ဤကတ်ပြားကို အချို့ကလည်း အချိန်နတ်သား ( The Anget of Time ) ဟု ခေါ်ကြသည်။ ရေနတ်သား “ အကွားရီးယပ်စ် ” က ဆင်းသက်လာသည်ဟုလည်း ဆိုကြ၏။ အချို့ကလည်း ဤကတ်ပြားကို စိတ်ကို သင့်လျော်သလို ပြောင်းလဲစေသည့် သဘောကို ဆောင်ရာတွင် သုံးသည်။ တောင်ပံပါသော နတ်သားတစ်ပါး၏ နဖူးထက်တွင် သူရိယ အမှတ်တံဆိပ် ခတ်နှိပ်ထားသည်။ အတွင်း၌ တြိဂံပုံပါသော လေးထောင့် ကွက်တစ်ခု သူ့ရင်ဘတ်မှာ ရှိ၏။ ၄င်းသည် “တားရော့ကျမ်း” ၏ သင်္ကေတ ဖြစ်သည်။နတ်သားသည် ဘ၀၏ အနှစ်သာရများကို ခွက်တစ်ခုမှ အခြားခွက်တစ်ခွက်သို့ သွန်းလောင်း ပေးနေသည်။ သူ၏ ခြေတစ်ဖက်သည် မြေမှာရှိပြီး တစ်ဖက်မှာ ရေထဲမှာရှိသည်။ အတိတ်မှ အစပြုကာ ပစ္စုပ္ပန်ကို ဖြတ်ပြီး၊ အနာဂတ်ကာလကို စီးဆင်းသော နိမိတ်ကို ပြသည့် စမ်းချောင်း တစ်ခုကိုလည်း မြင်တွေ့နိုင်သည်။ စီမံအုပ်ချုပ်မှု ကောင်းလျှင် ပူပေါင်း ဆောင်ရွက်လျှင် အောင်မြင်မည်ဟူသော နိမိတ်ကို ပြသော ကတ်ပြားဖြစ်၏။ အိမ်ထောင်ကျလျှင် ချမ်းသာမည့် အတိတ်နိမိတ်ကိုလည်း ဆောင်သည် ဟု ဆိုကြ၏။
ဒီကတ်ပြားမှာ ကောင်းကင် တမန်တော် တစ်ပါးဟာ လက်ထဲမှာ ခွက်နှစ်ခွက်ကို ကိုင်ထားပါ တယ်။တစ်ခွက်ထဲက ရေကို နောက်တစ်ခွက်ကို ပြောင်းထည့်နေတဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ ဒီ ပတ်ပြား ဟာလည်း အပြောင်း အလဲ ဖြစ်ခြင်းကို ဆိုလိုချင် တာပါပဲ။
ဒါပေမဲ့ ပြောင်းလဲတာက အထဲက ရေရဲ့ အပြောင်းအလဲကို ဆိုလို ချင်တာ ဖြစ်ပါတယ်။ ခွက် အပြောင်းအလဲ မဟုတ်ပါဘူး။ အဲဒီတော့ အတွင်းပိုင်းဆိုင်ရာ အပြောင်းအလဲပေါ့။ စိတ်အပြောင်း အလဲ ၊ သဘောထား အပြောင်းအလဲ ၊ ခံယူချက် အပြောင်းအလဲ ၊ ယုံကြည် ချက် အပြောင်း အလဲတွေကို ဆိုလိုချင်တာပါ။ ဒါမှ မဟုတ် ညာဏ် အလင်းပွင့်ခြင်း ၊ တရား ဓမ္မရခြင်း ရယ်လို့လည်း ကောက်ယူပေ နိုင်တာပေါ့။
အတွင်းပိုင်း ဆိုင်ရာ အပြောင်းအလဲ ဖြစ်တဲ့အတွက် ရုပ်ပိုင်း ဆိုင်ရာ ထက် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲကို ပြောရမှာ ဖြစ်ပါတယ်။ နောက် တစ်ခုကတော့ အလုပ်ပြောင်း တယ်ဆိုရင် ဒီ အလုပ်ကနေ ဟို အလုပ်ကို ပြောင်း သွားတာမျိုး မဟုတ်ဘဲ ဒီအလုပ်ထဲမှာပဲ အခန်းပြောင်းတာတို့ ၊ စားပွဲပြောင်းတာတို့ ၊ တာဝန်ပြောင်းတာ မျိုးတွေကို ပြောရမှာဖြစ်ပါတယ်။
အိမ်ပြောင်း တာဆိုရင်လည်း အဲဒီလိုပဲပေါ့။ ဒီအိမ်ကနေ ဟိုအိမ်ကို ပြောင်းသွားတာမျိုး မဟုတ်ပဲ ဒီအိမ်ထဲ မှာပဲ အခန်း ဖွဲ့စည်းပုံ ၊ နေရာထိုင်ခင်း ၊ မွမ်းမံ ပြင်ဆင် ပြောင်းလဲရတာမျိုး တွေကို ပြောရမှာ ဖြစ်ပါတယ်။ ဒီကတ်ပြားရဲ့ အဓိပ္ပါယ်တွေမှာ ခြိုးခြံ ချွေတာခြင်း ၊ စောင့်ထိန်းခြင်း ဆိုတဲ့ အဓိပ္ပါယ် တွေလည်း ပါနေပါတယ်။
အိမ်မှာ ၊ အလုပ်မှာ မကုန်သင့်ပဲ အကုန်အကျ တွေ များနေရင် ငွေတွေ ပစ္စည်းတွေ အလေအလွင့် များနေရင် ရေခွက်နှစ်ခွက် ကတ်ပြားကို အဆောင် အဖြစ်နဲ့ အိပ်ကပ်ထဲမှာ ဆောင်ထားလိုက်ရ ပါတယ်။ အာလုံးကို ခြုံငုံ သုံးသပ်လိုက်တဲ့ အခါ ဘယ်လို မေးခွန်းမျိုးကို မေးမေး နံပါတ် (၁၄) ရေခွက် နှစ်ခွက် ကတ်ပြား ကျလာခဲ့ရင်
ကောင်းမည် ၊ ရမည် ၊ အောင်မြင်မည် ၊ ဖြစ်မည်လို့ ဟောရမှာပေါ့။ ကောင်းသော အပြောင်း အလဲ တွေ ဖြစ်လိမ့်မည်။ အတွေးအခေါ် အထင် အမြင် အယူအဆ အပြောင်း အလဲ တွေ ကြုံရလိမ့်မယ်လို့ လည်း ထည့်ပြီး ဟောရမှာပေါ့။ အဲဒါကြောင့် ကောင်းပြောင်း - အတွင်းပြောင်း လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
ထစ်ငေါ့ ကြန့်ကြာနေသော ကိစ္စများ ပြေလည်၍ ကောင်းသော အပြောင်း အလဲများ ဖြစ်လာမည်။
စိတ် သဘောထား မတိုက်ဆိုင်သူ များနှင့် ညှိနှိုင်း ပြေလည် သွားလိမ့်မည်။
ငွေ အကုန်အကျ ၊ ပစ္စည်း ၊ ပျက်စီး ၊ ဆုံးရှုံး ခြင်းများ သိသိသာသာ လျှော့ပါးသွားမည်။
အလုပ်နေရာ အိမ်နေရာ ကောင်းသော ပြင်ဆင် ပြောင်းရွေ့ ရခြင်းများ ကြုံရမည်။
ကျန်းမာရေး ညံ့နေလျှင်လည်း ကောင်းသွား လိမ့်မည်။
ရပ်ဝေးမှ အကူအညီ အပံ့အပိုးများ ပေါ်ပေါက်လာလိမ့်မည် ဆိုတဲ ဟောချက်မျိုးတွေ ဟောနိုင် ပေတာပေါ့..
ဒီအောက်က ဟောကိန်းလေးတွေကတော့ အဘမင်းသိင်္ခရဲ့ ပုံသေနည်းလေးတွေ ဖြစ်ပါတယ်...
၁။ အလုပ်နေရာ၊ အိမ်နေရာ၊ ပြောင်းရွှေ့ရမည်။
၂။ အိမ်ပြင်၊ အိမ်ဆောက် ပြုလုပ်ရမည်။
၃။ ရေလမ်း ခရီးမှ ဧည့်သည်လာမည်။
၎။ ကားသစ်ဝင်မည်။
၅။ အလုပ်နေရာ၊ အိမ်နေရာ၊ အရွှေ့အပြောင်းဖြစ်သည်။
၆။ မကြာခဏ ခရီးထွက်ရမည်။
၇။ ရုတ်တရက် ရာထူးတိုးခြင်း၊ စီးပွားတိုးတက်ခြင်းဖြစ်မည်။
၈။ မိတ်ဆွေ တစ်ယောက်အတွက် စိတ်သောကရောက်ရတတ်သည်။
၉။ သမီးရှိသော် အိမ်မှထွက်သွားတတ်သည်။
၁၀။ သိမ်တစ်လုံးထဲတွက် မိသားစုနှစ်စု ပူးပေါင်းနေထိုင်ရမည်။ မကြာမီ အိမ်ပိုင် (သို့) မိမိတိတ်တိုင်းကျ အိမ် ရမည်။
၁၁။ ရင်ဘတ်အောင့်သောရောဂါရမည်။ သားသမီးအတွက် စိတ်သောကရောက်မည်။ ယားနာဖြစ် မည်။ ဆေးမရှာပါနှင့် အလိုလိုပျောက်မည်။
၁၂။ ငွေအစုလိုက်အပုံလိုက်ရမည်။ (၂၄)ရက်အတွင်း ၀င်လာ မည်။
၁၃။ မိမိသုံးသောစက် ပျက်မည်။ ရောင်းမပစ်ပါနှင့်၊ ပြင်၍သုံးပါ။ အကျိုးရှိလိမ်မည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ အောင်မြင်နိုင်ပါသည်။



0 comments:
Post a Comment