ပျောက်စေမယ်တော်ကြီးကက်သရင်း

“ ပျောက်စေ ဟူသောတန်ခိုးကိုယုံပါသလား”
မည်သူမယုံယုံ ဒေါက်တာဟင်နရီကတော့ အသဲစွဲယုံသည်။ ဒေါက်တာဟင်နရီသည် ပစ်စဘတ်မြို့တွင် ၁၉၆၃ ခုနှစ်၌ သူသေသည်အထိ ဆေးခန်းဖွင့်ပြီး ကုသွားသော ဆရာဝန်ဖြစ်သည်။ သူ့တွင် စွဲကပ်နေသော နာတာရှည်ရောဂါဖြစ်သော ထိပ်ကပ်နာ၊ ညာဖက်နားပင်းနေခြင်းနှင့် အရိုးဆက်လွဲရောဂါ သုံးခုကို ပျောက်စေဆရာမကြီး ကက်သရင်းက ကုသပေးသဖြင့် လုံးဝ ပျောက်ကင်းကြောင်းကို လူတွေ့တိုင်း ပြောဆိုခဲ့သည်။

ဒေါက်တာဟင်နရီကို ကုသပေးခဲ့သည်မှာ ၁၉၅၀ ခုနှစ်ကဖြစ်သည်။ ဒေါက်တာဟင်နရီက “ကျုပ်က ဒါတွေကို မယုံပါဘူး၊ မိန်းမက နားပူနားဆာ လုပ်တာနဲ့ ဆရာမကြီးကက်သရင်းဆီ ရောက်သွားတပဲ၊ ကျုပ်က ဆရာဝန်ဆိုတော့ နားလည်တာပေါ့။ ကုလို့ပျောက်လောက်မယ်ဆိုရင် ဆေးသိပ္ပံနဲ့ကုတာ ကြာလှပြီ၊ ဒါပေမဲ့ဗျို့ - ဆရာမကြီး ကက်သရင်းက ကျုပ်ကိုအထိုင်ခိုင်းပြီး ၊ သူကဘုရား တန်ခိုးတော်နဲ့ ပျောက်စေ- ပျောက်စေ လို့လဲ ကုလိုက်ရော ကျွန်တော့်ရဲ့ပင်းနေတဲ့ နားထဲမယ် ပူရှိန်းရှိန်း ဖြစ်လာတာပါဘဲ။ ဒါတောင် ကျုပ်ကဘာမှ ယုံသေးတာ မဟုတ်ပါဘူး။ အိမ်ပြန်ရောက်လို့ သတိရလိုက်တဲ့ အခါကျမှ ပင်းနေတဲ့နားက ပြန်ကောင်း၊ ထိပ်ကပ်နာကလဲ ပျောက်သွားပြီး ၊ လည်ပင်းညှပ်ရိုးက ဖုကြီးဟာလဲ ပျောက်ခြင်းမလှ ပျောက်ကွယ် သွားတာတွေ့ရတယ်” ဟု ပြောပြသည်။

“ကျုပ်ကတော့ ကိုယ်တွေ့မို့ တန်ခိုးဆိုတာ ယုံသဗျာ” ဟုလည်း ထပ်လောင်း အတည်ပြုသည်။
ကာလီဖိုးနီးယားမှ ဆရာဝန်တစ်ဦးက ဒေါက်တာဟင်နရီ၏ အရိုးဖုကြီး ပျောက်သွားသည်ကို မယုံ၊ အရိုးဆက်လွဲ၍ အရိုးဖုသွားသည်ဆိုသည်မှာ ဆရာဝန်၏ ဆုံးဖြတ်ချက် အမှားဖြစ်သည်။ ဆက်သော နေရာမှ အရိုးရောင် ခြင်းသာဖြစ်ရမည်ဆိုသည်။ ထိုအခါ ဒေါက်တာရော့စ်က ဟင်နရီ၏ အရိုးကို ရိုက်ကူးထားသော ဓာတ်မှန်ပုံကိုပြသည်။ ဓာတ်မှန်ထဲတွင် အရိုး နှစ်ခုသည် ပြေပြစ်ညီညာစွာ ဆက်နေသောပုံဖြစ်သည်။ ထိုအခါကျမှ မယုံနိုင်သူ ဆရာဝန်၏ စောဒကငြိမ်သွားလေသည်။

ပင်ဆီလ်ဗေနီးယားမှ မစ္စတာ ဂျော့ခန်သည် ၁၉၂၇ ခု တွင်သံရည်ကြိုစက်တွင် အလုပ်လုပ်ရင်း သံပူရည် မျက်စိထဲသို့ ဝင်သွားလေရာ မျက်စိတစ်ဖက် ကွယ်သွားလေသည်။ မျက်စိကွယ်ကြောင်း ဆေးလက်မှတ် တင်ပြပြီး အလုပ်ရုံမှ လျော်ကြေးရခဲ့သည်။ ၁၉၈၄ ခုနှစ် မေလတွင် ပစ်စဘတ်မြို့၌ ဆရာမကြီး ကက်သရင်းက ဂျော့ခန်အား ပျောက်စေနည်းဖြင့်ကုသည်။ ဂျော့ခန်၏မျက်စိထဲတွင် လျှပ်စစ်များ ဝင်လာလိုက်သကဲ့သို့ဖြစ်ပြီး မျက်ရည်များ ကျလာသည်။ သူ့မျက်ရည်တွေကြားထဲမှ ကွယ်နေသော မျက်လုံးသည် ရှေ့ရှိအရာဝတ္ထုများ၊ လူများအားလုံးကို တဖြေးဖြေးခြင်း ပြန်မြင်လာသည်ကို ဂျော့ခန်သည် တအံ့တသြတွေ့ရသည်။

ဂျော့ခန်သည် သူ့အား လွန်ခဲ့သော အနှစ် (၂၀) ကမျက်စိကွယ်သွားပြီဟု ဆုံးဖြတ်ချက်ချခဲ့သော ဆရာဝန်ထံပြန်သွားပြီး ပြသရာ ဆရာဝန်က တစ်ခါက ကန်းခဲ့သော မျက်လုံးကို အသေအချာ စမ်းသပ်ကြည့်သည်။ ပြီးတော့မှ ဆရာဝန်သည် လန့်ဖြန့်သွားသကဲ့သို့ဖြစ်ပြီး “ ဒါကတော့ တစ်ခုခုဘဲဗျ ဆန်းတယ်” ဟု မှတ်ချက်ချသည်။

ဤသို့ရောဂါများကို ဘုရားကု၊ မနောကုနည်းဖြင့် ကုသလိုက်ရာ ပစ်စဘတ်မြို့တွင် ၁၉၄၈ ခု ဂျူလိုင်လမှစ၍ ကက်သရင်း၏ သတင်းသည် တောမီးလောင်သည့်ပမာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည်။ “ဆရာမကြီး ကက်သရင်းဆီ ပို့ပေးပါ” ဆိုလျှင် ပစ်စဘတ်မြို့တက္ကစီသမားတိုင်းက နောက်တစ်ခွန်း ထပ်မမေးတော့ဘဲ ဝေါကနဲ လိုက်ပို့ပေးနိုင်အောင် ကျော်ကြားထင်ရှားသည်။ သောကြာနေ့တွင် ရောဂါကုပေးရာ လူနာ (၂၀၀၀) ခန့် စောင့်နေတတ်သည်။ တနင်္ဂနွေ ဘုရားဝတ်ပြုနေ့ဆိုလျှင် လူ (၅၀၀၀) ခန့်ရှိသည်။ ထို့နောက် လော့စ်အိန်းဂျလီစ် သို့ သွားပြီးကုရာ လူတွေကြိတ်ကြိတ်တိုး နေသည်။ ဆန်ဖရန်စစ္စကို သွားလျှင်လည်း ပရိတ်သတ်က အသင့်စောင့်နေကြသည်ပင်။

ကလီဗီလင်းစိန့်လု ဆေးရုံကြီး ခွဲစိတ်ကုဌာနမှုး ဒေါက်တာစီဆီဆိုလျှင် ကက်သရင်း၏ အံ့ဖွယ် ပျောက်စေတန်ခိုးကို ချီးမွမ်း၍ မကုန်နိုင်ဖြစ်သည်။ ခြေခွင်နေသော ကလေးကို တစ်ခဏချင်း ခြေဖြောင့်သွားစေရာ အကြိတ်လုံးကြီးကို မျက်စိရှေ့တွင် ပျောက်သွားအောင် ကုသပြသည်ကို သူကိုယ်တိုင်ကြည့်ခဲ့ရကြောင်း ထပ်တလဲလဲပြောနေသည်။

ပင်ဆီလ်ဗေးနီးယားမှ ဓာတ်မှန်ဆရာဝန် တစ်ဦးကလည်း အစပထမတွင် ကက်သရင်းကို မယုံကြည်ခဲ့သော်လည်း နောင်အခါတွင် ဆေးကုဝတ်ပြုရာ ဓာတ်ခန်းသို့သွားပြီး ကူညီ ဆုတောင်းဝတ်ပြု နေလေသည်။ “ ကြောရိုးကြီးတစ်ခုလုံး တောင့်တင်း ကိုက်ခဲနေတဲ့ လူနာတစ်ယောက်ဟာ ကျွန်တော်ရှေ့မှာပဲ ပျောက်ကင်းသွားတယ်။ အဲဒီကြောရိုးဟာ ကင်ဆာဖြစ်နေလို့ ကုမရတော့ဘူးလို့ ဆရာဝန်တွေက လက်လျှော့ထားတာ” လို့ သူကပြောတယ်။

“ပျောက်တာတော့ ဟုတ်ပါရဲ့ ဒါက ဟစ်စတီးရီးယားကြောင့် ဖြစ်တာမို့ ယုံကြည်ချက်ရှိလိုက်တာနဲ့ ဟစ်စတီးရီး ယား ပျောက်သွားတာ မဖြစ်နိုင်ဘူးလား” ဟု မယုံကြည်နိုင်သူတစ်ဦးက စောဒကတက်သည်။
“ ဟင်အင်း - မဖြစ်နိုင်ဘူးဗျ ၊ နဖူးနဲ့ ခြေဖျားထိလုမတတ် ခါးကြီး၊ အမြဲကုန်းနေတဲ့ လူနာတစ်ယောက်ဟာ ဆေးပညာသဘောအရ ကြာရင်ပြန်မမတ်နိုင်ဘူး ။ အကြောတွေ ဆိုင်းပြီး ကုန်းဘဲနေရမယ်” ဆရာဝန်က ပြန်ဖြေတယ်။

မစ္စက်ဗစ်ချာသည် သူမ၏ ၁၀လသမီးကလေး ဘီလီကို ပစ်စဘတ်ဆေးရုံကြီး အာရုံကြောဌာနသို့ သွားရောက်ပြသရာ ဦးနှောက်ထဲရေဝင်သော ရောဂါရှိသည်ဟုဆိုသည်။ ဆွံ့အနားမကြား ကျောင်းသို့ သွားပို့ထားပါဟု အကြံပေးသည်။ သို့သော် ကက်သရင်းထံသို့ ခေါ်လာပြီး မနောကု၊ မေတ္တာကုဖြင့် ကုလိုက်ရာ တဖြေးဖြေး သက်သာလာသည်။ နောက်တစ်ပတ်အတွင်းတွင် ကလေး၏ရောဂါမှာ လုံးဝပျောက်ကင်းသွားပြီး အခြားကလေးများကဲ့သို့ လှုပ်ရှားစကားပြော ဆိုနိုင်လာသည်။

တစ်ခါတစ်ရံတွင် ဆုတောင်းမေတ္တာပို့ရင်း ဝေဒနာရှင်များကို ကိုယ်ချင်းစာစိတ်ဖြင့် ဂရုဏာသက်လာရာ မျက်ရည်များပင် ကျလာလေသည်။ အချို့လူနာများကို ရှေ့တွင်ရပ်၍ ဆုတောင်းပေးသည်။ အချို့လူနာများအား ခေါင်းကို လက်နှင့်သပ်၍ ဆုတောင်းပေးသည်။ ဘုရားကိုတိုင်တည်လိုက်၊ လူနာကို မေတ္တာပို့လိုက်ဖြင့် အလွန်စိတ်အား ထက်သန်လာပြီးလျှင် ဘာကိုမှမမြင် ၊ မကြားတော့ဘဲ မေတ္တာဈာန်စိတ်သာ ထားလေသည်။

ကမ္ဘာပေါ်တွင် ယခုအခါ ယုံကြည်မှုဖြင့် ကုခြင်း၊ မနောကုခြင်း၊ ဘုရား၏မေတ္တာဖြင့်ကုခြင်း၊ မေတ္တာပို့ကုခြင်းမှာ တစ်နေရာသာ မဟုတ်။ နေရာအနှံ့အပြားတွင်ရှိသည်။ အထူးသဖြင့် အမေရိကန်တွင် ထွန်းကားသည်။ မကြာသေးမီကလည်း နယူးယောက်ရှိ ဗုဒ္ဓဘာသာရဟန်း မစ္စတာခန်းသည် ဗုဒ္ဓ၏ မဟာဂရုဏာတော်ဖြင့် လူများစွာတို့၏ ရောဂါဝေဒနာကို ကုသခဲ့သည်။ လူများမှာ တစ်နေ့တစ်ခြား များပြားလာသဖြင့် ကုသနိုင်သော လက်ထောက်ဆရာဝန် များပင် မလုံမလောက်ဖြစ်နေသည်။ စေတနာရှင်တစ်ဦး၏ အလှူငွေဖြင့် ဖေါင်ဒေးရှင်း တစ်ခု တည်ထောင်ပြီးလျှင် အကြီးအကျယ် မေတ္တာပို့၍ ကုပေးနေလေသည်။

၁၉ ရာစု နှစ်ကလည်း ဒေါက်တာ မက်စမာကြီးသည် လူများ၏ ဝေဒနာမျိုးစုံကို လက်ဖြင့်သပ်ပေးခြင်းဖြင့် ပျောက်စေကုပေးခဲ့သည်။ စိတ်ညှို့ဆရာကြီး မကိစမာက ကုသပေးသူ၏ထံမှ စွဲငင်မှုအားများက လူနာ၏ ရောဂါကို ပျောက်ကင်းစေသည်။ ဆရာ၏ မမြင်ရသောအားသည် လူနာထံရောက်သွားပြီး ရောဂါပျောက် ကင်းစေသည် ဟုဆိုသည်။ သူ့နောက်တွင် ချာလ်ကော့ ဒေါက်တာ အာစတိုင်းတို့ကလည်း များစွာသော ဝေဒနာရှင်များကို ဆေးဝါးမဖက် ကိရိယာမကူဘဲ လက်ဖြင့်သပ်ရုံ၊ ပျောက်စေဟုဆိုရုံဖြင့် ဝေဒနာအများအပြား ပျောက်ကင်းချမ်းသာကုန်သည်။

သီအိုဆိုဖီအသင်းကို တည်ထောင်သူလည်းဖြစ်၊ သာသနာ့ အလံတော်ကို စတင်ပြုလုပ်ခဲ့သူလည်းဖြစ်သော ကာနယ် အောလ်ကော့သည် သီဟိုဠ်ကျွန်းတစ်ခွင် ပြဲပြဲစင်အောင် ပျောက်စေနည်းဖြင့် ရောဂါစုံကို ကုသပေးခဲ့သည်။ ကာနယ်အောလ်ကော့သည်လည်း မက်စမာကြီးကဲ့သို့ပင် စိတ်ညှို့ပါရဂူ တစ်ဦးဖြစ်သည်။ လူနာများကို နှုတ်မှပျောက်စေဟု ပြော၍လည်းကုသည်။ လက်ဖြင့်သပ်ပေးခြင်းဖြင့် လည်းကုသည်။ နောက်ဆုံးတွင် လူနာတွေ ကြိတ်ကြိတ်တိုးလာပြီး မနိုင်မနင်း ဖြစ်လာသောအခါ ရေစည်တစ်ခုလုံးကို လက်နှင့်သပ်ပြီး ပျောက်စေဟု “မန်း” ၍ ကုသခဲ့ရာ ပျောက်သည်ချည်းဖြစ်သည်။

အချို့ကြေးစား မနောကုဆရာများလည်း ရှိသည်။ “ပရီဒစ်ရှင်” ၊ “ဖိတ်” စသော မဂ္ဂဇင်း ကြော်ငြာကဏ္ဍတွင် မနောကုပညာရှင်များ တန်းစီ၍ ကြော်ငြာထားသည်ကို တွေ့ရသည်။ မြန်မာပြည်ကလည်း ပျောက်စေ ကုနည်းတွင် ကမ္ဘာနှင့် ရင်ဘောင်တန်းလိုက်သည်။ မြန်မာပြည်တွင် အနည်းနှင့်အများ ပျောက်စေဆရာများ ပြတ်သည်ဟုမရှိ။ တစ်နေရာမရှိလျှင် တစ်နေရာတွင် ရှိတတ်သည်။ သို့သော် အသေအချာ လေ့လာစူးစမ်းသူများ မရှိသေး၍ အတိအကျကား မသိရချေ။ တိုက်ဆိုင်၍ ပျောက်ကင်းသူများလည်း ရှိကောင်းရှိမည်။ အိန္ဒိယပြည်တွင်ကား သာ၍ပေါသည်။ ဆာဒူး၊ ဖကီးများ ခြေချင်းလိမ်အောင် ပေါများလှပြီး ယုံလွယ်သူ အိန္ဒိယသားတို့ ဌာနေသည် ပျောက်စေဆရာများ၏ ဘူမိနက်သန်ဖြစ်ပေသည်။

တကယ်တန်းမေတ္တာတရားဖြင့် ကျင့်ကြံအားထုတ်ပြီး စေတနာဖြင့်ကုသသော ပျောက်စေ ဆာဒူး၊ ဖကီးများလည်း ပေါများပါသည်။ မိမိအလှူခံသည်ကို မလှူသဖြင့် ကျိန်စာတိုက်သော ဖကီးများ ၊ မြေကြီးထဲ တွင်းအောင်းပြီး ၁ လခန့်နေပြီးမှ လောင်းကြေးအဖြစ်ရသော မြင်းကိုစီးပြီး စီးပွားရှာသော ဆာဒူးများလည်း ရှိကြောင်း ကြားရသည်။ သို့သော်လည်း ဒေါက်တာပေါလ်ဘရင်တန်၊ မုနိဆာဒူး ၊ သီအိုဘာနတ်စသော သုတေသီများကပင် လေးစားရသော မေတ္တာရှင် ပျောက်စေဆရာများသည် အန္ဒိယပြည် ၊ အီဂျစ်ပြည်တို့တွင် မရှားလှပါချေ။ မည်သို့ဖြစ်စေ စိတ်ညှို့ခြင်းဖြင့်လည်းကောင်း ၊ ဘုရားထံ ဆုတောင်းခြင်းဖြင့်လည်းကောင်း ၊ မေတ္တာပို့ခြင်းဖြင့်လည်းကောင်း ရောဂါဝေဒနာကို သက်သာပျောက်ကင်း စေသည်မှာကား မငြင်းနိုင်ချေ။

အာဖရိကတိုက်လူရိုင်းများတွင်လည်း နတ်ဆရာ ၊ စုန်းဆရာတို့ကပင် ပျောက်စေနည်းဖြင့် ရောဂါဝေဒနာတို့ကို ကုသကြသည်။ တကယ့်ကိုယ်တွေ့ အဖြစ်အပျက်များပေါ်တွင် မူတည်၍ ဇာတ်အိမ်ဖွဲ့ရေးလေ့ရှိသော ရိုက်ဒါဟတ်ဂတ်၏ အာဖရိက စွန့်စားခန်းဝတ္ထုများတွင် ဤနတ်ဆရာ၊ စုန်းဆရာ များကို တွေ့ရသည်။ အာရှတိုက်တွင်းရှိ မဖွံ့ဖြိုးသေးသော ဒေသများတွင်လည်း ပျောက်စေ ဆရာများရှိကြောင်း ကြားရသည်။ သြစတြေးလျတိုက်တွင် လူရိုင်းလူမျိုးစုများ ရှိသေးသည်။ ၎င်းတို့သည် ယဉ်ကျေးသော လောကကြီးနှင့် အဆက်ပြတ်ပြီး ကျန်ရစ်ခဲ့သော ကျောက်ခေတ် ကြေးခေတ်လူသားများ ဖြစ်သည်။

အမေရိကန် တက္ကသိုလ်တစ်ခုမှ မနုဿဗေဒ ပညာရှင်များက ယင်းလူရိုင်းအုပ်စုကို သွားရောက် လေ့လာသောအခါ စိတ်တန်ခိုးကို အသုံးပြုခြင်းနှင့် ပျောက်စေရောဂါကိုပါ အသုံးပြုလျက်ရှိကြောင်း တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် ကမ္ဘာက စုန်းဟူသော ဝေါဟာရနှင့် ကုသခြင်းကိုတွဲ၍ နားလည်ထားကြသည်။
ရှေးဟောင်းအစွဲအလန်းတို့ကို မယုံကြည်ဟုဆိုသော ဆိုဗီယက်မှာပင် ပျောက်စေဆရာများ စုန်းများရှိသည်ဟု ကြားရသည်။ ဆိုဗီဝက်မှ နာမည်ကျော် ပျောက်စေဆရာများ၏ အမည်မှာ ရဲဘော်ကင်ချပ်ဇီနှင့် ဗိုလ်မှူးကြီး အလတ်ဇီကရီဗိုရိုတော့ဖ် တို့ဖြစ်သည်။ ဆိုက်ဗေးရီးယား နယ်တစ်ခွင်တွင်ကား ပျောက်စေဆရာများ ပေါများပါသည်။ ရဲဘော်ကင်ချပ်ဇီ နှင့် ဗိုလ်မှူးကြီး အလက်ဇီက ရီဗိုရိုတော့ဖ်မှာ ဂျော်ဂျီယာကိုယ်ပိုင် သမ္မတနိုင်ငံ၏ မြို့တော် ဘီလစ်တွင်နေသည်။

ဒေါက်တာ (ဗိုလ်မှူးကြီး) ကရိုဗိုရိုတော့ဖ်သည် တပ်မတော်မှ အငြိမ်းစားယူပြီးနောက် သားဖြစ်သူ ဆရာဝန်နှင့် တွဲဖက်၍ စိတ်တန်ခိုးဖြင့် မနောကု (ဝါ) ပျောက်စေဆရာအဖြစ် လူနာများကို ကုသပေးလျက်ရှိသည်။ ခါးနာ၊ ခါးကိုက်၊ အဆစ်အမြစ် ကိုက်ခဲသောရောဂါ ၊ ကူးစက်တတ်သော ရောဂါနှင့် အာရုံကြောနှင့် ဆိုင်သော ရောဂါများကို အထူးသဖြင့် အောင်မြင်စွာ ကုသပေးနိုင်သည်။

လူနာတစ်ဦးဦးကို သားဆရာဝန်က စစ်ဆေးစမ်းသပ်ပြီး ဘာရောဂါဖြစ်သည်ကို ဆုံးဖြတ်သည်။ ရောဂါတွေ့လျှင် ကုလားထိုင် တစ်လုံးပေါ်တွင် ထိုင်စေကာ ကရိုဗိုရိုတော့ဖ်က နောက်မှရပ်လျက် လူနာခေါင်းပေါ်မှနေ၍ အောက်ကိုလက်ဖြင့် သပ်ချပေးခြင်းဖြစ်သည်။ ဗိုလ်မှူးကြီး၏လက်သည် လူနာကို မထိငြားသော်လည်း သူ့လက်ထဲမှ အပူငွေ့ဓာတ်များ ထွက်လာသည်ကို ခံစားရသည်ဟု လူနာများက ဆိုသည်။ ကိုယ်အတွင်း၌ရှိသော ဝေဒနာကိုကုသလျှင် အထဲက ခန္ဓာကိုယ် အစိတ်အပိုင်းတို့သည် လှိမ့်လှိမ့်တက်လာသည်။ တစ်ခါတစ်ရံတွင် ဗိုလ်မှူးကြီး လက်မှထွက်လာသော အပူဓာတ်သည် မီးနှင့်ကင်လိုက်သလို ခံစားရသည် ဟု လူနာများက ပြောပြသည်။

သိပ္ပံပညာရှင် ဗိုလ်မှူးကြီးကို စက်ကိရိယာ အမျိုးမျိုးနှင့် စမ်းသပ်စစ်ဆေးကြရာ ကီးအာလီယံ ဓာတ်ပုံ ရိုက်နည်းဖြင့်လည်း စမ်းသပ်ကြသည်။ လူ၏ကိုယ်ရောင် (ဝါ) မမြင်ရသော ခန္ဓာကိုယ်ခွဲကို ဓာတ်ပုံရိုက်နည်းဖြင့် စမ်းသပ်သောအခါ ဗိုလ်မှူးကြီး၏လက်မှ ထူးထူးခြားခြား ရုပ်နုခန္ဓာ (အားစွမ်းများ) ထွက်နေသည်ကို တွေ့ရသည်။ မီးပွင့်မီးလျှံများ ထွက်နေသည်ကို တွေ့ရသည်။ ဆက်လက်၍ စမ်းသပ်ကြရာ လူ၏စိတ်ကိုလိုက်၍ ရုပ်ခန္ဓာက ပြောင်းလဲလာသည်ကို တွေ့ရသည်။ တစ်စုံတစ်ခုခံစားမှုကို ပြင်းပြစွာ ခံစားရလျှင် ကမ္မဇိဒ္ဓိခန္ဓာခေါ် ရုပ်နုတွင် အရောင်အဆင်းနှင့် အလင်းရောင်အနည်းအများ ပြောင်းလဲသွားသည်ကို တွေ့ရသည်။

မွန်ထရီရဲလ်ရှိ မတ်ဂီတက္ကသိုလ်မှ ဒေါက်တာဘာနတ်က ပျောက်စေတစ်ယောက်၏ လက်ကို ရေစိမ်ပြီ ယင်းရေဖြင့် ဘာလီစေ့များကို သွန်းလောင်း စိုက်ပျိုးကြည့်ရာ အခြားအစေ့ရိုးရိုးထက် အပေါက်မြန်ပြီး အကြီး သန်သည်ကို တွေ့ရသည်။ တစ်ဖန် စိတ်ရောဂါရပြီး ညှိုးမှိုင်တွေနေသောလူနာ၏ လက်ဆေးရေကိုလောင်း၍ စိုက်ပျိုးကြည့်ရာ အပင်ပေါက်နှေးပြီး ကြုံလှီသေးကွေးသည်ကို တွေ့ရသည်။ ဆိုဗီယက် သိပ္ပံပညာရှင်များက အမျိုးမျိုး စမ်းသပ် လေ့လာပြီးနောက် ပျောက်စေ (ခေါ်) စိတ်တန်ခိုးဖြင့် ကုသခြင်းနှင့် ပတ်သက်၍ စိတ်ချလက်ခံ နိုင်ဖွယ် အချက်အလက်များကို တွေ့ရှိကြရသည်။

ကီအာလီယံ၏ ဓာတ်ပုံအရ စိတ်တန်ခိုးဖြင့်ကုသရာတွင် ကုသပေးသောဆရာထံသို့ တောက်ပြောင်သော အားအစွမ်းများ ထွက်ခွာသွားသည်။ ယင်းအားစွမ်းများမှာ ဘိုင်အိုပလပ်စမာခေါ် ကမ္မဇိဒ္ဓိရုပ်နုမှုန်များပေါ်သို့ ကျရောက်သောအခါ အားကောင်းသော ရုပ်နုမှုန်က အားနည်းသော ရုပ်နုမှုန်၏ ဖောက်ပြန်မှုဖြစ်သော ရောဂါဝေဒနာကို ကုသခြင်းသာဖြစ်သည်။ တရုတ် အပ်စိုက်ကုသနည်းသည်လည်း ပျောက်စေ (ဝါ) စိတ်ကု ၊ မနောကုနည်းကဲ့သို့ပင် လူ၏ခန္ဓာကိုယ်ခွဲ ရုပ်နုဖြစ်သော ကမ္မဇိဒ္ဓိရုပ်ကို အခြေပြု၍ ကုခြင်းဖြစ်သည်။

ကီအာလီယံဓာတ်ပုံဖြင့် လူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရိုက်ကြည့်သောအခါ လူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်လာသော အလင်းရောင်များအနက် အချို့သောနေရာများမှ ထွက်လာသော အလင်းရောင်သည် ပိုမို တောက်ပ အားကောင်းသည်ကို တွေ့ရသည်။ တရုတ်အပ်စိုက်က လူခန္ဓာကိုယ်တွင် အပ်စိုက်ရန်အတွက် ကမ္မအသက် စွမ်းအားကို ထိရောက်နိုင် အချက်အချာ နေရာများနှင့် ကီအာလီယံ၏ ဓာတ်ပုံမှ ထွက်လာသော နေရာချင်း အတူတူပင်ဖြစ်သည်ကို တွေ့ရသည်။

အကျင့်ပါနေသော လူ၏စိတ်သည်သူ၏ သက်စောင့်ဓာတ်ကမ္မဇီဝိတ ရုပ်ကိုထိခိုက် ပြောင်းလဲစေသည်ဟု တရုတ်ဆေးကျမ်းများတွင် ဆိုထားသည်။ ထို့အပြင် အိန္ဒိယ ယောဂကျမ်းများတွင် ဖော်ပြထားသော ကုန္တလီနီ ထွက်ပေါ်ရာ “စက္ကရ” ပေါက်များနှင့် အပ်စိုက်နေရာများ တစ်ထပ်တည်း ကျနေသည်ကိုလည်း တွေ့ရပြန်သည်။ ဆိုဗီယက်တို့သည် တရုတ် ၊ အိန္ဒိယ ၊ ရှေးပညာရပ်များနှင့် ကီအာလီယံ၏နည်းကို ပူးပေါင်း၍ အကြီးအကျယ် သုတေသန ပြုလျက်ရှိသည်။ ယခုအခါ ဆံချည်မျှင်တစ်မျှင်မျှမလွဲ အပ်စိုက်ရန်နေရာကို ရှာပြနိုင်သော “ တိုဗီစကုတ် ” ခေါ် ကိရိယာကို တီထွင်ထားသည်။ ဤကိရိယာကို အိပ်စ်ပို ၆၇ ပွဲတော်တွင် ဆိုဗီယက်တို့က ထုတ်ပြ ထုတ်ပြထားလေသည်။

ဤသို့ ရုပ်ကြမ်းခန္ဓာ၊ ရုပ်နုခန္ဓာ ၊ကမ္မဇိဒ္ဓိရုပ် ၊အပ်စိုက်ပညာ ၊ စက္ကရ စိတ်တန်ခိုးတို့ကို ပူးပေါင်းလိုက်ပြီးနောက် ရောဂါကို ကုရုံသာမက လူ့လက်မောင်း အိုးပေါ်ရှိ စက္ကရကို အပ်စိုက်ပညာဖြင့် နိုးပေးခြင်းအားဖြင့် စိတ်တန်ခိုးသိဒ္ဓိ အမျိုးမျိုးကို ရစေနိုင်သည်ဟု ဆိုသည်။ သို့သော် မကျွမ်းကျင်သူများ မစမ်းသင့် ။ နည်းလမ်းမမှန်ပါက အသက်ကို ရန်ရှာတတ်ပြီး အနည်းဆုံးကုမရအောင် ရူးသွားနိုင်ပေသည်။

ပျောက်စေရောဂါကု ပါရမီပါလာသူဖြစ်စေ၊ စိတ်ညှို့ဆရာဖြစ်စေ ၊ ဘာသာတရားကို ယုံကြည်ကိုးကွယ်မှု သဒ္ဓါတရား အလွန်ထက်သန်သူဖြစ်စေ၊ (သဘာဝ လျှို့ဝှက်ချက်များဖြစ်သော တုန်လှိုင်းရိုက်ခတ်မှုကို သိလျက်နှင့်ဖြစ်စေ ၊ မသိဘဲနှင့်ဖြစ်စေ အခြေခံထားသော ) အောက်လမ်းဆရာဖြစ်စေ ၊၎င်းတို့အားလုံး၏ တစ်ခုတည်းသော တူညီချက်မှာ စိတ်စွမ်းအား ( ဝါ ) စိတ်တန်ခိုး ကောင်းခြင်းဖြစ်သည်။ စိတ်တန်ခိုးအနေဖြင့် အထက်လမ်းနှင့် အောက်လမ်း ၊ ပယောဂ နှင့် စိတ်ညှို့ဟု ခွဲခြားခြင်းမပြုချေ။

ကမ္မဇီဒ္ဓိရုပ်နုသည် မီးညွန့်မီးတောက်သည် လေယူရာတိမ်းရသကဲ့သို့ စိတ်၏ စေစားရာကို တိမ်းယိမ်းရသည်ဖြစ်ရာ စိတ်စွမ်းအား (ဝါ) စိတ်တန်ခိုး ရှိနေသူတစ်ဦး၏ ကမ္မဇီဒ္ဓိရုပ်နုခန္ဓာသည် သူ့စိတ်စေစား လိုက်သည်နှင့် တပြိုင်နက် စိတ်၏ စေစားရာကိုလိုက်၍ ပြုလုပ်ပေးသည်။ ဆောင်ရွက်ပေးရသည်။ပျောက်စေ မနောကုဆရာတစ်ဦးသည် ခေါင်းကိုက်နေသော လူနာတစ်ဦး၏ ခေါင်းကိုက်ဝေဒနာကို ပျောက်စေရန် ကုသည်ဆိုပါစို့။

သူ၏လက်ဖြင့် လူနာ၏ ခေါင်းပေါ်ကို မထိစေဘဲ သပ်လိုက်သည်ဆိုပါစို့။ မနောကုဆရာ၏ ခေါင်းကိုက်ပျောက်စေလိုသော စိတ်ဆန္ဒ၏ စေခိုင်းမှုကြောင့် ရုပ်နုကမ္မဇိဒ္ဓိ ခန္ဓာသည်သူမသိဘဲ သူ့ကိုယ်ထဲမှ ထွက်ခွာသွားသည်။ သူ့ရူပခန္ဓာမှနေ၍ မီးပွားသဖွယ်ဖြာထွက်သွား၍ လူနာ၏ ဦးခေါင်းသို့ ရောက်သွားမည်။ လူနာ၏ ဦးခေါင်းတွင် ကိုက်ခဲနေသော ဝေဒနာ၏ ဇစ်မြစ်မှာ သူ၏ရုပ်ခန္ဓာတွင်တည်သည်။ ယင်းရုပ်နုခန္ဓာမှတဆင့် ရုပ်ကြမ်းဦးခေါင်းကို ဆက်ပြီး ဝေဒနာ ခံစားရခြင်းဖြစ်သည်။

ထို့ကြောင့်လူနာ၏ ဦးခေါင်းရှိ ဝေဒနာစွဲကပ်နေသော ရုပ်နုခန္ဓာခေါ် ကမ္မဇိဒ္ဓိခန္ဓာပေါ်သို့ ပျောက်စေဆရာ၏ အားကောင်းသော အရှိန်ပြင်းထန်သည့် ကမ္မဇိဒ္ဓိရုပ်နုမှုန် (ရောဂါရှိသော)သည် လွင့်ပျောက်သွားသည်။ ရုပ်နုတွင် ရောဂါပျောက်သွား (သို့မဟုတ်) အင်အားနည်းနေသောလူနာ၏ ခန္ဓာကမ္မဇိဒ္ဓိ ရုပ်နုမှုန်များသည် အင်အားကောင်းဆရာထံမှ ကမ္မဇိဒ္ဓိရုပ်နုမှုန်များ၏ ဖြည့်တင်းပေးမှုကြောင့် အားကောင်းလာမည်။ ရုပ်နုခန္ဓာတွင် ဝေဒနာ ပျောက်ကင်းသွားပါက ရုပ်နုခန္ဓာမှတဆင့် ရုပ်ကြမ်းခန္ဓာကို ရောဂါဝေဒနာ ပျောက်ကင်းစေမည် ဖြစ်လေသည်။

ရောဂါဖြစ်မှကုသခြင်းသည် သမားကောင်းမဟုတ်။ ရောဂါမဖြစ်မီကတည်းက တားနိုင်ရမည်ဟု တရုတ်ဆေးကျမ်းများက ဆိုသည်။ အနောက်နိုင်ငံစကားများတွင်လည်း ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဟုဆိုသည်။ ဤစကားမှာ အဓိပ္ပါယ်လေးနက်လှသည်။ တရုတ်၏ မိသားစုတစ်စုသည် မိမိတို့ ကျန်းမာရေးအတွက် သမားတော်တစ်ဦးအား ကြိုတင်၍ အပ်နှံထားရမည်။ သမားတော်က ယင်းမိသားစုကို ကြိုတင်ကာကွယ်၍ ဆေးကုထားရသည်။ ဤအထဲက ရောဂါတစ်ခု ဖြစ်ပေါ်လာလျှင် သမားတော်က သူတာဝန်ရှိ၍ မိသားစုကို ငွေပြန်ရော်ရသည်။ ဆိုလိုသည်မှာ ရုပ်ကြမ်းခန္ဓာတွင် ရောဂါမဖြစ်မီ ရုပ်နုခန္ဓာ ကမ္မဇိဒ္ဓိရုပ်တွင် ရောဂါဖြစ်ပေါ်နေခိုက် ယင်းရုပ်နုခန္ဓာ ကမ္မဇိဒ္ဓိခန္ဓာရှိ ရောဂါကို အပ်စိုက်ဖြင့်၊ ပျောက်အောင် ကုသသဖြင့် ရုပ်ကြမ်းခန္ဓာသို့ ရောဂါမဖြစ် ပေါ်စေရန်ဖြစ်သည်။

လူ၏ရောဂါကင်းမှု ၊ကျန်းမာမှုတို့သည် ကမ္မဇိဒ္ဓိခန္ဓာပေါ်တွင် တည်သည်။ ထို့ကြောင့် ကမ္မဇိဒ္ဓိ ခန္ဓာကိုပင် ရှေးကသက်စောင့်ဓာတ် ပရာဏဓာတ် စသည်ဖြင့် ခေါ်ကြခြင်း ဖြစ်သည်။ ဤကမ္မဇိဒ္ဓိ ရုပ်ခန္ဓာ သေသွားသောအခါ (သို့မဟုတ်) ဤရုပ်ခန္ဓာသည် လူ့ခန္ဓာကိုယ်မှ အပြီးအပိုင် ထွက်ခွာသွားသော အခါတွင် သေသည်ဟု ခေါ်ခြင်းဖြစ်သည်။ ထို့ကြောင့်လူသေခါနီးတွင် အလွန်ကောင်းမွန်၍ တိကျသော ချိန်ခွင်ဖြင့် ချိန်ကြည့်ရာ သေသောအခါ ၃ အောင်စခန့် လျော့သွားကြောင်း သိပ္ပံပညာဖြင့် သိရလေသည်။

လူ၏ခန္ဓာကိုယ်မှ ခွာသွားသော ကမ္မဇိဒ္ဓိခန္ဓာသည် ရုတ်တရက် တစ်ခုတစ်ခြားစီ ပျက်စီးမသွားဘဲ အတန်ကြာရှိနေသေးသည်။ အထိုက်အလျောက် အသိဥာဏ်လည်းရှိသေးသည်။ ဤကမ္မဇိဒ္ဓိ ခန္ဓာကိုပင် မတော်တဆ တွေ့မြင်သွားသူများက တစ္ဆေခြောက်သည်ဟု ယူဆကြခြင်းဖြစ်သည်။ အချို့သော တစ္ဆေသရဲစသော ဝိဥာဏ်များသည် ဤကမ္မဇိဒ္ဓိ ခန္ဓာရုပ်ရှိ ရုပ်နုခန္ဓာဖြင့် လည်းရှိကြသည်။ တစ္ဆေသရဲစသော ပရလောကရှိ နာနာဘာဝ ဝိနာဘာဝတို့သည် လေတွင်ပါသော အောက်ဆီဂျင်ဖြင့် ရုပ်ကြမ်းခန္ဓာကို သွေးသစ်လောင်းရန် အတွက်လည်း လေကိုပင်မှီခို နေရလေသည်။

လေထဲတွင် လျှပ်စစ်ဓာတ် အဖိုနှင့် အမရှိသည့်အနက် အီယွန်သည် အမဓာတ်ဖြစ်သည်။ လျှပ်စစ်အမဓာတ်ရလျှင်ကျန်းမာသည်။ လူ၏ခန္ဓာကိုယ် ကျန်းမာသည်။ လူ၏ ရုပ်နုခန္ဓာကိုယ် ကျန်းမာရေးအတွက် အီယွန်သည် မရှိမဖြစ်သော ပစ္စည်းဖြစ်သည်။ ထို့ကြောင့် ရှေးယောဂကျမ်းများက လေထဲရှိ ပရာဏဓာတ်များကို ရှူရှိုက်ပေးရမည်ဟု ဆိုခြင်းဖြစ်သည်။ အမှန်အားဖြင့် ရုပ်နုခန္ဓာအတွက် လိုအပ်သော လျှပ်စစ်အမဓာတ် အီယွန်ကို ရှူခိုင်းခြင်းဖြစ်သည်။ ဤအချက်ကို သိပ္ပံပညာက နားမလည်မီက ယောဂကျမ်းများကို ယုတ္တိမရှိဟု နှာခေါင်းရှုံ့ကြခြင်းဖြစ်သည်။

လူပေါ်လာပြီးနောက် ကမ္ဘာ့စွဲငင်အားကိုတွေ့သည်။ နောက် မက္ကနစ်အား၊ နောက်လျှပ်စစ်ဓာတ်အား၊ နောက်အနုမြူအား စသည်တို့တွေ့လျှင် လူ့ယဉ်ကျေးမှုအသစ်ထွန်းကားသည်။ ယခုလည်း ဘိုင်အိုပလပ်စမာခေါ် ကမ္မဇိဒ္ဓိရုပ်နုခန္ဓာအားကို တွေ့ရနေပြီဖြစ်ရာ ပျောက်စေ မနောကုသာမက ရှေးက မဖြေရှင်းနိုင်ခဲ့သော အခြားစွမ်းအား တန်ခိုးများကိုလည်း လူသားတစ်ရပ်လုံးက မကြာမီ ပိုင်ပိုင်နိုင်နိုင် ရရှိတော့မည် ဖြစ်ပေသည်။ ဆရာကြီးမောင်ကျောက်တိုင် (စိတ်တန်ခိုးကိုလေ့လာခြင်းစာအုပ်မှ)

သင်၏မျက်လုံးကို စွမ်းအင်များ ရရှိလာအောင်

လူ၏ မျက်စိသည် အလွန် တန်ခိုး ကြီးမား၏။ သားရဲ တိရ စ္ဆာန်များသည် လူ၏ မျက်စိကို အလွန် ကြောက်၏။ စူးရှ ထက်မြက်သော မျက်စိဖြင့်စိုက်၍ ကြည့်လျှင်ပင် တုန်လှုပ်၍ပင်လာ၏။ ထက်မျက်သော မျက်စိများသည် မထက်မြက်သော မျက်စိများ၏ အပေါ်သို့ အုပ်ချုပ် လွှမ်းမိုးသွား၏။

လူ၏မျက်စိသည် စိတ်ဝိညာဏ်၏ ပြူတင်းပေါက်များ သဖွယ်ဖြစ်၏။ မျက်စိမှ ကြည့်လိုက်သောအခါ အတွင်းစိတ် ၀ိညာဏ်သို့ တိုက်ရိုက် စူးရှ ပေါက်ရောက်၏။ ထို့ကြောင့် မျက်စိတန်ခိုးဖြင့် လူများကို ညှို့နိုင်လေသည်။

စိတ်ညှို့ရာတွင် မျက်စိအား ထက်သန်လေလေ အကျိုးရှိ လေလေဖြစ်၏။ ထို့ကြောင့် ထက်မျက် စူးရှသော မျက်စိများကို ရအောင် လေ့ကျင့်ရာ၏။ မျက်စိတန်ခိုး ကြီးမား ထက်သန်စေရန် လေ့ကျင့်ရာ၌ နံက်စောစောနှင့် ညအချိန်တို့သည် အကောင်းဆုံးဖြစ်၏။ ထိုအခါ မအိပ်ချင်စေရ။

တစ်နေရာရာ၌ ထိုင်လျှက် မိမိရှေ့က စိုက်ကြည့်စရာ တစ်စုံတစ်ခုကို ထားရမည်။ သို့မဟုတ် မှန်တစ်ချပ်ကို ထား ၍ နှခေါင်းရင်း မျက်စိနှစ်လုံးကြားတွင် အမှတ်ကလေး တစ်ခုခု ပြုလုပ်၍ မှန်ထဲရှိ ၎င်းအမှတ်ကလေး၏ အရိပ်ကို စိုက်ကြည့်ရမည်။

မျက်စိမှာ ပြူး၍လည်း မထားရ။ မှန်မှန် စိုက်ကြည့်နေရမည်။ မျက်တောင် မခတ်ပဲ ကြာကြာ ကြည့်နိုင်သရွေ့ ကြည့်ရမည်။ မျက်တောင်မညောင်းပဲ မျက်တောင်မခတ်ပဲ ၅-မိနစ် ၊ ၁၀-မိနစ် ၊ ၁၅-မိနစ် စသည်ဖြင့် ကြာကြာ နေနိုင်သည့် တိုင်အောင်ကြိုးစားရမည်။ အချို့မှာ တစ်နာရီ နှစ်နာရီပင် ကြည့်နိုင်၏။ ကြာကြာကြည့်န်ုင် လေလေ မျက်စိတန်ခိုး ကြီးမားလာလေလေ ဖြစ်၏။

ဤကဲ့သို့ တစတစကျင့်စဉ် မျက်တောင်ညောင်း၍ ခတ်ချင်မှိတ်ချင်လာလျှင် မျက်ခွံကို အသာမ ပင့်ပေးနိုင် သည်။ မျက်ရည်များကျ၍ မျက်စိစပ်လာလျှင် ဆက်လက်၍ မကြည့်နိုင်ပုံပေါက်က ရေအေးအေးနှင့် မျက်နှာ သစ်ပေးပါလေ။ နေ့စဉ် ရက်မပျက်ဘဲ အချိန်မှန်မှန် လေ့ကျင့်ရမည်။

ဤကဲ့သို့ စိုက်ကြည့်လျှက် ကျင့်နေစဉ် စိတ်ဇော ထက်သန်စွာဖြင့် “ငါ၏ မျက်စိများသည် တစ်နေ့ထက် တစ်နေ့ ထက်သန်လာပြီ။ ငါသည် တစ်နေ့ထက် တစ်နေ့ ကြာကြာကြည့်နိုင်လာပြီ။ ငါ၏ မျက်စိများသည် တစ်နေ့ထက် တစ်နေ့ စူးရှထက်မျက်၍ တန်ခိုးအရှိန် ကြီးမားလာပြီ။ ငါသည် မျက်တောင် မခတ်ဘဲ နာရီပေါင်း များစွာ ကြည့် နိုင်သည်။ ငါ၏ ထက်မျက် စူးရှသော မျက်စိများ၏ အရှိန်ကို မည်သူ တစ်စုံ တစ်ဦး တစ်ယောက်မျှ မခံမရပ် နိုင်တော့ပြီ။ ငါသည် လူတိုင်းကို ငါ၏ ထက်မြက်သော မျက်စိဖြင့် ညှို့နိုင်ပြီ...အမိန်ပေးနိုင်ပြီ စသည်ဖြင့် စိတ်ထဲ က တွေးထင်ရမည်။

မိတ်ဆွေ သင်သည် ဤစာမူကို ဖတ်မိသည့် အချိန်မှစ၍ ဤကျင့်စဉ်အား လေ့ကျင့်ကြည့်ပါလေ။ သင်၏ ဘ၀ ဖြတ်သန်းရသော အချိန်ကာလများတွင် ထူးခြားစွာ အကျိုးရှိမည် ဖြစ်ပါကြောင်း စေတနာကောင်းဖြင့်...

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

အိပ်ယာဝင် ၁၅-မိနစ်ကျင့်စဉ်နှင့် စိတ်အေးချမ်းစေသောနည်း

တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ ကျွန်ုပ်နှင့် လွန်စွာရင်းနှီးသော သက်ထားဝေဟု အမည်ရသော အမျိုးသမီးတစ်ဦး ၀င်ရောက်လာလေ၏။ သူမ၏ အသက်သည် (၂၅)နှစ်ခန့် ရှိပြီဖြစ်၏။ သက်ထားဝေနှင့် ကျွန်ုပ်သည် ထိုင်းနိုင်ငံသို့ ရောက်ရှိသည့်အချိန်မှ စ၍ စတင်ရင်းနှီးလာကာ အကြောင်းကိစ္စ ကြီးငယ်ကြုံတိုင်း ကျွန်ုပ်နှင့် လာရောက်တိုင် ပင်လေ့ရှိသူ ဖြစ်လေ၏။ သူမနှင့် ကျွန်ုပ် လူချင်းမတွေ့ရသည်မှာ တစ်နှစ်ခန့်ပင် ရှိပြီ ဖြစ်လေ၏။

သက်ထားဝေသည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ ရောက်ရှိလာပြီးလျှင် သူမသည် ကျွန်ုပ်အား အောက်ပါအတိုင်း ဗေဒင်မေးလေတော့၏။

အရင်ဆုံး ကျွန်မ မေးချင်တာက ကျွန်မအမျိုးသား ကျွန်မဆီကို ပြန်လာဦးမလား ၊ လုံးဝ မလာတော့ဘူးလား ဟု မေးလေ၏။

ထိုအခါ ကျွနိုပ်က... ဟင်... အိမ်ထောင် ကျသွားပြီလား... နင်အိမ်ထောင်ကျတာ ငါတောင် မသိလိုက်ဘူးဟု ကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် သက်ထားဝေက....

ဟင့်အင်း ကျွန်မ အိမ်ထောင် မကျသေးပါဘူးဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က...

ဘယ်လိုလဲ သက်ထားဝေရယ်... နင်ပြောတာ ငါတောင် တော်တော် နားမလည်ဖြစ်သွားပြီ။ ကျွန်မ ယောက်ျားလို့ လည်း ဆိုသေးတယ်။ အိမ်ထောင်မကျသေးဘူးလည်း ပြောတယ်။ ငါက ဘယ်လို နားလည်ရမလဲ။ ငါ့ကို ရှင်းရှင်း လင်းလင်းပြောပြစမ်းပါဟု ပြောလိုက်လေ၏။ ထိုအခါ သက်ထားဝေက သူမ၏ ဘ၀အကြောင်းကို ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြလေတော့၏။

ဒီလိုပါ ဆရာရယ်။ ကျွန်မနဲ့ ဆရာ မတွေ့ရတာ အခုဆိုရင် တစ်နှစ်ကျော်ကျော်လောက် ရှိပြီနော်။ အဲဒီ မတွေ့ရတဲ့ တစ်နှစ်ကျော် အချိန်ကာလအတွင်းမှာ ကျွန်မ ဘ၀ မထင်မှတ်လောက်အောင် ပြောင်းလဲသွားခဲ့ တယ်။ မြန်ဆန်တဲ့ အဖျက်အပျက်တွေက မျက်လှည့် ပြလိုက်သလို ကြုံတွေ့ခဲ့ရတယ်။ အဖြစ်အပျက်ရဲ့ အစက ဒီလို ဆရာရေ...။ ဆရာနဲ့ ကျွန်မနဲ့ စတွေ့တုန်းက ကျွန်မ အိမ်ထောင် မကျသေးဘူး။ အမှန်အတိုင်း ဆရာ့ကို ၀န်ခံရရင် အခုလည်း အိမ်ထောင် မကျသေးပါဘူး။ လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက ကျွန်မတို့ အိမ်မှာ ထမင်းလခပေးစားတဲ့ ကောင်လေးနဲ့ ကျွန်မ ချစ်သူ ဖြစ်ကြတယ်။ တစ်အိမ်တည်း အတူနေတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် မရှောင်နိုင်ကြပါဘူးဆရာ။ အဲဒီလိုနဲ့ သူနဲ့ ကျွန်မ တစ်နှစ်လောက် အတူ နေခဲ့ကြတယ်။ တစ်နှစ်လောက် အဲဒီလို နေလာခဲ့ရာက တစ်နေ့မှာ ပြဿနာ ဖြစ်ပါလေရော။

ပြဿနာအစက ကျွန်မကို လက်ထပ်ဖို့ ပြောတဲ့ နေ့မှာပဲ စတာပါ။ ကျွန်မက သူ့ကို လက်ထပ်ကြဖို့ ပြောလိုက်တယ်ဆိုရင်ပဲ သူက ထုံးစံအတိုင်း နေ့ရွေ့ ညရွေ့ ရွေ့တော့တာပါပဲ။ ဒီအရင်တုန်းကလည်း နှစ်ခါ သုံးခါလောက် ပြောဖူးပါတယ်။ အဲဒိလို ပြောလိုက်တိုင်းလည်း သူက အခုလိုပဲ နေ့ရွေ့ ညရွေ့ ရွေ့လာခဲ့တယ်။ အခု ဒီတစ်ခါ ပြောလိုက်တော့လည်း အခါတိုင်းလိုပဲဆိုတော့ ကျွန်မလည်း သိမခံနိုင်တော့ဘူး။ ဒါကြောင့် ကျွန်မ ဆုံးဖြတ်ချက် တစ်ခုကို သူမသိအောင် ဆုံးဖြတ်လိုက်တယ်။

နောက်နေ့ကြတော့ ကျွန်မရဲ့ အကိုကြီးကို ဖွင့်ပြောလိုက်တယ်။ သူနဲ့ ကျွန်မနဲ့ အကြောင်းကို အကုန်လုံး ဖွင့်ပြောလိုက်တယ်ဆိုရင်ပဲ အကိုတွေက ဒေါကန်တာပေါ့။ ကျွန်မကိုလည်း နင်တော်တော် မိုက်တာပဲ ဆိုပြီး ရိုက်တယ်။ နောက် ဒီကောင် ညနေ ပြန်လာရင်လည်း ငါတို့နဲ့ တွေ့မယ်ဆိုပြီး ကျိန်းတယ်။ ကျွန်မရဲ့ အကို အကြီးဆုံးကတော့ အားလုံးကို ဖျောင်းဖျတယ်။ ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးကုန်ပြီ။ ဘာတတ်နိုင်မလဲ။ ဒီကိစ္စက ပြန်ပြင်လို့ ၇တဲ့ အရာတွေမှ မဟုတ်တာ။ ဒါကြောင့် ကောင်လေး အလုပ်က ပြန်လာရင် အေးအေးဆေးဆေး သူတို့နှစ်ယောက် မင်္ဂလာဆောင်ဖို့ လုပ်ပေးလိုက်ကြတာပေါ့လို့ အားလုံးကို ဖျောင်းဖျပါတယ်။ ကျွန်မ လိုချင်တာကလည်း ဒါပဲလေ။ သူ ကျွန်မကိုယူဖို့ အတွက်တော့ နည်းနည်း စွန့်စား၇တာပေါ့။

အဲဒီလိုနဲ့ ညနေ (၅)နာရီလောက်မှာ သူအလုပ်ကနေ ပြန်လာတယ်။ အိမ်ထဲကို ၀င်လာပြီဆိုတာနဲ့ အကိုလတ်က ဘာမပြောညာမပြောနဲ့ သူ့မျက်နှာကို လက်သီးနဲ့ တစ်ချက်ထိုး ချပစ်လိုက်တယ်။ သူက ပိန်ပိန်သေးသေးလေး ဆိုတော့ နောက်ကို ဖင်ထိုင် ပစ်ကျသွားတယ်။ အဲဒီမှာ အကိုကြီးက အကိုလတ်က ၀င်ဆွဲတယ်။ ပြီးတော့ တော်တော့ တော်တော့လို့ ပြောပြီး သူနဲ့ ကျွန်မကို ထိုင်ခိုင်းတယ်။ အဲဒိအချိန်ထိ သူလည်း အူကြောင်ကြောင်နဲ့ ဘာတွေ ဖြစ်နေမှန် သိပ်မသိတဲ့ ပုံစံပဲ။

အကိုကြီးက သူနဲ့ ကျွန်မကို ထိုင်ခိုင်းပြီး သူ့ကိုအရင် စ-မေးတယ်။ ဟေ့ကောင်တဲ့ ... မင်းနဲ့ ငါညီမနဲ့ ဖြစ်နေကြတယ်ဆိုလို့ မေးလိုက်တယ်ဆိုရင်ပဲ သူ့ရဲ့ မျက်နှာက အရမ်း အံ့သြသွားတဲ့မျက်နှာနဲ့ ကျွန်မကို လှမ်းပြီး ကြည့်လိုက်တယ်။ ကျွန်မကကလည်း ဟုတ်တယ်... ငါ အကိုတို့ကို အားလုံး ဖွင့်ပြောလိုက်ပြီလို့ သူ့ကို လှမ်းပြောလိုက်တယ်။ သူလည်း လုံးဝ ငြင်းလို့မရတာကို သိသွားတာလား။ ဒါမှမဟုတ် အကိုတွေကို ကြောက်လို့ပဲလား မသိပါဘူးဆရာရယ်။ ဟုတ်ပါတယ် အကိုလို့ ခပ်တိုးတိုးလေး ပြန်ဖြေတယ်။

အဲဒီမှာ အကိုကြီးက မင်းက ငါ့နှမကို အပျော်တွဲတာလား၊ အတည် ယူမှာလားလို့ ထပ်မေးတယ်။ အဲဒီတော့ သူက အကိုရယ်တဲ့။ ကျွန်တော် အတည်ယူမှာပါ။ အပျော် မတွဲရဲပါဘူးလို့ ပြန်ပြောတယ်။ ပြီးတော့ သူက အကိုကြီးကို ကျွန်တော်တို့ နှစ်ယောက်ကို လက်ထပ်ခွင့်ပြုပါ အကိုလို့ ခွင့်တေင်းတယ်။ အကိုကြီးကလည်း အေး ဒီလို မင်းတို့နှစ်ယောက် တစ်အိမ်တည်းမှာ ခိုးကြောင်ခိုးဝှက် ဖြစ်နေတာတော့ မကောင်းဘူးပေါ့။ ငါတို့ကလည်း မင်းကို ကိုယ့်ညီတစ်ယောက်လို စောင့်ရှောက် ပေးထားတာ။ မိသားစုလို သဘောထားတာ။ မင်းက ဒီလို လုပ်တာတော့ ဘယ်ကောင်းပါ့မလဲ။ ဒါပေမယ့်လည်း ဖြစ်ပြီးသွားပြီဆိုတော့ တစ်ယောက်ကို တစ်ယောက် အဖြစ်ပြောနေလို့လဲ ပြီးသွားမယ့် ကိစ္စမှ မဟုတ်တာ။ အဲဒိတော့ ဒီလာမယ့် တနင်္ဂနွေတစ်ပါတ်အတွင်း မင်းတို့နှစ်ယောက် လက်ထပ်ဖို့ စီစဉ်ပေတော့လို့ ပြောလိုက်တယ်။

ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အရမ်းပျော်ပါတယ်။ ပြဿနာနဲနဲလေး ဖြစ်ရုံကလွဲပြီး အားလုံးက ကျွန်မ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်လာတာကိုး။ အဲဒီလိုနဲ့ ကျွန်မတို့နှစ်ယောက် မင်္ဂလာဆောင်ဖို့ အစီအစဉ်ကို တိုင်ပင်ကြတယ်။ မင်္ဂလာဆောင်ဖို့ ရက်ကလည်း သိပ်ပြီး လိုတော့တာ မဟုတ်ဘူးလေ။ အားလုံးပေါင်းလိုက်ရင် နောက်(၅)ရက်ပဲ လိုတော့တာ။ မင်္ဂလာဆောင်ကိုလည်း အကျယ် မချဲ့တော့ပါဘူး။ မင်္ဂလာဆောင်ဖိတ်စာလေး ၁၀၀လောက် ရိုက်မယ်။ နောက်ပြီး ကျွန်မ အမျိုးတွေရယ်- သူငယ်ချင်းတွေရယ် ဖိတ်မယ်။ အော် ပြောရဦးမယ်။ သူက တစ်ကောင်ကြွက်လေ။ ဇာတိတောင် ဘယ်ကမှန်း သိတာမဟုတ်ပါဘူး။ အရမ်း ဒုက္ခရောက်ပြီး စားစရာမရှိ နေစရာမရှိ သနားလို့ဆိုပြီး အကိုကြီးက ကယ်ထားတာလေ။ ဒါကြောင့် သူ့မှာတော့ ဖိတ်စရာ ဆွေမျိုးလည်း မရှိပါဘူး။

အဲဒီရက်တွေမှာတော့ ကျွန်မ တော်တော်လေး ပျော်ရွှင်ခဲ့ရပါတယ်။ မင်္ဂလာဆောင်ဖို့ ဖိတ်စာကို အမြန်ရအောင် ကွန်ပြူတာဆိုင်မှာ အမြန်အပ်တယ်။ နောက်ပြီး အလှပြင်ဖို့ ကိုဇော်ဆိုတဲ့ အချောက်ကို ပြောထားတယ်။ မင်္ဂလာဆောင်မှာ အခန်းအနားလည်း သူ့ကိုပဲ ပြောထားတယ်။ အကြွေးအမွေးကတော့ ဒန်ပေါက်ကျွေးမယ်။ေ၇ခဲမုန့် ကြွေးမယ်။ အဲဒိလို အကျဉ်းချုံးပြီး စီစဉ်တာတောင် ထိုင်းဘတ်ငွေ လေးငါးသောင်းလောက် ကုန်တယ်ဆရာ။ ကုန်ရင်လည်း ကုန်ပါစေ ဆရာရယ်။ တစ်သက်မှာ တစ်ခါ မင်္ဂလာဆောင်ရတာ မဟုတ်လား။

ဘယ်လိုပဲ သူများနိုင်ငံမှာ နေနေရပေမယ့် မင်္ဂလာဆောင်ကိုတော့ အဆင်ပြေအောင် လုပ်ချင်သားလေ။ အဲဒီအချိန်ထိ ဘာမှ ပြောပလောက်အောင် အခက်အခဲ မရှိပါဘူး။ အားလုံးက ချောချောမောမောပါပဲ။ အဲဒီလိုနဲ့ မင်္ဂလာဆောင်ဖို့ နှစ်ရက်အလို သောကြာနေ့ ညမှာ သူ အိမ်ကနေ ထွက်သွားလိုက်တာပါပဲ ဆရာ။ အဲဒီအိမ်က ထွက်သွာားတဲ့ နေ့က စပြီး သတင်းမကြား ဘာမကြားနဲ့ ပျောက်သွားလိုက်တာ ဒီနေ့အထိပါပဲ။ သူ ထွက်သွား တော့ ကျွန်မတို့ မင်္ဂလာပွဲလည်း ပျက်သွားတယ်။ ကျွန်မနဲ့ အကိုတွေနဲ့လည်း ပြဿနာ အကြီးအကျယ်တက်ပြီး ကျွန်မလည်း အိမ်ကနေ ဆင်းလာခဲ့ပြီး သူငယ်ချင်းအခန်းမှာ သွားနေလိုက်တယ်။ အကိုတွေကလည်း ကျွန်မကို စိတ်နာလို့ လုံးဝ ပြန်မခေါ်ကြတော့ဘူး။ ကျွန်မလည်း သူ့ကို ဘယ်လိုပဲ စုံစမ်းစုံစမ်း ဘယ်လိုမှ စုံစမ်းလို့ မရတာ။ အခုဆိုရင် တစ်နှစ်ကျော်ပြီပေါ့ ဆ၇ာ။ ကျွန်မ ဘ၀ကတော့ အဲဒါပါပဲဟု ရှည်လျှားစွာ ပြောပြလေတော့၏။

အဲဒီတော့ အရင်ဆုံး ကျွန်မမေးချင်တာက ကျွန်မရဲ့ မင်္ဂလာ မဆောင်လိုက်ရတဲ့ အမျိုးသား ကျွန်မဆီကို ပြန်လာမှာလား ပြန်မလာဘူးလား အတိအကျ သိချင်တယ်.. ဟု မေးလေ၏။

ထို့ကြောင့် ကျွန်ုပ်လည်း သက်ထားဝေ၏ မေးခွန်းကို ဖြေဆိုပေးရန်အတွက် တားရော့ကဒ်များကို ကုလားဖန် ထိုး၍ ကဲ.... နင့်ရဲ့ မင်္ဂလာမဆောင်လိုက်ရတဲ့ အမျိုးသား နင့်ဆီကို သေချာပေါက် ပြန်လာမလား၊ ပြန်မလာဘူးလား ဆိုတာကို လေးလေးနက်နက် အာရုံပြုပြီး ဒီတားရော့ကဒ်တွေကို တစ်ဝက်ချိုးလိုက်ဟု သူမအား ညွန်ပြလိုက်၏။ သက်ထားဝေလည်း တားရော့ကိုချိုးမည့် သူမ၏ ဘယ်ဘက်လက်ကို သူမ၏ နှဖူးပေါ်တွင် ကပ်ရင်းပါးစပ်မှလည်း တတွတ်တွတ် ရွတ်ဆို ဆုတောင်းလိုက်၏။ ထိုအခါ အောက်ပါ တားရော့ကဒ်ကျလေ၏။



(နံပါတ်(၁၈) တားရောကဒ်အကြောင်း သိချင်ပါက ပုံပေါ်တွင် နှိပ်၍ ဆက်လက် လေ့လာ ဖတ်ရှုနိုင်ပါတယ်)

ထိုတားရော့ကဒ်မှာ နံပါတ်(၁၈) တားရော့ကဒ်ဖြစ်၏။ လမင်းစန္ဒာဟု အမည်ပေးထား၏။ ထိုကဒ်သည် အလွန်အင်မတန် ရန်များသော ပြဿနာဖြစ်စေသာ တားရော့ကဒ်ပင် ဖြစ်၏။ ထိုကဒ်၏ အဓိပ္ပါယ်များတွင် ရန်များခြင်း ပြဿနာများခြင်း သွေးထွက်သံယိုဖြစ်ခြင် ရန်ငြိုးဖွဲ့ခြင်း စသည်တို့ ပါဝင်လေ၏။ လတ်တလောကိစ္စ မေးမြန်းပါမူ ထိုကိစ္စ လုံးဝမအောင်မြင်နိုင်ပါဟု ပါလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း သက်ထားဝေအား နင့်ရဲ့ မင်္ဂလာ မဆောင်လိုက်၇တဲ့ အမျိုးသား နင့်ဆီကို လုံးဝ ပြန်လာဖို့ မမြင်ဘူးဟု ပြောလိုက်လေတော့၏။

ထိုအခါ သက်ထားဝေက လွန်စွာ စိတ်မကောင်းဖြစ်သွားသော ပုံစံဖြင့် ဟုတ်ပါတယ်။ မေးမယ့်သာ မေးရတာ ကျွန်မလည်းပြန်မလာတော့ဘူးလို့ ထင်ပါတယ်။ သူပြန်လာချင်ရင် အစောကြီးကတည်းက ပြန်လာမှာပေါ့။ မဟုတ်ဘူးလား။ အခုတော့ ပြန်မလာချင်လို့ တစ်နှစ်လောက်တောင် ကြာနေပြီပဲ။ သူပြန်မလာတာက ပြဿနာ မဟုတ်တော့ပါဘူးဆရာ။ အခုတော့လည်း အချိန်ကာလက တစ်နှစ်တောင် ကျော်ပြီဆိုတော့ အားလုံးကလည်း နည်းနည်းတော့ နေသားတကျ ဖြစ်သွားပါပြီ။ နေသားမကျတာက ကျွန်မရဲ့ စိတ်ပဲ။ ကျွန်မရဲ့ စိတ်က အချိန် တစ်နှစ်ကျော်သာ ကြာသွားတာ သူ့ကို ပြန်လာမလားဆိုတဲ့ မသေချာ မရေရာတဲ့ မျှော်လင့်ချက်တွေ နောက်ပြီး လုပ်ရက်လေခြင်းဆိုတဲ့ နာကျဉ်းတဲ့ စိတ်တွေ၊ ငါ အလိမ်ခံလိုက်ရတယ်ဆိုတဲ့ စိတ်မကောင်းတဲ့ အတွေးတွေက ကျွန်မကို နေ့ရှိသရွေ့ အချိန်ရှိသရွေ့ နှိပ်စက်နေတယ်။

အိပ်ချိန်မှာလည်း ကောင်းကောင်း အိပ်မပျော်ဘူး။ စားချင်စိတ်လည်း မရှိဘူး။ အလုပ်လုပ်ရတာလည်း စိတ်မပါဘူး။ အချိန်တွေကိုလည်း ကုန်အောင် ဖြတ်သန်းဖို့ အရမ်း ငြီးငွေ့နေပြီ။ အဲဒီနေ့ကစပြီး ကျွန်မမှာ ပျော်ရွှင်မှု့ဆိုတာလည်း လုံးဝကို မရှိတော့ဘူး။ ပျော်တယ်ဆိုတာကိုလည်း ဘာမှန်း မသိတော့ဘူးဆရာ။ သူငယ်ချင်းတွေက အလည်သွားမယ်လို့ ခေါ်တာတောင် ကျွန်မ လိုက်ချင်စိတ် မရှိတော့ဘူး။ ဘ၀ဆိုတာကြီးက အရမ်းကို အထီးကျန်ဆန် သွေ့ချောက်လွမ်းတယ်။ ဒါကြောင့် ကျွန်မ အဲဒီလို ဖြစ်နေတာကြီးကို မုန်းတယ်။ အဲဒီစိတ်ကို မလိုချင်ဘူး။ အဲဒီ လွှမ်းမိုးထားတဲ့ စိတ်ကနေ လွတ်အောင် ရုန်းထွက်ချင်တယ်ဆရာ။ အဲဒါ ဆရာက ကျွန်မကို ယတြာချေပေးပါဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က

ဒီမှာ သက်ထားဝေရဲ့။ နင်ဖြစ်နေတာတွေက ယတြာချေလို့ ပြေပျောက်သွားမယ့် ကိစ္စ မဟုတ်ဘူး။ ဒါက စိတ်နဲ့ ပါတ်သက်တဲ့ ကိစ္စ။ စိတ်ဆိုတာကလည်း ထူးဆန်းတယ်။ မတွေးပါဘူး ဆိုမှ အတွေးထဲကို ရောက်ရောက်လာတယ်။ သတိမရတော့ပါဘူးလေလို့ တွေးပါမှ ပိုပိုပြီး သတိယလာလေလေပဲ။ နောက်ပြီး အတွေးဆိုတာကလည်း သံကြိုးလိုပဲ။ ဂွင်းဆက်တွေနဲ့ လာတာဟ။ တစ်ဂွင်းပြီး တစ်ဂွင်း ဆက်ဆက်လာသလို အတွေးတွေဟာလည်း စလိုက်မိရင် အဆုံးသတ်လို့ကို မရတော့ဘူး။ အတွေးရေယဉ်ကြောမှာ မျှောတယ်ဆို သလို မျောနေရောပဲ။ ရပ်တန့်သွားတယ်ဆိုတာကို မရှိတော့ဘူး။ ဒါကြောင့် စိတ်နဲ့ ပါတ်သက်တဲ့ ကိစ္စကို ယတြာချေယုံနဲ့တော့ ပြေပျောက်သွားမှာ မဟုတ်ဘူး။ ဒါက ကိုယ်ကိုယ်တိုင် လွတ်မြောက်ချင်တဲ့ စိတ်နဲ့ ရုန်းထွက်နိုင်ရင်တော့ သေချာပေါက် လွတ်မြောက်သွားလိမ့်မယ်ဟု ကျွန်ုပ်က ပြောလိုက်လေလျှင် သက်ထားဝေ က..

ဘယ်လိုလုပ်ရမလဲ။ ကျွန်မလည်း ကြိုးစားတာပဲ။ လုပ်လိုကို မရဘူး။ ဒါကြောင့် လုပ်လို့ရမယ့် နည်းလမ်းလေး ရှိရင် ကျွန်မကို ပေးပါလား။ ကျွန်မ လိုက်လုပ်မယ်ဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က စိတ်အေးချမ်းသာစွာ နေထိုင်လို့ ရမယ့် ကျင့်စဉ်တော့ရှိတယ်။ နေ့တိုင်း လေ့ကျင့်သွားရမယ်။ တစ်ခါလုပ်ရင် (၁၅) မိနစ်ပဲ လုပ်ရမယ်။ ပိုလည်း မလုပ်နဲ့။ လိုလည်း မလုပ်နဲ့။ အဲဒိအတိုင်း ကျင့်ရင်တော့ နင်သေချာပေါက် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်မယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေ၏။

အမလေးဆရာရယ်။ ဆရာ့ကျင့်စဉ်က (၁၅) မိနစ်ပဲ လုပ်ရမှာလား။ နည်းလိုက်တာ။ တစ်နေ့ကုန်တောင် အလုပ်ရုံမှာ အလုပ်လုပ်နိုင်သေးတာပဲ။ တစ်နေ့ကို (၁၅) မိနစ်လောက်ကလေးကတော့ ဘာလို့ မလုပ်နိုင်ရမှာလဲ။ ဒီကျင့်စဉ်ကို လေ့ကျင့်လို့မှ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်တယ်ဆိုရင် ဘာလို့ မလုပ်နိုင်ရမှာ လဲ။ (၁၅) မိနစ်မပြောနဲ့။ (၁၅)နာရီ လုပ်ရမယ်ဆိုရင်တောင် ကျွန်မကတော့ လုပ်မှာပဲဟု သက်ထားဝေက ပြော လေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း သက်ထားဝေအား အောက်ပါ အိပ်ယာဝင် (၁၅) မိနစ် ကျင့်စဉ်ကို သေသေချာချာ သင်ပြပေးလိုက်လေတော့၏။

အိုကေ.... စမယ်။ အိပ်ခါနီးလေးမှာ လုပ်၇မှာနော်။ ဒါလုပ်ပြီးရင် အိပ်ဖို့ပဲ လုပ်ရတော့မယ် ။ ကျန်တာ ဘာမှ လုပ်စရာမလိုတော့ဘူး။ ကိုယ်အိပ်တဲ့ အိပ်ယာလေးမှာပဲ လုပ်ရမယ်။ အာလုံးတိတ်ဆိပ် ငြိမ်သက်နေပြီး အနှောက်အယှက် ကင်းကင်းလေးမှ ဖြစ်မယ်။ အရင်ဆုံး ကိုယ့်အိပ်ယာလေးကို သန့်၇ှင်းမွှေးကြိုင် သပ်ယပ်နေ အောင် အရင် ပြင်ဆင်လိုက်ပေါ့။ အိပ်ယာလေးကို သန့်သန့်ရှင်းရှင်းလေး ပြင်ဆင်ပြီးသွားပြီဆိုရင် ကိုယ့်ကိုကို လည်းအ၀တ်အစား ချောင်ချောင်ချိချိလေး ၀တ်ဆင်ထားရမယ်။ အ၀တ်အစားက တင်းတင်းကြပ်ကြပ်ကြီး ဆိုရင် မကောင်းဘူး။ အသက်ရှုရတာ မွန်းကြပ်တယ်။ ကိုယ့်ရဲ့ တစ်ကိုယ်လုံးကို ကြိုးတွေနဲ့ တင်းကြပ်နေအောင် တုတ်နှောင်ထားသလို ခံစားရတယ်။ ဒါကြောင့်  အ၀တ်အစားကို ချောင်ချောင်ချိချိ ၀တ်တာ အကောင်းဆုံးပဲ။ နောက်ပြီး လူတစ်ကိုယ်လုံးကိုလည်း မွှေးကြိုင်နေအောင် အမွှေးနံ့သာတွေ လိမ်ကြံထားရမယ်ပေါ့။

အစပထမ(၅)မိနစ်

အရင်ဆုံး ပထမ ငါးမိနစ်မှာ ထိုင်ရမယ်။ ဘာလုပ်မှာလဲ။ ထိုင်မှာနော်။ ထိုင်ရုံပဲ ထိုင်၇မယ်။ ကျန်တာ ဘာမှ မလုပ်ရဘူး။ ထိုင်နေရုံလေးပဲ။ ၀င်လေထွက်လေလည်း မှတ်စရာမလိုဘူး။ ပုတီးစိတ်နေစရာလည်း မလိုဘူး။ ထိုင်ပဲ ထိုင်နေရမှာ။ လိုက်ပြီး တွေးနေဖို့လည်း မလိုဘူး။ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေကိုလည်း မတွေးနဲ့ မတွေးနဲ့ ဆိုပြိး အတင်းမောင်းထုပ်နေစရာ မလိုဘူး။ ငြိမ်ငြိမ်းလေး အေးအေးချမ်းချမ်းလေး ထိုင်နေရမယ်။ ဒါလေးက ပြောရင်တော့ လွယ်တယ်။ တကယ်လုပ်ကြည့်ရင် အစပထမတော့ နည်းနည်း ကသိကအောက် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ။ နည်းနည်းလောက် လုပ်ကြည့်လိုက်ရင် ကိုယ့်စိတ်ကို ကိုယ် သဘောပေါက်သွားလို့ အဆင်ပြေပါတယ်။ လုပ်ကြည့်ပါ။ ဒါကြောင့် ပထမဦးဆုံး (၅) မိနစ်မှာ ကိုယ့်ရဲ့ စိတ်ကော ရုပ်ကော ဖြေလျှောပြီး ငြိမ်ငြိမ်လေး ထိုင်နေလိုက်ပါ။ (၅) မိစ်ပဲနော်။

ဒုတိယ(၅)မိနစ်


ပထမငါးမိနစ်ကို ငြိမ်ငြိမ်လေး ထိုင်လိုက်ပြီဆိုရင် ကိုယ့်ရဲ့ ယောက်ယက်ခတ်တဲ့ စိတ်လေးဟာ အတော်အသင့် ငြိမ်သက်စပြုလာပါပြီ။ ဒုတိယ ငါးမိနစ်မှာ အသက်ရှုလေ့ကျင့်ခန်း လုပ်မယ်။ ဘယ်လို လုပ်ရမလဲ။ အသက်ကို ပထမဦးဆုံး တ၀ကြီး ရှုသွင်းမယ်။ အဆုံးထိကို ရူသွင်းရမှာနော်။ နည်းနည်းလေး ရူလို့ မရဘူး။ ကိုယ့်အသက်ကို ဆက်ပြီး ရူသွင်းလို့ မရတဲ့အခြေအနေအထိ၊ ကိုယ့် ၀မ်းဗိုက်ကြီး ဖောင်းကားသွားတဲ့အထိ ရူသွင်းရမှာ။ ရင်ဘတ်ကြီး မို့မောက် သွားတဲ့အထိ ရူသွင်းရမှာ။ ဟုတ်ပြီ။ ရူသွင်းပြီးသွားရင် လေတွေကို ချက်ချင်း ပြန်မထုပ်ရ ဘူးနော်။ ခန အောင်ထားရမယ်။ ဘယ်လောက်ကြာအောင် အောင့်ထားရမလဲဆိုတော့ အဲဒီလို အောင့်နေတဲ့ အချိန်မှာ ကိုယ့်စိတ်ထဲကနေ တစ်ကနေ တစ်ဆယ်အထိ ဖြေးဖြေးမှန်မှန် ရီနေရမယ်။ တစ်ဆယ်ကို ရောက်ပြီ ဆိုတာနဲ့ ခုနက အောင်ထားတဲ့ လေတွေကို ဖြေးဖြေးမှန်မှန် ပြန်ထုပ်ပစ်လိုက်ရမယ်။ ထုပ်တဲ့အခါမှာလည်း ရူသွင်းထားတဲ့ လေတွေကို ကုန်အောင် ပြန်ထုပ်ပစ်ရမယ်။ ကိုယ့်ရဲ့ ၀မ်းဗိုက်ကြီး ပျားချပ်သွားတဲ့အထိကို ရူ ထုပ်ပစ်ရမှာနော်။ ထုပ်စရာ လုံးဝ မရှိတော့လောက်အောင်ကို လေတွေကို ထုပ်ပစ်လိုက်ရမှာ။ အနည်းဆုံး ဆယ်ကြိမ်လုပ်ရမယ်။

အဲဒီအချိန်မှာ ကိုယ့်စိတ်က ဘယ်လို လုပ်ရမလဲဆိုတော့ အစပထမ လေကို ရူသွင်းနေတဲ့ မိမိစိတ်က ဘယ်လိုတွေးရမလဲဆိုတော့ ဒီစကြာဝဠာကြီးထဲက အေးချမ်းတဲ့ ဓာတ်တွေဟာ ငါရူသွင်းလိုက်တဲ့ လေတွေနဲ့အတူ ငါရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွားပြီ။ ပြိးတော့ ငါ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို စိမ့်ဝင်ပြန့်နှံ့သွားပြီ လို့ အာရုံပြုရမယ်။ နောက်ပြီး လေတွေကို ပြန်ထုပ်တဲ့ အချိန်မှာကြတော့ ဘယ်လိုအာရုံပြုရမလဲဆိုတော့ ငါ့ရဲ့ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ မကောင်းတဲ့... ငါမလိုချင်တဲ့ စိတ်ညစ်စ၇ာတွေ စိတ်သောကတွေ အားလုံး ဒီလေနဲ့ အတူ ပြန်ထွက်သွားပြီ။ ငါ့ခန္ဓာကိုယ်ထဲမှာ မရှိတော့ဘူး။ မကျန်တော့ဘူး။ အားလုံး ထွက်သွားပြီလို့ အာရုံပြုရမယ်။ အဲဒိလို ၀င်လေ ထွက်လေကို အနည်းဆုံး ဆယ်ကြိမ် လုပ်ရမယ်။

တတိယ(၅)မိနစ်

ဟုတ်ပြီနော်။ အခုအချိန်အထိ ခက်တာ တစ်ခုမှ မပါသေးဘူးနော်။ အစပထမငါးမိနစ်မှာ ငြိမ်ငြိမ်လေး ထိုင်မယ်။ နောက်ငါးမိနစ်မှာ အသက်ရူလေ့ကျင့်ခန်း အနည်းဆုံး ဆယ်ကြိမ်လုပ်မယ်။ အခု နောက်ဆုံးငါးမိနစ်မှာ ဘာလုပ်ရမလဲဆိုတော့ ပထမဆုံး ကောင်းကင်ကြီးကို အာရုံပြုလိုက်ရမယ်။ အဲဒီ အဆုံးအစမရှိတဲ့ ကောင်းကင်ကြီးမှာ ရေကန်ကြီး တစ်ကန်ရှိတယ်လို့ အာရုံပြုရမယ်။ ရေကန်ကြီးထဲမှာ အပြာရောင် ပြာလဲ့လဲ့ ရေတွေ ရှိနေတယ်နော်။ အဲဒီကောင်းကင်က ရေကန်ကြီးထဲမှာရှိတဲ့ အပြာရောင် ရေတွေဟာ ကောင်းကင် ရေကန်ကြီးကတစ်ဆင့် စီးကျလာပြီးတော့ မိမိရဲ့ ဦးခေါင်းပေါ်ကို ကျလာပြီ။ ဦးခေါင်းထဲကို ၀င်သွားတယ်။ ပြီးရင် ခန္ဓာကိုယ် ကလပ်စီးတိုင်းအထိ စိမ့်ဝင် ပျံ့နှံ့သွားတယ်လို့ အာရုံပြုရမယ်။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်ရော ရုပ်ပါ အေးချမ်းသွားပြီ။ ဘာပူပင်သောကမှ မခံစားရတော့ဘူး။ မရှိတော့ဘူးလို့ အာရုံပြုရမယ်။ အဲဒါကို ငါးမိနစ် လုပ်ရမယ်။

အားလုံး(၁၅) မိနစ်ပြီးရင် ဘာမှ ထပ်မလုပ်နဲ့တော့ ။ ကိုယ့်ရဲ့အိပ်ယာပေါ်မှာ အသာလေး ခန္ဓာကိုတစ်ခုလုံးကို ပျောပျော့်ပြောင်းပြောင်းလေး ထားပြီး အိပ်စက်ရမယ်။ အိပ်တဲ့အခါမှာလဲ အကောင်းဆုံးက ငါတို့ မြန်မာစကား ရှိတယ်။ ပိုးလိုးပက်လက် ဆိုတာလေ။ တကယ့်ကို သတိလက်လွတ် ပုံစံမျိုးနဲ့ အိပ်စက်ပစ်လိုက်ရမယ်။ အဲဒီလို တစ်နေ့ကို (၁၅)မိနစ် ပုံမှန်လေး လုပ်ပေးကြည့်လိုက်ပါ။ လေးငါးဆယ်ရက်လောက် လုပ်ကြည့်လိုက်တာနဲ့ကို သိသာပါတယ်။

ကျွန်ုပ်သည် အထက်ပါအတိုင်း သက်ထားဝေအား သေသေချာချာ ပြောပြလိုက်၏။ သက်ထားဝေကလည်း ကျေးဇူးတင်ပါတယ်ဆရာ။ ကျွန်မက စိတ်ညစ်တာ ယတြာချေရင် ကောင်းတယ်မှတ်လို့။ အခုတော့ ကိုယ်ကိုတိုင် လုပ်ကြည့်မှ ကောင်းမယ်ဆိုတာကို သိလိုက်ရပြီဆိုတော့ ကျွန်မ လုပ်ပါ့မယ်။ တစ်နေ့ကို (၁၅)မိနစ် အိပ်ယာဝင် ပုံမှန် လုပ်ကြည့်ပါမယ်။ ဆရာပြောသလို လုပ်ကြည့်လို့ ထူးခြားလာရင် ဆရာ့ကို ဖုံးဆက်ပြီး ပြန်ပြောပါ့မယ်ဟု ကျွန်ုပ်အား ပြောဆိုနှုတ်ဆက်၍ ပြန်သွားလေတော့၏။ နောက် တစ်လခန့်အကြာတွင် သက်ထားဝေသည် ကျွန်ုပ်အား ဖုံးဆက်၍ အောက်ပါအတိုင်း ပြောပြလေ၏။

အမှန်တကယ်တော့ ကိုယ့်ရဲ့ စိတ်ထဲမှာ အလွန်အကျွံ ချစ်တာလည်းမကောင်းဘူး။ အလွန်အကျွံ မုန်းနေတာလဲ မကောင်းဘူး။ အဲဒီလိုပဲ အလွန်အကျွံ ၀မ်းသာတာ၊ ၀မ်းနည်းတာ၊ စိုးရိမ်တာ ၊ ပူပန်တာစတဲ့ အလွန်အကျွံ စိတ်ခံစားချက်တွေဟာ ဘယ်ဟာမှ မကောင်းပါဘူး။ ဘယ်အရာကိုမှ သိမ်းပိုက်ထားတာ မကောင်းပါဘူး။ ဒါကြောင့် သင့်တင့်မျှတတဲ့ စိတ်ခံစားချက်နဲ့ ဘ၀ကို လက်တွေ့ကျကျ ရင်ဆိုင် ဖြတ်သန်းနိုင်တဲ့ စိတ်ဓာတ်ဟာ တန်ဖိုးရှိပါတယ် ဆရာ။ အခုတော့လည်း ဆ၇ာပြောသလို တစ်နေ့ကို ၁၅-မိနစ် ၁၅-မိနစ် ပုံမှန်လေ့ကျင်လာ လိုက်တာ ကျွန်မရဲ့ စိတ်ထဲမှာ ရှိနေတဲ့ လေးလံမှု့တွေ ပူပန်မှု့တွေ စိတ်ပင်ပန်းမှု့တွေ တော်တော်လေး သက်သာ လာတယ်ဆရာ။ အဲဒါကတော့ ကျွန်မရဲ့ လက်တွေ့ပါပဲ။ ဒါကြောင့်အခု ကျွန်မ ဘုရားရှိခိုးကာနီးတိုင်း အဲဒီလို လုပ်ပြီးမှ ဆက်ပြီး ဘုရားရှိခိုတယ်။ ပုတီးစိပ်တယ်။ နေလို့ ထိုင်လို့ အရမ်းကောင်းတာပဲ ဆရာရယ်ဟု ဖုံးဆက်၍ ပြောသွားလေတော့သတည်း။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့


မနောမယပန်ကာပုံမတွေ.ဘူးဆရာ ပြန်တင်ပေးပါလား

ဤထူးမြတ်သော ကျင့်စဉ်သည် ကျွန်ုပ်တို့၏ အဘဒေါက်တာမင်းသိင်္ခ၏ မနောမယ လက်ဆောင်ပေါင်းချုပ် စာအုပ်တွင်ပါသော စာမူတစ်ပုဒ်ဖြစ်ပါသည်။ မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါသည်။ တစ်နေ့မှာ ငါ့ဆီကို ယဉ်ကျေးသိမ်မွေ့တဲ့ လူငယ်လေးတစ်ယောက် ရောက်လာတယ်။ သူနဲ့ ငါနဲ့က မသိပါဘူး။ သူ့ပြောပြချက်အရ သူဟာ တောင်ဥက္ကလာ (၃)ရပ်ကွက် ၊ ငွေကြာယံရိပ်သာ ၊ နှင်းဆီလမ်း ၊ အမှတ်(၈)မှာ နေတယ်လို့ ဆိုတယ်ကွယ့်။ သူ့နာမည်က အောင်ကျော်ဇောတဲ့။ သူဟာ တစ်နေ့မှာ ငါ့ဆီကို ရောက်လာတယ်။ ရောက်လာတာကလည်း မနက်အစောကြီးပဲကွ။ သူ့ကို ငါကတွေ့တော့ ဘာကိစ္စလည်းလို့ မေးလိုက်တယ်။


အဲဒီအခါမှာ သူက ဆရာံကို စာအုပ်လေးတစ်အုပ် ပေးချင်လို့ပါလို့ ပြောတယ်။ သူ့စကားကိုလည်းကြားရော ငါဟာ သိပ်ပြီးအံ့သြသွားတယ်။ များသောအားဖြင့် ငါ့ဆီလာရင် ဘာလေးညာလေး ပေးပါဆိုပြီး လာတောင်းတဲ့ သူများတယ်။ သူကတော့ လာပေးတဲ့ လူ ဖြစ်နေတယ်။

အဲဒီတော့ ငါက လုပ်စမ်းပါဦး အောင်ကျော်ဇောရယ်လို့ ပြောလိုက်တော့ သူက ဒီစာအုပ်က ကျွန်တော်စာအုပ်ပဲ။ ဒါပေမဲ့ ဆရာ့ကိုတော့ အပိုင်ပေးလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အမ အမေရိကားသွားတုန်းက ၀ယ်ပြီး ကျွန်တော်ကို လက်ဆောင်ပေးတဲ့ စာအုပ် ဖြစ်နေလို့ပါပဲ။ အဲဒီတော့ ကျွန်တော် ဒီစာအုပ်ကို ဆရာ့ဆီ ငှားမယ်။ ဆရာဖတ်ပြီးရင် ကျွန်တော်စာအုပ်ကို ကျွန်တော်ကို ပြန်ပေးပါလို့ ပြောတယ်။

ပြီးတော့ သူဟာ ငါ့ကို စာအုပ်လေးတစ်အုပ် ပေးသွားတယ်။ အဲဒီစာအုပ်လေးက စာမျက်နှာ ၂၂ မျက်နှာပါတယ်။ စာအုပ်ရဲ့နာမည်က တယ်လီကပ်ပါဝါ ( TELE-CULT POWER) လို့ခေါ်တယ်။ စာအုပ်ရဲ့ အဖုံးမှာ အုပ်ရေ သုံး သိန်းကျော် ရိုက်နှိပ်ခဲ့ရသည်လို့ ပါတယ်။ အဲဒီစာအုပ်ကို ရေးတဲ့ စာရေးဆရာ ဒါမှမဟုတ် ကျမ်းပြုဆရာရဲ့နာမည် က ရီဆီးပီကျူးဗင်းလို့ ဆိုတယ်။

သူဟာ စာအုပ်ရဲ့ တစ်နေရာမှာ ပန်ကာပုံလေးတစ်ခု ဖော်ပြထားတယ်ကွယ့်။ ဟောဒီ ပန်ကာလေးမျိုးပါပဲ ဟုဆိုကာ ကျွန်ုပ်သည် စာအုပ်၏ တစ်နေရာမှ ပန်ကာပုံလေးကို ဖော်ပြလိုက်လေ၏။


ဒါလေးကို ကျမ်းပြုဆရာက ဟစ်နိုစကုတ်လို့ နာမည်ပေးထားတယ်။ ဟစ်နိုဆိုတာ စိတ်ညှိ့တဲ့ ကိရိယာပေါ့ကွာ ဟု ကျွန်ုပ်က ပြောလိုက်လျှင် အယ်ဒိတာ မောင်မောင်မြင့်အေးက

စာအုပ်နာမည်က ခပ်ဆန်းဆန်းပဲ ဆရာရဲ့။ တယ်လီကပ်ပါဝါလို့ ရေးထားတယ်ဆို ။ တယ်လီကပ်ဆိုတာ အင်္ဂလိပ် စကားမှာ မတွေ့ဘူးသလောက်ပါပဲဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က

မင်း... ဘယ်တွေ့ဘူဖူးပါ့မလဲကွ။ တယ်လီနဲ့ ကပ်နဲ့ကို ပေါင်းထားတာ။ တယ်လီဆိုတာက မင်းသိတဲ့အတိုင်း တယ်လီဖုန်း တယ်လီဗေးရှင်းလို့ ရှိတယ် မဟုတ်လား။ အဲဒီမှာ တယ်လီဆိုတဲ့ စကားလုံးက အဝေးကို ပြောတာကွ။ ကပ်ဆိုတာက သြကပ်တစ်ကနေ လာတာ။ လောကီပညာကို ပြောချင်တာပေါ့။ ပါဝါဆိုတာက စွမ်းရည်တန်ခိုးကို ခေါ်တာ။ အဲဒီတော့ အဝေးကနေ လုပ်ယူလို့ရတဲ့ လောကီပညာရဲ့ စွမ်းရည်ပေါ့။

အဲဒီမှာ သူက နမူနာအဖြစ် ရေးပြထားတာကတော့ ကျန်းမာရေးအတွက်ကို မနောမယ ပန်ကာကိုကြည့်ပြီး ရောဂါပျောက်အောင် ကုတာကို ဖော်ပြထားတယ်။ ဒါပေမဲ့ ကျမ်းပြုဆရာက ပန်ကာလေးရဲ့ ဗဟိုချက်ကို ၈-လက်မ ဒါမှမဟုတ် ၁၅-လက်မ အကွာကနေ သေသေချာချာထိုင်ပြီး ကြည့်ပါတဲ့။

ခန္ဓာကိုယ်မှာ ရှိတဲ့ အကြော တွေကို လျော့ပါတဲ့။ ဘာကိုမှ တွေးကြံမနေပါနဲ့တဲ့။ စိတ်ဟာ လုံးလုံးကြီး ဗလာဟင်းလင်း ဖြစ်နေပါစေတဲ့။ ပြီးတော့မှ ကိုယ်လိုချင်တဲ့ အရာကို ပါးစပ်က ဖြည်းဖြည်းမှန်မှန် ရွတ်ဆိုပေးပါတဲ့။ ဥပမာ အိမ်ပိုင်မရှိသေးတဲ့လူက ရွတ်မယ်ဆိုပါတော့။ အဲဒါကို နမူနာအဖြစ် ပြောပြမယ်။ ဟောဒီလို ရွတ်ရင် ရတာပေါ့ကွယ်။

ငါဟာ မကြာခင်အချိန်ကာလ အတွင်းမှာ
အိုးပိုင် အိမ်ပိုင်ရတော့မယ်။
ငါ့မှာ အိမ်ဝယ်စရာ ငွေမရှိပေမဲ့
ဟောဒီ မနောမယပန်ကာလေးရဲ့အစွမ်းကြောင့်
တစ်နည်းနည်း တစ်ဖုံဖုံနဲ့
အိမ်ပိုင်လေးတစ်လုံး ရရမယ်။
အိမ်ပိုင်လေးတစ်လုံးရဖို့ သေချာနေပြီ။
တစ်နာရီထက် တစ်နာရီ
တစ်နေ့ထက် တစ်နေ့
ရဖို့ နီးကပ်လာပြီ။
မလွဲမသွေ ရကိုရရမယ်။

မောင်မောင်မြင့်အေးရေ... ဒီစာက နမူနာအဖြစ် ရေးပြထားတာ။ ဒီထက်ကောင်းအောင်ေ၇းနိုင်ရင်လဲ ရေးပေါ့ ကွာ။ ဒါက အိမ်အတွက် ရေးပြထားတာ။ အိမ်မဟုတ်ပဲ တစ်ခြားပစ္စည်း လိုချင်ရင်လည်းကွယ်။ ဒီလိုပဲ မနောမယ ပန်ကာလေးနဲ့ အလုပ်လုပ်ရမှာပေါ့ဟု ကျွန်ုပ်က ပြောလိုက်ရာ အယ်ဒိတာ မောင်မောင်မြင့်အေးက

ဆရာကြီးဟာ တော်တော့်ကို စိတ်ကူးယဉ်တဲ့ ကိစ္စပဲ။ ပြီးတော့ ဒီအလုပ်ဟာ ကမ္မဋ္ဌာန်း ထိုင်တဲ့အလုပ်နဲ့ အတူတူ ပါပဲလား။ အဲအဲ မဟုတ်ပါဘူး။ ကသိုဏ်းကြည့်တဲ့ အလုပ်နဲ့ တူနေပါလား။ ဆရာကြီးပြောသလို ဒီပန်ကာလေးကို ကြည့်ပြီး ရွတ်ဆိုလို့ အိုးပိုင်အိမ်ပိုင် ရမယ်ဆိုရင် ဆင်းရဲတဲ့လူ ဘယ်ရှိတော့မလဲ။ အကုန်လုံး လုပ်ကုန်ကြတော့မှာ ပေါ့ဟု ပြောလေ၏။

ဒီလိုရှိတယ် မောင်မောင်မြင့်အေးရဲ့။ ငါတို့ ဂေါတမ မြတ်စွာဘုရားက နိဗ္ဗာန်ရောက်ဖို့ ဟောပြောခဲ့တာပဲ။ အဲဒီနိဗ္ဗာန်ရောက်ကြောင်း တရားတွေကို ဆရာတော်ကြီးတွေလည်း ဟောပြောနေတာပဲ။ ဒါပေမယ့် လုပ်နိုင်တဲ့လူ ဘယ်နှစ်ယောက်ရှိလို့လဲကွယ်။

အဲဒီလိုပဲ။ ဒါလေးကြည့်ပြီး ဒီဟာလေးကို ရွတ်ဆိုပါဆိုတော့ အပြောကတော့ လွယ်တယ်။ နေ့စဉ်ရက်ဆက် ရွတ်ဆိုရမယ် ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးကွယ်။ ဒါကြောင့် တစ်လလောက်လုပ်ပြီး ကိုယ်လိုချင်တာ မရတဲ့အခါမှာ လူဟာ စိတ်ပျက်လာတာပဲ။

အဲဒီမှာ ဖြစ်မှာ မဟုတ်လောက်ပါဘူးကွာ ဆိုပြီး ရပ်ပစ်လိုက်တတ်တယ်။ မင်းကို ငါတစ်ခု ပြောမယ်။ မင်း ၀င်ငွေအနေနဲ့ တစ်နှစ်အတွင်း မော်တော်ကားတစ်စီး ရနိုင်ပါ့မလားဟု ကျွန်ုပ်က မေးလိုက်လျှင် မောင်မောင်မြင့်အေးက သူ၏ နဖူးကြီးကို လက်ဝါးဖြင့် ပုတ်ရင်း...
ကျွန်တော့် ၀င်ငွေနဲ့ မရနိုင်ပါဘူး ဆရာရယ်ဟု ပြန်၍ပြောလေ၏။

အေး... ငါ မင်းကို ပြောပြမယ်။ ဒီမနောမယ ပန်ကာလေးကို တစ်နေ့ကို တစ်နာရီကြည့်ပြီး ငါပြောသလို ရွတ်ဆို။ မင်း တစ်နှစ်အတွင်း ရလိမ့်မယ်။ကြားထဲမှာ ပျက်ရက်တွေ ဘာတွေ မလိုဘူး။ ဆက်တိုက် ရွတ်ရမယ်။ အဲဒီလို လုပ်ရင်းနဲ့ တစ်နေ့မှာမင်းလိုချင်တဲ့ ကားကို ရနိုင်မဲ့နည်းတွေ မင်းခေါင်းထဲကို ဖျတ်ခနဲ ရောက်လာလိမ့်မယ်။ အဲဒီအတိုင်းသာ လုပ်။

လုပ်မကြည့်သေးဘဲ မရပါဘူးဆိုတဲ့ စကားမျိုး မပြောနဲ့။ မင်းကို ငါ နည်းပေးတာ အင်္ဂလိပ်စာအုပ်ကို ဖတ်ပြီး ကိုယ်တိုင် လုပ်မကြည့်ဘဲ ပေးတာ မဟုတ်ဘူး။ ငါ ကိုယ်တိုင် စမ်းကြည့်ပြီးပြီ။ အတော့်ကို ထူးခြားတယ်။ ဒီ မနောမယ ပန်ကာလေးက မင်းဘ၀ကို အမြစ်ကနေ ပြောင်းပြန်လှန်ပြီး ပြောင်းလဲ ပစ်လိုက်မယ်ဟေ့။ ဒါနဲ့ ပတ်သက်လို့ ငါ စာအုပ် တစ်အုပ် ရေးနေတယ်ဟု ကျွန်ုပ်က ပြောလိုက်လျှင် မောင်မောင်မြင့်အေးက...

ဆရာကြီးက ဒီလောက် အာမခံနေမှတော့ စမ်းကြည့်ရတာပေါ့ ဆရာကြီးရယ်။ ကျွန်တော်ကိုပြောတဲ့ ဒီ အကြောင်းအရာလေးကို ၀ါသနာပါတဲ့လူတွေ စမ်းကြည့်နိုင်အောင် ရောင်ပြန် မဂ္ဂဇင်းထဲမှာ ထည့်လိုက်မယ်။ဟု ဆိုကာ ကျွန်ုပ်အား ပြုံးပြ၍ ထွက်သွားလေ၏။

မောင်မောင်မြင့်အေး၏ အပြုံးသည် မော်တော်ကား ရတာ မရတာ အပထား။ မဂ္ဂဇင်းအတွက်တော့ ဆောင်းပါး တစ်ပုဒ်တော့ ရပြီဟူသော အဓိပ္ပာယ်များ ပါဝင်နေသည်တကား။
မှတ်ချက်။........။၎င်း မနောမယ ပန်ကာပုံလေးအား ကျွန်ုပ်တို့၏ အဘမင်းသိင်္ခ တရားကျင့်ရာ အခန်းတွင်း၌ အမြဲမပြတ် ချိပ်ဆွဲထားကြောင်းနှင့်။

ယခု ကျွန်ုပ်ဘ၀၏ လိုအင်ဆန္ဒများကို ပြည့်စုံအောင် ကြိုးစားအားထုပ်ရာ၌ အဘဒေါက်တာမင်းသိင်္ခ အမွေပေး ထားခဲ့သော မနောမယ ပန်ကာကျင့်စဉ်နှင့်ပင် အမြဲမပြတ် ကိစ္စကြီးငယ် ကြုံတိုင်း ကြိုးစားအားထုပ်နေပါကြောင်း စေတနာကောင်းဖြင့်.....................
ဟိန်းတင့်ဇော်

တန်ခိုးသိဒ္ဓိကိုဖွင့်လှစ်နိုင်မည့်သော့ရှစ်ချောင်း

နံပါတ်(၁) တန်ခိုးသိဒ္ဓိအကြောင်း....

ပထမဦးဆုံး နားလည်ရမှာက ကျွန်တော်တို့ နေထိုင်နေတဲ့ စကြာဝဠာကြီးရဲ့အကြောင်းကို အရင်ဆုံး နားလည်ထားသင့် တယ်။ ဒါကြောင့် ဒီစကြာဝဠာရဲ့ အရှိန်အစော် စွမ်းရည်ဆိုတဲ့ ကိစ္စပဲ။ အဲဒါကို ဘယ်သူလုပ်တာလဲလို့ မမေးနဲ့။ ဒါကို သဘာဝတရားကြီးလို့ ခေါ်တယ်။ ဓာတ်တစ်ခုလို သဘောထားချင်လည်း ထားလို့ရတယ်။ အရာအားလုံးကို မူလလို့ ယူဆချင်လည်း ယူဆပေါ့ကွာ။ အဲဒီလို မယူဆချင်ရင်လည်း နက်ရှိုင်းမှု့ရဲ့ ဗဟိုလို့ ပြောချင်လည်း ပြော။ အာဠာယ၀ိညာဏ် ကြီးလို့ ပြောချင်လည်းပြော။ အာဒိ သိမှု့လို့ ခေါ်ချင်လည်း ခေါ်။ အာဒိ လှုပ်ရှားမှု့ အာဒိစွမ်းအင် ကြိုက်သလိုခေါ်နိုင်တယ်။ ကြိုက်သလို နာလည်နိုင်တယ်။

ဥပမာအားဖြင့် ပြောရရင် ရေကို ကုလားလူမျိုးတစ်မျိုးက ပါနီလို့ခေါ်တယ်။ အခြားကုလားလူမျိုးတစ်မျိုးက ဂျားလ်လို့ ခေါ်တယ်။ အင်္ဂလိပ်က ၀ါးတားလို့ခေါ်တယ်။ တရုပ်က စွေ့လို့ခေါ်တယ်။ ကိုယ်နည်းကိုယ့်ဟန်နဲ့ ခေါ်ချင်သ လို ခေါ်နေကြတာပဲ။ ဒါပေမယ့် ရေကတော့ရေပဲ။ တခြားဘာမှ မဖြစ်နိုင်ဘူး။ အဲဒီလိုပဲ စကြာဝဠာရဲ့ အရှိန်အစောကြီး ဟာ တကယ်ရှိတယ်။ ကိုယ်ကြိုက်သလို ခေါ်နိုင်တယ်။ ပရာန လို့လည်း ခေါ်လို့ရတယ်။ အဲဒိပရာနဟာ နေရာင်ခြည်မှာလည်း ရှိတယ်။ လရဲ့ ရောင်ခြည်မှာလည်း ရှိတယ်။ ရေမှာလည်း ၇ှိတယ်။ တိရစ္ဆာန်မှာလည်း ရှိတယ်။ သစ်ပင်ကျောက်တုံး စတဲ့အရာတွေမှာလည်း ရှိတယ်။ ကိုယ့်ရဲ့ ကိုယ်ထဲမှာလည်း ရှိတယ်။ သူတစ်ပါးတွေရဲ့ ကိုယ်ထဲမှာလည်း ရှိတယ်။ အဲဒီ ပရာနဟာ တစ်နေ့မှာ စွမ်းအင်ဖြစ်လာမယ်။ အဲဒိအခါကျတော့ ပရာနလို့ မခေါ်တော့ဘူး။ နဂါးတကောင်နဲ့ တင်စားပြီး နာဂသတ္တိ (SERPANT POWER) ရယ်လို့ ဖြစ်သွားတာပဲ။

ဒါဆို အဲဒီပရာနဆိုတဲ့ အရာကို ဘယ်သူပိုငတာလဲ....

အရာအားလုံနဲ့ ပတ်သက်တယ်။ ဒါပေမယ့် ဘယ်သူမှ မပိုင်ဘူး။ ဥပမာ ကိုယ်တွေ အသက်ရှူနေတဲ့ လေဟာ လူတိုင်းနဲ့ တော့ ပတ်သက်တယ်။ ဒါပေမယ့် ဘယ်သူပိုင်လို့လဲ။ အဲဒီအတိုင်းပေါ့။

ဒါဆိုရင် အဲဒီပရာနကို ကိုယ်က ဘယ်လိုလုပ်ရမှာလဲ......?
အဲဒီ ပရာနဟာ ကိုယ့်ကိုထဲမှာ ရှိနေတယ်။ ဒါပေမယ့် သူဟာ နိုးကြားခြင်း မရှိဘူး။ အပျင်းကြိးပြီး အိပ်စက်နေတဲ့ မြွေတစ်ကောင်လိုပဲ။ နိုးကို မနိုးဘူး။ ငြိမ်ပြီး အိပ်နေတယ်။ သူ့ကို ကိုယ်က နှိုးရမှာ။ သူနိုးတာကို နာဂသတ္တိနိုးတယ်။ တန်ခိုးစွမ်းအင်နိုးတယ်လို့ ပြောတာပေါ့။ အဲဒီနာဂသတ္တိဆိုတဲ့ အရာဟာ တကယ်ရှိတယ်။ သူဟာ အလွန် အဖိုးတန်တယ်။ လူ့လောကကြီးမှာ သူ့ကို အသုံးချပြီး ဘယ်အရာမဆို ရအောင်ယူနိုင်တယ်။ ချမ်းသာခြင်း၊ သြဇာတိက္ကမကြီးခြင်း၊ နာမည်ဂုဏ်သတင်း ကျော်ကြားခြင်းကအစ ဘာမဆို လုပ်နိုင်တယ်။

သေသေချာချာလုပ်ကြည့်ရင် ရှစ်မျိုးသောသိဒ္ဓိကို ရနိုင်တယ်....
မိမိခန္ဓာကိုယ်ကို သေးသေးကလေးဖြစ်အောင် ချုံ့ပစ်နိုင်တဲ့ ... အဏိမာသိဒ္ဓိ။
မိမိခန္ဓာကိုယ်ကို အဆမတန်ကြီးအောင် လုပ်နိုင်တဲ့ .... မဟိမာသိဒ္ဓိ။
အာကာသထဲထိအောာင် ပျံဝဲအောင် လုပ်နိုင်တဲ့ လဃိမာသိဒ္ဓိ။
ကိုယ်ကိုကို တောင်ကြီးလို လေးနေအောင် လုပ်နိုင်တဲ့ ဂရိမာသိဒ္ဓိ။
အလိုရှိတိုင်း ကြားနိုင်သိနိုင်တဲ့ ပရပတိသိဒ္ဓိ။
ကိုယ်အလိုရှိတိုင်း ဖန်တီးနိုင်တဲ့ ... ပရာကာမယသိဒ္ဓိ။
ကိုယ်အလိုရှိသလို စွဲဆောင်နိုင်တဲ့ ... ၀သိတံသိဒ္ဓိ။
အလိုရှိသလို လွှမ်းမိုးနိုင်တဲ့ ... ဣသတံသိဒ္ဓိ အဲဒီလို သိဒ္ဓိ၇ှစ်မျိုး အထိ ရရှိစေနိုင်တယ်။

အဲဒီသိဒ္ဓိရှစ်မျိုးကို ရအောင်ဖွင့်လှစ်ဖို့ သော့တံရှစ်ချောင်းလိုတယ်။

ပထမသော့တစ်ချောင်းရဲ့နာမည်က “ ယမ ” လို့ခေါ်တယ်။
အဲဒါကတော့ ဘယ်လိုအကြောင်းနဲ့မှ မုသားမပြောဆိုခြင်းဆိုတဲ့ အချက်ရယ်၊ အလိုဆန္ဒကို ချုပ်တည်းမှု့ရယ်၊ ခိုးဝှက်ခြင်း မပြုမှု့ရယ်၊ လာဘ်မစားဖို့ရယ်လို့ အဓိပ္ပါယ်ရတယ်။ ဒါပေမယ့် ဒါတွေဟာ အတိအကျ ပြောရမယ့်ကိစ္စတွေ မဟုတ်ပါဘူး။ ယမဆိုတဲ့သော့ကို ဘယ်လို အဓိပ္ပါယ်ဖွင့်ရမလဲဆိုရင် အပြောအဆိုနဲ့ ပါတ်သက်လို့ သူက မချုပ်ချယ်ပါဘူး။ အမှန်ကို ပြောဖို့ပဲ တိုက်တွန်းတာပါ။ နားထောင်တာနဲ့ ပတ်သက်လို့လည်း သီးခြား ဆုံမချက်မရှိပါဘူး။ အမှန်ကို နားထောင်ရမယ်။ သတ္တိနဲ့ ပတ်သက်လို့လည်း အခက်တွေ့တဲ့အခါမှသာ ထုပ်ရမယ်တဲ့။

ဒုတိယသော့တစ်ချောင်းရဲ့နာမည်က “နိယာမ” လို့ခေါ်တယ်။
နိယာမဟာ ခန္ဓာဒာကိုအတွင်းအပြင် သန့်၇ှင်းစေရမယ်လို့ ဆိုထားတယ်၊ ရောင့်ရဲလွယ်ရမယ်လို့ ဆိုထားတယ်။ ဘုရား ကို ကြည်ညိုရမယ်လို့လည်း ဆိုထားတယ်။ အလိုရမက်တွေအားလုံး၊ အာသာဆန္ဒတွေအားလုံးကို နှိပ်ကွက်နိုင် ရမယ်။

တတိယသော့တစ်ချောင်းရဲ့နာမည်က “ အာသန” လို့ခေါ်တယ်။
အာသနဆိုတာကတော့ ထိုင်ပုံထိုင်နည်းတွေကို ဆိုတာပါ။ အဲဒီအာသနက ဘာအတွက် သတ်မှုတ်ထား၇သလဲဆိုတော့ ကိုယ်လက်အင်္ဂါ အကြောင်းမဲ့ ယိမ်းယိုင်ခြင်း၊ လှုပ်ရှားခြင်း မဖြစ်စေဖို့၊ ထိုင်ပုံထိုင်နည် အာသနကို သင်ကြားရတာပဲ။

စတုတ္ထသောတစ်ချောင်းရဲ့အမည်က “ ပရတျာဟာရ ” လို့ ခေါ်တယ်။
မြူတူးပြန့်လွှင့်နေတဲ့ စိတ်ကို ချုပ်တည်းတာ၊ အပြင်ကို အာရုံမစိုက်ပဲ ခန္ဓာတွင်းကို အာရုံစိုက်ဖို့ ညွန်ပြထားတယ်။

ပဉ္စမသောတစ်ချောင်းရဲ့အမည်က “ ပရာဏာယာမ ”လို့ခေါ်တယ်။
အဲဒါကတော့ အသက်ရှူတဲ့ ကျင့်စဉ်ကို ပြောတာပါ။

ဆဋ္ဌမသောတစ်ချောင်းရဲ့အမည်က “ ဓာရဏာ ” လို့ခေါ်တယ်။
ကိုယ်စူးစိုက်ရမယ့် အရာတွေကလွဲပြီး တခြားအရာတွေကို အာရုံမစိုက်ဖို့ပါ။ စိတ်မပျံ့လွင့်ဖို့ပါ။

သတ္တမသော့တစ်ချောင်းရဲ့အမည်က “ ဇာဏ ” လို့ ခေါ်တယ်။
ကိုယ်စူးစိုက်တဲ့အာရုံကလွဲပြီး အခြားအာရုံတွေကို စွန့လွှတ်လောင်မြိုက်ပစ်ဖို့ပါပဲ။

အဋ္ဌမသော့တစ်ချောင်းရဲ့အမည်က “ သမာဓိလို့ ” ခေါ်တယ်။
အဲဒါကတော့ စိတ်ရဲ့ တည်ငြိမ်မှု့ကို ပြောတာပါ။ ကိုယ့်စိတ်ကို မလှုပ်ရှားစေဘဲ တည်ငြိမ်နေတဲ့ သဘောကို ပြောတာပါ။ အဲဒိသော့ရှစ်ချောင်းကို ပိုင်ပိုင်နိုင်နိုင်ရအောင် လေ့ကျင့်ကြိုးစားပြီး နာဂသတ္တိလို့ ခေါ်တဲ့ ဘဏ္ဍာတိုက်ကို ဖွင်နိုင်ပါလိမ့် မယ်။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

အချစ်ရေးနှင့်-စိတ်ညှို့ပညာ

ဒီတစ်ခါ ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာကတော့ ဗေဒင်အကြောင်းလည်း မပါဘူး။ ယတြာအကြောင်းလည်းမပါဘူး။ အဆောင်တွေအကြောင်းလည်း မဟုတ်ပါဘူး။ မရေးတာကြာပြီဖြစ်တဲ့ စိတ်တန်ခိုးနဲ့ ပတ်သက်တဲ့ အကြောင်းလေးပါ။ စိတ်တန်ခိုးနဲ့ ပတ်သက်ပြီး ရေးရတာကတော့ အရမ်းတာဝန်ကြီးမားပါတယ်။ တစ်စုံတစ်ယောက်က မင်းကကော ဘယ်အဆင့် ရောက်နေလို့လဲလို့ မေးလာခဲ့မယ်ဆိုရင် ကျွန်တော်လည်း ဘာအဆင့်မှ မရသေးပါဘူး။ ဘာအဆင့်မှလည်း မလိုချင်ပါဘူး။ ကြိုးစားဆဲ-လေ့လာဆဲပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ဆိုက်လေးထဲကို လာရောက်လေ့လာတဲ့ စာဖတ်သူများကို သိစေချင်တဲ့ စေတနာသက်သက်ဖြင့် သိသလောက် ရေးသားပေးလိုက်တာပါ။

အချစ်ဆိုသောအရာ

ဟုတ်ပြီ။ အချစ်ဆိုသော အရာသည် လူသားတိုင်းနှင့် လုံးဝကင်းကွာလို့ မရတဲ့အရာ။ အားလုံးနှင့် သက်ဆိုင်နေသောအရာ၊ အားလုံးထဲမှာ ရှင်သန်နေသောအရာ၊ ဘယ်တော့မှ ပျောက်ပျက်မသွားတဲ့အရာ ဖြစ်တယ်။ မချစ်တတ်သော လူသားဆိုတာက လောကကြီးမှာ မရှိသလောက်ရှားတယ်။ တစ်ရာမှာ တစ်ရာ-ရာခိုင်းနှုန်းမှာ ချစ်တတ်တဲ့စိတ်ဟာ မွေးဖွားလာပြီဆိုကတည်းက ပူးတွဲပါဝင်လာကြတာ။ လူနည်းစုလောက်သာ ချစ်တတ်တဲ့စိတ်ကို မချစ်တတ်တဲ့စိတ်ဖြစ်အောင် ကြိုးစားအားထုပ်သွား ကြတာမဟုတ်လား။ ဒါကြောင့် လူသားတိုင်းမှာ မွေးဖွားလာပြီ ဆိုကတည်းက ပူးတွဲပါဝင်လာတဲ့ ဒီချစ်တတ်တဲ့စိတ် ဆိုတာကို ကောင်းတယ်လို့ ပြောလို့မရသလို မကောင်းဘူးလို့ ပြောလို့လည်း မရပြန်ဘူး။ ဘာကြောင့်လည်း ဆိုတော့ ဒီအချစ်ဆိုတဲ့ အရာဟာ သဘာဝတရား များစွာထဲက သဘာဝတစ်ခုပဲ မဟုတ်လား။


အချစ်ကိုဘယ်လိုရင်ဆိုင်မလဲ


အိုကေနော်....။ ဒီအချစ်ဆိုတဲ့ အရာကြီးကို ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်ကြမလဲ။ လူဆိုတာကလည်း လူအမျိုးမျိုး ရှိတာဆိုတော့ အချစ်ဆိုတဲ့ အရာကို တွေ့ဆုံရင်ဆိုင်လာကြရတဲ့ အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ခြင်း ၊ ခံစားချက်ခြင်း မတူညီကြတဲ့အတွက် ရင်ဆိုင်ပုံခြင်းလည်း မတူညီကြပြန်ဘူး။ တစ်ချို့က နူးနူးညံ့ညံ့လေး ရင်ဆိုင်ကြတယ်။ တစ်ချို့တော့ ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကတော့ ဘာသာတရားနဲ့ လက်တွဲပြီး ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကြပြန်တော့ အရက်ဆိုင်ကနေ ရင်ဆိုင်တတ်ကြတယ်။ ကဲ... ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကိုပဲ လိုက်ကြည့်လိုက်ပါဦး။ တစ်ယောက်နဲ့ တစ်ယောက် တူညီကြသလားလို့။

အချစ်ရဲ့အကျိုးသက်ရောက်မှု့


နောက်တစ်ခုက အကျိုးသက်ရောက်မှု့။ တစ်ချိုကတော့ အချစ်ကြောင့် ကောင်းသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆိုးသွားကြတယ်။ တစ်ချို့ကြပြန်တော့ ကြီးပွား ချမ်းသာသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆင်းရဲ မွဲတေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ ကိုယ့်ကိုကို သတ်သေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ အသက်ကို ရှည်သထက်ရှည်အောင် နေထိုင်သွားကြတယ်။ တစ်ချို့ကြတော့ အောင်မြင် သွားကြပြီး တစ်ချို့ကြတော့ ကျရှုံးသွားကြတယ်။ ဒါတွေက အချစ်ရဲ့ အကျိုးသက်ရောက်မှု့တွေပေါ့။

အဲဒီတော့ ကျွန်တော်တို့ ရင်ထဲကို အချစ်ဆိုတဲ့ အရာက ၀င်ရောက်လာပြီ ဆိုကြပါစို့။ ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ အခု ကျွန်တော်က စိတ်တန်ခိုးနဲ့ ပါတ်သက်ပြီး ပြောမှာဆိုတော့ ဒီပြင့်အပြင်က ကြိုးစား အားထုပ်မှု့တွေကို မပြောတော့ဘူး။ စိတ်တန်ခိုးနဲ့ ပါတ်သက်တာကိုပဲ ပြောတာကောင်းတယ်။ အဲဒီတော့ ခေါင်းစဉ်တစ်ခုလောက် ပေးကြမယ်။ ပေးလိုက်တဲ့ခေါင်းစဉ်က နည်းနည်းတော့ ကြမ်းချင်ကြမ်းမယ်။ ဒါပေမယ့် ရှင်းအောင်ရေးတာ ဆိုတော့ နားလည်ပေးပါ။

ကိုယ်ကြိုက်နေသူက ကိုယ့်ကို ပြန်ကြိုက်အောင်-စိတ်တန်ခိုးနဲ့ ညှို့နည်း


အဲဒီတော့ ဒီနေရာမှာ ကျွန်တော်က ယောက်ျားလေးဆိုတော့ ယောက်ကျားလေး နေရာကနေ ရေးမယ်နော်။ ဥပမာ ကျွန်တော်က ကောင်မလေး တစ်ယောက်ကို ကြိုက်နေပြီ ဆိုကြပါစို့။ အရေးကြီးတာက အဲဒီကောင်မလေး ကျွန်တော်ကို ပြန်ချစ်အောင် ၊ ပြန်ကြိုက်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ တစ်ခု သတိပြုရမှာက ဒီနေရာမှာ ကျွန်တော်တို့ လုပ်မှာက စိတ်အလုပ်ကို လုပ်မှာနော်။ ရုပ်အလုပ် မဟုတ်ဘူး။

အဆင့် (တစ်)- ပြင်းပြသောစိတ်နှင့်ယုံကြည်ချက်ရှိရမယ်။


ကျွန်တော်တို့မှာ အရမ်းအရေးကြီးတာက စိတ်အား ထက်သန်ခြင်း ဆိုတာပါပဲ။ မိမိလုပ်တဲ့ အလုပ်ကို ယုံကြည်ရမယ်။ ငါ ဒီစိတ် အလုပ်ကို လုပ်တယ်။ တစ်နေ့ထက် တစ်နေ့ ငါအလိုရှိတဲ့ အရာနဲ့ ပို၍ပို၍ နီးစပ်လာပြီ ဆိုတာကို လေးလေးနက်နက် ယုံကြည်ထားရမယ်။ နောက်ပြီး စိတ်ဇောထက်သန်စွာနဲ့ နေ့စဉ်ပုံမှန် လုပ်သွားရမယ်။ ဦးတည်ချက်ကလည်း တိကျနေရမယ်။ အကြီးလိုလို အငယ်လိုလို မရဘူးနော်။ ဖြူဖြူကျော်သိန်းဆိုရင် ဖြူဖြူကျော်သိန်းပဲ။ ဖြူဖြူကျော်သိန်းကို မရရင် မိုးဟေကိုကွာ အဲဒီလိုမရဘူး။ ကိုယ့်ရဲ့ ဦးတည်ချက်၊ ကိုယ့်ရဲ့ ပစ်မှတ်က ကွက်တိဖြစ်နေရမယ်။ တစ်ခုခုကို သေသေချာချာ ဦးတည်ထားရမယ်။

နောက်တစ်ခုက ကိုယ်က ဘာလိုချင်နေတာလဲ။ ကောင်မလေးရဲ့ မေတ္တာတရားနော်။ အဲဒီတော့ သူ့ဆီက စစ်မှန်တဲ့ မေတ္တာတရားကို ကိုယ်က လိုချင်နေတာ ဆိုရင် ကိုယ့်ဆီမှာလည်း မေတ္တာတရား ရှိနေရမယ်နော်။ စစ်မှန်ရမယ်။ ကိုယ်က အတုကြီးဆိုရင် သူ့ဆီကလည်း အတုကြီး ပြန်လာလိမ့်မယ်နော်။ ဒါဟာ အမှန်တရားပဲ။ တန်ပြန်သက်ရောက်မှု့ပဲ။ တူညီတဲ့ တုန့်ပြန်မှု့ပဲ။

အဆင့်(၂)- သူ့မျက်နှာကို တိတိကျကျ ပြတ်ပြတ်သားသား မြင်ယောင်နိုင်ရမယ်။

ဒါကိုတော့ နိမိတ်လို့ ပြောရင်ရမလားပဲ။ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးရဲ့ ပုံကို ပြတ်ပြတ်သားသား အာရုံပြုနိုင်ရမယ်။ ၀ါးတားတားကြီး ဖြစ်နေလို့ မရဘူးနော်။ ရှင်းရှင်းလင်းလင်း မြင်ယောင်နိုင်ရမယ်။

အဆင့်(၃)- သူနဲ့ ကိုယ်နဲ့ အပြင်မှာ စကားပြောနေသလို မြင်ယောင်ရမယ်။

အိုကေ...။ စပြီ။ ကောင်မလေးကို ညှို့တော့မယ်။ အရင်ဆုံး ငြိမ်ငြိမ်လေး ထိုင်နေပြီးစရမယ်။ ငြိမ်ငြိမ်လေးထိုင်ရမယ်ဆိုတာက ကိုယ့်ရဲ့ ယောက်ယက်ခတ်နေတဲ့ စိတ်ကို အတည်ငြိမ်ဆုံး ဖြစ်အောင် စုစည်းလိုက်တာပဲ။ ဘာကြောင့်လဲဆိုတော့ တည်ငြိမ်တဲ့ စိတ်ကသာ အောင်မြင်စေမှာဖြစ်တယ်။ ဒါကိုလည်း သမာဓိလို့ ပြောရင်ရမလား။ ဘယ်လိုပဲပြောပြော အဓိကကတော့ သင့်ရဲ့ စိတ်ဟာ အေးချမ်းပေါ့ပါးနေရမယ်။ တည်ငြိမ်နေရမယ်။ ယောက်ယက် ခတ်မနေရဘူး။ ဟိုရောက်ဒီရောက် ဖြစ်မနေရဘူး။ ကိုယ်ချစ်ခင် စွဲလန်းနေတဲ့ ကောင်မလေးဆီကို ကိုယ့်ရဲ့ စိတ်အာရုံကို အပြည့်အ၀ စေလွှတ်တော့မှာ ဖြစ်တယ်။

အဆင့်(၄)- ကိုယ်ကြိုက်တဲ့ ကောင်မလေးကို စိတ်ကူးနဲ့ အရင်သွားတွေ့ရမယ်။

အိုကေ ...။ နောက်တစ်ဆင့်တက်ပြီ။ သွားတွေ့တော့မယ်။ အ၀တ်အစား သန့်သန့်ရှင်းရှင်း ၀တ်ပြီး တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ကောင်မလေးကို သွားတွေ့မယ်။ ရောက်ပြီ။ ကောင်မလေးကို တွေ့ရပြီ။ ကိုယ်က ကောင်မလေးကို အရင်ဆုံး လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်။ အဲဒီမှာ ကောင်မလေးကလည်း ကိုယ့်ကို လှိုက်လှဲဖော်ရွှေစွာ ပြန်လည်ပြုံးပြတယ်နော်။ အဲဒီမှာ ကိုယ်က ကောင်မလေးကို အချစ်တွေ၊ မေတ္တာတွေ ပြည့်ဝနေတဲ့ မျက်ဝန်းတွေနဲ့ ကောင်မလေးရဲ့ မျက်ဝန်းကို စိုက်ပြီး ကြည့်လိုက်တယ်။ ကောင်မလေးကလည်း ကိုယ့်မျက်ဝန်းတွေကို ပြန်လည် စိုက်ကြည့်နေပြီ။ သူနဲ့ ကိုယ်နဲ့ မျက်လုံးခြင်းဆုံ နေပြီနော်။ မျက်စိကို လုံးဝမလွဲလိုက်နဲ့။ စိုက်သာကြည့်နေ။ ပြီးတော့မှ ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ခံစားချက်တွေကို တစ်လုံးချင်းချင်း သူ့ကို ပြောပြလိုက်မယ်။

ဒီမှာ မဖြူ။ ကျွန်တော် မဖြူကို စကား ပြောချင်တယ်။ ကျွန်တော့် စကားကို သေသေချာချာ နားထောင်နော်။ ကျွန်တော်ကတော့ မဖြူ့ကို အရမ်းချစ်တယ်။ စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ တကယ်မြတ်မြတ်နိုးနိုး ချစ်တာပါ။ အရမ်းလည်း စွဲလန်းနေပါတယ်။ ကျွန်တော်က မဖြူကို စွဲလန်းချစ်ခင် နေသလိုပဲ မဖြူကလည်းကျွန်တော်ကို ပြန်ချစ်ရမယ်။ ပြန်ချစ်တယ် မဟုတ်လားလို့ တစ်ခါတည်း ပြန်မေးလိုက်တယ်။ အဲဒီမှာ သူက ကိုယ့်ကို တစ်ခါတည်း ပြုံးပျော် ရွှင်လန်းစွာနဲ့ စကားပြန်ပြောတယ်။ ကျွန်မလည်း ရှင့်ကို ချစ်ပါတယ်ရှင်ပေါ့။

(ဒါက ဥပမာ ပြောတာနော်။ တော်ကြာ ကိုယ့်မှာ ချစ်သူရှိတဲ့လူတွေက ဘာလုပ်ရမှန်းမသိ ဖြစ်နေဦးမယ်။ ကိုယ့်မှာ ချစ်သူရည်းစားရှိတဲ့ လူတွေကြပြန်တော့ ကိုယ့်ချစ်သူရဲ့ ရင်ထဲကို ၀င်ပြီး ကိုယ့်ကို ပိုချစ်သထက်ချစ်အောင် ၊စွဲလန်းသထက် စွဲလန်းအောင် ၊ သတိယသထက် သတိယအောင် ၀င်ပြီး ကိုယ်ချစ်သူလေးရဲ့ စိတ်ကို ညှို့လို့ရတာပေါ။)

အခု အပေါ်မှာ ပြောခဲ့တာတွေ အားလုံးဟာ စိတ်ကူးနေတာနော်။ စိတ်ကူးနေတာ။ အဲဒီလို နေ့တိုင်း စိတ်ကူးရမယ်။ ထက်သန်တဲ့ စိတ်၊ တက်ကြွတဲ့ စိတ်နဲ့ နေ့တိုင်း စိတ်ကူးရမယ်။ ဘယ်နှစ်ရက်လုပ်ရမလဲ လို့တော့ မမေးပါနဲ့။ ကိုယ့်ရဲ့ စိတ်အားထက်သန်ရင် ထက်သန်သလောက် မြန်မယ်။ ကိုယ့်စိတ်က စွဲလန်းရင် စွဲလန်းသလောက် မြန်မယ်။ တကယ်လုပ်ရင် သေချာပေါက် အောင်မြင်မှာလားလို့ မေးရင်တော့ တကယ်ကို သေချာပေါက် အောင်မြင်ပါ့မယ်ဆိုတာကို အာမခံပေးလိုက်ပါတယ်။

အဆင့်(၅)- ဘယ်အချိန်လုပ်ရင် အကောင်းဆုံးလဲ။

အကောင်းဆုံးကတော့ ကိုယ်ကြိုက်နေတဲ့ ကောင်မလေး အိပ်စက်တဲ့အချိန် လုပ်တာ အကောင်းဆုံးပါပဲ။

မိတ်ဆွေများခင်ဗျား။ စိတ်ပညာနှင့် ပါတ်သက်၍ ကျွန်တော်ဟာ ပညာရှင်မဟုတ်ပါ။ ဆရာသခင် လမ်းပြပေးခဲ့သော နည်းနာများကို အခြေခံ၍ စိတ်တန်ခိုးဆိုသော လမ်းရှည်ကြီးကို စိတ်ရှည်လက်ရှည် ဆက်လက်ခရီးဆက်နေသော သာမန်လူတစ်ဦးပင်ဖြစ်ပါတယ်။ ကျွန်ုပ်သည် ကောင်းကင်ပေါ်လည်း ပြန်သန်း နိုင်သော တနခိုးကို မလိုချင်ပါ။ ရေထဲမှာ သွားနိုင်သော သူလည်း မဖြစ်လိုပါ။ အရာ ၀တ္ထုများကို မတို့မထိပဲ ရွေ့ရှားအောင်လည်း မစွမ်းဆောင်ချင်ပါ။ ကျွန်ုပ်လိုချင်သော စိတ်တန်ခိုး ဆိုသည်မှာကား ကျွန်ုပ်နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော လူမှု့ရေး၊ စီးပွားရေး၊ လုပ်ငန်းဆောင်တာ ကိစ္စများကို သာ ကျွန်ုပ် ဆန္ဒရှိသည့်အတိုင်း စေစားနိုင်သူသာ ဖြစ်ချင်ပါသည်။ ထို့ကြောင့် အောင်မြင်သော ဘ၀ခရီးလမ်းကို ကျွန်ုပ်ကဲ့သို့ ရှေ့ရှု့ကြကုန်သော သူအပေါင်းတို့အတွက် ရည်ရွယ်၍ သိသလောက် ရေးသားပေးလိုက်ရခြင်း ဖြစ်ပါတယ်။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

ဥုမ်-ဆိုတာ

ကျွန်တော်၏ မိတ်ဆွေတစ်ဦးက ဥုမ်အကြောင်း မေးတယ်။ ဥုမ် ဆိုတာကို ဘယ်လိုရွတ်ဆိုရမလဲတဲ့။ ကျွန်တော်ကလည်း ဥုမ်ဆိုတာကို ဂျီတော့နဲ့ ဘယ်လို ရွတ်ပြရပါမလဲပေါ့။ နောက်ဆုံးတော့ ဥုမ်အကြောင်းနဲ့ ဥုမ်ရွတ်နေတဲ့ ဗွီဒီယို ဖိုင်တွေ ရှာတင်ပေးလိုက်ပါတယ်။ ဥုမ်ရွတ်ချင်ရင် အောက်က ဗွီဒီယိုကို ဖွင့်ကြည့်ပြီး နားထောင်ပါ။ အသံတူအောင် လိုက်ရွတ်ကြည့်ပါ။ စာဖတ်ချင်တဲ့ သူတွေကတော့ ပုံကို တစ်ချက်ကလစ်လိုက်ပြီး နောက်စာမျက်နှာမှာပေါ်တဲ့ စာမှာသွားဖတ်လိုက်ပါ။







ကိုယ့်နာမည်ကို ကိုယ်လေးစားရမယ် (မင်းသိင်္ခ)


စိတ်ပညာနဲ့ ပါတ်သက်တဲ့ လေ့ကျင့်ခန်းတစ်ခုကို ပြောပြရဦးမယ်။ အဲဒါက ဘာလည်းဆိုတော့ မိမိနာမည်ကို မိမိအလေးအနက်ထားရမယ်ကွ။ မိဘကပေးတဲ့ နာမည်ကိုလည်း ကိုယ့်ဟာကို နာမည် အသစ်တစ်ခု ပြောင်းပြီး ပေးပေါ့ကွာ။ ဒါပေမယ့် အဲဒီနာမည်ကိုတော့ အလေးအနက်ထားရမယ်။ ကိုယ့်နာမည် မဟုတ်လား ”

အဲဒီလို လုပ်လို တော်ပါမလားဗျာ။ နာမည်ရင်းကို ဖျောက်ပြီး နာမည်သစ်ပေးတယ်ဆိုတာ လုပ်ကောင်းရဲ့လား”

လုပ်ကေင်းတဲ့ ဟိုဘက်တောင် လွန်နေသေးတယ်။ မင်းကို တစ်ခုပြောပြမယ်။ ငါတို့ တိုင်းပြည် လွတ်လတ်ရေးရ အောင် ကြိုးစားခဲ့တဲ့ ရဲဘော်သုံးကျိတ်ဟာ နာမည်ရင်းနဲ့ တစ်ယောက်မှ မရှိဘူးကွ။ အကုန်လုံး နောက်ထပ်ပေးထားတဲ့ နာမည်တွေကြီးပဲ။ အဲဒီတော့ မူရင်းနာမည်ကို ကြိုက်ရင်လည်း မူရင်း နာမည်ထား။ မကြိုက်ရင်လဲ ရဲရဲဝံ့ဝံ့သာ ပြောင်းပစ်လိုက်။ ဒါပေမဲ့ အဲဒိ ပြောင်းပစ်တဲ့ နာမည်ကိုတော့ အလေးအနက်ထားရမယ်။ အဲဒိနာမည်ဟာ မင်းရဲ့ ဘ၀မှာ တိုးတက်ပြောင်းလဲအောင် လုပ်မယ့် နာမည်လို ခံယူရမယ် ”

ငယ်နာမည် - ထီးလှိုင်ရှင် ၊ ကြီးတော့ ကျန်စစ်သား။ ငယ်နာမည်- မောင်ခြတက်၊ ကြီးတော့ -ဘုရင့်နောင်။ ငယ်နာမည်- မောင်လွင်၊ ကြီးတော့- မင်းတုန်းမင်းတရား။ ငယ်နာမည်- မောင်ရစ်၊ ကြီးတော့ - မဟာဗန္ဓုလ။ ငယ်နာမည် - မောင်ထိန်လင်း၊ ကြီးတော့ - ဗိုလ်ချုပ်အောင်ဆန်း။ ငယ်နာမည် - မောင်မာ၊ ကြီးတော့- မာန်လည် ဆရာတော်။ ငယ်နာမည်- မောင်ထက်ခေါင်၊ ကြီးတော့- လယ်တီဆရာတော်။ အဲဒီ ဆရာတော်ကြီးတွေကတော့ ငယ်နာမည်ကို ဖျောက်ပြီး ပြောင်းတာ မဟုတ်ဘူးကွ။ သူတို့ရဲ့ ဘုန်းကံနဲ့ အလိုလို ပြောင်းလဲပြီး ခေါ်လာခဲ့ကြတာ။

အဲဒီတော့ မင်းအနေနဲ့ နာမည်ရင်းကို မကြိုက်လို့ ပြောင်းမယ်ဆိုရင်လည်း ပြောင်းနိုင်ခွင့်ရှိတဲ့ သဲလွန်စတွေကို ပြောပြတာပါကွာ။ သမိုင်းမှာလဲ အဲဒီလို နာမည် ပြောင်းသွားတာတွေ အများကြီးပဲ။ တစ်ချို့က တမင်တကာ ပြောင်းတာ။ တစ်ချို့က အလိုအလျှောက်ပြောင်းတာ၊ ငယ်နာမည်က ဗညားနွဲ့ကွာ၊ ဘုရင် ဖြစ်လာတော့ ရာဇာဓိ ရာဇ် လို့ ပြောင်းတယ်။ အဲဒိတော့ ပြောချင်တာက နာမည်ပြောင်းရမယ် မပြောင်းရဘူးဆိုတာက အဓိက မဟုတ်ဘူး။ ကိုယ့်နာမည်ကို အလေးအနက်ထားရမယ်။ ဂရုစိုက်ရမယ်ဆိုတာကို ပြောနေတာ။

အကယ်၍ သင်သည် မိမိ၏ အမည်ကို အသုံးမပြုလိုတော့ဘဲ နာမည် အသစ် ပေးလိုပါက ဒီနေရာတွင် အဘမင်းသိင်္ခ၏ နာမည်ပေးနည်းကို တင်ပြထားပါတယ်။ လေ့လာကြည့်ပါ။

အရေးကြီးတဲ့ အလုပ်ကို လုပ်မယ်ဆိုရင် နာမည်ဟောင်းကို စွန့်ပြီး နာမည်သစ်နဲ့ လုပ်တာ အကောင်းဆုံးပဲ။ ငါ့ဆီမှာ ရေထမ်းနေတဲ့ ဦးပုဆိုတဲ့ လူကြီးဟာ ရဟန်းဝတ်သွားတဲ့အခါ ဦးပုဆိုတဲ့ နာမည်ကို စွန့်ပြီး ဦးပညာဓိပ ဖြစ်သွားတယ်ကွ။ နာမည်ပြောင်းသွားသလို လူကလည်း အတော်ကြီး ပြောင်းလဲသွားတယ်။ အရင်က သူက ငါ့ကို ဆရာလို့ခေါ်တယ်။ အခုတော့ ငါက သူ့ကို ဆရာတော်လို့ ခေါ်ရတယ်။ သူ့ကို ငါက ကိုးကွယ်ရတယ်။ တောရကျောင်းတစ်ကျောင်းမှာ ဆရာတော်ကြီး ဖြစ်နေပြီ။

နာမည်ရင်းက ကိုကျော်ဒင်တဲ့။ ရဟန်းဝတ်တဲ့အခါမှာ ဦးကိတ္တိဖြစ်သွားတယ်.။ နောင်တော့ စွန်းလွန်းဆရာတော် ရယ်လို့ ဖြစ်လာတော့တာပဲ။ အဲဒီတော့ အရေးကြီးတဲ့ လုပ်ငန်းတွေ လုပ်တဲ့အခါမှာ နာမည်ရင်းကိုစွန့်ပြီး နာမည်ရင်းနဲ့ လုပ်ရတယ်ဆိုတာ ထင်ရှားပြီ မဟုတ်လား။ မျိုးချစ်တော်လှန်ရေး သမားတွေဟာ နာမည်ဟောင်းတွေ စွန့်ပြီး နာမည်သစ်တွေနဲ့ တိုင်းပြည်အတွက် ကြိုးပမ်းခဲ့ကြတယ်။ စာရေးဆရာတွေဟာ ရာခိုင်နှုန်း (၉၀)လောက် နာမည်ရင်းနဲ့ မရေးဘဲ ကလောင်နာမည်ဆိုပြီး သီးခြားနာမည် တစ်ခုယူပြီး ရေးသားလေ့ ရှိကြတယ်။

နောက်ငါတို့ ဂမ္ဘီရလမ်းမှာလဲ နာမည်ရင်းကို စွန့်ပြီး ဂမ္ဘီရအမည်ဆိုတာ မှည့်လေ့ရှိတယ်။ နာမည်ရင်းက မောင်အောင်၊ ဂမ္ဘီရအမည်က ဘိုးဘိုးအောင်။ နာမည်ရင်းက မင်းခေါင်။ ဂမ္ဘီရအမည်က - အောင်မင်းခေါင်။ နာမည်ရင်းက ဆရာဆိုင်၊ ဂမ္ဘီရအမည်က ဗောဓိပင်ဆရာဆိုင်။ နာမည်ရင်းက ဦးသြဘာသ၊ ဂမ္ဘီရအမည်က - ရက္ကန်းစင်တောင် ဆရာတော်။ အခုလောက် ပြောပြရရင် အရေးကြီးတဲ့ အောင်မြင်မှု့ကိုရဖို့ နာမည်သစ်တစ်လုံး ဒါမှမဟုတ် ဂမ္ဘီရအမည်တစ်လုံး ရွေးချယ်သင့်တယ်။

နာမည်သစ်ရှာပြီး ဘာဆက်လုပ်ရမလဲ

ငွေပြား၊ ကြေးပြား၊ သံပြား၊ သစ်သားပြား၊ ပလပ်စတစ်ပြား ကြိုက်တဲ့ အပြားတစ်ပြားပေါ်မှာ အဲဒီနာမည်သစ်ပေါ်မှာ အဲဒီနာမည်သစ်ကို ခမ်းခမ်းနားနားရေးပြီး ဘုရားစင်အောက် ဒါမှမဟုတ် ဧည့်ခန်းမှာ အကျအန ချိပ်ဆွဲရမယ်။ ပြီးတော့ နေ့စဉ် စိတ်ဓာတ်တိုးတက်ရာ တိုးတက်ကြောင်း လေ့ကျင့်တဲ့အခါတိုင်းမှာ မင်းဟာ အဲဒီနာမည်သစ်နဲ့ အောင်မြင်တိုးတက်နေပြီဆိုတာ စိတ်ထဲမှာ မြင်အောင် အာရုံပြုရမယ်။

ပြီးတော့ ငြိမ်ငြိမ်ကလေးထိုင်ပြီး မင်းရဲ့ နာမည်ကို တစ်စုံတစ်ယောက်က လှမ်းပြီး ခေါ်နေပြီ။ အဲဒီ တစ်စုံတစ်ယောက် ဆိုတာလဲ အမျိုးမျိုး ရှိတယ်။ ကောင်းကင်ဘုံနဲ့ တင်စားချင် တင်စား။ မနောမယဓာတ်ကြီးနဲ့ တင်စားချင်တင်စား။ သိဒ္ဓိဓာတ်ကြီးနဲ့ တင်စားချင်တင်စား ၊ ကိုယ်လေးစားတဲ့ ဘိုးတော်တို့ မယ်တော်တို့နဲ့ တင်စားချင်တင်စား တင်စားခွင့်ရှိတယ်။

သူက ချစ်ခင်ရင်းနှီးလို့ မင်းနာမည်ကို ခေါ်ပြီးရင် သူတို့က မင်းအတွက် ဘာဖြစ်ပါစေဆိုပြီး ဆုတောင်းပေးတာပဲ ဖြစ်ဖြစ် ၊ ကောင်းချီးပေးတာပဲ ဖြစ်ဖြစ် ဆက်ပြီး ပြောလိမ့်မယ်။ တစ်ခါတစ်လေ ဘယ်လို လုပ်လိုက်ပါလားလို့ ညွန်ကြားတာမျိုးတောင် ရှိတယ်။ အဲဒိတော့ ကိုယ်ကမှ ကိုယ်နာမည်ကို ကိုယ့်နာမည်ကို ဂရုမစိုက်ဘူးဆိုရင် သူတို့က ဘယ်ခေူမလဲ၊ ဘယ် ဂရုစိုက်မလဲ။ ဒါကြောင့် ကိုယ်နာမည်ကို သိဒ္ဓိဓာတ်ကြီးက ခေါ်တဲ့အသံကို ကြားရတဲ့အခါမှာ ကိုယ့်ဘ၀အတွက် အောင်မြင်တိုးတက်ဖို့ “ ဂရန်တီလက်မှတ်” ရပြီလို့ သဘောပေါက် လိုက်ပေတော့။ အဲဒီအသံဟာ အပြင်က အသံဖြစ်ဖို့ထက် မင်းကိုယ်ထဲမှာရှိတဲ့ ပါရမီ ရုပ်လွှာက လှမ်းပြီး ခေါ်လိုက် တဲ့ “ တိတ်ဆိပ်တဲ့ အသံ ” ( ဗွိုက်အော့ဖ်ဆိုင်းလင့်) VOICE OF SILENCE ” ဖြစ်ဖို့ များတယ်။ အသံတကာ အသံထဲမှာ ကျက်သရေမင်္ဂလာ အရှိဆုံး အသံဖြစ်တယ်။ အဲဒီအသံကို ကြားလိုက်ရတဲ့ အခါမှာ “ဖရဏာပီတိ၊ ဂွမ်းဆီထိ ” သလို ဆွတ်ပျံ့ကြည်နူးသွားလိမ့်မယ်။

အားလုံးကျေနပ်ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

ချမ်းသာကြွယ်ဝ ချင်သူများ အတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၇)

အပိုင်း (၁) (၂) (၃) (၄) (၅) (၆) ကို ဒီနေရာမှာ အရင် အေးအေးဆေးဆေး ဖတ်ပါ။

အဲဒီ တော့ အဲဒီအချိန်မှာ ဘာလုပ်ရမလဲဆိုတော့ အကောင်းဆုံးက ကျုပ်တို့ မြန်မာလူမျိုးတွေ ထုတ်လုပ်တဲ့ လျှပ်စားကို စား။ နောက်ပြီးတော့ နည်းနည်း ပူနွေးနွေးရှိတဲ့ ဖယောင်းချက်ကို အဲဒီအစာအိမ် ပတ်ဝန်းကျင် နံရိုးအောက်ခြေကို လိမ်းပြီး ခန္ဓာကိုယ်ကိုလည်း ဟိုလှုပ်ရှား၊ ဒီလှုပ်ရှား လှုပ်ရှားလိုက်တာနဲ့ သရက်ရွက် ပြန်လှုပ်ခတ်ပြီးတော့ အသက်ဓာတ်ပြန်ဝင်လာပြီး ဝေးဒနာတန်ခိုးတွေ ပြန်ထလာတာပါပဲ။

အဲဒီဝေဒနာ ထုတ်လုပ်ရာ စက်ရုံ ချမ်းသာကြွယ်ဝမှု တွေကို ပေးနေတဲ့စက်ရုံဟာ ဘယ်ဘက်နံရိုးရဲ့ အောက်ဆုံး ကျော့ရိုးရဲ့ အတွင်းဘက်ကျော့ရိုးကြားထဲမှာရှိတဲ့ သရက်ရွက် တည်ရာဌာနလေးကို အာရုံပြုပြီးတော့ အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ စိတ်ဆိုတဲ့ စောစောတုန်းကပြောတဲ့ ရှာလို့မရဘူး။ စိတ်ဆိုတဲ့ မနောလေးလည်းပဲ ရှိတယ်။

ဒါပေမဲ့ ဒီကျမ်း၊ ဒီမှာရှင်းပြမှာကတော့ အဲဒီမှာပဲ ဝေဒနာရှိတဲ့၊ အဲဒီ နေရာလေးမှာပဲ တောက်ပြောင်တဲ့ သဘောနဲ့ မနောအကြည် ဓာတ်လေးလည်းရှိတယ်လို့ နားလည်ပါ။ အဲဒီနေရာလေးကို အာရုံပြုပါ။ ဒီနေရာလေးကနေ ထုတ်လုပ်ပေးမယ်လို့ ယုံကြည်လိုက်ပါ။ အဲဒီလို ယုံကြည်လိုက်မှပဲလည်း ဒီလိုက်ငန်းက ဆက်ပြီးလုပ်လို့ဖြစ်မှာ။ ချမ်းသာကြွယ်ဝမှုကို ထုတ်လုပ်ပေးမယ့် စက်ရုံကြီးကို သိပြီး။

အဲဒီတော့ ခံယူရမှာက ငါ့ခန္ဓာအတွင်းမှာ သရက်ရွက်လို့ခေါ်တဲ့နေရာနားမှာ ငါ့ကို သူဌေးကြီးဖြစ်အောင် ချမ်းသာကြွယ်ဝသူကြီးဖြစ်အောင် လုပ်ပေးနိုင်တဲ့စက်ရုံကြီးရှိ နေပြီ။ အဲဒီလိုခံယူထား။ အဲဒီစက်ရုံကနေ ဘာတွေပေးမလဲဆိုတော့ သိန်းပေါင်းများစွာသောငွေတွေ၊ ကုဋ္ဋေပေါင်းများစွာသော ငွေတွေ၊ စိန်တွေ၊ ရွှေတွေ၊ မော်တော်ကားတွေ၊ ခြံတွေ အိမ်တွေ၊ တိုက်တာတွေ၊ ကိုယ် အလိုရှိတာမှန်သမျှ အောင် မြင်မှုတွေ၊ ကျော်ကြားမှုတွေ အကုန်လုံးကို ရယူနိုင်တဲ့နေရာဟာ အဲဒီနေရာပဲ။ အဲဒါ ကိုယ်ပိုင်နေပြီပေါ့။

အဲဒီတော့ ကိုယ့်ခန္ဓာထဲမှာရှိတဲ့ ဒီဓာတ်ရုံကတောင် ထုတ်လုပ်နိုင်တယ်ဆို ကိုယ်လည်း ထုတ်လုပ်နိုင်တာပေါ့။ အဲဒီလို ခံယူထားရမယ်။ အဲဒီလိုခံယူပြီးတော့ စိတ်ကို လမ်းပြောင်းရာ တတိယအခန်းမှာ ပြောခဲ့တဲ့ စိတ်လမ်းပြောင်းနည်းကို တစ်သမက်တည်း လိုက်နာနေရမယ်။

နည်းနည်းလေး စိတ်ဆိုးလာတာနဲ့ အဲဒီစိတ်ဆိုးတာဟာ ငါအလိုရှိတဲ့ ချမ်းသာကြွယ်ဝခြင်းရဖို့၊ အောင်မြင်မှုရဖို့၊ ကြောက်လာရင် ငါအခုကြောက်တာဟာ ငါချမ်းသာဖို့ကြောက်တာ။ မကျေမနပ်ဖြစ်လာရင် ငါချမ်းသာဖို့ မကျေမနပ်ဖြစ်လာတာ။ အဲဒီလို စိတ်လမ်းပြောင်းနည်းကို သွက်သွက်လက်လက်နဲ့ ပိုင်ပိုင် နိုင်နိုင်၊ ပေါပေါများများကြီးသုံးရမယ်။ နောက်တစ်ခုကတော့ ၀စီကံမှုလည်း ထည့်ရမယ်။ စိတ်လမ်းပြောင်းတာနဲ့ ၀စီကံမှုတစ်ခါတည်း စကားထဲကို ထည့်ရမယ်။

ဒါဟာ ငါချမ်းသာဖို့ဖြစ်တာ။ ဘာပြောပြော။ စိတ်ညစ်လား အဲဒါချမ်းသာမလို့၊ အောင်မြင်မလို့၊ ဒေါသ ထွက်လား၊ ဒေါသထွက်လာရင် ချမ်းသာမလို့ ငါဒေါသထွက်တာ၊ အဲဒါတွေ ငါမျိုချလိုက်မယ်။ ကာယကံမှုကလည်း လက်ကလည်း လှုပ်ရမ်းရမယ်။ လွင့်ပြေးနေတဲ့ စိတ်တွေကို အလီလီပြန်ခေါ်ရမယ်၊ ပါးစပ်နဲ့လည်း ခေါ်ရမယ်။ လက်ယပ်လည်းခေါ်ရမယ်။ လက်ပါလှုပ်ပြီးခေါ်ရမယ်။ အာရုံယူပြီး တစ်သမတ်တည်း အဲဒီစိတ်ကို စိုက်ထားရမယ်။ အဲ . . . အဲဒါ အယူသည်းသလို အထင်းသည်းတာလို့ နားလည်ပါ။

ကဲ . . . အထင်သည်းတာ နားလည်ပြီးရင် ခန်းဝင်နည်းကို ပြောမယ်။ ခန်းဝင်နည်းဆိုတာ အခန်းထဲကိုဝင်ပြီး ကျင့်တဲ့နည်းကို ဖော်ပြတော့မယ်။ ပြောပြတော့မယ်။ ချမ်းသာကြွယ်ဝဖို့ အတွက် မိမိခန္ဓာထဲမှာ ရှိတဲ့ ဝေဒနာဓာတ်ရုံ၊ ချမ်းသာအောင် လုပ်ပေးမယ့် ဓာတ်ရုံရှိတယ်နော်။ ဓာတ်ရုံဆိုတာ အလုပ်ရုံပါပဲ။ အခန်း မကျဉ်းမကျယ် တစ်ခုကို ရွေးခြယ်ရမယ်။ ရာသီဥတု အပူအအေး မျှတရမယ်။

အထူးသဖြင့်ကတော့ တိတ်ဆိတ်ဖို့လိုတယ်။ အဲဒီ အခန်းထဲဝင်ပြီးတော့ ထိုင်မယ်။ ကြိုက်သလိုထိုင်ပါ။ တင်ပလ္လင်ခွေ ချိတ်ထိုင်လို့လည်း ရတယ်။ ဘာမှမလုပ် သေးဘဲနဲ့သိန်းပေါင်းများစွာ ချမ်းသာဖို့ သိဒ္ဓိတန်ခိုးနဲ့လုပ်မယ့်လူဟာ သိန်းပေါင်းများစွာ ချမ်းသာဖို့ သူ အလုပ်လုပ်တော့ မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အဲဒီတော့ ထိုင်မိတာနဲ့ ဆံဖျားကနေပြီး ခြေဖျားအထိ အကြောတွေကို စိတ်နဲ့ လျော့သွားပြီးလို့ လျှော့ရမယ်။ အကြောလျှော့တာလည်း အဓိကကျပါတယ်။ နောက် တစ်ချက်ကတော့ ကျောရိုးကို မတ်မတ်ထားပြီးထိုင်ရမယ်။

အဲဒီလို ကျောရိုးကို မတ်မတ်ထားပြီး ထိုင်တဲ့အခါ အသက်ကို ချက်အထိ ရှူရတယ်။ ဖြည်းဖြည်းချင်း အသက်ကို ချက်အထိ ရှူရမယ်။ ၀မ်းဗိုက်ကိုကားပြီးတော့ အုတ်ဆက်တို့ လည်ပင်း တို့လည်း မတ်နေရမယ်။ နှာခေါင်းကတော့ အလိုက်သင့် ရှူလို့ကောင်းအောင် မော့လိုကမော့၊ စောင်းလိုက စောင်း၊ နည်းနည်းပြင်ဆင်ခွင့်ရှိပါတယ်။ အသက်ကို လေးလေးမှန် မှန် ရှူရမယ်။ ချက်အထိ ရှူသွင်းနေတဲ့အချိန်မှာပဲ တစ်ကိုယ် လုံးမှာရှိတဲ့ သွေးကြောတွေထဲကို အဲဒီလေက ပျံ့နှံ့သွားတယ် လို့ အာရုံပြုရမယ်။

ပြီးတော့တစ်ခါ အသကိဝတော့ ပြန်ထုတ်ရမယ်။ အဲဒီလိုလုပ်နေရင်းကနေပြီးတော့ အံ့သြလောက်တဲ့ စည်းစိမ်း ချမ်းသာတွေကို ငါတော့ရပြီ၊ ဒီတစ်သက်မှာ နေရာကျပြီလို့ အကျအန ခံယူလိုက်ရမယ်။ ၀င်ငွေတွေလည်း အမြောက် မြားဝင်နေပြီ။ ဘယ်လို ဘယ်လို ၀င်နေမှန်းမသိဘူး။ တစ်လထက်တစ်လ၊ တစ်ရက်ထက်တစ်ရက်၊ တစ်နာရီထက် တစ်နာရီ ကိုယ်အလိုရှိတဲ့ငွေတွေရပြီ။

ဝေဒနာနားမှာ ဖြစ်ပေါ်တဲ့ဆန္ဒတွေက အညွန့် အညှောင့်တွေပေါက်ပြီးတော့ အကိုင်းအခက်တွေ ထွက်လာ ပြီး . . ၊ အဲဒီလို ခံယူရမယ်။ စိုးရိမ်သောကစိတ်၊ ငါတော့ မချမ်းသာတော့ပါဘူးဆိုတဲ့ စိုးရိမ်သောကစိတ်ဟာ ရှာလို့ တောင်မတွေ့ဘူး၊ မြူမှုန်လောက် တောင်မရှိဘူး။ ပျောက် ကွယ်သွားပြီ၊ ငါဟာ ယုံကြည်စောင့်စားပြီးဆန္ဒ ဓာတ်ကို ဖော်ပြီးတော့ ချမ်းသာခြင်းကို ကြံစည်လိုက်တာဟာ အခု တော့ရပြီ။ တစ်စတစ်စ၊ တစ်စတစ်စ၊ တစ်နေ့ထက်တစ်နေ့ တစ်နာရီထက်တစ်နာရီ ငါအလိုရှိတာတွေ မရဘဲနေနိုင်ရိုး လား။ ရပြီ . . .။

ကဲ . . . ရတော့ ဘယ်သူတွေက ၀ိုင်းဝန်းပံ့ပိုးလို့ရတာ လဲ။ ဒီစကြ၀ဋ္ဋာမှရှိတဲ့ လူနတ်ဗြဟ္မာ၊ သူတို့တင်မဟုတ်ဘူး တိရစ္ဆာန်တွေ၊ ရှိရှိသမျှတိရစ္ဆာန်တွေ၊ သက်ရှိတွေရော၊ သက်မဲ့ တောတောင်ရေမြေ၊ နေလ၊ နက္ခတာရာ၊ အဲဒါတွေ အားလုံးဟာ ငါ့ကို ကျေနပ်လို့ပေးနေကြပြီ။ သူတိုက ငါ့ကို ၀ိုင်းစောင့်ရှောက်နေတယ်။ သက်ရှိသက်မဲ့မှန်သမျှ ငါ့ရဲ့ မိတ်ဆွေရင်းချာတွေဖြစ်တယ်။ ငါ စည်းစိမ်ဥစ္စာ မြောက်မြားစွာသော ငွေကြေးဓနတွေ ချမ်းသာဖို့ အရပ်ရှစ်မျက်နှာ၊ အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာ ကနေပြီးတော့ သက်ရှိ သက်မဲ့ စောစောကပြောတဲ့ လူ၊ နတ်၊ ဗြဟ္မာတွေ၊ တိရစ္ဆာန် ပေါင်းစုံ တောတောင်ရေမြေ၊ သမုဒ္ဒရာ၊နေလ၊ နက္ခတာရာ တွေကပါမကျန် ၀ိုင်းဝန်းပြီးတော့ မိတ်ဆွေရင်းချာတွေမို့လား။ ၀ိုင်းဝန်းပြီးတော့ ပို့နေကြပြီ။ ငါအလိုရှိတဲ့ ငွေတွေဟာဝင်လာ မစဲ တသဲသဲနဲ့ဝင်လာပြီ။

ဝင်လာတဲ့အခါ ဘယ်ကနေ၀င်လာ သလဲဆို ခေါင်းပေါ်ကနေ၀င်လာတာ။ လေပွေကြီးလို၊ ကန်တော့ကြီးလို ငယ်ထိပ်တည့် တည့်ကနေပြီးတော့၊ နောက်ပြီးတော့ ပိုက်ကွန်ကြီးနဲ့ခံထား သလို ငယ်ထိပ်တည့်တည့်ကနေ ကောင်းကင်အထိ မြင့်မား တဲ့ ပိုက်ကွန်ကြီး၊ ကန်တော့ကြီး၊ အဲဒီအထဲကို တသဲသဲဝင် လာပြီလို့ အာရုံပြုမယ်။ အဲဒီမှာ အာရုံပြုတယ်ဆိုတာ စိတိအလုပ်မဟုတ် လား။ စိတ်အလုပ် . . . စိတ်အလုပ်။ အခုတစ်ခါ စကား အလုပ်၊ ၀စီအလုပ် လားဦးမယ်။

ချမ်းသာကြွယ်ဝ ချင်သူများ အတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၆)

အပိုင်း (၁) (၂) (၃) (၄) (၅) ကို ဒီနေရာမှာ အရင် အေးအေးဆေးဆေး ဖတ်ပါ။

ချမ်းသာကြွယ်ဝခြင်း

အခုပြောမယ့်ဟာက အခန်း(၄) ပဲ။ ဒီအခန်းဟာ သိဒ္ဓိကျင့်စဉ်အတွက် အရေးကြီးတဲ့အခန်းပဲ။ ဒီအခန်းရဲ့ ခေါင်းစဉ်က ချမ်းသာကြွယ်ဝခြင်းကို သိဒ္ဓိနည်းဖြင့် ရယူခြင်းတဲ့။ သိဒ္ဓိကျင့်စဉ်နဲ့ ချမ်းသာကြွယ်ခြင်းကို ရယူမယ်။ တချို့ ဒါကို မယုံကြပါဘူး။ ယုံတာမယုံတာ အကြောင်းမဟုတ်ဘူး။ ကျင့်စဉ်ရဲ့ သဘောထားကို ပြောပြမှာ။ တန်ခိုးသိဒ္ဓိ ရရာရကြောင်းကြံစည်တာ ဒါ လူသာမာန်ရဲ့ အလုပ်ပဲ။ တော်တော့်ကို စွန့်စွန့်စားစားလုပ်တတ်တဲ့ သဘာဝရှိမှသာ ဖြစ်နိုင်ပါတယ်။ ယုံလည်း ယုံကြည်ရမယ်။

အဲဒီတော့ သိဒ္ဓိလမ်းစဉ်ကို လိုက်မယ်ဆိုရင် ပထမဦးဆုံး သိထားဖို့က လု့လောကကြီးမှာ ဘာလုပ်လို့မှမဖြစ်၊ ဘယ်နေရာသွားသွား လူရာမ၀င် စီးပွားရေးအရလည်း ကျရှုံး၊ ဘာမှ ကြံလို့စည်လို့မရတော့မှ ဘုန်းကြီးဝတ်တဲ့ လူတို့၊ ရသေ့လိုလို လုပ်တဲ့လူတို့၊ ယောဂီလုပ်တဲ့လူတို့၊ ဂန္ဓာရီထွက်တဲ့လူတို့ တွေ့ဖူးပါတယ်။ အဲဒီလမ်းစဉ်မှာလည်း သူတို့ မအောင်မြင်ပါဘူး။ စထွက်လာကတည်း ကိုကလည်း သူတို့က ဒီဘက်က ရုပ်လောကမှာ ကျဆုံးပြီး၊ ဒုက္ခရောက်ပြီးတော့မှ ကြံရာမရ တော့လို့ . . . . . ။

သိဒ္ဓိလမ်းစဉ်ဟာ ကြံရာမရတဲ့ လူတွေလုပ်တဲ့ လမ်းစဉ် မဟုတ်ဘူး၊ အကြံ ဥာဏ်ရှိတဲ့လူတွေ၊ ဇွဲသတ္တိရှိတဲ့ လူတွေ လုပ်တဲ့ အလုပ်ဖြစ်တယ်။ အဲဒီတော့ သိဒ္ဓိလမ်းစဉ်ကို တကယ် ယုံယုံကြည်ကြည်နဲ့ လိုက်မယ်ဆိုရင် လူတစ်ယောက်ဟာ ဆင်းရဲမွဲတေမှ လိုက်လို့ မဖြစ်ဘူး။ ချမ်းချမ်းသာသာ၊ ချောင် ချောင်ချောင် လည်လည် ၊ကြွယ်ကြွယ်၀၀ အဆင်ပြေနေတဲ့ အချိန်ကနေ၊ တကယ်လို့ စည်းစိမ်ဥစ္စာကို စွန့်စရာရှိရင်လည်း သူ့မှာရှိမှ စွန့်တယ်လို့ ပြောလို့ရမှာပေါ့။ စားစရာမရှိတဲ့လူက သူက ဘာစွန့်ပြီး ထွက်လာတယ်ဆိုတာ၊ ဒါဟာ အဓိပ္ပာယ်မရှိဘူး ။ တစ်ပြားမှမရှိတဲ့လူ စွန့်လို့ မရဘူး။ ပထမ ရှိအောင်လုပ်ရမယ်။

ဒီလမ်းစဉ်မှာ သိဒ္ဓိကျင့်စဉ်ကို လုပ်တဲ့လူဟာ ပထမဦးဆုံး ချမ်းသာကြွယ်ဝခြင်းကို မရမနေ ရှာမှီးရမယ်။ ဒါဟာ လမ်းစဉ်ရဲ့ သဘောထားပဲ။ ချမ်းသာကြွယ်ဝအောင် ပထမလုပ်ရမယ်။ အများကြီး မဟုတ်တောင် လူ့လောကထဲမှာ ဒီလူဟာ မွဲတေနေတဲ့လူ မဟုတ်ဘူး။ ချောင်ချောင်လည်လည် ရှိတယ်၊ စားနိုင်သောက်နိုင်တယ်။ ပြည့်ပြည့်စုံစုံ ရှိတယ်။ နေစရာအိမ်၊ စီးစရာ ယာဉ်ရထား၊ နောက် သူ့မှာ အပိုအလျှံ ငွေတွေ၊ ရွှေတွေရှိနေတဲ့ လူတွေလုပ်ပါ။ အဲဒီလို လုပ်မှလည်း တင့်တယ်တယ်။ ဒီကျင့်စဉ်ဟာ အဲဒီလို သွားရတယ်။

ရှေးတုန်းကတော့ ဒီလိုရအောင်လုပ်တာကို ရသေ့ရိက္ခာ ထောက်လို့ခေါ်တယ်။ ဘာပဲခေါ်ခေါ် ခေါင်းစဉ်က ချမ်းသာ ကြွယ်ဝခြင်းကို လုပ်ရမယ်။ အဲဒီကျင့်စဉ် ကျင့်နေတဲ့အတွင်းမှာ ဟိုနားလေးထွက်ပြီး အလှူခံလိုက်၊ ဒီနားလေးကို ဘုရားတည်မယ်လို့ အကြောင်းပြပြီး အလှူခံလိုက်၊ ဘာလုပ်မယ်ဆိုပြီး အကြောင်းပြပြီး အလှူခံလိုက်၊ အလှူခံပြီး စားနေလို့ မပြီးဘူး ကိုယ်ကလည်း လှူရဦးမှာ။ ကိုယ်က ကြွယ်ဝဖို့လိုတယ်။ ချမ်းသာဖို့လိုတယ်။

အဲဒီတော့ ချမ်းသာကြွယ်ဝခြင်းကို သိဒ္ဓိကျင့်စဉ်မှာ အတိအကျ ဖော်ပြထားတယ်။ အဲဒါဘာလဲ၊ သိဒ္ဓိကျင့်စဉ်နည်းနဲ့ ချမ်းသာကြွယ်ဝခြင်းကို ရယူခြင်း . . . . ။ လောကကြီးမှာ ကိုယ်ရမယ်ထင်တဲ့ အရာတွေ မရယ်လို့ ဆုံးဖြတ်ထားတဲ့ အရာတွေလည်း ရထားကြတာ၊ ရမှာလည်း မဟုတ်ပါဘူး၊ ဖြစ်မှာလည်း မဟုတ်ပါဘူးလို့ ဆိုတဲ့ အရာတွေဟာ ကိုယ့်ဆီ ရောက်မလာပါဘူး။

တကယ်လို့ ဆိုးတဲ့ အရာတွေ ကိုယ့်ဆီရောက်နေရင်လည်း ဒါ နဂို ကတည်းက မသိလို့ ကိုယ်မျှော်လင့်ထားတာ ကိုယ်နဲ့ထိုက်တန်လို့ ရောက်လာတာ၊ ကောင်းတဲ့ အရာတွေဟာလည်း ဒီအတိုင်းပါပဲ။ ကိုယ်နဲ့ ထိုက်တန်လို့ ရောက်လာတာပါ။ အဲဒီတော့ သဘောထားကိုက ရောက်လာတဲ့ပစ္စည်း တွေဟာ ကိုယ်က လက်ခံထားတာ။ စိတ်သဘောထား အရ ကိုက ဒါတွေရမယ်လို့ မျှော်လင့်ထားတယ်။ လက်ခံထား သလောက်ပဲရတယ်။

ဒဲဒီတော့ ချမ်းသာကြွယ်ဝခြင်းကို သိဒ္ဓိလမ်းနဲ့ လိုက်တဲ့အခါမှာ ဆန္ဒဓာတ် ပြင်းထန်ဖို့လိုတယ်။ စောစောကပြောတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ . . . ၊ ဒါမှမဟုတ်ရင်လည်း စိတ်အမူအရာ၊ နှုတ်အမူအရာ၊ ကိုယ် အမူအရာတွေနဲ့။ မရဘဲမနေဘူး၊ ဒါကို ရအောင်လုပ်မယ်။ ဘာလဲအခုဟာ သိဒ္ဓိနည်းနဲ့ ဘာကိုလုပ်မှာလဲ။ ချမ်းသာ ကြွယ်ဝခြင်းကိုလုပ်မှာ။ ဒါပေမဲ့ ကိုယ့်မှာတော့ ၀င်ငွေနဲ့မပြည့်စုံဘူး၊ ချမ်းသာကြွယ်ဝအောင် အရင်လုပ်ရမယ်။ သိဒ္ဓိထက် အရေးကြီးသေးတယ်။

လူ့လောကကြီးမှာ တင့်တင့်တယ် တယ်နေပြီးမှ သိဒ္ဓိလမ်းကိုသွားပြီးတော့ တကယ်လို့ပေါက် မြောက်သွား လည်း ပေါက်မြောက်တဲ့ အတိုင်း ဆက်ပြီးချီတက် သွားဖို့ပါပဲ။ အဲဒီတော့ ဗမာစကားမှာ အယူသည်းတယ်ဆိုတဲ့ စကားရှိတယ်။ အဲဒီစကားတော့ ကြားဖူးကြတယ်။ အယူ သည်းတယ်ဆိုတာ ယူထားတဲ့ အယူကို ခပ်သည်းသည်းလေး ယူထားတာ အယူသည်းတာ။

အခုပြောမယ့် စကားဟာ အထင်သည်းတယ်လို့ ပြောတာ။ ဒီစကားကတော့ သုံးတာ နည်းပါတယ်။ စိတ်နဲ့ ပတ်သက်လို့ တန်ခိုးရှိတယ်။ အဲဒီစိတ်ဆို တာလည်း အခုနက ဝေဒနာ . . . ၊ဝေဒနာ နားမှာ ရှာမယ်။ ဝေဒနာနားမှာ ခံစားဖို့ဆန္ဒ၊ အဲဒါတွေဖော်စပ်ရင် သိဒ္ဓိတွေဖြစ် တယ်ဆိုတာကို အထင်သည်းထားရတယ်။ အယူသည်းတာထက် ပိုတာပေါ့။ ထင်ထားတာကိုး။ စိတ်က ဖြစ်မယ်လို့ တစ်ဖက်ကနေ တွေးပြီး မြှောက်ပင့် ပေးထားမှလည်း သူက လုပ်လို့ရတယ်။ အဲဒီတော့ အလွန်ဝီရိယကောင်းတယ်။

အဲဒါ ဘာဖြစ်လာလဲဆိုတော့ ဝေဒနာတွေ ထပြီးတော့ မျှော်လင့် ချက်တွေဖြစ်လာတဲ့အခါမှာ သူဟာ ၀ီရိယကောင်းလာတာ ပေါ့။ ဟာ . . . ဒီလူတစ်ယောက်က လုပ်လိုက်တာ အံ့မခန်းပဲ၊ ၀ီရိယတွေ ကောင်းနေတာ။ ဒါပေမဲ့ သူ့အတွက်တော့ သာမန်ပါပဲ။ သူ့မျှော်လင့်ချက်နဲ့ သူ လုပ်နေတာ။ သိပ်အကြီးအကျယ် ကြီး လုပ်ရတာ မဟုတ်ပါဘူး။ အဲဒီတော့ အထင်သည်းစိတ်ပေါ့။

ကိုယ့်စိတ်ကို ကိုယ်လည်း မကြာခဏ စေ့စော်ပေးရတယ်။ ဝေဒနနာတွေ၊ ပေါ်ထလာရင် ငါလိုချင်တဲ့အရာတွေ ရပြီ၊ ရွှေလည်းရမယ်၊ စိန်လည်းရမယ်၊ အောင်မြင်မှုတွေလည်း ရမယ်။ ချမ်းသာကြွယ်ဝခြင်းဆိုတာလည်း အကြောင်းမဟုတ် တော့ဘူး။ ရမယ်လို့ နားလည်ထားရမယ်။ ဒါ ကျိန်းသေကြီးလို့ကို နားလည်ထားရမယ်။

ချမ်းသာကြွယ်ဝခြင်းကို ထုတ်လုပ်မယ့်စက်ရုံကြီး တစ်ခုရှိတယ်။ ခန္ဓာကိုယ်မှာ။ အဲဒီစက်ရုံကြီးဟာ ဝေဒနာတွေ ကို စုဝေးပြီးတော့ ပြင်းထန်အောင် လုပ်တဲ့ နေရာကြီး။ ညှို့ ဓာတ်တို့ရဲ့တည်ရာလည်းပဲဖြစ်တယ်။ အဲဒါ ဘယ်နားမှာလဲဆို လူရဲ့အစာအိမ်၊ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်အောက် နံရိုး၊ အစွန် ဆုံးနံရိုးအောက်မှာ ကျောရိုးရဲ့အတွင်းဘက်မှာ၊ အဲဒါ တချို့ ကတော့ ဦးနှောက်ထွေးလို့ခေါ်တယ်။ တချို့ကလည်း သံလိုက်ဓာတ်လို့ခေါ်တယ်။ တချို့ကလည်း ဝေဒနာထရာလို့ ခေါ်တယ်။ အဲဒါဟာ တကယ့် စက်ရုံကြီးပါပဲ။ ချမ်းသာ ကြွယ်ဝခြင်းကို ထုတ်လုပ်ပေးမယ့် စက်ရုံကြီးလို့ နားလည်ပါ။

အဲဒီမှာ ဘာတွေလုပ်သလဲလို့ဆိုရင် ဒီနေရာကနေ ဝေဒနာတွေကို အကြောအချဉ်ပေါင်းစုံ သူကနေ ဒိုင်ခံဖြန့်ပေးတဲ့ ဖြန်ဖြူးရေး ဌာနကြီးပဲ။ ဝေဒနာဓာတ်ရုံကြီးလို့ပဲ နားလည်လိုက်ပါ။ အခြားသူရဲ့ ဦးနှောက်ကိုလည်း ဒီဓာတ်ရုံကြီးကနေ ထုတ်လုပ်တဲ့ ဝေဒနာတွေကနေ လွှမ်းမိုးအောင် သူက အမြဲ တမ်းကြိုးစားတယ်။

လက်ဝဲဘက် ၀မ်းဗိုက်ရဲ့ အစာအိမ်ရဲ့ အောက်နားမှာရှိတဲ့ သရက်ရွက်ကနေပြီးတော့ လှုပ်ရှားလာတာနဲ့ ဒဲဒီဓာတ်ရုံကို အလုပ်လုပ်ဖို့ပေးတာပဲ။ အဲဒီသရက် ရွက်ဆိုတာဟာ ဘာလုပ်သလဲဆိုရင် ဝေဒနာတွေကို လှုပ်ခတ်အောင်လုပ်ပေးတဲ့ အရာလို့ခေါ်တယ်။ အင်္ဂလိပ်လို စပလင်းလို့ခေါ်တယ်။ ကျုပ်တို့လူမှာ အသက်ရှင်တဲ့ ဓာတ်ပေါ့။ လှုပ်ရှားစေတဲ့ ဓာတ်ဟာ အဲဒီသရက်ရွက်နားမှာ ရှိတယ်။ အဲဒါ အသက်ဓာတ်ပဲ။ အသက် ဘယ်နားမှာရှိလဲလို့ အကြမ်းဖျင်းပြောရင် သရက်ရွက်လို့သာပြော။ အဲဒီသရက်ရွက်ဟာ အသက်ဝင်တဲ့ ဓာတ်ပဲ။

အဲဒါ ပြင်းထန်တဲ့ အရှိန်နဲ့ အသက်ဝင်လာပြီးတော့ ဦးနှောက်ကို ကူးလာပါတယ်။ ဝေဒနာအဖြစ်နဲ့ ကူးသန်းသွား ပြီးတော့ အဲဒီဝေဒနာဓာတ်ဟာ တစ်ကိုယ်လုံးကို အဲဒီသရက် ရွက်နေရာကနေ ဖြန့်တယ်။ အဲဒီမှာ သရက်ရွက် လှုပ် ခတ်မှုနည်းလာပြီ၊ လှုပ်ခတ်မှုနှေးလာတယ်ဆိုရင် အသက် ရှင်တဲ့ဓာတ်လည်း နည်းလာတယ်။

အဲဒီအခါမှာ ဝေဒနာ လည်း မကူးလျှောက်တော့ဘူး။ မကွန်မြူးတော့ဘူး။ ဦးနှောက် က ကျစ်သွားတယ်။ မလှုပ်ရှားတော့ဘူး။ အဲဒီအခါမှာ လူဟာ မအီမသာဖြစ်တယ်၊ ပျင်းရိလေးလံတယ်။ ရောဂါဖိစီး သလို ခံစားရတယ်။ ဘာမှ မလုပ်ချင် မကိုင်ချင်ဖြစ်တယ်ဆိုတာ အဲဒီဝေဒနာဓာတ်ရုံကြီး သို့မဟုတ် ဝေဒနာအလုပ်ရုံကြီး နားက သရက်ရွက်ရဲ့ အခြေအနေပေါ်မှာဖြစ်တယ်။

ချမ်းသာကြွယ်ဝ ချင်သူများ အတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၅)

ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း (၁) (၂) (၃) (၄)

သိဒ္ဓိဓာတ်နှင့်မေတ္တာဓာတ်

သိဒ္ဓိဓာတ် တည်နေရာရယ်၊ သိဒ္ဓိဓာတ်ရဲ့ စွမ်းအားရယ် ပြောပြီးပြီ။ အဲဒီ သိဒ္ဓိဓာတ်ကို ထက်မြက်သထက် ထက်မြက်အောင် သိဒ္ဓိဓာတ်ကြီးဟာ ရင့်ကျက်ထက်မြက်လာအောင် ဘယ်လို လုပ်ရမလဲ ဆိုတဲ့ဟာကို ပြောပြမယ်။ သိဒ္ဓိဓာတ်မှာ အရှိန်ရှိတယ်။

နှစ်ယောက်၊ တစ်ယောက်ကလည်း သိဒ္ဓိရှိတယ်။ တစ်ယောက်ကလည်း သိဒ္ဓိရှိတယ်။ ဒီတော့ သိဒ္ဓိဓာတ် နှစ်ယောက်စလုံးရှိတယ်။ ဒါပေမယ့် ကြီးတဲ့ ဓာတ်က ငယ်တဲ့ ဓာတ်ကို နိုင်စမြဲပဲ။ အရှိန်ဓာတ်၊ အရှိန်ကြီးတာ ၊ အရှိန်သေးတာ။ အဲဒီတော့ တစ်ယောက်နဲ့ တစ်ယောက် သိဒ္ဓိခြင်း တူတယ်ဆိုပေမယ့် အရှိန်ချင်း မတူနိုင်ဘူး။ နောက် သိဒ္ဓိအဆင့်နိမ့်တဲ့လူ၊ မြင့်တဲ့ လူဆိုတာ ရှိနေတာပဲ။

အဲဒီတော့ သဘောတစ်ခု ပေါက်ရမှာကတော့ သိဒ္ဓိဓာတ်လို့ ပြောတာနဲ့ ဘယ်သူနဲ့ ဘယ်သူနဲ့ သိဒ္ဓိရတာချဉ်း အတူတူပဲလို့ ပြောလို့မရဘူး။ အဲဒီတော့ သိဒ္ဓိဓာတ်ဟာ အဆင့်တွေရှိတယ်။ ကြီးတဲ့ ဓာတ်ဟာ ငယ်တဲ့ ဓာတ်ကို အားပြုလို့ ရတယ်။ နောက် ငယ်တဲ့ဓာတ်ကို နိုင်လို့ရတယ်။

အရပ်စကားနဲ့ ပြောရင် ဒီကနေ ဝေဒနာသိဒ္ဓိတန်ခိုးတွေ စေလွတ်တယ်။ ဘာလုပ်ပေး၊ ငါ့ဆီကို လာခဲ့။ ငါ့ဆီက ယူသွားတဲ့ ငွေ ပြန်လာပို့။ ဟို ခိုင်းတဲ့ လူဟာ အဲဒါ ကိုယ့်ထက် သိဒ္ဓိဓာတ် ငယ်မှရမယ်။ ငယ်မှ ရမယ်။ ကိုယ်က သိဒ္ဓိဓာတ် ကြီးမှ ရမယ်။ အဲဒီတော့ ကြီးအောင် ရင့်ကျက်အောင် လုပ်ဖို့ လိုတယ်ဆိုတာ ပထမ နားလည်ထားရမယ်။

သိဒ္ဓိဓာတ်ကို ရင်ကျက်အောင် လုပ်တဲ့နေရာမှာ အကောင်းဆုံးကတော့ အမြင့်ဆုံး သိဒ္ဓိဓာတ်ဟာ မေတ္တာဓာတ်ပဲ။ မေတ္တာဓာတ်ကြီးဟာ သိဒ္ဓိဓာတ်ကြီး ဖြစ်တယ်။ ဝေဒနာဓာတ်မှာလည်းပဲ မေတ္တာဓာတ်ဟာ ဝေဒနာဓာတ်နဲ့ ပေါင်းစပ်လိုက်ရင် အလွန်ကြီးမားတဲ့ မေတ္တာဓာတ်ကြီး ဖြစ်သွားတယ်။ အဲဒီ မေတ္တာဓာတ်လောက် ကောင်းတဲ့ သိဒ္ဓိကို ထက်မြက်စေတဲ့ ဓာတ်မရှိဘူး။ အဲဒီတော့ ပထမဦးဆုံး ချိန်မှတ်ယူရတယ်။

ငါဟာ မေတ္တာဓာတ်များ ပြည့်လွှမ်းနေတဲ့ လူဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို ခံယူရတယ်။ မေတ္တာဓာတ်တွေနဲ့ အပြည့်ဖြစ်နေရမယ်။ အဲဒီမေတ္တာဓာတ်ကြောင့် လူနတ်ဗြဟ္မာ သတ္တ၀ါတို့ဟာ ဘယ်သူပဲဖြစ်ဖြစ် ငါ့ကိုတွေ့တာနဲ့ သိုမဟုတ် ငါက တောင့်တတာနဲ့ သူတို့ဟာ စောင့်လျှောက်နေတယ်။ မေတ္တာဓာတ်ရဲ့ ကြီးမားတဲ့ အရှိန်ကြောင့် လည်း စောင့်ရှောက်နေတယ်လို့ မနောအိမ်မှာ ခံယူရတယ်။ နောက်ပြီးတော့ မိတ်ဆွေစစ်တွေ မေတ္တာဓာတ် ပြည့်ဝတဲ့ လူတွေနဲ့ တွေ့ချင်တယ်၊ သူတို့နဲ့ မိတ်ဆွေ ဖြစ်ချင်တယ်။ မေတ္တာဓာတ်ပြည့်ဝတဲ့ လူတွေဟာ ငါ့ရဲ့ အပေါင်းအသင်းတွေ ဖြစ်စေချင်တယ်လို့ အာရုံပြုရမယ်။ အဲဒါ ဘယ်လို အာရုံပြုရမလဲ။

တစ်နေ့ကို တစ်ခါ အာရုံပြု၇မယ်။ တစ်နေ့ကို တစ်ခါ အာရုံပြုရမယ် ဆိုတော့ မတ်တတ်ရပ်ပြီး ဖြစ်စေ ၊ ထိုင်လို့ဖြစ်စေ ၊ ဒါပေမယ့် ၀မ်းဗိုက်ထဲမှာ အဆာထုပ်ပြီးမှ လုပ်ရမယ်။ အဲဒါ ဆယ်မိနစ်ပါပဲ။ အခုန ကျင့်စဉ်အတိုင်း ဆယ်မိနစ်။ ထိုင်၍ဖြစ်စေ ၊ထ၍ဖြစ်စေ ကိုယ့်ရဲ့ အကြောအချဉ်တွေကို လျှောပြီးတော့ အဲဒါ အေးအေးဆေးဆေးနဲ့ အဲဒါကို စိတ်ကူးပြီးတော့ ၊ ခံယူပြီးတော့ ပါးစပ်ကလည်း ခုနတုန်းကလို ၀စီကံမှု့ပေါ့နော်။ အဲဒါလည်း ပြောနေရမယ်။ လက်ကလည်း လှုပ်ရမ်းပြီးတော့ ငါဟာ မေတ္တာဓာတ်ကြီး ဖြစ်နေတယ် ။ ငါ မေတ္တာကို အလိုရှိတယ်။ နော် ... ငါဟာ မေတ္တာဓာတ်ကြီး ဖြစ်တဲ့အတွက် မေတ္တာဓာတ်ကို အလိုရှိတဲ့အတွက် မေတ္တာဓာတ်ကို အလိုရှိကြကုန်သော လူနတ်ဗြဟ္မာ သတ္တ၀ါတို့ဟာ ကူညီကြတယ်။ ငါကလည်း မေတ္တာဓာတ် တွေ ပြည့်ဝနေတဲ့ လူတွေနဲ့ပဲ မိတ်ဆွေ ဖြစ်ချင်တယ်။ ငါ့ကို တွေ့တာနဲ့ သူတို့လဲ မိတ်ဆွေ ဖြစ်မှာပါ။ အဲဒီလို အလိုတွေ ဆန္ဒတွေ ဖော်စပ်ရမယ်။ ဒါ ဆယ်မိနစ်ပဲ။

ဘယ်အချိန် လုပ်ရမယ်လို့ မပြောဘူး။ ဘယ်လို စကားလုံးမျိုးတွေနဲ့ လုပ်ပါ ။ ဘာတွေ ရွတ်ပါဆိုပြီးတော့ စိတ်ပညာ စာအုပ်တွေလို ၀ါကျတွေနဲ့ အလီလီ ဖွဲ့ဆိုထားတဲ့ စာတွေ ဒီမှာ မပြောတာ တမင်တကာ လွတ်လွတ်လတ်လတ် လုပ်နိုင်အောင်ပါ။ ငါသည် ဘယ်နေ့ကို ဘယ်လို ၊ အဲလို ဟာမျိုးတွေ မပြောဘူး။ ပြောလို့ ရတယ်၊ ပြောရင် ဘောင်ဖြစ်သွားမှာ စိုးလို့။ နော်... ဘောင်ဆိုရင် ဘယ်ဘောင်မှ မကောင်းဘူး။ ဒါကြာင့်မို့လို့ ဘောင်လွတ်၊ ကိုယ့်ဟာကို ထည့်ချင်တဲ့စကားလုံးကို ထည့်ပါ။

အဲဒီ စကားလုံးနဲ့ လေ့ကျင့်နေရင် အဲဒီစကားလုံးဟာ ကိုယ့်နှလုံးသားကို မရိုက်ခတ်ဘူး။ ကိုယ့်စိတ်ကို မထိခိုက်ဘူးဆိုရင် နောက်ထပ်စကားလုံး ရွေးလုပ်ပါ။ ရွတ်နေရင်းနဲ့ အဲဒီ စကားလုံးဟာ ရိုးလာပြီဆိုရင် အသစ်ဆန်း ထွင်ပြီးတော့ ရွတ်နိုင်ပါတယ်။ အင်္ဂလိပ်လိုပဲ ရွတ်ရွတ်၊ ကုလားလိုပဲ ရွတ်ရွတ် ၊ တရုပ်လိုပဲ ရွတ်ရွတ်၊ ပါဠိလို ရွတ်ရွတ် ၊ မြန်မာလို ရွတ်ရွတ် ၊ ကိုယ့်ရဲ့ မနောအိမ်ကို လှုပ်ရှားစေတဲ့ စာလုံးတွေ ရွေးပြီးတော့ ကိုယ့်ဘာသာကိုယ် လုပ်နိုင်အောင်ဆိုပြီးတော့ ဒီက စာကြောင်းတွေ ဖြုတ်ပြီး ပေးထားတာ။ အဲဒါကြောင့် အဲဒီလို လုပ်ရမယ်။ မေတ္တာဓာတ်။

အဲဒီတော့ .. မေတ္တာဓာတ်မှာက စာလုံးတွေက အရေးမကြီးဘူး။ စကားလုံးတွေ တိုတိုနဲ့ ကိုယ့်နှလုံးသား ကိုယ်မနောအိမ်ကို ထိခိုက်ဖို့ အရေးကြီးတယ်။ အဲဒါ ငါးမိနစ်ထက် မနည်း၊ ဆယ်မိနစ်ထက် မများ။ ရွတ်ပေးရမယ်။ ထိမိမဲ့ စကားလုံးတွေ ကိုယ့်မနောအိမ်က လက်ခံမယ့် စကားလုံးတွေကိုလည်း ရွေးချယ်ဖို့ ပြောပြီးပြီ။ အဲဒီလို ရွတ်ရင်းနဲ့ အ၀တ်အစား အနေအထိုင် အပြောအဆို အဲဒါတွေဟာ အများလက်ခံနိုင်တဲံ အဆင့်အထိ နေရမယ်။ အလွန်ပဲ ငါဟာ ကျင့်စဉ်တစ်ခုကို ကျင့်နေတဲ့ ဆိုတဲ့ ၊ ငါ စုတ်စုတ် ပြတ်ပြတ်နေမယ် ၊ ငါ ဖြစ်သလို နေမယ် ၊ အဲလို မဟုတ်ဘူးနော်၊ တင့်တယ်အောင် နေရမယ်။

အ၀တ်အစား အနေအထိုင် အပြောအဆို အဲဒါတွေဟာ အများနဲ့ မဆန့်ကျင်ဘဲနဲ့ တင့်တင့်တယ်တယ်ဖြစ်အောင် နေပြီးတော့ အဲဒီ မေတ္တာဓာတ်ကို ရင့်သည်ထက် ရင့်အောင် လုပ်ရမယ်။ အဲဒီတော့ မေတ္တာဓာတ်ကို လုပ်နေရင်း ကနေပြီးတော့ ချွတ်ချော်လာမယ်လို့ ထင်ရင် ပထမ ဒုတိယ အကြောင်းအရာမှာ ပြောတဲ့ စိတ်လမ်းပြောင်းနည်း ကို ပြန်သတိရပြီးတော့ စိတ်လမ်းပြောင်းနည်းကိုလည်း သုံးပါ။ နေ့စဉ် သုံးပါ။

အဲဒီတော့ မေတ္တာလို့ ပြောလိုက်တဲ့ အခါမှာ မေတ္တာကို အကြမ်းဖျဉ်းအားဖြင့် ကိုယ့်ထက်ကြီးတဲ့ ၊ မြင့်မြတ်တဲ့လူကို မေတ္တာထားတာဟာ မေတ္တာဆိုတဲ့ အစား ကြည်ညိုတယ်ဆိုတဲ့ စာလုံး သုံးထားတယ်။ ကိုယ်နဲ့ တန်းတူ လူကိုတော့ မေတ္တာအစား ချစ်တယ်လို့ ပြောတာပေါ့။ ကိုယ်အောက်နိမ့်တဲ့ လူကိုတော့ ညှာတာတယ်၊ သနားတယ်ပေါ့။ အဲဒါ မေတ္တာရဲ့ အခြားသော စကားတွေချဉ်းပါပဲ။

အဲဒီတော့ မေတ္တာရဲ့ အခြားသောစကားတွေမှာ အများကိုလည်း ဖြန့်ပို့မယ်။ သတ္တ၀ါ အနန္တကိုလည်း ဖြန့်ပို့မယ်။ တစ်ဦးတစ်ယောက်ထဲကိုလည်း လိုအပ်ရင်ပို့မယ်။ နောက် ကိုယ့်ကိုကိုယ်လဲ အခုနတုန်းကလို မေတ္တာတုံးကြီး။ ငါဟာ မေတ္တာနဲ့ ပြည့်လျှမ်းနေတဲ့ လူကြီးဆိုတာကို အမြဲတမ်း ခံယူနေဖို့ လိုပါတယ်။ အဲဒါကို နာရီနဲ့ သတ်မှတ်ပြီး တော့ ငါးမိနစ်ကနေ ဆယ်မိနစ်အတွင်း သိဒ္ဓိဓာတ်တွေ ထက်မြက်ရင်သန်စေဖို့ အတွက် မေတ္တာကို နှိုးဆွပါလို့ ဒီအခန်းကဏ္ဍမှာ ပြောလိုက်ချင်ပါတယ်။ ဒါတွေဟာ လောကီရေးရာ စိတ်ပညာလေ့ကျင့်ခန်းတွေပါ။ ဘာသာရေး ရှု့ဒေါင့်က ကြည့်ဖို့ မလိုပါဘူး။

မဟာဂန္ဓာရီစခန်းမှ
မင်းသိင်္ခ(၁၉၉၉-ဧပရာယ်လ-၅ရက်)
ညသန်းခေါင်ကျော်အချိန်၊ မှော်ဘီစခန်း

ချမ်းသာကြွယ်ဝ ချင်သူများ အတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၄)

အပိုင်း (၁) - (၂) - (၃)

ဘယ်အထဲကိုလဲ . . . ၊ကိုယ့်ရဲ့ မနောထဲကို အဲဒီလို ဓာတ်ပြန်ကူးမယ်။ ပြီးတော့ လက်ဟန်ခြေဟန်တွေ စောစောက ရှင်းပြခဲ့သလို စောစောကအခန်းက ရှင်းပြခဲ့သလို လက်မြှောက်မယ်။ လက်ကို အပေါ်မြှောက်လိုက်၊ အောက်ကိုချလိုက် အချိန်မှန် မှန် စည်းချက်ညီညီပို့ရမယ်။ မကြာခင် ကျုပ်ဆီကို လာပို့ရမယ် ဆိုပြီးတော့ လက်ကိုမြှောက်ရမ်းမယ်။ အဲဒီလို အမူအရာ သုံးပါးဆုံရင် မနေနိုင်ပါဘူး။ အဲဒီလူဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ သူ့ဆီသွားပြီးတော့ “ ဘယ်လိုကြောင့်မှန်း မသိပါဘူးဗျာ၊ ခင်ဗျာဆီ ပိုက်ဆံပေးရမှာမေ့နေတာ၊ ညတုန်းက အဲဒါ သတိရလို့ ၊ ချက်ချင်းလာမလို့ဟာ အချိန်မရှိတော့လို့ အခုလာပို့တာ” ဆိုပြီး လာပို့တဲ့ အဖြစ်အပျက်ကို ကြုံတွေ့ရတဲ့အခါမှာ ကိုယ်ရ လိုက်တဲ့ငွေအတွက် ၀မ်းသာတာမဟုတ်ဘူးနော်။ ကိုယ်ရဲ့ ကျင့်စဉ်ဟာ အတော်ဟုတ်သွားပြီဆိုပြီးတော့ ပီတိဖြစ်စရာ ကောင်းတယ်လို့ ပြောချင်ပါတယ်ဗျာ။ အဲဒီတော့ ဝေဒနာတန်ခိုးပေါ့နော် . . . ။

သိဒ္ဓိတန်ခိုးပဲပြောပြော၊ ဝေဒနာ တန်ခိုးပဲပြောပြော၊ ဆန္ဒတန်ခိုးပဲပြောပြော ဝေဒနာဟာ အရင်းခံတယ်။ အဲဒီဝေဒနာတန်ခိုးဟာ ကူးလျှောက်တတ်တယ်။ ပို့လွှတ်လို့ ရတယ်ဆိုတာ နားလည်ရမယ်။ သူ့သတ္တိက ဘာနဲ့တူသလဲဆိုတော့ မြစ်ထဲမှာ၊ ချောင်းထဲမှာ သင်္ဘောကြီး ခုတ်သွားတဲ့အခါ နောက်က ဂယက်တွေ ထပြီးတော့ လှိုင်းလုံးကြီးတွေ ထလာတယ်။ အဲဒီလှိုင်းလုံးကြီးတွေ ကမ်းခြေကို သွားနေတုန်းမှာ နောက်မှာ လှိုင်းလုံး တစ်လုံးပေါ်မှာ အကျိုးပြုနေတယ်။ ဒီလှိုင်းလုံး ကြောင့်ပဲ ရေက နောက်က ကယက်လိုက်လာတယ်။ နောက် လှိုင်းလုံးကနေ နောက်လှိုင်းလုံးကို ပစ္စည်းထပ်နဲ့ အကျိုးပြုပြီးတော့ လှိုင်းတွေ ထလာတယ်။ ဝေဒနာတွေ ဟာလည်း စလုပ်တာနည်းနည်း၊ နောက်တော့ တဖြည်းဖြည်း တဖြည်းဖြည်း ဝေဒနာတွေ ထလာပြီး တန်ခိုးတွေ တိုးပွားလာတယ်။ အဲဒါ လုပ်ကြည့်မှသိ မယ်။

သူ့သတ္တိက သိပ်ထူးတာ။ ဝေဒနာကနေ နောက်ထပ် ဝေဒနာ။ ဝေဒနာကနေ နောက်ထပ်ဝေဒနာ။ ဝေဒနာတန်ခိုး ကနေ ဝေဒနာတန်ခိုး။ ကျေးဇူးပြုပြီးတော့ ထပ်ထပ်ပြီးတော့ ထပ်ထပ်သွားတယ်။ အဲဒီတော့ မနော၊ မနောတွေ၊ စိတ်အာရုံတွေ စိတ်အာရုံ မနောတွေကနေ ဝေဒနာတွေဖြစ်တယ်။ အဲဒီ ဝေဒနာတွေဖြစ်တယ်ဆိုတာ ခံစားမှုပဲ။ အဲဒါတွေဟာ တကယ့်ကို ရုပ်သန္တန်နဲ့ရှိနေတယ်။ မျက်စိနဲ့မမြင်နိုင်သေးလို့ မမြင်ရပေမဲ့ မြင်ရတဲ့တစ်နေ့မှာ အဲဒီရုပ်သန္တန်နဲ့ မြင်ရမှာ။ ရုပ်သန္တန်နဲ့တကွတင်မဟုတ်ဘူး။ အရောင်နဲ့ တကွမြင်ရမှာ။ အကြမ်းဖျင်းအားဖြင့် အရောင်တွေအကြောင်း ပြောပြမယ်။ အဲဒီဝေဒနာတွေကို အကြောင်းပြပြီးတော့ ဝေဒနာတွေမှာ အရောင်တွေ ထွက်နေတယ်။

ကာလာ . . . ။
အဲဒီ ကာလာတွေဟာ သိပ်ထူးခြားတာ။ ပေါက်မြောက်ပြီးသား တိဗက်က လားမားကြီးတွေ ဘာတွေဆို ဒီအရောင်တွေကို တန်းမြင်သွားတာ။ အဲဒီတော့ အရောင်တွေအကြောင်း ပြောပြမယ်။ အဲဒီတော့ အရောင်တွေဟာ ဥပမာဆို့ပါစို့။ အရောင် က ဘယ်လိုတည်ရှိသလဲဆို လူရဲ့ပုံသဏ္ဌန်အတိုင်းပဲ ဘေးနားမှာ တစ်ပေလောက် ပတ်နေတယ်။ အရောင်တွေဝိုင်း ပြီးပတ်နေတယ်။ လူတစ်ယောက်ဟာ ကျကျနနတစ်ခါတည်း စိတ်နှလုံးလေးညှိုးပြီးတော့ ဘုရားကြည်ညိုနေတယ်ဆိုရင် သူ့ဘေးမှာ ညိုပြာပြာ အရောင်ကလေး ပတ်နေတာတွေ့ ရလိမ့်မယ်။ အပြာရောင်လေး။ ဒါပေမဲ့ အညိုရောင်လည်းပါတယ်။

မေတ္တာပို့ပြီးတော့ တစ်စုံတစ်ယောက်ကို တစ်ခါတည်း မေတ္တာဓာတ်တွေ ပို့နေတယ်။ ဒါမှမဟုတ် လောကဓာတ်ကြီး တစ်ခုလုံးကို မေတ္တာဓာတ်တွေ ပို့နေတယ်။ တရားတွေ လွှမ်းမိုးနေတဲ့ လူတစ်ယောက်ရဲ့ဘေးမှာ အလွန်ကျက် သရေရှိတဲ့ အနီရောင်လေးဟာ သူ့လူပုံသဏ္ဌန်အတိုင်း ပတ်နေတယ်။ အဲဒါ သိပ်ထူးခြားတာပဲ။ ကြင်နာသနားတဲ့ စိတ်တွေ အရမ်းပေါ်နေပြီဆိုရင် ကြည်လင်တဲ့ အစိမ်းရောင်ဖြစ်ပါတယ်။ တစ်ခါတည်း ဥာဏ်တွေကွန့်မြူးပြီးတော့ တစ်ခါတည်း ဥာဏ်တွေပွင့်နေပြီ ဆိုရင် အ၀ါရောင်တွေ ပတ်နေတယ် သီလကောင်းတဲ့လူမှာ ဆိုရင် အလင်းရောင်တစ်မျိုးပတ်နေတယ်။

ယမ်းပုံမီးကျ ဒေါသတွေ ဖောက်ခွင်းနေတယ်ဆိုရင် အနီရောင်ရဲရဲဟာ လူကိုယ်ဘေးမှာ မညီမညာ အတွန့်လှိုင်းကြီးနဲ့။ တစ်ယောက်ယောက်ကို ယုတ်မာပြီး၊ ရန်ငြိုးဖွဲ့ပြီး ဒုက္ခပေးဖို့ ကြံစည်နေတဲ့ လူတစ်ယောက်ရဲ့ ဘေးနားမှာ မည်းကျုတ် ကျုတ်အရောင်ကြီးက တစ်ခါတည်းက ကြောက်ခမန်း လိလိပေါ်နေ တယ်။ သူများကို ပေးရမှာတွန့်တိုလို့ မပေးဘဲ နေရရင် ဘယ်လို ကောင်းမလဲလို့ ကောက်ကျစ်စဉ်းလဲတဲ့ အကြံရှိတဲ့လူမှာ အနီရယ်၊ အပြာရယ်၊ ညစ်ပုတ်တဲ့ အရောင်ရယ် ရောထားတာတွေ့ရတယ်။ လိမ်လည် ကောက်ကျစ်တဲ့ လူမှာတော့ ဆူးပုတ်ရောင်၊ မာနကြီးတဲ့ လူမှာလည်း ဒီသဘောပဲ၊ ကြောက်နေတဲ့ လူမှာတော့ အဖြူနဲ့ အပြာရော ထားတဲ့ ပြာနှမ်းနှမ်း အရောင် နောက် အညိုရောင်လည်းပါတယ်။

စိတ်ဓာတ်ညှိုး ငယ်နေရင်တော့ ညစ်ထေးတဲ့အရောင်၊ တဏှာရာဂတွေ သိပ်ကြီးနေရင်တော့ နီပုတ်ပုတ် အရောင်လို၊ ကာကီရောင်လို အစက် အပြောက်အရောင်၊ ဒါအကြမ်းဖျင်းအရောင်တွေ အကြောင်း ပြောပြတာ။ ဘာလို့ အရောင်တွေ အကြောင်းပြောပြတာလဲ ဆိုတော့ ဝေဒနာဟာ ထွက်ပေါ် လာပြီဆိုရင် ရုပ်သန္တန်နဲ့အတူ ကာလာတွေနဲ့ရှိနေတယ်။ နောက်ပြောရမှာကကော့ အဲဒီနည်း စပြီးတော့ လေ့ကျင့်ပြီ၊ သိဒ္ဓိတန်ခိုးကို လေ့ကျင့်ပြီ ဆိုကတည်း လူမှာ ဥပါဒါန်ဆွဲနေရမယ်။ ဒါဟာ နေ့ရော၊ ညရော ဒါရကို ရရမယ် မဖြစ်မနေကိုရမယ်။ ခုနတုန်းက ဥပမာမှာ ထင်ရှားတာပြော မယ်ဆိုရင် အဲဒါ ဥပါဒါန်တွေကပ်နေတာ။ အဲဒီတော့ ဥပါဒါန် ကပ်နေတယ်ဆိုတော့ အခြားစိတ်တွေ မဖြစ်ပေါ်နိုင်ဘူးလား အခြားစိတ်တွေ ဖြစ်ပေါ်နိုင်တာပေါ့။

ကိုယ်လိုချင်တဲ့အရာကို အာရုံညွတ်နေရင်းနဲ့ပဲ လူဆိုတော့ လူမှုကိစ္စတွေ အများကြီးပဲ။ စိတ်ညစ်စရာရှိမယ်။ ဒေါသ ထွက်စရာရှိမယ်။ လန့်စရာရှိမယ်။ ပျော်စရာရှိမယ် စသည့်ဖြင့် အဲဒီအရာတွေ မပေါ်နိုင်ဘူးလား။ ပေါ်နိုင်တော့ ကောင်းတဲ့ စိတ်တွေပေါ်ရင်တော့ အကြောင်းမဟုတ်ဘူး။ မကောင်းတဲ့ ဒေါသစိတ်တွေ၊ မောဟစိတ်တွေ၊ လောဘစိတ်တွေ ပေါ်လာ မယ်ဆိုရင် ခုနကကျင့်စဉ်ကို အနှောက်အယှက်ဖြစ်နိုင်တယ်။ အဲဒီကျင့်စဉ်ကို အနှောင်အယှက် ဖြစ်မယ်ဆိုရင်တော့ ကျင့်စဉ် အထမမြောက်ဘူး။

အဲဒီတော့ ဘယ်လို လုပ်ရမလဲဆိုတော့ မကောင်းတဲ့ စိတ်လို့ ယူဆတဲ့ အရာတွေကို လမ်းပြောင်းပေးပါ။ အဲဒါ စိတ်လမ်းပြောင်းတယ်လို့ ခေါ်ပါတယ်။ သို့မဟုတ်ရင် ဝေဒနာ လမ်းပြောင်းတယ်လို့ ခေါ်ပါတယ်။ ဘာနဲ့ သန္တန်တူသလဲဆိုရင် ဘောလုံးကလေးကို လူတစ်ယောက် လှိမ့်ပေးတယ်။ ကိုယ်က အဲဒီဘောလုံးကို ဖမ်းပြီးတော့ ကိုယ့်ရဲ့ ညာဘက်ကိုပို့ ရမယ်။ အဲဒီတော့ လှိမ့်တာကသက်သက်၊ လှိမ့်တဲ့လူက သက်သက် လှိမ့်လိုက်တယ်၊ ကိုယ့်ဟာ ကိုယ်တစ်ခါဖမ်းမယ်။ ဖမ်းပြီးတော့မှ ကိုယ်ပို့ရမယ့် ညာဘက်က လူဆီကို ပစ်ပို့မယ် အစား ဟိုက လှိမ့်လိုက်တာလေးကို လက်ကလေးနဲ့အသာခံ ပြီးတော့ ခပ်စောင်းစောင်းကလေး ခံလိုက်လို့ရှိရင် ဘောလုံး ကလေးဟာ ကိုယ့်လက်ကို လာထိတာရယ်။ ဟိုဘက်ကို ထွက်သွားတာရယ်ဟာ နှစ်ခုသောအလုပ် မဟုတ်တော့ဘဲနဲ့တစ်ခု သောအလုပ်ပေါ့။ စိတ်လမ်းပြောင်းလိုက်တာ။

ကဲ . . . အဲဒီကျင့်စဉ် ကျင့်နေတုန်းမှာ ကျင့်စဉ်က လည်း မပြီးသေးဘူး။ ဒေါသဖြစ်စရာ ကြီးကြီးမားမား ဖြစ်လိုက်ပြီဆိုတာနဲ့ ဒေါသလို့ သိလုက်တာနဲ့ အဲဒီဒေါသကို ဘယ်အထိ ပြောင်းရမှာလဲ။ ကိုယ်လိုချင်တဲ့ ဝေဒနာအထိ ပြောင်းလိုက်ရမယ်။ အဲဒီ စိတ်ဆိုးစရာကြီး၊ ဒေါသကြီးကို ငါတိုက်အိမ်ကြီးနဲ့ နေရမယ့် ဒေါသ ကြီးပါလားလို့ သိလိုက်ပါ။ စိတ်ဓာတ် ကျစရာကြီးလား။ သြော် . . . မကောင်းတဲ့စိတ်။ ညံ့တဲ့စိတ်၊ နော် . . . ညှိုးငယ်တဲ့စိတ်၊ ဒီစိတ်တွေဟာ ငါ တိုက် အိမ်ကြီးနဲ့ နေရမယ့် အရာတွေပဲလို့ တစ်ခါတည်း မှတ်ယူလိုက်ပါ။ လက်နဲ့ထိသွားရင် အမလေးလို့ အော်မိတာနဲ့ အဲဒီ အမလေးဟာ ငါ တိုက်အိမ်ကြီးနဲ့ နေရမယ့် အမလေးပါလား။ လူတစ်ယောက်ကို စိတ်ဆိုးလို့ ဆဲမယ်ဆိုရင် မဆဲနဲ့တော့။ တစ်ခါတည်း အာရုံပြုလိုက်၊ ငါ တိုက်အိမ်ကြီးနဲ့ နေရမယ့် ဒီဆဲစရာကိစ္စပေါ့။ ရိုက်စရာကိစ္စလည်း မရိုက်နဲ့တော့။ ငါ တိုက်အိမ်ကြီးနဲ့နေရမယ့် ရိုက်စရာ ကိစ္စကြီး ပါလားလို့ သိပစ် လိုက်တာနဲ့ စိတ်လမ်း ပြောင်းပြီးသား ဖြစ်သွားတာပေါ့။

စိတ်လမ်းပြောင်းတယ်ဆိုတာ မကောင်းဘူးလို့ထင်တဲ့ အညံ့စိတ်တွေ၊ ဒေါသစိတ်တွေ၊ မောဟစိတ်တွေ၊ လောဘစိတ်တွေ သက်သက် မဖျောက်တော့ဘူး။ အဲဒါတွေဟာ ကောင်းတဲ့စိတ်တွေ ဖြစ်သွားပြီး။ အဲဒီ ဒေါသ ဖြစ်လိုက်တာဟာ ငါ တိုက်အိမ်ကြီးနဲ့ နေဖို့ဆိုပြီး ဒေါသကို ခံယူလိုက်တာ။ အဲဒီမှာ အင်မတန် ပြင်းထန်တဲ့ဒေါသ ဝေဒနာ တန်ခိုးကြီး အဖြစ်နဲ့မိမိခန္ဓာထဲမှာ အကျအန ကိန်းဝပ်ပြီး သိုလှောင်ပြီး သားဖြစ်သွားမယ်။ အဲဒီအတိုင်း နားလည်ကြပါ။ အဲဒီတော့ အဲဒီ စိတ်လမ်းပြောင်းတဲ့ အခါတွေမှာ ကြောက်သွားတဲ့ အခါမှာလည်း စိတ်ပြောင်း ရတာ အကောင်း ဆုံးပဲ။ ဝေဒနာအရဆုံးပဲ။

နောက် သာမန်အချိန်မှာ ရေချိုးနေရင်းနဲ့၊ ရေချိုးတယ်ဆိုတာ ရေနဲ့ ခန္ဓာကိုယ်နဲ့ ထိတဲ့အခါမှာ စိတ်လမ်း ပြောင်းလို့ကောင်းပါတယ်။ အခု ငါချိုးနေတဲ့ရေတွေက အေးသွားတယ်ဟာ အဲဒါ ငါ တိုက်အိမ်ကြီးနဲ့နေရဖို့ အေး သွားတာ။ ငါ့ကိုယ်ထဲမှာ အဲဒီတန်ခိုးသတ္တိတွေ ၀င်သွားပြီး။ ထမင်းစားတဲ့အခါမှာလည်း အဲဒီလိုပဲ ခံယူလိုက်ပါ။ စိတ်လမ်း ပြောင်းစရာတွေချည်းပဲလို့ နားလည်လိုက်ပါ။ နောက်တစ်ခု ကတော့ ဒီဝေဒနာကို အပြင်းထန်ဆုံးထဖို့၊ နိုးဖို့။ အခုလုပ်နေတာ ဝေဒနာတန်ခိုးမို့လား။ သိဒ္ဓိဆိုတာ ဝေဒနာတန်ခိုးပဲ။ ခံစားမှုတွေကို တန်ခိုးဖြစ်အောင် လုပ်တာ။

အဲဒီအကြောင်းရောတွေမှာ လူတစ်ယောက်ဟာ ချမ်းသာ ကြွယ်ဝဖို့ အာရုံပြုထားရင် ဝေဒနာပိုတက်တယ်။ အခြွေအရံ များဖို့ ကျက်သရေမင်္ဂလာတိုးဖို့ သြဇာတန်ခိုးကြီးဖို့ ကျန်းမာဖို့ မျက်နှာပွင့်ဖို့၊ ကျော်ဇောထင်ရှားဖို့၊ ပညာဥာဏ်ကြီးဖို့ အကျဉ်းအကြပ်မှ လွတ်မြောက်ဖို့၊ ကြီးမားတဲ့ အလုပ်အကိုင် ကြီးတွေ၊ ရာထူးကြီးတွေရဖို့၊ ချစ်သော သူကိုရဖို့၊ ရဲရင့်တည် ကြည်ဖို့ အဲဒီအချက်တွေကို လူတွေက တောင်းတကြတယ်။ ရယူလိုချင်တယ်။

ခုနက ကြိုက်မကြိုက်ထဲမှာ ကြိုက်ထဲမှာပါတယ်။ အဲဒီတော့ ကြိုက်ထဲမှာကျတော့ ကြိုက်ဝေဒနာကို ဖန်တီး မယ်။ ဝေဒနာတန်ခိုးကို ဖန်တီးမယ်ဆိုရင် အဲဒီဟာတွေလည်း အာရုံပြုလို့ရပါတယ်လို့ ပြောရင်းနဲ့ တန်ခိုးသိဒ္ဓိရဲ့သတ္တိ သဘောကို ဒီအခန်းမှာရပ်ပါတယ်။ ဒါတွေဟာ လောကီ စိတ်ပညာကျင့်စဉ်တွေပဲလို့ မှတ်ယူထားပါ။ ဘာသာရေးနဲ့ မဆိုင်ပါဘူး။ ဘယ်ဘာသာဝင်မဆို လုပ်လို့ရပါတယ်။

မဟာဂန္ဓာရီစခန်းမှ
မင်းသိင်္ခ(၁၉၉၉-ဧပရာယ်လ-၅ရက်)
ညသန်းခေါင်ကျော်အချိန်၊ မှော်ဘီစခန်း