နာမက္ခရဆန်းနာမည် အဟောကျမ်းကြီး-အပိုင်း(၆)

၃၁။ ရာသက်ပန် အကျိုးပေးမည့် အလုပ်

နာမက္ခရတိုင်၌ -
၁။ လက်ယာအထက် ဂြိုဟ် ၃ လုံးသည် အမျိုးသား၌ ကောင်းကျိုးပေးစေတတ်၏။
၂။ လက်ဝဲ အထက်ဂြိုဟ် ၃ လုံးသည် အမျိုးသမီး၌ ကောင်းကျိုပေးစေတတ်၏။
၃။ လက်ယာ လက်ဝဲ အောက်ဆုံးဂြိုဟ် ၂ လုံးသည် အမျိုးသား အမျိုးသမီးတို့၌ ဆိုကျိုးပေးစေတတ်၏။

၁ခုကြွင်း နာမက္ခရတိုင်၌ -

၁။ အမျိုးသားသည် အုပ်ချုပ်ရေးအလုပ်၊ ကျပန်းအလုပ်၊ ကုန်သည်ကြီးအလုပ်၊ အနုပညာအလုပ်မျိုးတို့ဖြင့် တိုးတက်အောင်မြင်ခြင်း၊ ကျော်ဇောထင်ရှားခြင်း၊ အလုပ်မြဲခြင်းကို ဖြစ်စေတတ်၏။
မင်းမှုထမ်းအလုပ်၊ စည်းရုံးရေးအလုပ်၊ ပညာပေးအလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
စက်မှု၊ စစ်ဘက်၊ ဆေးပညာအလုပ်၊ ပွဲစားအလုပ်မျိုးတို့သည် အလုပ်မဖြစ်ခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းတို့ကို ဖြစ်စေတတ်ပါသည်။


၂ခုကြွင်း နာမက္ခရတိုင်၌ -

၂။ အမျိုးသားသည် ပွဲစားအလုပ်၊ ပညာပေးအလုပ်တို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ် ကျော်စောခြင်း ကို ဖြစ်စေပါသည်။
အုပ်ချုပ်ရေးအလုပ်၊ ကုန်သည်ကြီးအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ ကြိုးစားသလောက် အကျိုးမရှိခြင်းကို ဖြစ်စေ တတ်ပါသည်။
အနုပညာအလုပ်နှင့် စက်မှု၊ စစ်ဘက်၊ ဆေးပညာအလုပ်တို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း ၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။


၃ ခုကြွင်း နာမက္ခရတိုင်၌ -

၃။ အမျိုးသားသည် စက်မှု ၊ စစ်ဘက်၊ ဆေးပညာအလုပ်၊ အုပ်ချုပ်ရေးအလုပ်၊ ကုန်သည်ကြီးအလုပ်မျိုးတို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ် ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
ပွဲစားအလုပ်၊ မင်းမှုထမ်းအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ ကြိုးစားသလောက် အကျိုးမရှိခြင်းကို ဖြစ်စေတတ် ပါသည်။
ပညာပေးအလုပ်၊ အနုပညာအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေ တတ်ပါသည်။

၎ ခုကြွင်း နာမက္ခရတိုင်၌ -

၎။ အမျိုးသားသည် အနုပညာအလုပ်၊ ပွဲစားအလုပ်၊ မင်းမှုထမ်းအလုပ်မျိုးတို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက် အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
စက်မှု ၊ စစ်ဘက်၊ ဆေးပညာအလုပ်၊ အုပ်ချုပ်ရေး အလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
ကုန်သည်ကြီးအလုပ်၊ ပညာပေးအလုပ်မျိုးတို့သည် အလုပ်အမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေ တတ်သည်။

၅။ခုကြွင်း နာမရက္ခတိုင်၌ -

၅။ အမျိုးသားသည် ပညာပေးအလုပ်၊ စက်မှု ၊ စစ်ဘက်၊ ဆေးပညာအလုပ်၊ အုပ်ချုပ်ရေး အလုပ်မျိုးတို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ် ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
အနုပညာအလုပ်၊ ပွဲစား အလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အလုပ်မဖြစ်ခြင်းကို ဖြစ်စေ တတ်ပါသည်။
မင်းမှုထမ်းအလုပ်၊ ကုန်သည် ကြီးအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။

၆ခုကြွင်း နာမက္ခရတိုင်၌ -

၆။` အမျိုးသားသည် ကုန်သည်ကြီးအလုပ်၊ အနုပညာအလုပ်၊ ပွဲစားအလုပ်မျိုးတို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
ပညာပေးအလုပ်၊ စက်မှု၊ စစ်ဘက်၊ ဆေးပညာ အလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
အုပ်ချုပ်ရေးအလုပ်၊ မင်းမှုထမ်းအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။


၇ ခုကြွင်း နာမက္ခရတိုင်၌ -

အမျိုးသားသည် မင်းမှုထမ်းအလုပ်၊ ပညာပေးအလုပ်၊ စက်မှု၊ စစ်ဘက်၊ ဆေးပညာအလုပ်တို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
ကုန်သည်ကြီးအလုပ်၊ အနုပညာအလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
ပွဲစားအလုပ်၊ အုပ်ချုပ်ရေးအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေ တတ်ပါသည်။


၁ ခုကြွင်း နာမက္ခရတိုင်၌ -

၁။ အမျိုးသမီးသည် အုပ်ချုပ်ရေးအလုပ်၊ မင်းမှုထမ်းအလုပ်၊ ပညာပေးအလုပ်မျိုးတို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင် ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
ကုန်သည်ကြီးအလုပ်၊ အနုပညာအလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
စက်မှု၊ စစ်ဘက်၊ ဆေးပညာအလုပ်၊ ပွဲစားအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။

၂ ခုကြွင်း နာမက္ခရတိုင်၌ -

၂။ အမျိုးသမီးသည် ပွဲစားအလုပ်၊ အုပ်ချုပ်ရေးအလုပ်၊ ကုန်သည်ကြီး အလုပ်မျိုးတို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
မင်းမှုထမ်းအလုပ်၊ ပညာပေးအလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
အနုပညာအလုပ်၊ စက်မှု ၊ စစ်ဘက်၊ ဆေးပညာ အလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းတို့ကို ဖြစ်စေတတ်ပါသည်။

၃။ ခုကြွင်း နာမက္ခရတိုင်၌ -

၃။ အမျိုးသမီးသည် စက်မှု၊ စစ်ဘက်၊ ဆေးပညာအလုပ်၊ ပွဲစားအလုပ်၊ မင်းမှုထမ်းအလုပ်မျိုးတို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
အုပ်ချုပ်ရေးအလုပ်၊ ကုန်သည်ကြီးအလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေ တတ်ပါသည်။
ပညာပေးအလုပ်၊ အနုပညာအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။

၎ ခုကြွင်း နာမက္ခရတိုင်၌ -

၎။ အမျိုးသမီးသည် အနုပညာအလုပ်၊ စက်မှု။ စစ်ဘက်၊ ဆေးပညာအလုပ်။ အုပ်ချုပ်ရေး အလုပ်မျိုးတို့ဖြင့် အလုပ်ဖြစ်ခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
ပွဲစားအလုပ်၊ မင်းမှုထမ်း အလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
ကုန်သည်ကြီးအလုပ်၊ ပညာပေးအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။


၅ ခုကြွင်း နာမက္ခရတိုင်၌ -

၅။ အမျိုးသမီးသည် ပညာပေးအလုပ်၊ အနုပညာအလုပ်၊ ပွဲစားအလုပ်မျိုးတို့ဖြင့် အလုပ်မြဲခြင်း၊ တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
စက်မှု၊ စစ်ဘက်၊ ဆေးပညာအလုပ်၊ အုပ်ချုပ်ရေးအလုပ်မျိုးတို့သည် အလုပ်မြဲခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ထွန်းခြင်းကို ဖြစ်စေတတ်ပါသည်။
မင်းမှုထမ်းအလုပ်၊ ကုန်သည်ကြီးအလုပ်မျိုးတို့သည် အလုပ်မမြဲခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။


၆ ခုကြွင်း နာမက္ခရတိုင်၌ -

၆။ အမျိုးသမီးသည် ကုန်သည်ကြီးအလုပ်၊ ပညာပေးအလုပ်၊ စက်မှု၊ စစ်ဘက်၊ ဆေးပညာ အလုပ်မျိုးတို့ဖြင့် တိုးတက်အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည် ။
အနုပညာအလုပ်၊ ပွဲစားအလုပ်မျိုးတို့သည် အလုပ်မဖြစ်ခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
အုပ်ချုပ်ရေးအလုပ်၊ မင်းမှုထမ်းအလုပ်မျိုးသည် အလုပ်မဖြစ်ခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။


၇ ခုကြွင်း နာမက္ခရတိုင်၌-

၇။ အမျိုးသမီးသည် မင်းမှုထမ်းအလုပ်၊ ကုန်သည်ကြီးအလုပ်၊ အနုပညာအလုပ်မျိုးတို့ဖြင့် အလုပ်ဖြစ်ခြင်း၊ တိုးတက်အောင်မြင်ခြင်း ထင်ပေါ်ကျော်စောခြင်းကို ဖြစ်စေတတ်ပါသည်။
ပညာပေးအလုပ်၊ စက်မှု၊ စစ်ဘက်၊ ဆေးပညာအလုပ်မျိုးတို့သည် အလုပ်ဖြစ်ခြင်း၊ ကြိုးစားသလောက် အကျိုးမဖြစ်ခြင်းကို ဖြစ်စေတတ်ပါသည်။
ပွဲစားအလပ်၊ အုပ်ချုပ်ရေးအလုပ်မျိုးတို့သည် အလုပ်မဖြစ်ခြင်း၊ အကျိုးပျက်ပြားခြင်း၊ ဆုံးရှုံးခြင်းကို ဖြစ်စေတတ်ပါသည်။

ဤကဲ့သို့ အမျိုးသားများမှာ လက်ယာဂြိုဟ် အထက် ၃ လုံးတွင် လက်ယာ ၁ ခေါ်သော အလယ်လုံးသည် ဣဋ္ဌအနိဋ္ဌ ရောယှက်၍ ဆူဆူပူပူနှင့် အကျိုးကို ပေးစေတတ်ပါသည်။ တိုင်ထိပ်ဂြိုဟ်နှင့် လက်ယာ ၂ ဂြိုဟ်တို့သည် ဣဋ္ဌသဘောဖြင့် အေးဆေးသာယာစွာ အကျိုးကို ပေးစေတတ်ပါသည်။ လက်ဝဲ ၁ ဂြိုဟ်နှင့် လက်ဝဲ ၂ ဂြိုဟ်များသည်အကျိုးအပြစ်မရှိ၊ ၀ီရိယအကျိုးသာ ခံစားရတတ်ပါသည်။

လက်ဝဲလက်ယာ အောက်ဂြိုဟ် ၂ လုံးသည် အနိဋ္ဌသဘောဖြင့် ဆိုးကျိုးပေးစေတတ်ပါသည်။ အမျိုးသမီးများလည်း လက်ဝဲဂြိုဟ်အထက် ၃ လုံးတွင် လက်ဝဲ ၂ ခေါ်သော အောက်လုံးသည် ဣဋ္ဌ အနိဋ္ဌ ရောယှက်၍ ဆူဆူပူပူ ပင်ပင်ပန်းပန်း အကျိုးကို ပေးစေတတ်ပါသည်။ တိုင်ထိပ်ဂြိုဟ်နှင့် လက်ဝဲ ၁ ဂြိုဟ်တို့သည် ဣဋ္ဌသဘောဖြင့် အေးဆေးသာယာစွာ အကျိုးကို ပေးစေတတ်ပါသည်။ လက်ယာ ၁ ဂြိုဟ်၊ လက်ယာ ၂ ဂြိုဟ်များသည် အကျိုးအပြစ်မရှိ၊ ၀ီရိယ အကျိုးသာ ခံစားရတတ်ပါသည်။ လက်ဝဲလက်ယာ အောက်ဂြိုဟ် ၂ လုံးသည် အနိဋ္ဌသဘောဖြင့် ဆိုးကျိုးကိုပေးစေတေတ်ပါသည်။

ထို့ကြောင့် မိမိရင်နှစ် သားသမီး ရတရာမျးကို ကောင်းကျိုးချမ်းသာနှင့်ပြည့်စုံစေခြင်းငှာ အကျိုးပေးနိုင်သော အလုပ်ကို ငယ်ရွယ်စဉ်ကပင် တင်ကြို၍ ညွှန်ကြားပေးသင့်ကြောင်း အသေးစိတ် ဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။

၃၂။ အိမ်ထောင်ဆက်ကို သိစေလို

အမျိုးသားများ၏ အိမ်ထောင်ဂြိုဟ်သည် သောကြာဖြစ်သည်။
အမျိုးသမီးများ၏ အိမ်ထောင်ဂြိုဟ်သည် အင်္ဂါဖြစ်သည်
နာမက္ခရတိုင်မှာ အိမ်ထောင်ဂြိုဟ်ကို ကြည့်၍ အိမ်ထောင်ဆက်များမည်။ နည်းမည်ကို ဟောပြောရမည် ဖြစ်၏။

အမျိုးသားများသည် ၁ ခုကြွင်း နာမက္ခရတိုင်၌ အိမ်ထောင်ဂြိုဟ် သောကြာသည် လက်ယာ ဌာနမှာ ရှိသောကြောင့် အသက်ကြီးသူနှင့် အိမ်ထောင်ကျတတ်သည်။ အသက်ကြီးသူနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင်တစ်ဆက်နှင်မြဲ၍ အသက် ငယ်သူနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင်ဆက် နှစ်ဆက် ဖြစ်တတ်သည်။

အမျိုးသားများသည် ၂ခုကြွင်း နာမက္ခရတိုင်၌ အိမ်ထောင်ဂြိုဟ် သောကြာသည် လက်ဝဲ ၂ ဌာနမှာ ရှိသောကြောင့် အိမ်ထောင်ဦးပျက်ခြင်း၊ ရည်းစားဦးပျက်ခြင်း၊ အိမ်ထောင် နှစ်ဆက် ကျခြင်း ဖြစ်တတ်၏။
အမျိုးသားများသည် ၃ခုကြွင်း နာမက္ခရတိုင်၌ အိမ်ထောင်ဂြိုဟ် သောကြာသည် လက်ယာ ၂ ဌာနမှာ ရှိသောကြောင့် အိမ်ထောင် တစ်ဆက်နှင့် တည်မြဲခြင်း ဖြစ်တတ်၏။

အမျိုးသားများသည် ၄ခုကြွင်း နာမက္ခရတိုင်၌ အိမ်ထောင်ဂြိုဟ် သောကြာသည် လက်ဝဲ ၃ ဌာနမှာ ရှိသောကြောင့် အအိုနှင့် အိမ်ထောင်ကျတတ်ခြင်း ၊ အိမ်ထောင်ဆက်များခြင်း၊ အိမ်ထောင် လေးဆက်အထိ ပြောင်းရွှေ့ရတတ်ခြင်း ဖြစ်တတ်၏။
အမျိုးသားများသည် ၅ခုကြွင်း နာမက္ခရတိုင်၌ အိမ်ထောင်ဂြိုဟ် သောကြာသည် လက်ယာ ၃ ဌာနမှာ ရှိသောကြောင့် အိမ်ထောင်ပျက်နှင့် အိမ်ထောင်ကျတတ်ခြင်း၊ အိမ်ထောင်ဆက်များခြင်း၊ အိမ်ထောင် သုံးဆက်ထိ ပြောင်းရွှေ့ရတတ်ခြင်း ဖြစ်တတ်၏။

အမျိုးသားများသည် ၆ခုကြွင်း နာမက္ခရတိုင်၌ အိမ်ထောင်ဂြိုဟ် သောကြာသည် တိုင်ထိပ်မှာ ရှိသောကြောင့် အပျိုနှင့် အိမ်ထောင်ကျတတ်ခြင်း၊ အိမ်ထောင် တစ်ဆက်နှင့် တည်မြဲခြင်း ဖြစ်တတ်၏။

အမျိုးသားများသည် ၇ခုကြွင်း နာမက္ခရတိုင်၌ အိမ်ထောင်ဂြိုဟ် သောကြာသည် လက်ဝဲ (၁) ဌာနမှာ ရှိသောကြောင့် အပျိုနှင့် အိမ်ထောင်ကျခြင်း၊ အိမ်ထောင် တစ်ဆက်နှင့် တည်မြဲခြင်း ဖြစ်တတ်သည်။

မှတ်ချက်။ နာမည်အဖျားလုံး နာမက္ခရတိုင်၌ လက်ဝဲလက်ယာ အောက်ဆုံး ၂ လုံးမှာ ရှိလျှင်လည်း အိမ်ထောင်ဆက် များတတ်ပါသည်။
အမျိုးသမီးများသည် အမျိုးသားများကို နည်းမှီ၍ နာမက္ခရတိုင်မှာ အိမ်ထောင်ဂြိုဟ် အင်္ဂါကိုကြည့်၍ ဟောပြောကြပါကုန်။


၃၃။အိမ်ထောင်ဖက်မှန် ရွေးချယ်ရန်
အိမ်ထောင်ဖက် မမှန်လျှင် တွေ့ကြုံရမည့် အပြစ် ၆ ပါး -

၁။ အိမ်ထောင်မမြဲခြင်း၊
၂။ ဆင်းရဲပင်ပန်းခြင်း၊ စီးပွားမဖြစ်ထွန်းခြင်း၊
၃။ စိတ်သဘောချင်း မတိုက်ဆိုင်၍ စိတ်ဆင်းရဲစရာကြုံခြင်း၊
၎။ ခဏခစ ရန်ပေါ်တတ်ခြင်း၊
၅။ အိမ်ထောင်ရှိလျှက် သုခမရှိုခြင်း၊
၆။ အိမ်ထောင်ပျက်ပြားတတ်ခြင်းကို ဖြစ်စေတတ်၏။

နာမက္ခရတိုင်၌ -

၁။ လက်ယာဂြိုဟ်များသည် အမျိုးသား၌ အကျိုးပေးသောဂြိုဟ်ဟု မှတ်ပါ။
၂။ လက်ဝဲဂြိုဟ်များသည် အမျိုးသမီး၌ အကျိုးပေးသော ဂြိုဟ်ဟု မှတ်ပါ။
၃။ အောက်ဆုံး လက်ဝဲ လက်ယာ ဂြိုဟ်များသည် အမျိုးသား အမျိုးသမိးများ၌ ခိုက်သောဂြိုဟ်ဟု မှတ်ပါ။


အမျိုးသား၌ အိမ်ထောင်ဖက်မှန် ရွေးချယ်ရန်မှာ -

၁။ အမျိုးသားသည် လက်ယာဂြိုဟ်အထက် ၃ လုံးတွင် တိုင်ထိပ်ဌာနနှင့် လက်ယာ ၂ ဌာနမှ နေ့သမီးနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက် မှန်သောကြောင့် အိမ်ထောင်တည်မြဲခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း၊ စီးပွား ဖြစ်ထွန်းခြင်း ၊ အိမ်ထောင်ရေး သုခရှိုခြင်း၊ အေးချမ်းသာယာစွာ အကျိုးကို ပေးစေတတ်၏။

၂။ အမျိုးသားသည် လက်ယာ ၁ ဌာနမှ နေ့သမီးနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက် မှန်သော်လည်း အိမ်ထောင်တည်မြဲခြင်း၊ သောကရောက်ခြင်း၊ ဆူဆူပူပူနှင့် အကျိုးပေးခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ပင်ပန်းခြင်း၊ စီးပွား ဖြစ်ထွန်းခြင်းကို ဖြစ်စေတတ်၏။

၃။ အမျိုးသားသည် လက်ဝဲ ၁ ဌာနနှင့် လက်ဝဲ ၂ ဌာနမှ နေ့သမီးနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင် မတည်မြဲခြင်း၊ အနည်းငယ် ရန်ပေါ်ခြင်း၊ ကိုယ်ခန္ဓာပင်ပန်းခြင်း၊ အိမ်ထောင်ရေးသုခ မရှိခြင်း ဖြစ်စေတတ်၏။

၎။ အမျိုးသားသည် လက်ဝဲလက်ယာအောက် ၂ ဌာနမှ နေ့သမီးနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက်မှားသောကြောင့် ဖော်ပြပါအပြစ် ၆ ပါးနှင့် ရန်ဆိုင်ရတတ်ပါသည်။

မှတ်ချက်။ ။ အိမ်ထောင်ဖက်မှန် ရွေးချယ်ရာ၌ မိတ်ရန်ကြည့်ဖို့ မလိုပါ။

အမျိုးသမီး၌ အိထောင်ဖက်မှန် ရွေးချယ်ရန် -

၁။ အမျိုးသမီးသည် လက်ဝဲဂြိုဟ်အထက် ၃လုံးတွင် တိုင်ထိပ်ဌာနနှင့်လက်ဝဲ ၁ ဌာနမှနေ့သားနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက်မှန်သောကြောင့် အိမ်ထောင်တည်မြဲခြင်း၊ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း၊ စီးပွားဖြစ်ထွန်းခြင်း၊ အိမ်ထောင်ရေး သုခရှိုခြင်း၊ အေးချမ်းသာယာစွာ အကျိုးကို ပေးစေတတ်ပါသည်။

၂။ အမျိုးသမီးသည် လက်ဝဲ ၂ ဌာနမှ နေ့သားနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက်မှန်သော်လည်း အိမ်ထောင်တည်မြဲခြင်း၊ စိုးရိပူပန်ရခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ပင်ပန်းခြင်း၊ စီးပွားဖြစ်ထွန်းခြင်းကို ဖြစ်စေတတ်ပါသည်။

၃။ အမျိုးသမီးသည် လက်ယာ ၁ ဌာနနှင့် လက်ယာ ၂ ဌာန နေ့သားနှင့်အိမ်ထောင်ကျလျှင် အိမ်ထောင်တည်မြဲခြင်း၊ အနည်းငယ် ၇န်ပေါ်တတ်ခြင်း၊ ကိုယ်ခန္ဓာပင်ပန်းခြင်း၊ အိမ်ထောင်ရေးသုခ မရှိုခြင်း ဖြစ်တတ်ပါသည်။

၎။ အမျိုးသမီးသည်လက်ဝဲလက်ယာ အောက် ၂ ဌာနမှ နေ့သားနှင့် အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက် မှားသောကြောင့် ဖော်ပြပါ အပြစ် ၆ ပါးနှင့် ရင်ဆိုင်ရတတ်ပါသည်။

အမှတ် ၁ သည် အကောင်းဆုံး အိမ်ထောင်ဖက်ဟု မှတ်ပါ။
အမှတ် ၂ သည် အလတ်စား အိမ်ထောင်ဖက်ဟု မှတ်ပါ။
အမှတ် ၃ သည် အညံ့စား အိမ်ထောင်ဖက်ဟု မှတ်ပါ။
အမှတ် ၄ သည် အဆိုးဆုံး အိမ်ထောင်ဖက်ဟု မှတ်ယူပါလေ။


၃၄။ အပျိုကြီး လူပျိုကြီးကံ သိစေရန်

အမျိုးသမီးသည် လက်ယာအထက် ၃ လုံးတွင် အလယ်လုံးမှာမွေးနံတွေ့လျှင် (၀ါ) လက်ယာ ၁ မှာ မွေးနံတွေ့လျှင် အပျိုကြီးဖြစ်တတ်၏။

အမျိုးသားသည် လက်ဝဲအထက် ၃ လုံးတွင် အလယ်လုံးမှာ မွေးနံတွေ့လျှင် ( ၀ါ ) လက်ဝဲ ၁ မှာ မွေးနံတွေ့လျှင် လူပျိုကြီးဖြစ်တတ်၏။


၃၅။ အိမ်ထောင်ကျပုံ

၁။ အမျိုးသမီးသည် လက်ယာဂြိုဟ်အထက် ၃ လုံးတွင် အလယ်လုံးမှာ မွေးနံရှိလျှင် အိမ်ထောင်ကျ နောက်ကျခြင်း၊ အိမ်ထောင်ရေး အကျိုးပေးခြင်း၊ ခင်ပွန်းကို အားမကိုးရခြင်း၊ အိမ်ထောင်တစ်ခုလုံးကို မိမိခေါင်းဆောင်၍ အပင်ပန်းခံရခြင်း ဖြစ်တတ်၏။

၂။ လက်ယာဂြိုဟ် တိုင်ထိပ်နှင့် လက်ယာ ၂ မှာမွေးနံရှိလျှင် အသက်ကြီးမှ အိမ်ထောင်ကျတတ်သည်။
၃။ လက်ဝဲ လက်ယာဂြိုဟ် အောက်ဆုံး ၂ လုံးမှာ မွေးနံရှိလျှင် အသက်ငယ်ငယ်မှာပင်အိမ်ထောင်ကျ၍ အိမ်ထောင်မမြဲခြင်း ဖြစ်တတ်ပါသည်။
၎။ လက်ဝဲ ၁ နှင့် လက်ဝဲ ၂ မှာ မွေးနံရှိလျှင် ဓမ္မတာအတိုင်း အိမ်ထောင်ကျမည်၊ အိမ်ထောင်ကျသောအခါ ပျော်ပျော်ရွှင်ရွှင် ရှိမည်။


၁။ အမျိုးသားသည် လက်ဝဲဂြိုဟ် အထက် ၃ လုံးတွင် အလယ်လုံးမှာ မွေးနံရှိလျှင် အိမ်ထောင်ကျ နောက်ကျခြင်း၊ အိမ်ထောင်ရေး အကျိုးမပေးခြင်း၊ ဇနီးကို အားမကိုးရခြင်း၊ အပင်ပန်းခံရခြင်း၊ အိမ်တွင်းရေး ပူပန်ရခြင်းဖြစ်တတ်သည်။

၂။ လက်ဝဲဂြိုဟ် တိုင်ထိပ်နှင့် လက်ဝဲ ၂ မှာ မွေးနံရှိလျှင် အသက်ကြီးမှ အိမ်ထောင်ကျတတ်သည်။

၃။ လက်ဝဲလက်ယာ အောက်ဆုံး ၂ လုံးမှာ မွေးနံရှိလျှင် အသက်ငယ်ငယ်မှာပင် အိမ်ထောင်ကျ၍ အိမ်ထောင်မမြဲခြင်း ဖြစ်တတ်ပါသည်။

၎။ လက်ယာ ၁ နှင့် လက်ယာ ၂ မှာ မွေးနံရှိလျှင် ဓမ္မတာ အတိုင်း အိမ်ထောင်ကျမည်။ အိမ်ထောင်ကျသောအခါ ပျော်ပျော်ရွှင်ရွှင် ရှိမည်။

မှတ်ချက်။ ။ မွေးနံနှင့် နာမည် ညီညွှတ်သောသူအတွက်သာ ဖြစ်သည်။


၃၆။ သားသမီး အကျိုး ပေး မပေး သိဖို့ရေး

အမိ အဖတို့၏ နာမက္ခရတိုင်မှာ ကြည့်၍ အမိကို အကျိုးပေးမည်။ အဖကို အကျိုးပေးမည်ဟု ဟောပြောခြင်းဖြစ်သည်။

ဤဟောကွက်သည် အမိအဖတို့၏ စိတ်နှလုံးကု ရွှင်ပြုံးစေတတ်သော ဟောကွက်ဖြစ်သည်။ အမိအဖတိုင်းပင်လျှင် သားသမီးတို့၏ အကျိုးအပြစ်ကို သိလိုကြ၏။ ထို့ကြောင့် နာမက္ခရဆန်း နာမည် အဟောကျမ်းမှာ သားသမီးတို့၏ အကျိုးအပြစ်ကို အပြည့်အစုံဖော်ပြရေးသားလိုက်ခြင်းဖြစ်ပေသည်။

အဖ၏ နာမက္ခရတိုင်တွင် -
ကလေး၏ မွေးနံသည် လက်ယာဂြိုဟ် အထက် ၃လုံးမှာ တွေ့လျှင် အဖကို အကျိုးပေးမည့် သားသမီးဟု မှတ်ရမည်။
ကလေး၏ မွေးနံသည် လက်ဝဲဂြိုဟ်အထက် ၃ လုံးမှာ တွေ့လျှင် အဖ၌အကျိုးအပြစ်မရှိဟု မှတ်ရမည်။
ကလေး၏ မွေးနံသည် လက်ဝဲ အောက်ဆုံး အလုံးမှာတွေ့လျှင် အမိအတွက် အဖ စိတ်ဆင်းရဲစရာ ကြုံတွေ့တတ်သည်ဟုမှတ်ရမည်။
ကလေး၏ မွေးနံသည် လက်ယာ အောက်ဆုံးအလုံးမှာ တွေ့လျှင် အဖစီးပွားရေး ၊ အိမ်ထောင်ရေး ပျက်ပြားတတ်သည်ဟုမှတ်ရမည်။
ကလေး၏ မွေးနံသည် လက်ဝဲဂြိုဟ် အောက်ဆုံးအလုံးမှာ တွေ့လျှင် အမိ ကျန်းမာရေး ၊ အိမ်ထောင်ရေး ပျက်ပြားတတ်သည်ဟု မှတ်ရမည်။

0 comments:

Post a Comment