နာမက္ခရဆန်း နာမည် အဟောကျမ်းကြီး-အပိုင်း(၇)

၃၇။ နာမည်ကြည့်၍ မိဘမွေးနံ သိအောင်ကြံ

ရှေ့ပိုင်း၌ ဖော်ပြခဲ့သော မိတ်ရန်၊ ဓာတ်၊ ဥဒါသိန်ကို သတိပြုမိကြပါစေ။

မွေးနံ အပြင်မိတ် အတွင်းမိတ် ဓာတ်မိတ်
တနင်္ဂနွေ၏ ၁ ၅ ၁ ၆ ၁ ၇
တနင်္လာ၏ ၂ ၄ ၂ ၈ ၂ ၅
အင်္ဂါ၏ ၃ ၆ ၃ ၅ ၃ ၈
ဗုဒ္ဓဟူး၏ ၄ ၂ ၄ ၇ ၄ ၆
ကြသပတေး၏ ၅ ၁ ၅ ၃ ၅ ၂
သောကြာ၏ ၆ ၃ ၇ ၄ ၇ ၁

ကလေးများအသက် ( ၁၂ ) နှစ်အထိ မွေးနံနှင့် တိုင်းရမည်။ ကလေးများ အသက် ( ၁၂)မှ ကျော်သော် နာမည် အရင်းလုံးနှင့် တိုင်းရမည်။ နာမည်အရင်းလုံး၏ အပြင်မိတ်၊ အတွင်းမိတ်၊ ဓာတ်မိတ်ဂြိုဟ်များတွင် တစ်လုံးလုံးသည် အမိအဖ၏ မွေးနံဖြစ်သည်။

ဥပမာ။ ။ အောင်မြင့်၏ အမိအဖသည် ကြာသပတေး၊ သောကြာ၊ စနေနေ့ သားသမီး ဖြစ်ရမည်။
ကျော်ဝင်း၏ အမိအဖသည် ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေးနေ့ သားသမီးဖြစ်ရမည်။
စိန်ဖေ၏ အမိအဖသည် သောကြာ၊ ကြာသပတေး၊ ရာဟုနေ့ သားသမီးဖြစ်ရမည်။
ဝင်းကြည်၏ အမိအဖသည် တနင်္လာ၊စနေ၊ သောကြာနေ့ သားသမီး ဖြစ်ရမည်။
ဖေအောင်၏ အမိအဖသည် တနင်္ဂနွေ၊အင်္ဂါ၊တနင်္လာနေ့ သားသမီးဖြစ်ရမည်။
သိန်းတင်၏ အမိအဖသည် အင်္ဂါ၊ တနင်္ဂနွေ၊ ဗုဒ္ဓဟူးနေ့ သားသမီးဖြစ်ရမည်။
တင်မြင့်၏ အမိအဖသည် ရာဟု၊ ဗုဒ္ဓဟူး၊ တနင်္ဂနွေနေ့ သားသမီးဖြစ်ရမည်။

၁။ နာမည်ရှင်၏ အပြင်မိတ်တွင် အမိအဖတို့၏ မွေးနံပါသော် အမိအဖတို့၏ ချစ်ခင်ယုယမှုကို ခံစားရခြင်း၊ မိရိုးဖလားအလုပ် လုပ်ကိုင်ရခြင်း၊ စိတ်ချမ်းသာရခြင်း ဖြစ်၏။

၂။ နာမည်ရှင်၏ အတွင်းမိတ်တွင် အမိအဖတို့၏ မွေးနံပါသော် အမိအဖတို့နှင့် အတူတကွ နေရခြင်း၊ ဆွေမျိုးဉာတိတို့၏ချစ်ခင်ယုယမှုကို ခံစားရခြင်း၊ စိတ်ချမ်းသာရခြင်း ဖြစ်၏။

၃။ နာမည်ရှင်၏ ဓာတ်မိတ်တွင် အမိအဖတို့၏ မွေးနံပါသော် အမိအဖတို့၏ အကျိုးကျေးဇူးကို ခံစားရခြင်း၊ အမွေအနှစ်ရခြင်း၊ စိတ်ချမ်းသာရခြင်းဖြစ်၏။

၁။ နာမည်ရှင်၏ အပြင်မိတ်၊ အတွင်းမိတ်၊ ဓာတ်မိတ်များတွင် အမိမွေးနံမပါသော် အမိ၏ ချစ်ခင်ယုယမှုကို မခံစားရခြင်း ၊အမိအတွက် ပူပန်သောက ရောက်တတ်ခြင်း၊ ပင်ပန်းစွာ လုပ်ကျွေးရခြင်၊ ခွဲခွာနေရခြင်း သဘောရှိ၏။

၂။ နာမည်ရှင်၏ အပြင်မိတ် အတွင်းမိတ် ဓာတ်မိတ်များတွင် အဖ၏ မွေးနံမပါသော် အဖ၏ ချစ်ခင်ယုယမှုကို မခံစားရခြင်း၊ အဖအတွက် ပူပန်သောကရောက်ြခင်း၊ ပင်ပန်းစွာ လုပ်ကျွေးခြင်း၊ ခွဲခွာနေရခြင်း သဘောရှိ၏။

၃။ နာမည်ရှင်၏ အပြင်မိတ် အတွင်းမိတ် ဓာတ်မိတ်များတွင် အမိအဖနှစ်ပါးလုံး၏ မွေးနံမပါသော် အမိအဖများနှင့် အတူတကွ မနေရခြင်း၊ အမိအဖတို့၏ အကျိုးကျေးဇူးကို မခံစားရခြင်း၊ချစ်ခင်ကြင်နာမှု နည်းခြင်း သဘောရှိ၏။

၁။ နာမည်ရှင်၏ ဥဒါသိန်များတွင် အမိအဖတို့၏ မွေးနံပါသော် အတူနေရသော်လည်း ချစ်ခင်မှုနည်းခြင်း၊ ချစ်ခင်ပါသော်လည်း ခွဲခွာနေရခြင်း သဘောရှိ၏။

၂။ နာမည်ရှင်၏ အပြင်ရန် အတွင်းရန်ဓာတ်ရန်များတွင် အမိအဖတို့၏ မွေးနံပါသော် အမိအဖတို့၏ အယူဝါဒကို စွန့်ပယ်ခြင်း၊ အမိအဖတို့၏ မနှစ်သက်သော အလုပ်အကိုင်များကို လုပ်ကိုင်တတ်ခြင်း ၊ အမိအဖတို့နှင့် ခွဲခွာ နေတတ်ခြင်း သဘောရှိ၏။

၃၈။ အမြုံဟောကွက် အသိခက်

၁။ အမျိုးသားသည် လက်ဝဲဂြိုဟ် အထက် ၃ လုံးတွင် အလယ်လုံး မွေးနံရှိ၍ နာမည်မှန်ခြင်း၊
၂။ အမျိုးသမီးသည် လက်ယာဂြိုဟ် အထက် ၃ လုံးတွင် အလယ်လုံးမှာ မွေးနံရှိ၍ နာမည်မှန်ခြင်းဖြစ်လျှင် ၄င်းတို့၏ အိမ်ထောင်သည် သားသမီးမရ အမြုံဖြစ်တတ်၏။


ကလေးအင်္ဂါ မစုံပါ

၁။ အမျိုးသားသည် နာမည်အရင်းလုံး လက်ဝဲဂြိုဟ် အောက်ဆုံးဌာနမှာ ရှိခြင်း။
၂။ အမျိုးသမီးသည် နာမည်အရင်းလုံး လက်ယာဂြိုဟ် အောက်ဆုံးဌာနမှာ ရှိခြင်းဖြစ်လျှင် ၄င်းတို့၏ အိမ်ထောင်ဖက်သည် ကိုယ်အင်္ဂါ ချို့တဲ့သော သားသမီးကို မွေးရတတ်ပါသည်။

၃၉။ အဆာင်ရတနာ ၌ဤသို့ရှာ

တနင်္ဂနွေ ဥဿဖရား
တနင်္လာ ဂေါ်မုတ် -ကြောင်
အင်္ဂါ စိန် - ကျောက်စိမ်း
ဗုဒ္ဓဟူး မဟူရာ
ကြာသပတေး ပတ္တမြား - မြ
သောကြာ သန္တာ
စနေ နီလာ

နာမက္ခရတိုင်တွင် -
အမျိုးသားသည် တိုင်ထိပ်ဌာနမှာ ရှိသောဂြိုဟ်သည် အကောင်းဆုံးအကျိုးပေးသော ဂြိုဟ်ဖြစ်၏။ ကျော်စော ထင်ရှားခြင်း၊ ရန်အပေါင်းကိုအောင်မြင်ခြင်းကို ဖြစ်စေတတ်၏။ လက်ယာ ၂ ဌာနမှာရှိသော ဂြိုဟ်သည် အလတ်စား ကောင်းကျိုးကိုပေးသော ဂြိုဟ်ဖြစ်၏။ ရန်အပေါင်းကို အောင်မြင်ခြင်း၊ စီးပွား တိုးတက်ခြင်းကို ဖြစ်စေတတ်၏။ လက်ဝဲ ၁ ဌာနမှာရှိသော ဂြိုဟ်ည် အညံ့စားကောင်းသော ဂြိုဟ်ဖြစ်၏ မိတ်ပေါ်ခြင်းကို ဖြစ်စေတတ်၏။

နာမက္ခရတိုင်တွင်

အမျိုးသမီးသည် တိုင်ထိပ်ဌာနမှာရှိသော ဂြိုဟ်သည် အကောင်းဆုံးအကျိုးပေးသော ဂြိုဟ်ဖြစ်သည်။ ကျော်စောထင်ရှားခြင်း၊ ဘေးရန်ကင်းခြင်း၊ အောင်မြင်ခြင်းကို ဖြစ်စေတတ်၏။ လက်ဝဲ ၁ ဌာနမှာရှိသော ဂြိုဟ် သည် အလတ်စား ကောင်းကျိုးပေးသော ဂြိုဟ်ဖြစ်၏။ ဘေးရန်ကင်းခြင်း၊ စီးပွား တိုးတက်အောင်မြင်ခြင်းကို ဖြစ်စေတတ်၏။ လက်ယာ၂ ဌာနမှာရှိသော ဂြိုဟ်သည် အညံ့စား ကောင်းသော ဂြိုဟ်ဖြစ်၏။ ချစ်ချင် သူပေါများခြင်းကို ဖြစ်စေတတ်၏။


ဥပမာ ။ ။ ၁ ခုကြွင်း နာမက္ခရတိုင်၌-
အမျိုးသားသည် ဥဿဖရား ကျောက်ကို တစ်လုံးတည်း ခံ့ညားလှပအောင် လက်စွပ်ကွင်းဝတ်လျှင် ကောင်းကျိုးကိုပေးစေတတ်သော အဆောင်ဖြစ်၍ ကျော်စောထင်ရှားခြင်း၊ ရန်အပေါင်းကို အောင်မြင်ခြင်း အကျိုးရှိ၏။ နီလာကျောက်ကို လက်စွပ်ကွင်း ၀တ်လျှင် ကောင်းကျိုးကို ပေးစေတတ်သော ဂြိုဟ် ၂ လုံးပေါင်း အဆောင်ဖြစ် ၍ စီးပွားတိုးတက် အောင်မြင်ခြင်း၊ ချစ်ခင်သူ ပေါများခြင်း ဖြစ်စေတတ်၏။

အမျိုးသမီးသည် ဥဿဖရားကျောက်ကို လှပအောင်လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်ပြုလုပ်ဆောင်လျှင် ကျော်
စောထင်ရှားခြင်း၊ ဘေးရန်ကင်းခြင်း၊ အောင်မြင်မှုများခြင်းကို ဖြစ်စေတတ်၏။ သန္တာကျောက်ကို လှပအောင် လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်ပြုလုပ် ဆောင်လျှင် ဘေးရန်ကင်းခြင်း၊ စီးပွား တိုးတက် အောင်မြင်ခြင်းကို ဖြစ်စေတတ်၏။

ဤကဲ့သို့ နာမက္ခရတိုင်မှာကြည့်၍ အမျိုးသား၊ အမျိုးသမီး တို့သည် ကောင်းကျိုးကိုပေးစေတတ်သော ဂြိုဟ်များအရ နံကောက်၍ အဆောင်ပြုလုပ်နိုင်ပါသည်။ ကျန် နာမက္ခရတိုင်များမှာလည်း ဤသည်ကို နည်းမှီ၍ သိလင့်ပါကုန်၊ ယခုဖော်ပြပါ နာမက္ခရတိုင်မှ ဂြိုဟ်များကို နံကောက်၍ နံသင့်အသားများကို ဘုရားထု၍ ပူဇော်ခြင်း၊ ရှင်သီဝလိထု၍ ပူဇော်ခြင်း၊ သူရဿတီထု၍ ကိုးကွယ်ခြင်းစသည် မိမိတို့ ဉာဏ်မီသလောက် ဆောင်ရွက်နိုင်ကြောင်း ဖော်ပြအပ်ပါသည်။


အဆောင်နှင့်ဆောင်သူ ရန်မမူသင့်

ဖော်ပြပါ ရာသက်ပန် အကျိုးပေးစေတတ်သော ဂြိုဟ် ၃ လုံးတွင်ဆောင်သောူ နေ့နံနှင့် အပြင်မိတ်၊ အတွင်းမိတ်၊ ဓာတ်မိတ်ဖြစ်သော ဂြိုဟ်တို့ကို ရွေးချယ်ဆောင်သင့်ကြောင်း သတိပေးအပ်ပါသည်။


ဟောပြောရေး ပညာများတွင်
ဓမ္မဓိဌာန် ဟောပြောနည်းနှင့် ပုဂ္ဂလဓိဋ္ဌာန် ဟောပြောနည်းဟူ၍ ၂ မျိုးရှိ၏။

၁။ ဓမ္မဓိဋ္ဌာန် ဟောပြောနည်းဟူသည် ကိန်းဂဏန်းကို ပဓာနထား၍ ဟောပြောခြင်း ဖြစ်၏။
၂။ ပုဂ္ဂလဓိဋ္ဌာန် ဟောပြောနည်းဟူသည် ပုဂ္ဂိုလ်၏ အမည်ပညတ်ကို ပဓာနထား၍ ဟောပြောခြင်း ဖြစ်၏။

၁။ ဓမ္မဓိဌာန် ဟောပြောနည်းသည် ကိန်းဂဏန်းကိုကြည့်၍ ကိန်းဂဏန်းဇာတာကောင်းလျှင် ဤလူသည် ရာသက်ပန် ကောင်းသည်ဟု တထစ်ချဟောပြောခြင်း၊ ကိန်းဂဏန်း ဇာတာမကောင်းလျှင်လည်း ဤလူသည် ရာသက် ပန် မကောင်းဟူ၍ တထစ်ချ ဟောပြောရခြင်းကြောင့် လှေနံဓားထစ် ဟောပြောခြင်း ဖြစ်၏။

၂။ ပုဂ္ဂလိကက ဓိဋ္ဌာန် ဟောပြောနည်းသည် အမည် ပညတ်ကို ကြည့်ပြီးကိန်းဂဏန်းပင်ကောင်းသော်လည်း နာမည် မကောင်းလျှင် အကောင်းကို လျှော့၍လည်းကောင်း၊ ကိန်းဂဏန်းကောင်း၍ နာမည်ပါကောင်းလျှင် အပြည့်အစုံ ကာင်းသည်ဟူ၍ လည်းကောင်း ၊ ကိန်းဂဏန်းမကောင်းသောလည်း နာမည်ကောင်းလျှင် အနည်ုးငယ်မျှ ကောင်းသည်ဟူ၍လည်းကောင်း၊ ကိန်းဂဏန်း လည်းမကောင်း၊ နာမည်လည်း မကောင်းလျှင် အလွန်မကောင်းဟူ၍လည်းကောင်း ဟောပြောခြင်းဖြစ်၏။


၄၀။ လှေနံဓားထစ် မှတ်ရစ်ပုံသေ မရှိစေနှင့်

တစ်ကမ္ဘာလုံး မဆိုထားဘိ၊ မြန်မာပြည်၌ နေထိုင်ကြသော လူများတွင် တစ်နေ့ တစ်နာရီ တစ်မိနစ်အတွင်းမှာ အတူ မွေးဖွား ကြသောသူများရှိကြ၏။ ထို့ကြောင့် ကိန်းဂဏန်းချင်းတူ၍ အဟောချင်းတူနေပါလျှင် ဗေဒင်ပညာသည် မှန်ကန်ဖွယ်ရာ မရှိပါ။ ဆန်းပညာသည် နာမည်နှင့် ကိန်းဂဏန်းညှိ၍ ဟောပြောရာ ဖြစ်သောကြောင့် ဖွားဇာတာချင်းတူကြသောလည်း နာမည်ချင်း၊ အသားရောင်ချင်း၊ အရပ်ချင်း ၊ ရုပ်သဏ္ဍာန်ချင်း မတူကြသောကြောင့် အဟောချင်းလည်း မတူနိုင်ပါ။

ဆန်းပညာတွင် အရေးကြီးဆုံးဖြစ်သော နာမက္ခရဆန်းပညာကို လေ့လာလိုက်စားကြသော ပုဂ္ဂိုဟ်များသည် ဤနာမက္ခရ ဆန်းနာမည်အဟောကျမ်း၌ နာမည်၏ အကျိုးအပြစ်ကို ဧကန် သိရှိနိုင်သော နာမည် အင်္ဂါ ၁၀ ပါးကို သိဖို့ အရေးကြီးလှ၏။ သတ္တလောကတွင်မှီတင်းနေထိုင်ကြသော လူမျိုးများစွာတို့ကို နာမည်၏ အင်္ဂါ ၁၀ ပါးဖြင့် စိစစ်ဝေဖန်၍ ဧကန် ဟောပြောရမည် ဖြစ်ပေသည်။

0 comments:

Post a Comment