(8) စွမ်းအားရှင် ( The Strength)

အမျိုးသမီးတစ်ဦးက ခြင်္သေ့၏ မေးရိုးကို ပိတ်ပစ်နေသည်။ ထိုအမျိုးသမိး၏ ခေါင်းပေါ်တွင် ကတ်ပြား အမှတ် (၁ ) တွင်ပါသော ပဉ္စလက်ဆရာ၏ ခေါင်းထက်တွင် ရှိသော အမှတ်သင်္ကေတကို တွေ့ရမည်။ ထိုသင်္ကေတသည် အနာဒိ အနန္တ အဆုံးအစ မရှိသော သံသရာ၏ သင်္ကေတ ဖြစ်သည်။

အမျိုးသမီး၏ ခါးတွင် နှင်းဆီပွင့် ခါးပတ်ရှိသည်။ ဤကတ်ပြားသည် ကတ်ပြားအမှတ် (၈) နှင့် အလဲအလှယ် သုံးစွဲနိုင်သည်။ ခေါင်းပေါ်တွင်ပါသော သင်္ကေတအရ လောကတွင် အသိတာ မရှိသော သရုပ်ကို ဆောင်သည်။ဤ ကတ်ပြားသည် အတိုက်အခံ ၊ အခက်မခဲ မရှိသည့် သဘာဝကို ပြဆိုသည်။ စွန့်စားရဲလျှင် စီမံကိန်းများကို အကောင်အထည် ဖော်နိုင်မည့် ကာလဟု ပြဆိုသည်။

အချို့ကတ်ပြားများတွင် ဗလကောင်းသော အမျိုးသမီးတစ်ဦးက ကြီးမား တုတ်ခိုင်သော ကျောက်တိုင်ကြီးကို အသာလေးနှစ်ခြမ်းခွဲပစ်ပုံမျိုး ပါတတ်၏။ အချို့ကတ်ပြားများတွင်ကား ခြင်္သေ့ကိုတင်းပုတ် နှင့် ထုသတ်နေသော အမျိုးသားပုံဖြစ်သည်။ ဒဏ္ဍာရီတွင် ပါရှိသော “ ဟာကျူရီ ” လို လူမျိုးဖြစ်၏။အမည်ကွဲများ အနေနှင့် “ Fortitude ” သို့မဟုတ် “ The Enchantress ” ဟုလည်းခေါ်ကြသည်။“အမှတ်တ၇ားသည် ခွန်အား ” ဆိုသော ဆောင်ပုဒ်ကို အကောင်အထည်ဖော်မည့် ကတ်ပြားလည်း ဖြစ်၏။


ဒီကဒ်ပြားလေးရဲ့ အဓိက ဇာတ်လိုက်ဟာ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ အမျိုးသမီး ထဲမှာ တောင်မှ ရိုးရိုး မိန်းမ တစ်ယောက် မဟုတ်ပဲ စွမ်းရည်ထူးတွေနဲ့ ပြည့်ဝနေတဲ့ စွမ်းအားရှင် မိန်း မတစ်ယောက် ဖြစ်ပါတယ်။

ဒါပေမဲ့ သူရဲ့ စွမ်းရည်ဟာ အကောင်းထက် အဆိုးဘက်ကို ရောက်နေတဲ့ စွမ်းရည်မျိုး ဖြစ်နေပါ တယ်။ ကမ္ဘာပေါ်မှာ စုန်းမတွေကိ စုန်မဖြူနဲ့ စုန်မနက်ဆိုပြီး နှစ်မျိုးခွဲပါတယ်။ စုန်းမနက်ဆို တာက အောက်လမ်းပေါ့ဗျာ...။ အခု ဒီကဒ်ပြားရဲ့ အဓိက ဇာတ်လိုက်ဟာလည်း ပညာသည် စုန်းမတစ်ယောက်ပါပဲ...။

သူဟာ အင်မတန်မှ အင်အားကြီးမားပြီး သန်စွမ်းလှတဲ့ ၊ သတ္တိကောင်းလှတဲ့ ခြင်္သေ့ကြီး တစ်ကောင်ကို ချုပ်ကိုင် ပြီး ပါးစပ်ကို ဖြဲထားပါတယ်။ ဂဏန်းဗေဒင်ပညာ မှာဆိုရင်လည်း နံပါတ်(၈) ကဒ်ပြားဟာ ဆိုးသော ခိုက်သော ဂဏန်းတစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီကဒ်ပြားကို အဆိုးသဘော ဆောင်တဲ့ ကဒ်ပြားရယ်လို့ ကောက်ချက်ချ ရမှာပဲ...။

အကျဉ်းအကျပ်ကြုံခြင်း ၊ တားမြစ်ခံရခြင်း ၊ အချုပ်အနှောင်ခံရခြင်း ၊ အနိုင်ကျင့်ခံရခြင်း ၊ အကြပ်ကိုင်ခံရခြင်းဆို တဲ့ သဘောမျိုးတွေ ကိန်းအောင်းနေတဲ့ ကဒ်ပြား ဖြစ်ပါတယ်..။

နောက်တစ်ခုကတော့ ဒီကဒ်ပြားကို ဂန္ဓာရီ ပညာရှင်တွေက သမားတော်ကဒ်ပြား ၊ ဆေးဆရာကဒ်ပြား လို့လည်း ခေါ်ကြပါတယ်။ သူ့ရဲ့ ထူးခြားသော စွမ်းရည်တွေနဲ့ ရောဂါ ဝေဒနာတွေကို ကူညီ ကယ်တင်နိုင်စွမ်း ရှိပါတယ်။

အဲဒါကြောင့်......
ကျန်းမာရေး ညံ့တဲ့အခါ အထူးသဖြင့် ဘာရောဂါမှန်း မသိပဲ ဆရာဝန် မျက်စေ့လည်ရတဲ့ ရောဂါမျိုး ၊ ဆေးမတိုး တာမျိုး ၊ ရောဂါကြာရှည်နေတာမျိုးတွေ ဆိုရင် လူနာရဲ့ အင်္ကျီအိပ်ထဲမှာ စွမ်းအားရှင် ကဒ်ပြားကို အဆောင်အဖြစ် ဆောင်ထားရပါတယ်။ ဒီကဒ်ပြားကို မိတ္တူကူးပြီး ဖယောင်းတိုင်မှာ ပတ်ပြီးတော့လည်း မီးထွန်းနိုင်ပါတယ်...။

အဲဒါတွေ ခြုံလိုက်မယ်ဆိုရင်တော့ ဘယ်မေးခွန်းကိုပဲ မေးမေး နံပါတ်(၈) ကဒ်ပြား ကျလာပြီဆိုရင်...

1. မဖြစ်နိုင် ၊ မရနိုင် ၊ မအောင်မြင်နိုင်လို့ အဖြေပေးရမှာပဲ...။ဆိုးတဲ့ ကဒ်ပြား ဖြစ်တဲ့အပြင် ...ချုပ်နှောင် ၊ အ ကြပ်ကိုင် ၊ ခံရခြင်းသဘောကိုပါ တွဲစပ်ပြီး ဆိုးချုပ် လို့ အလွယ်မှတ်ထားနိုင်ပါတယ်...။
2. မိန်းမသား တစ်ဦးက အကြပ်ကိုင် ဒုက္ခပေးလာတတ်သည်..။
3. မကောင်းသော အတတ်ဖြင့် ပြုစားထားသကဲ့သို့ စိတ်တွင် ခံစားနေရတတ်သည်...။
4. ရောဂါ ကြီးကြီးမားမား မရှိဘဲနှင့် ကျန်းမာရေး ညံ့သကဲ့သို့ ခံစားနေရတတ်သည်...။
5. မလုပ်ချင်သော အလုပ်များ စိတ်မပါသော အလုပ်များ ကြုံရတတ်ပါသည်...။
6. အမှု့ အခင်း ၊ ရုံးပြင်ကနား ၊ ထုချေလွှာ စသည်တို့နှင့် ကြုံရတတ်ပါသည်....။
7. ခွေး ၊ ကြောင် ...စသော တိရစ္ဆာန်ကို အကြောင်းပြု၍ စိတ်ညစ်ရခြင်း ၊ စကားများရခြင်း ၊ အန္တရာယ်ဖြစ် ခြင်းများ သတိထားရမည်...ဆိုတဲ့ ဟောချက်မျိုးတွေ ဟောနိုင်ပေတာပေါ့ ခင်ဗျာ.....။

၁။ ဆိုင်ခန်းတစ်ခု ရရှိမည်။
၂။ သူတစ်ပါးကို အာမခံမိ၍ စိတ်ညစ်ရတတ်သည်။
၃။ သူတစ်ပါးအမှု လိုက်လံဆောင်ရွက်ရတတ်သည်။
၎။ မိမိ၌လည်း အမှုပေါ်တတ်သည်။
၅။ ကိုးကွယ်မှုဆိုင်ရာပစ္စည်းများ၊ အထူးသဖြင့် ဘုရားပုံ တော်များ ရောက်လာမည်။
၆။ အစားမှားခြင်းဖြစ်လိမ့မည်။ ဆင်ခြင်ပါ။
၇။ သူတစ်ပါးက မိမိအား မတရားစွပ်စွဲပြောဆိုခြင်း ခံရ မည်။ သည်းခံပါ။
၈။ ငွေဝင်လိမ့်မည်။ ဆက်တိုက်ဝင်လိမ့်မည်။
၉။ လုပ်ငန်း၌ ရန်ပေါ်တတ်သည်။
၁၀။ အမွေအတွက် စကားပြောရတတ်သည်။ မြေနေရာကို အကြောင်းပြု၍လည်း စကားပြောရမည်။
၁၁။ ခြေလက်ခိုက်မိ၍ သွေးထွက်သံယိုဖြစ်တတ်သည်။
၁၂။ လုပ်သမျှကိုင်သမျှ အလွဲလွဲချော်ချော်ဖြစ်လိမ့်မည်။
၁၃။ သူတစ်ပါးက မိမိအား မကောင်းသော ပယောဂအတတ် ဖြင့် ပြုစားထားသကဲ့သို့ စိတ်၌ ခံစားရလိမ့်မည်။

လတ်တလောကိစ္စအတွက်မေးမြန်ပါမူ . . ထိုကိစ္စ မအောင်မြင်နိုင်ပါ။
တစ်စုံတစ်ယောက်၏ ဟန့်တားနှောင့်ယှက်မှုတွေရလိမ့်မည်။

0 comments:

Post a Comment