မဟာဘုတ်ဗေဒင်ပညာလာ ကျောက်မျက်ရတနာအဆောင်

ကျွန်တော် အရင်တုန်းက မဟာဘုတ်ဗေဒင်ပညာအကြောင်း ပို့လေးတွေ တင်ပေးထားခဲ့ဘူးပါတယ်။ ဗေဒင်အချုတ် မဟာဘုတ် တွက်နည်း ကိုလည်း တင်ပေးထားတယ်။ နိုင်ငံတကာက ဘယ်နည်းတွေ ဘယ်လောက်ပဲ ကောင်းကောင်း မြန်မာနိုင်ငံက နာမည်ကျော် ဗေဒင်ပညာရှင် ဆရာကြီးတွေ တော်တော်များများဟာ ဒီမဟာဘုတ်ဆိုတဲ့ ဗေဒင်ပညာရပ်လေးကို ဘယ်ဆရာကြီးတွေကမှ လက်မလွှတ်ခဲ့ ကြပါဘူး။ အဲဒါဟာ ဒီမဟာဘုတ် ဗေဒင်ပညာရဲ့ လျှို့ဝှက်ချက်တစ်ခုပါ။ ဆိုလိုတာကတော့ ကောင်းလို့ လက်မလွတ်ကြတာပေါ့။ မကောင်းရင် ပျောက်ကွယ်သွားတာ ကြာပြီထင်ပါတယ်။

ကျွန်တော်တို့တွေက ဘာတွေကောင်းတယ်။ ဘယ်လောက်ကောင်းတယ်။ ဘာတွေ အသုံးပြုလို့ ရတယ်။ ဘယ်လောက်ထိ တွင်ကြယ်တယ်ဆိုတာတွေကို နက်နက်နဲနဲ သိအောင် လေ့လာဆည်းပူးဖို့ပဲ လိုပါတယ်။ ဟင်းကောင်းတစ်ခွက်ကို မြည်းကြည့်ရုံနဲ့တောင် ကောင်းမှန်းသိရင် တော်တော်များများလေး စားသုံးကြည့်လိုက် ရင် ဘယ်လောက် ကောင်းမှန်း အရသာရှိမှန်း သိလိုက်မလဲ။ အဲဒီလိုပါပဲ။

ကျွန်တော်တို့ နောက်ပေါက်ဗေဒင်ဆရာတွေကို မဟာဘုတ်ဗေဒင်ပညာကို မီးမောင်းထိုးပြခဲ့တဲ့ ဆရာကြီးတွေ ရှိတဲ့ကြားထဲက ဆရာသခင်အဘမင်းသိင်္ခ မဟာဘုတ်ဦးကြာမြင့်တို့ ဆရာဦးမောင်မောင်ကြည်တို့ ဆရာကြီးဒဂုန်တို့တွေက ကျွန်တော်တို့ကို နည်းပေးလမ်းပြပေးခဲ့ကြတယ်။ ကျွန်တော်တို့က ဆက်လက် လေ့လာဖို့ သင်ယူဖို့ပဲ ရှိပါတယ်။ မဟာဘုတ်ဗေဒင်ပညာနှင့် ပါတ်သက်ပြီး ဆရာကြီးဒေါက်တာဒဂုန် ရေးသားတဲ့ မြန်မာရိုးရာမဟာဘုတ်ဗေဒင်ပညာ စာအုပ်တွေကို လေ့လာကြည့်လိုက်တဲ့ အခါကြမှ မဟာဘုတ်ဗေဒင်ပညာရဲ့ ကျယ်ဝန်းပုံ နက်ရှိုင်းပုံတွေကို အံ့မခန်းတွေ့ရတာပါပဲ။
အခု ကျွန်တော်ရေးမှာက မဟာဘုတ်ဗေဒင်ပညာမှာလာတဲ့ ကျောက်မျက်ရတနာ အဆောင်အကြောင်းပါ။ လူသားတိုင်း လူသားတိုင်းဟာ ကျောက်မျက်ရတနာကို အဆောင်အဖြစ် ဆောင်လိုကြပါတယ်။ အဲဒီတော့ မဟာဘုတ်ဗေဒင်ပညာနဲ့ တွက်ချက်ပြီး အဆောင်ပေးတဲ့ နည်းပါ။ လူတိုင်းလဲ တွက်လို့ရတဲ့ နည်းပါ။ လွယ်ပါတယ်။ အရင်ဆုံးမိတ်ဆွေက မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇)နှင့် စားကြည့်လိုက်ပါ။ ဘယ်လောက်ကြွင်း လဲဆိုပြီး အောက်မှာ ကြည့်လိုက်ပါ။ မဟာဘုတ် (၁)ကြွင်းကနေ (၇) ကြွင်းအထိ ရေးပြထားပါတယ်။ အောက်မှာ ကြည်ကြည့်လိုက်ပါ။

ကိုယ့်မဟာဘုတ် ဘာကြွင်းလဲဆိုတာကို သိပြီဆိုရင် ကျွန်တော်တို့ ဆက်လက် လေ့လာကြည့်ရအောင်နော်။ ကိုယ့်ရဲ့ မဟာဘုတ်ခွင်တွေမှာ ဘယ်ဂြိုဟ်တွေက အားကောင်းသလဲပေါ့။ အကြမ်းဖျင်း နားလည်ထားရမှာက အပေါ်က အထွန်းရယ်၊ သိုက်ရယ်၊ ရာဇရယ်၊ အဓိပတိရယ်က ကောင်းတယ်ပေါ့။ အောက်က ပုတိရယ်၊ ဘင်္ဂရယ်၊ မရဏရယ်က မကောင်းဘူးပေါ့။ ဒါက အကြမ်းဖျင်းပါ။


အဲဒီနောက်မှာ ထပ်သိစေချင်တာက ဂဏန်းနဲ့ ၇တနာပေါ့။ ဒါကြောင့် အောက်မှာ ၇တနာတွေနဲ့ စိုးမိုးဂြိုဟ်ကို ထပ်လေ့လာကြည့်လိုက်ပါ။ ဒါမှသာ ၇တနာတွေထဲမှာ ဘယ်ရတနာတွေ ကောင်းတယ်။ မကောင်းဘူးဆိုတာကို ကိုယ်သိရမှာပေါ့နော။

တနင်္ဂနြွေ၈ိုဟ်(၁)ဂဏန်း- ရွှေ ၊ စိန်
တနင်္လြာ၈ိုဟ်(၂)ဂဏန်း- ပုလဲ ၊ ငွေ
အင်္ဂြါ၈ိုဟ်(၃)ဂဏန်း- ပတ္တမြား၊ ကျောက်နီ
ဗုဒ္ဓဟူးဂြိုဟ်(၄)ဂဏန်း-မြ
ကြာသပတေးဂြိုဟ်(၅)ဂဏန်း-နီလာ
သောကြာဂြိုဟ်(၆)ဂဏန်း-ပုလဲဖြူ
စနေဂြိုဟ်(၀)ဂဏန်း-မဟူရာ။

ဟုတ်ပြီနော်။ ဒီလောက်ဆိုရင် ကျွန်တော်တို့တွေ ကိုယ့်ရဲ့ မဟာဘုတ်ကို တွက်ပြီး ဘယ်ဂြိုဟ်တွေက ကောင်းတယ် ။ ဘယ်ဂြိုဟ်တွေက မကောင်းဘူးဆိုတာကို သိရပြီပေါ့။ သိပြီဆိုရင် ကောင်းတဲ့ဂြိုဟ်က ၇တနာတွေက ဆောင်ပေါ့။ မကောင်းတဲ့ ဂြိုဟ်ရတနာတွေကို ရှောင်ပေါ့နော။ အခုအောက်မှာ ဆက်လက် သိရဖို့အတွက်ကတော့ ကျွန်တော်တို့တွေက ဘာအတွက် ဒီရနာအဆောင်ကို ဆောင်မှာလဲ။ အလှဆိုရင်တော့ ဘာမှ တွက်စရာမလိုဘူးနော်။ ကိုယ်မျက်လုံးထဲမှာ လှတဲ့ အဆောင်လေးတစ်ခုကို ရွေးချယ်ဆောင်လိုက်ရုံပါပဲ။ အဲဒီလိုမဟုတ်ဘူး။ ကိုယ်က ဘာအတွက်ဆောင်မှာလဲ ဆိုတာကို အရင် စဉ်းစားပြီးမှ အဆောင်ကို ရွေးချယ်ဆောင်တာပါ။ အဲဒါလေးကို ကျွန်တော်က အရမ်းကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီ မှာ ဗေဒင်မေးကြတဲ့ လူတွေက မေးကြတယ်။ ကျွန်တော် ပုလဲဆောင်တာ ဘာကောင်းလဲတဲ့။ နီလာဆောင်ထား တာ ဘာအကျိုးရှိလဲတဲ့။ အဲဒီလို မေးခွန်းတွေကို ကျွန်တော်က ဒီနည်းလေးနဲ့ တွက်ပေးလိုက်တာ။ ဒါကြောင့် ကျွန်တော်က အရမ်းကြိုက်တယ်လို့ ပြောရတာပါ။

ပုတိ ။........။
အရှုပ်အရှင်းအမျိုးမျိုးကို အမြဲတစေ ဖြေရှင်းနေရမယ်။ လုပ်သမျှအပေါ် အားမလိုအားမရ ဖြစ်မယ်။ ကိုယ့်စိတ်ကို ကိုမပိုင် ဆုပ်ကိုင်လို့ မရဖြစ်မယ်။ ကျန်းမာရေး ချို့တဲ့မယ်။ အနာရောဂါများမယ်။ တိတိကျကျ ပြောထားလုပ်ထားတဲ့ ကိစ္စတွေအားလုံး လုပ်လက်စနဲ့ ကျက်စီးကုန်မယ်။ရည်မှန်းထားတာတို့ ဖြစ်မလာတတ်ပါ။ ကပ်စေးနဲ့မယ်။ ဘယ်နေရာမှ မမြဲတတ်ပါ။ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေမယ်။ စိတ်အားငယ်စရာ ကိစ္စများ မကြာခဏ ကြုံတွေ့နေရမယ်။ လုပ်ရကိုင်ရတဲ့ အလုပ်တွေမှာ သတ္တိရှိမယောင်နဲ့ ကြောက်နေမယ်။ အတွက်အချက်တွေ မှားမယ်။ ရည်ရွယ်ချက် ကင်းမဲ့နေမယ်။ စိတ်သောက် ရောက်ပြီးမှ ကိစ္စတစ်ခု အောင်မြင်မယ်။

ဘင်္ဂ။......။
စိတ်နှလုံး ပူပန်ရတတ်တယ်။ ကျန်းမာရေး ချို့တဲ့မယ်။ စီးပွားဥစ္စာ တဖြည်းဖြည်း ပျက်လာတတ်တယ်။ ဥစ္စာဓန မခိုင်မြဲတတ်ပါ။ ထိတ်လန့် စိုးရိမ်နေတတ်တယ်။ ရင်ထဲမှာ မရှင်းမလင်း ဖြစ်နေမယ်။ ခပ်လွယ်လွယ် ကိစ္စလေး တွေအားလုံး ခက်ခဲနေမယ်။ ခပ်လွယ်လွယ် ကိစ္စတွေအားလုံး ခက်ခဲနေမယ်။ စိတ်ထဲ ညိုးမှိုင်းပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေမယ်။ စိတ်နှလုံးကို အစိုးမရ ဖြစ်နေမယ်။ မခိုင်မြဲတဲ့ လုပ်ငန်းတွေကို လုပ်မိမယ်။ ပြီးပြီးသား ပြဿနာတွေ ပြန်ပြီး အစပေါ်နေမယ်။ စိတ်ကို ဆောက်တည်ရာမရ ဖြစ်မယ်။ ခြိမ်းခြောက်ခံရမယ်။ ရန်ပြုခံရမယ်။ ရန်မူတတ်တယ်။


မရဏ။.......။
ဘယ်ဟာကို လုပ်လုပ် အများရဲ့ အဖျက်ခံရမယ်။ ကျန်းမာရေး ချို့တဲ့မယ်။ ချူချာနေမယ်။ ဘေးဥပ္ပါဒ် တစ်စုံတစ်ရာနဲ့ အမြဲတမ်းကြုံတွေ့မယ်။ ထိခိုက်မှု့များမယ်။ ထိခိုက်မှု့များမယ်။ မမျှော်လင့်ထားတဲ့ ထိတ်လန့် ချောက်ချားဖွယ်ရာ အန္တရာယ်တွေကို မကြာခဏ ကြုံတွေ့ရမယ်။ ကိုယ်နဲ့ ပါတ်သက်တဲ့ လူတွေအတွက် စိတ်ညစ်နေရမယ်။ ဘယ်ကိစ္စမဆို အမှားအယွင်းတွေ ရှိပြီး ကိုယ့်ရဲ့ တာဝန်မကင်း ဖြစ်နေမယ်။ ပျက်စီးလွယ်မယ်။ ဖြစ်လိုက်ရင် နလန်မထူနိုင်အောင် ဖြစ်မယ်။ အပူအပင်တစ်ခုက အမြဲတမ်း ကိုယ့်ဘ၀မှာ ၀င်တိုးနေလေ့မယ်။

အထွန်း။.......။
ရန်သူတွေအပေါ် အနိုင်ယူရမယ်။ သြဇာအာဏာရှိမယ်။ ထက်မြက်မယ်။ ထင်ပေါ်ကျော်ကြားမယ်။ ဘယ်ကိစ္စမဆို ထွန်းထွန်းကားကား ဖြစ်အောင် လုပ်နိုင်မယ်။ ဦးဆောင်မှု့ပေးနိုင်မယ်။ တက်ကြွမယ်။ လုပ်ချင်တဲ့ကိစ္စကို မအောင်မြင်မချင်း ဇွဲနဲ့ လုပ်နိုင်စွမ်းရှိတယ်။ အောင်မြင်မှု့ အနှစ်သာရကို ခံစားရမယ်။ ညာဏ်ပညာ ကြီးတယ်။ ရဲစွမ်းသတ္တိရှိတယ်။ ရတဲ့အခွင့်အရေးကို မှန်ကန်စွာ အသုံးပြုတတ်မယ်။ သတ္တိရှိတယ်။ စွန့်စားဝံ့တယ်။ ဘေးဥပ္ပါဒ် အန္တရာယ်ကင်းတယ်။ လုပ်ရဲကိုင်ရဲ လက်ရဲဇက်ရဲ ရှိတယ်။ ကတိတည်တယ်။ အမြဲတမ်း တစ်ခုခုကို လုပ်နေရမှ ကျေနပ်တယ်။ ပျော်ပျော်ပါးပါး အချိန်ကုန်လေ့ရှိမယ်။ အပေါင်းအသင်း ဆံ့တယ်။ မိတ်ဆွေပေါတယ်။

သိုက်။.......။
လုပ်ငန်းကြီးတွေ လုပ်တတ်တယ်။ အကြံကြီး ကြံတတ်တယ်။ ပိုင်မှ လုပ်တတ်မယ်။ တိကျခိုင်မာတဲ့ ရည်မှန်းချက်တွေ ရှမယ်။ အများတကာရဲ့ ကြည်ညိုမှု့ ရိုသေမှု့ ကိုးစားခံရမှု့ အမြော်အမြင်ကြီးမယ်။ အများချီးမြောက်ခံရမယ်။ ဘယ်ကိစ္စမဆို တလေးတစား လုပ်တတ်မယ်။ တည်ကြည်မယ်။ တက်ကြွမယ်။ ရိုးသားတယ်။ ပွင့်လင်းတယ်။ ခေါင်းဆောင်ကောင်း ပီသတယ်။ ချမ်းသာလွယ်တယ်။ အခွင့်အရေး ရလွယ်တယ်။ ကိစ္စတစ်ခု မြန်မြန်ဆန်ဆန် ပြီးတတ်မယ်။ ပြိုင်ဘက်တွေကို ပရိယာယ်ကြွယ်ဝစွာ အနိုင်ယူတတ်တယ်။ စိတ်မှတ်ကြီးတယ်။ စိတ်နှလုံးကောင်းတယ်။ အထင်ကြီးအောင် နေတတ်တယ်။ စကားပြောကောင်းတယ်။ ပတ်ဝန်းကျင်နဲ့ တည့်အောင်နေနိုင်အောင် ကြိုးစားမယ်။

ရာဇ။........။
အခွင့်အရေး ရလွယ်မယ်။ လူကြီးသူမရဲ့ လေးစားခြင်း အားကိုးခြင်းခံရမယ်။ ပြောတဲ့အတိုင်း မဖြစ်မနေ လုပ်ပေးတတ်တယ်။ ကတိတည်တယ်။ တက်ကြွတယ်။ ရိုးသားတယ်။ ပွင့်လင်းတယ်။ ဟန်ပန်မရှိတတ်ပါ။ ပီပြင်တဲ့ လုပ်ရပ်တွေကိုပဲ လုပအ်တတ်မယ်။ ဘယ်ကိစ္စမဆို စိတ်ရောကိုယ်ပါ လုပ်တတ်လို့ အောင်မြင်လွယ်တယ်။ ယုံကြည်ချက်ပျင်းထန်တယ်။ ရာထူးတက်လွယ်တယ်။ နေရာပေးခြင်း ခံရမယ်။ ကိုယ်ကျွမ်းကျင်တဲ့ အတတ်ညာနဲ့ ကောင်းစွာ ထွန်းကားမယ်။ မင်းရဲ့ ချီးမြောက်ခြင်း ခံရမယ်။ တပည့်တပန်းများမယ်။ လက်လွယ်မယ်။ မိတ်ဆွေကောင်း ပေါများမယ်။ ချစ်ခင်သူပေါ့မယ်။။ လုပ်တဲ့ လုပ်ငန်းပေးမှာ စေတနာထားမယ်။

အဓိပတိ။.......။
ပရိသတ်ရဲ့ အးပေးချီးမြောက်ခြင်း ခံရမယ်။ ကျော်ကြားလွယ်တယ်။ အနုပညာလုပ်ငန်းနဲ့ အကျိုးပေးတယ်။ စကားပြောခြင်း အတတ်ပညာနဲ့ ကောင်းစားမယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်မယ်။ စကားပြောကောင်းမယ်။ ဆွဲဆောင်မှု့ ရှိတယ်။ စိတ်ကူးစိတ်သန်းကောင်းမယ်။ ဆုံးဖြတ်ချက် မှန်ကန်တယ်။ ပရိသတ်ရှိတယ်။ သီချင်းဆိုခြင်း ၊ ရုပ်ရှင်ရိုက်ခြင်း၊ အနုပညာလုပ်ခြင်းမှာ ထွန်းကားတယ်။ စိတ်ကူးယဉ်တယ်။။ လုပ်ရဲတယ်။ ၇ထားတဲ့နေရာမှာ အပိုင်လုပ်တတ်တယ်။ ကောင်းစားမယ်။ အောင်မြင်မယ်။အပူအပင်နည်းမယ်။ ပျော်ပျော်ပါးပါး နေတတ်မယ်။ သူများကို အားနာတတ်မယ်။ လုပ်ချင်တဲ့အလုပ်ကို ဇွတ်လုပ်နေမယ်။ ကိစ္စတစ်ခု မပြီးခင် နောက်တစ်ခု လုပ်လေ့ရှိမယ်။

ဟုတ်ပြီနော်။ မဟာဘုတ်အကြွင်း (၇) ခုစလုံးရဲ့ အကျိုးသက်ရောက်မှု့တွေကို ရေးပေးလိုက်ပါတယ်။ အဲဒီတော့ မိတ်ဆွေဟာ ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇)နဲ့ စားလိုက်ပါ။ ပြီးရင် ဘာကြွင်းလဲ။ ပြီးရင် ကိုယ်ဆောင်ချင်တဲ့ ရတနာတွေကို ရွေးချယ်လိုက်လို့ ရပါပြီ။ ပြီးရင် ကိုယ်ဆောင်တဲ့ ရတနာတွေရဲ့ အကျိုးအမြတ်ကိုလည်း တစ်ပါတည်း သိအောင် ကြည့်လို့ရပါပြီ။ မကောင်းဘူးလားဗျာ။ အားလုံးရဲ့ အကျိုးကို ထာဝစဉ်လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနဲ့ မဟာဘုတ်နှင့်အဆောင်ကျောက်မျက်ရတနာ တွက်နည်းလေးကို တင်ပေးလိုက် ရပါတယ်။

အခုတလော ဟောစာတမ်းကိစ္စများနှင့် အလုပ်များနေပါသဖြင့် အွန်လိုင်းတက်ခြင်း ပို့အသစ်တင်ခြင်း အနည်းငယ် နောက်ကျနေသည်ကို အားလုံး နားလည်ပေးနိုင်ကြပါစေလို့ တောင်းပန်းလိုက်ပါတယ်။

ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ- မဟာချိုင်မြို့
sayaheintintzaw@gmail.com
+6687 415 0022



လူနက္ခတ်၊နတ်နက္ခတ်၊ဘီလူးနက္ခတ်

ဒါလေးတော့ သိထားရင် ကောင်းမယ်ပေါ့။ ဘယ်နေရာတွေမှာ အသုံးပြုကြတာလဲ ဆိုတာကိုတော့ ကျွန်တော်လည်း ဃဃနန မသိ။ ဒါကတော့ လူတိုင်း ကြားဖူးကြတယ်။ လူတွေလည်း အပြောများတယ်။ နင် ဘာနက္ခတ်လဲ။ ကွန်မ ချစ်သူက ဘီလူးနက္ခတ် ကျွန်မက လူနက္ခတ်ဆိုတော့။ ဆရာရယ် သမီးကို ကယ်ပါ။ ကျွန်မ သူ့ကိုယူရင် အစားခံရမယ်ထင်တယ်။ ဆရာ ကယ်ပါတဲ့။ သူနဲ့ ကျွန်တော်နဲ့ ယူလို့ သင့်တော်ပါ့မလား ဆရာရယ်၊ နက္ခတ်မကိုက်ဘူးတဲ့။ ဘီလူးက လူကိုသာ စားနိုင်တာ ၊ နတ်ကိုတော့ အသေကြောက်တဲ့။ အိုး..အစုံပါပဲ။

အဲဒီတော့ ကျွန်တော် ဘယ်လို လုပ်ရပါ့။ ဘယ်လို ဟောပေးရပါမလဲ။ တည့်တာ မတည့်တာ။ သင့်တာ မသင့်တာ အသာထား။ ဗေဒင်ဆရာပြောလို့ ကိုယ်အသက်မက ချစ်တဲ့ချစ်သူကို မယူတဲ့ လက်မထပ်တဲ့ သူ တစ်ဦးတစ်ယောက်တောင် မတွေ့ဘူးဘူး။ တကယ်ပါ။ ဗေဒင်ဆရာဖြစ်စတုန်းက စမ်းသတ်ပြီးသွားပြီ။ အိမ်ထောင်မပြုခင် ချစ်သူဘ၀က ကျွန်တော်ဆီကို လာမေးကြတယ်။ မင်္ဂလာဇာတာ လာတိုက်ကြတာလေ။

အဲဒီတော့ ကိုဗေဒင်ဆရာကလည်း ခေါင်းကြီးကို ဗေဒင်တွက်တဲ့ စားပွဲကိုထိမတတ် ငုံ့လို့ပေါ့။ နည်းမျိုးစုံနဲ့ကို တွက်တာ။ ကျမ်းကြီးကျမ်းငယ်တွေနဲ့ကို ဆန်းစစ်ကြည့်တာ။ တိုက်ဆိုင်ကြည့်တာ။ နောက်ဆုံး အဖြေက မကောင်းဘူး။ ယူလို့ မရဘူးပေါ့။ မဖြစ်ဘူးပေါ့။ အဲဒိတော့ ကိုယ်ကလည်း ခေါင်းလေးအသာမော့။ မျက်လုံးက လေး ပေကလပ် ပေကလပ်နဲ့။ အသံလေးကလည်း စိတ်မကောင်းတဲ့ လေသံကလေးနဲ့။ ပြောရမှာ စိတ်မကောင်း ဘူးဗျာ။ ခင်ဗျားတို့ စုံတွဲ ယူလို့ မရဘူး၊ နေ့နံ မသင့်ဘူး။ နက္ခတ် မကိုက်ဘူးလို့ စိတ်မကောင်းတဲ့ လေသံလေးနဲ့ ပြောလိုက်တယ်။ ကိုယ့် စိတ်ထဲတော့ ဒီလို ပြောလိုက်မိတာ မကောင်းဘူးပေါ့။
အဲဒီတော့ သူတို့နှစ်ယောက်ကလည်း မျက်နှာလေးတွေ မကောင်းဖြစ်သွားတယ်။ ပြီးတော့ သူတို့နှစ်ယောက်က လည်း ကျွန်တော်ကို တိုးတိတ်နာကျင်နေသော အသံလေးတွေနဲ့ ကျေးဇူးတင်ပါတယ်ဆရာရယ်။ ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦးလို့ ဆိုပြီး နှုတ်ဆက်ပြန်သွားကြတယ်။ ကျွန်တော်ကတော့ တစ်ယောက်ထဲ စိတ်မကောင်းဖြစ်ပြီး ကျန်ခဲ့တာ။ အော် သူတို့လေးတွေ ငါဟောပေးလိုက်လို့ အပြစ်မရှိတဲ့ ချစ်သူနှစ်ဦး ချစ်သောသူနှင့် ကွေ့ကွင်းရတဲ့ ဒုက္ခကို နှစ်ယောက်အတူ ခံစားရတော့မှာပါလားလို့ တွေးမိရင်း နေ့စဉ်ရက်ဆက် စိတ်မကောင်း ဖြစ်နေတာ။


နောက်တစ်နှစ်လောက်ကြာတော့ သူတို့နှစ်ယောက် ကလေးအမည်ပေး လာတောင်းတယ်။ ကောင်းရော ကိုယ်ကတော့  စိတ်မကောင်း ဖြစ်နေတာ။ သူတို့ကတော့ ကလေးတစ်ယောက်တောင် ရနေပြီ။ အဲဒီလို အဲဒီလို ။ ဒါကြာင့် ပြောတာပေါ့။ ဗေဒင်ဆရာပြောလို့ မယူတဲ့လူ ဘယ်နှစ်ယောက်ရှိလို့လဲ။ မရှိပါဘူး။ မိဘစကားတောင် နားမထောင်တာ။ ဗေဒင်ဆရာပြောစကား နားထောင်ဖို့ ဝေးပါသေးတယ်။ ဟီးဟီး။ အဲဒီကတည်းက ပညာရခဲ့တာ။

ဒါကြောင့် ကျွန်တော်အခုပြောချင်တာက နက္ခတ်အကြောင်း ပြောတော့မယ်နော်။ ဒါပေမယ့် ကျွန်တော် ကြိုပြော ထားချင်တာက အိမ်ထောင်ရေးဇာတာတိုက်ဖို့ မဟုတ်ဘူး။ ချစ်သူနှစ်ဦး ဇာတာတိုက်ဖို့ မဟုတ်ဘူးနော်။ ဒါဆို ဘာလုပ်ဖို့လည်းဆိုရင်။ နက္ခတ်နဲ့ သူ့အကြိုက်။ ကိုယ့်အကြိုက် သိအောင်လုပ်တဲ့နည်း။ ဒီနည်းလေးက လူတွေနဲ့ ဆက်ဆံရေးအတွက်တော့ အရမ်းကောင်းတာ။ ကျွန်တော်တို့ အဘမင်းသိင်္ခ တပည့်တွေတိုင်း သိတယ်။ အသုံးပြုနေကျနည်းလေးပဲ။ ဒီနည်းလေးကို သိလိုက်တာနဲ့ သင်ဟာ သင့်ပတ်ဝန်းကျင် ၊ သင့်မိသားစု အသိုင်းအ၀ိုင်းတွေကြားမှာ အိုကေမှာ စိုပြေသွားစေရမယ်။ အာမခံတယ်။ မကောင်းဘူးလား။

အဲဒီတော့ ပထမဆုံ နက္ခတ်ဘယ်လိုတွက်သလဲ စလိုက်ကြအောင်။ လွယ်ပါတယ်။ တော်တော်လေးကို လွယ်ပါတယ်။ (၃) အလီရတာနဲ့ကို ရပြီ။

မြန်မာမွေးသက္ကရာဇ်ကို (၃) နဲ့စားပါ။

(၁)-ကြွင်းရင်- နတ်နက္ခတ်။
(၂)-ကြွင်းရင်-လူနက္ခတ်။
(၀)-ကြွင်းရင်- ဘီလူးနက္ခတ်။

ဒါပဲ၊ ဒီလောက်ပဲ။ အမလေးလေး လွယ်လိုက်တာ။ ကဲ ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို ကိုယ်ပြန်တွက်ကြည့်။ ကိုယ် ဘာနက္ခတ်လဲ ဆိုတာ။ စက္ကန့်ပိုင်းအတွင်း သိရပြီ ဟုတ်။

နက္ခတ်နဲ့ စရိုက်။

နတ်နက္ခတ်။
နတ်နက္ခတ်မွေးဖွားတဲ့ လူတွေဟာတဲ့ နှလုံးသား နူးညံ့ပျောပျောင်းတယ်။ သူတို့က အချော့ကြိုက်တယ်။ အလှအပ အနုအရွလေးတွေကို မြတ်နိုးတတ်တယ်။ ညင်ညင်သာသာ ဆက်ဆံတာကို ကြိုက်တယ်။ သူတို့ကို သွားပြီး ကြမ်းလို့ မရဘူး။ တိုးတိတ်ညင်သာစွာ ဆက်ဆံတာကို လိုချင်တယ်ဆိုတော့ သင် စဉ်းစားရမှာက သင်ဆက်ဆံရမယ့်လူက ဘာနက္ခတ်လဲပေါ့။ နတ်နက္ခတ်ဖြစ်နေပြီ ဆိုရင်တော့ ပထမဆုံး သင့်ရဲ့ အသံကို (၃)ပေါက်လောက်အထိ လျှော့ချပစ်ရမယ်။ လုံးဝ အသံလေးက နူးနူးညံ့ညံ့လေး။ ဟုတ်ပြီနော်။ သင်ပြောတဲ့ စကားသံလေးတွေ စကားလုံးလေးတွေက စပြီး သတိထားရတော့မယ်။ စကားလုံးလေးတွေက လည်း တကယ့်ကို အနုအရွလေးတွေနဲ့ ပြောရမယ်နော်။ အရေးကြီးတာက နတ်နက္ခတ်သမားကို သွားပြီး မအော်မိစေနဲ့နော်။ ဒါ အရေးကြီးဆုံးပဲ။

လူနက္ခတ်။
အဲ လာပြီ လူနက္ခတ်က တကယ့် ဆရာကြီးတွေ။ လူဆိုတော့ စဉ်းစား ဆင်ခြင်ညာဏ် များတယ်ပေါ့။ သူက ဘလိုင်းကြီး လက်မခံဘူး။ အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမှ သူက လက်ခံတာ။ အသံအနေအထား ကတော့ပုံမှန်ဆိုရပြီ။ တိုးဖို့လဲ မလိုဘူး။ ကျယ်ဖို့လဲ မလိုဘူး။ အနေအထားကတော့ မတိုးမကျယ်ပေါ့။ ဒါပေမယ့် အရေးကြီးတာက ကိုယ် ဆက်ဆံနေရတဲ့ လူက လူနက္ခတ်ဆိုတာကို မမေ့နဲ့။ အဲဒီတော့ ကိုယ်ပြောရမှာက ဘလိုင်းကြီး သွားပြောလို့ သူက လက်မခံဘူး။ အကျိုးအကြောင်း ပြချက်တွေ ခိုင်လုံမှ သူက လက်ခံမှာ။ ဥပမာ ဆိုကြပါစို့။ ၂၀၁၂-ခုနှစ်မှာ ကမ္ဘာကြီးပျက်မယ်လို့ လုံးဝ သွားမပြောနဲ့။ သူက ခင်ဗျားစကားကို လုံးဝလက်ခံမှာ မဟုတ်ဘူး။ အခု အနေအထားက ဘယ်လိုဖြစ်နေတဲ့ အတွက်ကြောင့် အဲ.. ၂၀၁၂ ခုနှစ်ရောက်ရင် ကမ္ဘာကြီးက ပျက်မယ်လို့ ပြောကြတယ်။ ဘာညာပေါ့။ အဲဒီလို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမယ်ဆိုရင်တော့ သူက နားထောင်လိမ့်မယ်။

ဘီလူးနက္ခတ်။
ဘီလူးဆိုတဲ့အတိုင်း ခပ်ကြမ်းကြမ်းနဲ့ စရမယ်။ ကြားဖူးတယ် မမဟုတ်လား။ ဘီးလူးဆိုင်းတီးပြီး ၀င်လာတယ် ဆိုတာ။ ဘီလူးနက္ခတ်သမားတွေက သူတို့က ပြတ်သားမှကြိုက်တယ်။ သူတို့ကို သွားပြီး ဖွဲ့နွဲ့နေလို့ လုံးဝ မကြိုက်ဘူး။ နောက် အသံအနေအထား။ သူကတော့ ထုံးစံအတိုင်း (၇)သံချဉ်ပေါ့။ အသံကလည်း ကျယ်မှ ။ စကားကလည်း တိုတိုတောင်းတောင်း ပြတ်ပြတ်သားသားမှ ကြိုက်တာ။ ပျော့စိစိတော့ သွားမလုပ်နဲ့နော်။ သူက ခင်ဗျားကို အချောက်ထင်သွားလိမ့်မယ်။

အဲဒီတော့ မိတ်ဆွေတို့ကို ကျွန်တော်က ဒီနည်းလေး ပေးလိုက်တာ။ အရမ်း ကောင်းတယ်။ မိုက်တယ်နော်။ ကျွန်တော်တို့ ဗေဒင်ပညာကို စသင်တုန်းက ဗေဒင်မသင်ခင်ကတည်းက ဒါကို အရင်စသင်ခဲ့ရတာ။ ကျွန်တော်တို့ဆီကို ဗေဒင်လာတွက်တယ် ဆိုရင် အရင်ဆုံး သူ့ရဲ့ သက္ကရာဇ်ကို နက္ခတ်ကစတွက်ပြီ။ ပြီးရင် ကိုယ့်ဆီကို ဗေဒင်လာမေးတဲ့ သူဟာ ဘာနက္ခတ်လဲ ကျွန်တော်သိလိုက်ရပြီ။ လူနက္ခတ်လား။ ဘီလူးလား၊ လူလားပေါ့။ အိုကေ ကျွန်တော်နက္ခတ်သိတာနဲ့ ကျွန်တော် သူ့ကို သေသေချချာ ကြည့်လိုက်တယ်။ နတ်နက္ခတ်ဆိရင် ကျွန်တော်အသံက တကယ့် တိုးတိုး ညင်ညင်သာသာလေးပါ။ ကျွန်တော်အသံကို မကြားရမှာ စိုးလို့တောင် ကျွန်တော် ခါးကို အသာလေး ရှေ့ကို ကိုင်းလိုက်တယ်။ ပြီးတော့ ကျွန်တော် သူ့ကို အေးအေးဆေး ဆေးလေး ဗေဒင်ဟောပေးတယ်။

လူနက္ခတ်ဆိုရင် ကျွန်တော် သူ့ကို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ဟောရတယ်။ တစ်ခါတလေ ကျွန်တော် သူ့ကို သူ လုံးဝ နားမလည်နိုင်တဲ့ စာအုပ်ကြီးတွေတောင် ထုပ်ပြလိုက် သေးတာ။ ဟဲဟဲ လူကိုးဗျ။ သဘောတွေ ကျလို့။ ဘီလူးနက္ခတ်လာလို့ကတော့ အရင်ဆုံး ကျွန်တော့်မျက်နှာကို ဘီလူး သံပရာသီးကိုက်ထားတဲ့ ရုပ်မျိုး လုပ်လိုက်ရတယ်။ ပြီးတောမှ အသံကြယ်ကြယ်နဲ့ သူ့ကို ဟောကိန်းတွေ ထုပ်ရတာ။ အာမခံချက်တွေ ရဲရဲပေးပြီး ဟောပေးရတာ။ အဲဒီလိုမှ သူက တောက်... ဒီလို ဗေဒင်ဆရာမျိုး လိုက်ရှာနေတာဆိုပြီး သဘောတွေ အကျကြီး ကျတာကိုးဗျ။ ဒါက ကျွန်တော်တို့ ဗေဒင်ဆရာတွေ ပြောတာပါ။

ကျန်တာတွေကတော့ ကိုယ့်ဘာသာ ဆက်ပြီး ပွားယူပေတော့ဗျာ။ အချစ်ရေးလား၊ အိမ်ထောင်ရေးလား။ လူမှု့ရေးလား။ မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးလား၊ အကုန်လုံး အဆင်ပြေပါတယ်ဗျာ။ ကျွန်တော်ပြော တဲ့ နည်းလေးကို မိတ်ဆွေ ဒီနေ့ကစပြီး အသုံးချကြည့်စမ်းပါ။ တကယ် ကောင်းပါတယ်ဗျာ။ ကျွန်တော်လဲ ဒီလောက်ပဲ ပြောတတ်လို့ပါဗျာ။ တကယ်ကောင်းတာပါဗျာ။ တကယ်ပါ။

  • သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
  • ဟိန်းတင့်ဇော်
  • ထိုင်းနိုင်ငံ-မဟာချိုင်မြို့
  • Sayaheintintzaw@gmail.com
  • Ph.+66874150022
  • (အီးမေးလ်အသစ်ကို ပြောင်းလဲ၍ စတင်အသုံးပြုနေပါပြီ)

သင်၏ချစ်သူရွေးချယ်သောအရောင်မှတဆင့်

colorology

အရောင်များမှတဆင့် သင့်ချစ်သူ၏ နှလုံးသားအတွင်းသို့ ၀င်ကြည့်ကြ ရအောင်နော်။ အရင်ဆုံး သင်၏ ချစ်သူကို ဘာအရောင်ကို အကြိုက်ဆုံးလဲလို့ မေးကြည့်လိုက်ပါ။ အဲဒီမှာ သင်၏ ချစ်သူပြောတဲ့ အရောင်ကို ကြည့်ပြီး သင်၏ ချစ်သူရဲ့ စိတ်သဘာဝကို ခန့်မှန်းကြည့်လို့ ရတာပေါ့။ အိုကေနော်။ အောက်မှာ အရောင်တွေက ပြောတဲ့ လူသား တွေရဲ့ စိတ်သဘာဝတွေ။

သင်၏ချစ်သူက အပြာရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အေးအေးဆေးဆေး နေလိုသူ ဖြစ်တယ်။ ပျော်ပျော်ရွှင်ရွှင် နေလိုသူ ဖြစ်တယ်။ ဆရာသမားတို့ မိတ်ဆွေ အပေါင်း အသင်းတွေအပေါ်မှာ သစ္စာရှိတယ်။ လူတကာကို မေတ္တာထားတတ်သူပေါ့။ အများအကျိုးကို သယ်ပိုးရွက်ဆောင်လေ့ ရှိတယ်။ ပြောရရင်တော့ ပရဟိတ စိတ်ပေါ့။ လူမှု့ ၀န်ထမ်း စိတ်လည်း ရှိတယ်။ နောက်ပြီး ရည်ရွယ်ချက် မြင့်မားတယ်။ ကိုယ့်ရဲ စိတ်ခံစားချက်ကို ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှု့ကို ထိမ်းချုပ်နိုင်သူ တည်ငြိမ်သူလည်း ဖြစ်တယ်။ အိနြေ္ဒသိက္ခာနဲ့လည်း ပြည်စုံတယ်။ ဂတိစကား အလုပ်ကိုင်းစကား နဲ့ ပါတ်သက်လာရင်လဲ ယုံကြည် စိတ်ချရတယ်။ နောက်... သူဟာ ပါတ်ဝန်းကျင်နဲ့လဲ အဆင်ပြေပြေ ဖြစ်အောင် ပေါင်းသင်း ဆက်ဆံတတ်သူပါ။ ကိုယ့်ရဲ့ ချစ်သူအပေါ်မှာလဲ နားလည်ခွင့်လွှတ်တတ်သူ၊ အချစ်ကြီးသူ ဖြစ်တယ်။

သင်၏ချစ်သူက အနီရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူဟာ ထက်မြက်တဲ့ တောက်ပြောင်တဲ့ အရည်အချင်း အရည်အသွေးတွေ ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ သူ့ရဲ့ အနေအထိုင် အပြေအဆို အပြုအမူတွေဟာ သွက်လက်နေတယ်။ ရမ္မက်တော့ ပြင်းထန်တယ်။ နောက်ပြီး အကောင်းလေးလဲ ကြိုက်တတ်တယ်။ သည်းခံစိတ်နည်းပြီး ဒေါသတော့ နည်းနည်း ကြီးသလိုပဲ။ တစ်ကိုယ်ကောင်း ဆန်တတ်ပြီး လူတစ်ဖက်သားအပေါ် အနိုင်ယူချင်တဲ့စိတ်က များနေတယ်။ သူ့ရဲ့ စိတ်ဓာတ်က ခိုင်မာမယ်။ ရဲစွမ်းသတ္တိကတော့ အတော် ရှိပါတယ်။ နောက်ပြီး သူဟာ ဇွဲတော့ အတော် ကောင်းပါတယ်။ တစ်ခုခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ သဘောသဘာဝရှိတယ်။ မဟုတ်ရင်တော့ နည်းနည်းလေးမှကို သည်ခံမနေတတ်ဘူး။ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်လည်း သူတို့က မြင့်မြင့်မားမား စိတ်ကူးလေ့ ရှိတယ်။ စွန့်စား လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်ကိစ္စတွေကို ၀ါသနာပါသူ ဖြစ်တယ်။ ဒါကြောင့် များသောအားဖြင့် ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တယ်။ တော်လှန်တတ်တယ်။ ပုန်ကန်တတ်တယ်။ တိုက်ခိုက်တတ်တယ်။

သင်၏ချစ်သူက အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အဖြူရောင်ကတော့ အေးချမ်းတည်ငြိမ်တဲ့သဘောရှိတယ်။ ဖြူစင်သန့်ရှင်းတဲ့ သဘောရှိတယ်။ ရိုးသားတဲ့ သဘောလည်း ရှိတယ်။ အဲဒီတော့ အဖြူရောင် ကြိုက်သူတဲ့ သင်၏ ချစ်သူကတော့ အေးအေးချမ်းချမ်း သာသာယာယာ နေလိုသူ ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။ ကိုယ်မှာ ရှိသလောက်လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံးဝ မကြွားတတ်ဘူး။ ဟန်တစ်လုံး ပန်တစ်လုံးလည်း မနေတတ်ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့ အခါတွေဆိုရင်လည်း ဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ ကိုယ့်ကို အမြဲ နှိမ်ချ ဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် စည်းကမ်းတော့ ရှိတယ်။ သူတွေးလိုက်ရင်လည်း ရိုးရိုးရှင်းရှင်းပု တွေးတယ်။ သစ္စာတရားကို တန်ဖိုးထားတတ်တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို အကောင်မြင်တတ်တယ်။ နေတာထိုင်တာ ၀တ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း နေတတ် ထိုင်တတ်တယ်။ သူ့ရဲ့ စိတ်ထားဖြူစင်မှု့ကို မြင်နေနရတယ်။ ကိုယ့်ရဲ့ ချစ်သူ ကိုလဲ ဖြူဖြူစင်စင် ချစိတတ်တယ်။

သင်၏ချစ်သူက အစိမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မယ်။ ဂတိတည်မယ်။ သစ္စာရှိတယ်။ သူတပါးကို ကူညီတတ်တယ်။ သိမ်မွေ့နူးညံ့မယ်။ ဒေါသဖြစ်ခဲတယ်။ စိတ်ဆိုးခဲတယ်။ ကိုယ့်ချစ်သူ အပေါ်မှာလဲ နွေးထွေးမှု့ မရှိပဲ အေးစက်စက် ဖြစ်နေမယ်။ အား မလို အားမရဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်း မရှိဘူး။ အုံပုန်း ဆန်တာပေါ့။ ပါတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကလည်း ခပ်ကြဲကြဲပဲ။ လူတွေနဲ့ ရောရောနှောနှော နေလေ့နေထမရှိဘူး။ ဒါကြောင့် သူလိုလူမှာ အပေါင်းအသင်း သိပ်မရှိတတ်ဘူး။

သင်၏ချစ်သူက အနက်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သွေးအေးတယ်။ အရာရာကို လေးလေးနက်နက် သဘောထားပြီး လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ရှိတယ်။ သူလုပ်ရင် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။ တစ်ခုခုကို အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး အစွဲအလန်း ကြီးတဲ့ သူဖြစ်တယ်။ ပြီးတော့ မာနကလည်း အတော်ကို ကြီးတာ။ ကိုယ့်ကိုကို ယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ ငါလုပ်ရင် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ် ရှီတယ်။ ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ သီးသန့် နေလိုစိတ် ရှိတယ်။ မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့ စိတ်ရှိတယ်။ ကိုယ်ချစ်သူအပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်း အရူးအမူး ချစ်မယ့်သူပေါ့။

သင်၏ချစ်သူက ခရမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

ဆွဲဆောင်မှု့တော့ ရှိတယ်။ ပြဿနာတွေ ဘာတွေတော့ မဖြစ်စေနဲ့နော်။ ပြဿနာဖြစ်လာရင်တော့ ခေါင်း ရှောင်သွားလိမ့်မယ်။ ဘာပဲ လုပ်လုပ်သူဟာ လျှို့ဝှက်စွာ လုပ်ကိုင်လေ့ရှိတယ်။ ကိုယ့်အတွက်ကတော့ အရမ်း သိတတ်တယ်။ ဘယ်လိုအခြေအနေ ပဲ ရောက်ရောက် ဘ၀တိုးတက်ဖို့အတွက်ကတော့ အမြဲတမ်း ကြိုးစားအား ထုပ်နေလေ့ ရှိတယ်။ ထူးဆန်းတာ တစ်ခုကတော့ ဂမ္ဘီရ ပညာရပ်တွေကို ထူးထူဆန်းဆန်း စိတ်ဝင်စားလေ့ရှိ တယ်။ နောက်ပြီး သူဟာ အလှအပတို့ အနုပညာတို့ စာပေတို့ကိုလည်း မြတ်နိုးသူ ဖြစ်မယ်။ သူက အဲဒါတွေသာ လုပ်တဲ့လူဆိုလို့ ကတော့ သေချာပေါက်အောင်မြင်မယ်။ ဒါကြောင့် စိတ်ကူးလဲ အရမ်း ယဉ်တတ်တယ်။ လက်တွေ့မကျတဲ့ အိပ်မက်ဆန်ဆန် စိတ်ကူးတွေလဲ သူ့မှာ အပြည့်ရှိတယ်။ နောက်ဆုံး ကိုယ်ချစ်သူကို ချစ်ရင်တောင် သူက စိတ်ကူးယဉ် ဆန်ဆန်နဲ့ ချစ်ခင်တတ်ပါတယ်။

သင်၏ချစ်သူက လိမ္မော်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူကတော့ အရာရာမှာ တက်တက်ကြွကြွ ရှိမယ်တဲ့။ နေတာ ထိုင်တာ ပြောတာဆိုတာကအစ ပျော်ပျော်ရွှင်ရွှင် နေတတ် ထိုင်တတ်တယ်။ နောက်ပြီး စကားအပြောအဆို ကောင်းသူလည်း ဖြစ်တယ်။ လူတွေကသာ သူ့ကို ဂရုစိုက်လို့ကတော့ သူက အရမ်းကြိုက်။ ဒါပေမယ့် သူဟာ ဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ သဘောရှိတယ်။ ပြောရရင်တော့ ပေါ့ပေါ့နေ ပေါ့ပေါ့စာဆိုတာ သူလိုလူကို ပြောသလိုပါပဲ။ အပျော်အပါးကတော့ ကြိုက်သလားမမေးနဲ့။ နေရာတကာမှာ ထင်ပေါ်ချင်တယ် ကျော်ကြားချင်တယ်။ အချစ်ဆိုသော အရာကိုတော့ ပေါ့ပေါ့တန်တန် သဘောထားတတ်တယ် ဆိုတော့ အင်း ဒီလိုလူမျိုးကတော့ သတိထားပေါ့နော်။

သင်၏ချစ်သူက အ၀ါရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အ၀ါရောင်ကို နှစ်သက်တဲ့ သူကတော့ သူဟာ အများအကျိုးကို သယ်ပိုးထမ်ဆောင်လိုတဲ့သူ ဖြစ်တယ်။ ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်ရတာကို ၀ါသနာ ပါတယ်။ လူတွေကို ဘယ်လို ကူညီပေး၇မလဲ ဆိုတာကိုပဲ စဉ်းစား နေလေ့ရှိတယ်။ လူ့ပါတ်ဝန်းကျင်နဲ့ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေထိုင်တတ်တဲ့ အကျင့်ရှိတယ်။ အပြောင်းအလဲကိုလည်း သဘောကျ လက်ခံတတ်တဲ့လူပေါ့။ သဘောကျ နှစ်ခြိုက်တတ်တဲ့ လူပါ။ သမရိုးကျ လမ်းဟောင်းကို မလိုက်ဘူး လမ်းသစ် ထွင်ဖောက် လျှောက်ချင်တဲ့ လူ။ လက်တွေ့တော့ ကျသား။ သူလည်း အနုပညာကို ၀ါသနာပါပြီး ကိုယ်ချစ်သူအပေါ်လည်း နွေးထွေးစွာ ဆက်ဆံတတ်သူဆိုတော့ ကောင်းပါတယ်။

လောလောဆယ်တော့ ဒီလောက်နဲ့ပဲ နားလိုက်ပါဦးမယ်။ နောက်ကျမှ ကာလာလော်ဂျီနဲ့ ပါတ်သက်လို့ ဒုတိယပိုင်း ဆက်တင်ပေးပါ့မယ်ဗျာ။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

မဟာဘုတ်ဗေဒင်ပညာလာအစောင့်ပုဂ္ဂိုလ်

ကျွန်တော်တို့ ဗေဒင်ဟောခန်းကို လာရောက်ကြတဲ့ တစ်ချို့သောသူတွေဟာ သူတို့ကို တန်ခိုးရှိတဲ့ မမြင်ရသော ပုဂ္ဂိုလ်တွေက စောင့်ရှောက်ကြတယ်လို့ ယုံကြည်ကြတယ်။ (ရီစရာကြီးနော်) ဒါက ခင်ဗျားဘက်က အမြင်ပါ။ သူတို့ဘက်ကတော့ အရူးအမူး အသေအလဲ ယုံကြည် စွဲလန်းကြတယ်။ မဟုတ်ဘူး ဒါဟာ လုံးဝ အဓိပ္ပါယ် မရှိတဲ့ ကိစ္စတစ်ခုပဲလို့ ကံသေကံမ ခင်ဗျား သူ့ကို သွားပြီး ပြောပြနိုင်မလား။

ဒါဆို သေချာပါတယ်။ သူက ခင်ဗျားကို ချက်ချင်းပဲ GO AWAY- ဆိုပြီး အော်ငေါက်ပစ်မှာ အသေအချာပဲ။ ဒါမှမယုတ် သူက ခင်ဗျားကို ခပ်ဆိုးဆိုး တုန့်ပြန်မှု့ တစ်ခုနဲ့ ချက်ခြင်းတုန့်ပြန်လာမှာ အသေအချာပဲ။ အဲဒါ ဘာဖြစ်လို့လဲ သိလား။ ခင်ဗျားက သူ့ရဲ့ believe (ယုံကြည်မှု့)ကို သွားပြီး ထိုခိုက်လိုက်တာကိုး။

ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေကို ဘုရားက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး လာပြောကြည့်ပါလား။ ငြိမ်ခံနေ မယ့်လူ တစ်ယောက်မှ မရှိဘူး။ တစ်ခုမဟုတ် တစ်ခုတော့ တုန့်ပြန်ကြမှာ အသေအချာပါပဲ။ အဲဒီလိုပဲ ခရာဇ်ယာန် ရှိတယ် မွတ်စလင်ဘာသာဝင်တွေ ရှိတယ်။ ဟိန္ဒူ ဘာသာဝင်တွေ ရှိတယ်။ နောက်ကျန်တဲ့ ကိုးကွယ်မှု့ ဘာသာတွေ အများကြီး ရှိတယ်။ သူတို့ ကိုးကွယ်နေတဲ့ ဘာသာတွေကိုလည်း ကျန်တဲ့ သူတွေက မကောင်းဘူး အဓိပ္ပါယ် မရှိဘူးလို့ သွားပြောကြည့်ပါလား။ ငြိမ်ခံနေမယ့်လူ တစ်ယောက်မှ မရှိဘူး။

ဒီနေရာမှာ အဘမင်းသိင်္ခ ပြောခဲ့ဘူးတဲ့ စကားလေးတစ်ခွန်းကို သွားပြီး သတိယမိတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ချင်တယ်ဆိုရင်တဲ့ လွယ်ပါတယ်တဲ့။ သူ့ရဲ့ ယုံကြည်မှု့ကိုသာ ပုတ်ခတ်လိုက်ပေတော့။ ချက်ခြင်းကြီး ရန်သူကြီးတစ်ယောက်လို တုန့်ပြန်လာလိမ့်မယ်တယ်။ အဲဒီတော့ ငါ့လူတို့တဲ့ လောကကြီးမှာ ကျင်လည်ကျက်စားတဲ့အခါမှာ သူတစ်ပါးရဲ့ ယုံကြည်မှု့ကို ဘယ်တော့မှ သွားပြီး မထိခိုက်လေနဲ့တဲ့။

အိမ်တစ်အိမ်မှာပဲ ဖြစ်ဖြစ် ၊ အဖွဲ့အစည်းတစ်ခုခုမှာပဲ ဖြစ်ဖြစ် ပြဿနာတွေရဲ့ အဓိကတရားခံဟာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု့ကို အားပြိုင်ရာကနေ စတာများပါတယ်။ နောက်တစ်ခုက အထင်ရယ် ၊ အမြင်ရယ်ပါ.။ သူ့ရဲ့ ယုံကြည်မှု့ဟာ မှားနေတယ်လို့ ကိုယ်က ထင်နေတာ မြင်နေတာက ပိုဆိုးပါတယ်။ တကယ်တော့ လောကကြီးမှာ အထင်ဟာ အထင်သာ ဖြစ်တယ် အဲဒီလိုပဲ အမြင်ဟာ အမြင်သာ ဖြစ်တယ် ။ ဒါပေမယ့် အမှန်တရားတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

အခုလည်း ကျွန်တော်တို့ရဲ့ ဗေဒင်ဟောခန်းကို ရောက်လာကြတဲ့ သူတွေထဲကမှ တစ်ချို့တွေက အစောန ပြောသလို သူတို့ကို တန်ခိုးရှိပြီး မမြင်ရတဲ့ ပုဂ္ဂိုဟ်တွေက စောင့်ရှောက်ကြတယ်လို့ ယုံကြည်ကြတယ်။ အဲဒီတော့ သူတို့က ဗေဒင်ဆရာကို မေးတယ်။

ဆရာရယ်တဲ့... ကျွန်တော်က သိတော့ သိပါတယ်တဲ့။ ဒါပေမယ့် တိတိကျကျ သိချင်လို့ ဆရာ့ကို မေးတာပါတဲ့။ ကျွန်တော်မှာ အစောင့်ရှိနေတယ်တဲ့။ ကျွန်တော့်နောက်ကို လိုက်နေတယ်တဲ့။ တစ်ခါတစ်လေ တောင်မြင်ရတယ်တဲ့။ အဲဒါ ဘယ်လို ပုဂ္ဂိုဟ်လဲ ပြောပြပေးပါတဲ့။ နောက်ပြီး အဲဒီ အစောင့်ပုဂ္ဂိုဟ်ကို ဘာတွေ လှူတန်းပေးရင် ကောင်းမလဲတဲ့... အဲဒိလို မေးတတ်ကြပါတယ်။

အဲဒီတော့ ကျွန်တော်က ဟုတ်ရဲ့လားဗျာ။ သေချာရဲ့လားလို့ ပြန်မေးကြည့်တော့....

အာ ... ဆရာကလည်း ကျွန်တော် တကယ်ပြောတာပါဆို။ အဲဒီ အစောင့်ပေးလို့ ကျွန်တော် ချဲတောင်(၇)ခါ လောက် ပေါက်ပြီးသွားပြီ။ တစ်ခါတစ်လေတောင် သူကို ကျွန်တော်ကိုယ်တိုင်တောင် တွေ့ရတာပါပဲ။ တစ်ခါတစ်လေ ကျွန်တော့်ကို ဘာလုပ်ရမယ်ဆိုတာတွေ ဒီလမ်းမှာ အန္တရယ်ရှိတယ် ဆိုတာတွေတောင် လာပြီး ကြိုပြောပြပါတယ်တဲ့...

အဲဒီတော့ ကျွန်တော်ကလည်း ...

မိတ်ဆွေကြီးရယ် ကျွန်တော်ကလည်း အကြားအမြင်ရနေတဲ့ ဘိုးတော်လည်း မဟုတ်လေတော့ တိတိကျကျ ကြီးတော့ ပြောပြနိုင်မှာ မဟုတ်ပေဘူး။ ပေါက်မြောက်နေတဲ့ သိဒ္ဓိရှင်ကြီးလည်း မဟုတ်လေတော့ ဒီလိုကွဆိုပြီး ဃဃနန ညွန်ပြပေျးနိုင်မှာတော့ မဟုတ်ဘူးဗျာ။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာ့ရိုးရာ မဟာဘုတ် ဗေဒင်ပညာမှာတော့ အဲဒီလို အစောင့်ပုဂ္ဂိုဟ်တွေအကြောင်း သိချင်တာတို့။ ကိုယ့်ကို ဘယ်လို ပုဂ္ဂိုဟ်က စောင့်ရှောက်နေတယ်တို့ သိချင်လို့ရှိရင် တွက်ကြည့်လို့ ရတဲ့နည်းလေးတော့ ရှိပါတယ်ဗျာလို့ ပြန်ပြောပြလိုက်တယ်။

သူကလည်း အဲဒီလို တွက်ကြည့်လို့ ရမယ်ဆိုရင် တွက်ကြည့်ပေးပါဗျာဆိုတော့ ကျွန်တော်လည်း ဒီနည်းလေးကိုပဲ အားကိုးလို့ အမြဲတန်း ပြောပြဖြစ်ပါတယ်။ မိတ်ဆွေတို့လည်း (ယုံကြည်တဲ့) ကိုယ့်ဘ၀မှာ ဘယ်လို ပုဂ္ဂိုဟ်တွေနဲ့ ပဋ္ဌာန်းဆက်ရှိနေတယ်။ ဘယ်ပုဂ္ဂိုဟ်တွေက စောင့်ရှောက်နေတယ်ဆိုတာကို သချင်တယ်ဆိုရင်တော့ မဟာဘုတ်ဗေဒင်ပညာမှာလာတဲ့ ဒီနည်းစနစ်လေးကို ပြန်လည် တင်ပြပေးလိုက်ပါ တယ်ဗျာ။

ထုံးစံအတိုင်းပေါ့ဗျာ။ မဟာဘုတ်တွက်ပေါ့။ ကိုယ်က ဘာကြွင်းတဲ့ မဟာဘုတ်လဲပေါ့။ ဒီမှာ မဟာဘုတ်ဗေဒင် တွက်နည်း။

ကိုယ့်ရဲ့ မဟာဘုတ်က အထွန်းဆိုတဲ့နေရာမှာ ဘာနေ့နံ ရှိလဲ။ အဲဒါကို နာမက္ခရတိုင် ဆက်ထူရပါတယ်။ နာမက္ခရတိုင်ကို ဘယ်လို ထုရလဲဆိုတော့ အောက်မှာ ပုံလေး တစ်ပုံ ပြလိုက်ပါတယ် ။ အထွန်းမှာ ရှိတဲ့ နံကို အပေါ်မှာ တင်လိုက်ပါ။ ပြီးရင် အောက်ဘက် တိုင်ခြေ ၀ဲဘက်ကနေ ကြီးစဉ်အတိုင်း အပေါ်ကို တက်လာပေါ့နော်။ တစ်ချို့ကလည်း ၀ဲယာတိုင်လို့ ခေါ်ပါတယ်။

Image Hosting by imagefra.me

အဲဒီ နာမက္ခရတိုင်ကို ထူပြီးပြီဆိုရင်တော့ ကိုယ်ကို ဘယ်ပုဂ္ဂိုဟ်တွေ စောင့်ရှောက်တယ်ဆိုတာရယ် ဘယ်ခေတ်တုန်းက ဆိုတာရယ် ကြည့်ဘို့အတွက် နောက်ထပ် ပုံလေးတစ်ပုံ ထပ်တင်ပေးလိုက်ပါတယ်။

Image Hosting by imagefra.me

အဲဒါဆို ကြည့်လို့ ရပါပြီး။ ကိုယ့်ရဲ့ နာမက္ခတိုင်ကို တွက်ကြည့် ထူပြီးပြီဆိုရင် အပေါ်ဆုံးအလုံးက အစောင့်ပုဂ္ဂိုဟ်ကို ညွန်ပြပါတယ်။ သူ့အောက်က နှစ်လုံးကတော့ ပဋ္ဌာန်းဆက်တော်စပ်ခဲ့တဲ့ ခေတ်ကာလကို ညွန်ပြတာပါ။ အောက်မှာတော့ ဘယ်နေ့နံကို ဘယ်လို ကောက်ယူတယ် ဆိုတာကိုတော့ ဖော်ပြပေး လိုက်ပါတယ်။

ခေတ်ကာလ

၁။(တနင်္ဂနွေဂြိုဟ်).......အင်းဝခေတ်။
၂။(တနင်္လာဂြိုဟ်)........ကုန်းဘောင်ခေတ်။
၃။(အင်္ဂါဂြိုဟ်)..............ညောင်ရမ်းခေတ်။
၎။(ဗုဒ္ဓဟူးဂြိုဟ်)...........ရှမ်းခေတ်။
၅။(ကြာသပတေးဂြိုဟ်).ပုဂံခေတ်။
၆။(သောကြာဂြိုဟ်)......သရေခေတ္တရာခေတ်။
၇။(စနေဂြိုဟ်)..............တောင်ငူခေတ်။

အစောင့်ပုဂ္ဂိုဟ်
၁။(တနင်္ဂနွေဂြိုဟ်).......ဘိုးဘိုးအောင်။
၂။(တနင်္လာဂြိုဟ်)........ဘိုးမင်းခေါင်။
၃။(အင်္ဂါဂြိုဟ်)..............ဆေးဝိဇ္ဇာ။
၎။(ဗုဒ္ဓဟူးဂြိုဟ်)...........ယက္ကန်းစင်တောင်ဆရာတော်။
၅။(ကြာသပတေးဂြိုဟ်).ဘိုးတော်ပြူး၊ ဘိုးတော်ပွင့် ၊ ဘိုးတော်ဖြူ။
၆။(သောကြာဂြိုဟ်)......သိုက်ချုပ်ဘိုးတော် သာလျှ။
၇။(စနေဂြိုဟ်)..............အနောက်မဇ္ဈိမဆာဒူးဘိုးတော်။

သင့်ဘ၀အတွက် အသက်မွေးဝမ်းကြောင်းအလုပ်

ကျွန်တော်တို့ ဗေဒင်ဆရာတွေဆီကို ရောက်လာပြီဆိုရင် နောက်ဆုံးပိတ်မေးတဲ့ မေးခွန်းကတော့ "ဘာလုပ်ငန်း နှင့် ကြီးပွားချမ်းသာမှာလဲ " ဘာစည်းပွားရေး လုပ်ငန်းတွေ လုပ်ရင် သေချာပေါက် ကြီးပွား ချမ်းသာမှာလဲ " စတဲ့ မေးခွန်းတွေကို နောက်ဆုံးပိတ် မေးတတ်ကြပါတယ်။ အဲဒီလို မေးလာပြီဆိုရင် ဗေဒင်ဆရာတွေကလည်း မိမိတို့ စိတ်သန်တဲ့ အသုံးပြုတဲ့ ပညာရပ်နဲ့ အကြံညာဏ် ပေးတတ်ကြတယ်။

ဇာတာနဲ့ ဟောတဲ့ ဗေဒင်ဆရာကလည်း ဇာတာကို ကိုင်စွဲပြီး အသက်မွေးဝမ်းကြောင်း လုပ်ငန်း ရွေးပေးတယ်။ ဂဏန်းဗေဒင်ဆရာကလည်း ဂဏန်းဗေဒင်ပညာနှင့် တိုက်ဆိုင်ပြီး အကြံပေးတယ်။ လက္ခဏာဆရာကလည်း သူ့ရဲ့လက်ဖ၀ါးပြင်က ဂြိုဟ်ခုံ အနိမ့်အမြင့် လမ်းကြောင်း အနေအထားတွေကို ကြည့်ပြီး ဆုံးဖြတ်တယ်။ မြန်မာ့ရိုးရာ ဗေဒင်ပညာနဲ့လည်း အကြံညာဏ် ပေးကြတယ်။

ဟုတ်ပြီ။ ဘယ်နည်းကတော့ မှန်တယ်။ ဘယ်နည်းကတော့ မှားနေတယ်လို့ ပြောလို့ မရပါဘူး။ အကုန်လုံးက တော့ သူ့နည်းနှင့်သူ မှန်နေတတ်ကြတာပါပဲ။ တစ်ခုကတော့ မှန်တယ် ... တစ်ခုကတော့ မှားနေတယ်ဆိုတာ အမှန်တော့ နှိုင်းယှဉ်မှု့တွေသာ ဖြစ်ပါတယ်။

အခု ကျွန်တော် ပြောချင်တာက မြန်မာ့ရိုးရာ မဟာဘုတ် ဗေဒင်ပညာမှာလာတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်း ရွေးချယ်မှု့နှင့် ပါတ်သက်လို့ ပြောပြချင်တာပါ။ ဒါနဲ့ စကားမစပ် ဘ၀အတွက် အသက်မွေးဝမ်းကြောင်း အလုပ်ရွေးချယ်မှု့နှင့် ပါတ်သက်လို့ ကျွန်တော်ဖတ်ဘူးတဲ့ အဘမင်းသိင်္ခရဲ့ ဖြစ်ချင်တာဖြစ် မောင်ဘချစ်ဆိုတဲ့ စာအုပ်လေးထဲက အဘရဲ့အယူအဆ အဘရဲ့ ဓမ္မတွေကို အားလုံးအတွက် ဖော်ပြပေးလိုက်ပါတယ်။

အဲဒီ ဖြစ်ချင်တာဖြစ်မောင်ဘချစ်ဆိုတဲ့ စာအုပ်ထဲမှာ ဘယ်လိုပါသလဲဆိုတော့ ကျွန်တော်တို့ ဇာတ်လိုက်ကြီး မောင်ဘချစ်က အလုပ်ရှာမယ် အလုပ်လုပ်မယ်လို့ အလောတကြီး ဦးဂွမ်တီဆိုတဲ့ အဖိုးကြီးကို ပြောတော့ အောက်တွင် မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ပါ၏

အလုပ်အတွက် အလောသုံးဆယ် မလုပ်စမ်းပါနဲ့ကွ။ အထူးသဖြင့် အသက်မွေ ၀မ်းကြောင်းအလုပ်ကို ရွေးချယ်တော့မယ်ဆိုရင် စဉ်းစဉ်းစားစား လုပ်စမ်းပါကွ။ လူတွေဟာ ခြောက်လ တစ်နှစ်လောက် ၀တ်ရမယ့် လုံချဉ်ကလေးတစ်ထည်လောက် ၀ယ်ဖိုပဆို၇င် သေသေချာချာ ရွေးတော့တာပဲ။ အသားကောင်းရဲ့လား အဆင်ကောင်းရဲ့လား၊ သေသေချာချာကို ရွေးတော့တာပဲ။ တကယ်ကတော့ လုံချဉ်အရွေးမှားလို့ ဘာမှ ဒုက္ခမရောက်ဘူးကွ။ အသက်မွေးဝမ်းကျောင်းအလုပ်ကို အရွေးမှားရင် တစ်သက်လုံး ဒုက္ခရောက်တော့တာပဲ။ ဒါကြောင့် တစ်သက်လုံး လုပ်ရမည့် အလုပ်ကို သေသေချာချာ ရွေးပြီး စဉ်းစားပြီးမှ လုပ်ရတယ်ကွ။ ငါ့ဆီမှာနေပြီး အေးအေးဆေးဆေး စဉ်းစားစမ်းပါ မောင်ဘချစ်ရာဟု ပြောလေ၏။

"ထမင်းစားဖို့ အလုပ်တစ်ခုခုတော့ လုပ်ရမယ် မဟုတ်လားဗျဟု မောင်ဘချစ်က မေးမြန်းရာ ဦးဂွမ်တီက...

အဲဒီလို စိတ်ကူးမျိုးဟာ တော်တော့ကိုသနားစရာ ကောင်းတဲ့ စိတ်ကူးမျိုး ကိုယ်လူရဲ့။ ထမင်းစားဖို့လောက်သာ ရည်ရွယ်ပြီး အလုပ်လုပ်တဲ့ လူဟာ ဘယ်မှာ ထူးချွန်မှာလဲကွ။မင်းတစ်ခု စဉ်းစားကြည့်စမ်း။ မင်းလဲပဲ ရွှေကျီး မင်းကုမ္ပဏီမှာ ငွေကိုင်စာရေး လုပ်ခဲ့တာပဲ။ ဘာများ အမြတ်ထွက်ခဲ့သလဲ။ဒါကြောင့် တစ်သက်လုံး လုပ်ရမယ့် အလုပ်ကို ရွေးချယ်တော့မယ်ဆိုရင် ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်မျိုးကို ရွေးချယ်ရမယ် ကိုယ့်လူဟု ပြန်ပြောလေ၏။

အဲဒီလို ရွေးချယ်ဖို့ဆိုရင် ၀ါသနာကို အရင်းခံပြီး စဉ်းစားရမှာလား ဦးဂွမ်တီ.....

အဲဒါလည်း ပြောရဦးမယ်.. ၀ါသနာတစ်ခုတည်းနဲ့လည်း မရွေးနဲ့ဦး။ ၀ါသနာဆိုတာက တော်တော် ထူးဆန်း တယ်က။ ဒုက္ခရောက်မယ့် အလုပ်ကိုမှ ၀ါသနာပါတာမျိုး ရှိသေးတယ်ကွ။ ဥပမာကွာ အဂ္ဂိရတ်ထိုးတာတို့ ၊ ဘီးလိယက် ထိုးတာတို့ ၀ါသနာပါတယ် ဆိုပါတော့ကွာ။ အဲဒီ ၀ါသနာကလည်း အသက်မွေး ၀မ်းကျောင်း ဖြစ်အောင် လုပ်ဖို့ မလွယ်ဘူးကွ။ ဒါကြောင့် ၀ါသနာ တစ်ခုတည်းနဲ့လည်း မဆုံးးဖြတ်ရဘူးကွ။

ဒီလိုဆိုရင် ကျွမ်းကျင်တဲ့အလုပ် ကိုယ်လုပ်နိုင်တဲ့ အလုပ်ကို ဦးစားပေးပြီး ရွေးချယ်ရမှာလား။

ဒီလိုလည်း မဟုတ်သေးဘူးကွ။ ကျွမ်းကျင်တာ တစ်ခုတည်းနဲ့လည်း ရွေးချယ်လို့ မရပြန်ဘူး။ ကျွမ်းကျင်တာက ကျွမ်းကျင်တာ ဖြစ်ပြီး အောင်မြင်တာက အောင်မြင်တာကွ။ မတူဘူး။ ဥပမာကွာ ကောလိပ် လှေလှော်အသင်း ၀င်ထားပြီး လှေလှော်လေ့ကျင့်ထားတဲ့ ကျောင်းသားတစ်ဦးဟာ လှေလှော် ကျွမ်းကျင်တာပေါ့ကွာ။ အဲဒါနဲပဲ သူဟာ ကောလိပ်ကျောင်းက ထွက်တဲ့အခါ လှေလှော်စားရတော့မှာလားကွ။

ဒီလိုဆိုရင် အသက်မွေးဝမ်းကြောင်းအလုပ်ကို ဘယ်လိုများ ရွေးချယ်ရမှာလဲ ပေါက်ဖော်ကြီးရယ်...

ကဲ.. သေသေချာချာ နားထောင်ပေတော့ကွ။

  • လူတစ်ရာမှာ တစ်ယောက်လောက်တောင် ဟန်ကျပန်ကျ ဖြစ်ခဲတဲ့ အောင်မြင်တဲ့ အနုပညာအလုပ်။ ဥပမာ ဘိုင်စကုတ်မင်းသားအလုပ်တို့။ စာရေးဆရာ အလုပ်တို့။ ဂီတသမားအလုပ်တို့။ ကြော်ငြာ ကိုယ်စားလှယ် အလုပ်တို့ စတဲ့ အလုပ်မျိုးတွေကို မရွေးချယ်ရဘူးကွ။ ဒီအလုပ်မျိုးတွေက အောင်မြင်ရင်တော့ အလွန် အင်မတန်ကောင်းပါတယ်။ မအောင်မြင်ရင် ရေစုံမျှောမယ့် အလုပ်မျိုးတွေက။ ဒါကြောင့် ကြပ်ကြပ် ရှောင်ပါ။

  • အသက်မွေး ၀မ်းကြောင်း အလုပ်တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် လနဲ့ နှစ်နဲ့ ချီပြီး လေ့လာစဉ်းစား ပြီးမှသာ ငါ ဘာလုပ်ရမယ်လို့ ဆုံးဖြတ်ပါ။

  • အသက်မွေး ၀မ်းကြောင်းအလုပ်အဖြစ် ဗေဒင်ဆရာဆီက ဟောချက်နဲ့ မလုံလောက်ဘူးကွ။ ဗေဒင်ဆရာကတော့ ကမ္မဇီဝဂြိုဟ်ဟာ ဘယ်ဂြိုဟ်ဖြစ်လို့သာ ဘာအလုပ်လုပ်လို့သာ ဟောမှာပဲ။ ဒါပေမယ့် သူ့စကားကိုလည်း မယုံနဲ့ဦးကွ။ အဲဒီ ဗေဒင်ဆရာကိုယ်တိုင်က ဘယ်ဂြိုဟ်တွေ ဘာဖြစ်နေလို့ ဗေဒင်ဆရာ ဖြစ်လာတာလဲ ဆိုတာတောင် မစဉ်းစားမိတဲ့ ဗေဒင်ဆရာက များတယ်ကိုယ့်လူ....

  • လောကမှာ ငါဟာဖြင့် ဒီအလုပ် တစ်မျိုးတည်းဖြင့် သင့်တော်တဲ့လူလို့ ကိုယ့်ကိုကို မထင်မိလေနဲ့ကွ။ အနည်းဆုံး အလုပ်သုံးလေးမျိုး လုပ်နိုင်စွမ်းတာချဉ်းပဲ။

  • အသက်မွေး ၀မ်းကျောင်းအလုပ်ကို ရွေးချယ်ပြီဆိုရင် အဲဒီ အလုပ်က ၀ါရင့်ပုဂ္ဂိုဟ်တွေဆီက အကြံ ဉာဏ်ကို မရမကွ။ အဲဒီအချက် (၅)ချက်ကို သေသေချာချာ မှတ်ပြီး အချိန်ယူ စဉ်းစားစမ်းပါ မောင်ဘချစ်ရာဟု ပြောဆိုလိုက်လေတော့၏။

(ဤကား အဘမင်းသိင်္ခ၏ ဖြစ်ချင်တာချစ် မောင်ဘချစ် ဆိုသောစာအုပ်ထဲမှ ပြန်လည် ကူးယူ တင်ပြခြင်းသာ ဖြစ်ပါ၏။ အကယ်၍ ထို ဖြစ်ချင်တာဖြစ် မောင်ဘချစ် စာအုပ် အပြည့်အစုံကို ဖတ်လိုပါက ဒီနေရာမှာ (အပိုင်း-၁) (အပိုင်း -၂) ယူပါ။

ကဲ........ ကျွန်တော်တို့ မဟာဘုတ် ဗေဒင်ပညာမှာ လာတဲ့ အသက်မွေး ၀မ်းကြောင်းပညာ ရွေးချယ်တဲ့ နည်းကို စတင်ကြရအောင်ပါ။

ဒါလေးကို အရင် သိထားပါ။

(၁)-တနင်္ဂနွေဂြိုဟ်....
အုပ်ချုပ်ရေးအလုပ်။ ကျပန်းအလုပ်။

(၂)-တနင်္လာဂြိုဟ်.....
ခရီးသွားရသောအလုပ်။ ကုန်သည်အလုပ်။

(၃)-အင်္ဂါဂြိုဟ်....
စာပေ ၊ စက်ဘက် ။ စစ်ဘက် ၊ ဆေးဘက်။

(၄)-ဗုဒ္ဓဟူးဂြိုဟ်....
အနုပညာ-အလှပညာလုပ်ငန်း။

(၅)-ကြာသပတေးဂြိုဟ်....
ပညာနှင့်ပတ်သက်သောအလုပ်။

(၆)-သောကြာဂြိုဟ်....
ခရီးဝေးသွားရသောအလုပ်။

(၀)-စနေဂြိုဟ်....
ဝန်ထမ်းအလုပ် ၊ လခစားအလုပ် ၊ နိုင်ငံရေးအလုပ်။

အဲဒါကို သိပြီးရင်တော့ ကျွန်တော်တို့ မဟာဘုတ် တွက်မယ်။ ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို မဟာဘုတ် တွက်ထားရမယ်။ မဟာဘုတ်မှာ အထွန်းဆိုတဲ့ နေရာမှာ ဘာဂြိုဟ်ရှိလဲ။ အဲဒီဂြိုဟ်ကို နာမက္ခရတိုင် ထိပ်မှာ တင်။ ပြီးရင် အောက်ဘက်ကနေ ၀ဲယာအစဉ်အတိုင် အပေါ်ကို တက်သွားရမယ်။ ဒီမှာ မဟာဘုတ် တွက်နည်း

Image Hosting by imagefra.me

အဲဒီတော့ မိတ်ဆွေတို့ရဲ နာမက္ခရတိုင်ကို ထူထားပြီးပြီဆိုရင် အောက်မှာ ပုံလေးတစ်ပုံ ထပ်တင်ထားတယ်။ ကြည့်လိုက်ပါဦး ဘယ်ဂြိုဟ်တွေက ကိုယ့်ဘ၀ကို ကောင်းကျိုးပေးသလဲဆိုတာ...

Image Hosting by imagefra.me

ဒီလောက်ဆို အားလုံးပဲ သဘောပေါက်လောက်ပြီ ထင်ပါတယ်နော်..

ဒီအောက်မှာတော့ မဟာဘုတ် အကြွင်း(၇)မျိုးစလုံးရဲ့ နာမက္ခတိုင်တွေကို တစ်ခါတည်း ဖော်ပြပေးလိုက် ပါတယ်ဗျာ.... အားလုံးသောသူများ မိမိတို့ ဘ၀နှင့် ကိုက်ညီသော အသက်မွေး ၀မ်းကျောင်းအလုပ်ကို ရွေးချယ်နိုင်ကြစေကြောင်း ဆုမွန်တောင်း ဆန္ဒပြုလိုက်ပါတယ်။


Image Hosting by imagefra.me

Image Hosting by imagefra.me

Image Hosting by imagefra.me

Image Hosting by imagefra.me

Image Hosting by imagefra.me

Image Hosting by imagefra.me

Image Hosting by imagefra.me

အရပ်ရှစ်မျက်နှာကို အောင်မြင်ကြောင်းဆင်ခြင်ခြင်း

ဒီနေ့တင်မယ့် ပို့လေးကတော့ အရမ်း အရေးကြီးပါတယ်။ အရပ်ရှစ်မျက်နှာ အကြောင်းကို ပြောပြချင်တာ။ မိမိ၏ အိမ်ကနေ ကြည့်လိုက်ရင် ဟိုဘက်ဒီဘက် အရပ်ရှစ်မျက်နှာ ရှိတယ်။ အဲဒီ အရပ်ရှစ်မျက်နှာကိုသာ ကျွန်တော်တို့ စနစ်တကျ လေ့လာပြီး တကယ့်ကို နေထိုင်ပြုမူမယ်ဆိုရင် လောကီ ကောင်းကျိုးချမ်းသာတွေ ပြည့်ဝလာစေနိုင်မှာ ဖြစ်ပါတယ်။

နောက်ပြီး အရပ်ဒေသကို အကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့် ညံ့ခြင်း၊ ခိုက်ခြင်း ၊ ပိတ်ပင်ခြင်း၊ တားစီးခြင်းတွေကို လည်း ကာကွယ်ရာ ရောက်ပါတယ်။ ဒါကြောင့် အရမ်းလည်း အရေးကြီးသလို အရမ်းလည်း ကျေးဇူးပြုမယ့် ပို့လေး ဖြစ်ပါတယ်။ အရင်ဆုံးပြောချင်တာက အရပ်ဒေသအားဖြင့် ရှစ်မျိုးရှိတယ်။ အဲဒါကတော့ လူတိုင်းသိတဲ့ အရှေ့ အနောက် တောင်မြောက်စတဲ့ အရပ်ဒေသ ရှစ်ခုပါ။

အခု အောက်မှာ ရှစ်မျိုးရှိတယ်။ အဲဒါလေးကို အရင်မှတ်မိအောင် တစ်ချက်ကြည့်ထားနော်။

  1. ပရိဝါရ- အခြွေအရံ ပေါများစေသောအရပ်။
  2. အာယု-အသက်ရှည်ရာ အရပ်။
  3. နဂရ-မြို့ပြကျေးရွာ တည်ထောင်ရာအရပ်။
  4. ဘုမ္မိ-မကောင်းတာ စွန့်ပစ်ရာအရပ်။
  5. ဂဟပတိ-စည်းစိမ် ဥစ္စာထားသိုရာအရပ်။
  6. တေဇ-တန်ခိုးသြဇာရှိစေသောအရပ်။
  7. ဌာန- မြဲမြံစေသောအရပ်။
  8. သီရိ- ကျက်သရေ မင်္ဂလာ ရစေသော အရပ်။


အဲဒီတော့ မိတ်ဆွေတို့ အလုပ်မှာ ဘယ်ဘက်ကို မျက်နှာမူပြီး အလုပ်လုပ်မလဲ။ ဈေးဆိုင်ကို ဘယ်အရပ်ကို မျက်နှာမူထားမလဲ။ အိမ်သာကို ဘယ်ဘက်မှာ ဆောက်မလဲ။ အမှိုက်ပုံးကို ဘယ်နေရာမှာ ထားသင့်လဲ။ ကိုယ်ပိုင် ဥစ္စာပစ္စည်းတွေကို ဘယ်နေရာမှာ သိမ်းဆည်းထားသင့်လဲ။ စပါးတွေကို ဘယ်နေရာမှာ ကျဉ်ဆောက် သင့်လဲ။ ခေါင်းဆေးမင်္ဂလာကို ဘယ်အရပ်ဒေသ မျက်နှာမူ ပြုသင့်လဲ။ ကျက်သရေ မင်္ဂလာရှိအောင် ဘယ်အရပ်ကို ခေါင်းထားအိပ်သင့်သလဲ... အများကြီးပါပဲ...။

အရေးအကြီးဆုံးက ဘုမ္မိဆိုတဲ့အရပ်ပါ။ ဘုမ္မိဆိုတာ မကောင်းသော အညစ်အကြေး အညံ့အခိုက်များကို စွန့်ပစ်ရာ အရပ်လို့ ဆိုပါတယ်။ အဲဒီတော့ မိမိ၏ ဘုမ္မိကျရာအရပ်ကို သတိထားရှောင်သင့်ပါတယ်။ နေအိမ်ကို မျက်နှာပြု ဆောက်လုပ်တာတို့ ၊ မိမိ၏ အလုပ်စားပွဲကို မျက်နှာမူထားတာတို့ ၊ မျက်နှာမူ စီးပွားရှာတာတို့ မလုပ်သင့်ပါဘူး။ ခိုက်တတ် ညံ့တတ်ပါတယ်။ ပိတ်ဆို့စေပါတယ်။ ချုချာစေတယ်။ မအောင်မြင်တတ်ပါဘူး။

ကျန်တဲ့ အရပ်ဒေသတွေကိုတော့ မိမိတို့ ဆက်လက်ကြံဆကြပါလို့ ပြောရင်း... အောက်ဘက်တွင် (၇)ရက် သားသမီးများ အားလုံးအတွက် အရပ်ဒေသများကို ပြည့်စုံစွာ ဖော်ပြလိုက်ရပါသတည်။


Image Hosting by imagefra.me

Image Hosting by imagefra.me

Image Hosting by imagefra.me

Image Hosting by imagefra.me

Image Hosting by imagefra.me

Image Hosting by imagefra.me

Image Hosting by imagefra.me

ဗေဒင်အချုတ်-မဟာဘုတ်တွက်နည်း

မဟာဘုတ်ဗေဒင်သည် မည်သည့်ခေတ်အခါက ပေါ်ပေါက်လာသည်ဟု သမိုင်းကအတိအကျ မဆိုထားသော် လည်း ပုဂံခေတ်က အသုံးပြုခဲ့သည်ဟု စဉ်းစားဖွယ်ရာ အချက်များကို တွေ့နေရသည်။ မဟာဘုတ်ဗေဒင်ပညာ သည် မြန်မာလူမျိုးတို့၏ ရိုးရာ အစဉ်အဆက် လက်ဆင့်ကမ်း ယူဆောင်လာသော ပညာစစ်စစ် ဖြစ်၏။ နောက် မြန်မာလူမျိုး အများစုနှင့် အတော် နီးစပ်သောပညာရပ် ဖြစ်၏။ ထိုမဟာဘုတ်ပညာသည် လွန်စွာ တွက်ချက်၍ လွယ်ကူသည်ဖြစ်ရာ တစ်ချို့ လူများသည် လွန်စွာ အထင်သေးလေ၏။ (၇)ခုစား ၊ (၈)ခုစား လေးပါကွာ။ လွယ်လွယ်လေးပါကွာ စသည်ဖြင့် အထင်အမြင် သေးလှ၏။

အမှန်အတိုင်း ၀န်ခံရပါမူ ကျွန်ုပ်ကိုယ်တိုင် အသက်(၁၀)နှစ်သား လောက်ကပင် မဟာဘုတ်ဗေဒင် တွက်နည်းကို ကျွန်ုပ်ဖခင်၏ ကျေးဇူးဖြင့် တတ်မြောက်နေ၏။ မြန်မာသက္ကရာဇ် ဘယ်နှစ်ခုနှစ်ဆိုတာနှင့် အကြွင်းက ဘယ်လောက် ၊ ဘာကြွင်း ၊ ဖွားဇာတာက ဘာဖွား စသည်ဖြင့် တတ်နေခဲ့၏။ ပုတိဖွားလား ၊ ဘင်္ဂ ဖွားလား၊ အထွန်းဖွားလားပင် တွက်တတ်နေခဲ့၏။ အမှန်မှာမူ မဟာဘုတ် ဗေဒင်တွက်နည်းကိုသာ တတ် မြောက်ခြင်းဖြစ်၍ မဟာဘုတ်ဗေဒင်ပညာကို တတ်မြောက်ခဲ့ခြင်း မဟုတ်ပါ။ အခု ခေတ်တွင်လည်း ကျွန်ုပ်ငယ်စဉ်ကလို မဟာဘုတ် တွက်နည်းကို လူတိုင်းနီးပါး တတ်မြောက်နေကြ၍ မဟာဘုတ်ဗေဒင် ပညာကိုကား လူတိုင်း နားမလည်နိုင်ကြပေ။

တစ်ချို့ နားမလည်သော သူများက ဗေဒင်ပညာကို စာကျက်သလို ကျက်မှတ်ကြ၏။ အမှန်အတိုင် ပြောရလျှင် ထိုစာကျက်သူများသည်လည်း မဟာဘုတ်ကို တတ်မြောက် မသွားရှာပေ။ ကျက်တာလောက်ကတော့ ကြက်တူရွေး တစ်ကောင်ကို သေသေချာချာ လေ့ကျင့်ပေးရင်တောင် အကျက်သမားများကဲ့သို့ "အောင်လံထူ စစ်သူကြီးပွဲတို့ ၊ ပုတိသဘော မကျော်ဇော နှမျောတွန့်တို ရှိတတ်စွာ လောက်ကတော့ ရွတ်တတ်မည် အ မှန်ပင်။ကဲ... ကျွန်တော်တို့ မဟာဘုတ်ဗေဒင်ပညာ တွက်နည်းလေး စကြရအောင်ပါ။ တော်တော် လွယ်ပါ တယ်။ ၁၀-မိနစ်လောက် လေ့လာရင် တွက်တတ်ပါပြီ။

မဟာဘုတ်ဗေဒင်ပညာမှာ မိမိ၏ မြန်မာ မွေးသက္ကရာဇ်ကို တည်ပြီး ၊ (၇)နှင့် စားရပါတယ်။ အကြွင်းကို ဘင်္ဂဆိုတဲ့ နေရာက စချရမယ်။ အဲဒီလို ချတဲ့အခါမှာ ဂြိုဟ်တစ်ခုနှင့် တစ်ခု လေးခုမြောက်ကွာသော စတုရန်းလင်္ကာနှင့် ချရပါတယ်။

အောင် ၊ လံ ၊ ထူ ၊ စစ် ၊ သူ ၊ ကြီး ၊ ပွဲ

ဒါက စတုရန်း လင်္ကာပါ။ ပါးစပ်ကတော့ အောင်လံထူ စစ်သူကြီးပွဲလို့ ရွတ်ပြီးချရမယ်။ လက်က ချတဲ့နေရာမှာ တော့ ဂဏန်းသင်္ချာနဲ့ ရေးပြီး ချသွားရမယ်။ အောင်ဆိုရင်(၁) ၊ လံဆိုရင်(၂) ၊ ထူဆိုရင်(၀ သို့ ၇) ၊ စစ်ဆိုရင် (၃) ၊ သူဆိုရင်(၆)၊ ကြီးဆိုရင်(၂) ၊ ပွဲဆိုရင်(၅)။ အဲဒီလိုရေးပြီး ချသွားရမယ်။ အဲဒီမှာ အထူးသတိထားရမှာက မိမိကြွင်းတဲ့ ဂဏန်းက စချရမယ်။ ၁ကြွင်းရင် ဘင်္ဂဆိုတဲ့နေရာမှာ ၁-ကိုချ။ ပြီးရင် လင်္ကာရွတ်ပြီး ဆက်ချပေါ့။ အဲဒီလိုပဲ (၂)ကြွင်းရင် ဘင်္ဂဆိုတဲ့နေရာမှာ ၂-ကိုရေး ။ ပြီးရင် ကြီးပွဲအောင်လံထူစစ်သူ ဆိုပြီး လင်္ကာ ဆက်ရွတ် ပြီး ချပေါ့နော်။

ကဲ... မဟာဘုတ်ရဲ ပုံစံလေးကို အရင်ကြည့်ရအောင်။

Image Hosting by imagefra.me
ဒါကတော့ မဟာဘုတ်ကို ချရမယ် အစဉ်လေးပါ။ အဲဒီပုံလေးထဲကအတိုင်း ချရမှာပါ။


ဘင်္ဂဆိုတဲ့ နေရာလေးမှာကိုယ်ရဲ့အကြွင်းကို ချရပါတယ်။ ပြီးရင် မျှားပြထားတဲ့အတိုင်း အောင်လံထူစစ်သူကြီးပွဲ ဆိုပြီး ဆက်ချပေတော့။ အောက်မှာ မဟာဘုတ် (၁)ကြွင်းကနေ (၇)ကြွင်းထိ ပုံလေးတွေနှင့် ပြထားပါတယ်။

ဒါက မဟာဘုတ်(၁)ကြွင်းပုံစံပါ။


လင်္ကာကတော့=အောင်;လံ;ထူ;စစ်;သူ;ကြီး;ပွဲ

ဒါကတော့ မဟာဘုတ်(၂)ကြွင်းပုံစံပါ။
Image Hosting by imagefra.me
လင်္ကာကတော့-ကြီး;ပွဲ;အောင်;လံ;ထူ;စစ်;သူ;

ဒါကတော့မဟာဘုတ်(၃)ကြွင်းပုံစံပါ။
Image Hosting by imagefra.me
လင်္ကာကတော့-စစ်;သူ;ကြီး;ပွဲ;အောင်;လံ;ထူ;

ဒါကတော့မဟာဘုတ်(၄)ကြွင်းပုံစံပါ။
Image Hosting by imagefra.me
လင်္ကာကတော့-လံ;ထူ;စစ်;သူ;ကြီး;ပွဲ;အောင်;

ဒါကတော့မဟာဘုတ်(၅)ကြွင်းပုံစံပါ။
Image Hosting by imagefra.me
လင်္ကာကတော့-ပွဲ;အောင်;လံ;ထူ;စစ်;သူ;ကြီး;

ဒါကတော့မဟာဘုတ်(၆)ကြွင်းပုံစံပါ။
Image Hosting by imagefra.me
လင်္ကာကတော့-သူ;ကြီး;ပွဲ;အောင်;လံ;ထူ;စစ်;

ဒါကတော့မဟာဘုတ်(၀ သို့ ၇ )ကြွင်းပုံစံပါ။
Image Hosting by imagefra.me
လင်္ကာကတော့-ထူ;စစ်;သူ;ကြီး;ပွဲ;အောင်;လံ;

ကဲ... ဒီလောက်ဆိုရင် မိမိရဲ့ မဟာဘုတ်ကို မိမိကိုယ်တိုင် တွက်ကြည့်လို့ ရလောက်ပါပြီဗျာ။ ကိုယ် ဘာဖွားလဲ သိချင်တယ်ဆိုရင်တော့ ကိုယ်ချထားတဲ့ မဟာဘုတ်မှာ ကိုယ်မွေးနံ ရှိတဲ့နေရာဟာ ကိုယ့်ရဲ့ ဖွားဇာတာပေါ့ဗျာ။ ဘင်္ဂ ဆိုတဲ့နေရာမှာ ကိုယ့်မွေးနံ ရှိတယ်ဆိုရင် ကိုယ်က ဘင်္ဂဖွားပေါ့။ ကိုယ်မွေးနံက အထွန်းမှာ ရှိနေတယ် ဆိုရင်တော့ ကိုယ်က အထွန်းဖွားပေါ့ဗျာ။ မခက်ပါဘူး။ ကျန်တာကိုတော့ ဆက်သာလေ့လာ လိုက်ပါတော့ ဗျာ။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

မဟာဘုတ်နှင့်ရတနာသေတ္တာ

မဟာဘုတ်နှင့် ရတနာသေတ္တာ လုပ်နည်းပါ။ အရမ်း စိတ်ဝင်စားဖို့ ကောင်းပါ တယ်။ အရမ်းလည်း ကောင်းပါတယ်။ လူတိုင်းလည်း လုပ်ထားသင့်ပါတယ်။ ကျွန်တော်တို့ မဟာဘုတ်ပညာမှာ ဌာနအားဖြင့် (၇)ဌာန ရှိတယ်။ အောက်မှာ ပုတိရယ် ဘင်္ဂရယ် မရဏရယ် အပေါ်မှာက အထွန်းရယ် သိုက်ရယ် ရာဇရယ် အဓိပတိရယ် ဆိုပြီး နေရာ (၇)ဌာနရှိတယ်။ အဲဒီ (၇)ဌာနမှာက သူ့နေရာနှင့် သူ အဓိပ္ပါယ်တွေ ရှိနေတယ်။

အဲဒီ (၇)ဌာနထဲမှာ အရမ်း စိတ်ဝင်စားစရာ ကောင်းတဲ့ နေရာ တစ်ခု ရှိတယ်။ အလယ်က သိုက်ဆိုတဲ့ နေရာလေးပဲ။ သိုက်ဆိုတဲ့ သဘောက လုံခြုံတဲ့ ၊ စေ့စပ်တဲ့ အကာအကွယ် ဖြစ်စေတဲ့ သဘောရှိတယ်။ ပုံလေးကို ကြည့်လိုက်ပါလား။ သူက ဒီပြင့် နေရာတွေနဲ့ မတူဘူးလေ။ အလယ်မှာ သူ့ကို လေးဘက်လေးတန် ကာရံထားတယ်။ သူ့နေရာကလေးက ဘယ်လောက် လုံခြုံနေသလဲ။

အခု ကျွန်တော်တို့ ဘ၀မှာ ကိုယ်တိုင်ကြိုးစားရှာဖွေလို့ ရရှိထားတဲ့ ပစ္စည်း ဥစ္စာ ဓနငွေကြေးတွေကို လုံလုံခြုံခြုံ ဖြစ်အောင် သိမ်းဆည်းထားဖို့ အတွက် ဂမ္ဘီရနည်းနဲ့ သေတ္တာလေး တစ်လုံးလောက် စီရင်ထားရင် ကောင်းမယ်။ အဲဒီသေတ္တာလေးထဲကို မိမိနေ့စဉ် လစဉ် ၀င်သမျှ ငွေကြေးတွေကို ထည့်ထားပေါ့။ သေတ္တာလေး ကိုတော့ ရတနာသေတ္တာ ဆိုတဲ့အတိုင်း ရွှေချထားတာ ကောင်းတယ်။ တတ်နိုင်တဲ့ လူတွေကတော့ ကျောက်တွေ ဘာတွေ စီထားလို့ရတာပေါ့။

အဲဒီသေတ္တာပေါ်မှာတော့ (ဟိန်းတင့်ဇော်၏ ရတနာသေတ္တာ) ဒါက ဥပမာ ပြောတာနော်။ ကိုယ့်နာမည်နဲ့ ရေးပေါ့။ အထဲမှာတော့ အောက်ခံအဖြစ် ကတ္တီပါစတွေ ပိုးအစတွေကို အခံအဖြစ် ထည့်လို့ရပါတယ်။ နေ့စဉ် ရေမွှေးတွေ ဘာတွေ ဆွတ်ဖြန်းပေးပါ။ အပြင်ဘက်မှာတော့ ရွှေရောင် သော့ခလောက်လေး ခပ်ထားရမယ်။

တစ်ချို့ ပုတီးစိပ်တာတွေ ဘာတွေ ၀ါသနာပါတဲ့လူတွေကတော့ ကိုယ့်ရဲ့ ရတနာသေတ္တာလေးကို ရှေ့မှာ ချပြီး ပုတီးစိပ်လို့ ရပါတယ်။ အမွှေတိုင်တွေ ထွန်းချင်ရင်လည်း ထွန်းလို့ ရပါတယ်။ အရေးကြီးတာက ကိုယ်ဆီကို အကြောင်းအမျိုးမျိုးနဲ့ ၀င်ရောက်လာတဲ့ ငွေတွေကို အဲဒီသေတ္တာထဲကို အရင်ထည့်ရမယ်။ သေတ္တာလေး ပြည့်လျှံလာလို့ တစ်နေရာမှာ သိမ်းထားချင်တယ်ဆိုရင်တော့ သိမ်းထားလို့ရပါတယ်။
ကဲ... ကိုယ်ရဲ့ မဟာဘုတ်ကို ချပါ။ သိုက်ဆိုတဲ့ နေရာမှာ ဘာရှိလဲ။ တနင်္ဂနွေလား ၊ တနလာင်္ရှိနေသလားပေါ့။ အဲဒီမှာ ရှိတဲ့ နေနံ အသားနဲ့ သေတ္တာလုပ်ပါ။

မဟာဘုတ်တွက်တဲ့နည်းကို ဒီနေရာလေးမှာ အပြည့်အစုံ တင်ထားပေးပါတယ်ဗျာ.

မဟာဘုတ်နှင့်အဆောင်

မြန်မာ့ရိုးရာ ဗေဒင်ပညာ ရပ်တွေထဲမှာ လူသိများတဲ့ ပညာရပ်ကတော့ မဟာဘုတ် ဗေဒင်ပညာပါပဲ။ မြန်မာလူမျိုး တော်တော်များများဟာ မဟာဘုတ်ဆိုတာကို တော်တော်များများ ရင်းနှီးကြတယ်။ ပုတိဖွား ဘင်္ဂဖွား အထွန်းဖွား ဆိုတာလောက်တော့ လူတိုင်း သိကြတယ်။ တွက်တတ်ကြပါတယ်။

မဟာဘုတ်ပညာဟာ မခက်ပါဘူး။ လွယ်ကူပါတယ်။ ဒါပေမယ့် လေးနက်မှု့တွေပါတယ်။ နက်နဲတယ်။ သိမ်မွေ့တယ်။ ဒါကြောင့် မြန်မာလူမျိုး အထင်ကရ ဗေဒင်ပညာရှင်ကြီးတွေတောင် မဟာဘုတ်ပညာကို လက်မလွှတ်ကြပါဘူး။

ဒီနေ့ မျက်မှောက်ခေတ်မှာတော့ မဟာဘုတ်ပညာဟာ အသွင် ပြောင်းလဲလာတယ်။ ဟိုးအရင်တုန်းက သိကြတာက ဖွားဇာတာကို အဓိက ထားတယ်။ ပုတိ သဘောမကျော်ဇော။ မရဏဆိုရင် ဘာ အဲဒီလောက်ပဲ။ ဒါပေမယ့် မျက်မှောက်ခေတ်မှာကြတော့ ပညာရှင်ကြီးတွေရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ဟာ မဟာပညာကို ကြယ်ဝန်းနက်ရှိုင်းစွာ လေ့လာခွင့်ရခဲ့ကြတယ်။

အခုဆိုရင် မဟာဘုတ်ပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားပြီး ဆိုတာနဲ့ လူတစ်ယောက်ရဲ့ အကြောင်း စိတ်နေစရိုက် ဘ၀ကံကြမ္မာ မျိုးစုံကို မြင်ကြည့်လို့ရပါပြီ။ အခု ကျွန်တော် ပြောပြချင်တာက မဟာဘုတ်ပညာနှင့် အဆောင်ပုံအကြောင်းပါ။ ဘာကြွင်းရင် ဘာပုံဆောင်လို့ရလဲ။ အိပ်ဆောင် အဆောင်ပုံလေးတွေ ဆောင်ထားလို့ ရတယ်။ ဒါမှမဟုတ် ပန်းချီဆွဲပြီး အိမ်မှာ ချိပ်ဆွဲထားလို့ ရတယ်။ ဒါမှမဟုတ် မိမိတို့ရဲ့ ကုမ္ပဏီတို့ အလုပ်ရုံတို့ ဈေးဆိုင်တို့မှာ ပန်ချီဆွဲပြီး ချိပ်ထားလို့ ရပါတယ်။

  • (၁)ကြွင်းသူများ-နတ်သမီးပုံ။
  • (၂)ကြွင်းသူများ-နတ်သားရွှေအိုးထမ်းနေပုံ။
  • (၃)ကြွင်းသူများ-တံခွန်းလုံး စိုက်ထားတဲ့ အောင်အိုး။
  • (၄)ကြွင်းသူများ-ငွေအိုးစည်။
  • (၅)ကြွင်းသူများ-စိန်စီတဲ့ခေါင်းလောင်း။
  • (၆)ကြွင်းသူများ-မေမြို့ပန်းတွေ ဝေနေအောင်ထိုးထားတဲ့ စိန်စီထားတဲ့ ဖလား။
  • (၇)ကြွင်းသူများ-သပြေပန်းတွေ ဝေနေအောင်ထိုးထားတဲ့ ဖလား။

အော်..ဒါနဲ့ ။ လုံးဝမသိတဲ့ သူတွေက မေးဦးမယ်။ ဘာကို ဘာနဲ့ ဘာလုပ်လို့ ဘာကြွင်းတာလဲလို့။ အဲ မြန်မာမွေးသက္ကရာဇ်ကို တည်။ (၇)နှင့်စား။ အကြွင်းအလိုက် ဆောင်ထားလို့ရမယ့် အဆောင်များ ဖြစ်ပါကြောင်း။

သင့်ဘ၀အဖော်မွန်အကြောင်း(7)

အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၄ ၊ ၁၂၈၁ ၊၁၂၈၈ ၊၁၂၉၅ ၊၁၃၀၂ ၊၁၃၀၉ ၊၁၃၁၆ ၊၁၃၂၃ ၊ ၁၃၃၀ ၊ ၁၃၃၇ ၊ ၁၃၄၄ ၊ ၁၃၅၁ ၊ ၁၃၅၈ ၊ ၁၃၆၅ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက.....

စိတ်ပိုင်းဆိုင်ရာ........
လျင်မြန်စွာ ဆုံးဖြတ်ချက်ချတတ်တယ်။ မခံချင်စိတ် အရမ်းကြီးမားတယ်။ ဒေါသလည်းကြီးတယ်။ မျိုသိပ်မထားတတ်ဘူး။ နောက် ပေါက်ကွဲလွယ်တယ်။

ရုပ်ပိုင်းဆိုင်ရာ........
သူက- အလှအပမက်မောတယ်။ နောက်ပြီး အရမ်းလည်း မွမ်းမံပြင်ဆင်တတ်တယ်တဲ့။ ခေတ်ဆန်တယ်။ မာန်မာနကတော့ ကြီးသလားမမေးနဲ့။ ကြည့်လိုက်ရင် သွက်သွက်လက်လက်ကလေးပဲ။ သိပ်တော့ တည်ငြိမ်မှု့ မရှိဘူး။

စီးပွားရေးနှင့်-လူမှု့ရေး......
လိုရင်တစ်မျိုး မလိုရင်တစ်မျိုးနဲ့ ပရိယာယ်ကြွယ်တယ်။ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ဟန်ဆောင် သိပ်ကောင်း တယ်။ အနုပညာတွေ ဘာတွေလုပ်ရင် ထွန်းပေါက် အောင်မြင်လွယ်တယ်။ အိမ်ထောင်ရေးကတော့ သူ့စိတ် ကြီးပဲဆိုတော့ သိပ်အဆင်မပြေလှဘူး။ အလျိုတွေ လူပျိုတွေဆိုရင်တော့ အချစ်ဇာတ်လမ်းလေးတွေ များတတ်တယ်ပေါ့။

ကျန်းမာရေးဆိုင်ရာ.......
နှလုံးရောဂါ ၊ သွေးအားနည်းတဲ့ရောဂါ ၊ ရင်တုန်ခြင်း ၊ သည်းခြေပျက်တဲ့ရောဂါ ၊ မူးဝေမောပန်းခြင်းများ ဖြစ်တတ် တယ်။

လိုက်နာကျင်ဆောင်ရန်.......
စိတ်ရှည်ရှည်ထားပါ။ သည်းခံစိတ်ကို အကျအန မွေးမြူပါ။ စိတ်လိုက်မာန်ပါ မလုပ်နဲ။ ဒီလောက်ပါပဲ....

သင့်ဘ၀အဖော်မွန်အကြောင်း(6)

အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၃ ၊ ၁၂၈၀ ၊၁၂၈၇ ၊၁၂၉၄ ၊၁၃၀၁ ၊၁၃၀၈ ၊၁၃၁၅ ၊၁၃၂၂ ၊ ၁၃၂၉ ၊ ၁၃၃၆ ၊ ၁၃၄၃ ၊ ၁၃၅၀ ၊ ၁၃၅၇ ၊ ၁၃၆၄ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက.....

စိတ်ပိုင်းဆိုင်ရာ.......
သူဟာ စိတ်ကူးအရမ်း ယဉ်တတ်တယ်။ လူတစ်ဖက်သားကို ခွင့်လွှတ်တတ်တယ်။ ဟန်ဆောင် အရမ်းကောင်း တယ်။ အားနာတတ်တယ်။ ပရိယာယ် ကြွယ်ဝတယ်။ လိမ်တတ်တယ် ၊ လှည့်စားတတ်တယ်။ စိတ်အပြောင်း အလဲ မြန်တယ်။

ရုပ်ပိုင်းဆိုင်ရာ........
ဟန်ကောင်းကောင်းနဲ့ ပျော်ပျော်နေတတ်တယ်။ စကားကို လွယ်လွယ်ပြောတတ်တယ်။ ဂတိပေး အရမ်းမြန် တယ်။ အာမခံ ရဲတယ်။ လူတွေကို အပေါ်ယံ သကာလောင်း ဆက်ဆံတတ်တယ်။

စီးပွားရေး-လူမှုရေးဆိုင်ရာ.......
ပေါင်းသင်းဆက်ဆံရေး ကောင်းပေမယ့် သူရဲ့ ဟန်ဆောင်တတ်တာရယ်၊ ကြွားတတ်တာရယ်ကြောင့် အောင်မြင်မှု့ မရတတ်ဘူး။ အားနာတတ်လို့လည်း မကြာမကြာ အခက်တွေ့ရတတ်တယ်။ သူတို့ဘ၀မှာ အချစ်ရေး အိမ်ထောင်ရေး အရှုပ်အထွေးတွေများတယ်။ နောက်ပြီး ဂတိပေးပြီး ဂတိပျက်တတ်သောကြောင့် လူတွေက သူ့ကို မယုံမကြည်ဖြစ်တတ်တယ်။

ကျန်းမာရေးဆိုင်ရာ......
အကြောနှင့်ပါတ်သက်သောရောဂါများ ဖြစ်တတ်တယ်။ အစာအိမ်ရောဂါ နှင့် လေထိုးလေအောင့်ရောဂါတွေ ဖြစ်တတ်တယ်။ နောက်ပြီး ခြေလက်ကပ်ခြင်း အကြောသေခြင်းတွေကိုလည်း သတိထားသင့်တယ်။

လိုက်နာကျင့်ဆောင်ရန်......
လူတွေကို ဟန်ဆောင်မှု့ မရှိဘဲ ဆက်ဆံပါ။ ပေးထားသော ဂတိတစ်ခုကို တန်ဖိုးထားပါ။ အားမနာတတ်အောင် ကြိုးစားပါ။ အချစ်ရေးနျင့် အိမ်ထောင်ရေးကိစ္စများတွင် သစ္စာရှိပါ။

သင့်ဘ၀အဖော်မွန်အကြောင်း(၅)

အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၂ ၊ ၁၂၇၉ ၊၁၂၈၆ ၊၁၂၉၃ ၊၁၃၀၀ ၊၁၃၀၇ ၊၁၃၁၄ ၊၁၃၂၁ ၊ ၁၃၂၈ ၊ ၁၃၃၅ ၊ ၁၃၄၂ ၊ ၁၃၄၉ ၊ ၁၃၅၆ ၊ ၁၃၆၃ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက.....

စိတ်ပိုင်းဆိုင်ရာ....
တစ်သီးတစ်သန့် နေလိုစိတ်ကြီးမားတယ်။ သွေးသားဆွေမျိုးသားချင်းတွေနဲ့ မပျော်မွေ့ခြင်း။ အိမ်ထောင်ရေးကို စိတ်ကုန်မြန်ခြင်း။ အတွေးအခေါ်နှင့် ပေါင်းသင်းဆက်ဆံရေးတွင် တည်ငြိမ်ခန့်ငြားတယ်။

ရုပ်ပိုင်းဆိုင်ရာ.....
အနေအထိုင်သန့်ပြန်တယ်။ လူနေဟန်ထား ခန့်ခြားတယ်။ အိမ်ထောင်ဖက်၏ ကောင်းကျိုးကို မခံစားရခြင်း။ အပြင်လုမျာ၏ လေးစားခံရလွယ်ခြင်း အထင်ကြီးခံရခြင်း။

စီးပွားရေးနှင့် လူမှု့ရေးဆိုင်ရာ.....
အိမ်တွင်းစီးပွားရေး မထွန်းကားဘူး။ ဆွေမျိုးသားချင်းတွေနဲ့ ပေါင်းစပ်ပြီး စပ်တူစီးပွားရေး လုပ်ကိုင်မရဘူး။ အိမ်အပြင်မှာဆိုရင်တော့ အောင်မြင်လွယ်တယ်။ ကျော်ကြားလွယ်တယ်။ ဆွေမျိုးသားချင်းတွေပေးတဲ့ ဒုက္ခကို ခါးစီးခံရမယ်။

ကျန်းမာရေးဆိုင်ရာ....
ဦးခါင်း၊ဦးနှောက်ရောဂါဖြစ်ပွားလွယ်တယ်။ ခေါင်းမူးမယ်။ သွေးတက်တယ်။ ဆီးရောဂါဖြစ်ပွားလွယ်တယ်။ ဒူလာမုတ်ကျရောဂါ ဖြစ်လွယ်တယ်။ ဒူးခေါင်းကိုက်ခြင်း၊ ဦးခေါင်းကိုက်ခြင်း၊ ရောင်ခြင်းများနှင့် အမျိုးသမီးဆိုပါက သားအိမ်တွင်ရောဂါ ဖြစ်တတ်ပါတယ်။

လိုက်နာကျင်ဆောင်ရန်.....
တစ်ကိုယ်ကောင်းမဆန်သင့်ပါဘူး။ တစ်ယောက်တည်း အထီးကျန်ဆန်စွာ မနေသင့်ပါဘူး။ ဆွေမျိုးတွေနှင့် သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်နေထိုင်သင့်ပါတယ်။ အိမ်ထောင်ရေးကို ပျော်ရွှင်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ့်ရဲ့ မိသားစုအပေါ်မှာ တစ်ဖက်သတ် အနိုင်မယူသင့်ပါဘူး။

သင့်ဘ၀အဖော်မွန်အကြောင်း(၄)

အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၁ ၊ ၁၂၇၈ ၊၁၂၈၅ ၊၁၂၉၂ ၊၁၂၉၉ ၊၁၃၀၆ ၊၁၃၁၃ ၊၁၃၂၀ ၊ ၁၃၂၇ ၊ ၁၃၃၄ ၊ ၁၃၄၁ ၊ ၁၃၄၈ ၊ ၁၃၅၅ ၊ ၁၃၆၂ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက.....


စိတ်ပိုင်းဆိုင်ရာ =
မခံချင်စိတ်ကြောင့် လောဘကြီးဟန်ဖြစ်ခြင်း ၊ ဖြတ်လမ်းသဘောလုပ်ငန်းလုပ်လိုခြင်း ၊ မခံချင်စိတ်ဖြစ်လွယ် ခြင်း ၊ စိတ်ကျေနပ်ရောင့်ရဲမှူ့ နည်း၍ အပြောင်းအလဲမြန်ခြင်း ၊အယုံလွယ်ခြင်း ။

ရုပ်ပိုင်းဆိုင်းရာ =
ဟန်- မာန်-အကြွား သဘောဆောင်ခြင်း ၊ လုပ်ငန်းများလုပ်ရာတွင် မသေသပ်ခြင်း ၊ ဂဏာမငြိမ်သော အမူအ ရာဖြစ်ခြင်း ၊ ဘုမသိဘမသိ သဘောနှင့် အိမ်ထောင်ပြုရတတ်ခြင်း ။

စီးပွားရေး ၊ လူမှုရေးဆိုင်ရာ=
အတိုက်အခံ ရန်ပေါများခြင်း ၊ လုပ်ငန်းများ အမျိုးမျိုးပြောင်းလဲခြင်း ၊ လက်တွေ့ ဆန်ခြင်း ၊ စီးပွားရေးလော ဘကြီးသောကြောင့် ရုတ်တရက် ပျက်စီးတတ်ခြင်း ၊ ဧည့်ဝတ် မကျေပွန်တတ်ခြင်း ။

ကျန်းမာရေးဆိုင်ရာ =
သွေးနှင့်ပတ်သော ရောဂါများ ဖြစ်ပွားတတ်ခြင်း ၊ ခွဲစိတ်ဖြတ်တောက် ရောဂါများ ကြုံလွယ်ခြင်း ၊ ရုတ်တရက် ဘေးဥပါဒ်ကြုံခြင်း ၊ သွေးတိုး ၊ အကြောပြတ် ၊ သွေးသွန် ၊ သားပျက်ဖြစ်လွယ်ခြင်၏ ။

လိုက်နာကျင့်ဆောင်ရန် =
ဖြတ်လမ်းသဘောပါသော စီးပွားရေးများမလုပ်ခြင်း ၊မခံချင်စိတ် လောဘစိတ် ၊ထိန်းသိမ်းနိုင်ခြင်း ၊ လုပ်ငန်း အမျိုးမျိုးမပြောင်းလဲခြင်း ၊ တစ်ခုခုကို ဇောက်ချလုပ်ကိုင်ခြင်းပြုပါ ။

သင့်ဘ၀အဖော်မွန်အကြောင်း(၃)

အကယ်၍ သင်၏ ဘ၀အဖော်မွန်သည် ၁၂၇၀ ၊ ၁၂၇၇ ၊၁၂၈၄ ၊၁၂၉၁ ၊၁၂၉၈ ၊၁၃၀၅ ၊၁၃၁၂ ၊၁၃၁၉ ၊ ၁၃၁၉ ၊ ၁၃၂၆ ၊ ၁၃၃၃ ၁၃၄၀ ၊ ၁၃၄၇ ၊ ၁၃၅၄ ၊ ၁၃၆၁ ၊ စသောမြန်မာ သက္ကရာဇ်များတွင် မွေးဖွားသူ ဖြစ်ပါက................

စိတ်ပိုင်းဆိုင်ရာ=
စိတ်တိုခြင်း ၊ စိတ်မြန်ခြင်း ၊ နှုတ်ထွက်စကားဆိုးခြင်း ၊ ကြမ်းခြင်း ၊ ဘုဘောက်ဆက်ဆံခြင်း ၊ အတိုက်အခံစိတ်ကြီးမားခြင်း ၊မမျိုသိပ်ထားနိုင်းခြင်း ။

ရုပ်ပိုင်းဆိုင်ရာ=
လှုပ်ရှားပြောင်းလဲမှုများခြင်း ၊သွေးသားအုပ်စုနှင့်မတည့်ခြင်း ၊မွေးရပ်မြေမှ လွင့်ပါးနေရခြင်း ၊ အိမ်ထောင်ရေးရုတ်တရက်ကျခြင်း ၊ပျက်စီးလွယ်ခြင်း ၊မွေးချင်းမိဘနှင့် ခွဲခွါရတတ်ခြင်း ။

စီးပွားရေး ၊ လူမှူ့ ရေးဆိုင်ရာ=
မခံချင်စိတ်ကြောင့် ပျက်စီးလွယ်ခြင်း ၊ စကားများများပြောက အတိုက်အခံကြုံရခြင်း ၊ ခရီးများများသွားက ရန်များခြင်း ၊ ကျန်းမားရေးညံ့ခြင်း ၊ သွားလေရာ အိမ်ထောင်ကျလွယ်ခြင်း ၊ အိမ်ထောင်ဆက်များခြင်း ။

ကျန်းမားရေးဆိုင်ရာ=
ခံတွင်းနှင့်သွား ပျက်စီးလွယ်ခြင်း ၊ လေအောင့် ရင်အောင့် ရောဂါရလွယ်ခြင်း ၊ ခြေထောက် ထိခိုက်ပျက်စီးခြင်း ၊ ခွဲစိပ်ရောဂါများ ဖြစ်ပွါးလွယ်ခြင်း ၊လေဖြတ်တတ်ခြင်း ။

လိုက်နာကျင့်ဆောင်ရန်=
စကားပြောသိမ်မွေ့ ပါ ၊ အတိုက်အခံသဘောရှောင် ၊ ခရီးသွားလာမှူ့  များခြင်းကိုရှောင်ကျဉ်ခြင်း ၊ စိတ်ပိုင်း ရုပ်ပိုင်းတည်ငြိမ်စွာနေခြင်း ၊ရုတ်တရက် တဇွတ်ထိုးစကားမပြောရ ။

သင့်ဘ၀အဖော်မွန်အကြောင်း(၂)

အကယ်၍သင်၏ ဘ၀အဖော်မွန်သည် ၁၂၆၉ ၊ ၁၂၇၆ ၊ ၁၂၈၃ ၊ ၁၂၉၀ ၊ ၁၂၉၇ ၊ ၁၃၀၄ ၊ ၁၃၁၁ ၊ ၁၃၁၈ ၊ ၁၃၂၅ ၊ ၁၃၃၂ ၊ ၁၃၃၉ ၊ ၁၃၄၆ ၊၁၃၅၃ ၊ ၁၃၆၀ စသော မြန်မာသက္ကရာဇ်များတွင် မွေးဖွားသူဖြစ်ပါက


စိတ်ပိုင်းဆိုင်ရာ=
သူဟာ တစ်ဖက်သတ်တစ်ယူသန်ဆန်တယ်။ တရားတစ်ဖက် ဓားတစ်ဖက် ပြုကျင့်လွယ်တယ်။ သူ့ကို အုပ်ချုပ် မှုကကို အလွန်ဆန်ကျင်တတ်တယ်။ အယူအဆအစွဲအလမ်း ကြီးမားတတ်တယ်။ ဘာသာတရားနဲ့ နတ်ကိုယုံကြည်တတ်တယ်။
ရုပ်ပိုင်းဆိုင်ရာ=
အကြောများသန်စွမ်းမာကြောခြင်း၊ အနေအထိုင် သတ်ရပ်သိမ်မွေ့ဟန်ရှိခြင်း၊ အပေါင်းအသင်းနှင့် ပူးတွဲနေထိုင်ပျော်ပါးခြင်း။ ဟန်ဆောင်ကောင်းတယ်။ လက်တွေ့ဆန်လွန်းတယ်။
စီးပွားရေး၊လူမှု့ရေးဆိုင်ရာ=
မိမိသဘောအတိုင်း စွန့်စားလုပ်ကိုင်မယ်ဆိုရင် အမှားများမယ်။ ပျက်စီးမယ်။ ပူးတွဲပေါင်းစပ် အုပ်ချုပ်မှု့ အာက်မှာ လုပ်ကိုင်မယ်ဆိုရင် ကြီးပွားလွယ်တယ်။ အပေါင်းအသင်းကြောင့် ပျက်စီးလွယ်ခြင်း။ အုပ်ချုပ်မှု့ကို သီးမခံနိုင်တဲ့အတွက် သူ့မှာ အတိုက်အခံတွေ များမယ်။ စိတ်ဆင်းရဲရမယ်။

ကျန်းမာရေးဆိုင်ရာ=
ဦးနှောက်အာရုံကြောတွေ ပျက်စီးလွယ်တယ်။ နှလုံးရောဂါလည်း ဖြစ်ပွားလွယ်တယ်။ မျက်စေ့၊နား။ အာရုံခံစားမှုများ ပျက်စီးလွယ်တယ်။ သည်းခြေပျက် မှတ်ညာဏ်ပျက်ခြင်းများ ဖြစ်တတ်တယ်။

လိုက်နာကျင့်ဆောင်ရန်=
မိမိသဘောနဲ့ စိတ်ထင်ရာ မလုပ်နဲ့။ မိဘ ဆရာ အုပ်ထိမ်းသူတို့၏ သဘောကို လိုက်နာရမယ်။ အရမ်းကြီး လွတ်လွတ်လတ်လတ် မနေရဘူး။ ရုတ်တရက် စိတ်လိုက်မာန်ပါ မလုပ်ရဘူး။ ဒါဆိုသေချာပေါက် အောင်မြင်မယ်။

သင့်ဘ၀အဖော်မွန်အကြောင်း(၁)

အကယ်၍သင်၏ဘ၀အဖော်မွန်သည် ၁၂၈၂ ၊ ၁၂၈၉ ၊ ၁၂၉၆ ၊ ၁၃၀၃ ။ ၁၃၁၀ ၊ ၁၃၁၇ ၊ ၁၃၂၄ ၊ ၁၃၃၁ ၊ ၁၃၃၈ ၊ ၁၃၄၅ ၊ ၁၃၅၂ ၊ ၁၃၅၉ စသော မြန်မာမွေးသက္ကရာဇ်များတွင် မွေးဖွားသူဖြစ်ပါက....

သူ၏စိတ်ပိုင်းဆိုင်ရာ=
သူသည် လူဖြောင့်စိတ်တိုဖြစ်၏။ နေရာတကာတွင် ဦးဆောင်လိုသောသူဖြစ်၏။ စိတ်လည်း အလွန်မြန်သူ ဖြစ်၏။ သည်းခံလိုသော စိတ်လည်း မရှိ။ မည်သည့်အရာကိုမျှ အားမနာတတ်ပေ။ သူသည် ခက်ထန်၏။ မခံချင် စိတ်လည်း အလွန်ကြီးမားသူဖြစ်လေသည်။

သူ၏ရုပ်ပိုင်းဆိုင်ရာ=
သူ့ကိုကြည့်လျှင် အစဉ်အမြဲ ဖြတ်လတ်နေ၏။ ဘာကိုပဲလုပ်လုပ် လျင်လျင်မြန်မြန် ဆောင်ရွက်လေ့ရှိ၏။ သူ၏ ကိုယ်ခန္ဓာသည် မာကျော၍ ကျစ်လစ်နေ၏။ အရပ်အနည်းငယ် ပုဟန်ရှိ၏။ ဟန်ဆောင်ကောင်း၏။ ရဲရင့်၏။ သူ၏အသံသည် အစဉ်ကျယ်၏။ သူသည် ပိန်ပါက ရောဂါမကင်းချေ။

သူ၏စီပွားရေး၊လူမှု့ရေးဆိုင်ရာ=
ဈေးသည်၊ ကုန်သည်လုပ်ငန်း အကျိုးမပြုခြင်း ။ လူအများနှင့် ပူးတွဲပေါင်းစပ် အကျိုးမခံစားရခြင်း ၊ သူတစ်ပါး ကို အားကိုးယုံကြည်လျှင် ဒုက္ခဖြစ်လွယ်ခြင်း ၊ ကိုယ်ဒူး ကိုယ်ချွန်မှ အကျိုးခံစားရခြင်း ၊ မိဘ ၊ ဆွေမျိုး ၊အိမ်ထောင်ဖက် ၊ ဆရာတပည့်များ၏ အကျိုး မခံစားရခြင်း။

ကျန်မာရေးဆိုင်ရာ=
သူသည် လေရောဂါ ၊ လိပ်ခေါင်းရောဂါ ၊ ဒူလာရောဂါ ၊ မီးယပ်ရောဂါ ၊ ၀မ်းကိုက်ရောဂါ ၊ ရင်ခေါင်းစသည် တို့တွင် ဖြစ်တတ်တဲ့ ရောဂါများ။ အစာအိမ်ရောဂါ။ သည်းခြေရောဂါ။ ရေချိုးမှားခြင်း။ အဆုတ်ရေ၀င်ခြင်း စသောရောဂါများ ဖြစ်တတ်ပါတယ်။

လိုက်နာကျင့်ဆောင်ဖွယ်။
လူအောက်ကြို့ပေါင်းရမယ်တဲ့။ သူတစ်ပါးတွေကို လုံးဝ အားမကိုးရဘူး။ ကိုယ်ပေါင်း စိတ်ခွါပေါင်းသင်း ဆက်ဆံရမယ်။ လူတွေနဲ့ စိတ်ရှည် သီခံတတ်မယ်ဆိုရင် သင်၏ ဘ၀ကြင်ဖော်သည် မုချ အောင်မြင်သော ပုဂ္ဂိုလ်ဖြစ်လာပါလိမ့်မည်။