အခုတလော ထိုင်းရုပ်သံသတင်းတွေမှာ နာမည်ကျော်ကြားနေသော မြန်မာနိုင်ငံမှ အကြားအမြင်ဆရာမ အီတီ

အခုတလော ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိနေကြတဲ့ ထိုင်းလူမျိုးတွေက မြန်မာနိုင်ငံက အကြားအမြင် ဆရာမ အကြောင်းကို တော်တော်လေး ပြောဆိုနေကြပါတယ်။ အရမ်း မှန်ကန်ကြောင်း တွေပါ။ ကောင်းသ တင်းတွေ ပြောပြကြတာပါ။ နောက်ပြီး မြန်မာပြည်က ဗေဒင်ပညာက အရမ်း ထိရောက်တယ် ၊ ကောင်းတယ်၊ စစ်မှန် တယ်လို့လည်း ပြောကြပါတယ်။ ထိုင်းနိုင်ငံက စစ်ဘက်၊ အရပ်ဘက် ထိပ်သီး ပိုင်းတွေတောင် မြန်မာပြည်မှာ ဗေဒင်သွားမေးကြတယ်လို့လဲ ပြောကြတယ်။ နောက်ပြီး ထိုင်းရုပ်သံ ဌာနကလည်း ဒီအကြောင်းကို မကြာခန ဆိုသလို ထုပ်လွင့်ပြသ နေတာကိုလည်း တွေ့ရတယ်။ ဒီမနက်မှ အင်တာနက်မှာ ရှာကြည့်ပြီး တွေ့ရသလောက် လေ့လာမိပါတယ်။ ဆရာမအကြောင်းကို အသေးစိတ် ရေးထားတဲ့ ဃဃနန ရေးသားထားတဲ့ အကြောင်းအရာတွေကိုတော့ သိတ်မတွေ့မိဘူး။ အရမ်း စိတ်ဝင်စားမိပါတယ်။ ဒါကြောင့် ဆရာမ အီးတီနှင့် ပါတ်သက်ပြီး ကိုယ်တွေ့ သိရှိသူများ ကော်မန့်မှာ ကျေးဇူးပြုပြီး ရေးသားထားခဲ့စေလိုပါတယ်။





ဒီအောက်က အကြောင်းအရာ ရေးသားချက်ကတော့ ဧရာဝတီဘလော့က ရေးသားထားချက်ပါ။

ET လို့ ထင်ရှားတဲ့ ဒေါ်ဆွေဆွေဝင်းဟာ အသက် ၅၀ ကျော်စ ပြုလာပါပြီ။

သူဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက မြန်မာပြည်မှာ လူသိများလာသူ ဖြစ်ပါတယ်။
သူနာမည်ထွက်စမှာ ပေါ်ပေါက်လာတဲ့ ကမ္ဘာကျော်ရုပ်ရှင် ဂြိုလ်သား ET ဇာတ်ကားထဲက ဇာတ်ကောင်နဲ့ ဆင်တူတဲ့ အတွက် သူ့နာမည်က ET ဖြစ်သွားတာပါပဲ။ မြန်မာပြည် ET ရဲ့ ဟောပြောချက်တွေ မှန်ကန်တယ်လို့ အများက ပြောဆိုကြတာ ကြားဖူးကြမှာပါ။

နောက်ပိုင်းမှာတော့ သူ့ရဲ့ အကြားအမြင် သတင်းက ပြည်ပကိုပါ ရောက်သွားပါတယ်။ သူ့ဆီကို အရောက်များတဲ့ နိုင်ငံခြား သားတွေဟာ ထိုင်းနိုင်ငံက အများဆုံး ဖြစ်မှာပါ။ အစောပိုင်း သတင်းတွေအရ အဲဒီထဲမှာ ထိုင်းနိုင်ငံက စစ်ဘက်၊ အရပ်ဘက် ထိပ်သီးပိုင်းတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

ဒီအောက်က ရေးသားချက်ကတော့ ဆရာတေးအေးရိပ် ဘလော့က ဆရာရေးသားထားတဲ့ မူရင်းအ တိုင်း ဖော်ပြပေးထားခြင်း ဖြစ်ပါတယ်။

အီးတီဟာ ခိုကိုးရာမဲ့ ကလေးငယ်များ ၊ ပရဟိတ မိဘမဲ့ကလေးများကို နှစ်စဉ်နှစ်တိုင်း အလှူဒါန ပြုလေ့ ရှိပါ တယ်လို့ ကြားဖူးပါတယ်။ သူ့ ရည်မှန်းချက် ဖြစ်တဲ့ ပုသိမ်မြို့ ပရိယတ္တိ စာသင်တိုက်မှာ တိုးချဲ့ တန်ဆောင်းကြီး၊ သိမ်တော်ကြီး နဲ့  သုံးထပ်ကျောင်းဆောင် တွေကို ကိုယ်တိုင်မ,တည်ပြီးတော့ အများကုသိုလ် ပါဝင်နိုင်အောင် ပံ့ပိုး လှုံ့ ဆော် တည်ဆောက်ခဲ့ပါတယ်။ ထေရ၀ါဒ တစ်ထပ်ဆောင်ကိုလည်း လှူဒါန်းခဲ့ပါတယ်။

ပုသိမ်မြို့ မြောင်းမြစာသင်တိုက်၊ တိုက်ကြီးကျောင်းစာသင်တိုက်မှ ဆရာတော် ၃ပါးကို ဗုဒ္ဓဂယာခရီး ပို့ ဆောင်ခဲ့ပါတယ်။ မြောင်းမြစာသင်တိုက်က ဓမ္မာစရိယ ပါဠိပါရဂူဘွဲ့ ရ ဆရာတော်တစ်ပါးကိုလည်း မလေးရှား နဲ့  စင်္ကာပူ နိုင်ငံ ပို့ ပြီး အသံတိမ်ရောဂါကို ပျောက်ကင်းအောင် ဆေးကုသစေခဲ့ပါတယ်။

အီးတီဟာ သာမန်လူနဲ့မတူတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားတဲ့သူ တစ်ဦးပါ။ နားအကြားအာရုံကြော အားနည်းပြီးတော့ လေသံမျှလောက်သာ ပြောနိုင်ပါတယ်။

ရည်မှန်းချက်
လူသား အားလုံး စိတ်နှလုံးလှလှ နဲ့  သာသနာပြု လုပ်ငန်း ၀၀ကြီး လုပ်ဆောင်ပြီး လူသား အချင်းချင်း ရိုင်းပင်းစေချင်၊ တတ်နိုင်သရွေ့  ရှေ့ ဆောင်လမ်းညွန် ဆရာကောင်း တစ်ဆူဖြစ်အောင် စွမ်းအားပြည့် နှင့် ပံ့ပိုး ချင်ပါတယ်။

အီးတီ (ဒေါ်ဆွေဆွေဝင်း)

အီးတီရဲ့ ဟောပြောနည်းကတော့ မေးလာသူရဲ့ အိတ်ကပ်ထဲက ပိုက်ဆံ ဘယ်လောက်ပါတယ်။ တစ်ဆက်တည်းမှာပဲ အဲဒီ ငွေစက္ကူရဲ့နံပါတ်ကို စာရွတ်လွတ်ပေါ်မှာ ရေးလေ့ရှိပါတယ်။ မယုံရင် တိုက်ကြည့်လိုက်ပါ။ အံ့သြ ဖွယ်ကောင်းလောက်အောင် အတိအကျ တူနေပါစေ့မယ်။ တစ်ခါမိသားစု ဆွေမျိုးထဲက အမည်မှန်သမျှကို သိနေရပါစေ့မယ်။ ပြောပြစရာမလိုဘဲ သူကပဲ စာရွတ်ပေါ်မှာ အမည်တွေနဲ့ တော်စပ်ပုံတွေကို ရေးပြတတ်ပါတယ်။ အီးတီဟာ သင်္ကန်းကျွန်း ရတနာသီရိအိမ်ရာမှာ နေထိုင်ပါတယ်။


ဒီအောက်မှာတော့ YOUTUBE မှာတွေ့ရတဲ့ ရုပ်သံမှတ်တမ်းတွေပါ။

















ဒီအောက်ဆုံး ဗွီဒီယိုမှတ်တမ်းကတော့ ဒီပို့နဲ့ မပတ်သက်ပါဘူး။ ထိုင်းနိုင်ငံက နာမည်ကျော် ဆရာတစ်ဦးရဲ့ မှတ်တမ်းဖြစ်ပါတယ်။ အဲဒီ ဆရာကလည်း ထိုင်းမှာ အရမ်း နာမည်ကျော်ကြားလှပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရိုးရာ အင်းစမတွေကို တက်တူးထိုးသလို ထိုးပေးတာ ဖြစ်ပါတယ်။ ပွဲတော်ရက်ဆိုရင် ရုပ်သံဌာနတွေက တိုက်ရိုက် ထုပ်လွင့်ပေးပါတယ်။ ကြည့်ရတာ အရမ်း ထူးဆန်းတာတွေကို မြင်တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဂမ္ဘီရပညာရပ်တွေကို လေ့လာခွင့် ရလို့ ထိုင်းကို ရောက်နေတာတောင် ၀မ်းသာရမလိုပါပဲ။ ထိုင်းဘာသာစကား ကျွမ်းကျင်နှံ့စပ်တဲ့ သူတွေကို အကူအညီတောင်းပြီး ထိုင်းနိုင်ငံက ဂမ္ဘီရပညာရပ်တွေကို စိတ်ဝင်တစား လေ့လာ ဘာသာပြန်နေပါတယ်။ အဆင်ပြေ ချောမွေ့မယ်ဆိုရင်တော့ အားလုံးအတွက် ဗဟုသုတ အနေနဲ့ရော ၊ ပညာရပ် တစ်ခုအနေနဲ့ပါ ထိုင်းနိုင်ငံမှ ဂမ္ဘီရပညာရပ်များ ဆိုပြီး ဒီဘလော့မှာ တင်ပေးဖို့ မျှဝေပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ယုံကြည်သူနဲ့ မယုံကြည်သူ ဆိုတဲ့ အစွန်းနှစ်ဖက်ကြားမှာ စိတ်ဝင်စားစရာ ပညာရပ်တစ်ခုအနေနှင့် ဆက်လက်လေ့လာ အားထုပ်နေဖြစ်ဦးမှာပါပဲ။

အားလုံးကိုခင်မင်လေးစားစွာဖြင့်
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

မိတ်ဆွေ ... သင် ဘယ်အရပ်ကို မျက်နှာမူပြီး စီးပွားရှာမလဲ၊ ဘယ်အရပ်ကို ရှောင်မှာလဲ ?

ဒီနေ့တင်မယ့် ပို့လေးကတော့ အရမ်း အရေးကြီးပါတယ်။ အရပ်ရှစ်မျက်နှာ အကြောင်းကို ပြောပြချင်တာ။ မိမိ၏အိမ်ကနေ ကြည့်လိုက်ရင် ဟိုဘက်ဒီဘက် အရပ်ရှစ်မျက်နှာ ရှိတယ်။ အဲဒီ အရပ် ရှစ်မျက်နှာကိုသာ ကျွန်တော်တို့ စနစ်တကျ လေ့လာပြီး တကယ့်ကို နေထိုင်ပြုမူမယ်ဆိုရင် လောကီ ကောင်းကျိုး ချမ်းသာတွေ ပြည့်ဝလာစေနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး အရပ်ဒေသကို အကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့် ညံ့ခြင်း၊ခိုက်ခြင်း ၊ ပိတ်ပင်ခြင်း၊ တားစီးခြင်းတွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။ ဒါကြောင့် အရမ်းလည်း အရေးကြီးသလို အရမ်းလည်း ကျေးဇူးပြုမယ့် ပို့လေး ဖြစ်ပါတယ်။ အရင်ဆုံးပြောချင်တာက အရပ်ဒေသအားဖြင့် ရှစ်မျိုးရှိတယ်။ အဲဒါကတော့ လူတိုင်းသိတဲ့ အရှေ့ အနောက် တောင်မြောက်စတဲ့ အရပ်ဒေသ ရှစ်ခုပါ။

အခု အောက်မှာ ရှစ်မျိုးရှိတယ်။ အဲဒါလေးကို အရင်မှတ်မိအောင် တစ်ချက်ကြည့်ထားနော်။

ပရိဝါရ- အခြွေအရံ ပေါများစေသောအရပ်။
အာယု-အသက်ရှည်ရာ အရပ်။
နဂရ-မြို့ပြကျေးရွာ တည်ထောင်ရာအရပ်။
ဘုမ္မိ- မကောင်းတာ စွန့်ပစ်ရာအရပ်။
ဂဟပတိ-စည်းစိမ် ဥစ္စာထားသိုရာအရပ်။
တေဇ-တန်ခိုးသြဇာရှိစေသောအရပ်။
ဌာန- မြဲမြံစေသောအရပ်။
သီရိ- ကျက်သရေ မင်္ဂလာ ရစေသော အရပ်။

အဲဒီတော့ မိတ်ဆွေတို့အလုပ်မှာ ဘယ်ဘက်ကို မျက်နှာမူပြီး အလုပ်လုပ်မလဲ။ ဈေးဆိုင်ကို ဘယ်အရပ်ကို မျက်နှာမူထားမလဲ။ အိမ်သာကို ဘယ်ဘက်မှာ ဆောက်မလဲ။ အမှိုက်ပုံးကို ဘယ်နေရာမှာ ထားသင့်လဲ။ ကိုယ်ပိုင် ဥစ္စာပစ္စည်းတွေကို ဘယ်နေရာမှာ သိမ်းဆည်း ထားသင့်လဲ။ စပါးတွေကို ဘယ်နေရာမှာ ကျဉ်ဆောက် သင့်လဲ။ ခေါင်းဆေး မင်္ဂလာကို ဘယ်အရပ်ဒေသ မျက်နှာမူ ပြုသင့်လဲ။ ကျက်သရေ မင်္ဂလာရှိအောင် ဘယ်အရပ်ကို ခေါင်းထားအိပ်သင့်သလဲ... အများကြီးပါပဲ...။

အရေးအကြီးဆုံးက ဘုမ္မိဆိုတဲ့အရပ်ပါ။ ဘုမ္မိဆိုတာ မကောင်းသော အညစ်အကြေး အညံ့အခိုက်များကို စွန့်ပစ်ရာ အရပ်လို့ ဆိုပါတယ်။ အဲဒီတော့ မိမိ၏ ဘုမ္မိကျရာ အရပ်ကို သတိထား ရှောင်သင့်ပါတယ်။ နေအိမ်ကို မျက်နှာပြု ဆောက်လုပ်တာတို့ ၊ မိမိ၏ အလုပ်စားပွဲကို မျက်နှာမူထားတာတို့ ၊ မျက်နှာမူ စီးပွားရှာတာတို့ မလုပ်သင့်ပါဘူး။ ခိုက်တတ် ညံ့တတ်ပါတယ်။ ပိတ်ဆို့စေပါတယ်။ ချုချာစေတယ်။ မအောင်မြင်တတ်ပါဘူး။

ကျန်တဲ့ အရပ်ဒေသတွေကိုတော့ မိမိတို့ ဆက်လက်ကြံဆကြပါလို့ ပြောရင်း... အောက်ဘက်တွင် (၇)ရက် သားသမီးများ အားလုံးအတွက် အရပ်ဒေသများကို ပြည့်စုံစွာ ဖော်ပြလိုက်ရပါသတည်း..















ပယောဂ-ကုတယ်လို့ ဆိုတာပဲ- လူနာ သေသွားရောတဲ့....

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပထော်ကျေးရွာ (မြိတ်မြို့အရှေ့ဘက်ကမ်း)တွင် နေထိုင်သူ မသန်းနု၊ အသက် ၃၈နှစ် အိမ်ထောင်ရှိ၊ အမျိုးသမီးအား ခဲအိုဖြစ်သူက “စုန်း”ဟု ယိုးကာ၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေး ရွာသို့ခေါ်ဆောင်ပြီး ဆရာကြမ်း (ဆရာယောင်ယောင် သမားယောင်ယောင်) ဦးမဲကြီးထံတွင် ၄ ရက်တာ ဆေးကုသမှု (ရိုက်ပြီး ကု၊ အရက်တိုက်ကု) ခံယူရင်း သေဆုံးသွားခဲ့ပါသည်။

ဖြစ်စဉ်မှာ မသန်းနုအား (စုန်း)ဟုယိုးမယ်ဖွဲ့ပြီး ပယောဂဆရာမဲကြီး၊ သူမ၏ခဲအို၊ ကျန်အပေါင်းအပါ ၂ဦး။ စုစုပေါင်း အမျိုးသား ၄ဦးတို့မှ မတရားရိုက်နှက်နှိပ်စက်ကာ၊ ၄ရက်လုံး ထမင်းလဲမကျွေး၊ ဆဲဆို၊ လက်နက်ဖြင့် ၎င်း အမျိုးမျိုးသော ရက်စက်မှုတို့ဖြင့် ကုသရာ ၄ ရက်အကြာတွင် သေဆုံးခဲ့ပါတယ်။ ၎င်းတရားခံများကို ကျွန်းစုမြို့နယ် ရဲစခန်းတွင် အချုပ် ဖြင့်ထားရှိကြောင်း ကြားသိရပါတယ်။ တရားခံများထဲမှတဦးက MP4 ဖြင့် မှတ်တမ်းတင်ထားသော ဗွီဒီယိုမှတ်တမ်းကိုလဲ ရရှိထားကြပါတယ်။

အင်းထူးထူးခြားခြားလေးတွေ အွန်လိုင်းမှာတွေ့လို့ တင်ပေးလိုက်တာပါ။ တစ်ခါတုန်းကလည်း ဧရာဝတီတိုင်း မြန်အောင်မြို့နယ်မှာ မိန်းကလေးတစ်ဦး ပယောဂကုတာ ပယောဂကုပေးတဲ့ လူက လှည်းတံပိုးချဉ်နဲ့ ချွတ်ပြီး ရိုက်ကုတာ အဲဒီ မိန်းကလေးလည်း သေသွားပါတယ်။ အဲဒီ ပယောဂဆရာလည်း ထောင်ကျသွားတယ်။ အခုလည်း ထူးခြားတာလေးဆိုတော့ တင်ပေးလိုက်တာပါ။ တကယ့်ကို သီလသမာဓိနဲ့ ပြည့်စုံတဲ့ အထက်ဂိုင်း ဆရာကြီး တွေက မေတ္တာနဲ့ပဲ ကုပါတယ်။ ရိုက်တာ ပုတ်တာ နှိပ်စက်တာ မလုပ်ဘူးလို့တော့ ကြားဖူးပါတယ်။



မူရင်းလင့်-http://socialactionforwomen.blogspot.com/2012/05/blog-post.html

လူသေကောင်ကို ဖုတ်သွင်း လမ်းလျှောက်စေပြီး ဂူသွင်းတဲ့ဓလေ့

လူသေအလောင်းကို ဖုတ်သွင်းပြီး သူ့အတွက် သတ်မှတ်ထားတဲ့ ဂူထဲကို သူ့အလိုလို လမ်းလျှောက်ဝင်သွားစေတဲ့ အကြောင်းလေးပါ။ ကျွန်တော်တို့ ဗေဒင်ဟောခန်းလေးမှာလည်း မကြာမကြာ လာမေးတာ ကြုံရတတ်ပါတယ်။ ဖုတ်ဝင်တယ် ၊ ဖုတ်သွင်းတယ် ဆိုတဲ့စကားနဲ့ ပါတ်သက်လို့ ငယ်ငယ်တုန်းက ကြားဖူးနားဝ ဖြစ်ခဲ့တဲ့ ပုံပြင်လေး တစ်ပုဒ်ကို ပြန်သတိရမိပါတယ်။ ပုံပြင်လေးက အောက်ပြည်အောက်အရပ်က ဇာတ်လမ်းလေးပါ။

တစ်နေ့မှာ အထက်အညာဒေသက အထက်ဂိုဏ်းကြီး တစ်ယောက်ဟာ အောက်ပြည်အောက်အရပ်ကို ခရီးထွက်လာတယ်။ လမ်းမှာ လူတစ်ဦး ထန်းတက်နေတာကို တွေ့တော့ အဲဒီ အထက်ဂိုဏ်းဆရာကြီးက လှမ်းအော်ပြီး နှုတ်ဆက်လိုက်တယ်။ ဟေ့... ဖုတ်ကောင် မင်းက ထန်းတွေဘာတွေတောင် တက်နေပါလားလို့ လည်း လှမ်းပြီး အော်နှုတ်ဆက်လိုက်ရော ချက်ချင်းဆိုသလို ထန်းတက်နေတဲ့ ထန်းသမားဟာ ချက်ချင်းဆိုသလို ထန်းပင်ပေါ်က ပြုတ်ကျလာတယ်တဲ့။ သွားကြည့်တော့ အရိုးစုတွေပဲ တွေ့ရတယ်တဲ့။ ဆိုလိုတာက ထန်းသမား က သေသွားတာ ကြာပြီ။ ဖုတ်က၀င်နေပြီး ထန်းဆက်တက်နေတာတဲ့။ အဲဒီ အရပ်ဒေသက လူတွေကလည်း သိတ်ပြီး နားမလည်ကြတော့ ဘယ်သူမှမသိကြတာ။ အညာက ခရီးထွက်လာတဲ့ အထက်ဂိုဏ်း ဆရာကြီးက တော့ မြင်တာနဲ့ သိလိုက်တာပေါ့။ ဒါက ကြားဖူးနားဝ အကြောင်းအရာလေးပါ။

နောက်တစ်ခုက ကျွန်တော်မြို့လေးတစ်မြို့မှာ ဗေဒင်ဟောခန်း ဖွင့်ထားတဲ့ အချိန်တုန်းက။ အသက်(၄၀) လောက်ရှိတဲ့ အမျိုးသမီးတစ်ဦး ဗေဒင်လာမေးတယ်။ သူမေးတဲ့ မေးခွန်းက ဗေဒင်ဆရာဘ၀မှာ တစ်ခါဘူးမျှ မကြုံဘူးတဲ့ မေးခွန်းပါ။ ဆရာတဲ့ ကျွန်မအမေကို သိတ်ပြီး မသင်္ကာချင်ဘူးတဲ့။ အခုရက်ထဲမှာ အမေ့ကို ကြည့်ရတာ တစ်မျိုးကြီးပဲတဲ့။ မပြောကောင်းပြောကောင်း ဖုတ်ဝင်နေတာလား မသိဘူးတဲ့။ နေ့ဘက်ဆို တစ်နေကုန် အိပ်တယ်။ ညဘက်ဆို မီးဖိုးချောင်ထဲမှာ ထထပြီး စားတော့တာပဲတဲ့။ အစားကလည်း အားကြီးကြီး လာတယ်။ အဲဒါ မသင်္ကာလို့တဲ့။ ဆရာ လိုက်ကြည့်ပေးပါလားတဲ့ ဆိုတော့ ကျွန်တော်လည်း နည်းနည်းတော့ လန့်သွားတယ်။

အဲဒီတော့ ကျွန်တော်လည်း ဒီလို အကြံပေးလိုက်တယ်။ အောက်လမ်းတွေ အတိုက်အခိုက်တွေ စုန်းဖုတ်ကဝေ မြေဖုတ်ဘီးလူး တွေကို အနိုင်ရတဲ့ အင်းတစ်မျိုးရှိတယ်။ တန်ပြန်စမလို့ခေါ်တယ်။ အဲဒါကို သူ့ကို ပေးလိုက်တယ်။ အဲဒါကို ခင်ဗျားအမေရဲ့ ခေါင်းအုန်းအောက်မှာ ထားထားလိုက်ပါ။ ထူးခြားမယ်လို့ ပြောလိုက်တယ်။ နောက်တစ် နေ့ မနက်မှာ ကျွန်တော့်ဆီ ပြန်လာတယ်။ ဆရာရေ ချက်ချင်းပဲ။

ဆရာပေးလိုက်တဲ့ အင်းပြားလေးကို ခေါင်းအုန်း အောက်ကိုလဲ ထိုးထားလိုက်ရော ချက်ချင်းပဲ အမေက ပူတယ်ပူတယ်လို့ အော်တော့တာပဲ။ ပြီးတော့ ထွက်သွား ထွက်သွားလို့လည်း အော်တယ်။ နောက် သိတ်မကြာဖူး အမေလည်း ငြိမ်သက်ပြီး အသက်ထွက်သွားတယ်။ ထူးခြားတာက အမေလည်း အသက်ထွက်သွားရော အိပ်ယာအောက်မှာ လောက်တွေ တွေ့ရတယ်။ ပြီးတော့ ချက်ချင်းဆိုသလို အရမ်း ပုတ်စော်နံတယ်လို့ ပြန်ပြောပြတယ်။ ဟုတ်လား မဟုတ်လားတော့ မသိဘူး။ အမှတ်တရ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ အခုကြတော့ အင်တာနက်မှာ ဖုတ်သွင်းတယ်ဆိုတာ ကို မြင်လိုက်ရတော့ အရမ်းအံ့သြသွားတယ်။ ဒါကြောင့် ဗဟုသုတအဖြစ် ဒီမှာ တင်ပေးလိုက်ပါတယ်။



ရှားတော့ရှားသွားပြီဖြစ်ပေမယ့် အင်ဒိုနီးရှားနိုင်ငံမှာတော့ ယနေ့ထက်တောင်ရှိနေဆဲပါပဲ ။ အင်ဒိုနီးရှားနိုင်ငံ Toraja ဟာ လူသေကောင်ကို ဖုတ်သွင်းပြီး သူမြေမြုပ်ခံရမယ့် ဂူထဲကိုသွားစေပါတယ် ။ လူသေကောင်ဟာ ရုတ်တရက် လမ်းလျှောက်ပြီး ဂူထဲကို လမ်းလျှောက်လာပါတယ်။ ရှားတော့ရှားပေမယ့် ကျွန်တော်တို့အနေနဲ့ သိပ္ပံပညာနဲ့ နေရာတကာမှာ ချိန်ထိုးပြီး မျက်စိစုံမှိတ်ငြင်းဆန်နေလို့မဖြစ်သေးပါဘူး ။



လူသေကောင်ကို ဖုတ်သွင်းတဲ့ ဓလေ့ကိုတော့ မှော်နက် ( Black magic ) အောက်လမ်းနည်း စသဖြင့် အမျိုး မျိုးခေါ်ဆိုကြပါတယ် ။



လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်စေပြီး သူ့အနောက်မှာတော့ ဖုတ်သွင်းသူ မှော်ဆရာက လမ်း ညွှန်ပေး ရပါတယ်။ ဒါပေမယ့်အဲဒီအချိန်မှာ ဘယ်သူမှ အသံမထွက်ပဲ တိတ်ဆိတ်နေရပါတယ် ။ အကယ်၍ လူသေကောင် က တခုခုကို သတိထားမိသွားမတယ်ဆိုရင် ဖုတ်က ပြန်ထွက်သွားပြီး လူသေကောင်ဟာ အဲဒီနေရာမှပဲ လဲကျသွားမှာ ဖြစ်ပါတယ် ။



ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတော့ Toraja မှ ဂူတွေဟာ ထုံးကျောက်တွေနဲ့ တောင်နံရံတွေမှာ တည်ဆောက် ထားတာဖြစ်ပြီး သူတို့ကို သယ်ဆောင်ဖို့မလွယ်ကူပဲ သူတို့ဘာသာ လမ်းလျှောက်ဝင်မှသာ အဆင်ပြေနိုင်မှာပါ ။



ကမ္ဘာမြေကြီးမှာ ကျွန်တော်တို့ သိပ္ပံပညာနဲ့ အဖြေရှာမရတဲ့ ပုစ္ဆာပေါင်းများစွာဟာ ယနေ့ထက် တိုင်အောင် ရှိနေဆဲပါပဲ ။

သက်တန့်ချို

ဒီအောက်ကတော့ YouTube မှာ တွေ့ရတဲ့ ဗွီဒီယိုလေးတွေ ရှာဖွေပြီးတင်ပေးလိုက်ပါတယ်။



နှစ်ယောက်စလုံးကိုလည်း ချစ်တယ်။ နှစ်ယောက်စလုံးကလည်း ချစ်တယ်..

ဒီနေရာလေးမှာ တဒင်္ဂ သူမ၏အမည်ကို လွယ်လွယ်ကူကူပဲ ဖြူပြာလို့ အမည်ပေးထားလိုက်မယ်။ ဖြူပြာကို မွန်ပြည်နယ် မော်လမြိုင်ဇာတိလို့ သူမကပြောတယ်။ သူမက အိမ်ထောင်သည် ကလေးတစ်ယောက် အမေပါ။ သူမ၏လင်တော်မောင်နဲ့ သူမက တစ်ရပ်တည်းနေ တစ်ရေတည်းသောက် ငယ်ချစ်ဦးပါ။ တစ်ယောက်နဲ့ တစ်ယောက်က ချစ်လို့ လက်ထပ်ခဲ့ကြတဲ့သူတွေ။ သူမတို့ မိသားစုလေး အေးအတူပူအမျှ မော်လမြိုင်မှာ ဒေသအလုပ်လေးတွေနဲ့ အေးအတူပူအမျှ လုပ်ကိုင်စားသောက်ပြီး ရိုးရိုးအေးအေး နေထိုင်ကြတယ်။ အရမ်းကြီး အဆင်မပြေပေမယ့် အရမ်းကြီးလည်း ဒုက္ခမရောက်ခဲ့ဘူး။ ပုံမှန်လေးပါပဲ။

အဲဒီလိုနဲ့ တစ်နေ့မှာ ဖြူပြာက လင်တော်မောင်နဲ့ စကားများတယ်။ ရန်ဖြစ်တယ်။ ရန်ဖြစ်ရတဲ့ အကြောင်းက ဖြုပြာတစ်ယောက် နှစ်လုံးထီထိုးတာကို လင်တော်မောင်က သိသွားတယ်။ အဲဒီနှစ်လုံးထီထိုးတဲ့ ကိစ္စကို အကြောင်းပြုပြီး တစ်ယောက်နဲ့ တစ်ယောက်စကားများ ရန်ဖြစ်ကြတာ။ ဖြူပြာက စိတ်တိုလွယ်တယ်။ တစ်ခုခုဖြစ်လာပြီဆိုရင် မှားတယ်မှန်တယ် မစဉ်းစားဘူး။ ဇွတ်တရွတ်လုပ်တတ်တဲ့ အကျင့်က ရှိနေတော့ ညတွင်းချင်း ဆိုသလို ဖြူပြာက ကလေးနဲ့ လင်တော်မောင်ကို ရွာမှာပစ်ထားခဲ့ပြီး မြ၀တီမဲဆောက်ကတစ်ဆင့် ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ တက်လာခဲ့တယ်။ လင်တော်မောင်ကိုလည်း ဒီတစ်သက်အပြတ်ပဲလို့ စိတ်ဆုံးဖြတ်ပြီး ထားပစ်ခဲ့တယ်။ ဒါက ဖြူပြာဆိုတဲ့ မိန်းကလေး ထိုင်းနိုင်ငံကို ရောက်လာတဲ့ ပထမဦးဆုံးအကြောင်းပါပဲ။
ထိုင်းနိုင်ငံကို တက်လာတဲ့ဖြူပြာဟာ မဟာချိုင်မြို့ကို ရောက်လာခဲ့တယ်။ မဟာချိုင်မြို့မှာ ပုဇွန်အလုပ်ရုံတစ်ခုမှာ ၀င်ပြီး အလုပ်လုပ်ရတယ်။ ဒီနေရာမှာ တစ်ခု ပြောပြချင်တာရှိတယ်။ အဲဒါက ထိုင်းနိုင်ငံကိုရောက်နေတဲ့ မြန်မာပြည်သား ရွေ့ပြောင်းအလုပ်သမားတွေရဲ့ နေရေးထိုင်ရေး အကြောင်းလေးပါ။ အားလုံးသော မြန်မာပြည် သားတွေက နေရတာ နှစ်မျိုးရှိတယ်။ တမျိုးက မိမိတို့အလုပ်လုပ်တဲ့ စက်ရုံအလုပ်ရုံက နေစရာအခန်း စီစဉ်ပေး တာ။စက်ရုံက စီစဉ်ပေးတဲ့ အခန်းမှာနေရတဲ့ သူတွေကတော့ ကိုယ်စိတ်ကြိုက်နေထိုင်ရတာ မဟုတ်ပါဘူး။ တစ်ခန်းကို လူလေးငါးယောက် နေထိုင်ရတာ။ တစ်ချို့အခန်းတွေက လူနှစ်ယောက်ပဲ ရှိတယ်ဆိုကြပါစို့။ ဒါဆို နောက်ရောက်လာတဲ့ လူတွေက လွတ်တဲ့နေရာလေး ၀င်နေရတာပါ။ နောက်တစ်မျိုးကတော့ ကိုယ်အစီ အစဉ်နဲ့ကို အခန်းငှားပြီး ကိုယ့်မိသားစုလေး ကိုယ့်အဖွဲ့လေးနဲ့ကို စုပေါင်းနေထိုင်ကြတာ။

ကိုယ့်အစုအဖွဲ့လေးနဲ့ ကိုယ်နေရတဲ့အခါမှာ ဘာပြဿနာမှ မရှိပေမယ့် သူများတွေနဲ့ ကြုံရာလူတွေနဲ့ ဖြစ်သလို ကြုံသလို နေထိုင်ရတဲ့အခါတော့ နည်းနည်း အခက်အခဲ ရှိတယ်။ တစ်ခါတစ်လေ တစ်ယောက်နဲ သူ ဘယ်ကလည်း ငါ ဘယ်ကလည်း မသိဘူး။ တစ်ခန်းတည်းနေနေရတာ။ အဲဒီတော့ ကျွန်တော်တို့ ဖြူပြာအကြောင်းကို ဆက်ကြရအောင်။ ဖြူပြာက အဲဒီလို ယောက်ျားနဲ့ ကတောက်ကစ စကားများပြီး ထိုင်းကို တက်လာတယ်။ ပြီးတော့ အလုပ်ရုံတစ်ရုံမှာ အလုပ်ရုံက ပေးတဲ့အခန်းမှာ နေရတယ်။ အဲဒီအခန်းမှာ လင်မယား စုံတွဲတစ်တွဲရယ် နောက်ပြီး သူလင်ရဲ့ညီရယ် (၃)ယောက်ကြားထဲမှာ ဖြူပြာသွားနေရတယ်။ ဖြူပြာ ကံကောင်း တာက သူနဲ့ အတူနေရတဲ မိသားစုတွေက ရိုးရိုးသားလေးတွေ မို့ပါ။ အားလုံးကလည်း သူ့ကို ညီမလေးတစ်ယောက်လို ၀ိုင်းဝန်းစောင့်ရှောက်ကြတာပါ။

အဲဒီလိုနဲ့ ထိုင်းနိုင်ငံရောက် ဖြူပြာတစ်ယောက် ထိုင်းနိုင်ငံကို ရောက်တာ ကာလအတန်ကြာလာတော့ ရေမြေသဘာဝ အပြောင်းအလဲများကြောင့် အစစအရာရာ ပြောင်းလဲလာခဲ့တယ်။ အသားအရည်တွေ ဖြူဖွေးလာတယ်။ မိမိကိုယ်ကိုလည်း လှလှပပလေး နေတတ်စားတတ် ၀တ်တတ်လာတယ်။ ဆံပင်လေးတွေက စလို့ အရင်တုန်းကလို ဘုတ်သိုက်ကြီး မဟုတ်တော့ဘူး။ ဆံပင်လေးကိုလည်း အိုမီကုတ်လေး ချထားပြီး ရွှေအိုရောင်လေးကိုလည်း နည်းနည်းလေး ဆိုးထားသေးတယ်။ သူ့ကို အဝေးကနေ ကြည့်လိုက်မယ်ဆိုရင် ကြွေရုပ်လေးတစ်ရုပ်လို တက်ကြွလန်းဆန်းနေတယ်။ နေတတ်ထိုင်တတ် ပြောတတ်ဆိုတတ်လေးဆိုတော့ သူမကို သူတို့ အလုပ်ရုံက ကိုကိုကာလသားတွေအားလုံးက ၀ိုင်းကြိုက်ကြလို့ ဖြူပြာဆိုတဲ့ မော်လမြိုင်သူ ကောင်မလေးဟာ သူတို့အလုပ်ရုံမှာတော့ ကွင်းတောင် ဖြစ်နေလေရဲ့။

ဒါပေမယ့် ဖြုပြာက နေတာထိုင်တာတော့ စည်းကမ်းရှိရှာပါတယ်။ လူကိုသာ ပြောင်းလဲပစ်လိုက်တာ သူမရဲ့ စိတ်ဓာတ်ကိုတော့ မပြောင်းလဲလိုက်ပါဘူး။ ဘယ်သူပဲမေးမေး သူမကိုသူမ ကလေးတစ်ယောက်အမေလို့ပဲ ပြောတယ်။ အိမ်ထောင်ရှိတယ်လို့ပဲ ပြန်ပြောတယ်။ ဒါပေမယ့် သူမကို ကြိုက်တဲ့လူတွေကတော့ ဆက်လက် လိုက်မြဲ။ ကြိုက်မြဲပါပဲ။ သူမကို ကြိုက်တဲ့လိုက်တဲ့ လူတွေ လိုက်တဲ့လူတွေကတော့ သူမက အပျိုမဟုတ်ပါဘူးလို့ ဘယ်လောက်ပဲပြောပြော သူမကလိမ်နေတယ်လို့တောင် ပြန်ပြောကြတယ်။ အဲဒီတော့ သူမ ထိုင်းနိုင်ငံမှာ ကြုံတွေ့လာရတဲ့ အခက်အခဲကတော့ အင်မတန်ကြိုက်သူ လိုက်သူများတာပါ။ သူမကို ကြိုက်တဲ့လူ တွေကလည်း လူပျိုတွေလည်း ပါပါတယ်။ လူအိုတွေလည်း ပါပါတယ်။ တစ်ခုလတ်တွေရော၊ မုဆိုးဖိုတွေရော စုံလို့ပါပဲ။

အဲဒီတော့ သူမက ယောက်ျားလေးတွေကို ကြောက်တော့ အမြဲတမ်း အလုပ်သွားအလုပ်ပြန် အဖော်အဖြစ် သူမနှင့် တစ်ခန်းတည်း အတူနေတဲ့ အောင်မင်းသူနဲ့ အမြဲတမ်းအတူသွား အဖော်ပြုကြတယ်။ အောင်မင်းသူကလည်း သူမအပေါ် တော်တော်လေး စေတနာထားရှာပါတယ်။ ဘာပဲဖြစ်ဖြစ် ကာကွယ်ပေးတယ် တာဝန်ယူပေးတယ်။ သူမဘက်က ရပ်တည်ပေးရှာတယ်။ အစစအရာရာပေါ့။ နေမကောင်းတဲ့အခါမှာ သူကိုယ်တိုင် ဆေးခန်းကို လိုက်ပို့ပေးတယ်။ သူကိုယ်တိုင် ပြုစုပေးတယ်။ အဲဒီလိုနဲ့ သွားအတူ လာအတူ စားအတူ ဖြစ်နေတဲ့ အောင်မင်းသူနဲ့ ဖြုပြာတို့နှစ်ယောက် မေတ္တာမျှခဲ့ကြတယ်။ နောက် သိတ်မကြာဘူး။ သူမတို့ နှစ်ယောက်ဟာ လူကြီးသူမတွေကို အသိအမှတ်ပြုစေပြီး လက်ထပ်ခဲ့ကြတယ်။ ဒါဟာ ထိုင်းနိုင်ငံရောက် ဖြူပြာရဲ့ ဒုတိယမြောက် အိမ်ထောင်ကျခြင်းဆိုပါတော့....။

တစ်နေ့မှာ ကျွန်တော့်ရဲ့ ဗေဒင်လက္ခဏာဟောခန်း အတွင်းသို့ ဖြူပြာတစ်ယောက် ဗေဒင်မေးဖို့ ရောက်လာတယ်။ သူမကတော့ အနာဂါတ်အတွက် ပျော်ရွှင်တက်ကြွလို့ပေါ့။ သူမ ကျွန်တော့်ဆီကို ဗေဒင်မေးခဲ့ တယ်။ ကျွန်တော်က ဟောပေးလိုက်တယ်။ ခင်ဗျား အမျိုးသားအဟောင်းက ခင်ဗျားကို မပြတ်သေးဘူးလို့။ ပြန်လာ ဆက်သွယ်မယ်လို့ ဟောလိုက်တယ်။ အဲဒီလိုလည်း ဟောလိုက်တယ်ဆိုရင်ပဲ ပျော်ရွှင်တက်ကြွနေတဲ့ ဖြူပြာရဲ့ မျက်ဝန်းမှာ ၀မ်းနည်းတဲ့အရိပ်အငွေ့ လွမ်းဆွတ်တဲ့ အငွေ့အသက်တွေ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာ ခဲ့တယ်။ ပြီးတော့ တစ်ချက် ငိုရှိုက်သံ ထွက်လာတယ်။

ကျွန်တော်ကလည်း သူမငိုတာကို ခနစောင့်နေလိုက်တယ်။ ပြီးတော့မှ သူမက တိုးတိတ်တဲ့အသံနဲ့ သူနဲ့ကျွန်မ မထိုက်တန်တော့ပါဘူး ဆရာရယ် ၊ အခု လက်ထပ်ထားတဲ့ အမျိုးသားကလည်း ကျွန်မရဲ့ အချစ်ဦးမဟုတ်ပေမယ့် ကျွန်မအပေါ် သိတ်ကောင်းတဲ့ ကျွန်မဘက်က အရာရာ ရပ်တည်ပေးတဲ့ ကျွန်မ အိမ်ထောင်ဖက် တစ်ယောက်ပါလို့ ပြောရှာတယ်။ ပြီးတော့ သူမဆက်ပြောတယ်။ ကျွန်မလေ သူ့ကို စိတ်လိုက်မာန်ပါသာ ထားပစ်ခဲ့ရတာ သူသာလျှင် ကျွန်မရဲ့အချစ်ဦး ၊ အိမ်ထောင်ဦးပါ ဆရာရယ်လို့ ဆက်ပြီးပြောရှာတယ်။ အဲဒီလိုနဲ့ သူ ကျွန်တော့်ဆီမှာ မေးချင်တာလေးတွေ မေးပြီး နှုတ်ဆက်ပြန်သွားတယ်။ ကျွန်တော်ကတော့ ပြန်ကာနီး နှုတ်ဆက်နေတဲ့ မဖြူပြာကို လှမ်းပြီးပြောလိုက်သေးတယ်။ တားရော့ကဒ်က “ရှင်ပြန်ထမြောက်” ကဒ် ကျတယ်နော်။ အဟောင်းတွေ ပြန်ရှင်သန်လာမယ် ဆိုတဲ့သဘောပဲလို့ လှမ်းပြီး ပြောလိုက်မိသေးတယ်။

အဲဒီလိုနဲ့ မဖြုပြာဆိုတဲ့ မိန်းကလေးကို ကျွန်တော် မေ့လျော့သွားခဲ့တယ်။ ဗေဒင်ဆရာဆိုတာ ဒီလိုပါပဲ။ ဒီနေ့ ကြုံတွေ့နေရတဲ့ အကြောင်းအရာတွေကို ဒီနေ့မှာပဲ ခေါင်းထဲက အပြီးအပိုင် သွန်ထုပ်ပစ်ရတာလေ။ ဒါမှ နောက်တစ်နေ့မှာ စိတ်သစ်လူသစ်နဲ့ ဗေဒင်ဟောကိန်းအသစ်တွေကို ဟောဆိုနိုင်တော့မှာ မဟုတ်လား။ ဒါကို ဗလာလို့ ခေါ်နိုင်မလားပဲ။ ဒါကြောင့် ကျွန်တော်က “ဗလာ” ဆိုတာကို အရမ်းကြိုက်ခဲ့တာ။ နာမည်မှာတောင် ဟိန်းတင့်ဇော် (ဗလာ)လို့ ကိုယ့်ဘာသာ ရေးခဲ့တာ။ တစ်ခါတုန်းက စင်္ကာပူက အန်တီတစ်ယောက်က ဗလာဆိုတာ ဘာလဲလို့ အင်တာဗျူးခံခဲ့ရသေးတယ်။ ပြီးတော့ အဲဒီ အန်တီကြီးက ပြောသေးတယ်။ ဗလာဆိုတာ နိမိတ်မကောင်းပါဘူး ဆရာလေးရယ်တဲ့။ မတတ်ပါနဲ့တဲ့။ ထားပါတော့။

မှတ်မှတ်ရရ ဒီနေ့ ကျွန်တော်ဗေဒင်ဟောခန်းထဲကို ခပ်ပိန်ပိန်ခပ်မဲမဲ အမျိုးသမီးတစ်ဦး ၀င်ရောက်လာခဲ့တယ်။ အဲဒီအမျိုးသမီးက ဆရာကျွန်မကို မမှတ်မိဘူးလား။ ဖြူပြာလေတဲ့။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆရာ့ဆီမှ ဗေဒင်လာမေးဘူး တယ်လေလို့လည်း ပြောရော ကျွန်တော် သေသေချာချာလေး ကြည့်လိုက်မိတယ်။ မှတ်မိ လိုက်ပါပြီ။ မဖြူပြာရယ်မှ မဖြူပြာ၊ အရင်တုန်းက အသားအရည် ရုပ်ဆင်းအင်္ဂါ တစ်ခုဆိုမှ တစ်ခုမှရယ် မကျန်တော့ဘူး။ ကျွန်တော်က နည်းနည်းလေး ပိန်သွားတယ်နော်။ အသားလေးလည်း နည်းနည်း ညိုသွားတယ် လို့ မလျှော့မတင်းလေး ပြောလိုက်တော့ မဖြူပြာက မချိပြုံးလေးပြုံးတယ်။ ပြီးတော့ နည်းနည်းတင် ဘယ်ကပါ့မလဲ ဆရာရယ်တဲ့။ တော်တော်လေးကို မဲသွားတာ၊ အသားအရည်တွေကလည်း ချောက်ခမ်းသွားတာ မဟုတ်လား ဆရာရယ်လို့ ပြန်ပြောတယ်။ ကျွန်တော်က ကဲဗျာ... ဒီနေ့ ဘာလုပ်ပေးရမလဲ၊ ဘာကြည့်ပေးရမလဲ ဘာကူညီပေးရမလဲလို့ မေးလိုက်တော့.... မဖြူပြာက...

ဒီလိုပါဆရာရယ်။ လောလောဆယ်တော့ ကျွန်မက စိတ္တဇဖြစ်နေတာ။ ဆရာ ဟောခဲ့သလိုပါပဲ။ ကျွန်မရဲ့ အမျိုးသားဟောင်းကလည်း ကျွန်မကို စိတ်မကုန်လို့ ဆိုပြီး ထိုင်းနိုင်ငံကို လိုက်လာခဲ့တယ်။ အခုလေ သူ ကျွန်မတို့ အလုပ်ရုံမှာပဲ အလုပ်ဝင်လုပ်နေတယ်။ နေတာကလည်း ကျွန်မတို့နဲ့ တစ်ခန်းကျော်လေးမှာပဲ နေနေတယ်။ ကျွန်မကလည်း သူ့ကို ပြောပြပါတယ်။ ကျွန်မအိမ်ထောင်ကျနေပြီ ဆိုတဲ့အကြောင်း။ ဒါကြောင့် ရှင်လည်း အိမ်ထောင်ပြုချင်လဲ ပြုပါ။ ကိုယ့်ဘ၀ကို ကိုယ်လျှောက်ပါတော့လို့ ပြောတာပါပဲ။

ဒါပေမယ့် ဆရာရယ်။ ဘယ်လိုပင် ပြောပြော ကျွန်မရဲ့ ယောက်ျားဟောင်းက လုံးဝ ကျွန်မစကားကို နားမထောင်ပါဘူး။ သူက ဘာပြန်ပြောတယ် မှတ်လဲ။ မင်းကို ဘယ်တုန်းကမှ အပြစ်မမြင်ခဲ့ပါဘူး။ ပြီးတော့ ငါ့ဘ၀မှာ မင်းကလွဲပြီး ဘယ်မိန်းကလေးကိုမှလည်း စိတ်မ၀င်စားခဲ့ပါဘူး။ ဒါကြောင့် မင်းတစ်ယောက်တည်းကိုပဲ ဒီနေ့ထိ မြတ်မြတ်နိုးနိုး ချစ်နေတာပါ။ မင်းနဲ့ ပြန်မပေါင်းရရင်တောင်မှ မင်းမျက်နှာလေးကို နေ့တိုင်း ကြည့်နေရ မြင်နေရရင် ကျေနပ်ပါပြီ လို့ ပြန်ပြောတယ် ဆရာရယ်။ ကျွန်မလည်း ပြောမရတဲ့အဆုံး ဒီတိုင်းပဲ လက်ပိုက်ကြည့်နေရတယ်။ နေ့တိုင်း မြင်နေတွေ့နေ၇တော့လည်း ဘယ်စိတ်ကောင်းပါ့မလဲ ဆရာရယ်။

နောက် အခုလက်ရှိ ကျွန်မနဲ့ ဒီမှာ အိမ်ထောင်ကျနေတဲ့ အမျိုးသားကိုလည်း ပြောပြလိုက်တယ်။ မပြောရင် မကောင်းဘူးလေ။ အကြောင်းဆုံပြောပြလိုက်တယ် ဆိုရင်ပဲ အခုသူက ဘာပြန်ပြောလဲ သိလား။ မ.. ရယ်တဲ့ ကျွန်တော်ကလည်း မ ကို ဘယ်လိုနည်းနဲ့မှ မကွဲနိုင်ဘူးနော်တဲ့။ ဒါကြောင့် သူ့ကို ဘယ်တော့မှ မထားခဲ့ပါနဲ့တဲ့။ ကျွန်မ မရှိရင် သူ အသက်မရှင်နိုင်ဘူးတဲ့။ ကိုယ့်ကိုကို တစ်ခုခု လုပ်ပစ်လိုက်မယ်တဲ့။ အဲလိုပြောတယ် ဆရာ။ ကျွန်မလည်း ထိုင်းနိုင်ငံမှာ နေလာတဲ့အခိုက်အတန့်မှာ ကျွန်မအပေါ် အမြဲတမ်းကောင်းနိုင်ခဲ့တဲ့ သူ့ကိုလည်း ရက်ရက်စက်စက်ကြီး မထားခဲ့နိုင်ဘူး။ အဲဒီတော့ ဆရာရယ်။ အခု ကျွန်မဘယ်လို လုပ်ရင် ကောင်းမလဲ။ ဆရာ ကူညီပေးပါဦး ဆရာရယ်ဆိုပြီး ကျွန်တော့်ဆီမှာ ဗေဒင်မေးပြန်တယ်။

ကျွန်တော်လည်း ဖြူပြာရဲ့မျက်နှာကို တစ်ခါမှမမြင်ဘူး မတွေ့ဘူးတဲ့ တစ်စိမ်းတစ်ယောက်လို ငေးကြည့်နေမိ တယ်။ ပြီးတော့ ဘာပြန်ပြောရမှန်းကို မသိတော့ဘူး။ ညိမ်သက်တိတ်ဆိတ် ဆွံအပြီး ကြည့်နေတဲ့ ကျွန်တော့်ကို မဖြူပြာက ဆရာရယ် ကူညီပေးဦးလေလို့ အားမလိုအားမရ ထပ်ပြောပါတယ်။ အမှန်အတိုင်း ပြောရရင် ကျွန်တော် မဖြူပြာကို ဘာမှ ပြောစရာစကား မရှိပါ။ အဘယ့်ကြောင့်ဆိုသော ဤအရာသည် မဖြူပြာကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ရမည့် အကြောင်းအရာ ဖြစ်နေသောကြောင့် ဖြစ်၏။

ဒါကြောင့် ကျွန်တော်က ဖြူပြာရယ် ဒီကိစ္စက ဗေဒင်ဆရာနဲ့ ဘာဆိုင်လို့လဲ။ ယတြာတွေဘာတွေလည်း မလုပ်ခိုင်းနဲ့နော်။ အဲဒီကိစ္စကို ယတြာ လုပ်ပေးမှာ မဟုတ်ဘူး။ လုပ်လို့လည်း မရဘူး။ တစ်ယောက်ယောက်နဲ့ ကွဲအောင်လည်း ဓာတ်ရိုက်ဓာတ်ဆင်တွေ ဘာတွေ မလုပ်ခိုင်းနဲ့။ မလုပ်ကောင်းဘူး။ မလုပ်အပ်ဘူးလို့ ကျွန်တော်လည်း စကားကို တစ်ခါတည်း ပိတ်ပြီးပြောလိုက်တယ်။ အဲဒီတော့ ဖြူပြာက ယတြာလည်း မတောင်းဘူး။ ဓာတ်ရိုက်ဓာတ်ဆင်လည်း မလုပ်ခိုင်းပါဘူး။ ဗေဒင် ကြည့်ပေးရုံသက်သက်ပါ။ ဗေဒင်ကလည်း အများကြီးမမေးပါဘူး။ နှစ်ခွန်းတည်းပဲ မေးမှာပါ။ အဲဒီလောက်တော့ ဆရာကူညီပေးနိုင်မှာပါလို့ ဖြူပြာက ပြန်ပြောတယ်။ အဲဒီတော့ ကျွန်တော်ကလည်း စိတ်မသက်မသာနဲ့..

ကဲ... ဘာမေးမှာလဲ။ နှစ်ခွန်းတည်းနော်လို့ ပြန်ပြောလိုက်တယ်။ အဲဒီတော့ဖြူပြာက ဟုတ်ပါပြီ ဆရာရယ်။ တကယ့်ကို နှစ်ခွန်းတည်း မေးမှာပါလို့ပြောပြီး ဗေဒင်စတင်မေးတယ်။ နံပါတ်(၁) ကျွန်မနဲ့ လက်ရှိပေါင်းနေတဲ့ အိမ်ထောင်နဲ့ ကွဲကိန်းရှိလား မရှိဘူးလားလို့ စတင်ပြီးမေးတယ်။ ကျွန်တော်လည်း တားရော့ကဒ်တွေကို ချိုးခိုင်းပြီး အဖြေပေးလိုက်တယ်။ ဟင့်အင်း ဖြူပြာနဲ့ လက်ရှိအိမ်ထောင်နဲ့ လုံးဝ ကွဲကိန်းမရှိဘူးလို့ ပြန်ဖြေလိုက်တယ်။ ဖြူပြာက သက်ပျင်းရှိုက်လိုက်တယ်။ ပြီးတော့ နောက်တစ်ခွန်း ဆက်မေးတယ်။ ဒါဆိုရင် အရင် အိမ်ထောင်ဟောင်းက နောက်ဆုပ်သွားမှာလားတဲ့။ ကျွန်တော်က တားရော့ကဒ်တွေကို ချိုးခိုင်းလိုက်ပြီး ဒုတိယမေးခွန်းကို ပြန်ဖြေပေးလိုက်တယ်။ နိုး... လုံးဝ နောက်ဆုပ်သွားဖို့ အစီအစဉ်မရှိဘူး။ ဆက်ပြီး စောင့်မျှော် နေမယ်လို့ ပြန်အဖြေပေးလိုက်တယ်။ ဖြူပြာက ဟယ်.... ဒါဆို ဘယ်လိုကြီးတုန်းလို့ ပြန်ပြောတယ်။ ကျွန်တော်က လည်း အေး ဘယ်လိုကြီးတုန်း ငါလည်း မပြောတတ်လို့ နင့်ကို ပြန်မေးမလို့လို့ ပြန်ပြောလိုက်မိတယ်။ ဖြူပြာလည်း မျက်လုံးလေး ကလယ်ကလယ်နဲ့ အင်းနော် ဘယ်လိုတွေ ဖြစ်လာဦမလဲ မသိပါဘူး ဆရာရယ်လို့ ကျွန်တော့်ကို ပြန်ပြောရင် အင်း.... ဒါဆို ပြန်ပြီနော်လို့ ပြောဆိုနှုတ်ဆက် ပြန်သွားခဲ့တယ်။ ကျွန်တော်လည်း ဖြူပြာရဲ့ နောက်ကျောကို မအူမလည် ငေးကြည့်နေမိတယ်။

အဲဒီအချိန်မှာ ကျွန်တော့်အနားမှာရှိတဲ့ တပည့်လေးက အင်း ... ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလိုက်တာလို့ ပြောတယ်။ ပြီးတော့ သူက ဆက်လက်ပြီး ဒါမျိုးတွေလည်း ရှိတာပဲနော်တဲ့ ။ ကျွန်တော်က ဘာပြန်ပြောရမှန်းမသိလို့ ဆေးလိပ်တစ်လိပ်ကို မီးညှိုရှိုက်ဖွာလိုက်ရင်း မီးခိုးတွေကို ကောင်းကင်ပေါ်ကို မှုတ်ထုပ်လိုက်မိတော့တယ်။ ကျွန်တော့်တပည့်လေးက ထပ်ပြောလိုက်တယ်။ အော်... ဒါ အကြောင်းကြောင်းတွေကြောင့် အကျိုးတရားတွေ ဖြစ်ပေါ်လာတာနေမှာတဲ့။ ပြီးတော့ သူ့စကားကို သူပြန်သဘော ကျသွားပုံနဲ့ တဟဲဟဲ ရီနေတယ်။

ချစ်စွာသော စာဖတ်သူများခင်ဗျာ... ဤ အကြောင်းအရာသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းထဲတွင် အမှန်တကယ် ကြားသိခဲ့ရသော ထိုင်းနိုင်ငံမှ ရွေ့ပြောင်းအလုပ်သမား မြန်မာပြည်သား များစွာထဲက အကြောင်းအရာ တစ်ခု ပင် ဖြစ်ပါကြောင်း ပြန်လည်တင်ပြပေးလိုက်ရပါသည်။ ကျွနိုပ်အနေနှင့် ဤဇာတ်လမ်းလေးထဲမှ ဇာတ်ကောင်း သုံးဦးစလုံးကို ဘာမျှမပြောလိုပါ။ ကောင်းတယ်လို့လည်း မပြောလိုပါ။ မကောင်းဘူးလို့လည်း မဝေဖန်လိုပါ။ မှန်တယ် မှားတယ်ဟူ၍လည်း အကြံမပေးလိုပါ။ အဘယ်ကြောင့်ဆိုသော် ဤအကြောင်းအရာမျိုးသည် လောကကြီးတွင် စဉ်ဆက်မပြတ် ဖြစ်တည်နေသော အကြောင်းအရာ အဖြစ်အပျက် များစွာထဲက အကြောင်းအရာ တစ်ခုပင်မဟုတ်ပါလား။ ထို့ကြောင့် ဘာတွေဆက်ဖြစ်ကြမည်ကို စောင့်ကြည့်ရုံကလွဲ၍ ကျွန်ုပ် တွင် မည်သည့် အကြံပေးချက်မျှ မပေးလိုခြင်း မဝေဖန်လိုခြင်းပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်ထံသို့ ကျွန်ုပ်၏ ဝေဖန်ရေး လေကန်ရေးများကို နားထောင်ရန်လာသည် မဟုတ်။ ဗေဒင်မေးရန် လာခြင်း ဖြစ်ပေရာ ကျွန်ုပ်အနေနှင့် ဗေဒင်ဟောပေးလိုက်ခြင်းသည်သာ ကျွန်ုပ်၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင် လိုက်ခြင်းပင် ဖြစ်ပေတော့၏။

ဝီးဂျာဘုတ်ပြားကို အသုံးပြု၍ ၀ိညာဉ်လောကနှင့် ဆက်သွယ်ခြင်း(စဆုံး)

ဝိညာဉ်ခေါ်နိုင်တဲ့ ၀ီးဂျာဘုတ်ပြားနဲ့ ပါတ်သက်လို့ သိပ္ပံပညာရှင်တွေနဲ့ စိတ်ပညာရှင်တွေက စားပွဲခုံနဲ့ ၀ိညာဉ်ခေါ်ခြင်းကို သုံးသပ်သလို သုံးသတ်ပါတယ်။ ၀ီးဂျားဘုတ်ပြားပေါ်မှာ ၀ိညာဉ်ခေါ်လိုသူတွေ ကိုယ်တိုင် အသည်းနှလုံးပုံ ပလန်ရှက်အပြားကလေးကို လက်ဖျားကလေးတွေနဲ့ ထိပြီး ဘုတ်ပြားအနှံ့ လိုက်ရွေ့ ပေးနေရာက (၀ိညာဉ်တစ်ခုခု ရောက်လာတဲ့အခါ) ပလန်ရှက်အပြားကလေးဟာ အလိုအလျှောက် ဦးဆောင် လှုပ်ရှားသွားတယ်ဆိုတာ တကယ်တော့ ၀ိညာဉ်ခေါ်လိုသူတွေရဲ့ ကြွက်သားလှုပ်ရှားမှု့တွေကနေ ဆက်စပ် လှုပ်ရှားသွားတာပါလို့ သိပ္ပံပညာရှင်တွေက ပြောကြတယ်။

စိတ်ပညာရှင်တွေကြတော့ ၀ိညာဉ်ခေါ်မယ့် ကြိတ်ဝိုင်းမှာ ၀ိုင်းထိုင်နေကြသူတွေရဲ့ မသိစိတ်တွေ စုပေါင်းပြီး စိတ်စွမ်းအင် (Psychokenis) တွေ ပေါ်ပေါက်လာတာဖြစ်လို့ မသိစိတ်နယ်ပယ်က ထူးခြားတဲ့ အသိထူးတွေ၊ ထူးခြားတဲ့ ထိုးထွင်းသိမြင်မှု့တွေ ပေါ်ပေါက်လာပြီး အဖြေထုပ်ပေးတာတွေ၊ အကြံပြုပေးတာတွေ ဖြစ်ပေါ်လာတာပဲလို့ ပြောကြတယ်။ အဲဒီနေရာမှာ သိပ္ပံပညာရှင်တစ်ချို့ဆိုရင် မသိစိတ်ရဲ့ စွမ်းအင်ကိုတောင် အသိအမှတ် မပြုဘူး။ သူတို့က ၀ိညာဉ်ခေါ်သူတွေရဲ့ သိစိတ်နဲ့ပဲ အဖြေထုပ်သွားတာပါလို့ ဆုံးဖြတ်ကြတယ်။

အလွန်ခေါင်းမာတဲ့ သိပ္ပံပညာရှင်တစ်ဦး(အမည်မသိ) ဆိုရင် သူက ဒီလို စမ်းသပ်တယ်။ ၀ီးဂျားဘုတ်ပြားနဲ့ ၀ိညာဉ်ခေါ်နေကြတာကို သူက ဘေးက ထိုင်ကြည့်တယ်။ ပလန်ရှက်အပြားကလေးကို ပွတ်သတ်ရွေ့ပြီး အမေးအဖြေ လုပ်နေကြတာကိုလည်း ထိုင်ကြည့်တယ်။ ပြီးတော့မှ သူက ၀ိုင်းကလူတွေကို မျက်လုံးတွေမှာ ပ၀ါလိုက်စည်းပေးပြီး ဘာမှမမြင်ရအောင် လုပ်လိုက်တယ်။ ၀ီးဂျာဘုတ်ပြားကိုလည်း ၀ိုင်းကလူတွေ မသိအောင် ၁၈၀ ဒီဂရီ လှည့်ပစ်လိုက်တယ်။ အဲဒီနောက်မှာ ၀ိုင်းကလူတွေ မူလက သိထားတဲ့ ဟုတ်တယ် မဟုတ်ဘူး စာလုံးတွေနေရာကိုပဲ ပလန်ရှက်အပြားကလေးက ရောက်ရောက်သွားလေတော့ ဘုတ်ပြားပေါ်က ဗလာနေရာ လွတ်တွေကိုပဲ ညွန်ပြသလို ဖြစ်သွားတော့တာပေါ့။

ဒါကိုထောက်ရှု့ပြီး သူက ၀ိုင်းကလူတွေရဲ့ သိစိတ်နဲ့ပဲ လုပ်နေကြတာ။ ကိုယ့်ဆန္ဒနဲ့ကိုယ် မေးဖြေနေကြတာလို့ ကောက်ချက်ဆွဲလိုက်တာပဲ။ ၀ိညာဉ်လောက ယုံကြည်သူတွေဟာ ၀ီးဂျာဘုတ်ပြား ကိစ္စကို သုံးသပ်မှု့ ပြုရာမှာ သိပ္ပံပညာရှင်တွေထက် သာလွန်ချက်ရှိသွားတယ်လို့ ပြောရမှာပဲ။ သူတို့ပြောတာက စားပွဲခုံနဲ့ ၀ိညာဉ်ခေါ်တာပဲဖြစ်ဖြစ် အဲဒီစားပွဲခုံနဲ့ ၀ီးဂျာဘုတ်ပြားတို့မှာ ဘာအစွမ်းသတ္တိ ဘာတန်ခိုးမှ ရှိတာ မဟုတ်ပါဘူးတဲ့။ စားပွဲခုံတို့ ၀ီးဂျာဘုတ်ပြားတို့ဆိုတာ ၀ိညာဉ်နဲ့ ဆက်သွယ်ရာမှာ ဆက်သွယ်ရ အဆင်ပြေအောင် ကြားခံဆောင်ရွက်ပေးတဲ့ ကြားခံပစ္စည်းတွေသာ ဖြစ်ပါတယ်တဲ့။

တမလွန်လောကမှာ ရှိနေတဲ့ ၀ိညာဉ်တစ်ခုခုနဲ့ ၀ိညာဉ်ခေါ်သူတွေအကြား တစ်စုံတစ်ရာ အကြောင်း တစ်ခုခုကြောင့် ပတ်သက်မှု့ရှိနေပြီး အဲဒီ ၀ိညာဉ်တွေကိုယ်တိုင်က လာချင်စိတ်ရှိမှ ဆက်သွယ်ချင်စိတ်လည်း ရှိနေတာမို့ ဆက်သွယ်နိုင်ကြတာပါတဲ့။ ဒါကြောင့်လည်း တချို့ ကြိတ်ဝိုင်းတွေမှာ ၀ိညာဉ်ကို ဘယ်လိုခေါ်ခေါ် ရောက်မလာကြပါဘူးတဲ့။






ဝီးဂျားဘုတ်ပြားဆိုတာကလည်း အမေရိကန်က ဖောက်စ်ညီအမနှစ်ဦးရဲ့ စားပွဲခုံနဲ့ ၀ိညာဉ်ခေါ်ခြင်း အောင်မြင်သွားရာက တမလွန်က ၀ိညာဉ်တစ်ဦးရဲ့ ပြောမယ့်စကားတွေကို စာအဖြစ်ပေါ်လာအောင် ကုတ်သင်္ကေတ (code)တွေ ဖော်ထုတ်ခဲ့ရင်းနဲ့ ဆင့်ပွားပေါ်လာတဲ့ ကိရိယာတစ်ခုပါ။ ၀ီးဂျာဘုတ်ပြားကြတော့ ကုတ်သင်္ကေတတွေ မလိုတဲ့အတွက် ၀ိညာဉ်ခေါ်သူတွေအတွက် ပိုမို လွယ်ကူသွားတာပေါ့။ ဒါတောင် အဲဒီနှစ်မျိုး စလုံးဟာ စာမတတ်တဲ့ ၀ိညာဉ်တွေကြတော့ သုံးလို့ မရပါဘူး။ (စာမတတ်တဲ့ ၀ိညာဉ်တွေကြတော့ တိုက်ရိုက် အသံနဲ့ ပြောတဲ့နည်း၊ ဓာတ်စီးနတ်ဝင်သည် တစ်ဦးဦးကို ၀င်ပူးပြီး ပြောတဲ့နည်းတွေကိုပဲ သုံးလို့ရမှာပါ)

ပြင်သစ်လူမျိုး ပလန်ရှက်တီထွင်ခဲ့တဲ့ ခဲတံတပ်ထားတဲ့ အသည်းနှလုံးပုံ ပလန်ရှက်အပြား ဆိုတာလည်း စာရေး တတ်တဲ့ ၀ိညာဉ်တွေမှပဲ သုံးလို့ရတာပါ။ ဒါတောင်မှ ဓာတ်စီးနတ်ဝင်သည်ဆီ ပူးဝင်ပြီး ဓာတ်စီးနတ်ဝင်သည်ရဲ့ လက်ကို ထိမ်းချုပ်ရေးသားတဲ့ အလိုအလျှောက်စာရေးခြင်း (auto-matic writing) လောက် အဆင်မပြေလို့ မသုံးကြတော့တာပါ။ ဒီလိုနဲ့ ပလန်ရှက် အပြားကလေးကနေ ခဲတံဖြုတ် ၊ အောက်ခံစက္ကူဖြူ အချပ်နေရာမှာ ၀ီးဂျာဘုတ်ပြားကို အစားထိုးလိုက်တော့မှ စာရေးတတ်တဲ့ ၀ိညာဉ်တွေအတွက်ရော ဓာတ်စီးနတ်ဝင်သည်မပါဘဲ ၀ိညာဉ်ခေါ်ချင်တဲ့ ကြိတ်ဝိုင်းကလေးတွေအတွက်ပါ အဆင်ပြေသွားခဲ့တဲ့ပါ အဆင်ပြေသွားခဲ့တဲ့ သဘောပါ။

ဝိညာဉ်လောကကို ယုံကြည်သူတွေထဲမှာ ပညာတတ်သူတွေလည်း ပါတဲ့အတွက် ဆင်ကန်းတောတိုး ယုံကြည်မှု့မျိုး မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ အဲဒီပညာတတ်တွေဟာ စူးစမ်းလေ့လာပြီးမှ ယုံကြည်ကြတာပါ။ အဲဒီပညာတတ်တွေဟာ စူးစမ်းလေ့လာပြီးမှ ယုံကြည်ကြတာပါ။ အတုနဲ့ အစစ်ကိုလည်း ခွဲခြားကြပါသေးတယ်။ ဒါကြောင့် ၀ီးဂျာဘုတ်ပြားနဲ့ ပတ်သက်ရင် သူတို့က ဒါဟာ သစ်သားပြားတစ်ပြားသာ ဖြစ်လို့ ဘာမှ ပြောစရာ မရှိကြောင်း ၊ ၀ီးဂျားဘုတ်ပြား အသုံးပြုပြီး ၀ိညာဉ်ခေါ်လို သူများကိုသာ သတိပေးလိုကြောင်း ပြောကြတယ်။ ၀ီးဂျားဘုတ်ပြား အသုံးပြုပြီး ၀ိညာဉ်ခေါ်ကြမယ့် အိမ်တွင်းကြိတ်ဝိုင်းကလေးတွေမှာ ၀ိညာဉ် လောကကို လုံးဝ အယုံအကြည်မရှိတဲ့ သူတွေကို ခေါ်မထားသင့်ပါဘူးလို့ ဆိုတယ်။ စိတ်ဓာတ်မခိုင်မာတဲ့ ဆယ်ကျော်သက် ကလေးတွေ စိတ်ရောဂါရှိသူတွေ ၊ အဆင်အခြင် ကင်းမဲ့သူတွေကို ဆိုရင်လည်း လုံးဝပါဝင်ခိုင်းလို့ မဖြစ်ပါဘူးလို့ ဆိုပါတယ်။

သူတို့ အဲဒီလို သတိပေးတာ ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်တွေ ရှိလို့ပါပဲ။ ၁၉၉၀ သို့မဟုတ် ၁၉၉၁-ခုနှစ်အတွင်းက အဖြစ်အပျက်ကလေး တစ်ခုဆိုရင် ဆယ်ကျော်သက်တွေအကြား ဖြစ်ပျက်သွားခဲ့တာပါ။ ဖြစ်တဲ့နေရာက အမေရိကန်နိုင်ငံ ၊ ချီကာဂိုမြို့က ဘင်နက်ဒက်တီးန် တက္ကသိုလ်ကျောင်းသား တစ်စုဟာ တက္ကသိုလ် ကျောင်းဝင်း အတွင်း သချိုင်းအုပ်ဂူကလေး တစ်ခု အနီးမှာ ၀ီးဂျာဘုတ်ပြားနဲ့ ၀ိညာဉ်ခေါ်ခဲ့ကြပါသတဲ့။

ဝိညာဉ်ခေါ်နေစဉ်အတွင်းမှာပဲ အဲဒီဝိုင်းထဲက ကျောင်းသားကလေးတစ်ဦးကို ၀ိညာဉ်က ၀င်ပူးခဲ့တယ်လို့ ဆိုတယ်။ အစပိုင်းမှာ သူဟာ အသံနက်ကြီးနဲ့ ထအော်ပြီး နောက်ပိုင်းမှာတော့ ထိန်းမနိုင်သိမ်းမရ သောင်းကျန်း တော့တာပဲ။ အတူရှိနေတဲ့ သူငယ်ချင်းတွေကို ကန်တယ်။ ကိုက်တယ်။ ထိုးတယ်။ သူငယ်ချင်းတွေက သူု့ကို ချော့မော့ ထိန်းသိမ်းကြပေမယ့် ထိန်းမနိုင်ဖြစ်ခဲ့တယ်။ တက္ကသိုလ်ဝင်းထဲက အစောင့်ရဲတွေကို ပြေးခေါ်ကြရတယ်။ ရဲတွေက သူ့ကို ထိန်းချုပ်ပြီး ဆေးရုံပို့လိုက်ရတယ်။ ဆေးကုသမှု့ကို အချိန်အတော်ကြာ လုပ်လိုက်ရသတဲ့။ ဒီသတင်းဟာ တက္ကသိုလ်တစ်ခုလုံး ပျံ့နှံ့သွားတာပေါ့။ တစ်ချို့ကလည်း ၀ီးဂျာဘုတ်ပြားနဲ့ ၀ိညာဉ်ခေါ်တာ တကယ်လာတယ်လို့ ပြောကြသလို ဒီလိုများ ၀င်ပူးရင်တော့ ဒုက္ခပဲလို့ ကြောက်လန့် သွားကြသူတွေလည်း ရှိတယ်။

အဲဒီလို ဖြစ်ရပ်မျိုးတွေကြောင့် ၀ီးဂျာဘုတ်ပြားကို ရွံတွန့်တွန့် ဖြစ်သွားရတဲ့အထဲ နာမည်ကြီး မျက်လှည့်ဆရာ ဟာရီဟူဒိနီကလည်း အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ။ ကာရစ်တိုမြို့က လူငါးယောက်ဟာ ၀ီးဂျာဘုတ်ပြာအသုံးပြု ၀ိညာဉ်ခေါ်ကြရင်း ရူးသွတ်သွားကြရတယ်လို့ ဆောင်းပါး ရေးသားလိုက်တာရယ် ၊ စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦးက ၀ီးဂျာဘုတ်ပြားနဲ့ ၀ိညာဉ်ခေါ်တဲ့ အလုပ်ဟာ လူတွေကို စိတ်ဂယောက် ဂယက် ဖြစ်စေလို့ ရူးသွတ်သွားကြမှာ စိုးရိမ်ရတယ်လို့ ပြောလိုက်တာရယ်ကြောင့် လူတွေရဲ့ စိတ်ထဲမှာ မသိုးမသန့်တွေ ဖြစ်ကုန်ကြတယ်။



ဟူဒိနီ၏မျက်လှည်ပြကွက်တစ်ချို့




ဒါ့အပြင် ၁၉၂၇ ခုနှစ်မှာ The Exorcist ဆိုတဲ့သရဲကားတစ်ကား ထွက်လာတော့ ဝီးဂျာဘုတ်ပြားအတွက် ပိုဆိုးသွားပြန်ရော။ အဲဒီသရဲကားထဲမှာ ရီဂန်ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ဝီးဂျာဘုတ်ပြားအသုံးပြုပြီး ဝိညာဉ်ခေါ်ရာက“ပါဇူးဇူး ”လို့ခေါ်တဲ့သရဲတစ်ကောင်နဲ့ ဆက်မိသွားတယ်။ အဲဒီသရဲက ကောင်မလေးကို မကြာခဏ ဝင်ဝင်ပူးတဲ့ ဇာတ်လမ်းပဲ။ အဲဒီဇာတ်ကားကိုကြည့်ပြီးမှ ဝီးဂျာဘုတ်ပြားနဲ့ ဝိညာဉ်ခေါ်ရင် သရဲလည်း ပူးတတ်တယ်ဆိုပြိး အိမ်မှာဝယ်ထားတဲ့ ဝီးဂျာဘုတ်ပြားတွေကို မီးရှို့ပစ်တဲ့လူတွေ မနည်းဘူးတဲ့။

အဲဒီအချိန်ကာလ ပိုင်းကဆိုရင် စတိုးဆိုင်တွေက ဝီးဂျာဘုတ်ပြား ရောင်းအားပါ ကျသွားတယ်လို့ဆိုတယ်။ ဒါပေမယ့် ဒီလိုဖြစ်သွားတဲ့ အချိန်ကာလပိုင်းဟာ သိပ်တော့လည်း မကြာလိုက်ဘူးလို့ဆိုတယ်။ စတိုးဆိုင်တွေမှာ အရောင်းအဝယ်ပြန်ဖြစ်လာသလို အိမ်တွင်းကြိတ်ဝိုင်း ကလေးတွေလည်း ပြန်ပေါ်လာသတဲ့။ ဝီးဂျာဘုတ်ပြား ကြောင့် အဆင်ပြေသွားသူတွေရဲ့ သတင်းတွေကလဲ ဝီးဂျာဘုတ်ပြားရဲ့နာမည်ကို ပြန်အဖတ် ဆယ် သွားတဲ့ သဘောပါပဲ။

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ “ ဘရက်ဒ်ဘာရီ ”လို့ခေါ်တဲ့ အဆောက်အဦး တစ်ခုရှိတယ်။ ကြည့်လိုက်တာနဲ့ ဂမ္ဘီရဆန်တဲ့ အသွင်အပြင်ရှိတယ်လို့ နာမည်ကြီးတယ်။ အဲဒီအဆောက်အဦမှာ ရုပ်ရှင်လာရိုက်ပြီး နာမည်ကြီးသွားတဲ့ ရုပ်ရှင်ကားတွေရှိတယ်။ DOA, Blade Runner, Seven ဆိုတဲ့ ဇာတ်ကားတွေပေါ့။ အဲဒီအဆောက်အဦပိုင်ရှင် ဂျော့ခ်ျ ဝိုင်မင်ဆိုသူဟာ ဝီးဂျာဘုတ်ပြား အသုံးပြုပြီး ကွယ်လွန်ပြီးဖြစ်တဲ့ သူ့အစ်ကိုနဲ့ အဆက်အသွယ် ရခဲ့တယ်လို့ ပြောတယ်။ သူ့အစ်ကိုက အကြံပြုတဲ့အတိုင်း အဲဒီအဆောက်အဦကို ၁၈၉၃ ခုနှစ်မှာ ဆောက်လိုက်တာလို့ ဆိုတယ်။ ဒီအဆောက်အဦက သူ့ကိုထင်ပေါ်ကျော်ကြားအောင် လုပ်ပေးခဲ့တယ်လို့ပြောပြတယ်။

Sax Rohmer လို့ နာမည်ကျော်ကြားတဲ့ စာရေးဆရာ ဟင်နရီဝပ်ဒ်ဟာ “ဖန်မန်ချူး” ဆိုတဲ့ ဝတ္ထုနဲ့ နာမည်ကျော် သွားခဲ့တယ်။ သူက ဝီးဂျာဘုတ်ပြား အသုံးပြုပြီး ဆက်သွယ်မိတဲ့ ဝိညာဉ်ကို ဘာအကြောင်းအရာ ရေးရင် ကောင်းမလဲလို့ မေးကြည့်တော့ ဝိညာဉ်က chinaman လို့ စာလုံးပေါင်းပြသတဲ့။ ဒါနဲ့ “ ဖန်မန်ချူး ” ဆိုတဲ့ တရုတ်လူမျိုးတစ်ယောက်ကို ဇာတ်လိုက်လုပ်ပြီး စွန့်စားခန်း ဝတ္ထုရေးလိုက်တာ “ပေါက်” သွားတယ်လို့ဆိုတယ်။ အဲဒီကစပြီး best seller စာရေးဆရာ ဖြစ်သွားသတဲ။

နောက်တစ်ယောက်ကတော့ ပါးလ် ကာရန်လို့ခေါ်တဲ့ စာရေးဆရာမ တစ်ယောက်ပါ။ ဝီးဂျာဘုတ်ပြားကတစ်ဆင့် Patience Worth လို့ခေါ်တဲ့ ဝိညာဉ်ဆီကရတဲ့ အကြံညဏ်တွေနဲ့ ကဗျာပေါင်းများစွာ ရေးသားနိုင်ခဲ့တယ်လို့ ဆိုတယ်။ သူမဟာ ၁၉ ရာစုအစောပိုင်းရဲ့ စာပေလောကကို ကိုင်လှုပ်နိုင်ခဲ့သူတစ်ဦးပါ။ ၁၉၁၉ ခုနှစ်မှာ စာရေးဆရာ စတီးဝပ်အက်ဒဝပ် ဝှိုက်တ်ဟာ ဇနီးဖြစ်သူ ဘက်တီရဲ့ ဝိညာဉ်ခေါ်မှုတွေကို လေ့လာခဲ့ပါသတဲ့။ ဘက်တီဟာ အစပိုင်းမှာ ဝီးဂျာဘုတ်ပြားကို အသုံးပြုပြီး ဝိညာဉ်အုပ်စု တစ်စုနဲ့ အဆက်အသွယ်ရခဲ့သတဲ့။

နောက်ပိုင်းကျတော့ အဆက်အသွယ် အရမ်းကောင်းသွားပြီး ဝိညာဉ်တွေက သူမရဲ့လက်ကို ထိန်းချုပ် စာရေးပြတဲ့အထိ တိုးတက်သွားခဲ့သတဲ့။ စာရေးဆရာ ဝှိုက်ဟာ အဲဒီအကြောင်းအရာ တွေကို ၁၉၃၇ ခုနှစ်ရောက်တော့ စာအုပ်တွေအဖြစ် ထုတ်ဝေခဲ့တာ အတော်ရောင်းကောင်းခဲ့ပါသတဲ့။ ဒီတော့ ဝီးဂျာဘုတ်ပြားဟာ “သုံးတတ်ရင်ဆေး ၊ မသုံးတတ်ရင်တော့ ဘေး” လို့ ကောက်ချက်ဆွဲရပါလိမ့်မယ်။ ယနေ့တိုင် ခေတ်စားနေတယ် ဆိုတဲ့အကြောင်း အချက်ကလည်း သုံးတတ်တဲ့ လူတွေများလို့ ဆိုတာကို ဖော်ပြနေပါတယ်။ (အောင်အေး-ရန်ကုန်တက္ကသိုလ်)

အားလုံးစိတ်ချမ်းသာပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်...
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ-မဟာချိုင်မြို့)

ဒါလေး ပြုပြင်လိုက်... သေချာပေါက် အဆင်ပြေပြီ...

ကျွန်တော်က အသက် (၂၄)နှစ်မှာ ဆရာသခင် အဘဒေါက်တာ မင်းသိင်္ခ၏ မရမ်းတလင်း အယူတော်မင်္ဂလာခြံကို ရောက်ရှိပြီး ဗေဒင်ပညာ ဂမ္ဘီရပညာရပ်များကို သန္ဓေတပည့် အဖြစ်နေထိုင်ပြီး သင်ယူခဲ့တယ်။ ကျွန်တော် မရမ်းတလင်းခြံမှာ နေခဲ့တဲ့ အချိန်တွေမှာ ဧည့်ဆောင်မှာ တာဝန်ကျခဲ့ပါတယ်။ ကျွန်တော်တို့ နေထိုင်ခွင့်၇တဲ့ အချိန်တုန်းက မှော်ဘီမြို့ ၊ မရမ်းတလင်းခြံကြီးထဲမှာ ကျွန်တော့်လို ခြံအိပ်ခြံစား အဖြစ်နဲ့ အဘမင်းသိင်္ခဆီမှာ ဗေဒင်ပညာ သင်ယူနေသူပေါင်း (၁၂၀)လောက် ရှိခဲ့တယ်။ လူငယ်တွေ များတယ်။ မိန်းကလေးတွေကတော့ မှတ်မှတ်ရရ အယောက် (၂၀)လောက်ရှိတယ်။ ကျန်တာတွေ အားလုံးက ယောက်ျားလေးတွေချဉ်းပါပဲ...

မရမ်းတလင်းခြံထဲမှာ နေထိုင်ပြီး ပညာသင်ယူခွင့်ရဖို့ အတွက် သီးသန့် စီးကမ်းတွေ ၊ အရည်အချင်းတွေ ဘာတွေ မရှိပါဘူး။ ဗေဒင်ပညာကို စိတ်ဝင်စားရမယ်။ လွတ်လွတ်လတ်လတ် နေထိုင်ခွင့် ရှိတယ်။ လွတ်လတ်စွာ ပညာသင်ယူခွင့်ရှိတယ်။ အားလုံး အေးဆေးပါပဲ။ အဘကျွေးတဲ့ ထမင်းကို စားတယ်။ အဘဆင်တဲ့ အ၀တ်အစားကို ၀တ်ရတယ်။ အဘပေးတဲ့ နေရာလေးမှာ နေလို့ ရတယ်။ ဘာမှကို ပူပင်စရာ မလိုခဲ့ပါဘူး။ အဘ သင်ပေးတဲ့ ပညာကို အေးအေးဆေးဆေး သင်ယူခဲ့ရတယ်။ အားလတ်ချိန်မှာ သစ်ပင်အောက်လေးတွေမှာ ဗေဒင်ဟောလို့ ၇တယ်။ အဘပညာ သင်တဲ့ အချိန်မှာလည်း ပျော်ပျော်ရွှင်ရွှင် သင်ခဲ့ရတယ်။ အချင်းချင်း ဗေဒင်ပညာရပ်တွေကို ဆွေးနွေးတိုင်ပင်လို့ ရတယ်။ တကယ့်ကို ပူပင်သောက ကင်းဝေးတဲ့ နေရာလေးတစ်ခု ဖြစ်ခဲ့တယ်။

အသက် (၂၈)နှစ်မှာ အပြင်မှာ ဗေဒင်ဟောခန်း ဖွင့်ခဲ့တယ်။ အဆင်ပြေပါတယ်။ အောင်မြင်ပါတယ်။ ကြွားတာ မဟုတ်ပါဘူး။ ဆရာသခင် အဘမင်းသိင်္ခ ပေးခဲ့တဲ့ ပညာရပ်တစ်ခုနဲ့ ကောင်းကောင်း ထမင်းအိုး တည်နိုင်ခဲ့တယ် ဆိုတာကို သိစေချင်တာပါ။ ဒါဆိုရင် မေးစရာ ရှိတယ်။ အဘမင်းသိင်္ခ ဆီကို မရောက်ခင်တုန်းကရောလို့။ အမှန်အတိုင်း ပြောရရင် ဘာတစ်ခုမှ အဆင်ကို မပြေခဲ့တာပါ။ ဘာလုပ်လုပ် အရာ မထင်ခဲ့ပါဘူး။ ဘယ်နေရာ ရောက်ရောက် လူရာမ၀င်ခဲ့ဘူး။ လူ့ ဘ၀ဆိုတာ ၀ဋ်ဒုက္ခတွေကို အချိန်ဇယားနဲ့ လာပြီး ခံစားနေရတဲ့ ဘုံတစ်ခု လို့တောင် မြင်မိခဲ့တယ်။ ဒါ မှန်သော စကားပါ။

အခု ကျွန်တော် ဗေဒင်ဆရာတစ်ယောက် ဖြစ်ခဲ့ပြီ။ ဗေဒင်ပညာတစ်ခုတည်းနဲ့ ကောင်းကောင်း ရပ်တည်နေခဲ့ပြီ။ လူပေါင်းများစွာကို ကောင်းမွန်စွာ ဟောပြောပေးခဲ့ပြီ။ သူတို့တောင်းတဲ့ အကြံညာဏ်တွေ ယတြာတွေ အဓိဋ္ဌာန် တွေကိုလည်း ကျွန်တော် စေတနာကောင်းနဲ့ ညွန်ပြပေးနိုင်ခဲ့ပြီ။ လူပေါင်းများစွာရဲ့ ဟုတ်ပါတယ် ၊ မှန်ပါတယ် ဆရာရယ်လို့ ပြောတဲ့ စကားတွေကိုလည်း အမှတ်တရဆိုတဲ့ နေရာလေးမှာ သိမ်းဆည်းထားနိုင်ခဲ့တယ်။ တစ်ခါတစ်ရံ ကြုံတွေ့ရတဲ့ အလွဲသင်္ခန်းစာတွေကိုလည်း သင်ခန်းစားဆိုတဲ့ နေရာလေးမှာ သိမ်းဆည်းထားပြီး ပြန်လည် ကြည့်မြင်နေခဲ့ပြီ။ ထားပါတော့...။ ဒါက လက်ရှိအခြေအနေတွေပါ။

ကျွန်တော့်ကို ကျွန်တော် ပြန်လည်း ဆင်ခြင်ကြည့်မိတယ်။ ဘာကြောင့်လည်း။ အရင်က ကျွန်တော်နဲ့ အခု ကျွန်တော် ဘာကြောင့် ကွာခြားနေတာလဲ။ အရင်တုန်းကလည်း အစွမ်းကုန် ကြိုးစားခဲ့တာပဲ။ အခုလည်း အချိန်ပြည့် ကြိုးစားအားထုပ်နေတာပဲ။ အရင်တုန်းက ဘာကြောင့် လူရာမ၀င်တာလဲ။ လူတွေရဲ့ အသိအမှတ် ပြုခြင်းကို မခံခဲ့ရတာလဲ။ အခုကြတော့ ဘာကြောင့် အဆင်ပြေလာရတာလဲ။ ဘာတွေကြောင့် သိသိသာသာ ထူးခြားလာရတာလဲ။

ကျွန်တော် ပြောင်းလဲလာတဲ့ အကြောင်းတရားကို ကျွန်တော် သိတ်ပြီးသိတာပေါ့။ နည်းနည်းလေး ပြုပြင်လိုက်ရုံပါပဲ။ အများကြီး မဟုတ်ပါဘူး။ နည်းနည်းလေးဆိုမှ တကယ့်ကို နည်းနည်းလေးပါ။ အဲဒီ နည်းနည်းလေးကို အသိစိတ်လေးနဲ့ ပြုပြင်လိုက်ရုံနဲ့ ဘ၀တစ်ခု သိသိသာသာ ပြောင်းလဲလာခဲ့တာ..။ ဒါကြောင့် ဒီနေရာလေးကနေ မိတ်ဆွေတို့ရဲ့ ဘ၀မှာ အိမ်ထောင်ရေး ၊ စီးပွားရေး ၊ လှူမှု့ရေး ၊ အစစအရာရာ အဆင်ပြေ အောင်မြင်အောင် ဒီအကြောင်းအရာလေး နည်းနည်းလေးလောက်ကို သတိထားပြီး ပြုပြင်ကြည့်စေ ချင်တယ်။ ကျွန်တော် အာမခံတယ်။ သေချာပေါက် အောင်မြင်တဲ့၊ ကြွယ်ဝတဲ့၊ ပြည့်စုံတဲ့လူသားတစ်ဦး ဖြစ်လာမယ် ဆိုတာကို ရဲရဲကြီး အာမခံပေးလိုက်ပါတယ်။


မြန်မာမွေးသက္ကရာဇ်ကိုတည်၍(၇)နှင့် စားရမည်။ ရရှိသောအကြွင်းကို ကြည့်၍ပြုပြင်စရာကို ဖော်ထုတ်နိုင် သည်။

မြန်မာသက္ကရာဇ်ကိုတည်၍(၇) နှင့်စားပါက

အကြွင်း(၁) ရသောသူများသည် “ အပေါင်းအသင်း မိတ်ဆွေများ အပေါ်လွန်လွန် ကဲကဲ ခင်မင်အားနာ တတ်သောဉာဉ် ”ကိုပြင်ရမည်။

မွေးသက္ကရာဇ်ကို (၇) နှင့်စားသော် အကြွင်း(၂)ရသူများသည် “ရောက်လေရာတိုင်းတွင် သူတစ်ပါးကို ဆရာလုပ်
စိုးမိုးလိုသော ဉာဉ်” ကိုပြင်ပါ။

၃ ကြွင်းသမားတွင် ပြုပြင်ရမည့် ဉာဉ်ဆိုးသည်ကား စကားများလွန်းခြင်း၊ ပစိပစပ်များလွန်းခြင်း စရိုက်ဖြစ်သည်။

၎ ကြွင်းသမားများ ပြုပြင်ရန်ဉာဉ်ဆိုးကား “စပ်စပ်စုစု လုပ်တတ်လွန်းခြင်း၊ လောဘနှင့်ယှဉ်ကာ တွက်ဆလွန်းခြင်း” များပြင်သင့်သည်။

၅ ကြွင်းသမားများသည် “ အတူပူးတွဲနေသည့် အုပ်စုအပေါ် ဗိုလ်ကျစိုးမိုးလိုခြင်း” များကိုပြင်သင့်သည်

၆ ကြွင်းသမားများသည် “ ကြွားဝါမှု ချမ်းသာလိုမှု လွန်ကဲခြင်းဉာဉ်ဆိုး” ကိုပြင်ရမည်။

၇ ကြွင်းသမားများသည် ခေါင်းမာတဇွတ်ထိုး လုပ်တတ်ခြင်းဉာဉ်ဆိုး” ကိုပြင်ရမည်။

အဲဒါလေးပါပဲ။ တကယ့်ကို နည်းနည်းလေးပဲ ပြင်လိုက်ရုံနဲ့ မိတ်ဆွေရဲ့ဘ၀ အိမ်ထောင်ရေး ကျန်းမာရေး စီးပွားရေး အားလုံး ပြေပြေလည်လည် ဖြစ်လာမယ်ဆိုတာပါ။ နောက်တစ်ခုက လူတိုင်းလူတိုင်း အတွက် ဒီနှစ်မှာ သေချာပေါက် ကြီးပွားချမ်းသာနိုင်မှာလား ဆိုတာ သိအောင်တွက်တဲ့ နည်းလေးတစ်ခုလည်း လက်ဆောင် ပေးလိုက်ပါတယ်။

မြန်မာသက္ကရာဇ် တစ်ခုကိုတည်၊ ၎င်းသက္ကရာဇ်မှ (၁၅၈) ကိုနုတ်ရမည်။ ရလဒ်ကို အသက်နှင့် စားရမယ်။ အဲဒီ အသက်နဲ့ စားလို့ ရလာတဲ့ ရလဒ်ကို (၈)နှင့် စားပြီး ဘာကြွင်းလဲ ကြည့်လိုက်ပါ။ ( ၀၊၃၊၇)ဖြစ်ပါက မြေကြီးလက်ခတ် မလွဲ ထိုသူကြီးပွားပေအံ့။ ဥပမာဗျာ...

သက္ကရာဇ်(၁၃၇၀) ခုနှစ်တွင် အသက်၂၇ နှစ် ရောက်သူ တစ်ဦးသည် ကြီးပွားချမ်းသာမှု့ရှိမရှိ တွက်စစ်မည် ဆိုပါက….၁၃၇၀ - ၁၅၈ =၁၂၁ ဖြစ်သည်။ ရလဒ် ၁၂၁ ကိုအသက်၂၇ နှင့်စားသာ် အကြွင်း၂၄ရသည်။ ရရိသောအကြွင်း၂၄-ကို ၈ နှင့်စားသော် ၀ ကြွင်းဖြစ်သည်။ ၁၃၇၀ ခုနှစ်တွင် အသက် ၂၇ နှစ်ရှိသူအားလုံးတို့ သည် သေချာပေါက် တိုးတက်ကြီးပွားမှုရရှိပေမည်။ ရောက်ရှိမည့် မြန်မာသက္ကရာဇ်များနှင့် မိမိအသက်ကို ချိန်ဆ၍ တိုးတက်အောင်မြင်နိုင်ခြင်း ရှိမရှိကိုတွက်ဆနိုင်ပါသည်။

အဲဒီတော့ဗျာ...။ ကျွန်တော်ကတော့ ကျွန်တော့ မြန်မာသက္ကရာဇ်ကို တွက်စစ်ကြည့်လိုက်တော့ ခေါင်းမာ တဇွတ်ထိုး လုပ်တတ်ခြင်းဉာဉ်ဆိုး”တဲ့။ မှန်လိုက်တာဗျာ။ ဒါကြောင့် ဒီနေ့ ဆရာဟိန်းတင့်ဇော်.. ခေါင်းလည်း မမာတော့ပါဘူး။ တဇွတ်ထိုးလဲ မလုပ်တော့ပါဘူး။ မည်သည့် ကိစ္စကိုမဆို ဆောင်ရွက်တော့ မယ်ဆိုရင် ကျွန်တော့်အပေါ် စေတနာအလွန်ထားတဲ့ ကျွန်တော့်ထက် အသိညာဏ် ၊ ပညာ ၊ ဗဟုသုတ အရာရာ ပြည့်စုံတဲ့ သူနှင့် တိုင်ပင်ပြီး အေးအေးဆေးဆေး ဘ၀တစ်ခုကို စနစ်တကျ တည်ဆောက်နေပြီ ဖြစ်ပါကြောင်း...


သင်တို့အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

စုတ်ဝင်လာဘ်ကောင်းစေသည့် ဂမ္ဘီရအဆောင်ထမီ....

မလေးရှားနိုင်ငံ၊ တီရန်ဂနူပြည်နယ်မှ အသက် ၅၀ကျော်အရွယ်ရှိ မြေးတို့၏ဘွားဘွား အဒေါ်ကြီးတစ်ဦးက သူမအနေဖြင့် စုတ်ဝင်လာဘ်ကောင်းစေသည့် ဂမ္ဘီရထမီတစ်ထည်ကြောင့် ၅နှစ်အတွင်း ချစ်သူရည်းစား ယောကျာင်္းပေါင်း အယောက် ၂၀၀ ရရှိခဲ့သည်ဟု အခိုင်အမာပြောကြားခဲ့ပါတယ်...

မလေးရှားသတင်းစာ Harian Metro ရဲ့ အဆိုအရ နိုရာဟုအမည်ရှိသည့် အဆိုပါအမျိုးသမီးကြီးက ကိန်အူ လာဘာလကီ ဟုခေါ်သည့် အဆိုပါထမီအား လက်ဆောင်ရရှိခဲ့တာဖြစ်ပြီး အမျိုးသားများအား ဆွဲဆောင် စေနိုင်သည့် အဆောင်တစ်ခု သဖွယ်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်... ယခုအခါ မြေး ၁၀ တို့၏ အဖွားဖြစ်နေသည့် နိုရာက သူမ၏ထမီကြောင့် ယောကျာင်္းမှန်သမျှ ပျိုပျို၊ အိုအိုလူပျိုရော၊ အိမ်ထောင်ရှင်များပါ သူမအား စွဲလမ်းနှစ်သက် ချစ်ကျွမ်းဝင်ခဲ့ကြကြောင်း၊ သို့သော်လည်း သူမအနေဖြင့် မည်သည့် အမျိုးသားနှင့်မျှ လွန်လွန်ကျူးကျူး မရှိခဲ့ပါကြောင်းဖြင့် အသေအချာ ပြောကြားခဲ့ပါတယ်....

"ဒီချစ်မေတ္တာမှာ လိင်ဆက်ဆံမှု့တွေ မပါရှိပါဘူး... ကျွန်မက တစ်ယောက်ယောက်နဲ့ စကားစမည် ပြောမယ်.. ပျင်းယင် အပြင်ထွက်ပြီး ဆိုင်ထိုင်မယ်... ဒါလောက်ပါပဲ..." လိုသူမက ပြောကြားခဲ့ပါတယ်... သူမရဲ့ ပထမဦးဆုံး ပွဲတွေ့ အောင်မြင်မှုကတော့ ၂၀၀၃ ခုနှစ်က သူမခင်ပွန်းနှင့် ကွာရှင်းပြတ်စဲခဲ့စဉ်တုံးက ဖြစ်ပါတယ်လို့လည်း သူမက ထပ်ပြီးပြောပြခဲ့ပါတယ်.... မြွေနှစ်ကောင် မိတ်လိုက်နေသည့် ပန်းချီပုံ ပါဝင်သည့် အဆိုပါ အဆောင်ထမီကို သူမအား နတ်ဆရာတစ်ဦးက ပေးခဲ့တာဖြစ်ပြီး သူမအနေဖြင့် ယခုအခါ အသက်အရွယ် ကြီးရင့်လာပြီဖြစ်လို့ စုတ်ဝင်လာဘ်ရွှင်စေသည့် အဆိုပါ အဆောင်ထမီအား စွန့်ပစ်ဖို့ အချိန်တန်ပါပြီလို့ သူမကဆိုပါတယ်...

A 50-year-old grandmother from Terengganu claims to have had 200 boyfriends over a span of five years - thanks to a piece of batik cloth that was her lucky charm.According to Harian Metro, the woman, known as Nora, claimed that the cloth, known as kain ular berlaki, was given to her and it worked “like a charm” in getting the men.Nora, who has 10 grandchildren, claimed that men – be they young or old, single or married – were attracted to her, but stressed that she never had sex with any of them.
“It was never about sex. I just wanted someone to chat with and go out for drinks when I am bored,” she said, adding that her first “conquest” was when she was a divorcee in 2003.

Nora had since remarried, to a man 10 years her junior.She also claimed that the cloth had been given jampi (charm) by a bomoh (witch doctor) and it had a caricature of two snakes mating. Nora felt it was time to let go of her lucky charm as she was getting old.
Source: hmetro.

မိတ်ဆွေကြီး ကိုပီတာ၏ အတွေးပုံရိပ်များ ဘလော့မှ ဂမ္ဘီရအဆောင်ဆိုတဲ့ စကားလေးကို ဖတ်မိလို့ စိတ်ဝင်တစား ပြန်လည် မျှဝေပေးလိုက်ပါတယ်... ဘာရည်ရွယ်ချက်မှတော့ မရှိပါဘူး။ ဗဟုသုတပေါ့... အားလုံးကို ကျေးဇူးတင်ပါတယ်...

2012 - ခုနှစ်အတွက် ရာသီခွင်အလိုက် ဟောစာတမ်းစာအုပ်များ

အွန်လိုင်းပေါ်တွင် အဆင်သင့် တွေ့ရှိရသော ဆရာ စံဇာဏီဘို၏ ၂၀၁၂ ခုနှစ်အတွက် ဟောစာတမ်း စာအုပ်များကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။ အားလုံး ပျော်ရွှင် နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်.... ဒီလိုပါပဲ.. အွန်လိုင်းပေါ်မှာ အလွယ်တကူ တွေ့ဖြစ်တဲ့ စာအုပ်လေးတွေကို မြင်လိုက်ရတဲ့ အချိန်မှာ ပေးချင်တဲ့ စိတ်က ရင်ထဲကို ပေါ်လာတာနဲ့ ချက်ချင်း အပ်ပလိုတင်ပြီး ပေးလိုက်တာပါ။



download mediafire
အွန်လိုင်းတွင် တိုက်ရိုက်ဖတ်ရန်



download mediafire
အွန်လိုင်းတွင် တိုက်ရိုက်ဖတ်ရန်



download mediafire
အွန်လိုင်းတွင် တိုက်ရိုက်ဖတ်ရန်



download mediafire
အွန်လိုင်းတွင် တိုက်ရိုက်ဖတ်ရန်



download mediafire
အွန်လိုင်းတွင် တိုက်ရိုက်ဖတ်ရန်



download mediafire
အွန်လိုင်းတွင် တိုက်ရိုက်ဖတ်ရန်



download mediafire
အွန်လိုင်းတွင် တိုက်ရိုက်ဖတ်ရန်



download mediafire
အွန်လိုင်းတွင် တိုက်ရိုက်ဖတ်ရန်



download mediafire
အွန်လိုင်းတွင် တိုက်ရိုက်ဖတ်ရန်



download mediafire
အွန်လိုင်းတွင် တိုက်ရိုက်ဖတ်ရန်



download mediafire
အွန်လိုင်းတွင် တိုက်ရိုက်ဖတ်ရန်



download mediafire
အွန်လိုင်းတွင် တိုက်ရိုက်ဖတ်ရန်
မူရင်းတင်ထားတဲ့ ဆိုက်က ဒီနေရာမှာပါ။

HAPPY NEW YEAR.. (ပျော်ရွှင်စရာ ကောင်းသော နှစ်သစ်ဖြစ်ပါစေ)

ယုန်နှစ်မှနဂါးနှစ်သို့...

တရုတ်ရိုးရာ ပြက္ခဒိန်အရ လာမည့် ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၂၃ရက်နေ့မှစ၍ ယုန်နှစ်မှ နဂါးနှစ်သို့ ကူးပြောင်း ရောက်ရှိမည်ဖြစ်၍ နိုင်ငံတကာ၌ စီးပွားရေး အခြေအနေများ ပြောင်းလဲလာနိုင်ကြောင်း ဗေဒင် ပညာရပ်ဆိုင်ရာ ပညာရှင်များထံမှ သတင်းရရှိပါသည်။

တရုတ်ရိုးရာ ပြက္ခဒိန်နှစ်တွင် ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေးနှင့် ၀က်ဟူသော သတ္တ၀ါ ၁၂ကောင်တို့ဖြင့် တစ်ကောင်လျှင် နှစ်တစ်နှစ်အဖြစ် သက်မှတ်မှုကြောင့် ၂၀၁၂ ခုနှစ်တွင် ကျရောက်မည့် နဂါးနှစ်မှာမူ အဆိုပါနှစ် ဇန်န၀ါရီလ ၂၃ရက်နေ့မှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၄ ရက်နေ့အထိ ကျရောက်မည် ဖြစ်သည်။

''နဂါးနှစ်ဟာ တရုတ်ရိုးရာ ပြက္ခဒိန်နှစ်အရ ထူးခြားတဲ့ နှစ်တစ်နှစ် ဖြစ်တာကြောင့် ပစ္စည်းဥစ္စာ တိုးတက်မှုတွေ ကြုံနိုင်ပြီး နိုင်ငံတကာမှာ စီးပွားရေးအခြေအနေ ပြောင်းလဲမှုတွေ ကြုံနိုင်ပါတယ်။ တိုင်းပြည်ကြီးတွေမှာလည်း မင်းပြောင်းမင်းလဲတွေ ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံအသီးသီးမှာ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ လာမယ့်နှစ်က မြန်မာပြက္ခဒိန်အရ ၀ါထပ်မယ့်နှစ်ဖြစ်သလို တရုတ်နှစ်မှာလည်း ၀ါထပ်တာ ကြောင့် ရေဘေးဥပဒ်ကို ဂရုပြုသင့်ပြီး မြန်မာနိုင်ငံကတော့ ကပ်ဆိုးကနေ လွတ်လိမ့်မယ်လို့ ထင်ပါတယ်။

ပြီးခဲ့တဲ့ သရေခေတ္တရာခေတ် BC ၃၀၁ ခုနှစ် ရန်ပေါင်မင်းလက်ထက်တုန်းက ကောင်းကင်မှာ နေနှစ်စင်း ထွက်ခဲ့ဖူးတာရှိသလို AD ၅၂၃ မှာ ဆိုရင်လည်း မိုးကောင်းကင်ကနေ လောင်မီးတွေ ခုနစ်ရက်တိုင်တိုင် ကျခဲ့ဖူးတာကို မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရဖူးတယ်ဆိုတာ သမိုင်းအထောက် အထားတွေမှာ ပါရှိထားပါတယ်။ ဒါကြောင့် မထင်မှတ်ထားတဲ့ အပြောင်းအလဲကြီး တစ်ခု ဖြစ်မယ်ဆိုရင်တောင် ကမ္ဘာကြီးတစ်ခုလုံး ပင်လယ်ရေနဲ့ ဆေးချလိုက်သလို လုံးဝပျက်သွားမှာ မဟုတ်ဘဲ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုကိုပဲ အခိုက်အတန့် ကြုံရမှာပါ'' ဟု ဗေဒင်ပညာရှင် ဆရာစံဇာဏီဘိုက သုံးသပ်ပြောကြားပါသည်။

အလားတူ တိရစ္ဆာန်များအနေဖြင့်လည်း ကပ်ဆိုးအန္တရာယ်ဖြစ်သော နွားရူး၊ ကြက်တုပ်ကွေး၊ ၀က်နားရွက်ပြာရောဂါ စသည်တို့ ရုတ်တရက် ဖြစ်ပေါ်နိုင်ပြီး ကာကွယ်တားဆီး နိုင်မှုနည်းပါးသည့် အခြေအနေနှင့် ကြုံတွေ့နိုင်ကြောင်း သိရှိရပါသည်။

မှော်နဲ့ စုန်းအတတ်လိုက်စားသူ အမျိုးသမီး ဆော်ဒီတွင် ခေါင်းဖြတ်ခံရ

အွန်လိုင်းကနေ သတင်းလေးတစ်ခု တွေ့တာနဲ့ တင်လိုက်တာပါ။ ထူးဆန်းလို့ပါ။ မှော်နဲ့ စုန်းအတတ် လိုက်စားသူ အမျိုးသမီးလို့ ဆိုပါတယ်။ ဗေဒင်ဆရာ အတွေ့အကြုံအရတော့ အောက်လမ်းနဲ့ ပြုစားခံထားရသူတွေ မကြာခန ဆိုသလို ဗေဒင်လာ မေးတတ်ကြပါတယ်။ တစ်ချို့ကလည်း အမှန်တကယ် ပြုစားခံထားရသူတွေပါ။ တစ်ချို့ကြတော့လည်း ကိုယ့်စိတ်က ထင်မှတ်နေသူတွေပါ။ စိတ်ပညာ ဆရာဝန်တွေကို ပြရင်တော့ စိတ္တဇ ဝေဒနာသည်တွေလို့ ပြောမယ်ထင်ပါတယ်။ ကိုယ့်ကို သူတစ်ပါးက မကောင်းသောအတတ် မကောင်းသော ပညာဖြင့် ပြုစားထားတယ်လို့ စိတ် အစွဲအလန်း ဖြစ်နေသူတွေ ဖြစ်ပါတယ်။

ကျွန်တော်လည်း တစ်ခါတစ်လေ တွေးကြည့်မိပါတယ်။ ဘာကြောင့်များ အဲဒီ မကောင်းတဲ့ ပညာသည်တွေ ရှိနေကြတာလဲ။ ဒီ မကောင်းတဲ့ အတတ်ပညာတွေနဲ့ လူတွေကို ပြုစားကြတာလဲ။ သူတို့က ချစ်ရင်လည်း ပြုစားတယ်။ မုန်းရင်လည်း ပြုစားတတ်တယ်လို့ ဗဟုသုတ ကြားဖူးပါတယ်။ ခေါင်းစဉ်မှာ တွေ့ရတာက မှော်နဲ့ စုန်းအတတ်လို့ ဖော်ပြထားတယ်။ စုန်းပညာ တစ်မျိုးတည်း မဟုတ်ဘူး။ မှော်လို့လဲ ရေးထားတယ်။ ဟယ်ရီပေါ်တာ ဇာတ်လမ်းကို သွားပြီး အမှတ်ရမိတယ်။ ထူးဆန်းသော မှော်ပညာ ကျောင်းတော်ကြီးကို မြင်ယောင် မိပါသေးတယ်။

ကျွန်တော်တို့ မနှစ်တုန်းကလဲ ထိုင်းမှာ သတင်းတစ်ပုဒ် ဖတ်ရပါသေးတယ်။ ဗေဒင်ဆရာမတစ်ဦးကို လူမိုက်တွေက လာသတ်သွားတယ် ဆိုတဲ့ သတင်းပါ။ ဘာကြောင့် သတ်တာလဲဆိုတာကိုတော့ အတွင်းကျကျ မသိပါဘူး။ ဗေဒင်ဆိုတာပါလာလို့ စိတ်ဝင်စားဖြစ်ခဲ့တာပါ။

တစ်ခါတစ်လေတော့လည်း ကိုယ့်အမိမြန်မာပြည်ကို တော်တော်လေး လွမ်းပါတယ်။ သူများနိုင်ငံမှာ နေရတာ လုံခြုံမှု့ မရှိပါဘူး။ ဗေဒင်ဆရာဘ၀နဲ့ ပိုတောင် ဆိုးပါသေးတယ်။ ပုလိပ်(ရဲ)ကိုလည်း ကြောက်ရပါတယ်။ မြန်မာနိုင်ငံသားတွေ ထိုင်းမှာ ဗေဒင်ဟောရင် ထိုင်းရဲကဖမ်းပါတယ်။ တရားမ၀င်ဘူးလို့ သူတို့ကဆိုပါတယ်။ ကျွန်တော်နေတဲ့ မဟာချိုင်မှာတော့ နတ်ကတော်တွေ ပေါတယ်။ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော အစုံရှိတယ်။ ထိုင်းပုလိပ်ကလည်း တော်တော်လေး ပြဿနာရှာပါတယ်။ တစ်ချို့ ဗေဒင်ဆရာ တော်တော်များများက ထိုင်းပုလိပ်တွေကို မြန်မာပြည်မှာ (၂)လုံးရောင်းစားတဲ့ လူတွေလို ထိုင်းပုလိပ်တွေကို လိုင်းကြေး ပေးထားရပါတယ်။ တော်တော်လေး စိတ်မကောင်း ဖြစ်စရာပါပဲ။ တစ်ခါတစ်လေတော့လည်း ထူးအိမ်သင်ရဲ့ “ အမေ့အိမ်” သီချင်းလေးထဲကလို “အိမ်ပြန်ချင်တယ် အနွေးထွေဆုံး အမေ့အိမ်“ ဆိုတဲ့ သီချင်းလေးကို စိတ်နာနာနဲ့ အော်ဆို ပစ်လိုက်ချင်တော့တာပါပဲ။

ဒီနေရာလေးကနေ ဘာမဆိုင်ညာမဆိုင် ဆုတောင်း လိုက်ချင်တာကတော့ ကျွန်တော်တို့ အမိမြန်မာ နိုင်ငံတော်ကြီး အမြန်ဆုံး အေးချမ်းသာယာ တိုးတက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာပြည်သား ရွေ့ပြောင်းအလုပ်သမားတွေ အိမ်ကို အမြန်ပြန်ချင် နေကြတဲ့ အတွက်ပါပဲ.... မှော်နဲ့ စုန်းအတတ်လိုက်စားသူ အမျိုးသမီး ဆော်ဒီတွင် ခေါင်းဖြတ်ခံရတဲ့ သတင်းလေးကို ဆက်ကြည့်လိုက်ကြရအောင်ပါ....(ဧရာဝတီသတင်းဌာနကပါ)




CNN သတင်း

မှော်နဲ့စုန်းအတတ် လိုက်စားသူ အမျိုးသမီးတယောက်ကို ခေါင်းဖြတ်ကွပ်မျက် လိုက်တယ်လို့ ဆော်ဒီအာရေဗျ နိုင်ငံ ပြည်ထဲရေး ၀န်ကြီးဌာနက ပြောပါတယ်။"မှော်ပညာ၊ စုန်းကဝေပညာ လေ့လာလိုက်စားသည့် ပြစ်မှုကို ကျူးလွန်မှု့ကြောင့် Amina bint Abdel Halim Nassar ကို တနင်္လာနေ့မှာ ကွပ်မျက်လိုက်တယ်လို့ ပြည်ထဲရေးဌာန ကြေညာချက်ကဆိုပါတယ်။

သူ့ကိုမဖမ်းခင် စုံစမ်းစစ်ဆေးတယ်၊ "ဥပဒေ ချိုးဖောက်သည့်အတွက် ပြစ်ဒဏ်ပေးလိုက်သည်" ဆိုပြီး ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ခေါင်းဖြတ်ကွပ်မျက်မှုကို Qariyat, Al-Jawf ဒေသမှာ ပြုလုပ်ခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။ ဆော်ဒီမှာ သေဒဏ်စီရင်မှုစနစ်ကို ဖျက်သိမ်းဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) က တနင်္လာနေ့မှာပဲ တောင်းဆိုလိုက်ပါတယ်။ စက်တင်ဘာလတုန်းကလည်း ဆော်ဒီမှာ ဒီလိုဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သေးတယ်လို့ Amnesty International က ဆိုတယ်။

Amnesty International ရဲ့ မှတ်တမ်းတွေအရ ဆော်ဒီမှာ ဒီနှစ်ထဲ လူ ၇၉ ဦးကို သေဒဏ်စီရင်ခဲ့တယ်၊ မနှစ်တုန်းက ထက်စာရင် အင်မတန်များတဲ့ အရေအတွက်ပါပဲတဲ့။ မနှစ်က သေဒဏ်စီရင်ခံရသူ အနည်းဆုံး ၂၇ ဦး ရှိပါတယ်။ လက်ဘနွန် ရုပ်မြင်သံကြား စီစဉ်တင်ဆက်သူ Ali Hussain Sibat လည်း မှော်နဲ့ စုန်းအတတ် လိုက်စားမှုနဲ့ အရေးယူခံထားရပါတယ်။ ၂၀၀၈မှာ အဖမ်းခံရ၊ နောက်တနှစ်မှာတော့ အပြစ်ရှိတယ်လို့ စီရင်ခံရပြီး သေဒဏ် ချမှတ်ခံရပါတယ်။ သူ့ကိုတော့ ကွပ်မျက်ခြင်း မပြုဘဲ ဆက်လက် ထိန်းသိမ်းထားပါတယ်။

ထူးဆန်းသော ဝိညာဉ်ကမ္ဘာ

ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး ရော်ဂျာမိုးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရာမှ အခန်းတံခါးကို တစ်စုံတစ်ဦး လာခေါက်သည့် အသံကြောင့် လန့်နိုးလာသည်။ သူ့နဖူးတွင် ချွေးတွေစိုရွှဲနေသည်။ အီဂျစ်နိုင်ငံ၏ ပူအိုက်သော ရာသီဥတု ကြောင့်လောဟု ဝေခွဲ၍မရဖြစ်နေသည်။ သူ့စိတ်တွင် တစ်စုံတစ်ဦး သူ့အခန်းတံခါးကို ခေါက်သည့်အသံကို သေသေချာချာ ကြားရသည်ဟု ထင်မိသည်။ အိပ်မက်မက်နေသလော။ သူသည် သတ္တိအလွန်ရှိသော လူတစ်ယောက် မဟုတ်သော်လည်း အကြောင်းမဲ့ ကြောက်တတ်သူ တစ်ယောက်မဟုတ်ပါ။ ထူးထူးခြားခြား ကြက်သီးမွေးညင်းများ ထနေသည်ဟုထင်မိသည်။

သူတည်းခိုနေသော အိမ်ကြီး တစ်အိမ်လုံးမှာလည်း ကျောချမ်းဖွယ် ကောင်းလောက်အောင် ငြိမ်သက်နေသည်။ ခပ်လှမ်းလှမ်းရှိ လမ်းမကြီးပေါ်မှ ကားတစ်စီးဖြတ်မောင်းသွားသောအသံ၊ ခွေးဟောင်သံနှင့် အိမ်ကြီး၏ ခြံဝန်းအတွင်းရှိ ပန်းချုံများမျှ ကျင်းရိလေးတွဲစွာ အော်နေသော ပုရစ်တို့အသံသာ ကြားနေရ၏။ ရွှန်းလဲ့သော လရောင်သည် သူ့အိပ်ခန်းအတွင်းသို့ ဖြာကျလျက်ရှိသဖြင့် အခန်းအတွင်း၌ အတော်အသင့် ထင်ရှားစွာမြင်နေရသည်။ သူ့ခုတင်ဘေးရှိ စားပွဲဝိုင်းကလေးပေါ်မှ စားပွဲတင်နာရီမှာ နံနက် (၂) နာရီ တိတိကို ညွှန်ပြနေလေသည်။ သူ့အားအချိန်မတော် တံခါးလာခေါက်သူမှာ ရုပ်ရှင်ရိုက်ကွင်း မန်နေဂျာလော။ သူ ဤအချိန်တွင် တံခါးလာခေါက်စရာ မရှိ။ တစ်ဖက်ခန်း၌ အိပ်ပျော်နေသော ဓါတ်ပုံဆရာလဲ မဖြစ်နိုင်။ သူတိုရုပ်ရှင် ရိုက်ကွင်းသို့ ရောက်သွားရမည့် အချိန်မှာ နံနက် (၈)နာရီတိတိဖြစ်သည်။

သူ့စိတ်တွင် ထင်မှတ်မှားခြင်းလော။ ယမန်နေ့ည ညစာစားပွဲတွင် သူပြောကိုယ်ပြော ပြောကြသော ဝိညာဉ်လောက၏ ဖြစ်ရပ်ဆန်းများကြောင့် သူ့စိတ်တွင်တံခါးခေါက်သံဟု ထင်မိခြင်းလော။ ထိုအခိုက် သဲကန္တာရကို ဖြတ်၍ တိုက်လာသော အေးစိမ့်သော လေသည် အိမ်ကြီး၏ နံရံများပေါ်ရှိ တိုက်ကပ်ပန်းများကို တိုးဝှေ့သွားသဖြင့် တရှဲရှဲ မြည်သံသည် ရင်သိမ့်တုန်ဖွယ်ရာ ကောင်းနေသည်။ ထိုအခိုက် အိမ်ကြီး၏ တစ်နေရာမှ အမျိုးသမီး တစ်ယောက် ဝမ်းနည်းကြေကွဲစွာ ငိုရှိုက်နေသည့်အသံ ကြားရသည်ဟု ထင်သဖြင့် မင်းသားကြီးသည် သေသေချာချာ နားစွင့်မိပြန်သည်။

ပထမတွင် ဟုတ်မှ ဟုတ်ပါ့မလားဟု ထင်သည်။ အာရုံကြောများ တင်းလာသည်အထိ နားစိုက်ထောင်မိသောအခါ အမျိုးသမီးငယ်တစ်ဦး ငိုရှိုက်သံဖြစ်သည်က သေချာနေသည်။ ထိုစဉ်က သရုပ်ဆောင် မင်းသားကြီး ရော်ဂျာမိုးမှာ ဂျိမ်းဘွန်းအဖြစ် (The spy Who Loved Me) ၊ “ကျွန်တော့်ချစ်သူ ထောက်လှမ်းရေးအမျိုးသမီး” ဟူသော ဇာတ်ကားတွင် ပါဝင်ရိုက်ကူးနေရ၏။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ရက်ပေါင်းများစွာ နေထိုင်ရသဖြင့် ကိုင်ရိုမြို့စွန်တွင် ရုပ်ရှင်ကုမ္ပဏီမှ ငှားရမ်းထားသော အိမ်တွင် ခေတ္တနေထိုင်ခဲ့ရ၏။ (အထက်ဖော်ပြပါ ရုပ်ရှင်ကားကြီးကို ရန်ကုန်မြို့လယ်ရှိ ရုပ်ရှင်ရုံကြီးတွင် လွန်ခဲ့သော နှစ် (၃၀) ကျော်က ပြသခဲ့ပြီး သောက်သောက်လဲ ဝင်ငွေရသော ရုပ်ရှင်ကားကြီးဖြစ်ပါသည်)

ရော်ဂျာမိုးသည် သေသေချာချာ နားစွင့်ထောင်လိုက်သောအခါ ငိုရှိုက်သံ ပျောက်သွားပြန်သည်။ တစ်ဖက်ခန်းမှရုပ်ရှင်ရိုက်ကွင်း မန်နေဂျာ၏ ဟောက်သံကိုသာ ကြားရပြန်သည်။ ထိုအခိုက် အိမ်ကြီးတစ်နေရာမှ သိမ့်ခနဲမြည်သံ ကြားရသည်ဟု ထင်မိသည်။ ငလျင်လှုပ်ခဲ့သလော။ ဝေခွဲ၍မရ ဖြစ်နေစဉ် သူတို့အိပ်ခန်းများရှိအပေါ်ထပ်သို့ တက်သည့်လှေကားထိပ်မှ ကျွီခနဲ မြည်သံကြားရပြန်သည်။ သူတို့အိမ်ကြီးအတွင်း တစ်စုံတစ်ယောက် ဝင်ရောက်ခဲ့သလော။ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့သည် ဒုစရိုက်သမား ပေါများသောမြို့ဖြစ်သည်။ ပစ္စည်းများ ခိုးယူလိုသော ဒုစရိုက်သမားတစ်ယောက် အိမ်အတွင်း ဝင်ရောက် လာခဲ့ပြီလော။ သေသေချာချာ နားစွင့်ကြည့်မိပြန်သည်။ လူတစ်ဦးသည် လှေကားထိပ်မှ သူတို့အခန်းများသို့ ခြေကို ဖွနင်းလာနေသည့် အသံကိုကြားရပြန်သည်။

သည်းထိပ်ရင်ဖို ရုပ်ရှင်ကားကြီးများတွင် သရုပ်ဆောင်အဖြစ် ရိုက်ကူးနေသော မင်းသားကြီး ရော်ဂျာမိုးမှာ တကယ့်ရုပ်ရှင်ကား တစ်ကားရိုက်ကူးနေရသကဲ့သို့ ဖြစ်နေသည်။ ခြေကိုဖွနင်းလာသော သူသည် ဓါတ်ပုံဆရာနှင့် ရုပ်ရှင်ရိုက်ကွင်းမန်နေဂျာတို့ အိပ်ခန်းများကို ကျော်၍ သူ့အခန်းဘက်သို့ လာနေသည်ကို သတိထားမိသည်။ ထိုခြေသံသည် သူ့အခန်းတံခါးဝကို ရောက်သည်နှင့် ရပ်သွားသည်။ မြေကြွက်ကြီး အသံလော။ သို့မဟုတ် လင်းနို့များ အသံလော ဝေခွဲမရပေ။ သို့သော် တစ်စုံတစ်ယောက် သူ့အခန်းဝ ရောက်နေသည်က သေချာနေသည်။ ထိုအခိုက် တံခါးဘုလုံးကို ကိုင်လိုက်သော အသံကြားလိုက်ရသည်နှင့် ရော်ဂျာမိုးသည် အိပ်ရာမှ ရုတ်တရက် ထထိုင်လိုက်မိတော့သည်။ လရောင်ကြောင့် သူ့အိပ်ခန်းတံခါးမှ ဘုလုံးလည်သွားသည်ကို မြင်ရပြန်သည်။ ရော်ဂျာမိုးသည် ဝိညာဉ်လောကနှင့် ပရလောကသားတို့ ခြောက်သည်ဆိုသည်ကို ယုံကြည်သူမဟုတ်ပါ။ စိတ်အာရုံ ထင်မှုနှင့် ခိုများ၊ ကြွက်များ၊ လင်းနို့များ၏ အသံကို လူတို့ ချဲ့ထွင်ပြောဆိုခြင်းသာ ဖြစ်သည်ဟု မှတ်ယူထားသူဖြစ်၏။

သူ့အိပ်ခန်းတံခါးကို အသေအချာ ပိတ်ထားသဖြင့် သာမန်လူတစ်ယောက် အခန်းအတွင်းသို့ ဝင်လာနိုင်စရာမရှိ။ သူ့စိတ်ကို အားတင်းထားသော်လည်း တုန်လှုပ်ချောက်ခြားလာသည်။ တံခါးဘုလုံး လည်သွားသည်ကို မှိုင်းပျပျ လရောင်တွင် မြင်နေရသည်။ သူ့အခန်းအတွင်း တစ်စုံတစ်ယောက် ရောက်ရှိနေသည် ထင်လာသည်။ သူ့အိပ်ခန်းတံခါးမှ ခုတင်ရှိရာသို့ ခြေထောက် ဖော့နင်းလာသည့် အသံကို ကြားရပြန်သည်။ ထိုခြေသံသည် သူ့ခုတင် ခြေရင်းရောက်သည်နှင့် ပျောက်သွားသည်။ သူ့ခုတင် ခြေရင်းတွင် အနက်ရောင် ပိုးခြုံထည် ခြုံထားသော အီဂျစ် အမျိုးသမီးတစ်ယောက် ရပ်နေသည်ကို လရောင်ကြောင့် ထင်ထင်ရှးရှား မြင်လိုက်ရသည်နှင့် ရော်ဂျာမိုးသည် သူ့အိပ်ရာ ခေါင်းရင်ဘက်မှ မီးခလုတ်ဖွင့်လိုက်သည်။ ထိုအမျိုးသမီးကို မတွေ့ရတော့ပေ။

သူတုန်လှုပ် ချောက်ချား၍ အံ့သြသွားသည်။ သူစိတ်အာရုံ ထင်ခြင်းမဟုတ်သည်က သေချာသည်။ အမျိုးသမီး၏ အနက်ရောင်ခြုံထည် အနားတွင် ကွပ်ထားသော ရွှေရောင်များကိုပင် မြင်လိုက်ရ၏။ သူ အိပ်ချင်မူးတူး ဖြစ်နေခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း အလျဉ်းမရှိသဖြင့် အာရုံထင်ခြင်း မဖြစ်နိုင်ဟု သူထင်မှတ်ထား၏။ နံနက်လင်းသည်နှင့် ကမ္ဘာရုပ်ရှင်ကြည့် ပရိသတ်၏ ထူးခြားဖြစ်စဉ် သတင်းသည် တောမီးပမာ ပျံ့နှံ့သွားသည်။

အီဂျစ်နိုင်ငံမှ သြဇာကြီးမားသော အယ်လ်အာရမ် သတင်းစာကြီး၏ မျက်နှာဖုံးတွင် ဂျိမ်းစ်ဘွန်း မင်းသားကြီးနှင့် ဝိညာဉ်လောကဟူသော စိတ်ဝင်စားဖွယ် ခေါင်းစဉ်ဖြင့် ရော်ဂျာမိုး၏ ဓါတ်ပုံနှင့်တကွ ဝေဝေဆာဆာ ဖော်ပြခဲ့၏။ အချို့သတင်းစာများကလည်း “နာမည်ကျော် ဂျိမ်းစ်ဘွန်း မင်းသားကြီး၏ သည်းထိပ်ရင်ဖို” စသော လူထုစိတ်ဝင်စားဖွယ် ခေါင်းစဉ်များဖြင့် ချဲ့ထွင်ရေးသားကြသဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးက စိတ်ဝင်စားသော သတင်းဖြစ်လာခဲ့ရ၏။ ဂျာနယ်များ၊ ရုပ်ရှင်စာစောင်များ၊ မဂ္ဂဇင်းများတွင်လည်း ထိုသတင်းကို ရေးသား ဖော်ပြခဲ့ကြသည်။

ထိုစဉ်က ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဂျိမ်းစ်ဘွန်းရုပ်ရှင်များ အကြောင်းကို မကြားချင်၍မရ။ သတင်းစာများတွင် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကြော်ငြာများကို တွေ့နေရသည်။ 007 အမှတ်အသားကို မြင်နေရသည်။ ဂျိမ်းစ်ဘွန်း မင်းသားများ အကြောင်း ရေးထားသည့် ဆောင်းပါးများကို မဂ္ဂဇင်းတွင် ဖတ်နေရသည့် ဂျိမ်းစ်ဘွန်း ခေတ်စားနေသည့် အချိန်ဖြစ်၏။ ကလေးကစားစရာ များတွင်လည်း 007 အမှတ်အသားကို တွေ့ရသည်။ ဆီးထုပ်များမှာပင် ဂျိမ်းစ်ဘွန်း မင်းသားကြီး ရှောင်ရီကွန်နရီနှင့် ရော်ဂျာမိုးတို့၏ ပုံများကို တွေ့နေရသည်။

ကမ္ဘာ့လူထုသည် ထိုမင်းသားကြီးများကို တကယ့် ဂျိမ်းစ်ဘွန်းဟု ထင်နေကြသည့်အချိန် ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုး၏ ထူးခြားဖြစ်စဉ် သတင်းကို ဖတ်ရှုကြရသော ကမ္ဘာ့နိုင်ငံ အသီးသီးမှ လူထုအဖို့ တအံ့တသြ ဖြစ်ကြရသည်။ တိုက်တိုက်ဆိုင်ဆိုင်ဟု ဆိုရပေတော့မည်။ မင်းသားကြီး ရော်ဂျာမိုးတို့ ခေတ္တငှားရမ်းခဲ့သော အိမ်တွင် လွန်ခဲ့သောသုံးနှစ်ခန့်က အိမ်ရှင်ကြီး၏ သမီးဖြစ်သူသည် မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့သည် ဟု ဆိုသည်။ ပိုင်ရှင်များသည် ထိုအိမ်ကြီးအား ငှားရမ်းနေသည့် သူများသည် အနက်ရောင်ခြုံထည် ဝတ်ဆင်ထားသော မိန်မပျိုတစ်ဦးကို အိမ်ကြီး၏ လှေကားထိပ်တွင် တွေ့ရလေ့ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့ဖူး၏။ သို့ဖြစ်ပိုင်ရှင်များ တစ်လက်ပြီးတစ်လက် ပြောင်းခဲ့ရသဖြင့် လူမမြဲသော အိမ်ကြီးဟု သတင်းကြီးခဲ့သည်။ ဤအိမ်ကြီးအား ရုပ်ရှင်အဖွဲ့ သားများသည် ဈေးသက်သက်သာသာဖြင့် ငှားရမ်းရသဖြင့် ခေတ္တနေထိုင်ခဲ့ကြခြင်း ဖြစ်သည်ဟုဆိုသည်။ မည်သို့ပင်ဖြစ်စေကာမူ ရော်ဂျာမိုးသည် လူထုယုံကြည် လေးစားခြင်းခံရသော အနုပညာသည် တစ်ဦးဖြစ်သဖြင့် မဟုတ်မမှန် လုပ်ကြံပြောဆိုမည့် သူမဟုတ်ဟု အများက ယူဆခဲ့ကြပါကြောင်း……….။

လှမိုး (ပညာရေး)
ကျမ်းကိုး
(၁) True Ghost Stories.
(စာဖတ်သူများအတွက် ထူးဆန်းသော အကြောင်းအရာများကို ထူးဆန်းထွေလာ ကဏ္ဍအဖြစ် တင်ပြ ပေးပါဦးမည်။)

နိုင်ငံသစ်၊​ ပုံစံသစ်၊​ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ ​ရှေ့​ကို ​ပြောင်း​လဲဖို့​ ဖြစ်ရပ်​တွေဖြစ်မယ် – စံဇာဏီဘို

ဆယ့်​တရက်၊​ ဆယ့်​တလ၊​ နှစ်​ထောင့်​ဆယ့်​တစ် တစ်​ခြောက်လုံး​နေ့​မှာ နိုင်ငံသစ် ပုံစံသစ်ကို ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ ​ပြောင်း​လဲဖို့​ ဖြစ်ရပ်​တွေဖြစ်မယ်လို့​ နက္ခ​ဗေဒ ပညာရှင် စံဇာဏီဘိုက အတိအကျ ​ဟောကိန်း​ထုတ်လိုက်ပါတယ်။

စံဇာဏီဘိုနှင့်​ ​မေး​မြန်း​ချက်

နက္ခဗေဒပညာရှင် စံဇာဏီဘို

ထူးထူး​ခြား​ခြား​ပေါ့​ဆရာ၊​ ဒီ ၁၁ ရက်၊​ ၁၁ လ၊​ ၂၀၁၁ မှာ ၁၁-၁၁-၁၁ လုံး​ပေါ့​နော် တိုက်ဆိုင်တဲ့​နေ့​ပေါ့​။ အဲဒီ​နေ့​ရက်နဲ့​ ပတ်သက်ပြီး​တော့​ အဓိကက​တော့​ ကျ​နော်တို့​ နိုင်ငံရဲ့​ နိုင်ငံ​ရေး​အ​ခြေအ​နေနဲ့​ ဒီ တစ်​ခြောက်လုံး​နဲ့​ ဘယ်လိုများ​ ပတ်သက်မှု ရှိမလဲဆိုတာ ဆရာတို့​ ပညာအရ ဘယ်လို မြင်ထား​ပါသလဲခင်ဗျ။“ဒီအ​ပေါ်မှာ ကျ​နော်တို့​ အယူအဆအရ အ​ပြောင်း​အလဲ​တွေ ထူး​ထူး​ခြား​ခြား​ ဖြစ်မယ်လို့​ အယူအဆ ရှိတယ်။ ​ကောင်း​သော အ​ပြောင်း​အလဲ ဖြစ်မယ်လို့​လည်း​ ကျ​နော်ယူဆတယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ဒီနိုဝင်ဘာ ၁၁ ဆိုတဲ့​ ဂဏန်း​အ​ပေါ်မှာ ကျ​နော်တို့ အများ​ကြီး​ ​မျှော်လင့်​ချက်ထား​တယ်။ အများ​ကြီး​ ​မျှော်လင့်​ချက် ထား​ရခြင်း​ အ​ကြောင်း​အရာက သမိုင်း​ကြောင်း​ရှိတယ်။

လွန်ခဲ့​တဲ့​ ၁၉၁၈ ခုနှစ်၊​ နိုဝင်ဘာလ ၁၁ ရက်​နေ့​ရဲ့​ ၁၁ နာရီအချိန်မှာ ပထမကမ္ဘာစစ်တခုကို အဆုံး​သတ်တယ်။ အဲဒီ​နေရာမှာ အနိဋ္ဌာရုံ​တွေလည်း​ ရှိတယ်။ ​ကောင်း​ခြင်း​တွေလည်း​ ရှိတယ်။ အဲဒီ ပထမကမ္ဘာစစ်မှာ ဖြစ်ခဲ့​တဲ့​ အဖြစ်အပျက်​တွေက လူ​တွေ အိုး​အိမ်မဲ့​ ၆၅ သန်း​ဖြစ်တယ်။ လက်နက်ထိပြီး​ ​သေတာက ၈ သန်း​ခွဲ။ ဒုက္ခိတဖြစ် ​ခြေ​တွေလက်​တွေ ပြတ်ပြီး​ ဘဝမှာ ဒုက္ခ​ရောက်သူက ၂၁ သန်း​၊​ အဖမ်း​ခံရတဲ့​ သုံ့​ပန်း​က ၈ သန်း​၊​ အစာငတ်​သေတဲ့​လူ​တွေက ၆ သန်း​ အဲဒီလိုရှိတဲ့​ အ​ကြောင်း​အရာကြီး​တခု ရပ်သွား​တယ်။

၎ နှစ်၊​ ၃ လနဲ့​ ၉ ရက် တိုက်ပွဲဝင်ခဲ့​တဲ့​ တိုက်ပွဲကြီး​လည်း​ ရပ်သွား​တယ်။ ပြီး​တော့​ တိုင်း​ပြည်အသစ်​တွေ ​ပေါ်လာတယ်။ နိုင်ငံသစ်​တွေ​ပေါ်​ပေါက်လာတယ်။ အထူး​သဖြင့်​ ပထမဦး​ဆုံး​ ဩစ​တြေး​လျား​၊​ ​နောက်ပြီး​တော့​ ချက်ကိုစလိုဗက်ကီး​ယား​ ဒါ​တွေ​ပေါ်တယ်။ ဒီ့​ပြင် ကမ္ဘာကြီး​တွေ၊​ တကယ့်​ အင်ပါယာကြီး​တွေ ပျက်ပြီး​တော့​ ထူး​ခြား​တဲ့​ အ​ပြောင်း​တွေ ရှိတယ်။ အဲဒါက ၁၁-၁၁-၁၁ တစ်​ခြောက်လုံး​ကို ယူလိုက်တဲ့​ အဖြစ်အပျက်။

“တစ်​ ခြောက်လုံး​ဆိုတာက နိုဝင်ဘာ ၁၁ ရက် ၁၁ နာရီကို ယူတဲ့​ကိစ္စ အဲဒီအယူအဆ သမိုင်း​ကြောင်း​ ရှိတဲ့​အတွက် အခု လူ​တွေ အိုး​မဲ့​အိမ်မဲ့​ ဖြစ်တာ၊​ လက်နက်နဲ့​ထိပြီး​ ​သေကြတာ၊​ ဒုက္ခိတ ဖြစ်တဲ့​လူ​တွေ၊​ ​ထောင်ထဲမှာ အကျဉ်း​ကျ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ၊​ အစာငတ်ပြီး​ ​သေလု​မျောပါး​ ဖြစ်​နေတဲ့​လူ​တွေ၊​ ​သေခဲ့​တဲ့​လူ​တွေ ဒီဟာ​တွေ အကုန်လုံး​ကို ဗမာပြည်မှာ မရှိ​တော့​ဘဲနဲ့​ ​ကောင်း​တဲ့​ဘက်ကို ယူမယ်။ ​နောက်ပြီး​တော့​ အရင်တုန်း​က အင်ပါယာကြီး​တွေ ပျက်သွား​သလိုပဲ ဂျာမန်တို့​ ဘာတို့​ရဲ့​ အင်ပါယာကြီး​တွေ ပျက်သွား​ပြီး​တော့​ အသစ်​တွေ ဖြစ်လာသလိုပဲ ပြည်တွင်း​မှာ ရှိတဲ့​ လူနည်း​စု​တွေ၊​ ဘာသာလူမျိုး​ ကွဲတဲ့​သူ​တွေရဲ့​ သီး​သန့်​အ​ခြေအ​နေသစ်​တွေ ​ပေါ်လာသလို နိုင်ငံသစ် ပုံစံသစ် ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ ​ရှေ့​ကို ​ပြောင်း​လဲတဲ့​ ဖြစ်ရပ်​တွေ ဖြစ်မယ်လို့​ ကျ​နော်တို့​ ဒီ `တစ်´​ခြောက်လုံး​နဲ့​ ပတ်သက်တဲ့​ အယူအဆကို တိကျစွာ တင်ပြပါတယ်။

“ဗမာပြည် တခုတည်း​မဟုတ်ဘူး​ နိုင်ငံတကာအဆင့်​၊​ တိုင်း​တပါး​အဆင့်​တွေအထိ ထူး​ထူး​ခြား​ခြား​ ဖြစ်ရပ်​တွေ ဖြစ်မှာ။ ဖြစ်တဲ့​အခါမှာ အဓိက ရာသီခွင်နဲ့​ ​ပြောရမှာ ဂဏန်း​နဲ့​ ​ပြောလို့​မရဘူး​။ ​ပြောတဲ့​အခါမှာ ​မေ ၂၁ နှစ် ဇွန်၂၀ ကြား​မှာ ​မွေး​တဲ့​ ​မေထုံရာသီမှာ ​မွေး​တဲ့​လူ​တွေ၊​ ​နောက် ​အောက်တိုဘာ ၂၀ နဲ့​ နိုဝင်ဘာ ၂၀ ကြား​ ဗြိစ္ဆာရာသီမှာ ​မွေး​တဲ့​ သူ​တွေနဲ့​၊​ ဇန်နဝါရီ ၂၀ နဲ့​ ​ဖေ​ဖော်ဝါရီ ၁၉ ကြား​ ကုမ်ရာသီမှာ​မွေး​တဲ့​ သူ​တွေအတွက် သီး​သန့်​ ကံ​ကောင်း​ခြင်း​နဲ့​ တိုး​တက်ခြင်း​တို့​ ကြုံမှာကို သတ်မှတ်ပါတယ်။”

ကျ ​နော် နှစ်ဦး​ပိုင်း​က ​မေး​ထား​သလို​ပေါ့​။ ဆရာ အဲဒီတုန်း​က ​ပြောခဲ့​တာ တခုရှိပါတယ်။ ဒီ ၂၀၁၁ က အဆိုး​တွေ ထွက်ပြီး​တော့​ အ​ကောင်း​ဘက်ကို ဦး​တည်တဲ့​နှစ်၊​ အဆိုး​ထွက်မယ့်​နှစ်လို့​ ဆရာ​ပြောထား​ပါတယ်။

“မှန်ပါတယ်။ ဒါ​ကြောင့်​ ဒီအဆိုး​တွေ အဆုံး​သတ်ပြီး​တော့​ အခုန ကျ​နော် ​ပေး​ခဲ့​တဲ့​ လမ်း​ကြောင်း​ ဥပမာ​တွေ ရှိတယ်။ အဲဒီ အဆိုး​တွေအကုန် အဆုံး​သတ်ပြီး​တော့​ ​ကောင်း​ခြင်း​အသစ်တခုကို​တော့​ ​ရောက်ဖို့​ ​သေချာ​ပေါက် ​မျှော်လင့်​ချက် ရှိ​နေပါတယ်။ အား​လုံး​သော သူ​တွေကလည်း​ အ​ပြောင်း​အလဲ​တွေ ရှိလာလိမ့်​မယ်။ အဲဒီ အ​ပြောင်း​အလဲ​တွေကလည်း​ တမင်လုပ်ပြီး​တော့​ ​ပြောင်း​တာမျိုး​ မဟုတ်ဘဲ အ​ခြေအ​နေ အရပ်ရပ်မှာ ငြိမ်း​ချမ်း​မှုကို ဦး​တည်တဲ့​ သဘာဝ အ​ပြောင်း​အလဲ ​တွေကို ဦး​တည်တဲ့​ သဘာဝ ​တွေ့​ရပါတယ်။”

စကား ​လက်​ဆောင်အ​နေနဲ့​ အဲဒီ ၁၁၊​ ၁၁၊​ ၁၁ ဆုံတဲ့​နေ့​မှာ ၇ ရက်သား​သမီး​တွေ အ​နေနဲ့​ ဘယ်လို အမှုကိစ္စမျိုး​တွေ ​ဆောင်ရွက်သင့်​တယ်ဆိုတာ ဆရာ အကြံပြုပြော​ပေး​ပါလား​ခင်ဗျ။

“အခြား​ ရာသီခွင်​တွေထက် ပိုပြီး​ ​မေထုံရာသီဖွား​တွေဟာ ဒီကာလက​နေစပြီး​တော့​ ဘဝရဲ့​ တိုး​တက်မှု​တွေ ​အောင်မြင်မှု​တွေကို စနစ်တကျ လုပ်ကိုင်သင့်​တယ်။ အထူး​ဖြင့်​ ​မေထုံရာသီဖွား​ အမျိုး​သမီး​တွေက လုပ်သင့်​တယ်။ ဒီဘက်ရဲ့​ တိုး​တက်မှုကို ဖန်တီး​သင့်​တယ်။ သူတို့​ရဲ့​ တိုး​တက်မှု​တွေသာ ​ဆောင်ရွက်နိုင်ရင်​တော့​ ​မေထုံရာသီဖွား​တွေရဲ့​ ဥပမာ ​ဒေါ်​အောင်ဆန်း​စုကြည်က ​မေထုံရာသီဖွား​ အဲဒီ​တော့​ သူကသာ တကယ် လက်​တွေ့​ကျကျ ​ဆောင်ရွက်နိုင်ရင် ဒီ ၁၁ ရဲ့​ပါဝါဖြစ်တဲ့​ Justice ကို၊​ တား​ရော့​ နံပါတ် ၁၁ Justice and Strength ကို ရပြီး​တော့​ တိုး​တက်တဲ့​ လမ်း​ကြောင်း​တွေ ရသွား​နိုင်တယ်။ အဲဒီ​တော့​ သူလုပ်မယ်ဆိုရင်​တော့​ သူ့​ရဲ့​ လုပ်ရပ်​တွေ သူ့​ရဲ့​ သဘာဝ​တွေကို ဝိုင်း​အား​ပေး​ရမယ့်​ အ​နေအထား​ကို ပြည်သူလူထု လုပ်​စေချင်တဲ့​ သ​ဘော စကား​မှာချင်ပါတယ်။”(ဒီမိုကရက်တစ်မြန်မာ့အသံမှ)

သင်၏အိမ်အတွက် ဆောင်ရန် ရှောင်ရန်လေးတွေပါ

ဒီအောက်က ၀တ္ထုလေးအမည်က တံခါး တဲ့။ အိမ်အ၀င် တံခါးကို ပြောတာပါ။

ဦးသိဒ္ဓိကျော်တဲ့။ သူကား ဗေဒင်ဆရာ တစ်ဦးဖြစ်တယ်။ အသက်အားဖြင့် ၅၀ကျော်လောက် ရှိမည်ထင်၏။ အိမ်ထောင်မရှိဘူး။ တပည့်တစ်ဦးနှင့် အတူ တိုက်အိမ်ကြီး တစ်အိမ်မှာ နေတယ်။ သူပိုင်တော့ မဟုတ်ဘူး။ အိမ်ကြီးက ငှားနေပုံရတယ်။ စီးပွားရေး ပြေလည်တယ်။ သူ၏ တိုက်အိမ်ကြီး၏ တံခါးဝတွင် “ဧကန္တ အယူတော် မင်္ဂလာ ဆရာသိဒ္ဓိကျော်”ဟု ဆိုင်းဘုတ် အောက်ခံအနီတွင် ဆေးအဖြူဖြင့် ရေးစွဲထားသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားလေ၏။

ဆရာဦးသိဒ္ဓိကျော်သည် နာမည်ကြီး ဗေဒင်ဆရာတစ်ဦး ဖြစ်၏။ သူ၏ထံသို့ အဆင့်အတန်းမြင့်သော လူချမ်းသာ များ စီးပွားရေး လုပ်ငန်းရှင်များ အရာရှိများ လာမေးကြ၏။ အိမ်ထောင်ရေးနှင့် ပါတ်သက်၍ ယတြာ အလွန်ကောင်းသည်ဟု နာမည်ကြီးနေလေ၏။

တစ်နေ့တွင် ဗေဒင်ဆရာ ဦးသိဒ္ဓိကျော်ထံသို့ အသက်အရွယ်အားဖြင့် ၃၅ နှစ်ခန့်ရှိသော မာလာဆွေဟု အမည်ရသော အမျိုသမီးတစ်ဦး ရောက်ရှိလာလေ၏။ မာလာဆွေသည် အရပ်အမောင်း ကောင်းကောင်း ချောမောလှပသော အမျိုးသမီးတစ်ဦးဖြစ်၏။ အသားအရည် ဖြူဝင်းနေ၏။ စကားပြောလျှင် လေးလေးမှန်မှန် တစ်လုံးချင်း ပြောလေ့ရှိ၏။ သူမသည် ဗေဒင်မေးရန်အလို့ငှာ ရောက်ရှီလာခြင်းဖြစ်၏။ မာလာဆွေနှင့် ဆရာဦးသိဒ္ဓိကျော်တို့ မျက်နှာချင်းဆိုင် ထိုင်မိကြလျှင် မာလာဆွေက အောက်ပါအတိုင်း စတင်ပြောဆို မိတ်ဆက်လေတော့၏။

ကျွန်မ နာမည်က မာလာဆွေပါ ဆရာ။ ဆရာကြီးရဲ့သတင်းကို ကြားနေရတာတော့ ကြာပါပြီ။ လာမယ်လာမယ်လို့ လုပ်တာ တစ်နှစ်လောက်တောင် ရှိပြီ။ မလာဖြစ်တာ။ လူချင်းကတော့ အခုမှပဲ တွေ့ဖူးကြတာပါ ဆရာရယ်ဟု စတင်ပြောလေ၏။ ထိုအခါ ဆရာဦးသိဒ္ဓိကျော်က မာလာဆွေအား အောက်ပါအတိုင်း ပြန်လည်ပြောဆို လေတော့၏။

ကျွန်တော် တတ်ထားတဲ့ အတတ်ပညာနဲ့ တိုင်ပင်ဆွေးနွေးဖို့ ဆိုတာ တခြားတစ်ယောက်ဆီမှာတော့ မရှိနိုင်ဘူး။ အမှန်တကယ် အခက်အခဲကြုံလာလို့ ရောက်လာတယ် ဆိုတာကတော့ သဘာဝကြပါတယ်။ အမှန်ကတော့ အစောကြီး ကတည်းက တွေ့သင့်တာဟု ပြောလိုက်လေ၏။ ထိုအခါ မာလာဆွေက ဟုတ်ပါတယ် ဆရာကြီးရယ် ဆရာကြီးနဲ့ တွေ့ဖို့ စောင့်နေတာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းကပါ။ လာမယ်လာမယ်လို့ လုပ်နေတာ။ လာမယ်လို့ စဉ်းစားလိုက်တိုင်း ကျွန်မ ရင်ထဲမှာ ရှက်သလိုလို ကြောက်သလိုလို ဖြစ်ဖြစ်လာတယ် ဆရာ။ အဲဒါကြောင့်ပါဟု မာလာဆွေက ပြောလေ၏။

ဦးသိဒ္ဓိကျော်က မာလာဆွေအား လက်ကို အသာကာပြလိုက်ရင် အဲဒါပဲ လူနာတွေဆိုတာက ဆရာဝန်တွေဆီကို ရောဂါ ရင့်မှ ရောက်ရောက်လာကြတာ။ မာလာဆွေလို ထက်မျက်တဲ့ မိန်းကလေးတစ်ဦးက အရာရာကို ဦးဆောင်ရမယ့် အနေအထားရှိတယ်။ အဲဒီလို မိန်းကလေးတစ်ဦးက ကိုယ့်ရင်ထဲက ခံစားချက်ကို တခြား လူတစ်ယောက်ကို ဖွင့်ပြီးပြောဖို့ အတော် ခဲရင်းနေလိမ့်မယ်။ ဟုတ်တယ် မဟုတ်လားဟု ဦးသိဒ္ဓိကျော်က မာလာဆွေအား စူးစိုက်ကြည့်ရင်း ပြောလိုက်၏။ မာလာဆွေက မှန်ပါတယ် ဆရာကြီးဟု ပြန်ပြောလေရာ ဆရာက ကိုယ့်မိသားစု ဆရာရင်းတစ်ယောက်လို ရင်းရင်းနှီးနှီး ဆက်ဆံတိုင်ပင်နိုင်ပါတယ်ဟု ပြန်ပြောလေ၏။ ဤသို့ပင် အစပြု၍ ဗေဒင်ဆရာ ဦးသိဒ္ဓိကျော်နှင့် ချောမောလှပသော မာလာဆွေဆိုသော အမျိုးသမီးတစ်ဦးတို့ စတင် ဆုံစည်းခဲ့ခြင်းပင် ဖြစ်လေတော့၏။

မာလာဆွေဆိုသော အမျိုးသမီးက ဆက်လက်၍ သူမအကြောင်းကို ပြောပြလေတော့၏။ ဆရာဦးသိဒ္ဓိကျော်က လည်း မာလာဆွေ၏ စကားကို မျက်တောင်မခတ်တမ်း စိတ်ဝင်တစား နားထောင်နေ၏။ မာလာဆွေက ဒီလိုပါဆရာ။ ကျွန်မ အမျိုးသားနာမည်က ကိုမြတ်သူလို့ ခေါ်ပါတယ်။ ကျွန်မတို့ နှစ်ယောက်က ဆင်းဆင်းရဲရဲ ကြီး မဟုတ်ပေမယ့် ပြည့်ပြည့်စုံစုံကြီးထဲကတော့ မဟုတ်ပါဘူး။ ကျွန်မတို့ နှစ်ယောက် အိမ်ထောင် သာယာရေးအတွက် ဦးစားပေးခဲ့သလို ဘ၀တစ်ခုကို ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ အတွက်လည်း ကျွန်မတို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသလို ကျွန်မသူနဲ့ တန်းတူစီးပွားရှာ အလုပ်လုပ်ခဲ့တာပါ။

အရင်တုန်းက ကိုမြတ်သူက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။ နောက်တော့ ကိုမြတ်သူက ကျွန်မကို ကိုယ်ပိုင် ကုမ္မဏီတစ်ခု ဖွင့်ဖို့ တိုင်ပင်တယ်။ ကျွန်မကလည်း သဘောတူခဲ့တယ်။ နောက်တော့ ကျွန်မတို့ ကံနဲ့ ၀ိရိယရဲ့ အကျိုးကြောင့်တော့ ထင်ပါတယ်။ ကျွန်မတို့ အောင်မြင်လာတယ် ဆိုပါတော့။ အခုလို အခြေအနေမျိုး ရောက်ကာမှ ဟု မာလာဆွေက ပြောနေရင်း စကားစကို ဖြတ်လိုက်၍ ခေါင်းကို အသာလေးငုံ့ကာ သက်ပျင်းတစ်ခုကို ရှိုက်လိုက်လေ၏။ မျက်ဝန်းစ၌ တွဲခိုလာသော မျက်ရည်စအနည်းငယ်ကို အသာလေး လက်ကိုင်ပ၀ါနှင့် တို့လိုက်ရင်း ဆက်လက် ပြောလေတော့၏။

ကျွန်မတို့လိုသာ ပြောရတာပါဆရာရယ်။ အမှန်တော့ ကျွန်မတို့နှစ်ယောက်လို့က တစ်အိမ်ထဲမှာ နှစ်ယောက် အတူတူ နေနေတာမှ ဟုတ်ရဲ့လားလို့ တွေးမိတယ်။ သူက တစ်မျိုးဆို ကျွန်မက တစ်မျိုး။ သူက တစ်နေရာဆိုရင် ကျွန်မက တစ်နေရာ။ သူက တစ်နိုင်ငံဆိုရင် ကျွန်မက တစ်နိုင်ငံ ။ သူက တစ်မျိုးဆိုရင် ကျွန်မက နောက်တစ်မျိုး အဲဒီလိုနဲ့ သူနဲ့ ကျွန်မ တဖြေးဖြေးနဲ့ ကွာခြားလာတယ်။ အဲဒါနဲ့ ကျွန်မက အရင်လို မိသားစုဘ၀လေးမျိုးကို ပြန်နေဖို့ ကိုမြတ်သူကို တောင်းတောင်းပန်ပန်နဲ့ ပြောပါတယ်။ ကိုမြတ်သူက ကျွန်မကို အင်မတန် သနားစရာကောင်းတဲ့ စိတ်ကူးယာဉ်တတ်တဲ့ မိန်းကလေးတစ်ယောက်ကို ကြည့်သလို ကြည့်ပြီး ပြုံးတယ်ဆရာ။ ကျွန်မ သူ့အပြုံးကို သိတ်သိတာပေါ့။ သူ အဲဒီလို ပြုံတာ ရီတာကို ကျွန်မ မကြိုက်ဘူး။

အဲဒီလိုနဲ့ သူနဲ့ကျွန်မနဲ့ ပိုင်ဆိုင်မှု့တွေပြိုင် အလုပ်တွေပြိုင်ရင်း နောက်ဆုံးမှာ မာနတွေပါ ပြိုင်ခဲ့ကြတယ်။ အဲဒီတော့ ကျွန်မက ကိုမြတ်သူကို ပြောပါတယ်။ ရှင်နဲ့ ကျွန်မနဲ့ ပြတ်ပြတ်သားသား လမ်းခွဲကြရအောင်လို့ ပြောပါတယ်။ ဒါပေမယ့် ဆ၇ာရယ်။ ကျွန်မ ပြောတဲ့စကားက အရာမ၀င်ပါဘူး။ ကျွန်မကို ဧည့်ခန်းထဲမှာ လူရိုသေရှင်ရိုသေသေ ထားတဲ့ အရုပ်တစ်ရုပ်လို သဘောထားတာ။ ကျွန်မလေ သူ့ကို သိတ် မုန်းတာပဲ။ သိပ်ပြီး စိတ်နာတာပဲ။

သူကို ကျွန်မက ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးဖို့ တောင်းဆိုတယ်။ သူက ကျွန်မကို ပြန်ပြောတယ်။ ကွာရှင်းစာ ချုပ်ရတော့ရော မင်းက ဘာထူးမှာလဲတဲ့။ အဲဒီတော့ ကျွန်မက ပြောလိုက်တယ်။ လွတ်လတ်မှု့လေလို့။ အဲဒီမှာတင် ကိုမြတ်သူက ညစ်တော့တာပဲဆရာရယ်ဟု မာလာဆွေက ဆရာသိဒ္ဓိကျော်ကို သူမ၏ လက်ရှိ အိမ်ထောင်ရေး အခြေအနေကို ပြောပြလေတော့၏။ ထိုအခါ ဆရာဦးသိဒ္ဓိကျော်က တစ်ခွန်းတည်း ပြန်ပြောလိုက်၏။ ကျွန်တော် ဘာလုပ်ပေးရမလဲဟု။

ထိုအခါ မာလာဆွေက အခု လောလောဆယ်တော့ ကျွန်မ ဘာဆက်လုပ်ရမယ်မှန်း မသိတော့ပါဘူး။ ဒါကြောင့် ကျွန်မအ ဘာဆက်လုပ်ရမယ်ဆိုတာကို ဆရာကြီးက အကြံညာဏ်ပေးစေချင်ပါတယ်။ အခုလောလောဆယ် မပြောနိုင်သေးရင်လဲ ရပါတယ်။ ဆရာကြီး ပြန်ခေါ်တဲ့နေ့ရောက်ရင် ကျွန်မ လာခဲ့ပါ့မယ်ဟု မာလာဆွေက ပြောလေ၏။ ဆရာသိဒ္ဓိကျော်က ကိုမြတ်သူ၏ အ၀တ်အစားကို တစ်ည အတူထားအိပ်ပြီး မိုးလင်းပိုင်းတွင် လုံးဝ ဖျက်စီးပစ်ရမည်ဟု ယတြာပေးလိုက်၏။ ဤကဲ့သို့ပင် အိမ်ထောင်ကွဲချင်နေသော မာလာဆွေဆိုသော ဆိုသော အမျိုးသမီးနှင့် ဗေဒင်ဆရာ ဆရာသိဒ္ဓိကျော်တို့သည် ပထမဦးဆုံး တွေ့ဆုံမှု့ကို အဆုံးသတ်၍ မာလာဆွေလည်း ပြန်သွားလေတော့၏။

ထိုညတွင် မာလာဆွေနှင့် သူမ၏ယောက်ျား ကိုမြတ်သူတို့ ထပ်မံ၍ စကားများကြပြန်၏။ ကိုမြတ်သူက မာလာဆွေအား ဒီမှာ မာလာဆွေ ငါက သ၀န်တိုတဲ့ စိတ်တော့ မရှိဘူး။ ဒါပေမယ့် မနာလိုစိတ်တော့ များတယ်။ အဲဒီတော့ မင်းကို ဘယ်တော့မှ တစ်ခုလပ် မဖြစ်စေရဘူး သိပြီလားဟု အနိုင်ပိုင်း ပြောဆို၍ အိမ်ကနေ ထွက်သွားလေ၏။ ထိုညတွင် မာလာဆွေသည်လည်း အိပ်ယာပေါ်တွင် ၀မ်းနည်းကျေကွဲ ဒေါသဖြင့် တညလုံး ငိုကျွေးနေခဲ့နေခဲ့ရ၏။

နံက်မိုးလင်းပိုင်းတွင် မာလာဆွေသည် ဆရာသိဒ္ဓိကျော်ထံသို့ ထပ်မံရောက်ရှိလာပြီးလျှင် ဟန်ပင်မဆောင်နိုင်ပဲ ဒေါသတကြီး ငိုကြွေးလေတော့၏။ မျက်ရည်များ တတွေတွေ ကျနေ၏။ ဆရာသိဒ္ဓိကျော်က လက်ကိုင်ပ၀ါ တစ်ထည်ကို ကမ်းပေးလိုက်၏။ ရော့ ဒါနဲ့ မျက်ရည်တွေ သုပ်ပစ်လိုက်ပါဦးဟု ပြော၏။ မာလာဆွေက ဆရာပေးသော လက်ကိုင်ပ၀ါကို ယူ၍ မျက်ရည်များကို သုတ်ပြီးနောက် ညတုန်းက သူမ၏ လင်တော်မောင် ဖြစ်သူ ကိုမြတ်သူနှင့် ဖြစ်ခဲ့သော အဖြစ်အပျက်များကို ဆရာသိဒ္ဓိကျော်အား ပြန်လည်ပြောပြ၏။ ထို့နောက် မာလာဆွေက ဆရာရယ် ဆရာကတော့ မိုးလင်းလင်းခြင်း ယတြာချေတဲ့ အင်္ကျီကို ဖျက်စီးပစ်ဖို့တော့ မှာလိုက်တာပဲ။ ကျွန်မက နောက်တစ်ရက် ကူးသွးလို့ အဲဒီလို ဖြစ်ရတာ တောင်းပန်ပါတယ်ဟု ပြန်လည် ပြောပြလေ၏။

ဆရာသိဒ္ဓိကျော်က ဒါဆိုရင် နောက်ထပ်ယတြာတစ်ခု ထပ်ပေးလိုက်မယ်။ ဒီတစ်ခါ လုံးဝ အမှားအယွင်းမရှိစေနဲ့။ သေသေချာချာ လုပ်ပါဟု ဆိုကာ အောက်ဖော်ပြပါ ယတြာကို မာလာဆွေအား ပြောပြ၏။ မာလာဆွေက နေဦးဆရာ ကျွန်မ စာနဲ့ရေးသွားမှ ဖြစ်မယ်ဟုဆိုကာ ဆရာပြောပြသော ယတြာကို သေသေချာချာ ကူးရေးလေ၏။ အသတ်ခံရလို့ သေကာနီးဆဲဆဲ ကြက်တစ်ကောင်ကို မရရအောင် ရှာဝယ်ရမယ်။ ပြီးရင် တစ်ညလုံး လှောင်ထားရမယ်။ ကြက်အထီး ဖြစ်ရမယ်။ တစ်ညလုံး မိမိအခန်းထဲတွင် လှောင်ထားပြီး မိုးလင်းတွင် လွှတ်ပစ်ရမည်ဟု ယတြာပေးလိုက်၏။ မာလာဆွေကလည်း လုပ်ပါမည်ဟု ဂတိပေးကာ ပြန်သွားလေတော့၏။

ထိုညတွင် မာလာဆွေသည် သူမ၏အခန်းထဲတွင် ကြက်တကောင်နှင့် တစ်ညလုံး ကောင်းကောင်း မအိပ်ရပဲ ရှိလေတော့၏။ အခန်းထဲတွင် ကြက်က ဟိုပြေးလိုက် ဒီပြေးလိုက် လုပ်နေ၏။ မာလာဆွေလည်း တညလုံး လုံးဝ မအိပ်ရဘဲ ဒုက္ခ ဖြစ်တော့လေ၏။ မိုးလင်းတွင် မာလာဆွေသည် ထိုကြက်ကို တစ်နေရာတွင် သွား၍ လွတ်လိုက်၏။ မိုးလင်းသောအခါတွင် ကိုမြတ်သူလည်း အပြင်မှ ပြန်လာ၏။ အပြင်မှ ပြန်ရောက်ရောက်ခြင်း မာလာဆွေက ကျွန်မမေးထားတဲ့ ကိစ္စ ဘယ်တော့ အဖြေပေးမှာလဲဟု မေးလေရာ ကိုမြတ်သူလည်း ဒေါသထွက်သွား၏။ ထို့နောက် စိတ်တိုတိုနှင့် ကဲ .... ဒီလောက်တောင် ကွဲချင်နေတယ်ဆိုရင် ငါ နိုင်ငံခြားက ပြန်လာရင် အဖြေပေးမယ်ဟု စိတ်တိုတိုနှင့် ပြန်ပြော၍ အပြင်သို့ ပြန်လည်ထွက်သွားလေတော့၏။

ခနအကြာတွင် မာလာဆွေလည်း အ၀တ်အစားလဲကာ ဆရာသိဒ္ဓိကျော်၏ အိမ်သို့ သွားရောက်ကာ ၀မ်းသာအားရဖြင့် ဆရာရေ .... ညတုန်းက ချေတဲ့ ယတြာကတော့ တော်တော်လေး စွမ်းတယ်ဆရာ။ အခု မနက် ကိုမြတ်သူနှင့်တွေ့တော့ သူက ဘာပြောတယ် မှတ်လဲ။ သူနိုင်ငံခြားက ပြန်လာရင် အဖြေပေးမယ်လို့ ပြောတယ် ဆရာရေဟု ၀မ်းသာအားရ ပြောပြလေ၏။ ထို့နောက် သူမက ဆက်လက်၍ ကျွန်မလိုချင်တဲ့ အဖြေဖြစ်ဖို့တော့ လိုတယ်ဆရာရယ်ဟု ပြောလေ၏။ ထိုအခါ ဆရာသိဒ္ဓိကျော်က အရေးကြီးတဲ့ အပိုင်းကို ရောက်ရှိလာပြီ ဖြစ်တယ်ဟု လွန်စွာ လေးနက်သော လေသံဖြင့်ပြော၏။

ကောင်းပြီ မာလာဆွေ၊ အခုက အရေးကြီးတဲ့ အပိုင်းကို ရောက်နေပြီဆိုတော့ နောက်ဆုံး ယတြာတစ်ခု ပေးမယ်။ ဒါပေမယ့် ဒီယတြာက သောကြာသားတစ်ဦးက လုပ်ပေးရမယ်ဟု ပြောလေ၏။ ထိုအခါ မာလာဆွေက ဒုက္ခပါပဲ ဆရာရယ်။ ကျွန်မ အသိတွေထဲမှာတော့ သောကြာသား မရှိပါဘူး။ သောကြာသားရှိတယ်ပဲ ထားလိုက်ပါဦး ၊ ကျွန်မက ဒီအကြောင်းတွေကို ယာက်ျားလေး တစ်ယောက်ကို ဘယ်လို ပြောရဲပါ့မလဲဟု ပြန်ပြောလေ၏။ ထိုအခါ ဆရာသိဒ္ဓိကျော်က သူ၏တပည့်ဖြစ်သူအား လှမ်း၍ ခေါ်လိုက်ရင်း မင်းက သောကြာသားလားဟု မေးလိုက်ရာ တပည့်ဖြစ်သူက ဟာ မဟုတ်ဘူးလေ ဆရာ။ ကျွန်တော်က ဗုဒ္ဓဟူးသားလေ ဆရာရဲ့ဟု ပြန်ပြောလိုက်၏။ ထိုအခါ ဆရာ သိဒ္ဓိကျော်က အေး ငါ သောကြာသား တစ်ယောက် အမြန်လိုချင်တယ်။ ယတြာချေပေးဖို့ လိုနေတယ်ကွာဟု ပြောလိုက်ရာ တပည့်ဖြစ်သူက ဟာ ဆရာကလည်း ဆရာက သောကြာသားလေဟု ပြန်ပြောလိုက်၏။ ထိုအခါ မာလာဆွေက ဟယ် ဟုတ်လားဆရာ ။ ဆရာ့ယတြာကို ဆရာကိုယ်တိုင် လုပ်ပေးတော့ ပိုကောင်းတာပေါ့။ အခန့်သင့်လိုက်လေ ဆရာရယ်ဟု ပြန်ပြောလိုက်လေတော့၏။ ကောင်းပြီ မနက်ဖြန် ယတြာလုပ်မယ်ဟု ဆရာ သိဒ္ဓိကျော်က ပြန်ပြောလိုက်လေတော့၏။ ဤသို့နှင့်ပင် ဆရာသိဒ္ဓိကျော်နှင့် မာလာဆွေဆိုသော အမျိုးသမီးတို့သည် ယတြာကိစ္စကို အကြောင်းပြု၍ မကြာခန ဆုံတွေ့မိကြလေတော့၏။

နောက်တစ်နေ့တွင် ဆရာသိဒ္ဓိကျော်နှင့် မာလာဆွေတို့သည် နေ့သင့်နံသင့် အပင်များရှိသော ပန်းခြံကြီး တစ်ခုတွင် ရောက်ရှိနေကြ၏။ ယတြာ၏ အစီအစဉ်အတိုင်း သစ်ပင်ကြီးတစ်ပင်ကို လက်ယာရစ် နှစ်ယောက်အတူ ပတ်ရ၏။ ထို့နောက် သစ်ပင်တစ်ပင် ခြေရင်းတွင် မျက်နှာချင်းဆိုင်ရပ်ကာ တစ်ယောက်မျက်နှာ တစ်ယောက် စူးစိုက်ကြည့်၍ မာလာဆွေက ကိုမြတ်သူအမှတ်ဖြင့် ပြောရမည် ဖြစ်၏။ ထို့နောက် ဆရာသိဒ္ဓိကျော်ကလည်း စကားပြန်ပြောရမည် ဖြစ်၏။ ယတြာကား ထိုအတိုင်းပင် ဖြစ်လေသောကြောင့် မာလာဆွေက စတင်ကာ ဆရာသိဒ္ဓိကျော်ကို သေသေချာချာ စူးစိုက်ကြည်ကာ ကိုမြတ်သူ အမှတ်ဖြင့် အောက်ပါအတိုင်း စတင်ပြောလေတော့၏။

မာလာဆွေက ဆရာသိဒ္ဓိကျော်၏ မျက်နှာကို ကိုမြတ်သူအမှတ်ဖြင့် စူစိုက်ကြည့်ကာ ဒီမှာ ကျွန်မပြောတဲ့ စကားကို သေသေချာချာ နားထောင်ပါ။ ရှင်နဲ့ ကျွန်မနဲ့ အရင်တုန်းက ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ဘယ်လိုပဲပါတ်သက်ခဲ့ ပါတ်သက်ခဲ့ အခု ရှင်ကို ကျွန်မ လုံးဝ စိတ်မ၀င်စားတော့ဘူး။ ကျွန်မ အာရုံထဲမှာလဲ ရှင်လုံးဝ မရှိတော့ဘူး။ ကျွန်မ ရင်ထဲမှာ ရှင်လုံးဝ မရှိတော့ဘူးဆိုတာကို ရှင့်လက်ခံပေးပါဟု ဆရာသိဒ္ဓိကျော်၏ မျက်လုံးများကို စိုက်ကြည့်၍ ပြောလေ၏။

ထိုအခိုက်အတန့်လေးမှာပင် ဆရာသိဒ္ဓိကျော်၏ နှလုံးအိမ်တွင် အမျိုးအမည် မသိသော ဝေဒနာတစ်ခု ရင်ထဲ တိုးဝင်လာလေတော့၏။ အိမ်ထောင်ရေး အဆင်မပြေရှာသော မာလာဆွေဟူသော အမျိုးသမီးကို သနားဂရုဏာ စိတ်များသည် ၀င်ရောက်လာလေတော့၏။ (ဒီနေရာတွင် ဆရာသိဒ္ဓိကျော်က မာလာဆွေအား စတင်၍ မေတ္တာသက်ဝင် သွားသော နေရာ ဖြစ်၏။ သို့သော် ကျွန်ုပ်သည် ချစ်ခြင်းမေတ္တာတရားနှင့် ပါတ်သက်၍ ရုပ်လုံးပေါ်အောင် မရေးသားတတ်တော့ပေ။ ထို့ကြောင့် စာဖတ်သူများအနေနှင့် ဗေဒင်ဆရာ ဆရာသိဒ္ဓိကျော်က မာလာဆွေအား စတင် ချစ်မိသွားပြီးဟူ၍ မှတ်ထင်ကြပါကုန်)

ဤနေ့ရက်မှ စတင်၍ ဆရာသိဒ္ဓိကျော်သည် မာလာဆွေအား အစွဲကြီး စွဲလန်းလာလေတော့၏။ တစ်ချိန်လုံး မာလာဆွေဟူသော ပုံရိပ်သည် သူ၏ အပေါ်သို့ လွမ်းမိုးထားလေတော့၏။ မာလာဆွေ၏ အသံလေးကို ကြားချင်နေမိ၏။ ဘာလုပ်လုပ် စိတ်မ၀င်စားသကဲ့သို့ ဖြစ်လေတော့၏။ တဘက်မှလည်း မိမိ တတ်ကြွမ်းသော ယတြာ များကို ချေနေ၏။ မာလာဆွေ၏ မေတ္တာကို ပြန်လည် ရရှိချင်သောကြောင့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားလေတော့၏။ ဆရာသိဒ္ဓိကျော်ထံသို့ ဗေဒင်မေးရန်၊ ယတြာတောင်းရန် ရောက်ရှိလာကြသော သူများကိုလည်း လုံးဝ စိတ်မပါတော့သောကြောင့် တပည့်ဖြစ်သူအား ပြန်လွှတ်ခိုင်းတော့၏။

အချိန်တိုင်းတွင်လည်း မာလာဆွေ၏ အသံလေးကို ကြားရလည်း မဆိုးဘူးဟူသော အတွေးဖြင့် ဖုန်းဆက်ရန် ကြိုးစား၏။ ယတြာကိစ္စကို အကြောင်းပြု၍ အိမ်သို့ သွားလည်၏။ အိမ်သို့ ရောက်သော အခိုက်အတန့်တွင်လည်း ဖင်ပူအောင် မထိုင် ချက်ချင်း ထပြန်လာမိ၏။ ထိုကဲ့သို့ စွဲလန်းသော စိတ်များ ပျင်းထန်သထက် ပျင်းထန်လာလေရာ တစ်ညတွင် မာလာဆွေနှင့် ပေါင်းဖက်ရသည်ဟု အိပ်မက် မြင်မက်လေတော့၏။ အိပ်မက်ထဲတွင် ဆရာသိဒ္ဓိကျော်က မာလာဆွေ၏ အိမ်သို့ သွား၏။ မာလာဆွေက ဆရာသိဒ္ဓိကျော်ကို ပြေးဖက်၍ ကြို၏။ ထိုအချိန်တွင် ဆရာသိဒ္ဓိကျော်၏ တပည့်ဖြစ်သူ ရောက်လာသောကြောင့် အိပ်မက်က လန့်နိုးလေတော့၏။ တပည့်ဖြစ်သူက ဆရာ၏အဖြစ်ကို စိတ်မသက်မသာနှင့်ကြည့်မိလေတော့၏။ ထိုကဲ့သို့ မာလာဆွေအား အရူးအမူး စွဲလန်းနေသည့် အဖြစ်အပျက်ကို မာလာဆွေက လုံးဝ မသိရှာပေ။

တစ်နေ့တွင် ဦးသိဒ္ဓိကျော်၏ တပည့်ဖြစ်သူက သူ၏ ဆရာအား ခပ်တင်းတင်း ကြည့်လေ၏။ ထိုအခါ ဦးသိဒ္ဓိကျော်က ဟေ့ကောင် မင်းက ငါ့ကို ဘာကြောင့် ခပ်တင်းတင်း ကြည့်နေရတာလဲ။ ဘာပြောစရာရှိလို့လည်း ပြောစရာရှိရင် ပြောလေကွာဟု မေးလိုက်လေရာ သူ၏ တပည့်ဖြစ်သူက ဒီမှာ ဆရာ ။ ဆရာ့ကို ကျွန်တော်က ကိုယ့်ရဲ့ အရမ်းလေးစားစရာကောင်းတဲ့ ဆရာကြီးတစ်ယောက်လို သဘောထားပြီး ပြုစု စောင့်ရှောက်လာခဲ့တာပါ။ အခုတော့ ဆရာကြီးက လမ်းတော်တော် လွဲနေပြီလေ။ ကိုယ့်ကိုကိုယ်လည်း နည်းနည်းလောက် ထိမ်းပါဦး ဆရာရယ်။ မာလာဆွေဆိုတာ အခုလက်ရှိ သူ့မှာ လင်ကြီးငုတ်တုတ်နဲ့လေ။ ဆရာ ကံထိုက်လိမ့်မယ်။ လူတကာက လေးစားတဲ့ တန်ဖိုးထားတဲ့ ဆရာ့လို ဆရာကြီးတစ်ယောက်က ဘာကြောင့် အသိတရား မရှိရတာလဲဟု ပြောလေတော့၏။ ထိုအခါ ဦးသိဒ္ဓိကျော်က

မင်းကလည်းကွာ မာလာဆွေက သူ့ယောက်ျားနဲ့ မကြာခင် ကွဲကြတော့မှာလေကွာ။ မင်း ငါ့ယတြာတွေ ဘယ်လောက် စွမ်းတယ်ဆိုတာ မင်းသိပါတယ်ကွာ။ မင်း စောင့်ကြည့်နေ။ မကြာခင်မှာ သူ့ယောက်ျားနဲ့ အရမ်းကွဲချင်နေတဲ့ မာလာဆွေတစ်ယောက်ဟာ လွတ်လတ်တဲ့သူ ဖြစ်သွားတော့မှာပါ။ ငါက အဲဒါကို မျှော်လင့်နေတာကွဟု ပြန်ပြောလေ၏။ ထိုအခါ တပည့်ဖြစ်သူက ဆရာကြီးကလည်း ကွာရှင်းတယ်ဆိုတာ တရားဝန် စာချုပ်မှာ လက်မှတ်ရေးထိုးပြီးမှ တရားဝင်ကွဲတယ်လို့ ပြောလို့ရတယ်။ အခုတော့ ဆရာကြီးရယ်ဟု မချိတင်ကဲ ရေရွတ်ပြောဆိုလေတော့၏။

ထိုကဲ့သို့ ဆရာသိဒ္ဓိကျော်သည် အချစ်၏ ဝေဒနာများကို အလူးအလဲ ခံစားနေရချိန်တွင် တဘက်တွင် မာလာဆွေ၏ ခင်ပွန်းဖြစ်သူ ကိုမြတ်သူသည်လည်း နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာတော့၏။ ယခုတစ်ခါ ပြန်လည်ရောက်ရှိလာချိန်တွင် ကိုမြတ်သူသည် လုံးဝ အချိုးပြောင်းသွားပြီးနောက် မာလာဆွေအား မိမိ ဂရုမစိုက်မိသည့် အပြစ်ကို တောင်းပန်ပါကြောင်းနှင့် အရင်တုန်းကလိုပဲ မိသားစုလေး အေးအတူပူအမျှ နေထိုင်သွားပါရစေဟူ၍ ပြောဆိုလာလေတော့၏။ မာလာဆွေ၏ နှလုံးသားလေးသည်လည်း ကိုမြတ်သူ၏ တောင်းပန်စကားများ အောက်တွင် ပျော့ပြောင်း သွားလေတော့၏။

တစ်ဖက်တွင် ဗေဒင်ဆရာ ဆရာသိဒ္ဓိကျော်၏ ခံစားချက်များသည်လည်း လုံးဝ အထွတ်အထိပ်သို့ ရောက်ရှိ နေလေတော့၏။ မာလာဆွေ၏ အသံကို တစ်ရက် မကြားရလျှင် တစ်ရက် မနေနိုင် မထိုင်နိုင် ဖြစ်လာ၏။ အကြောင်းမရှိ အကြောင်းရှာ၍ ဖုံးဆက်၏။ ထိုဖုံးဆက်သော အချိန်တွင် မာလာဆွေက မကိုင်ပဲ ခင်ပွန်းဖြစ်သူ ကိုမြတ်သူက ဖုံးကိုင်လိုက်လေ၏။ ဆရာလည်း ချက်ချင်းဆိုသလို ဖုံးချပစ်လိုက်လေ၏။ ထိုကဲ့သို့ သုံးလေးခါ ဖြစ်လာသောအခါတွင် မာလာဆွေ အပေါ်၌ ကိုမြတ်သူက အထင်လွဲသွားလေတော့၏။ တစ်နေ့တွင် ဖုံးဆက်၍ လုံးဝ မရသောကြောင့် မာလာဆွေ၏ နေအိမ်သို့ လာကြည့်မိ၏။ ဆရာ သိဒ္ဓိကျော်ကို ကိုမြတ်သူက မြင်ဖူးသွားလေတော့၏။

နောက်တစ်နေ့တွင် မာလာဆွေ၏ ခင်ပွန်းဖြစ်သူ ကိုမြတ်သူက သူ၏ လူမိုက်တပည့်များအား ခေါ်ယူတွေ့ဆုံကာ ဦးသိဒ္ဓိကျော် အကြောင်းကို ပြောဆို၍ အသက်ကတော့ နည်းနည်းကြီးနေတယ်။ ငါ့မိန်းမ မာလာဆွေနဲ့ လုံးဝ မပါတ်သက်နဲ့လို့ ပြောလိုက်။ အရင်တုန်းက ဘာဖြစ်ခဲ့ဖြစ်ခဲ့ အခု လုံးဝ မပါတ်သက်နဲ့လို့ အေးအေးဆေးဆေး ရှင်းပြလိုက်ပါဟု ပြောဆိုကာ လွှတ်လိုက်လေ၏။

ထိုနေ့တွင်ပင် ကိုမြတ်သူ၏ တပည့်လူမိုက်များသည် ဆရာဦးသိဒ္ဓိကျော်အား သွား၍ ရှာကြလေ၏။ တွေကသောအခါ တဏှာရူးကြီး၊ အသက်ကြီးပြီး အချိန်မစီးတဲ့ လူ၊ အသက်ကြီးမှ အချစ်ရူးကြီး စသည်ဖြင့် ပြောဆို ရန်စကြလေ၏။ ဦးသိဒ္ဓိကျော်ကလည်း ဒီမှာ ဟေ့ကောင်တွေ အချစ်ရူးတယ်ကွာ ။ ဘာဖြစ်လဲ။ ငါ့ကို အသေသတ်ရင် သတ်ပစ်လိုက်။ ဒါပေမယ့် ငါ့နှလုံးသားကတော့ မာလာဆွေကို ဘယ်တော့မှ ထုပ်မပစ်ဘူးကွ။ ငါ့ကို အသေသတ်သွားရင်လည်း ငါ့ ၀ိညာဏ်က မာလာဆွေ ထံပါးမှာ လိပ်ပြာလေးလို တ၀ဲဝဲလည်လည် လုပ်နေဦးမှာ၏ သတ်ချင်ရင် အသေသာ သတ်ပစ်လိုက်။ ဓားနဲ့ ထိုးမယ်ဆိုရင်လည်း ဟောဒီ ငါ့ရင်ဘတ် နှလုံးသားတည့်တည့်ကိုသာ ထိုးပစ်လိုက်ဟု ပြောဆိုကာ သူ၏ ရင်ကို ကော့ပေးလေတော့၏။

ကိုမြတ်သူတပည့် လူမိုက်များသည် ဦးသိဒ္ဓိကျော်အား အစပထမတွင် လက်သီးဖြင့် ထိုးကြိတ်ကြ၏။ တစ်ချက်ထိုးတိုင်း ထိုးတိုင်း ဦးသိဒ္ဓိကျော်က ငါက အချစ် သူရဲကောင်းကြီးကွဟု အော်လေ၏။ နောက်ဆုံးတွင် လူမိုက်များ၏ ဒေါသကို ပိုမို၍ စွပေးသကဲ့သို့ ဖြစ်လေရာ လူမိုက်များအနက်မှ တစ်ဦးက စိတ်မထိမ်းနိုင်ဘဲ ဦးသိဒ္ဓိကျော်အား ခါးကြားမှ ဓားမြောင်ဖြ့် ထုပ်ကာ ထိုးလေတော့၏။ ဦးသိဒ္ဓိကျော်၏ ရင်ဘတ်မှ သွေးများ ဒလဟော စီးကျလာလေတော့၏။ အကျီတစ်ထည်လုံးတွင်လည်း သွေးများဖြင့် နီရဲနေ၏။ ဦးသိဒ္ဓိကျော်လည်း ဒဏ်ရာ ရထားသော ရင်ဘတ်ကို လက်ဝါးဖြင့် ပိတ်ကာ ဒယီးဒယိုင်ဖြင့် လမ်းလျှောက်ရင် အိမ်ပြန်လာခဲ့၏။

အိမ်ရောက်သောအခါတွင် မိမိ၏ ရင်ဘတ်မှ ဒဏ်ရာကို မိမိကိုယ်တိုင် ဆေးထည့်၍ ပတ်တီးစီးလေ၏။ ထို့နောက် အနာရှိန်ကြောင့် အဖျားတက်လာလေတော့၏။ ဖုန်းနားသို့ ကြိုးစားတိုးကပ်သွားရင်း မာလာဝေထံသို့ ဖုန်းဆက် စကားပြောရန် ကြိုးစားလေ၏။ သို့သော် ဖုန်းခေါ်၍ မရသောကြောင့် ရရှိထားသော ဒဏ်ရာကြီးနှင့်ပင် ဒယီးဒယိုင် လမ်းလျှောက်ကာ မာလာဆွေတို့ အိမ်သို့ လမ်းလျောက်သွားလေတော့၏။ ထိုအချိန်တွင် မာလာဆွေသည် အိမ်အပေါ်ထပ် ဘုရားခန်းတွင် ဘုရားဝတ်ပြုနေချိန် ဖြစ်၏။ အပြင်ဘက်တွင် မိုးသည် သဲသဲမဲမဲ ရွာသွန်းနေ၏။ ဦးသိဒ္ဓိကျော်လည်း မိုးရွာကြီးထဲတွင် မာလာဆွေ အိမ်သို့ ဒယီးဒယိုင် လှမ်းလာနေလေ၏။

မာလာဆွေတို့ အိမ်ရှေ့ သံတခါးအနီးသို့ ရောက်သောအခါတွင် ဦးသိဒ္ဓိကျော်သည် လုံးဝ မိမိကိုယ်ကို မိမိ မဟန်နိုင်တော့ဘဲ သံတံခါး လှုပ်ရမ်းရင်း မာလာဆွေဟု အော်ကာ လဲကျသွားရင်း အသက်ပျောက်သွားလေ တော့၏။ ဘုရားဝတ်တက်နေသော မာလာဆွေသည် ဦးသိဒ္ဓိကျော်၏ အော်သံသဲ့သဲ့ကို ကြားလိုက်မိသလို ဖြစ်သောကြောင့် အိမ်အောက်ထပ်ကို ဆင်းလာကာ တံခါးပေါက်မှ ထွက်ကြည့်မည်ဟု စိတ်ကူးဖြင့် အပြေးဆင်းလာခဲ့လေတော့၏။ ထိုအချိန်တွင် မာလာဆွေတို့ အိမ်တံခါးကြီးသည် လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခိုက်လိုက်လေသောကြောင့် ၀ုန်း ခနဲမည်ကာ ပိတ်သွားလေတော့သတည်း...........။

တကယ်တော့ ကျွန်တော်ဒီနေ့ တင်ပြပေးချင်တဲ့ အကြောင်းအရာက သတ်သတ် ရှိပါသေးတယ်။ အိမ် အကြောင်း ပါ။ အိမ်မှာ ဘာတွေ ဆောင်သင့်တယ် ၊ ဘာတွေ ရှောင်သင့်တယ်ဆိုတာကို ပြောပြချင်တာပါ။ သိပ်တော့ မများပါဘူး။ ဒီနည်းနည်းလေးကိုပဲ မိမိနေအိမ်မှာ ဆောင်လိုက် ရှောင်လိုက်ရင်ကိုပဲ အရမ်းကို ထူးခြားစွာ ပြောင်းလဲ သွားပါလိမ့်မယ်လို့ ပြောလိုက်ပါရစေ....။

နေအိမ် (သို့မဟုတ်) အဓိကလာဘ်နေရာ

အလုပ်နေရာ၊ အခန်း ဆိုင်အစရှိတဲ့ နေရာထက် ကိုယ်နေတဲ့ အိမ်က ပိုပြီးအဓိက ကျပါတယ်။ နေအိမ် ၊ အခန်းတို့မှာ လာဘ်ပွင့်အောင် စနစ်တကျထားသိုရင် ငွေကြေးအခွင့်အရေးနှင့်တကွ ကံကောင်းခြင်း အဖြာဖြာဟာ အိမ်တံခါးကနေ ကိုယ့်ထံရောက်လာမယ်လို့ ဆိုရိုးရှိပါတယ်။

နေအိမ်နှင့် ပတ်သက်တဲ့ အယူအဆ ၊ အတွေးအခေါ်တွေကို စုစည်းပြီး တင်ပြပါ့မယ်။ အိမ်တံခါးဝ (Main Door) ရဲ့ ပတ်ဝန်းကျင်မှာ သန့်ရှင်းအောင်ထားပါ။ ပစ္စည်းအဟောင်း၊ ဖိနပ်အဟောင်းများ စုပုံမနေပါစေနှင့်။ အိမ်အတက်အဆင်း လှေကားပေါ်မှာ ဝါးလုံး၊ ဝါးခြမ်းတွေထောင်မထားကောင်းပါ။ အိမ်ရှေ့တံစက်မြိတ်မှာ သားစိမ်း၊ ငါးစိမ်း မလှမ်းကောင်းပါ။ လာဘ်ပိတ်တတ်ပါသည်။

အိမ်တံခါးတွေနှင့်ပတ်သက်ပြီး ပြောပြရရင်တော့ အိမ်မှာသုံးတဲ့ တံခါးမကြီးက အကြီးဆုံးဖြစ်ရပါမယ်။ ရေချိုးခန်း စတိုခန်း ၊ အိပ်ခန်း၊ အိမ်သာတံခါးရွက်တွေက အိမ်အဝင် တံခါးမကြီးထက် ကြီးနေရင်အိမ်ရှင်ကို ထိခိုက်စေတတ်ပါတယ်။ ပုံမှန်တံခါးသာ ထားပါ။ ကြီးနေရင် ပြင်လိုက်ပါ။ ပြင်ဖို့ခက်ခဲနေရင် ပုံမှန်ထက်ကြီးနေတဲ့ တံခါးတွေရဲ့ မျက်နှာချင်းဆိုင်မှာ မှန်တစ်ချပ် ထောင်ထားပါ။ အညံ့ကင်းလွတ်စေပါတယ်။ အိမ်မှာရှိတဲ့ ခြေကျော် တံခါးတွေက အတွင်းကို တွန်းဖွင့်တဲ့ တံခါးတွေပဲဖြစ်ရမယ် ။ အဓိက အိမ်မကြီးတံခါးက အိမ်အပြင်ဘက်ကိုဖွင့်ရင် အိမ်မှာ လာဘ်ပိတ်ပြီး ငွေဘယ်လောက် ဝင်စေ၊ မမြဲသည့်အပြင် လုပ်သမျှခက်ခဲပြီး အခွင့်ကောင်းများ လက်ဝယ်ရောက်ပြီးမှ ဆုံးရှုံးတတ်ပါတယ်။

တံခါးတွေ ကျိုးပဲ့နေ၊ ပျက်စီးနေရင် ချက်ချင်းအရေးတကြီး ပြင်ဆင်ပါ။ လာဘ်ပိတ်၊ ငွေကုန်ရုံသာမက တစ်အိမ်လုံးကျန်းမာရေး ထိခိုက်တတ်တယ်။ အဓိက မျက်စိဒုက္ခပေးတတ်ပါတယ်။ အိမ်ရှေ့တံခါးပေါက်က သူတစ်ပါးအိမ် အဆောက်အဦး တစ်ခုခုရဲ့ ထောင့်စွန်းနဲ့ မျက်နှာချင်းဆိုင်ဖြစ်နေရင် ကိုယ့် တံခါးဝမှာ မှန်တစ်ချပ် တပ်ဆင်ချိတ်ဆွဲထားပါ။

ပြတင်းပေါက်တွေနဲ့ ပတ်သက်လို့ တင်ပြရင် ပြတင်းပေါက်တွေက အလွန်ကျယ်နေရလျှင် သားသမီးတွေက ဒုက္ခပေးခြင်း၊ လာဘ်လာဘ၊ ငွေကြေးပျက်ပြား ပျက်ကွက်မမြဲသည့်အပြင် အလုပ်သွား၊ အဖော်မမြဲတတ်ပါ။ ထို့ကြောင့် ကျယ်လွန်းသောပြတင်းပေါက်များအထက် ကြေးဘောင်တွင် လေတိုက်ကာ လှုပ်သော ကြေဆည်းလည်း၊ ကြေးပြွန်များ ချိတ်ဆွဲထားခြင်းဖြင့် အညံ့ကို လွတ်မြောက်စေပါလိမ့်မည်။

ဘေးစလိုက်ထိုး ပြတင်းပေါက် ၊ ကျဉ်းလွန်းတဲ့ ပြတင်းပေါက် အတွင်းကိုဖွင့်ရတဲ့ ပြတင်းပေါက်တွေဟာ အိမ်ရှင်နှင့် နေထိုင်သူကို ခိုက်စေပါတယ်။ အပြင်ကိုဖွင့်တဲ့ တံခါးရွက်ပါတဲ့ ပြတင်းပေါက်တွေ အမြဲပိတ်မထားပါနှင့်။ ခဏခဏ ဖွင့်ထားပါ။

ထမင်းချက်သော မီဖိုမှာထမင်းချက်သောအခါ မီးဖိုခန်းကိုဝင်တဲ့တံခါးကို ကျောခိုင်းပြီးထမင်းမချက်ပါနှင့်။ လာဘ်ပိတ်၊ ကံနိမ့်ပြီးလုပ်သလောက် အဆင်မပြေပါ။ ပြဿနာပေါင်းစုံ အိမ်မှာမကြာခဏ ဖြစ်တယ်။ ချက်ပြုတ်ဖို့ နေရာပြောင်းပါ။ ပြောင်းမရပါက မီးဖိုခန်းအဝင် အထက်တစ်နေရာမှာ ဝါးပလွေတစ်ချောင်းချိတ်ထားလိုက်ပါ။ အညံ့ကင်းပါလိမ့်မည်။ အိမ်အရှေ့မှာ ထမင်းမချက်ပါနှင့်။ စီးပွားခိုက်တတ်ပါတယ်။ ရေချိုးခန်း၊ အိမ်သာထဲမှာ မှန်ချိတ်ထားပါ။ လာဘ်ပွင့်ပါလိမ့်မည်။

ပန်းရောင် ၊ ခရမ်းရောင်၊ အစိမ်းနုရောင် ၊ အပြာနုရောင် အရောင်လေးမျိုးဟာ အိမ်ကျက်သရေတိုးပြီး အိမ်ရှိလူကုန်ကံတက်စေတဲ့ အရောင်အဖြစ် နံရံ၊ ခန်းဆီး၊ ကုလားထိုင်၊ အဖုံးအအုပ်များအဖြစ် သုံးကြပါတယ်။ ကဲ……ဒီတော့ ကိုယ်နေတဲ့အိမ်၊ အခန်းမှာ လာဘ်ပွင့်မှုများ အခြေခံဖြစ်စေတဲ့ အကြောင်းအချို့ တင်ပြလိုက်ပါ တယ်။