ပြိုကျနေသော မျှောစင်၊ သို့မဟုတ် မိုးကြိုးအပစ်ခံရသော မျှောစင်ပုံဟုလည်း ခေါ်သည်။ ရှေးဦး အီတလီကတ်ပြားများတွင်မူ “ပလူတိုရဲတိုက် ” ဟုခေါ်သည်။ “ ပလူတို” သည် မြေအောက်ကမ္ဘာမှ နတ်အမည်ဖြစ်၏။ လက်ရှိ အခြေအနေများတွင် ပြောင်းလဲပစ်ရန် အဟောင်းကို ဖြိုချသည့် သင်္ကေတဖြစ်သည်။သိစိတ် ဝေါဟာရအရ မိုးကြိုးပစ်ခြင်း ဆိုသည်မှာ ဉာဏ်ပညာ လင်းလက်မှုကို ဆိုလိုပြီး အမုန်းတရားကို ရုတ်တရက် သိမြင်မှု၏ သင်္ကေတ ဖြစ်သည်။ ဘ၀သစ်နှင့် နည်းလမ်းသစ်များ ပေါ်ထွန်းမည့် နိမိတ်ဖြစ်၏။ တင်းကြပ်သော အချုပ်အနှောင်ခံရသော အဖွဲ့အစည်းများသည် ပြိုကျ ပျက်စီးရန် လိုအပ်ပြီး အသစ်ဖြင့် အစားထိုး ဖလှယ်ရမည့် သရုပ်ကို ဆောင်သည်။
ဤကတ်ပြားသည် အတွေးအခေါ်မှားများ ကျဆုံးမှု၊ အတွေးအခေါ်အစစ်အမှန်များ အောင်ပွဲခံမှုတို့ကို ဖော်ပြပေးသည်။ ဒီကတ်ပြား ကတော့ မိုးကြိုး ပစ်ချ လိုက်လို့ ပြိုကျ ပျက်စီး နေတဲ့ မျှော်စင်ကြီး ရဲတိုက်ကြီး တစ်ခုရဲ့ ပုံဖြစ်ပါတယ်။ မျှော်စင်ကြီးဟာ မီးလောင် ပျက်စီးနေပါတယ်။ အဲဒီ မျှော်စင်ပေါ်က လူတွေ လွင့်စဉ် ကျလာပါတယ်။ အဲဒီတော့ ဒီကတ်ပြားဟာ အင်မတန် ဆိုးတဲ့ ကတ်ပြားရယ်လို့ သိသာ နိုင်ပါတယ်။
မိုးကြိုး ပစ်တယ်ဆိုတာ သဘာဝ ဘေးအန္တရာယ် ကြီးတစ်ခု ကြုံတာပါပဲ။ မိုးကြိုး ဆိုတာ လျှပ်စစ် ဒုက္ခ ပေးတာ ပါပဲ။ အဲဒီတော့ သဘာဝ ဘေးအန္တရာယ် ။ လျှပ်စစ် အန္တရာယ် ၊ မီးအန္တရာယ် ၊ အိုးအိမ် နေရာ ထိုင်ခင်းများ ဆုံးရှုံး ခြင်း ၊ ပျက်စီးခြင်း ၊ လူများ ထိခိုက် ဒဏ်ရာရခြင်း ။ ဥစ္စာ ပစ္စည်းများ ဆုံးရှုံးခြင်း ဆိုတဲ့ နိမိတ်ဆိုးများ ပြွန်းတီးနေတဲ့ ကတ်ပြား တစ်ချပ် ဖြစ်ပါတယ်။ အင်မတန် ဆိုးပါတယ်။ အဲဒီတော့ ဘယ်လို မေးခွန်းမျိုးကို မေးမေး နံပါတ်(၁၆) မျှော်စင် ဆိုတဲ့ ကတ်ပြား ကျလာခဲ့ရင် ....
ဆိုးသည် ၊ ညံ့သည် ၊ မဖြစ်နိုင် ၊ မရနိုင် ၊ မအောင်မြင် နိုင်ဆိုတဲ့ အဟောတွေပဲ ဟောရမှာပေါ့။ မျှော်စင် ကြီး ပြိုကျ ပျက်စီးခြင်းဟာ တော်တော် ဆိုးပါတယ်။ နည်းနည်းပါးပါး ပြုပြင် ဖာထေးရုံ လောက်နဲ့ ပြန်မ ကောင်းနိုင်တော့ ပါဘူး။ ဘ၀ ပျက်တယ်ဆိုတဲ့ ကိန်းမျိုးပါပဲ။ ဒါကြောင့် ဒီကတ်ပြားကို “ဆိုးပျက်”ရယ် လို့ အလွယ် မှတ်ထားနိုင် ပါတယ်။
# မထင်မှတ်သော ရုတ်တရက် အန္တရာယ်များ ကြုံရတတ်သည်။
# မီးဘေး ၊ လျှပ်စစ်ဘေး အထူး သတိထားရမည်။
# အိုးအိမ် နေရာ ထိုင်ခင်း အတွက် သောက ရောက်ရတတ်သည်။
# လက်ရှိအိမ် ၊ လက်ရှိ အလုပ်မှ မကောင်းသော ထွက်ခြင်းဖြင့် ထွက်သွားရ တတ်သည်။
# ရေနစ်သူကို ၀ါးကူလို့ ထိုး ဆိုသည့် ဒုက္ခ ထပ်ပေးမည့်သူ များနှင့်သာ ကြုံရတတ်သည်။
# အခြေပျက် ၊ အနေပျက် ၊ အလုပ်ပျက် ဖြစ်သွားတတ်သည်။
# ရန်သူမျိုး (၅)မျိုးကို အထူး သတိထားရမည့် ကိန်းဖြစ်သည်..ဆိုတဲ့ ဟောကိန်းတွေ ဟောနိုင် ပေတာပေါ့။
ဒီအောက်က ဟောကိန်းလေးတွေကတော့ အဘမင်းသိင်္ခရဲ့ ပုံသေနည်းလေးတွေ ဖြစ်ပါတယ်...
၁။ သွားမည့်ခရီးသည် တစ်ခါတည်းနှင့် အထမမြောက်နိုင်ပါ။
၂။ အကြံအစည်ပျက်ပြားမှု၊ လုပ်ငန်းဆုံးရှုံးမှုများ ပေါ်မည်။
၃။ သွပ်၊ သံ၊ သစ်ကိစ္စကြောင့် စိတ်ညစ်ရတတ်သည်။
၎။ အပျက်အစီး အဆုံးအရှုံးများမည်။
၅။ ဆေရာတု ဆရာယောင်နှင့် တွေ့တတ်သည်။ ထိုသူ၏ မည်မှာ တနင်္လာစာလုံးပါ မည်။
၆။ အိမ်တွင်းရေး မာမယာဖြစ်မည်။
၇။ အိမ်သို့ ဆွေမျိုးဧည့်သည် ညအိပ်ရောက်လာမည်။ ၎င်း ရောက်လာခြင်းကို လက်ခံရမည်။
၈။ ငွေသည် ကြံဖန်၍ ကုန်စရာများပေါ်ပြီး ကန်မည်။
၉။ ရုတ်ရက် ခါးမျက်၊ ခါးနာပေါ်မည်။ ၁၀။ မိတ်ဆွေတစ်ဦး မိမိအပါ်၌ အထင်လွဲလိမ့်မည်။
၁၁။ မုဆိုးဖို၊ မုဆိုးမ တစ်ဦးဦး အိမ်သို့ လာရောက်တည်းခိုမည်၊ ထို့နောက် အမှုဖြစ်တတ်သည်။
၁၂။ အလုပ်၌ ရန်ပေါ်မည်။
၁၃။ ဘုရားဖူးခရီးထွက်လိုက်လျှင် အကောင်းဆုံးဖြစ်သည်။
၁၄။ အိမ်တွင် မီးလန့်တတ်သည်။ သတိမထားပါက အဖိုးတန်ပစ္စည်းများ ဆုံးရှုံးမည်။
၁၅။ ယခင်နှင်ကကျန်ခဲ့သောပစ္စည်းများ ယခုနှစ်ဆက်၍ ထွက်မည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . . ထိုကိစ္စ လုံးဝအဖြစ်နိုင်ပါ။ သင်၏အကြံအစည်များ တစ်စစီပျက်စီးသွားပါလိမ့်မည်။



0 comments:
Post a Comment