ကောင်းကင်ဘုံနှင့် မြေလွှာမဟီ၏ သမီးပျိုဖြစ်ပြီး ခံ့ညားထည်ဝါစွာ ထိုင်နေသည်။ ၀တ်စား တန်စာများမှာ တော်ဝင် နန်းဝတ်နန်းစားများဖြစ်ပြီး အဖိုးအနဂ္ဃထိုက်မှုကို ဖော်ညွှန်းနေ သည်။ ပန်းပေါင်းစုံ ရှင်သန်လန်းစွင့်နေသော ဥယျာဉ်ထဲတွင် ထိုင်နေသည်။ သူမ၏ သရဖူတွင် စိန်ကြယ်ပွင့် ၁၂ ပွင့်ရှိသည်။ လည်တိုင်ပတ်လည်ရှိ ပုလဲ ၇ လုံးသည် ဗီးနပ်စ် နတ်သမီး၏ သင်္ကေတဖြစ်သည်။သူ၏ ထိုင်ခုံအနီးရှိ အသည်းပုံ ဒိုင်းသည်လည်း ဗီးနပ်စ်၏ သင်္ကေတ တစ်ခုဖြစ်သည်။ အချို့ပုံများတွင် ဒိုင်းထဲ၌ လင်းယုန်ငှက်၊ သို့မဟုတ် လက်ဝါးကပ်တိုင် အမှတ်အသားများ ရှိသည်။ ဤကတ်ပြား၏ သင်္ကေတမှာ မ. သဘာဝ၏ သရုပ်သဏ္ဍာန် အတိုင်း ဖွံ့ဖြိုးကြီးထွား မှုနှင့် ဖြစ်ထွန်းအောင်မြင်မှုတို့ကို အဓိပ္ပာယ်ဖော်ထားသည်။
ဗီးနတ်စ် နတ်မိမယ်၏ ဥယျာဉ်ထဲသို့ ၀င်မည့် တံခါးမကြီးကို ဤကတ်ပြားက ကိုယ်စားပြုထားသည်။ မိမိနှလုံးသးတွင် ကိန်းဝပ်နေသော ယုံကြည်စိတ်၏ သင်္ကေတ ကတ်ပြားဟုလည်း ဆိုနိုင်သည်။ အချို့သော ကတ်ပြားများတွင် ဧကရီ၏ နောက်ကျောတွင် သစ်ပင်အုပ်ကြီး ရှိပြီး သူ့ပတ်ဝန်းကျင်တွင် ပြောင်းခင်းများ ရှိကာ သူ့ခြေရင်းတွင် ရေတွေ ၀ိုင်းနေသည်ကိုလည်း တွေ့ရ၏။
ဒီကတ်ပြားရဲ့ အဓိက ဇာတ်လိုက် ကလည်း အမျိုးသမီး တစ်ယောက်ပါပဲ။ ရိုးရိုး အမျိုးသမီး တော့ မဟုတ်ဘူးနော်။ ရာထူး ဂုဏ်ရှိန် ကြီးမားတဲ့ ဧကရီ ဘုရင်မ တစ်ပါးရဲ့ နိမိတ်ပုံဖြစ်ပါတယ် ဘ၀မှာ သြဇာ အရှိန်အ၀ါ ကြီးမားခြင်း၊ စည်းစိမ် ချမ်းသာ ခံစားရခြင်း ၊ သက်တောင့် သက်သာ ရှိခြင်းဆိုတဲ့ သဘောတွေကို ဖော်ညွန်းနေပါတယ်။
သူ့ကိုလည်း အကောင်း သဘော ယူဆရမှာပါ။ ရာထူးဂုဏ်ရှိန် ကြီးမားတဲ့ အမျိုးသမီး ဒါမှမဟုတ် ဆရာကတော် ၊ လူ ကြီးကတော် စသူတို့က အကူအညီကောင်း ပေးလိမ့်မယ်လို့ ဟောနိုင်တာပေါ့။
ဧကရီဘုရင်မ ရဲ့လက်ထဲမှာ အဆောင် အယောင် ပစ္စည်းလေးတစ်ခု ကိုင်ထားပါတယ်။ အင့်ခ်(Ank)လို့ ခေါ်တဲ့ အသက်ဓာတ်ရဲ့ တံဆိပ်ကလေးကို ကိုင်ဆောင် ထားတာပါ။ ဘာကိုပဲကိုင်ကိုင် ကြီးကဲသူ တစ်ဦးကနေ လက်ဆောင် ပစ္စည်းတစ် ခု ချီးမြှင့်မဲ့ အနေအထား မျိုးလို့ ယူဆနိုင်ပါတယ်။ အဲဒီတော့ ကြီးကဲသူတို့ထံမှ လက်ဆောင် ပစ္စည်းများ ဂုဏ်ပြု ပစ္စည်းများ ရတတ်သည်လို့ ဟောနိုင်တာပေါ့။
ဧကရီ ဘုရင်မဟာ အောင်မြင်ခြင်းရဲ့ သင်္ကေတ အဖြစ် ကြယ်ပွင့် သရဖူကို ဆောင်ထားပါတယ်။ ဘုရင်မ ဆိုတော့ ရာထူး ကြီးမားတာကိုလည်း ကောက်ယူနိုင်တာပေါ့။ အဲဒီတော့ ၀န်ထမ်းဆိုရင် ရာထူးတက်မယ် အကျိုးထူးခံစားရ မယ်လို့ ဟောနိုင်တာပေါ့။
နောက်တစ်ခု စဉ်းစားဖို့က ဘုရင်မရဲ့ သလွန်တော်မှာ အသည်းနှလုံးနဲ့ သောကြာဂြိုဟ်ရဲ့ အမှတ်တံဆိပ်ကို တွေ့ရ ပါတယ်။ သောကြာဂြိုဟ်ဟာ ချစ်ခြင်း မေတ္တာကို ဖော်ညွန်းပါတယ်။ အချစ်ရေးမှာ အောင်မြင်မယ်။ ဒါမှမဟုတ် အ လုပ်ကိစ္စ ၊ အောင်မြင်မှု့ ကိစ္စအတွက် အချစ်ရေး ကိစ္စကို ဘေးဖယ် ထားရတတ်တယ်လို့လဲ ဟောနိုင်တာပေါ့။
နောက်တစ်ချက်ကတော့ ဘုရင်မဟာ ကိုယ်ဝန်ဆောင် မိခင်များဝတ်တဲ့ ဗိုက်ဖုံးအင်္ကျီကို ၀တ်ဆင်ထားပါတယ်။ တစ်ချို့ကတ်ပြား တွေမှာဆိုရင် ကိုယ်ဝန် အရင့်အမာနဲ့ ဘုရင်မကို တွေ့ရတတ်ပါတယ်။ ဒီအချက်ကို ထောက်ရှု့ ပြီး ဗေဒင် လာမေးသူဟာ အိမ်ထောင်သည် အမျိုးသမီးဆိုရင် ကိုယ်ဝန် ရတတ်တယ်လို့ ဟောရမှာပေါ့။ ဒါမှမဟုတ် ရင်လည်း ဆွေမျိုး သားချင်းထဲမှာ ကိုယ်ဝန်ရှိတဲ့ သတင်း သားသမီးရတနာ ဖွားမြင်တဲ့ သတင်းကောင်း ကြားမယ်လို့လည်း ဟောနိုင်ပေတာပေါ့။
အဲဒီ စဉ်းစားချက်တွေကို အနှစ်ချုပ်လိုက်တဲ့အခါ.......
ဘယ် ကိစ္စကိုပဲ မေးမေး ကောင်းတယ် အောင်မြင် တယ်လို့ ဟောနိုင် တဲ့အပြင် သက်တောင့် သက်သာရှိမှု့ စည်းစိမ် ချမ်းသာ ခံစားရမှု့တွေကိုပါ တွဲစပ်ပြီး ဟောနိုင်ပါတယ်။ ကောင်းစည်းစိမ်လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
ရာထူးရာခံ ရှိသော အမျိုးသမီး ဒါမှမဟုတ် ဆရာကတော် လူကြီး ကတော်တို့က ကူညီ မစပါလိမ့်မယ်။
ကြီးကဲသူတို့ထံမှ လက်ဆောင်ပစ္စည်း ဂုဏ်ပြုပစ္စည်းများ ရလိမ့်မည်။
ဝန်ထမ်းဆိုလျှင် ရာထူးတက်မည်။ အလုပ်မှာ အခွင့်အရေးထူး ခံစားရလိမ့်မည်။
အချစ်ရေးမှာ အပြိုင်ရှိလျှင် အောင်မြင်မည်။အောင်မြင်မှု့ အလုပ်ကိစ္စတို့အတွက်
အချစ်ရေးကို ဘေးချိပ် ထားရတတ်သည်။
ဆွေမျိုးသားချင်း ထဲမှ ကိုယ်ဝန်ရှိခြင်း ၊ သားသမီး ရတနာ ဖွားမြင်ခြင်း ၊ သတင်းကောင်း ကြားရမည်။
အိမ် ထောင်သည် အမျိုသမီးဆိုလျှင် သုံးလအတွင်း ကိုယ်ဝန်ဆောင်ရလိမ့်မယ်။
ဧကရီ ကတ်ပြားကို သားသမီး ရလိုသော အမျိုးသမီးများ အဆောင်အဖြစ် ဆောင်ထားရပါတယ်။
ကိုယ်ဝန် မြဲဖို့ ကျန်းမာ သန်စွမ်းသော သားသမီးကောင်း ဖွားမြင်ဖို့ အတွက်လည်း ဆောင်ထားရပါတယ်။
ဒီအောက်မှာတော့ အဘမင်းသိင်္ခ၏ ပုံသေနည်းလေးပါ။
၁။ မျက်စိကို ဥပါဒ်ပေးလိမ့်မည်။
၂။ မမျှော်လင့်ဘဲ ကြွေးတင်ခံရမည်။ ငွေအတွက် ကြီးစွာ သောဒုက္ခ တွေ့မည်။
၃။ အလုပ်တွင် အခက်အခဲတွေ့မည်။ အလုပ်မှ ထွက်ရ တတ်သည်။
၎။ မမျှော်လင့်ဘဲ လူတစ်ယောက်၏အကူအညီကို ရရှိလိမ့်မည်။
၅။ ပညာတစ်ခုရတတ်သည်။
၆။ သူခိုးခိုးခံရတတ်သည်။ လမ်းခရီး၌ ဖြစ်လိမ့်မည်။
၇။ တန်ခိုးသြဇာ မြင့်မားလာလိမ့်မည်။
၈။ စက်ရှိက ထွက်လိမ့်မည်။
၉။ ကြီးကဲသူငြိုငြင်မှုကို ခံရတတ်သည်။
၁၀။ အမှုမဖြစ်ရအောင် နေပါ။ ဖြစ်က ကြာမည်။ ငွေဖြင့် မလိုက်နှင့် ။ လိုက်လျှင် အမှုပါရှုံးသွားလိမ့်မည်။
၁၁။ အစာအိမ်ရောဂါဖြစ်လိမ့်မည်။ ဂရုစိုက်ပါ။
၁၂။ အလွန်ခင်မင်သူတစ်ဦးနှင့် အဆင်မပြေဖြစ်က လမ်း ခွဲရတော့မည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စမှာ မုချအောင်မြင်မည်။
မကြာမီအချိန်အတွင်း၌ သိသာထင်ရှားစွာအကျိုပေးလိမ့်မည် ။



0 comments:
Post a Comment