သစ်သားတိုင်မှာ အရွက်တွေဝေလျက် သက်ရှိဖြစ်နေသည်။ ထိုသက်ရှိတိုင်တွင် လူငယ်သည် စောက်ထိုးဆွဲခံနေရသည်။ လက်ကိုနောက်ကျောတွင် ပိုက်ထားသည်။ ဦးခေါင်းနှင့်အတူ ကြည့်လျှင် တြိဂံပုံပေါ် နေသည်။ ခြေထောက်တစ်ချောင်းမှာ ကန့်လန့်ဖြတ် ချိတ်ဆွဲထားသည်။ ဦးခေါင်းဘေးတွင် ရောင်ခြည်အ၀ိုင်း ပေါ်နေမည်။ မျက်နှာပြင်သည် ကသိကအောင့် ပုံစံမျိုး မပေါ်ဘဲ တည်ငြိမ်အေးဆေးမှုပုံပေါ်နေသည်။လောကုတ္တရာရေးရာ အားကောင်းမှု သရုပ်ကို ဆောင်သည်။ ကိုယ့်ကျိုးစွန့် အနစ်နာခံမှုကို ဖော်ထုတ်ပြသည်။ အချို့ကတ်ပြားများတွင် လူငယ်သည် ဖိနပ်တစ်ဖက်တည်း ၀တ်ထားသည်ကို တွေ့ရ၏။ အချို့ကတ်ပြားများတွင် လူငယ်၏ အိတ်ကတ်ထဲမှ ပိုက်ဆံများ အန်ကျနေပုံ ရေးဆွဲထားသည်ကို တွေ့ရ၏။ အတွင်းစိတ် ငြိမ်းချမ်းမှုကို ပြဆိုသည့် ကတ်ဖြစ်သည်။ ခြုံ၍ ကြည့်လျှင်ကား ဤကတ်ပြားသည် သိပ်ပျော်စရာ ကောင်းလှသော နိမိတ်ကိုကား မဆောင်ပါ။ စွန့်လွတ်မှု၊ အနစ်နာခံမှု၊ ပျက်စီးမှု များကိုပြဆိုနိုင်သည်။
ဒီကတ်ပြားမှာ အဓိက ဇာတ်လိုက်ဟာ သစ်ပင်မှာ ဇောက်ထိုး တွဲလောင်း ချိပ်ဆွဲ ခံထားရတဲ့ လူငယ်တစ်ဦးရဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ ဇောက်ထိုး တွဲလောင်းကြီး ဖြစ်နေပြီ ဆိုကတည်းက ဒီကတ်ပြားကို အဆိုးသဘော ယူဆရမှာပေါ့...။ ဆိုးတဲ့ ကိစ္စ တွေမှာလည်း အချို့ ကိစ္စတွေက ဆိုးပြီးတာနဲ့ ပြီးသွားတာ...။
တစ်ချို့ ကိစ္စတွေကြတော့ အဲဒီ အဆိုးဟာ မပြီးနိုင်တော့ပဲ ရေရှည်ဒုက္ခ ပေးနေတယ်။ ဒီကတ်ပြား ဟာလည်း ရေရှည် ဒုက္ခ ရောက်ရတဲ့ သဘောလေးကို ပြနေတယ်။ နောက်တစ်ခု ကတော့ တွဲလောင်းဆွဲ ခံရသူဟာ ခြေထောက် တစ်ချောင်းကို ကွေးထား ပါတယ်။ သူရဲ့ ခြေထောက် တွေဟာ အင်္ဂလိပ် နံပါတ်လေး (4) ဂဏန်းကို ဇောက်ထိုး မြင်နေရ သလို ဖြစ်နေတယ်။
ဒါကြောင့် လေးဂဏန်းရဲ့ အာနိသင် များကိုလည်း ဆက်နွယ် ဟောပြောရမှာ ဖြစ်ပါတယ်။ တစ်ခု သတိထားဖို့ ကတော့ တွဲလောင်းဆွဲ ခံရသူရဲ့ ဦးခေါင်းဘေးမှာ အလင်း စက်ဝိုင်း တစ်ခု တွေ့လိုက်ရပါတယ်။ အဲဒါကတော့ ညာဏ်ပညာ ကြီးမားခြင်းရဲ့ သဘော သဘာဝကို ပြောပြနေတာပါ။
အဲဒီတော့ တွဲလောင်းဆွဲ ခံရသူဟာ သာမန်လူ တစ်ယောက်တော့ မဟုတ်ဘူး။ ဇွဲလုံးလ ကြီးသော ၊ အရည် အချင်း ရှိသော လူတစ်ယောက် ဖြစ်တဲ့အတွက် လတ်တလော အခြေအနေမှာ အကျပ်အတည်း ကြုံနေပေမဲ့ အဲဒီအကျပ် အတည်းတွေကို ဖောက်ထွက် လွတ်မြောက် သွားနိုင်မယ့် ပုဂ္ဂိုလ်ရယ်လို့ ကောက်ယူနိုင်ပါတယ်။
အဲဒါတွေ အားလုံး ခြုံငုံ စဉ်းစားလိုက်တဲ့ အခါမှာ ဘယ်လို မေးခွန်မျိုးကို မေးမေး နံပါတ်(၁၂) ကတ်ပြား ကျလာမယ်ဆိုရင်....
မဖြစ်ဘူး ၊ မရဘူး ၊ မအောင်မြင်ဘူး ဆိုတာကိုပဲ ဟောရမှာ ဖြစ်ပါတယ်။ အဲဒီ အဆိုးများ ဟာလည်း ချက်ချင်းပြီး မသွားပဲ တိုးလို့ တန်လန်း ဖြစ်နေဦးမယ်လို့ ဟောရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကတ်ပြား ကို ဆိုးတန်းလန်း လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
ရှေးတိုးရ ခက် ၊ နောက် ဆုတ်ရခက် ၊ ကျဉ်းထဲ ကျပ်ထဲ အခြေအနေများ ကြုံလာမည်။
အလုပ်များ ၊ ရည်ရွယ်ချက်များ ၊ ရှေ့မဆက်နိုင်ပဲ ဖြစ်နေမည်။
ခြေထောက်ပိုင်း တွင် ဒဏ်ရာရခြင်း ၊ ခြေထောက် ဒုက္ခ ပေးခြင်းများ ကြုံရတတ်သည်။
အမျိုးသား ဆိုင်ရာ ရောဂါ ၊ အမျိုးသမီး ဆိုင်ရာ ရောဂါများ ကြုံရတတ်သည်။
ခွဲစိပ် သုသ မှု့နှင့် ပတ်သက်ရတတ်သည်။
မည်သည့် အခက်အခဲနှင့် ကြုံသည် ဖြစ်စေ ၊ စိတ်ရှည်ရှည် ထားသင့်သည်။ နောက်ဆုံးတွင် ထို အခက်အခဲ မှ လွန်မြောက် သွားလိမ့်မည် ဆိုတဲ့ ဟောကိန်းတွေ ဟောနိုင် ပေတာပေါ့.....
ဒီအောက်က ဟောကိန်းလေးတွေကတော့ အဘမင်းသိင်္ခရဲ့ ပုံသေနည်းလေးတွေ ဖြစ်ပါတယ်...
၁။ လုပ်သမျှ ကိစ္စအားလုံး တိုးလိုးတန်းလန်းဖြစ်နေမည်။
၂။ ငွေများဝင်သော်လည်း အဖတ်မ၀င် ဖြစ်မည်။
၃။ နေအိမ်အနီး၌ နာရေးပေါ်မည်။ သွားရောက်ခြင်းမပြုပါနှင့်။
၎။ အငြိမ်နေရသည်မရှိဘဲ လှုပ်ရှားနေရမည်။
၅။ ကျန်းမာရေး တစ်ခုပြီးတစ်ခု ညံ့မည်။ သွေးထွက်သံယို ဖြစ်မည်။
၆။ မြေအတွက်၊ အမွေအတွက် စကားအကြီးအကျယ် ပြောရမည်။
၇။ ငွေများ တရစပ်ဝင်မည်။ ၀င်သော် ဗုဒ္ဓဟူးနံကို အကြောင်းပြုဝင်မည်။
၈။ သူတစ်ပါး၏အကြောင်းမဲ့ စွပ်စွဲပြောဆိုခြင်းခံရမည်။
၉။ အလှူတစ်ခုလုပ်ရမည်။
၁၀။ မကြာမီ၌ စီးပွားသစ်၊ လုပ်ငန်းသစ် ဖြစ်ဖွယ်ရာရှိသည်။
၁၁။ ဟိုဟာလုပ်ရ ကောင်းနိုး၊ ဒီဟာလုပ်ရကောင်းနိုးနှင့် အချိန်ကုန်သွားတတ်သည်။
၁၂။ ပစ္စည်းများ ထုခွဲရောင်းချ၍ လုပ်ငန်းသစ်လုပ်လိုစိတ်ပေါ်မည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ မအောင်မြင်ပါ။ တိုးလို့တန်းလန်းဖြစ်လိမ့်မည်။



0 comments:
Post a Comment