အခုတလော ထိုင်းရုပ်သံသတင်းတွေမှာ နာမည်ကျော်ကြားနေသော မြန်မာနိုင်ငံမှ အကြားအမြင်ဆရာမ အီတီ

အခုတလော ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိနေကြတဲ့ ထိုင်းလူမျိုးတွေက မြန်မာနိုင်ငံက အကြားအမြင် ဆရာမ အကြောင်းကို တော်တော်လေး ပြောဆိုနေကြပါတယ်။ အရမ်း မှန်ကန်ကြောင်း တွေပါ။ ကောင်းသ တင်းတွေ ပြောပြကြတာပါ။ နောက်ပြီး မြန်မာပြည်က ဗေဒင်ပညာက အရမ်း ထိရောက်တယ် ၊ ကောင်းတယ်၊ စစ်မှန် တယ်လို့လည်း ပြောကြပါတယ်။ ထိုင်းနိုင်ငံက စစ်ဘက်၊ အရပ်ဘက် ထိပ်သီး ပိုင်းတွေတောင် မြန်မာပြည်မှာ ဗေဒင်သွားမေးကြတယ်လို့လဲ ပြောကြတယ်။ နောက်ပြီး ထိုင်းရုပ်သံ ဌာနကလည်း ဒီအကြောင်းကို မကြာခန ဆိုသလို ထုပ်လွင့်ပြသ နေတာကိုလည်း တွေ့ရတယ်။ ဒီမနက်မှ အင်တာနက်မှာ ရှာကြည့်ပြီး တွေ့ရသလောက် လေ့လာမိပါတယ်။ ဆရာမအကြောင်းကို အသေးစိတ် ရေးထားတဲ့ ဃဃနန ရေးသားထားတဲ့ အကြောင်းအရာတွေကိုတော့ သိတ်မတွေ့မိဘူး။ အရမ်း စိတ်ဝင်စားမိပါတယ်။ ဒါကြောင့် ဆရာမ အီးတီနှင့် ပါတ်သက်ပြီး ကိုယ်တွေ့ သိရှိသူများ ကော်မန့်မှာ ကျေးဇူးပြုပြီး ရေးသားထားခဲ့စေလိုပါတယ်။





ဒီအောက်က အကြောင်းအရာ ရေးသားချက်ကတော့ ဧရာဝတီဘလော့က ရေးသားထားချက်ပါ။

ET လို့ ထင်ရှားတဲ့ ဒေါ်ဆွေဆွေဝင်းဟာ အသက် ၅၀ ကျော်စ ပြုလာပါပြီ။

သူဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက မြန်မာပြည်မှာ လူသိများလာသူ ဖြစ်ပါတယ်။
သူနာမည်ထွက်စမှာ ပေါ်ပေါက်လာတဲ့ ကမ္ဘာကျော်ရုပ်ရှင် ဂြိုလ်သား ET ဇာတ်ကားထဲက ဇာတ်ကောင်နဲ့ ဆင်တူတဲ့ အတွက် သူ့နာမည်က ET ဖြစ်သွားတာပါပဲ။ မြန်မာပြည် ET ရဲ့ ဟောပြောချက်တွေ မှန်ကန်တယ်လို့ အများက ပြောဆိုကြတာ ကြားဖူးကြမှာပါ။

နောက်ပိုင်းမှာတော့ သူ့ရဲ့ အကြားအမြင် သတင်းက ပြည်ပကိုပါ ရောက်သွားပါတယ်။ သူ့ဆီကို အရောက်များတဲ့ နိုင်ငံခြား သားတွေဟာ ထိုင်းနိုင်ငံက အများဆုံး ဖြစ်မှာပါ။ အစောပိုင်း သတင်းတွေအရ အဲဒီထဲမှာ ထိုင်းနိုင်ငံက စစ်ဘက်၊ အရပ်ဘက် ထိပ်သီးပိုင်းတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

ဒီအောက်က ရေးသားချက်ကတော့ ဆရာတေးအေးရိပ် ဘလော့က ဆရာရေးသားထားတဲ့ မူရင်းအ တိုင်း ဖော်ပြပေးထားခြင်း ဖြစ်ပါတယ်။

အီးတီဟာ ခိုကိုးရာမဲ့ ကလေးငယ်များ ၊ ပရဟိတ မိဘမဲ့ကလေးများကို နှစ်စဉ်နှစ်တိုင်း အလှူဒါန ပြုလေ့ ရှိပါ တယ်လို့ ကြားဖူးပါတယ်။ သူ့ ရည်မှန်းချက် ဖြစ်တဲ့ ပုသိမ်မြို့ ပရိယတ္တိ စာသင်တိုက်မှာ တိုးချဲ့ တန်ဆောင်းကြီး၊ သိမ်တော်ကြီး နဲ့  သုံးထပ်ကျောင်းဆောင် တွေကို ကိုယ်တိုင်မ,တည်ပြီးတော့ အများကုသိုလ် ပါဝင်နိုင်အောင် ပံ့ပိုး လှုံ့ ဆော် တည်ဆောက်ခဲ့ပါတယ်။ ထေရ၀ါဒ တစ်ထပ်ဆောင်ကိုလည်း လှူဒါန်းခဲ့ပါတယ်။

ပုသိမ်မြို့ မြောင်းမြစာသင်တိုက်၊ တိုက်ကြီးကျောင်းစာသင်တိုက်မှ ဆရာတော် ၃ပါးကို ဗုဒ္ဓဂယာခရီး ပို့ ဆောင်ခဲ့ပါတယ်။ မြောင်းမြစာသင်တိုက်က ဓမ္မာစရိယ ပါဠိပါရဂူဘွဲ့ ရ ဆရာတော်တစ်ပါးကိုလည်း မလေးရှား နဲ့  စင်္ကာပူ နိုင်ငံ ပို့ ပြီး အသံတိမ်ရောဂါကို ပျောက်ကင်းအောင် ဆေးကုသစေခဲ့ပါတယ်။

အီးတီဟာ သာမန်လူနဲ့မတူတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားတဲ့သူ တစ်ဦးပါ။ နားအကြားအာရုံကြော အားနည်းပြီးတော့ လေသံမျှလောက်သာ ပြောနိုင်ပါတယ်။

ရည်မှန်းချက်
လူသား အားလုံး စိတ်နှလုံးလှလှ နဲ့  သာသနာပြု လုပ်ငန်း ၀၀ကြီး လုပ်ဆောင်ပြီး လူသား အချင်းချင်း ရိုင်းပင်းစေချင်၊ တတ်နိုင်သရွေ့  ရှေ့ ဆောင်လမ်းညွန် ဆရာကောင်း တစ်ဆူဖြစ်အောင် စွမ်းအားပြည့် နှင့် ပံ့ပိုး ချင်ပါတယ်။

အီးတီ (ဒေါ်ဆွေဆွေဝင်း)

အီးတီရဲ့ ဟောပြောနည်းကတော့ မေးလာသူရဲ့ အိတ်ကပ်ထဲက ပိုက်ဆံ ဘယ်လောက်ပါတယ်။ တစ်ဆက်တည်းမှာပဲ အဲဒီ ငွေစက္ကူရဲ့နံပါတ်ကို စာရွတ်လွတ်ပေါ်မှာ ရေးလေ့ရှိပါတယ်။ မယုံရင် တိုက်ကြည့်လိုက်ပါ။ အံ့သြ ဖွယ်ကောင်းလောက်အောင် အတိအကျ တူနေပါစေ့မယ်။ တစ်ခါမိသားစု ဆွေမျိုးထဲက အမည်မှန်သမျှကို သိနေရပါစေ့မယ်။ ပြောပြစရာမလိုဘဲ သူကပဲ စာရွတ်ပေါ်မှာ အမည်တွေနဲ့ တော်စပ်ပုံတွေကို ရေးပြတတ်ပါတယ်။ အီးတီဟာ သင်္ကန်းကျွန်း ရတနာသီရိအိမ်ရာမှာ နေထိုင်ပါတယ်။


ဒီအောက်မှာတော့ YOUTUBE မှာတွေ့ရတဲ့ ရုပ်သံမှတ်တမ်းတွေပါ။

















ဒီအောက်ဆုံး ဗွီဒီယိုမှတ်တမ်းကတော့ ဒီပို့နဲ့ မပတ်သက်ပါဘူး။ ထိုင်းနိုင်ငံက နာမည်ကျော် ဆရာတစ်ဦးရဲ့ မှတ်တမ်းဖြစ်ပါတယ်။ အဲဒီ ဆရာကလည်း ထိုင်းမှာ အရမ်း နာမည်ကျော်ကြားလှပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရိုးရာ အင်းစမတွေကို တက်တူးထိုးသလို ထိုးပေးတာ ဖြစ်ပါတယ်။ ပွဲတော်ရက်ဆိုရင် ရုပ်သံဌာနတွေက တိုက်ရိုက် ထုပ်လွင့်ပေးပါတယ်။ ကြည့်ရတာ အရမ်း ထူးဆန်းတာတွေကို မြင်တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဂမ္ဘီရပညာရပ်တွေကို လေ့လာခွင့် ရလို့ ထိုင်းကို ရောက်နေတာတောင် ၀မ်းသာရမလိုပါပဲ။ ထိုင်းဘာသာစကား ကျွမ်းကျင်နှံ့စပ်တဲ့ သူတွေကို အကူအညီတောင်းပြီး ထိုင်းနိုင်ငံက ဂမ္ဘီရပညာရပ်တွေကို စိတ်ဝင်တစား လေ့လာ ဘာသာပြန်နေပါတယ်။ အဆင်ပြေ ချောမွေ့မယ်ဆိုရင်တော့ အားလုံးအတွက် ဗဟုသုတ အနေနဲ့ရော ၊ ပညာရပ် တစ်ခုအနေနဲ့ပါ ထိုင်းနိုင်ငံမှ ဂမ္ဘီရပညာရပ်များ ဆိုပြီး ဒီဘလော့မှာ တင်ပေးဖို့ မျှဝေပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ယုံကြည်သူနဲ့ မယုံကြည်သူ ဆိုတဲ့ အစွန်းနှစ်ဖက်ကြားမှာ စိတ်ဝင်စားစရာ ပညာရပ်တစ်ခုအနေနှင့် ဆက်လက်လေ့လာ အားထုပ်နေဖြစ်ဦးမှာပါပဲ။

အားလုံးကိုခင်မင်လေးစားစွာဖြင့်
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

3 comments:

Anonymous said...

ET ဆရာမ မှန်တာကတော့ ကိုယ်တွေ့ပါဘဲ .. ဆရာမဆီမှာ ၃ ခါ မေးဖူးပါတယ် . အင်ဂလန်နိုင်ငံဆိုတာ ကြားယုံဘဲကြားဖူပီး အိမ်မက်ထဲတောင်မမက်ဖူးတာ ဆရာမက အင်ဂလန်မှာ ပညာသင်ရမယ်လို့ဟောခဲတာ .. ၂နှစ်ကြာတဲ့အခါ တကယ်ဘဲ အင်ဂလန်ကို ပညာသင်ဖို့ရောက်ခဲ့ပါတယ်
ဖူစာရှင်နာမယ်ကိုလဲ တလုံးမှ မလွဲအောင်ဟောပီး ဖူစာရှင်အစစ်လို့ပြောခဲ့တာ တကယ်ဘဲ အခက်ခဲတွေအမျိုးမျိုးကြားက အဲဒီလူနဲ့ဘဲ မင်ဂလာဆောင်ဖြစ်ပါတယ်
ကျန်တာတွေလဲ ၉၀ ရာနှန်းမှန်ပါတယ် ..
တခုရှိတာကတော့ ဆရာမက ဗေဒင်ဘဲဟောပီး ယတယာ သိပ်မပေးပါဘူး
ယတယာကတော့ ဆရာကြီး မင်းသိင်္ခလောက် ဘယ်သူမှ မတော်ဘူလို့ထင်ပါတယ်

Aye Nyein said...

သေချာ သိတာတော့ အများ ကြီးပါ ကိုယ်တိုင် သိမဟုတ်ပေမဲ့ စိတ်ဝင်စားစရာအကောင်းဆုံးလို့ထင်တာကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်စင့် နာမည် မကြီးခင်က အီးတီကို သွားမေးဘူးတယ် အီးတီက အတက်ရောအကျပါ ဟောခဲ့တယ် လို့ ပြောတာဘဲ

Anonymous said...

ဆရာမ အီးတီကို တွေ့ဖို့ အကြိမ်များစွာ ကြိုးစာ့းခဲပါတယ်။ သုံးကြိမ်တိုင်တိုင် အကြောင်းအမျိုးမျိုးကြော့င်လွဲ့ခဲပါတယ်။ ဦးလေးတော်စပ်သူပြောပြချက်အရ ၄င်းမှ ဆရာမ အီးတီအားတွေ့ဆုံစဉ် ပိုက်ဆံအိတ်မှာ ကားထဲကျန့်ခဲစဉ် ဆရာမ မှ ၄င်းဝတ်ထားသော နာရီဧ။် အောက်ခံမှာ serial နံပါတ်အား ဖော်ပြ့ခဲ ကြောင့်း အံသြဖွယ် ကြားဖူးပါသည်။ အခွ့င်ရှိပါက နောက်တစ်ကြိမ်တွေ့ခွ့င်ရရန် ကြိုးစားပါဦးမည်။

Post a Comment