓာတ်မ ဖြစ်လျှင် ဥပမာ- မအေးရှိ - ကိုစိန်ဌေး။
ကိုယ်ခန္ဓာသွက်လက်မည်။ အနည်းငယ် လှုပ်ရှားမည်။ ပထမအရွယ်မှာ ပိန်မည်၊ ဒုတိယအရွယ်မှာ အနည်းငယ် ၀မည်။

၎။ နာမည် အရင်းလုံး ပါပဓာတ်ဖိုဖြစ်၍ နာမည်အဖျားလုံး သောမဓာတ်မ ဖြစ်လျှင် - ဥပမာ - မစိန်မြ- ကိုအောင်သိန်း။ ကိုယ်ခန္ဓာသွက်လက်မည်။ အနည်းငယ် လှုပ်ရှားမည်။ ပထမအရွယ်မှာ ပိန်မည်၊ ဒုတိယအရွယ်မှာ အနည်းငယ် ၀မည်။

၁။ နာမည်အရင်းလုံး ပါပဓာတ်မဖြစ်၍ နာမည်အဖျားလုံး ပါပဓတ်ဖိုဖြစ်လျှင် ဥပမာ- မတင်အေး - ကိုရွှေစိန်။
ကိုယ်ခန္ဓာလှုပ်ရှားသွက်လက်မည်။ ပထမအရွယ်မှာ အနည်းငယ် ၀ ၍ ဒုတိယအရွယ်မှာ ပိန်မည်။

၂။ နာမည်အရင်းလုံး ပါပဓာတ်မဖြစ်၍ နာမည်အဖျားလုံး ပါပဓတ်ဖိုဖြစ်လျှင် ဥပမာ- မတင်စိန် - ကိုရွှေအေး။
ကိုယ်ခန္ဓာအနည်းငယ်လှုပ်ရှားမည်။ ပထမအရွယ်မှာ အနည်းငယ် ၀ ၍ ဒုတိယအရွယ်မှာ ပိန်မည်။

၃။ နာမည်အရင်းလုံး ပါပဓာတ်မဖြစ်၍ နာမည်အဖျားလုံး သောမဓတ်ဖိုဖြစ်လျှင် - ဥပမာ- မတင်ကြည် - ကိုရွှေဝင်း။ ကိုယ်ခန္ဓာအနည်းငယ်လှုပ်ရှားမည်။ ပထမအရွယ်မှာ အနည်းငယ် ၀ ၍ ဒုတိယအရွယ်မှာ အနည်းငယ် ၀မည်။

၎။ နာမည်အရင်းလုံး ပါပဓာတ်မဖြစ်၍ နာမည်အဖျားလုံး သောမဓတ်မဖြစ်လျှင် - ဥပမာ -မတင်မြ -ကိုရွှေသိန်း။
ကိုယ်ခန္ဓာ အနည်းငယ်လှုပ်ရှားမည်။ ပထမအရွယ်မှာ အနည်းငယ် ၀ ၍ ဒုတိယအရွယ်မှာ ၀မည်

၁။ နာမည်အရင်းလုံး သောမဓာတ်ဖိုဖြစ်၍ နာမည်အဖျားလုံး ပါပဓာတ်ဖိုဖြစ်လျှင် -ဥပမာ - မ၀င်းအေး ၊ ကိုကျော်စိန်။ ကိုယ်ခန္ဓာအနည်းငယ်သွက်လက်လှုပ်ရှားမည်။ ပထမအရွယ်မှာ အနည်းငယ် ၀ ၍ ဒုတိယအရွယ်မှာ ပိန်မည်။

၂။ နာမည်အရင်းလုံး သောမဓာတ်ဖိုဖြစ်၍ နာမည်အဖျားလုံး သောမဓာတ်ဖိုဖြစ်လျှင်- ဥပမာ - မလှလှ ၊ ကိုကျော်ခင်။ ကိုယ်ခန္ဓာ အနည်းငယ်သွက်လက်မည်။ ပထမအရွယ်မှာ အနည်းငယ် ၀ ၍ ဒုတိယအရွယ်မှာ အနည်းငယ် ပိန်မည်။

၃။ နာမည်အရင်းလုံး သောမဓာတ်ဖိုဖြစ်၍ နာမည်အဖျားလုံး သောမဓာတ်ဖိုဖြစ်လျှင်- ဥပမာ - မခင်ရွှေ ၊ ကိုဝင်းကျော်။ ကိုယ်ခန္ဓာ အနည်းငယ် သွက်လက်မည်။ ပထမအရွယ်မှာ အနည်းငယ် ၀ ၍ ဒုတိယအရွယ်မှာ အနည်းငယ် ပိန်မည်။

၎။ နာမည်အရင်းလုံး သောမဓာတ်ဖိုဖြစ်၍ နာမည်အဖျားလုံး သောမဓာတ်မဖြစ်လျှင်- ဥပမာ- မကျင်သန်း ၊ ကိုဝင်းဖေ။ ကိုယ်ခန္ဓာ အနည်းငယ် သွက်လက်မည်။ ပထမအရွယ်မှာ အနည်းငယ် ၀ ၍ ဒုတိယအရွယ်မှာ အနည်းငယ် ၀ မည်။

၁။ နာမည်အရင်းလုံး သောမဓာတ်မဖြစ်၍ နာမည်အဖျားလုံး ပါပဓာတ်ဖိုဖြစ်လျှင်- ဥပမာ- မသန်းစိန်၊ ကိုမျိုးအောင်။ ကိုယ်ခန္ဓာ တည်ငြိမ်မည်။ ပထမအရွယ်မှာ ၀ ၍ ဒုတိယ အရွယ်မှာပိန်မည်။

၂။ နာမည်အရင်းလုံး သောမဓာတ်မဖြစ်၍ နာမည်အဖျားလုံး သောမဓာတ်ဖိုဖြစ်လျှင် - ဥပမာ - မမြတင်၊ ကိုသိန်းရွှေ။ ကိုယ်ခန္ဓာတည်ငြိမ်မည်။ ပထမအရွယ်မှာ ၀ ၍ ဒုတိယ အရွယ်မှာ အနည်းငယ် ပိန်မည်။

၃။ နာမည်အရင်းလုံး သောမဓာတ်မဖြစ်၍ နာမည်အဖျားလုံး ပါပဓာတ်မဖြစ်လျှင်- ဥပမာ- မမြတင်၊ ကိုသိန်းရွှေ။
ကိုယ်ခန္ဓာတည်ငြိမ်မည်။ ပထမအရွယ်မှာ ၀ ၍ ဒုတိယ အရွယ်မှာ အနည်းငယ် ပိန်မည်။

၎။ နာမည်အရင်းလုံး သောမဓာတ်မဖြစ်၍ နာမည်အဖျားလုံး သောမဓာတ်မဖြစ်လျှင်- ဥပမာ- မမြသန်း၊ ကိုသန်းဖေ။ ကိုယ်ခန္ဓာ တည်ငြိမ်အေးဆေးမည်။ ပထမအရွယ်မှာ ၀ ၍ ဒုတိယအရွယ်မှာ ၀မည်။

နာမည်သုံးလုံးရှိသောသူများကိုလည်း လူတို့၏ သက်တမ်းကို ၃ ပိုင်းခွဲ၍ ပထမအရွယ် ၀ မည်။ ပိန်မည်။ လှုပ်ရှားမည်။ တည်ငြိမ်မည်။ သွက်လက်မည်။ အေးဆေးမည်။ ဒုတိယအရွယ် ၀ မည်။ ပိန်မည်။ တတိယ အရွယ်မှာ ၀ မည်။ ပိန်မည် စသည်ဖြင့် ပါပ ဓာတ်ဖို ဓတ်မ စိစစ် ဟောပြောကြပါကုန်။

အခြေခံ နာမည်စစ်ဆေးပုံ

နာမက္ခရဆန်း နာမည်အဟောကျမ်း၌
နာမည်ကိုကြည့်၍ နာမ်ခန္ဓာ အသံစူးမည်၊ အသံအက်မည်၊ အသံကြည်လင်မည်။ အသံထက်မြက်မည်။ အသံလေးမည်။ အေးမည် ဟောပြောရာတွင်……

နာမည်တစ်လုံးတည်းရှိသူများမှာ…..

၁။ ပါပဓာတ်ဖိုဖြစ်လျှင် ဥပမာ ကိုအောင် ၊ မညွှန့်။
အသံစူရှမည်။ စကားပြော သွက်လက်မည်။
၂။ ပါပဓာတ်မဖြစ်လျှင် ဥပမာ ကိုတင် ၊ မရီ။
အသံစူးရှမည်။ စကားပြော ထက်မြက်မည်။
၃။ သောမဓာတ်ဖိုဖြစ်လျှင် ဥပမာ ကိုကျော် ၊မ၀င်း။
အသံကြည်လင်မည်။ စကားပြော သွက်လက်မည်။
၎။ သောမဓာတ်မဖြစ်လျှင် ဥပမ ကိုမြ၊ မသန်း။
အသံအက်မည်။ စကားပြောလေးမည်။ အေးမည်။

နာမည် ၂ လုံးရှိသောသူများမှာ…..

၁။ နာမည်အရင်းလုံး ပါပဓာတ်ဖိုဖြစ်၍ နာမည်အဖျားလုံး ပါပဓာတ်ဖိုဖြစ်လျှင်-ဥပမာ - မအေးညွှန့်၊ ကိုညွှန့်အောင်။ အသံစူးရှမည်။ ထက်မြက်မည်။ သွက်လက်မည်။ စကားပြောမြန်မည်။
၂။ နာမည်အရင်းလုံး ပါပဓာတ်ဖိုဖြစ်၍ နာမည်အဖျားလုံး သောမဓာတ်ဖိုဖြစ်လျှင်-ဥပမာ- မအေးကျင်၊ ကိုစိန်လှ။
အသံစူးရှမည်။ ကြည်လင်မည်။ စကားပြော အနည်းငယ်လေးမည်။
၃။ နာမည်အရင်းလုံး ပါပဓာတ်ဖိုဖြစ်၍ နာမည်အဖျားလုံး ပါပဓာတ်မ ဖြစ်လျှင်-ဥပမာ- မအေးရှိန် ၊ ကိုစိန်ဌေး။
အသံစူးရှမည်။ ကြည်လင်မည်။ စကားပြော အနည်းငယ်သွက်လက်မည်။ မြန်မည်။
၎။ နာမည်အရင်းလုံး ပါပဓာတ်ဖိုဖြစ်၍ နာမည်အဖျားလုံး သောမဓာတ်မ ဖြစ်လျှင်- ဥပမာ- မစိန်မြ၊ ကိုအောင်သိန်း။ အသံစူးရှမည်။ စကားပြောလေးမည်။ အေးမည်။

၁။ နာမည်အရင်းလုံး ပါပဓာတ်မဖြစ်၍ နာမည်အဖျားလုံး ပါပဓာတ်ဖို ဖြစ်လျှင်-ဥပမာ - မတင်အေး၊ ကိုရွှေစိန်။
အသံစူးရှမည်။ အက်မည်။ စကားပြော အနည်းငယ် သွက်လက်မည်။ မြန်မည်။
၂။ နာမည်အရင်းလုံး ပါပဓာတ်မဖြစ်၍ နာမည်အဖျားလုံး ပါပဓာတ်မ ဖြစ်လျှင်-ဥပမာ- မတင်ရီ ၊ ကိုရွှေတင်။
အသံစူးရှမည်။ အက်မည်။ စကားပြော အနည်းငယ် သွက်လက်မည်။
၃။ နာမည်အရင်းလုံး ပါပဓာတ်မဖြစ်၍ နာမည်အဖျားလုံး သောမဓာတ်ဖို ဖြစ်လျှင်-ဥပမာ- မတင်ကြည် ၊ ကိုရွှေဝင်း။ အသံစူးရှမည်။ အသံ အက်မည်။ စကားပြော အနည်းငယ်လေးမည်။
၎။ နာမည်အရင်းလုံး ပါပဓာတ်မဖြစ်၍ နာမည်အဖျားလုံး သောမဓာတ်မ ဖြစ်လျှင်-ဥပမာ-မတင်မြ၊ ကိုရွှေသိန်း။
အသံစူးရှမည်။ အသံ အက်မည်။ စကားပြောလေးမည်။ အေးမည်။

၁။ နာမည်အရင်းလုံး သောမဓာတ်ဖိုဖြစ်၍ နာမည်အဖျားလုံး ပါပဓာတ်ဖို ဖြစ်လျှင်-ဥပမာ-မ၀င်းအေး၊ ကိုကျော်စိန်။ အသံကြည်လင်မည်။ စကားပြောသွက်လက်မည်။ မြန်မည်။
၂။ နာမည်အရင်းလုံး သောမဓာတ်ဖိုဖြစ်၍ နာမည်အဖျားလုံး သောမဓာတ်ဖို ဖြစ်လျှင်-ဥပမာ- မလှလှ၊ ကိုကျော်ခင်။ အသံကြည်လင်မည်။ စကားပြော အနည်းငယ်လေးမည်။
၃။ နာမည်အရင်းလုံး သောမဓာတ်ဖိုဖြစ်၍ နာမည်အဖျားလုံး ပါပဓာတ်မ ဖြစ်လျှင်-ဥပမာ မခင်ရွှေ၊ ကိုဝင်းတင်။
အသံကြည်လင်မည်။ စကားပြော အနည်းငယ်သွက်လက်မည်။
၎။ နာမည်အရင်းလုံး သောမဓာတ်ဖိုဖြစ်၍ နာမည်အဖျားလုံး သောမဓာတ်မ ဖြစ်လျှင်-ဥပမာ- မခင်သိန်း၊ ကိုဝင်းဖေ။ အသံကြည်လင်မည်။ စကားပြော လေးမည်။ အေးမည်။

၁။ နာမည်အရင်းလုံး သောမဓာတ်မဖြစ်၍ နာမည်အဖျားလုံး ပါပဓာတ်ဖို ဖြစ်လျှင်-ဥပမာ -မသန်းစိန်၊ ကိုမျိုးအောင်။ အသံအက်မည်။ အေးမည်။ စကားပြော သွက်လက်မည်။ မြန်မည်။
၂။ နာမည်အရင်းလုံး သောမဓာတ်မဖြစ်၍ နာမည်အဖျားလုံး သောမဓာတ်ဖို ဖြစ်လျှင်-ဥပမာ-မမြခင်၊ ကိုသိန်းဝင်း။ အသံအေးမည်။ အက်မည်။ စကားပြော လေးမည်။
၃။ နာမည်အရင်းလုံး သောမဓာတ်မဖြစ်၍ နာမည်အဖျားလုံး ပါပဓာတ်မ ဖြစ်လျှင်-ဥပမာ မမြတင်၊ ကိုသိန်းရွှေ။
အသံအေးမည်။ အက်မည်။ စကားပြော သွက်လက်မည်။ မြန်မည်။
၎။ နာမည်အရင်းလုံး သောမဓာတ်မဖြစ်၍ နာမည်အဖျားလုံး သောမဓာတ်မ ဖြစ်လျှင်-ဥပမာ - မမြသန်း၊ ကိုသန်းဖေ။ အသံအေးမည်။ အက်မည်။ စကားပြော လေးမည်။

မှတ်ချက်။ ။ ပါပဂြိုဟ် အသံရှည်လျှင် ဆူဖြိုး၍ အသံလေးခြင်း ။ အက်ြခင်း ဖြစ်တတ်သည်။ သောမဂြိုဟ် အသံတိုဖြစ်လျှင် ကြုံလှီ၍ အသံစူးရှခြင်း၊ သွက်လက်ခြင်း ဖြစ်တတ်သည်။

နာမည် ၃ လုံးရှိသူများမှာ တတိယ အလုံးသည် ပါပဂြိုဟ်ဖြစ်လျှင် စကားပြော သွက်လက်ခြင်း တတိယ အလုံးသည် သောမဂြိုဟ်ဖြစ်လျှင် စကားပြောလေးခြင်း၊ အေးခြင်း ဖြစ်တတ်၏။


၁၉။ ရာသီဥတုနှင့် လူတို့အမည်။
မြန်မာပြည်တွင် ရာသီဥတုတို့၏ မညီမျှမှုကြောင့် ( ၁ ) အပူပိုင်းဒေသ၊ (၂) အအေးပိုင်းဒေသ၊ (၃) သမပိုင်းဒေသ ဟူ၍ ၃ ပိုင်းရှိ၏ ကမ္ဘာကြီးမှာ ပြန်ကြည့်လျှင်လည်း ၃ ပိုင်းပင်ရှိ၏။

၁။ အပူပိုင်းဒေသသည် တေဇောဓာတ် ၊ ၀ါယောဓာတ် အားကောင်း၏။
၂။ အအေးပိုင်းဒေသသည် ပထ၀ီဓာတ်၊ အာပေါဓာတ်များ အားကောင်း၏။
၃။ သမပိုင်းဒေသသည် ဓာတ် (၄) ပါးညီမျှ၏။

၁။ အပူပိုင်းဒေသ၌ ပေါက်ရောက်သော သစ်ပင်တို့သည် အခွံပါးသော သစ်ပင်၊ အရွက်ပါးသော သစ်ပင်၊ လက်ခြားသောသစ်ပင်၊ ဆူးပေါက်သော သစ်ပင် စသော တေဇောဓာတ် ကိန်းသော သစ်ပင်များသာ များများ ပေါက်ရောက်ကုန်၏။
၂။ အအေးပိုင်းဒေသ၌ ပေါက်ရောက်သော သစ်ပင်တို့သည် အခွံထူသော သစ်ပင်။ အရွက်ဖားသော သစ်ပင်၊ အရည်များသော သစ်ပင် စသော ပထ၀ီဓာတ် အာပေါဓာတ် ကိန်းသော သစ်ပင်များသာ များများပေါက်ရောက်ကုန်၏။
၃။ သမပိုင်းဒေသ၌ ပေါက်ရောက်သော သစ်ပင်တို့သည် ဓာတ်လေးပါး မျှတမှုကြောင့် ချုံပိတ်ပေါင်းများ၍ ပင်စည်မညီညွတ် ခြင်း၊ ပင်လက်ပင်ပျိုများခြင်း၊ ၀န်းဝိုင်းသော သစ်ပင်များသာ များများ ပေါက်ရောက်ကုန်၏။
ရာသီဥတုကို လိုက်၍ သစ်ပင်များသည်ပင်လျှင် ဓာတ်၏သဘောကို လိုက်၏။ ပင်စည်ပင်မကို ကြည့်လျှင် ဓာတ်တို့၏ ဦးဆောင်ကြောင်းသိသာပေ၏။ ထိုနည်းတူစွာ လူများမှာလည်း အမည်ပညတ် ကိုလိုက်၍ ကြုံလှီခြင်း၊ ဆူဖြိုးခြင်း၊ အသံစူးရှခြင်း၊ သွက်လက်ခြင်း၊ လေးခြင်း ဖြစ်ပေါ်လာရပေ၏။ ဤနေရာ၌ သတ္တလောကကို သြကာသ လောကက အုပ်ချုပ်လွှမ်းမိုး ထားကြောင်း သိသာ၏။

၂၀။ စာခြောက်တန်းကို သိစေလို
စာခြောက်တန်းသည် ဗေဒင်ပညာ၊ ဆေးပညာ၊ အင်းပညာ၊ ဓာတ်ပညာ စသော လောကီပညာများမှာ စာခြောက်တန်း မရှိလျှင် မသိလျှင် မဖြစ်သလောက် အရေးကြီးလှ၏။ သို့သော လောကီပညာ များသည် ဒေသနာကို အစဉ်မှီးရ၏။ မြတ်စွာဘုရားသည် သစ္စာလေးပါး တရားတော်ကို အဓိက ထား၍ ဟောကြားတော်မူ၏။ ထို့ကြောင့် မိတ် ၂ မျိုး၊ ရန် ၂ မျိုး၊ ဓာတ် ၂ မျိုး ပေါင်း စာခြောက် တန်းနှင့် လောကီပညာ ကုံလုံမည် မဟုတ်ပေ။ မိတ် ၂ မျိုး ၊ ရန် ၂ မျိုး၊ ဓာတ် ၂ မျိုး၊ ဥဒါသိန် ၃ မျိုး ပေါင်းလျှင် ၉ မျိုးမှသာ လောကီပညာ ပြည့်စုံလုံလောက် နိုင်ပေမည်။

၁။ အပြင်မိတ်သည် အပြင်မှာ ကူညီခြင်း၊ ချစ်ခင်ပေါင်းသင်းခြင်း၊ အကျိုးပြုခြင်း၊ သဘောမျိုးဖြစ်၏။
၂။ အတွင်းမိတ်သည် အိမ်တွင်းမှာ သာသာပျော်ရွှင်ခြင်း၊ ချစ်ခင်ပေါင်းသင်းခြင်း၊ အကျိုးပြုခြင်း၊ သဘော မျိုးဖြစ်၏။
၃။ အပြင်ရန်သည် အပြင်မှာ မုန်းတီးခြင်း၊ ရန်ပေါ်ခြင်း၊ ဆုံးရှုံးနစ်နာခြင်း သဘောမျိုးဖြစ်၏။
၎။ အတွင်းရန်သည် အိမ်တွင်းမှာ မုန်းတီးခြင်း၊ ရန်ပေါ်ခြင်း၊ အကျိုး ပျက်ပြားခြင်း သဘောမျိုးဖြစ်၏။
၅။ ဓာတ်မိတ်သည် ကျန်းမာ ရွှင်လန်းခြင်း၊ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်ပေါများခြင်း သဘောမျိုးဖြစ်၏။
၆။ ဓာတ်ရန်သည် ကျန်းမာရေး ပျက်ပြားခြင်း၊ အရှိန် အစော်မဲ့ခြင်း၊ လာဘ်ပိတ်ခြင်း သဘောမျိုးဖြစ်၏။
၇။ ပါပ အညမညဥဒါသိန်သည် လှုပ်ရှာမှုများခြင်း၊ အကြိမ်ကြိမ် ပြုလုပ်ရခြင်း၊ မမျှော်လင့်ဘဲအောင်မြင်ခြင်း၊ သဘောမျိုးဖြစ်၏။
၈။ သောမ အညမညဥဒါသိန်သည် အကြိမ်ကြိမ် ပြုလုပ်ရခြင်း၊ အစစ ၀ါသနာပါခြင်း၊ အလိုလိုအောင်မြင်ခြင်း သဘောမျိုး
ဖြစ်၏။
၉။ ပဋိပက္ခဥဒါသိန်သည် အတိုက်အခံ ၀ါသနာပါခြင်း၊ စိတ်ဆုတ်နစ်ခြင်း၊ အောင်မြင်မှုနည်းခြင်း သဘောမျိုးဖြစ်၏။

၂၁။ လင်္ကာ ၉ သွယ်မှတ်သားဖွယ်

၁။ အောင်ပ ကုလား ဆွေသား တော်ရင်း အပြင်မိတ်
၁ ၅ ၂ ၄ ၃ ၆ ၇ ၈

၂။ ဥဿာ စိန်ပန်း ဒါန်းလှ ကိုရှာ အတွင်းမိတ်
၁ ၆ ၃ ၅ ၇ ၄ ၂ ၈

၃။ ဦညို ခေမာ သုတ ဝေရီ အပြင်ရန်
၁ ၃ ၂ ၅ ၆ ၇ ၄ ၈

၎။ ဓမ္မာ သောက အင်းဝ ရာဇာ အတွင်းရန်
၇ ၅ ၆ ၂ ၁ ၄ ၈ ၃

၅။ အန္တော စရေ ဂဗ္ဘေ ၀ံသ ဓာတ်မိတ်
၁ ၇ ၃ ၈ ၂ ၅ ၄ ၆

၆။ ဦးဝေ စံကူး ရေကူး တောသူ ဓာတ်ရန်
၁ ၄ ၃ ၂ ၈ ၅ ၇ ၆

၇။ တိန်ညို ထနောင်း ဥသြ စီစီ ဇီးတောင် ငါးမျိုး ပါပ အညမည
၇ ၃ ၇ ၇ ၁ ၁ ၃ ၃ ၃ ၇ ဥဒါသိန်

၈။ ကိုကြီး ရွှေဝင်း လိပ်ပြာ မြင်းမျှော်
၂ ၂ ၄ ၄ ၄ ၅ ၅ ၅

ပတ်သာ မြစ်ရေ သိန်းသန်း သောင်မြေ ဤရှစ်ထွေ မှတ်လေ သောမ
အညမည ဥဒါသိန်

၉။ အောင်ကျော် ကြီးအောင် တိုးကျော်
၁ ၂ ၂ ၁ ၇ ၂

ခေါင်းတက် ဇီးရွှေ လှစံ
၂ ၇ ၃ ၄ ၄ ၃ ခြောက်မျိုးမှန် ဧကန် ပဋိပက္ခဥဒါသိန်

ဤ ၉ မျိုးသော လင်္ကာကို အရကျက်မှတ်၍ လူတို့၏ နာမည်ကို နံကောက်ပါ၊ ဂဏန်းအစဉ်၇သောအခါ အပြင်မိတ် ဖြစ်သည်။ အတွင်းမိတ်ဖြစ်သည်။ အပြင်ရန်ဖြစ်သည် စသည်ဖြင့် နာမည်တိုင်းကို မိတ်ရန်ဓာတ် ဥဒါသိန်ဖြင့် ဝေဖန်ပိုင်းခြား နိုင်အောင် လေ့လာပါက နာမက္ခရဆန်း နာမည် အဟောကျမ်းကြီး၌ လွယ်ကူစွာ အောင်မြင်နိုင်ပါသည်။

မှတ်ချက်၊ ။ နာမည်တစ်လုံးတည်း ရှိသူများကို နံကောက်ပါလျှင် ဂဏန်းတစ်လုံးတည်း ရသောကြောင့် ဥဒါသိန်ဟု မှတ်ပါ။ ဓာတ်ဥဒါသိန်တို့သည် တစ်လုံး တစ်လုံးသော ဂဏန်းသည်ပင်လျှင် (၀ါ) တစ်လုံး တစ်လုံးသော ဂြိုဟ်သည်ပင် ဓာတ်မည်၏။ ဥဒါသိန်ဖြစ်၏။ မိတ်ရန်တို့မှာ ချစ်ခြင်း၊ မုန်းခြင်း မည်သည် တစ်ဦးတစ်ယောက်တည်းချစ်၍ မုန်း၍ မရသကဲ့သို့ ဂဏန်း ၂ လုံးပေါင်းမှ ( ၀ါ ) ဂြိုဟ် ၂ လုံးပေါင်းမှ မိတ်မည်၏။ ရန်မည်၏ဟု မှတ်ပါ။


၂၂။ စာခြောက်တန်းကို တစ်နည်းဆို

၁။ ပအောင် လားကု သားဆွေ ရင်းတော် အတွင်းရန်တု
၅ ၁ ၄ ၂ ၆ ၃ ၈ ၇

၂။ သာဥ ဘန်းစိန် လှဒါန်း ရှာကို အပြင်ရန်တု
၆ ၁ ၅ ၃ ၄ ၇ ၈ ၂

၃။ ညိုဦး မာခေ တသု ရီဝေ အတွင်းမိတ်တု
၃ ၁ ၅ ၂ ၇ ၆ ၈ ၎

၎။ မ္မာဓ ကသော ၀အင်း ဇာရာ အပြင်မိတ်တု
၅ ၇ ၂ ၆ ၄ ၁ ၃ ၈

၅။ န္တောအံ ရေစ ဗ္ဘေဂဗ် သေ၀ံ ဓာတ်ရန်တု
၇ ၁ ၈ ၃ ၅ ၂ ၆ ၎

၆။ ဝေဦး ကူးစံ ဘူးရေ သူတော ဓာတ်မိတ်တု
၎ ၁ ၂ ၃ ၅ ၈ ၆ ၇

ဤသတ္တလေကကြီး၌ ချစ်ခြင်း၊ မုန်းခြင်း၊ မောက်ကြွား ထက်မြက်ခြင်း၊ ဆုတ်နစ်ပျက်ပြားခြင်း၊ မချစ်မမုန်း ဥပေက္ခာပြုခြင်း သဘောမျိုး ရှိကြသည့် အတိုင်း ရှေးပညာရှိ က၀ိအမော် ဆရာတော်များက ဤသည်ကို ထောက်ရှု၍ မိတ်ရန် ဓာတ် ဥဒါသိန်ဟု ဂဏန်းတို့၏ တွဲစပ်ပုံကို ၉ ပုံ ၉ နည်းအာဖြင့် ထင်ရှားအောင် ပြပေ၏။

မိတ်သည် အပြင်မိတ် အတွင်းမိတ်အားဖြင့် ၂ မျိုး ၊ တစ်နည်း မိတ်စစ် မိတ်တုအားဖြင့် ၂ မျိုးရှိ၏
ရန်သည် အပြင်ရန်၊ အတွင်းရန်အားဖြင့် ၂ မျိုး၊တစ်နည်း ရန်စစ်၊ ရန်တု အားဖြင့် ၂ မျိုးရှိ၏။
ဓာတ်သည် ဓာတ်မိတ် ဓာတ်ရန်အားဖြင့် ၂ မျိုး ၊တစ်နည်း ဓာတ်မိတ်တု ဓာတ်ရန်တု အားဖြင့် ၂ မျိုးရှိ၏။
ဥဒါသိန်သည် ပါပအညမညဥဒါသိန်၊ သောမ အညမည ဥဒါသိန် ပဋိပက္ခဥဒါသိန်အားဖြင့် ၃ မျိုးရှိ၏။ ပေါင်းလျှင် ၉ မျိုးဖြစ်၏ ဂဏန်း ၉ လုံးရှိသောကြောင့် ၉ ပုံ ပုံမှ ကုန်စင်သည်ဟု မှတ်ပါ။

ချစ်သော သဘောမှာလည်း
အိမ်အတွင်းမှာ ညီအစ်ကို မောင်နှအဖြစ် ချစ်သောသဘော၊ ဇနိးမောင်နှံအဖြစ် ချစ်သော သဘောဟူ၍ ၂ မျိုးရှိ၏။ တစ်အိမ်အတွင်းမှာ အတူနေထိုင်ပေါင်းသင်းချစ်ခင်သည်ကို အတွင်းမိတ်ဟုခေါ်၏
အိမ်အတွင်း၌ အဆင်အပြေ သဘောချင်းမတိုက်ဆိုင်၍ ရန်ပေါ်ခွဲခွာ ကြသောအခါ အတွင်းမိတ်မှ ဖောက်ပြန်လာသော ရန်ဖြစ်လာ၏။ ဤရန်ကို အပြင်ရန်ဟု မှတ်ပါ။ အပြင်၌ စီးပွါးရေး အရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း အတွင်းအပြင် တိုင်ပင်၍ ချစ်ခင်ပေါင်းသင်းကြသော မိတ်ဆွေများကို အပြင်မိတ် ဟု ခေါ်၏။ စီးပွားရေး အဆင်မပြေ၍ သဘောချင်း မတိုက်ဆိုင်ပြီး ရန်ပေါ် ခွဲခွာကြသောအခါ အပြင်မိတ်မှ ဖောက်ပြန်လာသော ရန်ဖြစ်လာ၏။ ဤရန်ကို အတွင်းရန်တုဟု မှတ်ပါ။ ဤကဲ့သို့ အခြင်းအရာအားဖြင့် မိတ်မှ ဖောက်ပြန်လာသည်ကို ရန်တုဟု မှတ်ပါ။

ရန်မှ ဖော်ပြန်လာသည်ကို မိတ်တု
ဓာတ်မိတ်မှ ဖောက်ပြန်လာသည်ကို ဓာတ်ရန်တု
ဓာတ်ရန်မှ ဖောက်ပြန်လာသည်ကို ဓာတ်မိတ်တုဟု မှတ်ယူပါလေ။
ပြင်မိတ်ပျက်လျှင် တွင်းရန်မြင် တွင်းမိတ်ပျက်လျှင် ပြင်ရနမြင်
ပြင်ရန်ပျက်လျှင် တွင်းမိတ်မြင် တွင်းရန်ပျက်လျှင် ပြင်မိတ်မြင်
ဓာတ်မိတ်ပျက်လျှင် ဓတ်ရန်မြင်ဓာတ်ရန်ပျက်လျှင် ဓာတ်မိတ်မြင်
ဥဒါသိန်ဟူသည် မိတ်ရန် ဓာတ်၃ မျိုးမှလွတ်သည်ကို ဥဒါသိန်ဟုခေါ်၏။
၁။ ပါပဂြိုဟ်အချင်းချင်း တွဲစပ်ထားသည်ကို ပါပ အညမည ဥဒါသိန်ဟု မှတ်ပါ။
၂။ သောမဂြိုဟ် အချင်းချင်း တွဲစပ်ထားသည်ကို သောမ အညမညဥဒါသိန်ဟု မှတ်ပါ။
၃။ ပါပ သောမ တွဲစပ်ထားသည်ကို ပဋိပက္ခဥဒါသိန်ဟု မှတ်ပါ။

အထက်ဖော်ပြပါ ဂဏန်းတို့၏ တွဲစပ်ပုံနည်း ၉ မျိုးကို အမည်နှင့်တကွေ ကျကျေပွန်ပွန် ရအောင် လေ့ကျင့်ပါ က ဗေဒင်ပညာ၊ ဆေးပညာ၊ ဓာတ်ပညာ၊ အင်းပညာ စသော လောကီပညာများ၌ လွယ်ကူစွာ အောင်မြင်နိုင်ပါသည်။

၂၃။ အညမည ပဋိပက္ခ သိအပ်လှ

၁။ အညမညသည် အတူတကွဖြစ်သောသဘော၊ အချင်းချင်း အကျိုးပြုသော သဘောမျိုးဖြစ်၏။
၂။ ပဋိပက္ခသည် အတူတကွ မဖြစ်နိုင်သော သဘော၊ အကျိုးပျက်ပြားသော သဘောမျိုးဖြစ်၏။

ဂြိုဟ်တို့ကို အညမညနှင့် ပဋိပက္ခယူပုံ

(က) သောမဂြိုဟ်နှင့် သောမဂြိုဟ် ချင်း အညမည
(ခ) ပါပဂြိုဟ်နှင့် ပါပဂြိုဟ်ချင်း အညမည
(ဂ) သောမဂြိုဟ်နှင့် ပါပဂြိုဟ်ချင်း ပဋိပက္ခ
(ဃ) ပါပဂြိုဟ်နှင့် သောမဂြိုဟ်ချင်း ပဋိပက္ခ

မိတ် ရန် ဓာတ် ဥဒါသိန်တို့တွင်
ဓာတ်မိတ်နှင့် ဥဒါသိန် ၃ မျိုးမှာ အညမညနှင့် ပဋိပက္ခတွဲပြီး ဖြစ်၍ အပြင်မိတ်၊ အတွင်းမိတ်၊ အပြင်ရန်၊ အတွင်းရန်၊ ဓာတ်ရန်များနှင့် အပြင်မိတ်တု၊ အတွင်းမိတ်တု၊ အပြင်ရန်တု၊ အတွင်းရန်တု၊ ဓာတ်မိတ်တု များကို အညမည၊ ပဋိပက္ခ ခွဲကြည့်ပါ။ အပြင်မိတ် အတွင်းမိတ် ၊ အပြင်မိတ်တု၊ အတွင်းမိတ်တု ဓာတ်မိတ်တု တို့တွင်-

၁။ ပါပဂြိုဟ်နှင့် ပါပဂြိုဟ်ချင်း၊ သောမဂြိုဟ်နှင့် သောမဂြိုဟ်ချင်း တွဲစပ်ထားသော မိတ်များသည် အညမည မည်ကုန်၏။
၂။ သောမဂြိုဟ်နှင့် ပါပဂြိုဟ်ချင်း၊ ပါပဂြိုဟ်နှင့် သောမဂြိုဟ်ချင်း တွဲစပ်ထားသော မိတ်များသည် ပဋိပက္ခ မည်ကုန်၏။

အပြင်ရန်၊ အတွင်းရန်၊ အပြင်ရန်တု၊ အတွင်းရန်တုများတွင် -

၁။ ပါပဂြိုဟ်နှင့် ပါပဂြိုဟ်ချင်း၊ သောမဂြိုဟ်နှင့် သောမဂြိုဟ်ချင်း တွဲစပ်ထားသော ရန်များသည် အညမညရန် မည်ကုန်၏။
၂။ သောမဂြိုဟ်နှင့် ပါပဂြိုဟ်ချင်း၊ ပါပဂြိုဟ်နှင့် သောမဂြိုဟ်ချင်း တွဲစပ်ထားသော ရန်များသည် ပဋိပက္ခရန် မည်ကုန်၏။

ဤကဲ့သို့ မိတ်များတွင် အညမညမိတ်၊ ပဋိပက္ခမိတ်ဟူ၍ ၂ မျိုးရှိ၏။ ရန်များတွင်လည်း အညမညရန်၊ ပဋိပက္ခ၇န်ဟူ၍ ၂ မျိုးရှိကြောင်း သိအပ်ပေသည်။

၂၄။ မိတ်ရန် ဓာတ် ဥဒါသိန်တို့ကို ဣဋ္ဌ အနိဋ္ဌခွဲပုံ

၁။ သောမဂြိုဟ်များသည် ဣဋ္ဌမည်၏။ ပါပဂြိုဟ်များသည် အနိဋ္ဌမည်၏။
၂။ အပြင်မိတ်များသည် ဣဋ္ဌမည်၏၊ အပြင်ရန်များသည် အနိဋ္ဌမည်၏။
၃။ အတွင်းမိတ်များသည် ဣဋ္ဌမည်၏ ၊ အတွင်းရန်များသည် အနိဋ္ဌမည်၏။
၎။ အပြင်မိတ်တုများသည် ဣဋ္ဌမည်၏ ၊ အပြင်ရန်တုများသည် အနိဋ္ဌမည်၏။
၅။ အတွင်း မိတ်တုများသည် ဣဋ္ဌမည်၏ ၊ အတွင်းရန်တုများသည် အနိဋ္ဌမည်၏။
၆။ ဓာတ်မိတ်တုများသည် ဣဋ္ဌမည်၏ ၊ ဓာတ်ရန်တုများသည် အနိဋ္ဌမည်၏။
၇။ သောမ အညမည ဥဒါသိန်များသည် ဣဋ္ဌမည်၏။ ပါပ အညမည ဥဒါသိန်များသည် အနိဋ္ဌမည်၏။ ပဋိပက္ခဥဒါသိန်များသည် အနိဋ္ဌမည်၏။

သောမဓာတ်မိတ်များသည် ဣဋ္ဌမည်၏။ ပါပဓာတ်မိတ်များသည် အနိဋ္ဌမည်၏ ၊ အညမညသဘောသည် ဣဋ္ဌမည်၏။ ပဋိပက္ခသဘောသည် အနိဋ္ဌမည်၏။ အမျိုးသားများသည် ဣဋ္ဌမည်၏။ ၊အမျိုးသမီးများသသည် အနိဋ္ဌမည်၏။ အပျိုလူပျိုသည် ဣဋ္ဌမည်၏။ လူအိုအအိုများသည် အနိဋ္ဌမည်၏။

ဣဋ္ဌ သည် ဣဋ္ဌ၌ အကျိုးဖြစ်စေ၏။
အနိဋ္ဌသည် အနိဋ္ဌ၌ အကျိုးဖြစ်စေ၏။
ဣဋ္ဌသည် အနိဋ္ဌ ၌ အကျိုးပျက်စေ၏။
အနိဋ္ဌသည် ဣဋ္ဌ၌ အကျိုးပျက်စေ၏။

ချဲ့ဦးအံ့
အိမ်တစ်အိမ် ဣဋ္ဌ နှင့် အနိဋ္ဌ ခွဲမည်ဆိုလျှင် -
အိမ်ရှေ့သည် ဣဋ္ဌ ဖြစ်၍ အိမ်နောက်ဖေးသည် အနိဋ္ဌ ဖြစ်၏။
အိမ်ခေါင်းရင်းသည် ဣဋ္ဌ ဖြစ်၍ အိမ်ခြေရင်းသည် အနိဋ္ဌဖြစ်၏။
အိမ်အမိုးသည် ဣဋ္ဌ ဖြစ်၍ အိမ်အခင်းသည် အနိဋ္ဌ ဖြစ်၏။

လူတစ်ယောက်ကို ဣဋ္ဌ နှင့် အနိဋ္ဌ ခွဲမည်ဆိုပါလျှင် ချက်မှအထက်ပိုင်း ကို ဣဋ္ဌ ယူ၍ ချက်မှအောက်ပိုင်းကို အနိဋ္ဌ ယူရမည်ဖြစ်၏။ ထို့ကြောင့် ဦးခေါင်းသည် ဣဋ္ဌ၊ ဦးထုပ်သည် ဣဋ္ဌ၊ ခြေဖ၀ါးသည် အနိဋ္ဌ ၊ ဖိနပ်သည် အနိဋ္ဌ ဖြစ်၏။

၁။ ဦးထုပ်ကို ဣဋ္ဌဖြစ်သော ဦးခေါင်းမှာဆောင်းလျှင အပူအအေးကို ကာကွယ်၍ အကျိုးရှိ၏။
၂။ ဦးထုပ်ကို အနိဋ္ဌဖြစ်သော ခြေဖ၀ါး၌ စီးနင်းလျှင် အကျိုးပျက်ပြား၏။
၃။ ဖိနပ်ကို အနိဋ္ဌဖြစ်သော ခြေဖ၀ါးမှာ စီးနင်းလျှင် ဆူးငြောင့်ခလုတ်ကို ကာကွယ်၍ အကျိုးရှိ၏။
၎။ ဖိနပ်ကို ဣဋ္ဌဖြစ်သော ဦးခေါင်းမှာ ဆောင်းလျှင် အကျိုးပျက်ပြား၏

အိမ်တစ်အိမ်မှာ ပျားစွဲလျှင်လည်း နည်းတူမှတ်၇မည်။
ပျားသည် အနိဋ္ဌဖြစ်၍ လူသည် ဣဋ္ဌဖြစ်၏။ အိမ်မိုးမှာ ပျားစွဲလျှင် အကျိုးပျက်ပြား၍ အိမ်အခင်းမှာ ပျားစွဲလျှင် အကျိုးဖြစ်စေ၏။

၁။ အိမ်ရှေ့သည် ဧည့်ကောင်းမိတ်ကောင်းနှင့် သက်ဆိုင်၏။
၂။ အိမ်ခေါင်းရင်းသည် အိမ်ထောင်ဦးစီးနှင့် သက်ဆိုင်၏
၃။ အိမ်နောက်ဖေးသည် အိမ်ရှင်မနှင့် သက်ဆိုင်၏။
၎။ အိမ်ခြေရင်းသည် သားသမီး ကျေးကျွန်နှင့် သက်ဆိုင်၏။


၂၅။ မိတ်ရန်သဘော တွေ့တိုင်းဟော

နာမည်တိုင်းကို နံကောက်ပါ။ ဂဏန်းအစဉ် ရသောအခါ မိတ်ဖြစ်သည်။ ရန်ဖြစ်သည်၊ ဓာတ်ဖြစ်သည်။ ဥဒါသိန်ဖြစ်သည်ကို ကြည့်ပြီး အဟောထုတ်ပါ။

ဥပမာ -
အောင်မင်းကို နံကောက်ပါလျှင် ၁ ၅ ရ၏။ မိတ်စစ် အမည်မျိုးဖြစ်၏။
ဆန်းအောင်ကို နံကောက်ပါလျှင် ၃ ၁ ရ၏။ မိတ်တု အမည်မျိုးဖြစ်၏။
တင်မောင်ကို နံကောက်ပါလျှင် ၇ ၅ ရ၏ ။ ရန်စစ် အမည်မျိုးဖြစ်၏
မင်းစိန်ကို နံကောက်ပါလျှင် ၅ ၃ ရ၏ ။ ရန်တု အမည်မျိုးဖြစ်၏ ။
အောင်တင်ကို နံကောက်ပါလျှင် ၁ ၇ ရ၏ ။ ဓာတ်မိတ်စစ် အမည်မျိုးဖြစ်၏
လှအောင်ကို နံကောက်ပါလျှင် ၄ ၁ ရ၏ ။ ဓာတ် မိတ်တု အမည်မျိုးဖြစ်၏
စိန်ကြည်ကို နံကောက်ပါလျှင် ၃ ၂ ရ၏ ။ ဓာတ် ရန်စစ် အမည်မျိုးဖြစ်၏
တင်အောင်ကို နံကောက်ပါလျှင် ၇ ၁ ရ၏။ ဓာတ် ရန်တု အမည်မျိုးဖြစ်၏
တင်တင်ကို နံကောက်ပါလျှင် ၇ ၇ ရ၏ ။ ပါပ ဥဒါသိန် အမည်ဖြစ်၏။
သိန်းဟန်ကို နံကောက်ပါလျှင် ၆ ၆ ရ၏ သောမ အညမည ဥဒါသိန် အမည်မျိုးဖြစ်၏။
အောင်ကြည်ကို နံကောက်ပါလျှင် ၁ ၂ ရ၏ ။ ပဋိပက္ခ ဥဒါသိန် အမည်မျိုးဖြစ်၏။


၁။ မိတ်အမည်မျိုးသည် အပေါင်းအဖော်ကို ခင်တွယ်ခြင်း၊ လူများစုကို နှစ်သက်ခြင်း၊ သနားကြင်နာတတ်ခြင်း၊ အားနာမှုများခြင်း၊ စကားရှည်ရှည် ပြောတတ်ခြင်း၊ ကုန်သည်အလုပ်မျိုးကို ၀ါသနာပါတတ်ခြင်း သဘောရှိ၏။
၂။ ရန်အမည်မျိုးသည် အပေါင်းအဖော်ကို မခင်တွယ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အပြောအဆို တိုတောင်းခြင်း၊ လှုပ်ရှားသော အလုပ်မျိုးကို ၀ါသနာပါတတ်ခြင်း သဘောရှိ၏
၃။ ဓာတ်အမည်မျိုးသည် မိမိကိုယ်ကို အားကိုးခြင်း၊ အရာရာမှာ သြဇာပေးတတ်ခြင်း၊ အပြောအဆို ကောင်းခြင်း၊ အုပ်ချုပ်ရေးအလုပ်၊ ဆရာအလုပ်မျိုးကို ၀ါသနာ ပါတတ်ခြင်း သဘောရှိ၏။
၎။ ဥဒါသိန်အမည်မျိုးသည် အသွားအလာများခြင်း၊ ကျပန်းလုပ်တတ်ခြင်း၊ ၀ီရိယနည်းပါးခြင်း ၊ အရာရာမှာ စပ်စုတတ်ခြင်း၊ အစစ ၀ါသနာ ပါတတ်ခြင်း သဘောရှိ၏။ ဤသည်ကား မိတ်မျိုး ရန်မျိုး ဓာတ်မျိုး ဥဒါသိန်မျိုးကိုသာ ဖော်ပြခြင်းဖြစ်သည်။

ချဲ့ဦးအံ့။

မိတ်စစ် မိတ်တုများတွင် -
၁။ မိတ်များသည် ဣဋ္ဌာရုံ ကို နှစ်သက်၍ အညမညသည် ဣဋ္ဌာသဘော ရှိသောကြောင့် အညမည မိတ်များသည် ချစ်ခင်မြတ်နိုးခြင်း၊ သနားကြင်နာခြင်း၊ စည်းရိုးရေးအားေ ကာင်းခြင်း၊ ကျော်စော ထင်ရှား ခြင်း ကို ဖြစ်စေ၏။
၂။ မိတ်များသည် ဣဋ္ဌာရုံ ကို နှစ်သက်၍ ပဋိပက္ခသည် အနိဋ္ဌသဘောရှိသောကြောင့် ပဋိပက္ခမိတ်များသည် ချစ်ခင် ကြင်နာခြင်း၊ လူများစုကို နှစ်သက်ခြင်း၊ အားနာမှုများခြင်း သဘောရှိ၏။
၃။ ရန်များသည် အနိဋ္ဌာရုံကို နှစ်သက်၍ ပဋိပက္ခသည် အနိဋ္ဌသဘောရှိသောကြောင့် ပဋိပက္ခရန်များသည် ရန်ပေါ်ပျက်ပြားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ တစ်ဇွတ်ထိုး လုပ်တတ်ြခင်း ၊ အကျိုးပျက်ခြင်း သဘောရှိ၏။
၎။ ရန်များသည် အနိဋ္ဌာရုံကို နှစ်သက်၍ အညမညသည် ဣဋ္ဌာသဘော ရှိသောကြောင့် အညမညရန်များသည် ခဏခဏ ရန်ပေါ်တတ်ခြင်း၊ အတိုက်အခံ ၀ါသနာပါတတ်ခြင်း၊အောင်မြင်မှုနည်းခြင်း သဘောရှိ၏။
၅။ ပါပဓာတ်များသည် အနိဋ္ဌာရုံကိုနှစ်သက်၍ အမျိုးသမီးများသည် အနိဋ္ဌသဘော ရှိသောကြောင့် ပါပ ဓာတ်များသည် အမျိုးသမီး၌ ကျန်းမျာရွှင်လန်းခြင်း၊ စည်းရုံးရေး အားကောင်းခြင်း ၊ ကျော်စော ထင်ရှားခြင်း၊ အောင်မြင်မှုများစေခြင်း သဘောရှိ၏။
၆။ ပါပဓာတ်များသည် အနိဋ္ဌာရုံကို နှစ်သက်၍ အမျိုးသားများသည် ဣဋ္ဌာသဘော ရှိသောကြောင့် ပါပဓာတ်များသည် အမျိုးသား၌ ကျန်းမာရွှင်လန်းခြင်း၊ အောင်မြင်မှုနည်းပါးခြင်း၊ အေးဆေးစွာ နေလိုခြင်း သဘောရှိ၏။
၇။ သောမဓာတ်များသည် ဣဋ္ဌာရုံကို နှစ်သက်၍ အမျိုးသားများသည ဣဋ္ဌာသဘော ရှိသောကြောင့် သောမဓာတ်များသည် အမျိုးသား၌ ကျန်းမျာ ရွှင်လန်းခြင်း၊ စည်းရုံးရေး အားကောင်းခြင်း၊ ကျော်ဇောထင်ရှားခြင်း၊ အောင်မြင်မှုများခြင်းကို ဖြစ်စေ၏။
၈။ သောမဓာတ်များသည် ဣဋ္ဌာရုံကို နှစ်သက်၍ အမျိုးသမီးများသည် အနိဋ္ဌ သဘောရှိသောေ ကြာင့် သောမဓာတ်များသည် အမျိုးသမီး၌ ကျန်းမာ ရွှင်လန်းခြင်း၊ အောင်မြင်မှု နည်းခြင်း ၊ အေးဆေးစွာ နေလိုခြင်း သဘောရှိ၏။
၉။ ပါပအညမည ဥဒါသိန်များသည် အနိဋ္ဌာရုံကို နှစ်သက်၍ အမျိုးသမီးများသည် အနိဋ္ဌသဘော ရှိသောကြောင့် ပါပ အညမည ဥဒါသိန်များသည် အမျိုသမီး၌ စည်းရုံးရေး အားကောင်းခြ င်း၊ အောင်မြင်မှု များခြင်း၊ ကျော်ဇောခြင်းကို ဖြစ်စေ၏။
၁၀။ ပါပ အညမည ဥဒါသိန်များသည် အနိဋ္ဌာရုံကို နှစ်သက်၍ အမျိုးသားများသည် ဣဋ္ဌ သဘောရှိသောကြောင့် ပါပ အညမညဥဒသိန်များသည် အမျိုးသား၌ အကြိမ်ကြိမ် ဆောင်ရွက်မှ အောင်မြင်ခြင်း၊ လှုပ်ရှားမှုများခြင်း၊ ကိုယ်ခန္ဓာ ပင်ပန်းခြင်းကို ဖြစ်စေ၏။
၁၁။ ပဋိပက္ခ ဥဒါသိန်များသည် အနိဋ္ဌာရုံကို နှစ်သက်၍ အမျိုးသမီးများသည် အနိဋ္ဌ သဘောရှိသောကြောင့် ပဋိပက္ခ ဥဒါသိန်များသည် အမျိုးသမီး၌ လှုပ်ရှားမှုဖြင့် အောင်မြင်ခြင်း၊ အတိုက်အခံ ၀ါသနာပါခြင်း၊ စကားပြော တိုတောင်းခြင်း သဘောရှိ၏။
၁၂။ ပဋိပက္ခ ဥဒါသိန်များသည် အနိဋ္ဌာရုံကို နှစ်သက၍ အမျိုးသားများသည် ဣဋ္ဌာသဘောရှိသောကြောင့် ပဋိပက္ခ ဥဒါသိန်များသည် အမျိုးသား၌ အရာရာမှာ အတိုက်မခံပေါ်ခြင်း၊ လှုပ်ရှားမှုဖြင့် အောင်မြင်ခြင်း၊ တစ်ဇွတ်ထိုး လုပ်တတ်ခြင်း သဘောရှိ၏။
၁၃။ သောမ အညမည ဥဒါသိန်များသည် ဣဋ္ဌာရုံကိုနှစ်သက်၍ အမျိုးသားများသည် ဣဋ္ဌသဘော ရှိသောကြောင့် သောမ အညမည ဥဒါသိန်များသည် အမျိုးသား၌ စည်းရုံးရေးအားကောင်းခြင်း၊ အောင်မြင်မှု များခြင်း၊ ကျော်ဇောခြင်းကို ဖြစ်စေ၏။
၁၄။ သောမ အညမည ဥဒါသိန်များသည် ဣဋ္ဌာရုံကို နှစ်သက်၍ အမျိုးသမီးများသည် အနိဋ္ဌသဘော ရှိသောကြောင့် သောမ အညမည ဥဒါသိန်များသည် အမျိုးသမီး၌ အကြိမ်ကြိမ် ဆောင်ရွက် မှ အောင်မြင်ခြင်း၊ အေးဆေးစွာ နေလိုခြင်း၊ အစစ ၀ါသနာပါခြင်းသဘောရှိ၏။

မိတ်ရန်ဓာတ် ဥဒါသိန်တို့ကို အကြိမ်ကြိမ် အထပ်ထပ် သိမှတ်စရာ အထွေထွေတို့ကို ရေးသား ဖော်ပြပြီး၍ ဤသည့် ပညာ ၀ါသနာပါ၍ လေ့လာကြသော ပုဂ္ဂိုလ်တို့သည် ကောင်းဆိုးနှစ်တန် ဝေဖန်ပိုင်းခြား ဉာဏ်ကစား၍ ကြိုးစားကြပါကုန်။

ပြန်လည်တင်ပြသူ
သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)


နာမက္ခရဆန်းနာမည် အဟောကျမ်းကြီး-အပိုင်း(၃)

၁၂။ ဂြိုဟ်ပရိယာယ် သိကောင်းဖွယ်

၁။ တနင်္ဂနွေဂြိုဟ် ...... ....အဖ အိမ် ကျပန်းအလုပ်၊ အုပ်ချုပ်ရေးအလုပ်။
၂။ တနင်္လာဂြိုဟ် ....... ....အမိ ငွေ ပွဲစားအလုပ်၊ ဟောပြောရေးအလုပ်။
၃။ အင်္ဂါဂြိုဟ် .............. ...လင် (ညီငယ် စိန်၊ စက်မှု၊ စစ်ဘက်၊ ညီမယ် ) ဆေးပညာအလုပ်။
၎။ ဗုဒ္ဓဟူးဂြိုဟ် ...............သားသမီး ရွှေ အနုပညာအလုပ်။
၅။ ကြာသပတေးဂြိုဟ် ... ဆရာ မြေ ပညာပေးအလုပ်။
၆။ သောကြာဂြိုဟ် ........ (မယား သစ် သံ ကုန်သည်ကြီးအလုပ်၊ ဆွေမျိုး )
၇။ စနေဂြိုဟ် ................ ကျေး ကျွန် နွား မင်းမှုထမ်းအလုပ်။


၁၃။ တိုက်တွန်းချက်

ဗေဒင်ပညာကိုလေ့လာသော ပုဂ္ဂိုလ်များသည် ဂြိုဟ်တစ်လုံး၏ သိသင့်သိထိုက်သော ဂြိုဟ်ပရိယာယ်များကို သိထားဖို့ လိုအပ်ပေသည်။ ထို့ကြောင့် ဤနာမက္ခရဆန်း နာမည် အဟောကျမ်းမှာ သိထိုက်သော ဂြိုဟ်ပရိယာယ် များကို ဖော်ပြလိုက်ခြင်းဖြစ်ပေသည်။ ဥပမာ (၁) ဂဏန်းတစ်လုံးကို တွေ့ရလျှင် တနင်္ဂနွေဂြိုဟ်လို သိပါ။ တနင်္ဂနွေဂြိုဟ် ဆိုလျှင်လည်း (၁) ဂဏန်းဖြစ်ကြောင်း အပြန်အားဖြင့် သိပါ။ ၄င်း တနင်္ဂနွေဂြိုဟ်သည် အရောင် အားဖြင့် အနီရောင်၊ အရပ်အားဖြင့် အရှေ့မြောက်ထောင့်အရပ်၊ အိမ်ထောင်စု ပရိယာယ်အားဖြင့် အဖ၊ အလုပ် ပရိယယ်အားဖြင့် ကျပန်းအလုပ်၊ အုပ်ချုပ်ရေးအလုပ်၊ ပစ္စည်းနံအားဖြင့် အိမ်၊ အက္ခရာ အားဖြင့် အ အာ ဣ ဤ ဥ ဦ ဧ သြ ဖြစ်ကြောင်း သိအပ်၏ မှတ်ချက်။ ။ ( ၏ ၍ ၌ ) ကိုလည်း တနင်္ဂနွေဂြိုဟ်ဟု မှတ်ပါ။ ကြွင်းကျန်သော ဂြိုဟ်များကိုလည်း ဤကဲ့သို့ သိအောင် လေ့လာပါ။


၁၄။ ဓာတ်ကြီးလေးပါးကို သိစေလို

အန္တော တေဇောဓာတ် တနင်္ဂနွေနှင့်စနေ (၁+၇) မီး
စေ၇ ၀ါယောဓာတ် အင်္ဂါနှင့်ရာဟု (၃+၈) လေ
ကဗ္ဘေ ပထ၀ီဓာတ် တနင်္လာနှင့်ကြာပတေး (၂+၅) မြေ
ဝံသေ အာပေါဓာတ် ဗုဒ္ဓဟူးနှင့်သောကြာ (၄+၆) ရေ
တေဇောဓာတ် ပူသောသဘော၊ အေးသောသဘော။
ဝါယောဓာတ် လှုပ်ရှားသောသဘော၊ ထောက်ကန်သောသဘော။
ပထ၀ီဓာတ် ကြမ်းတမ်းသောသဘော၊ နူးညံ့သောသဘော။
အာပေါဓာတ် ယိုစီးသောသဘော၊ ဖွဲ့စည်းသောသဘော။

တေဇောဓာတ်၊ ၀ါယောဓာတ် ၂ ပါးသည် နေအုပ်စု (ပါပဂြိုဟ်) များဖြစ်သောကြောင့် အပူဓာတ်ဖြစ်၏။ ပထ၀ီဓာတ်၊ အာပေါဓာတ် ၂ ပါးသည် လ အုပ်စု (သောမဂြိုဟ်) ဖြစ်သောကြောင့် အအေးဓာတ်ဖြစ်၏။


၁၅။ ဓာတ်ဖိုဓာတ်မ သိကောင်းလှ

ဓမ္မရံသီ ဓာတ်မ မည်၊ အက္ကောစေ ၀ ဓာတ်ဖိုပြ၏။
စနေ ကြာသပတေး ရာဟု သောကြာ ဓာတ်မဖြစ်၏။
တနင်္ဂနွေ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူးသည် ဓာတ်ဖိုဖြစ်၏။

ဂြိုဟ် ၈ လုံးသည် ဓာတ်တွဲသောအခါ တေဇော မီးဓာတ်၊ ၀ါယော လေဓာတ်၊ ပထ၀ီ မြေဓာတ်၊ အာပေါ ရေဓာတ် ဟူ၍ ဓာတ်လေါးးရှိ၏။ ယင်းဓာတ် ၄ ပါးတွင် အဖိုဓတ် ၄ လုံး၊ မ ဓာတ် ၄ လုံးရှိ၏။ ဖိုဓာတ် ၄ လုံးသည် ကြုံလှီလှုပ်ရှား စူးရှသော ဓာတ်များ ဖြစ်၏။ မ ဓာတ် ၄ လုံးသည် ဆူဖြိုး တည်ငြိမ် လေးတွဲသော ဓာတ်များဖြစ်၏။
ချဲ့ဦးအံ့။


၁။ တနင်္ဂနွေ မီးခဲ ဓာတ်ဖို ကြုံလှီခြင်း၊ လှုပ်ရှားခြင်း၊ အသံစူးရှခြင်း၊ ပူလောင်ခြင်း၊ သတ္တိ ဂုဏ်ရှိ၏။
၂။ တနင်္လာ ကျောက်မြေ ဓာတ်ဖို အနည်းငယ် ကြုံလှီခြင်း ၊ လှုပ်ရှားခြင်း၊ အသံသွက်လက်ခြင်း တမဂုဏ် ရှိ၏
၃။ အင်္ဂါ လေ မြေ လေညင်း ဓာတ်ဖို ကြုံလှီခြင်း၊ လှုပ်ရှားခြင်း၊ အသံသွက်လက်ခြင်း ၊ ဆူပူခြင်း တမဂုဏ်ရှိ၏။
၎။ ဗုဒ္ဓဟူး ရေကြည် ဓာတ်ဖို အနည်းငယ် ကြုံလှီခြင်း၊ စိတ်လှုပ်ရှားခြင်း၊ အသံထွက်ခြင်း၊ မြူးထူးခြင်း ရာဇဂုဏ်ရှိ၏
၅။ ကြသပတေး မြေပျော့ ဓာတ်မ ဆူဖြိုးခြင်း၊ တည်ငြိမ်ခြင်း၊ အသံလေးတွဲ့ခြင်း၊အေးဆေးစွာ နေထိုင်ခြင်း သဘောရှိ၏
၆။ သောကြာ ရေနောက် ဓာတ်မ ဆူဖြိုးခြင်း၊ တည်ငြိမ်ခြင်း၊ အသံအေးခြင်း၊ အက်ခြင်း၊တည်ငြိမ်ခြင်း၊ ရာဇဂုဏ်ရှိ၏။
၇။ စနေ မီးတောက် ဓာတ်မ အနည်းငယ် ဆူဖြိုးခြင်း ၊ လှုပ်ရှားခြင်း၊ အသံစူးရှ သွက်လက်ခြင်း၊ ထက်မြက်ခြင်း၊ တမဂုဏ်ရှိ၏
၈။ ရာဟု လေမုန်တိုင်း ဓာတ်မ အနည်းငယ် ဆူဖြိုးခြင်း၊ လှုပ်ရှားခြင်း၊ အသံစူးရှသွက်လက်ခြင်း၊ အနည်းငယ်အက်ခြင်း၊ သတ္တိဂုဏ်ရှိ၏

ဤ ဓာတ်လေးပါး၏ သရုပ်ကို အထပ်ထပ် လေ့လာကြည့်ပါလျှင် ဓာတ်၏ ပင်ကိုသဘောကို သိနားလည်လာ ပါလိမ့်မည်။ ဤသည်ကား ဓာတ်၏ ပင်ကိုသဘောပင်ဖြစ်၏။


၁၆ ။ နာမည်တိုင်းမှာ ရုပ်နာမ်ရှာ

နာမက္ခရဆန်း နာမည် အဟောကျမ်းကို ရုပ်ပိုင်း၊ နာမ်ပိုင်း ခွဲသိဖို့ လိုအပ်၏ ။ မြန်မာပြည်တွင်နေထိုင်ကြသူများမှာ နာမည်သည် တစ်လုံး၊ နှစ်လုံး၊ သုံးလုံး လေးလုံးအထိ မှည့်ခေါ်ကြရာတွင် များသောအားဖြင့် နာမည်နှစ်လုံးမှည့်သူက ပိုမိုများ၏။

နာမည် နှစ်လုံးရှိသော သူများမှာ -

၁။ နာမည်အရင်းလုံးကို ရုပ်ပိုင်းဟု ယူဆ၍
၂။ နာမည်အဖျားလုံးကို နာမည်ပိုင်းဟု ယူဆရမည်။

နာမည်အရင်းလုံးသည် ရုပ်ခန္ဓာနှင်သက်ဆိုင်သော အကြောင်းအရာများကို အဓိက ဟောပြောရမည်။
နာမည်အဖျားလုံးသည် နာမ်ခန္ဓာနှင့်သက်ဆိုင်သော အကြောင်းအရာများကို အဓိက ဟောပြောရမည်။

ရုပ်ခန္ဓာဟူသည် ကိုယ်ခန္ဓာကိုပင် ဆိုလိုသည်။
နာမ်ခန္ဓာဟူသည် စိတ်ခန္ဓာကိုပင် ဆိုလိုသည်။
ဤ သတ္တလောကမှာ နာမ်ခန္ဓာ ဦးဆောင်၍ ရုပ်ခန္ဓ နောက်လိုက်ဖြစ်ကြောင်း သတိပြုပါ။

နာမည် ၃ လုံး ၄ လုံးရှိသူများမှာ

အမျိုးသားများ၌ (မောင် - ကို - ဦး ) ကိုပယ်၍ နာမည်အရင်းလုံးကို ရုပ်ပိုင်းယူပြီး နာမည်အဖျားလုံးကို အဆင့်ဆင့် နာမ်ပိုင်းဟု ယူပါ။ အမျိုးသမီးများ၌ ( ခင် -မ - ဒေါ် ) ကို ပယ်၍ နာမည်အရင်းလုံးကို ရုပ်ပိုင်းယူပြီး နာမည်အဖျားပိုင်းကို အဆင့်အဆင့် နာမ်ဟု ယူပါ။

အဆင့်ဆင့်ယူပုံ

ဦးမျိုးချစ်ထွန်း မျိုး - ရုပ်ပိုင်း
ချစ် - ပထမနာမ်ပိုင်း
ထွန်း- နာမ်ပိုင်း

မမြသန်းကြည် မြ - ရုပ်ပိုင်း
သန်း - ပထမ နာမ်ပိုင်း
ကြည် - ဒုတိယ နာမ်ပိုင်း
နာမည်လေးလုံးရှိလျှင်လည်း နည်းတူယူဆပါ။ မထင်ရှားသော အမည်ကို ပယ်ပါ။


နာမည်တစ်လုံးတည်း ရှိသူများ

နာမည်တစ်လုံးကို လေ့လာသောအခါမှာ နာမည်ကိုရုပ်ပိုင်း နာမ်ပိုင်း ခွဲ၍ လေ့လာဖို့ လိုအပ်ပေသည်။ နာမည်အရင်းလုံးသည် ရုပ်ခန္ဓာနှင့် သက်ဆိုင်သော အကြောင်းအရာများကို ဟောပြောရမည်ဟု ဆိုထားသဖြင့် -
ယင်း နာမည် အရင်းလုံးသည် ပါပဂြိဟ်၊ သောမဂြိုဟ်ကိုလည်းကောင်း၊ မြေဓာတ် ရေဓာတ် လေဓာတ် မီးဓာတ်တို့ကိုလည်း ကောင်း သိဖို့လိုအပ်ပြန်၏။ ဖိုဓာတ်၊ မ ဓာတ်ကိုပါ အဆင့်ဆင့် စစ်ဆေးပြီးလျှင် ပင်ကို အခြေခံဖြစ်သော ရုပ်ခန္ဓာသည် ကြုံလှီမည် ဆူဖြိုးမည်ကို လည်းကောင်း သိဖို့လိုအပ်ပြန်၏။ ဖိုဓာတ်၊ မ ဓာတ်ကိုပါ အဆင့်ဆင့် စစ်ဆေးပြီးလျှင် ပင်ကို အခြေခံဖြစ်သော ရုပ်ခန္ဓာသည် ကြုံလှီမည် ဆူဖြိုးမည်ကို လည်းကောင်း၊ လှုပ်ရှားမည် တည်ငြိမ်မည်ကိုပါ သိဖို့လိုအပ်၏။

နာမည် အဖျားလုံးကိုလည်း စိတ်နှင့် သက်ဆိုင်သော အကြောင်းအရာများကို ဟောပြောရမည်ဟု ဆိုထားသဖြင့် နာမည်အဖျားလုံးကို ပါပ၊ သောမ စသော အဆင့်ဆင့် အကြောင်းအရာများကို ကုန်စင်အောင် ခွဲ၍ ပင်ကို အခြေခံဖြစ်သော စိတ်ပိုင်းသည် အသံစူးရှမည်၊ ကြည်လင်မည်။ ထက်မြက်မည်။ စိတ်မြန်မည်။ စိတ်အေးမည်၊ စကားပြောမြန်မည်၊ စကားပြောလေးမည်၊ စသော ဟောကွက်များကို သိဖို့လိုအပ်ပေသည်။ ထို့ကြောင့် နာမည်တိုင်း နာမည်တိုင်းကို ရုပ်နာမ်ခွဲ၍ အဆင့်ဆင့် စစ်ဆေး လေ့လာသင့်ကြောင်း ဖော်ပြအပ်ပေ၏။

၁၇။ နာမည်နှင့်ဓာတ် သိအောင်မှတ်

အန္တော တေဇောဓာတ်၊ စရေ ၀ါယောဓာတ်များသည် နေ၏အုပ်စုမှပေါက်ဖွားလာသောကြောင့် ပါပဓာတ်များ မည်ကုန်၏။ ဂဗ္ဘေ ပထ၀ီဓာတ်၊ ၀ံသေ အာပေါဓာတ်များသည် လ၏ အုပ်စုမှ ပေါက်ပွားလာသောကြောင့် သောမဓာတ်များ မည်ကုန်၏။

၁။ ပါပဓာတ်များသည် ကြုံလှီခြင်း၊ တည်ငြိမ်ခြင်း၊ အသံအက်ခြင်း၊ သဘောရှိ၏။
၂။ သောမဓာတ်သည် ဆူဖြိုးခြင်း ၊ တည်ငြိမ်ခြင်း၊ အသံအက်ခြင်း သဘောရှိ၏။
၃။ ဓာတ်ဖိုများသည် ကြုံလှီခြင်း၊ သွက်လက်ခြင်း၊ အသံထက်မြက်ခြင်း သဘောရှိ၏။
၎။ ဓာတ်မ များသည်ဆူဖြိုးခြင်း၊ အေးဆေးခြင်း ၊ အသံလေးခြင်း သဘောရှိ၏။

ပြန်လည်တင်ပြသူ
သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)