ရသေ့သူတော်စင် တစ်ပါးမှာ လက်တစ်ဖက်က တောင်ဝှေးကိုကိုင်ပြီး တစ်ဖက်က ဖန်မီးအိမ်နှင့် တစ်စုံ တစ်ခုကို ရှာဖွေနေပုံဖြစ်သည်။ ဖန်မီးအိမ်ထဲတွင် ကြယ်တစ်လုံးက ထွန်းလင်းနေသည်။ “ ကျွန်ုပ် ဤနေရာတွင် ရှိနေသလို၊ သင်လည်း ရောက်ရှိနိုင်ပါသည် ” ဟု ဆိုလိုနေသည့်ပုံဖြစ်သည်။ကတ်ပြားအမှတ် ( 0 )သည် လူငယ်တစ်ဦးက နံနက်ခင်း အလင်းရောင်ကို မော်ကြည့် လျက်ရှိပြီး ယခု ကတ်ပြားအမှတ် ( ၉ )မှာ အဘိုးကြီး တစ်ဦးက ည ဘက်တွင် လမ်းပြနေပုံကို ပြဆိုသည်။ မိမိ၏ သိစိတ်နှင့် အနန္တစွမ်းအားတို့ ပေါင်ဆုံလျှင် အရာရာကို သိနားလည်နိုင် မည်ဟူသော အဓိပ္ပာယ်ကိုလည်း ဆောင်သည်။ ဤကတ်ပြားသည် “စေတန် ” သို့မဟုတ် “စနေဂြိုလ် ” သို့တည်းမဟုတ် ဂရိဘာသာစကားဖြင့် “Kronos ” ဟူသော အမည်ရင်းက စ ပေါ်လာသော ကတ်ပြားဖြစ်၏။
“ ပရဗိုဇ်ရသေ့ ” သည် စူးစမ်းရှာဖွေသူ ဖြစ်၏။ တစ်ကိုယ်တည်း ဧကစာကျင့်ကြံ အားထုတ်ရင်းမှ သူ့လမ်းကို သူ သေသေချာချာ လျှောက်လှမ်းသူဖြစ်၏။ သူ့မှာ အားကိုးဟူ၍ တောင်ဝှေးရှိသည်။ မီးအိမ်ရှိသည်။ ရသေ့ ပရိဗိုဇ်ပုံမှာ အချို့ပုံများ၌ မုတ်ဆိတ်ကျင်စွယ်တွေနဲ့ဖြစ်သည်။ သူသည် ဥာဏ်အလင်းရောင်နှင့် သစ္စာတရားကို ရှာဖွေရာ၌ တန်ခိုးစွမ်းအား ထက်မြက်သူ၊ နောက်မဆုတ် မကြောက်ရွံ့သူ ဖြစ်၏။
ဒီကဒ်ပြားရဲ့ အဓိက ဇာတ်လိုက် ဟာ အဘိုးကြီး တစ်ဦး ဖြစ်ပါတယ်။ ရိုးရိုး အဘိုးကြီး တော့ မဟုတ်ပါဘူး။ ဂန္ဓာရီ လှည့်နေတဲ့ ရသေ့ သူတော်စဉ် ကြီးပါ။ ရသေ့ကြီး ဟာ မီးအိမ် တစ်လုံး တောင်ဝှေး တစ်ချောင်းကို အားပြုကာ ခရီး လှည့်လည် နေတာပါ။ သူဟာ အင်မတန် ကြီးမား တဲ့ ၀တ်ရုံကြီး တစ်ခု ကိုလည်း ရုံထားပါတယ်။
ဒီကတ်ပြားဟာ ရသေ့ သူတော်စဉ်ရဲ့ နိမိတ်ပုံကို ဖော်ဆောင် ထားတာ ဖြစ်တဲ့ အတွက် အကောင်း သဘော ဆောင်တဲ့ ကဒ်ပြားလို့ ယူဆ ရမှာပါ။ ရသေ့ဟာ မိသားစုနဲ့ အတူ မနေပါဘူး။ တစ်ကိုယ်တော် သမား ဖြစ်ပါတယ်။ နေအိမ် အတည် တကျ မရှိဘဲ ခရီးလှည့် လည် နေသူလည်း ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီကဒ်ပြားမှာ တစ်ကိုယ်တော် သဘော ၊ ခရီးလှည့်လည် သွာလာရတဲ့ သဘော ၊ ရပ်ဝေးနဲ့ အဆက် အသွယ် ကောင်းများ ရတဲ့သဘော ဘာသာ ရေးနဲ့ ဆိုင်တဲ့ ကိစ္စများ အောင်မြင်တဲ့ သဘော တွေကို ထည့်ပြီး ဟောရမှာပေါ့။ မီးအိမ် တစ်လုံး တောင်ဝှေး တစ်ချောင်းနဲ့ ခရီးသွားရတဲ့ ပုဂ္ဂိုလ်ဟာ အသက် ကလည်း ကြီးပြီ။ မျက်စိလည်း မကောင်း နိုင်တော့ ဘူးပေါ့ဆိုပြီး ဒီကဒ်ပြားကို တွေ့တဲ့အခါ မျက်မှန်နဲ့ ပတ်သက်ပြီး တော့လည်း ဟောလေ့ရှိကြပါတယ်။ အဲဒါတွေကို ခြုံလိုက်မယ်ဆိုရင် ဒီကဒ်ပြားကို တွေ့ပြီဆိုရင် ဘယ်လို မေးခွန်းကို မေးမေး.....
1. ဖြစ်မည် ၊ ရမည် ၊ အောင်မြင်မည် ၊ ကောင်းမည်လို့ ဟောရ မှာပါပဲ။ ဂန္ဓာရီ လှည့်နေတဲ့ ရသေ့ ဖြစ်တဲ့ သ ဘော ဖြစ်တဲ့ အတွက် တန်ခိုး သိဒ္ဓိ တွေနဲ့လဲ ပတ်သက် နေတဲ့ ကဒ်ပြား ဖြစ်တဲ့ အတွက် ဒီကဒ်ပြား ကျလာ ရင်လည်း ၀ိဇ္ဇာ မလိုက် သလို ၊ တန်ခိုးရှင်က ကူညီသလို ကောင်းသွား မယ်လို့ အဟော ထုပ်နိုင်ပါတယ်။ ဒါကြောင့် ဒီကဒ်ပြား ကိုလည်း ကောင်းဝိဇ္ဇာ လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
2. မထင်မှတ်သော ခရီးများ ၊ ကောင်းသော ခရီးများလည်း အောင်မြင်မည်။
3. ဘုရားဖူးခရီး ၊ ဘာသာရေး ခရီးများလည်း အောင်မြင်မည်။
4. ဆရာသမား ၊ ကြီးကဲသူတို့ ထံမှ အကူအညီ အဆက်အသွယ် ကောင်းများ ရမည်။
5. ရပ်ဝေးမှ သတင်းကောင်း ဧည့်သည်ကောင်း အဆက် အသွယ် ကောင်းများ ရောက်မည်။
6. ပညာရေး ကိစ္စများ ။ စာမေးပွဲ ၊ သင်တန်း ကိစ္စများလည်း ထူးချွန်စွာ အောင်မည်။
7. ပြည်ပ အလုပ်အကိုင် ၊ ပြည်ပ သင်တန်းများလည်း အောင်မြင်မည်။
8. မျက်မှန် ပါသော သူထံမှ အကူအညီ ကောင်းများ ရလိမ့်မည်။
9. လျှပ်စစ် ကိစ္စ ၊ မီးကိစ္စများ အဆင်ပြေ အောင်မြင်မည်။
စသော ဟောချက် မျိုးတွေ ဟောနိုင် ပေတာပေါ့။ တကယ် စဉ်းစား ကြည့်တော့ အဲဒါ တွေဟာ အသေ ကျက်စရာ မှတ်စရာ တွေ မဟုတ်ပါဘူး။ ကဒ်ပြား ကိုကြည့်။ တစိမ့်စိမ့် စဉ်းစားရင်း နဲ့ပဲ ထွက်ပေါ် လာနိုင်တဲ့ ဟောချက်မျိုး တွေ ဖြစ်ပါတယ် ခင်ဗျာ....
ဒီအောက်က ဟောကိန်းလေးတွေကတော့ အဘမင်းသိင်္ခရဲ့ ပုံသေနည်းလေးတွေ ဖြစ်ပါတယ်...
၁။ နိုင်ငံခြားခရီး၊ ရပ်ဝေးခရီး သွားရမည်။
၂။ လက်ဆောက်ပစ္စည်းများ ရောက်လာမည်။
၃။ အမိအဖမျက်စိရောဂါ ကုပေးရလိမ့်မည်။
၎။ မိမိကိုယ်တိုင်လည်း မျက်စိအားနည်း၍ မျက်မှန်တပ်ရမည်။
၅။ ဘာသာရေးကို ဖိဖိစီးစီးလုပ်ပါ။ ပုတီးစိပ်ခြင်း၊ အဓိဋ္ဌာန် ၀င်ခြင်းများ ပြုလုပ်ပါ။ အကျိုးထူးတော့မည်။ အထက် ပုဂ္ဂိုလ် မ လိမ့်မည်။
၆။ ပညာထူးရတတ်သည်။
၇။ ဆရာသမား၊ အကြီးအကဲ မ စလိမ့်မည်။
၈။ အရေးမကြီးသောအြောင်းအရာကြောင့် စကားများ တတ်သည်။ ၉။ စက်အသစ်တစ်ခု ၀င်လိမ့်မည်။
၁၀။ အိမ်တွင်ဆွထားသော နတ်အုန်းသီး အစို့ပေါက်လိမ့်မည်။
၁၁။ ငွေရှာ၍ လွယ်သောအချိန်ဖြစ်သည်။
၁၂။ ယခုလက်ရှိလုပ်နေော အလုပ်၌ မပျော်ပိုက်ဘဲရှိလိမ့်မည်။ အမြန်းဆုံးထွက်လိုက်ပါ။
၁၃။ အနှောင့်အယှက်များ ရှိပါသည်။ သို့သော် သင့်ကို ဒုက္ခ ပေးနိုင်သော အနှောင့်အယှက်များ မဟုတ်ပါ။
၁၄။ အိမ်အနောက်ပိုင်းကို ပြင်ရလိမ့်မည်။ ပြင်ရလျှင်လည်း အလွန်ကောင်းပါသည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ အောင်မြင်နိုင်ပါသည်။
မျက်မှန်နှင့်လူ ကူညီလိမ့်မည်။ ရဲရဲသာလုပ်ပါ။



0 comments:
Post a Comment