နာမက္ခရဆန်းနာမည် အဟောကျမ်းကြီး-အပိုင်း(၅)

၂၆။ နာမက္ခရတိုင် တွက်နည်း

တွက်လိုသောသူ၏ မွေးသက္ကရာဇ်ကိုတည်၊ ၁ ခုနုတ်၊ ၇ ဖြင့်စား၍ အကြွင်းကို တိုင်ထိပ်ကွက်မှာ တင်ပြီး တစ်ခုတိုး၍ ( ဂြိုဟ်စဉ်အတိုင်း ) လက်ယာ လက်ဝဲ -လက်ယာ လက်ဝဲ လက်ယာ လက်ဝဲအောက်ဆုံး လက်ယာကွက် မှ အထက်သို့ အစဉ်အတိုင်း ချပါ။

ဥပမာ - ၁၃၃၂ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက်၊ ဗုဒ္ဓဟူးနေ့ မွေးဖွားသော ရဲသိမ်းကို တွက်ကြည့်မည် ဆိုကြပါစို့။

မွေးသက္ကရာဇ်ကိုတည် - ၁၃၃၂

ပုံစံ




ယင်း နာမက္ခရတိုင်တွင် မွေးနံရှိရာ ဌာနကို မှတ်၍
လက်ယာကွက်တွင် မွေးနံတွေ့လျှင် လက်ယာဖွားဟု မှတ်ပါ။
လက်ဝဲကွက်တွင်မွေးနံတွေ့လျှင် လက်ဝဲဖွားဟု မှတ်ပါ။
မောင်ရဲသိမ်းသည် မွေးနံ လက်ယာကွက်မှာ တွေ့သောကြောင့် လက်ယာဖွားဟုမှတ်။




၂၇။ နမက္ခရတိုင် ၇ဌာန သဘောထား

နမက္ခရတိုင်သည် တိုင်ထိပ် လက်ယာ ၁၊ လက်ယာ ၂၊ လက်ယာ ၃၊ လက်ဝဲ ၁၊ လက်ဝဲ၂၊ လက်ဝဲ၃ အားဖြင့် ၇ ဌာနရှိ၏

၁။ တိုင်ထိပ်ဌာနသည် အောင်မြင်မှုများခြင်း၊ ပွင့်လင်း ထင်ရှားခြင်း၊ အပြောအဟော ကောင်း၍ ဇွဲလုံ့လရှိုခြင်း၊ အများ၏ ခေါင်းဆောင်ဖြစ်ခြင်း၊ အသန့်အပြန့်ကြိုက်ခြင်း သဘောရှိ၏။ အမျိုးသား၊ အမျိုးသမီး နှစ်ဦးလုံး၌ ကောင်းကျိုးကို ဆေးဆေးစွာ ပေးစေတတ်၏။

၂။ လက်ယာ ၁ ဌာနသည် အပြော အဟောကောင်း၍ သြဇာရှိခြင်း၊ လူမှုရေးအလုပ်ကို ၀ါသနာပါခြင်း၊ ကိုယ်ခန္ဓာ အပင်ပန်းခံတတ်ခြင်း၊ ဖြစ်သလို နေတတ်ခြင်း သဘောရှိ၏။ အမျိုသား၌ ပူပူဆူဆူနှင့် အကျိုးပေးစေတတ်၏။

၃။ လက်ယာ ၂ ဌာနသည် အေးဆေးစွာနေတတ်ခြင်း၊စကားနည်းခြင်း၊ ဘာသာရေးအလုပ်ကို ၀ါသနာပါခြင်း၊ အကြံအစည်ကြီးခြင်း၊ အောင်မြင်မှုများခြင်း၊ သဘောရှိ၏။ အမျိုးသား၌ ကောင်းကျိုးကို အေးဆေးစွာ ပေးစေတတ်၏။

၎။ လက်ယာ ၃ ဌာနသည် အပြောအဆို တိုတောင်းခြင်း၊ တစ်ဇွတ်ထိုးလုပ်တတ်ခြင်း၊ အရာရာမှာ ရန်ပေါ်တတ်ခြင်း၊ လှုပ်ရှားမှုမကို ၀ါသနာပါခြင်း သဘောရှိ၏။ အမျိုးသား၌ ဆိုးကျိုးကို များစွာ ပေးစေတတ်၏။

၅။ လက်ဝဲ ၂ ဌာနသည် အောင်မြင်မှုများခြင်း၊ အပြောအဆို ကောင်းခြင်း၊ ကိုယ်ခန္ဓာ သိမ်မွေ့ခြင်း၊ အသန့်အပြန့်ကြိုက်ခြင်း၊ အနုပညာ ၀ါသနာပါခြင်း သဘောရှိ၏။ အမျိုးသမီး၌ ကောင်းကျိုးကို အေးဆေးစွာ ပေးစေတတ်၏။

၆။ လက်ဝဲ ၂ ဌာနသည် အပြောအဆို တိုတောင်းခြင်း၊ အလှအပ မြတ်နိုးခြင်း၊ အတိုက်အခံဖြင့် အောင်မြင်ခြင်း၊ အိမ်ထောင်ရေး အခက်အခဲကြုံတွေ့တတ်ခြင်း သဘောရှိ၏။ အမျိုးသမီး၌ ဆူဆူပူပူနှင့် အကျိုးပေး စေတတ်၏။

၇။ လက်ဝဲ ၃ ဌာနသည် စကားများများ ပြောဆိုတတ်ြခင်း၊ အသွားအလာ များခြင်း၊ မတင်မကျဖြစ်ခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ပင်ပန်းခြင်း၊ အားနာမှုများခြင်း သဘောရှိ၏။ အမျိုးသမီး၌ ဆိုးကျိုးကို များစွာ ပေးစေတတ်၏။

ဤ ၇ ဌာန၏ သဘောအဓိပ္ပာယ်ကို အကြိမ်ကြိမ်လေ့လာ၍ မွေးနံသည် အဘယ်ဌာနမှာ ရှိသည်၊ လက်ယာဖွား ဖြစ်သည်၊ လက်ဝဲဖွား ဖြစ်သည်၊ တိုင်ထိပ်ဖွား ဖြစ်သည်ကို ဉာဏ်စေစား၍ ဟောကြားကြပါကုန်။

ရုပ်ခန္ဓာကို နာမ်ခန္ဓာက ဦးဆောင်၏။

မွေးဖွားပုံ ၇ ဌာန၏ သဘောများကို ထင်ရှားအောင် ဖော်ပြရေးသားပြီး၍ နာမ်ခန္ဓာခေါ် နာမည် အဖျားလုံး၏ ၇ ဌာန သဘောသွားကို ထင်ရှားအောင် ဖော်ပြပေးအံ့။ နာမက္ခရတိုင်၌ နာမည်သည် ဘယ်နှလုံးပင် ရှိရှိ နာမည် အရင်းလုံးနှင့် နာမည်အဖျားလုံးကို အဓိကထား၍ ကြည့်ရမည် ဖြစ်၏။

အမျိုးသား အမျိုးသမီးများသည် -

၁။ နာမည် အဖျားလုံး တိုင်ထိပ်ဌာနမှာရှိလျှင် ဘာလုပ်လုပ် ဘာကြံကြံ နှစ်မျိုးနှစ်စား လုပ်တတ် ကြံတတ်ခြင်း၊ ကူညီသူပေါခြင်း၊ ရွှင်လန်းစွာ အောင်မြင်ခြင်းကို ဖြစ်စေတတ်၏။

၂။ အမျိုးသားသည် နာမည် အဖျားလုံး လက်ယာ ၂ မှာရှိလျှင် အကြံအစည်ကြီးခြင်း၊ စကားနည်းခြင်း ၊ တည်ကြည်ခြင်း၊ အေးချမ်းသာယာစွာ အောင်မြင်ခြင်းကို ဖြစ်စေတတ်၏။

၃။ အမျိုးသားများသည် နာမည်အဖျားလုံးလက်ယာ ၁ မှာရှိလျှင် အတိုက်အခံဖြင့် အောင်မြင်ခြင်း၊ လှုမှုရေးအလုပ်ကို ၀ါသနာပါခြင်း၊ ကိုယ်ထူးကိုယ်ချွန် ကိုယ့်အားကိုယ်ကိုး အကျိုးပေးခြင်းမျိုးကို ဖြစ်စေတတ်၏။

၎။ အမျိုးသားများသည် နာမည်အဖျားလုံး လက်ယာ ၃ မှာရှိလျှင် စိတသောက ဗျာပါဒများခြင်း၊ အောင်မြင်မှုနည်းခြင်း၊ ဘေးဥဒ်သင့်ခြင်း၊ အိမ်ထောင်ရေး စီးပွါးရေး ပျက်ပြား ရန်ပေါ်တတ်ခြင်း ဖြစ်တတ်၏။

၅။ အမျိုးသားများသည် နာမည်အဖျားလုံး လက်ဝဲ ၁ မှာရှိလျှင် စိတ်အားငယ်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ဆုံးဖြတ်ချက်မြန်ခြင်း၊ အနည်းငယ် အောင်မြင်ခြင်းကို ဖြစ်စေတတ်၏။

၆။ အမျိုးသားများသည် နာမည်အဖျားလုံးလက်ဝဲ ၂ မှာရှိလျှင် အတိုက်အခံပေါ်ခြင်း၊ အတိုက်အခံဖြင့် အောင်မြင်ခြင်း၊ အားနာမှုများခြင်း၊ ဇွဲလုံလ မရှိခြင်း၊ ကတိမတည်ခြင်းကို ဖြစ်စေတတ်၏။

၇။ အမျိုးသားများသည် နာမည်အဖျားလုံးလက်ဝဲ ၃ မှာရှိလျှင် ဘေးရန်များခြင်း၊ ဆုံးရှုံးနစ်နာခြင်း၊ သူတစ်ပါးကို အားကိုးရခြင်း၊ စိတ်ပင်ပန်းခြင်း၊ ရောဂါဆိုး ဥပဒ်ဆိုးတို့နှင့်တွေ့ကြုံရခြင်း သဘောရှိ၏။


၁။ အမျိုးသမီးများသည် နာမည်အဖျားလုံး လက်ဝဲ ၁ မှာရှိလျှင် စိတ်အားထက်မြက်ခြင်း၊ ခင်မင်ကျွမ်းဝင်ခြင်း၊ အောင်မြင်မှုများခြင်း၊ အေးချမ်းသာယာစွာ ကောင်းကျိုးကို ပေးစေခြင်း ဖြစ်တတ်၏။

၂။ အမျိုးသမီးများသည် နာမည်အဖျားလုံး လက်ဝဲ ၂ မှာရှိလျှင် ဆူဆူပူပူနှင့် အကျိုးပေးခြင်း၊ စိတ်သောကရောက်ခြင်း၊ ကိုယ်ထူးကိုယ်ချွန် ကိုယ့်အားကိုယ်ကိုးရခြင်းများ ဖြစ်တတ်၏။

၃။ အမျိုးသမီးများသည် နာမည်အဖျားလုံး လက်ဝဲ ၃ မှာရှိလျှင် သြဇာမဲ့ခြင်း၊ အိမ်ထောင်ရေး ၊ စီးပွါးရေး ရန်ပေါ်ပျက်ပြားတတ်ခြင်း၊ အောင်မြင်မှု နည်းခြင်းကို ဖြစ်စေတတ်၏။

၎။ အမျိုးသမီးများသည် နာမည်အဖျားလုံး လက်ယာ ၁ မှာရှိလျှင် အပြောဆို ကြမ်းတမ်းခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ပင်ပန်းခြင်း၊ သောကဖြင့် အောင်မြင်ခြင်းကို ဖြစ်စေတတ်၏။

၅။ အမျိုးသမီးများသည် နာမည်အဖျားလုံး လက်ယာ ၂ မှာရှိလျှင် စကားပြောနည်းခြင်း၊ ဘာသာရေးအလုပ်ကို ၀ါသနာပါခြင်း၊ စိတ်ပင်ပန်းခြင်း ၊ အောင်မြင်မှုနည်းခြင်းကို ဖြစ်စေတတ်၏။

၆။ အမျိုးသမီးများသည် နာမည်အဖျားလုံး လက်ယာ ၃ မှာရှိလျှင် ကျန်းမာရေး ချို့တဲ့ခြင်း၊ အရာရာမှာ ရန်ပေါ်ခြင်း၊ စကားပြော တိုတောင်းခြင်း၊ ဘေးဥပဒ်သင့်ခြင်းကို ဖြစ်စေတတ်၏။ ဤသည်ကား နာမည်ပဌာန၊ နံပဌာနပြု၍ ဟောပြောခြင်းမျိုးဖြစ်၏။ နာမက္ခရတိုင်၏ ဌာနသဘောကို နားလည်သဘောပေါက်စေခြင်း အကျိုးငှာ အသေးစိတ် ဖော်ပြလိုက်ခြင်းဖြစ်ပေ၏။

ပြည့်စုံစေဦးအံ့

မဖော်ပြ မရေးသားရသေးသည်ကို ထည့်သွင်း ဖော်ပြရမည်လားဟု သဘောမကျ မရှိကြလင့်၊ ရုပ်ခန္ဓာ -နာမ်ခန္ဓာကို ဟောပြောရာ၌ နာမက္ခရတိုင်နှင့် ဖိုအက္ခရာ၊ မအက္ခရာ အကြောင်းသည် ဆက်စပ်လျှက်ရှိ၏။

နာမက္ခရတိုင်၌ လက်ဝဲလက်ယာ အကြောင်းသည် ဖိုအက္ခရာ မအက္ခရာနှင့် တူ၏။ ဖိုအက္ခရာ မအက္ခရာ သည်ပင်လျှင် နာမက္ခရတိုင်၏ လက်ဝဲလက်ယာနှင့် တူ၏ဟု မှတ်ယူပါလေ။ ဖိုအက္ခရာ မက္ခရာ၏ သဘော အဓိပ္ပာယ်ကို ဖော်ပြလတ္တံ ဖြစ်တဲ့ နောက်ပိုင်း၌ ထင်ရှားလတ္တံ။

၂၉။ နာမက္ခရတိုင်နှင့် ဖို၊ မ အကြောင်း သိကောင်းစရာ

၁။ ဖိုအက္ခရာသည် ကြမ်းတမ်းခြင်း၊ ဇွဲသတ္တိရှိခြင်း၊ ဖြစ်သလိုနေတတ်ခြင်း၊ သဘောရှိ၏။
၂။ မ အက္ခရာသည် နူးညံ့သိမ်မွေ့ခြင်း၊ အပြောအဆို ချိုသာခြင်း၊ အသန့်အပြန့်ကြိုက်ခြင်း၊ အားငယ်ခြင်း သဘောရှိ၏။
၃။ ဒွေဒေဟ အက္ခရာသည် ကိုယ်ခန္ဓာကြမ်းတမ်းခြင်း၊ အပြောအဆို တိုတောင်းခြင်း၊ တစ်ဇွတ်ထိုး လုပ်တတ်ခြင်း၊ နှစ်မျိုးနှစ်ခွဖြစ်ခြင်း သဘောရှိ၏

၁။ မွေးနံသည် ကိုယ်စိတ်နှစ်ပါးလုံးနှင့်ပင် ဆိုင်၏။
၂။ နာမည်အရင်းလုံးသည် ရုပ်ခန္ဓာနှင့်ဆိုင်၏။
၃။ နာမည် အဖျားလုံးသည် နာမ်ခန္ဓာနှင့်ဆိုင်၏။

မှတ်ချက်။ ။ မွေးနံသည် အသက် (၁၂) နှစ်အရွယ်မှာ အရေးကြီး၏။
နာမည်သည် အသက် (၁၂) နှစ်မှ ကျော်လျှင် အရေးကြီး၏။

၁။ နာမည်အရင်းလုံး လက်ယာမှာရှိ၍ ဖိုအက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာကြမ်းတမ်းခြင်း၊ ဖြစ်သလိုနေတတ်ခြင်း၊ ဇွဲလုံ့လရှိခြင်း သဘောရှိ၏။

၂။ နာမည်အရင်းလုံး လက်ယာမှာရှိ၍ မ အက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာကြမ်းတမ်းသော်လည်း အပင်ပန်းခံနိုင်ခြင်း၊ ဖြစ်လိုနေတတ်ခြင်း၊ ဇွဲလုံ့လမရှိခြင်း သဘောရှိ၏။

၃။ နာမည်အရင်းလုံး လက်ယာမှာရှိ၍ ဒွေဒေဟ အက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာ ကြမ်းတမ်းခြင်း၊ ဖြစ်သလိုနေတတ်ခြင်း၊ လုံ့လမရှိခြင်း၊ ကိုယ်ခန္ဓာ အပင်ပန်းခံနိုင်ခြင်း သဘောရှိ၏။

၎။ အမည်အရင်းလုံး လက်ဝဲမှာရှိ၍ ဖိုအက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာ နူးညံ့သိမ်မွေ့သော်လည်း အပင်ပန်းခံနိုင်ခြင်း၊ အသန့်အပြန့်ကြိုက်ခြင်း၊ ဇွဲလုံ့လ မရှိခြင်း သဘောရှိ၏။

၅။ အမည်အရင်းလုံး လက်ဝဲမှာရှိ၍ မအက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာ နူးညံ့သိမ်မွေ့ခြင်း၊ အပင်ပန်းမခံနိုင်ခြင်း၊ အသန့်အပြန့်ကြိုက်ခြင်း၊ ဇွဲလုံ့လ မရှိခြင်း သဘောရှိ၏။

၆။ နာမည်အရင်းလုံး လက်ဝဲမှာရှိ၍ ဒွေဒေဟ အက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာ နူးညံ့သိမ်မွေ့သော်လည်း ပင်ပန်းခံရခြင်း၊ဇွဲလုံ့လရှိခြင်း၊ အသန့်အပြန့်ကြိုက်ခြင်း၊ မတင်မကျဖြစ်ခြင်း၊ သဘောရှိ၏။

၇။ နာမည်အရင်းလုံး တိုင်ထိပ်မှာရှိ၍ ဖိုအက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာ တည်ကြည်ခန့်ညားခြင်း၊ ဇွဲလုံ့လရှိခြင်း၊ ကိုယ်ခန္ဓာချမ်းသာခြင်း၊ ဖြစ်သလိုနေတတ်ခြင်း သဘောရှိ၏။

၈။ နာမည်အရင်းလုံး တိုင်ထိပ်မှာရှိ၍ မအက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာလှပေသိမ်မွေ့ခြင်း၊ အပင်ပန်းခံနိုင်ခြင်း၊ အသန့်အပြန့် ကြိုက်ခြင်း သဘောရှိ၏။

၉။ နာမည်အရင်းလုံး တိုင်ထပ်ရှိ၍ ဒွေဒဟ အက္ခရာဖြစ်လျှင် ကိုယ်ခန္ဓာကြမ်းတမ်းခြင်း၊ အပင်ပန်းခံနိုင်ခြင်း၊ ဇွဲလုံ့လမရှိခြင်း၊ ကိုယ်ခန္ဓာမညီညွတ်ခြင်း သဘောရှိ၏။

၁။ နာမည်အဖျားလုံး လက်ယာမှရှိ၍ ဖိုအက္ခရာဖြစ်လျှင် အပြောအဆိုကြမ်းတမ်းခြင်း၊ သတ္တိရှိခြင်း၊ သစ္စာရှိခြင်း သဘောရှိ၏။

၂။` နာမည်အဖျားလုံး လက်ယာမှရှိ၍ မ အက္ခရာဖြစ်လျှင် အပြောအဆို ချိုသာခြင်း၊ စိတ်အားငယ်ခြင်း၊ ကတိမတည်ခြင်း သဘောရှိ၏။

၃။ နာမည်အဖျားလုံး လက်ယာမှရှိ၍ ဒွေဒေဟ အက္ခရာဖြစ်လျှင် ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်ခြင်း၊ တစ်ဇွတ်ထိုးလုပ်တတ်ခြင်း သဘောရှိ၏။

၎။ နာမည်အဖျားလုံး လက်ဝဲမှာရှိ၍ ဖိုအက္ခရာဖြစ်လျှင် အပြောအဆိုကြမ်းတမ်းခြင်း၊ စိတ်အားငယ်ခြင်း၊ သစ္စာရှိခြင်း သဘောရှိ၏။

၅။ နာမည်အဖျားလုံး လက်ဝဲမှာရှိ၍ မ အက္ခရာဖြစ်လျှင် အပြောအဆို ချိုသာခြင်း၊ စိတ်အားငယ်ခြင်း၊ အလှအပ မြတ်နိုးခြင်း၊ အားနာမှုများခြင်း သဘောရှိ၏။

၆။ နာမည်အဖျားလုံး လက်ဝဲမှာရှိ၍ ဒွေဒေဟ အက္ခရာဖြစ်လျှင် အပြောအဆို ကြမ်းတမ်းခြင်း၊ စိတ်အားငယ်ခြင်း၊ သစ္စာမရှိခြင်း သဘောရှိ၏။

၇။ နာမည်အဖျားလုံး တိုင်ထိပ်မှာရှိ၍ ဖိုအက္ခရာဖြစ်လျှင် အပြောအဆိုကောင်းခြင်း၊ အောင်မြင်မှုများခြင်း၊ သစ္စာရှိခြင်း သဘောရှိ၏။

၈။ နာမည်အဖျားလုံး တိုင်ထိပ်မှာရှိ၍ မအက္ခရာဖြစ်လျှင် အပြောအဆိုချိုသာခြင်း၊ အောင်မြင်မှုများခြင်း၊ အလှအပမြတ်နိုးခြင်း သဘောရှိ၏။

၉။ နာမည်အဖျားလုံး တိုင်ထိပ်မှာရှိ၍ ဒွေဒေဟ အက္ခရာဖြစ်လျှင် ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်ခြင်း၊ သတ္တိရှိခြင်း၊ ကတိမတည်ခြင်း သဘောရှိ၏။

ဤကဲ့သို့ နာမက္ခရတိုင်မှာ ကြည့်၍ နာမည်အရင်းလုံး လက်ဝဲမှာရှိသည်၊ လက်ယာမှာရှိသည်။ တိုင်ထိပ်မှာရှိသည်။ နာမည်အဖျားလုံး လက်ဝဲမှာရှိသည်။ လက်ယာမှာရှိသည်။ တိုင်ထိပ်မှာရှိသည်။
နာမည်နှစ်လုံးစလုံး လက်ယာမှာရှိသည်။ လက်ဝဲမှာရှိသည်။ တိုင်ထိပ်မှာရှိသည်တို့ကို ဝေဖန်၍ ဖိုအက္ခရာ၊ မအက္ခရာ၊ ဒွေဒေဟ အက္ခရာတို့ဖြင့် မမှားရအောင် သတိဆောင်၍ ဟောကြပါကုန်။


၃၀။ ၀ါသနာပါသောအလုပ်

နာမအက္ခရာတိုင်သည် လက်ယာ ၃ ဌာန၊ လက်ဝဲ ၃ ဌာန တိုင်ထိပ် ၁ ဌာနအားဖြင့် ၇ ဌာန ရှိ၏။
ယင်း ၇ ဌာနတွင် နာမည် အဖျားလုံးရှိသော ဌာနများသည် ၀ါသနာပါတတ်၏။
နာမည် အရင်းလုံးရှိသော ဌာနများသည် ကိုယ်တိုင်လုပ်ကိုင်ရ တတ်၏။

ဥပမာ။ ။ ၁ ခုကြွင်း နာမက္ခရတိုင်၌ -

၁။ မြင့်သိန်းဆိုလျှင် ကုန်သည်ကြီးအလုပ်၊ အနုပညာအလုပ်၊ ပွဲစားအလုပ်၊ ဟောပြောရေးအလုပ်မျိုးကို ၀ါသနာပါတတ်သည်။

၂။ ၀င်းမြင့်ဆိုလျှင် စက်မှု၊ စစ်ဘက်၊ ဆေးပညာအလုပ်၊ ပညာပေးအလုပ်၊ စည်းရုံးရေးအလုပ်မျိုးကို ၀ါသနာပါတတ်သည်။ ကုန်သည်အလုပ်၊ အနုပညာအလုပ်၊ပွဲစားအလုပ်မျိုးကို လုပ်ရတတ်ပါသည်။

၃။ မြင့်အောင်ဆိုလျှင် အစစကို ၀ါသနာပါ၍ စည်းရုံးရေးအလုပ်၊ မင်းမှုထမ်းအလုပ်၊ ပညာပေးအလုပ်၊ စက်မှု၊ စစ်ဘက်၊ ဆေးပညာ အလုပ်မျိုးကို လုပ်ကိုင်ရတတ်ပါသည်။

ဤကဲ့သို့ နာမည်အဖျားလုံး လက်ယာမှာရှိလျှင် လက်ယာဂြိုဟ်များသည် ၀ါသနာပါသော အလုပ်ဖြစ်၏။ နာမည်အဖျားလုံး လက်ဝဲမှာရှိလျှင် လက်ဝဲဂြိုဟ်များသည်ဝါသနာပါသော အလုပ်ဖြစ်၏။

ပြန်လည်တင်ပြသူ
သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

0 comments:

Post a Comment