(11) တရားသူကြီး ( Justice )

ကတ်ပြားအမှတ် ( 2 ) ဘိက္ခုနီမယ်တော်ကြီး ကတ်ပြားနှင့် ပုံသဏ္ဍာန်တူသည်။ တရားသူကြီးသည် ကျောက်တိုင်နှစ်လုံးကြားတွင် ထိုင်နေသည်။ တရာတစ်ဖက် ဓားတစ်လက်ဆိုသော သဘောကိုဆောင်သော လက်တစ်ဖက်တွင် ဓားလွတ်ကိုင်ထားကာ တစ်ဖက်တွင်ကား ချိန်ခွင်ကို ကိုင်ထားသည်။

သရဖူမှာ ပြအိုးပုံဖြစ်ပြီး ကျောက်မျက် ရတနာ များ စီခြယ် ထားသည် ။ အရာရာကို ချင့်ချိန် ဆုံးဖြတ်နိုင်သော သရုပ်ကို ဆောင်ကာ မျှတသော စိတ်ဓါတ်၏ ဥပဓိရုပ်ကို ပြသသော ကတ်ပြားဖြစ်သည်။ အချို့သောပုံများတွင် တရားသူကြီးပုံကို နတ်သားပုံ၊ သို့မဟုတ်၊ တောင်ပံပါသော တန်ခိုးရှင်ပုံများဖြင့် ရေးဆွဲထားသည်။

အချို့ပုံများတွင်ကား တိုင်လုံးနှစ်လုံးကြားတွင်ရှိသော ပလ္လင်ပေါ်တွင် အမျိုးသမီး တစ်ဦးက ထိုင်နေကာ ထိုတိုင်နှစ်လုံးကြားတွင် ခန်းဆီး၊ သို့မဟုတ် ပ၀ါချထားပုံကိုလည်း တွေ့ရ၏။ ဟန်ချက်ညီမျှမှု၊ ရိုးသားဖြောင့် မတ်မှု၊ စိတ် ထိန်းချုပ်နိုင်မှုတို့၏ သရုပ်များကိုလည်း ပြဆိုနိုင်သော ကတ် ဖြစ်၏။

ဒီကဒ်ပြားရဲ့ အဓိကဇာတ်လိုက်ဟာ ချိန်ခွင်တစ်ဖက် ၊ ဓားတစ်ဖက်ကို ကိုင်ထားတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ အဲဒါဟာ တရားရုံးစောင့် နတ်သမီးရဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ ဥပဒေမှာ မျှတစွာ ဆုံးဖြတ်နိုင်ဖို့ အတွက် ချိန်ခွင်နဲ့ ၊ ပြတ်သားစွာ စီရင်နိုင်ဖို့ အတွက် ဓားတို့ကို အမှတ်တံဆိပ် အဖြစ်နဲ့ အသုံးပြုလေ့ ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်သုံးဆယ် ကျော်လောက်က အဘ မင်းသိင်္ခဟာ မနုစာရီ ဆိုတဲ့ ဂန္ဓ၀င်မြောက် ၀တ္ထုကြီး တစ်ပုဒ် ရေးသားခဲ့ ဖူးပါတယ်။ မနုစာရီ မင်းသမီးဟာ အမျိုးသမီး တွေထဲမှာ အင် တန်မှ ညာဏ်ပညာ ဗဟုသုတနဲ့ ပြည့်စုံပြီး တရားသူကြီး တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒါ ကြောင့် တရားရုံးစောင့် နတ်သမီး ကဒ်ပြားကို တွေ့တဲ့အခါ အဘ မင်းသိင်္ခက မနုစာရီ လို့ အမည်ပေး လိုက်တာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့လည်း ဒီကဒ်ပြားကို မနုစာ ရီ လို့ပဲ ခေါ်ကြပါတယ်.......။

ဒီကဒ်ပြားဟာ ဥပဒေရဲ့ သဘော သဘာဝကို ညွန်းဆိုနေတဲ့ ကဒ်ပြား ဖြစ်ပါတယ်။ ဥပဒေကို လူ့လောကရဲ့ ကျက်သရေ အဖြစ် အသိအမှတ် ပြုထား ကြပါတယ်။ လူ့လောကနဲ့ တိရစ္ဆာန်လောက အဓိက ကွဲပြားနေတဲ့  အချက်တွေထဲမှာ ဥပဒေဆိုတာလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ လူ့လောကမှာ ဥပဒေဆိုတာ ရှိနေတဲ့ အတွက် ကြီးနိုင် ငယ်ညှင်းတွေ ၊ အနိုင်ကျင့် တာမျိုးတွေကို ထိန်းချုပ်ထား နိုင်ပေတာပေါ့...။

လူ့လောကရဲ့ ကျက်သရေကို ဖော်ညွန်းနေတဲ့ ကဒ်ပြားဖြစ်တဲ့ အတွက် ဒီကဒ်ပြားကို အကောင်း သဘောပဲ ယူဆရပါတယ်။ ဒါပေမဲ့ ဥပဒေတို့ တရားရုံးတို့ ဆိုတာမျိုး ကလည်း ဒီအတိုင်း ထိုင်နေရင် ဘာမှ မသိသာပါ ဘူး။ အမှု့ အခင်း ကြုံလို့ ရုံးပြင် ကန္နားကို ရောက်တဲ့ အခါမျိုးတွေ မှသာ ထိစပ် ပတ်သက်ရတဲ့ အရာမျိုးတွေ မဟုတ်ပါလား။ အဲဒီတော့ ဒီကဒ်ပြားဟာ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ အမှု့ အခင်း တစုံတရာနဲ့ ပတ်သက် ဆက်နွယ်ရ တတ်တယ် ဆိုတာကိုတော့ သတိမူဖို့ လိုပါလိမ့်မည်။

မနုစာရီ မင်းသမီးဟာ ချိန်ခွင် တစ်လက်ကို ကိုင်ထား ပါတယ်။ ချိန်ခွင်ဆိုတာ ဟိုဘက် ဒီဘက် ချိန်ဆရတဲ့ ကိစ္စမျိုးပါ။ ဟိုဘက်ကိုလည်း အလေး မသာရ။ ဒီဘက်ကိုလည်း အလေးမသာရ။ ညှိနှိုင်းရတဲ့ ကိစ္စမျိုး ဖြစ်ပါ တယ်။ ညှိနှိင်းရတယ် ဆိုကတည်းက နှစ်မျိုးနှစ်ဘက် ဖြစ်နေလို့ပေါ့။ အဲဒီတော့ အရေးကြီးတဲ့ ကိစ္စကြီးနှစ်ခု တစ်ပြိုင်နက်တည်းမှာ ကြုံလာတတ်တယ်။ ဟိုဘက်လိုက်လို့လည်း မရ။ ဒီဘက်လိုက်လို့လည်း မရတဲ့ အခြေအနေမျိုး ကြုံမယ်။ ဆုံးဖြတ်ရ ခက်တဲ့  ကိစ္စမျိုးတွေ ကြုံလာလိမ့် မယ်လို့ အဟော ထုပ်နိုင် ပေတာပေါ့။ အဲဒီ ဆုံးဖြတ်ရ ခက်တဲ့ ကိစ္စကိုလည်း ပြတ်ပြတ် သားသား ဆုံးဖြတ်ချက် ချရလိမ့်မယ်လို့လည်း ဟောနိုင်ပေတာပေါ့။

ဒီကဒ်ပြားရဲ့ နံပါတ်ဟာ ၁၁- ဖြစ်ပါတယ်။ ၁-နှစ်လုံး ပူးနေတာပါ။ တစ်လုံးတည်း ဖြစ်အောင် ပေါင်းရင်လည်း (၂)ဂဏန်း ဖြစ်ပါတယ်။ နှစ်ခု ၊ နှစ်ခွ ၊ နှစ်ကြိမ် ၊ နှစ်မျိုး ဆိုတဲ့ အဓိပ္ပါယ် မျိုးတွေ ယူဆ နိုင်ပါတယ်။ ဆင်တူ (၁)နှစ်လုံး ဖြစ်နေတဲ့ အတွက် တစ်မျိုးထဲကနေ နှစ်မျိုး ကွဲနေတဲ့ သဘောကိုလည်း ကောက်ယူနိုင် ပါတယ်။ အဲဒီတော့ အလုပ်ခွဲတာ အိမ်ခွဲတာ ဆိုတာမျိုးတွေ ထည့်သွင်း ဟောပြော နိုင်ပါတယ်။

အဲဒီလို သဘာဝနဲ့ ဓားနဲ့ကို ဆက်စပ် စဉ်းစားတဲ့ အခါမှာလည်း ခွဲစိတ် ကုသမှု့ ကြုံခြင်းဆိုတဲ့ အဓိပ္ပါယ်မျိုး တွေလည်း ပေါ်ထွက်လာတော့ တာပေါ့။ အဲဒါတွေ အားလုံးကို ခြုံငုံ စဉ်းစား လိုက်တဲ့ အခါ ဘယ်မေးခွန်း ကိုပဲ မေးမေး မနုစာရီ ကဒ်ပြား ကျလာခဲ့မယ် ဆိုရင်.......

ကောင်းမယ် ၊ ဖြစ်မယ် ၊ ရမယ် ၊ အောင်မြင်မယ် လို့ ဟောနိုင် ပါတယ်။ ဒါပေမဲ့ အမှု့ အခင်း ရုံးပြင် ကန္နား တွေနဲ့ ပတ်သက် ရပြီးမှ ... ပြောဟယ် ၊ ဆိုဟယ် ၊ ရှင်းဟယ် ၊ လင်းရယ်တွေ ကြုံပြီးမှ အောင်မြင်မယ် လို့လည်း ဟောရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီကဒ်ပြားကို ကောင်းမှု့ လို့ အလွယ် မှတ်ထားနိုင်ပါတယ်။
အရေး ကြီးသော ကိစ္စများ တပြိုင်တည်းမှာ ကြုံလာ ရတတ်သည်။
ရှေးတိုးရ ခက် ၊ နောက်ဆုတ်ရ ခက် ၊ ဆုံးဖြတ်ရ ခက်သော ကိစ္စရပ်များ ကြုံလာ ရတတ်သည်။
ကိစ္စ ကြီး တစ်ခုတွင် ပြတ်ပြတ်သားသား ဖြေရှင်း ဆုံးဖြတ် ရလိမ့်မည်။
တရားရုံး ၊ အမှု့ အခင်းတို့နှင့် ပတ်သက်ရ တတ်သည်။
လက်ရှိ နေအိမ် ၊ နေရာတို့မှ ခွဲထွက် သွားရတတ်သည်။
လက်ရှိ အလုပ်မှ ခွဲထွက် ရတတ်သည်။
အလုပ် နှစ်မျိုး တာဝန်နှစ်မျိုး ပူးတွဲ ထမ်းဆောင် ရတတ်သည်။
မိမိ ကိုယ်တိုင် ဖြစ်စေ ဆွေမျိုး မိတ်ဆွေ လူရင်းထဲမှ ဖြစ်စေ ခွဲစိပ်ကုသမှု့ ကြုံရတတ်သည်ဆိုတဲ့ ဟောချက် မျိုးတွေ ဟောနိုင်ပေတာပေါ့ ခင်ဗျာ.......။


ဒီအောက်က ဟောကိန်းလေးတွေကတော့ အဘမင်းသိင်္ခရဲ့ ပုံသေနည်းလေးတွေ ဖြစ်ပါတယ်...

၁။ လုပ်ငန်းကြီးများပေါ်မည်။
၂။ တစ်စုံတစ်ယောက်နှင့် တရားဆိုင်ရတတ်သည်။
၃။ ရန်ပွဲတစ်ပွဲ ကြုံရမည်။
၎။ အခက်အခဲများရှိသော်လည်း အားလုံးပြေပျောက်သွားမည်။
၅။ မယ်တော်မနုစရီက မစလိမ့်မည်။
၆။ လူချီးမွမ်းခံရမည်။ ထီပေါက်မည်။ ကျိန်းသေသလောက် ရှိသည်။ ထီထိုးဖြစ်အောင်ထိုးပါ။
၇။ နေရာပြောင်းရွှေ့ရတတ်သည်။ ခရီးဝေးသွားရမည်။
၈။ မိတ်ဆွေရင်းတစ်ဦး မိမိကို မကောင်းကြံတတ်သည်။ ဂရုစိုက်ပါ။
၉။ လူလိခံရကိန်းရှိသည်။ အိမ်တွင်းရေး၌လည်း အဆင်မပြေဖြစ်တတ်ပါသည်။
၁၀။ အစိုးရ၏ ချီးမြှောက်ခြင်းခံရမည်။
၁၁။ မသွားတော့လိုလိုနှင့် ခရီးတစ်ခုသွားရမည်။
၁၂။ ငွေအလုံးအရင်းနှင့် ၀င်တတ်သည်။
၁၃။ အလှူအတန်းတစ်ခု မုချလုပ်ရမည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ အောင်မြင်ပါလိမ့်မည်။
သင့်ဘက်က မှန်ကန်ဖို့ အရေးကြီးပါသည်။

0 comments:

Post a Comment