သာသနာပိုင် ဆရာတော်ကြီး ( The Hierophant)

သာသနာပိုင် ဆရာတော်ကြီး ဆောင်းထားသော သရဖူမှာ သုံးဆင့်ထပ် သရဖူဖြစ်သည်။ ပုပ်ရဟန်းမင်း များ၏ အဆောင်အယောင်ဖြစ်သည်။ ဆရာတော်ကြီးသည် တိုင်နှစ်လုံးကြား တွင် ထိုင်နေသည်။ သို့သော် ဤတိုင်လုံးများသည် သီလရှင်ဆရာကြီး သီတင်းသုံးသော ကျောင်းတော်ကြီးထဲမှ တိုင်လုံးများတော့ မဟုတ်၊

သူ၏ လက်ဝဲလက်တွင် အခက်သုံးဖြာရှိသော လက်ဝါးကပ်တိုင်ကို ကိုင်ထားသည်။ သူ၏ခြေရင်းတွင် ကြက်ခြေခတ် ချထားသော သော့နှစ်ချောင်းရှိသည်။ ၄င်းတို့သည် ဂမ္ဘီရဖြစ်မှု၏ သင်္ကေတ ဖြစ်သည်။ ရဟန်းငယ်နှစ်ပါးက သူ့အား ဒူးထောက်ခစား နေကြသည်။ ဘာသာရေး အဆုံးအမကို ကိုယ်စားပြုသည့် ကတ်ပြားဖြစ်သည်။

ထုံးတမ်းစဉ်လာများကို လိုက်နာတတ်မှုကိုလည်း ဆောင်သည်။ အပြောနှင့်အလုပ် လက်တွေ့ကျမှု၏ အမှတ်အသားလည်းဖြစ်သည်။ ဤကဒ်ပြား၏ အမည်ကွဲ အနေနင့် “ ပုပ်ရဟန်းမင်းကြီး ” ( The Pope ) ဟုလည်း ခေါ်ကြသည်။


ဒီကတ်ပြားရဲ့ အဓိက ဇာတ်လိုက်ဟာ ခရာစ်ယာန် ဘုန်းတော်ကြီး တစ်ပါး ဖြစ်ပါတယ်။ ဘုန်း တော်ကြီး ဆိုတာကလည်း ဘာသာရေး ပညာရေး တွေနှင့် ပတ်သက်နေတဲ့ အတွက် အကောင်း သဘော ဆောင်တယ်လို့ ယူဆရမှာပါပဲ......

ဘုန်းတော်ကြီး ဆိုတာဟာ ဆရာသမားလည်း ဟုတ်။ သင်ကြား ဆုံးမ သွန်သင်သူလည်း ဟုတ်။ ရပ်မိ ရပ်ဖ ဆိုလည်း ဟုတ်။ ရိုသေ လေးစားထိုက်သူ ကြီးကဲသူ ဆိုလည်းဟုတ်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ် ပါတယ်.....။

ဒီတော့ ဆရာသမား အကြီးအကဲ ပုဂ္ဂိုလ် ဘာသာရေးနှင့် ပတ်သက်သော ပုဂ္ဂိုလ် စသူတို့က အကူအညီကောင်း ပေး လိမ့်မယ် ဆိုတာမျိုး ဟောနိုင်တာပေါ့။ ဘာသာရေး ပညာရေး ဆိုင်ရာ လုပ်ငန်းမျိုးတွေ အောင်မြင်မယ် လို့လည်း ဟောနိုင်တာပေါ့။

ကတ်ပြားထဲမှာ ဘုန်းတော်ကြီးက လက်ကလေး နှစ်ချောင်းကို ထောင်ပြထားပါတယ်။ အဲဒါကြောင့် နှစ်မျိုး နှစ်ခု နှစ် ကြိမ် နှစ်ခါ ကောင်းနိုင်တယ်လို့ ပြောနိုင်တာပေါ့။ ဘုန်းတော်ကြီးရဲ့ ရှေ့မှာ တပည့်နှစ်ဦးကို တွေ့ရပါတယ်။ တပည့် ဆိုတော့ အောက်လက် ငယ်သားပေါ့။ သူတို့ အတွက်လည်း ကောင်းတာတွေကို ဟောရမှာပေါ့။

အဲဒီ တပည့် နှစ်ဦး ဟာ ထိပ်ပြောင်နေတာကို တွေ့ရပါလိမ့်မယ်။ ထိပ်ပြောင်ပြောင်နဲ့ တပည့်လို့ ဟောရင်တော့ မှန်ဖို့ ရာခိုင်နှုံး နည်းနှိုင် တာပေါ့။ ခေါင်းတုံး တုံးထားသော တပည့် ၊ ခေါင်းတုံး ဆံပင်ပေါက် တပည့်တွေနဲ့ ပတ်သက်လို့ ၀မ်းသာစရာ ကြားရ ကြုံရမယ်လို့ ဟောနိုင်တာပေါ့။

တားရော့ တက်စဉ်မှာတော့ ဂန္ဓာရီလမ်းကို လိုက်တဲ့ပုဂ္ဂိုလ်ဟာ ယုံကြည် စိတ်ချရတဲ့ တပည့်နှစ်ဦးကို ရွေးချယ်ရမယ် အဲဒီလို တပည့်ရင်း ရွေးတဲ့နေရာမှာလည်း အတွေ့ အကြုံ ရင့်ကျက်တဲ့ အသက်ကြီးသူကို ဦးစားပေး ရွေးရမယ်။ လူ ငယ်ပိုင်းဆိုရင် စိတ်လိုက်မန်ပါ တဇွတ်ထိုး လုပ်ကာ ပြောစကားကို အတိအကျ နားမထောင်တာမျိုးတွေ ကြုံရပြီး မိမိ ရဲ့ လမ်းစဉ် ပျက်ချော်သွားနှိင်တဲ့ အတွက်ကြောင့်ပါပဲ...။

အဲဒီ ကတ်ပြားမှာ လိုက်ပြီး ကြည့်တဲ့အခါ သော့ချောင်းလေး နှစ်ချောင်းကို ထင်ထင်ရှာရှား တွေ့ရပါတယ်။ ဒါဖြင့်ရင် သော့ဟာ အရေးကြီး နေလို့ပေါ့။ သော့ဆိုတာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ပစ္စည်း မဟုတ်ပါလား။ အဲဒီတော့ သူခိုးရန် ကို သတိထားရမယ်လို့ ဟောနိုင်တာပေါ့။ ဒါတွေကို အနှစ်ချုပ် လိုက်မယ်ဆိုရင် ဘုန်းကြီးကတ်ပြား ကျလာခဲ့ရင်...

1. ဘယ်မေးခွန်းကိုပဲ မေးမေး ဖြစ်မည် ရမည် အောင်မြင်မည်လို့ ဟောနိုင်ပါတယ်။
ဆရာသမား ၊ ကြီးကဲသူ ဘုန်း တော်ကြီးတွေနဲ့ ပတ်သက်သော အောင်မြင်နိုင်တာ ဖြစ်တဲ့အတွက် ကောင်းဝိဇ္ဇာလို့ အလွယ် မှတ်ထားနိုင်ပါ တယ်။
2. ဆရာသမား ကြီးကဲသူ ၊ ဘုန်းတော်ကြီး ၊ ဘာသာရေးနှင့် ပတ်သက်သော ပုဂ္ဂိုလ်များက အကူ အညီကောင်း များ ပေးလာပါလိမ့်မယ်။
3. အလှူ အတန်း ၊ ဘုရားဖူး ၊ ရိပ်သာဝင်ခြင်း စသော ဘာသာရေးဆိုင်ရာ ကိစ္စများ အောင်မြင်မည်။
4. အိမ်သို့ ဘုန်းတော်ကြီး သို့မဟုတ် ဘုန်ကြီးပုံတော် ၊ သာသနာရေး ဆိုင်ရာ ပစ္စည်းများ ကြွလာတတ်သည်။
5. ပညာရေး ၊ သင်တန်း ၊ စာမေးပွဲ ၊ အင်တာဗျူး စသော ကိစ္စများ အောင်မြင်မည်။
ဆုထူး ဘွဲ့ထူး နှစ်မျိုး နှစ်ခု ရရှိနိုင်သည်။
6. အောက်လက်ငယ်သား တပည့် သားချင်းနှစ်ဦးနှင့် ပတ်သက်သော ရည်ရွယ်ချက်များ အစီအစဉ်များ အောင် မြင်မည်။
7. သူခိုး ခိုးခံရခြင်း ၊ သော့ပျက်ခြင်း ၊ သော့ပျောက်ခြင်းများ ကြုံရတတ်သည်... ဆိုတဲ့ ဟောချက် မျိုးတွေ ဟောနိုင် ပေတာပေါ့ဗျာ... ဒါကတော့ ဘုန်းကြီး တားရော့ကတ်ကို ကြည့်ပြီး ကျွန်တော် စဉ်းစား မိသလောက်ပါ... မိတ်ဆွေကတော့ များများ ဆက်ပြီး စဉ်းစားတွေးခေါ် ပေတော့.....

ဒီအောက်မှာတော့ အဘမင်းသိင်္ခ၏ ပုံသေဟောနည်းဖြစ်ပါတယ်။

၁။ ဘုန်းကြီးတစ်ပါး အိမ်သို့ ကြွလာမည်။
၂။ မိဘ ကျန်းမာရေး ညံ့မည်။
၃။ ခေါင်းကိုက်မည်။
၎။ စိန်အပါအ၀င် အဖိုးတန်ပစ္စည်းဝင်မည်။
၅။ လာဘ် အလွန်ရွှင်မည်။
၆။ အလုပ်၌ နာမည်ကောင်းရမည်။
၇။ အောက်လက်ငယ်သား၏ အကူအညီကို ရမည်။
၈။ အိမ်ထောင်သည်အမျိုးသမီးဖြစ်ပါက ကိုယ်ဝန်ရမည်။
၉။ ရုတ်တရက် ခရီးထွက်ရလိမ့်မည်။
၁၀။ ငွေလိမ်ခံရတတ်သည်။
၁၁။ မိန်းမတစ်ဦး မိမိ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ် လိမ့်မည်။
၁၂။ နေအိမ်မသန့်ပါ။ အခိုက်အညံ့ရှိနေသည်။ နေရာအနှံ အပြား ပရိတ်ရေနှင့် ဖြန်းလိုက်ပါ။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စမှာ မုချအောင်မြင်မည့် ကိစ္စဖြစ်သည်။ ရဲရဲတင်းတင်း ဆောင်ရွက်ပါ။

0 comments:

Post a Comment