မင်းပျို မင်းလွင်တစ်ဦးသည် ကိုယ်ကို ခပ်မတ်မတ်ရပ်ပြီး ဓားလွယ်ကို ကိုင်စွဲထားသည်။ အောင်ပွဲရ သူရဲကောင်းသည် ကြယ်များဖြင့် ပြည့်နှက်နေသော ကန့်လန့်ကာအောက်တွင် ရှိသည်။ သူသည် အရာရာကို အောင်ပွဲခံ အနှိုင်ယူထားသည်။ စိတ်ပိုင်းဆိုင်ရာမှာရော ၊ သိပ္ပံပိုင်းဆိုင်ရာမှာရော သူ အနိုင်ရထားသည်။ သူ၏ စစ်ရထားကို မနုဿီဟ နှစ်ကောင်က ဆွဲသည်။ သူသည် သူ့စိတ်ထဲ ရှသမျှ အားလုံးကို အောင်ပွဲခံထားသည်။မနုဿီဟသည် သဘာဝဂမ္ဘီရနှင့် ဆက်စပ်နေသည်။ သူအောင်ပွဲ ခံထားသည်များမှာ ဗဟိဒ္ဓိအရာများသာ ဖြစ်ပြီး သူ့ အဇ္ဈတ္တကိုမူ သူ မအောင်နိုင်သေး။ သူသည် သီလရှင် ဆရာကြီး သီတင်းသုံးရာ ကျောင်းတော်ကြီးရှိ ကျောက်တိုင်ကြီးနှစ်ခုကြားသို့ ရောက်လျှင် သူသည် သီလရှင်ဆရာကြီး၏ ရွှေပေလွှာကို သူမဖွင့်နိုင်၊ သီလရှင်ဆရာကြီး မေးမြန်းသည်ကိုလည်း သူဖြေနိုင်မည် မဟုတ်။
သူသည် ဗီဇစိတ်က သစ္စာစောင့်သိသူ မဟုတ်သကဲ့သို့ ရဟန်းတော်တစ်ဦးလည်း မဟုတ်။ မနုဿီဟ နှစ်ကောင်အနက် အဖြူရောင် မနုဿီဟသည် ကြင်နာမှု့၏ သရုပ်ကိုဆောင်ပြီး အမည်းရောင် မနုဿီဟသည် တင်းကြပ်သော တရားစီရင်မှု့၏ သရုပ်ဖြစ်သည်။ အချို့ကးဒ်များတွင် မနုဿီဟနှစ်ကောင် အစား မြင်းပျံ နှစ်ကောင်ကို တွေ့ရသည်။ “အဖျက်ဓာတ်” နှင့် “အပြုဓာတ်” တို့ကို ညီညွတ်မျှတစွာ သုံးစွဲနိုင်သည့် သင်္ကေတ ကဒ်ပြား ဖြစ်သည်။
ဒီကဒ်ပြားမှာ အဓိက ဇာတ်လိုက်ကတော့ စစ်ရထား တစ်ဆင်းကို မောင်းနှင်ပြီး စစ်မြေပြင်ကို ထွက်လာတဲ့ စစ်သည်တစ်ဦး ဖြစ်ပါတယ်။ စစ်မက်ရေးရာ ကိစ္စ တွေကို ထင်ဟတ်တဲ့ နိမိတ်ပုံ လည်းဖြစ်ပါတယ်။ စစ်ဖြစ်ပြီ ဆိုရင်တော့ တိုက်ဟယ် ခိုက်ဟယ် ၊ သတ်ဟယ် ၊ ဖြတ်ဟယ် ၊ သေဟယ် ၊ ကြေဟယ်ဆိုတဲ အနိဋ္ဌာရုံ ကိစ္စတွေ လည်း မလွဲမသွေ ပါလာပြီပေါ့ဗျာ....
အဲဒါကြောင့် ဒီကဒ်ပြားကို အဆိုးသဘော အဖြစ်နဲ့ ယူဆပါတယ်။ စစ်ဖြစ်တယ်ဆိုတာ တစ် ယောက်တည်း ဖြစ်နေလို့ ရနိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး...။ တစ်ဘက်က ပြိုင်ဘက်ပေါ်လာလို့ စစ်ဖြစ်ရတာမျိုးပါ...။ အဲဒါကြောင့် ဒီ ကဒ်ပြားမှာ စီးပွားပြိုင် ၊ လုပ်ငန်းပြိုင် ၊ အပြိုင်အဆိုင် အတိုက်အခံ သဘောတွေ ကိန်းအောင်းနေပါတယ်။
စစ်ရထားရဲ့ နောက်မှာ မြို့ရိုးနဲ့ မြို့တစ်မြို့ကို လှမ်းပြီး တွေ့နေရပါတယ်။ ရဲမက်တွေဟာ မြို့ပြင်ကို ထွက်ပြီး စစ် တိုက်တဲ့ သဘောပေါ့။ ဒါဖြင့်ရင် ...ရန်ဟာ အိမ်ထဲ အလုပ်ထဲမှာ ရှိမနေပဲ ပြင်ပရပ်ဝေးမှာ ရှိနိုင်တယ်လို့ ပြောရ မှာပဲ...။
စစ်ရထားကို စဖင့်လို့ခေါ်တဲ့ အီဂျစ်တို့ရဲ့ အစီအရင် သတ္တ၀ါကြီး နှစ်ကောင်က ဆွဲထားပါတယ်။ တစ်ကောင်က အဖြူ ၊ တစ်ကောင်က အမည်းဖြစ်နေပါတယ်။ အောက်လက်ငယ်သားတွေ စိတ်ဝမ်း ကွဲပြားခြင်း ၊ သူတို့အတွက် ဆုံးဖြတ်ရခက်သော ပြဿနာကြုံခြင်း ၊ ဆိုတာမျိုးတွေလည်း ဟောနိုင်ပေတာပေါ့။
နောက်တစ်ခု စဉ်းစားဖို့ကတော့ ဒီကဒ်ပြားမှာ ယာဉ်ရထားဟာ အဓိက ကျတဲ့နေရာမှာ ပါဝင်နေပါတယ်။ ကဒ်ပြားဟာ အဆိုးသဘော ဆောင်တဲ့ ကဒ်ပြားဖြစ်နေတဲ့အတွက် ..ယာဉ်ရထားကိစ္စတွေမှာလည်း မကောင်း ဘူး။ ပြဿနာကြုံနိုင်တယ် ၊ အန္တရာယ် ရှိနိုင်တယ်လို့ ပြောရမှာပေါ့...။
ဒါတွေကို အနှစ်ချုပ်လိုက်မယ်ဆိုရင်....
1. ဘယ်ကိစ္စကိုပဲ မေးမေး စစ်ရထားကဒ် ကျလာခဲ့ရင် မဖြစ်နိုင် ၊ မရနိုင် ၊ မအောင်မြင်နိုင်လို့ ပြောရမှာပဲ။ ရက်(စ်) အော် နိုး ဆိုရင်တော့ နိုးပေါ့...။
အတိုက်အခံ အပြိုင် အဆိုင်တွေပါ ကြုံတွေ့နိုင်တယ် သဘောလေးကိုပါ ထည့်သွင်းပြီး ဆိုးပြိုင်လို့ အလွယ်မှတ်ထား နိုင်ပါတယ်။
2. ခိုက်ရန်ဖြစ်ပွားခြင်း ၊ စကားများ ဖြေရှင်းရခြင်း ၊ အကြိတ်အနယ် ပြောဆိုရခြင်းများ ကြုံရတတ်သည်။
3. မိမိတွင် အတိုက်အခံ ၊ အပြိုင်အဆိုင်များ ပေါ်လာတတ်သည်။ အောက်လက် ငယ်သားတို့က အံ့တုဖက် ပြိုင် လာတတ်သည်...။
4. အောက်လက်ငယ်သား တို့၏ ပြဿနာကြောင့် ဆုံးဖြတ်ရခက်သော အဖြစ်မျိုး ကြုံမည်။
5. ယာဉ် ၊ ကား ၊ စက်ဘီး ၊ ဆိုင်ကယ်တို့ကြောင့် အန္တရာယ်ဖြစ်ခြင်း ၊ ပြဿနာဖြစ်ခြင်း ၊ ပြောဆိုဖြေရှင်းရခြင်း များ ကြုံမည်။
6. လမ်းခရီးတွင် ပြဿနာကြုံခြင်း ၊ တစ်ရပ် တစ်ကြေးတွင် သွားရောက် ဖြေရှင်းရခြင်းများ ကြုံတတ်သည်..။ အဒီလို အဲဒီလိုလေးတွေ ဟောနိုင်တာပေါ့ဗျာ.....
ဒီအောက်က ဟောကိန်းလေးတွေကတော့ အဘမင်းသိင်္ခရဲ့ ပုံသေနည်းလေးတွေ ဖြစ်ပါတယ်...
၁။ စပ်တူရှယ်ယာလုပ်ငန်းတစ်ခု လုပ်ရမည်။
၂။ မိမိထက် အသက်အားဖြင့်ကြီးသူ၊ ဂုဏ်အားဖြင့်ကြီးသူ တစ်ဦးဦးက ကူညီလိမ့်မည်။
၃။ ခြေထောက်တစ်ဖက် နာလိမ့်မည်။
၎။ စိတ်ချမ်းသာစရာများ ဆက်တိုက်တွေ့လိမ့်မည်။ လာဘ်လာဘလည်း အလွန်ရွှင်မည်။
၅။ သူတစ်ပါးအတွက် သက်သေလိုက်ရမည်။
၆။ အိုးသစ်အိမ်သစ် ရတတ်သည်။
၇။ မိန်းမဧည့်သည်တစ်ဦး အိမ်သို့ရောက်လာမည်။ ကောင်းသည်။
၈။ ဆွေမျိုးတစ်ဦး ကျန်းမာရေးညံ့သောသတင်းကြားရမည်။
၉။ သင်ကိုယ်တိုင်လည်း ကျန်းမာရေးညံ့တတ်သည်။
၁၀။ သူတစ်ပါးကို ထောက်ပံ့ရသောကြောင့် ငွေများထွက်တတ်သည်။
၁၁။ အောက်လက်ငယ်သားများ မင်္ဂလာပြုတတ်သည်။
၁၂။ ခန္ဓာကိုယ်တစ်ခြမ်း အောင့် သကဲ့သို့ ရောဂါရ တတ် သည်။ စိုးရိမ်စရာမလိုပါ။ အလိုလိုပျောက်ကင်းမည်
၁၃။ နောက်သုံးလကြာလျှင် စီးပွားတတ်မည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါမူ ထိုကိစ္စမအောင်မြင်ပါ။
လက်လျှော့လိုက်လျှင် အကောင်းဆုံးဖြစ်သည်။

0 comments:
Post a Comment