အရိုးစုက သံချပ်အင်္ကျီ ၀တ်ထားသည့် ထူးခြား ဆန်းကြယ်သော မြင်းစီးယောင်္ကျားသည် လယ်ကွင်းကို ဖြတ်၍ ဖြည်းညင်းစွာ မြင်းစီးလာနေသည်။ ဂမ္ဘီရနှင်းဆီ အမှတ်တံဆိပ် ခတ်နှိပ်ထားသော အမည်းရောင် အလံကို ကိုင်ဆောင်ထားသည်။ မိုးကုတ်စက်ဝိုင်း၏ အဆုံးနားရှိ တိုင်လုံးနှစ်လုံး၏ကြားတွင် ထာဝရရှင်သန်သော နေမင်းက ထွန်းလင်း တောက်ပ နေသည်။ မြင်းစီးယောင်္ကျားသည် မြင့်သောထင်သာသော လက်နက် တစ်စုံတစ်ရာမျှ ကိုင်ဆောင်မထား၊ သို့သော် သူ့ရှေ့တွင် ဘုရင်၊ ကလေး၊ လုံမပျိုတို့သည် ပျပ်ဝပ် ၀ပ်စင်းနေကြ၏။ဘုန်းတော်ကြီးကမူ သေမင်းအလာကို လက်နှစ်ဖက်ဆုပ်ပြီး ငံ့လင့်စောင့်စားနေ၏။ ဤကတ်ပြားသည် ရုပ်ခန္ဓာကွယ်လွန်ခြင်း အမှတ်အသား မဟုတ်ဘဲ သွေးသား အလိုဆန္ဒများ ချုပ်ငြိမ်းမှု သရုပ်ကို ပိုဆောင်ပါသည်။ သိစိတ်ပြောင်းလဲမှုရှိကြောင်း ကြိုတင်နိမိတ်ပြချက် ဖြစ်သည်။ အတွင်းမှ အနှစ်သာရ ဖြစ်သော ရွှေသားကို ရနိုင်ရန် ပြင်ပမှ သတ္ထုချေးညှော် အညစ်အကြေးများကို ခွာချခြင်းလည်း ဖြစ်သည်။ ဤကတ်ပြား၏ မူလနံပါတ်များ သဘောတရား အလိုအတိုင်း နောက်မှ ( 13 ) ဖြစ်လာခြင်းဖြစ်၏
ဒီကတ်ပြားရဲ့ အဓိက ဇာတ်လိုက်ဟာ ၀တ်ရုံနက်ကြီးကို ၀တ်ဆင်ပြီး မြင်းကြီး တစ်ကောင်ကို စီးလျှက် အလံနက်ကြီး တလူတလူ လွှင့်ထူလာတဲ့ သေမင်းရဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ သေမင်းဆို ကတည်းက ဒီနိမိတ် ပုံဟာ ဘယ်လိုလုပ်ပြီး အကောင်းလို့ ယူဆနိုင်တော့ မှာလဲဗျာ။
အဲဒီတော့ ဒီကတ်ပြားရဲ့ အဓိပ္ပါယ်ကို အဆိုးလို့ ယူဆရမှာ ဖြစ်ပါတယ်။ သေခြင်း တရားနဲ့ ပါတ်သက် တယ်ဆိုတော့ လူဆိုရင် သေမယ်။ အလုပ်ဆိုရင် ပြုတ်မယ်။ ငွေဆိုရင် ပျောက်မယ်။ ဆုံးရှုံး မယ်။ ပစ္စည်း ဥစ္စာတွေ ဆိုရင် ပျက်စီးမယ်လို့ ဟောရမှာပေါ့။ တစ်ခု ရှိတာ ကတချို့ မေးခွန်းတွေ အတွက် ဒီကတ်ပြားဟာ အင်မတန် ဆိုးပေမဲ့ တစ်ချို့ မေးခွန်းတွေ ကြတော့ အင်မတန် ကောင်းသွားတတ်တာ ကိုလည်း သတိမူ သင့်ပါတယ်။
ဥပမာ ဆိုပါတော့။ နေမကောင်း ဖြစ်နေတဲ့ လူတစ်ယောက် အတွက် တားရော့ လာမေးတယ်။ “ကျွန်တော် အဖွားရဲ့ အခြေအနေကို သိချင်လို့ပါ” လို့ မေးလာရင် သူ့အဖွား အခြေအနေ မကောင်းဘူးလို့ ဟောရမှာပေါ့။ ကျွန်တော့် အဖွားက နှလုံးရောဂါ ဖြစ်နေတယ်။ အဲဒီ ရောဂါ အခြေအနေ သိချင်ပါတယ် လို့ မေးလာရင်တော့ ခင်ဗျား အဖွား မုချ အသက် ချမ်းသာရာ ရမယ်လို့ ဟောရမှာ ဖြစ်ပါတယ်။
ဘာလို့ လည်းဆိုတော့ သူမေးတာက သူ့အဖွားကို မေးတာ မဟုတ်ဘူး။ သူ့ အဖွားရဲ့ ရောဂါကို မေးတာ ဖြစ်သွား တယ်။ အဲဒီရောဂါ သေသွားမယ် ၊ ပျောက်သွားမယ် ၊ ပြီးသွားမယ် ဆိုတဲ့ အဓိပ္ပါယ် ထွက်နေတဲ့ အတွက် အဖွား မသေဘူး ၊ ရောဂါ ပျောက်သွားမယ် လို့ ဟောရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လို မေးခွန်မျိုးကို မေးမေး နံပါတ်(၁၃) သေမင်း ကတ်ပြား ကျလာခဲ့မယ်ဆိုရင်....
မဖြစ်ဘူး ၊ မရဘူး ၊ မအောင်မြင်ဘူး ။ ဆိုးတယ် ဆိုတဲ့ အဖြေကိုပဲ ထုပ်ပေးရမှာ ဖြစ်ပါတယ်။ ဆိုတာတောင် ရေရှည် မဟုတ်ဘူး။ ဒုန်းကနဲ့ ဒိုင်းကနဲ အပြီး အပြတ် ဆိုးမှာ။ အဲဒိတော့ ဒီကတ်ပြားကို ဆိုးသေလို့သာ အလွယ် မှတ်ထားပေရော့..။
အလုပ် ကိစ္စကို မေးလာလျှင် အလုပ် ပြုတ်တတ်သည်။ ကိုယ်ပိုင် လုပ်ငန်းများ ဆိုလျှင် ပျက်စီး ဆုံးရှုံး သွားတတ်သည်။
ငွေကြေး ကိစ္စ ကိုမေးလျှင် ဆုံးရှုံး နစ်နာတတ်သည်။ ကြွေးကိစ္စ ကိုမေးလျှင် ပြန်မရ နိုင်တော့။
လူကို မေးလျှင် အခြေအနေ မကောင်း ။ အန္တရာယ် ကြီးများ ကြုံရတတ်သည်။ အထူး သတိ ထားရမည်။
အိမ်ကိစ္စ အမွေကိစ္စ နေရာကိစ္စ များကို မေးလျှင် မအောင် မမြင် ဖြစ်မည်။ ဆုံးရှုံ နစ်နာ တတ်သည် ဆိုတာမျိုးတွေ ဟောရမှာပေါ့ဗျာ။
ဒီအောက်က ဟောကိန်းလေးတွေကတော့ အဘမင်းသိင်္ခရဲ့ ပုံသေနည်းလေးတွေ ဖြစ်ပါတယ်...
၁။ လုပ်ငန်းအကြံအစည်အသစ်ပေါ်မည်။
၂။ မြေ၀င်မည်။ ၃။ ရင်းနှီးသောသူ ဆေးရုံတက်ရမည်။ သွား၍မေးရမည်။
၎။ ဆွေးမျိုးသားချင်းတစ်ဦး ရပ်ဝေး၌ ဆုံးပါသော သတင်းကို ကြားရမည်။
၅။ အမှု အခင်းဖြစ်ပွား၍ အချုပ်အနှောင်ခံရမည်။
၆။ အလုပ်၌ စိတ်မ၀င်စားသကဲသို့ ဖြစ်မည်။ အလုပ်ထွက်ချင်စိတ် ပေါ်မည်။
၇။ ငွေရှာဖွေ၍ လွယ်မည်။ ငွေများလည်းဝင်မည်။
၈။ စက်တစ်လုံးဝင်မည်။ ထိုစက်ဝင်ပြီးနောက် ထီပင်ပေါက်တတ်သည်။
၉။ တစ်စုံတစ်ယောက်နှင့် စကားများလိမ့်မည်။ စကားများ သောသူ မိမိထက်ကြီးလိမ့်မည်။
၁၀။ ပညာထူးရမည်။ မိတ်ဆွေ၊ ဆရာသမား၊ မ စလိမ့်မည်။
၁၁။ ဤအချိန်အတွက် ကိုယ်ကျင့်တရား အလွန်အရေးကြီးသည်။
ကိုယ်ကျင့်တရားပျက်လျှင် ရေရှည်ဒုက္ခ ရောက်သွားလိမ့်မည်။
၁၂။ အမှုဖြစ်နေသူကို ငွေချေးခြင်း၊ အာမခံလိုက်ခြင်း၊
မလုပ်ပါနှင့် လုပ်မိသော် မိမိပါ ဒုက္ခရောက်တတ်သည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါကမူ . . ထိုကိစ္စ လုံးဝမအောင်မြင်ပါ။
အပြီးအပိုင် ရပ်ဆိုင်းသွားဖို့ရှိသည်။



0 comments:
Post a Comment