(15)တစ္ဆေ ( The Devil)

ကဒ်ပြားအမှတ် (၆)ဖြစ်သော ချစ်သူနှစ်ဦးကဒ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ စေတန်ခေါ် မကောင်းဆိုးဝါးပုံမျိုး ဖြစ်၏။ ခေါင်းတွင် ဆိတ်ချိုနှစ်ဖက် ပေါက်နေကာ ပခုံးနှစ်ဖက်တွင် လင်းနို့တောင်ပံတွေ ရှိသည်။ လက်တစ်ဖက်က မီးထုတ်ကို ကိုင်ထား၏။ ချိုနှစ်ခုကြားတွင် ပဉ္စဂံ ပြောင်းပြန်ပုံရှိ၏။ သူထိုင်နေသော စင်မြင့်ရှေ့တွင် သံကွင်းတစ်ခုရှိကာ ထိုကွင်းမှ သံကြိုးများသည် ကိုယ်လုံးတီး ယောက်ျားနှင့် မိန်းမတို့၏ လည်ပင်းများကို ထူးခတ်ထားသည်။

ထိုယောက်ျားနှင့် မိန်းမတို့တွင် အမြီးများပေါက်နေ ၏။ သို့သော် သူတို့၏ မျက်နှာများသည် ညာဏ်ပညာရှိသော ပုံများပေါ်နေသည်။ ထို့ကြောင့် သူတို့ကို ထူးခတ်ထားသော မိစ္ဆာသည် သူတို့၏ ထာဝရအရှင်သခင် အမြဲတမ်းမဖြစ်နိုင် ။ အဖျား မကျန်းမာမှု့ အကြမ်းဖက်သူတို့၏ သရုပ်ကို ဆောင်သည်။ မရိုးသား မဖြောင့်မတ်သောနည်းဖြင့် ဥစ္စာပစ္စည်းရရှိမည့် နိမိတ်လည်းဆောင်သည်…

ဒီကတ်ပြားရဲ့ အဓိက ဇာတ်ကောင်ဟာ တစ္ဆေ သရဲ ကြီးတစ်ကောင် ဖြစ်ပါတယ်။ တစ္ဆေသရဲ ဆိုကတည်းက အဆိုးသဘောကို ဆောင်နေပြီပေါ့ဗျာ။ အင်မတန် ထွားကြိုင်း သန်မာတဲ့ တစ္ဆေကြီးဟာ သူ့ရဲ့ ရှေမှာ လူနှစ်ယောက်ရဲ့ လည်ပင်းကို သံကြိုးနဲ့ ချဉ်ပြီး ဖမ်းစားထားပါ တယ်။ အဲဒီ လူနှစ်ယောက်မှာလည်း တစ်ယောက်က ယောက်ျား ၊ တစ်ယောက်က မိန်းမ ဖြစ်ပါတယ်။

တစ္ဆေသရဲရဲ့ ဖမ်းစားခြင်းကို ခံထားရတဲ့ အဲဒီ ယောက်ျားနဲ့မိန်းမဟာ ဘယ်နည်းနဲ့မှ အဆင်ပြေနိုင်စရာ မရှိပါဘူး။ ဒီနှစ်ယောက် ပြဿနာဖြစ်အောင် အထင်မှားအောင် တစ္ဆေကြီးက ကြိုးစားမှာပါပဲ။ အဲဒီတော့ ဒီကတ်ပြားကို တွေ့တိုင်း တွေ့တိုင်း အိမ်ထောင် ရှင်တွေဆိုရင်လည်း အိမ်ထောင်ရေးမှာ ...၊ အိမ်ထောင် မရှိတဲ့ သူတွေ ဆိုရင်လည်း အချစ်ရေး မှာ ကြီးစွာသော အနှောက် အယှက်ကြီးတွေ ၊ ပြဿနာ ကြီးတွေ ကြုံရတတ်ကြောင်း ထည့်ပြီး ဟောရမှာပေါ့.။

နောက်တစ်ခု ကတော့ တစ္ဆေ သရဲ ဆိုတော့ ခြောက်မယ် ၊ လှန့်မယ် ၊ နှောက်ယှက်မယ်။ မကောင်း ကြံမယ် ဆိုတဲ့ အဓိပ္ပါယ် တွေကိုလည်း ထည့်ပြီး ဟောရမှာပဲပေါ့။ အဲဒီတော့ ဒါတွေကို ခြုံငုံ သုံးသတ်လိုက်တဲ့ အခါမှာ ဘယ်လို မေးခွန်းမျိုး ကိုပဲ မေးမေး နံပါတ်(၁၅) တစ္ဆေ ကတ်ပြား ကျလာမယ်ဆိုရင်....

ဆိုးသည် ၊ ညံ့သည် ၊ မဖြစ်နိုင် ၊ မရနိုင် ၊ မအောင်မြင်နိုင် ဆိုတာတွေကိုပဲ အဖြေထုပ် ရတော့မှာပေါ့။ တစ္ဆေ သရဲ ဆိုတာ နှောက်ယှက် ဖမ်းစားတတ်တဲ့ သဘော လည်းရှိလေတော့ ဒီကတ်ပြားကို “ဆိုးတစ္ဆေ” ရယ်လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
ကြီးစွာသော အနှောက် အယှက်ကြီးများ ကြုံလာ ရတတ်သည်။
ထင်မှတ် မထားသော ရန်သူ ၊ အန္တရာယ်များ ကြုံလာတတ်သည်။
ထိပ်လန့် ခြောက်ချားဖွယ် အဖြစ်ဆိုးများ ။ အိပ်မက်ဆိုးများ ကြုံရတတ်သည်။
အချစ်ရေး ။ အိမ်ထောင်ရေးတွင် ပြဿနာများ ရှုပ်ထွေးတတ်သည်။ ဘေးလူ အနှောက်အယှက် ကြီး ကြုံရတတ်သည်။
စိတ်နှင့် ကိုယ်နှင့် မကပ်ပဲ ဖြစ်နေမည်။ ဆိုတဲ့ ဟောကိန်းတွေကို အဟော ထုပ်နိုင်ပေတာပေါ့။

ဒီအောက်က ဟောကိန်းလေးတွေကတော့ အဘမင်းသိင်္ခရဲ့ ပုံသေနည်းလေးတွေ ဖြစ်ပါတယ်...

၁။ အချစ်ရေး၊ အိမ်ထောင်ရေး ပြဿနာပေါ်တတ်သည်။
၂။ လေထိုးလေအောင့်ဖြစ်မည်။
၃။ စကားများ ကိန်းရှိသည်။
၎။ ယခုနေသောနေရာ၌ မြေမသန့်ပါ။ အိမ်နှင့်မလှမ်းမကမ်းနေရာ၌ တစ္ဆေသရဲရှိသည်။
၅။ ထူးခြားသော ရုပ်ထုတစ်ခု ရောက်လာတတ်သည်။ ရောက်လာပြီးနောက် စနေသားတစ်ဦးထံမှ လာဘ် လာဘရမည်။
၆။ မမျှော်လင့်ဘဲ မိတ်ဆွေကောင်းတစ်ဦး ရရှိလိမ့်မည်။ ထို့အတူ ဘ၀တစ်ခုလုံးအတွက် အသုံးဝင်သော ပညာလည်းရမည်။
၇။ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။
၈။ မျက်စိနာမည်။ ၉။ ပစ္စည်းပျောက်မည်။ ခရီးထွက်ရမည်။
၁၀။ ဆေးဖိုးဝါးခအဖြစ်လည်းကောင်း၊ သူတစ်ပါးကို ကူညီရန် အတွက်လည်းကောင်း ငွေထွက်မည်။
၁၁။ တိုးတက်မှုများ ကြုံတတ်ပါသည်။ မည်သည့်ကိစ္စ၌မဆို နှုတ်ဆိတ်နေရန် အရေးကြီးပါသည်။
၁၂။ အလုပ်ထွက်ရန်၊ ပြောင်းရန် အကြောင်းပေါ်လာမည်။

လတ်တလောကိစ္စအတွက် မေးမြန်းပါမူ . . ထိုကိစ္စ ပျက်သွားပါလိမ့်မည်။ မအောင်မြင်နိုင်ပါ ။

0 comments:

Post a Comment