ဘိက္ခုနီမယ်တော်ကြီးပုံ၏ ခြေရင်းတွင် ဆန်းလသော်တာ ရှိသည်။ ခေါင်းဆောင်သရဖူမှာ လခြမ်းကွေးနှစ်ခုကြား ကမ္ဘာလုံးတည်ရှိမှုကိုပြသည်။ ကြီးမားသော နေမင်းပုံ လက်ဝါးကပ် တိုင်က သူ၏ရင်ဘက်တွင် ဖြတ်လျက်ရှိသည်။ လက်ထဲတွင် ကိုင်ထားသော စာချွန်လွှာတွင် “ တိုရာ ” ဆိုသော စာလုံးကို ရေးထွင်းထားသည်။ အဓိပ္ပာယ်မှာ အဟာဥပဒေ၊ လျှို့ဝှက် ဥပဒေဟူ၍ ဆိုလိုသည်။သူသည် ဂမ္ဘီရကျောင်းတော်ကြီးထဲမှ “ဂျေ” သင်္ကေတ ရေးထိုးထားသော ကျောက်တိုင် အဖြူနှင့် “ ဘိ ” သင်္ကေတ ရေးထိုးထားသော ကျောက်တိုင်အမည်းရောင်တို့ ကြားတွင် ထိုင်နေသည်။ ဂမ္ဘီရကျောင်းတော်ကြီး၏ ခန်းဆီးပ၀ါသည် သူ၏နောက်တွင် ရှိသည်။ ထိုခန်းဆီးပ၀ါတွင် သလသီး (အမ) နှင့် အုန်းထန်းပင် (အဖို) သင်္ကေတများ ခြယ်မှုန်းထားသည်။ ဤကတ်၏ အဓိပ္ပာယ်မှာ အနာဒိ အနန္တ အဆုံးအစ မရှိသော ထာဝရတရားနှင့် အဇ္ဈတ္တ မသိစိတ်တို့ကို ကိုယ်စားပြုသည်။
မဟာအာကာန ကတ်ပြားများထဲတွင် ဤကတ်ပြားသည် အဆင့်မြင့်ဆုံးနှင့် အသန့်စင် အမွန်မြတ်ဆုံး ကတ်ပြားဖြစ်သည်။ ကျောက်တိုင်အဖြူသည် “ အဖြစ်ဓါတ် ”ကို ဆိုလိုကာ ကျောက်တိုင်အမည်းသည် “အပျက်ဓါတ် ” ကိုဆိုလိုသည်။ ဖွားသီလ မယ်တော်ကြီးဟူသော အမည်မှာ ဂန္တ၀င် တစ်ခေတ်ဆန်းချိန် 18 ရာစုတွင်းမှ ဂရိမယ်တော် နတ်သမီး တစ်ပါး၏ အမည်ကို အစွဲပြု ခေါ်ဝေါ်ခြင်းဖြစ်သည်။ အမည်ကွဲ အနေနှင့် “ papessa ” ဟုလည်း ခေါ်သည်။
ဒီကတ်ပြားရဲ့ အဓိက ဇာတ်လိုက်ဟာ အမျိုးသမီးကြီး တစ်ယောက် ဖြစ်ပါတယ်။ ခရာစ်ယန် သီလရှင်ကြီး တစ်ပါးရဲ့ ပုံပါပဲ။ သီလရှင်ဆိုကတည်းက ဘာသာရေးနှင့်ပတ်သက်တဲ့ သဘော ပါပဲ။ ဒါဖြင့်ရင် ဒီကတ်ပြားကို အကောင်းသဘောလို့ ယူဆရမှာပေါ့။
အဲဒီ ကတ်ပြားထဲက အမျိုးသမီးကြီးဟာ အကောင်းသဘော ဆောင်တဲ့အတွက် မိခင်အဒေါ် စတဲ့ မိန်းမကြီးတစ်ဦးက ကူညီမယ်လို့ ဟောနိုင်တာပေါ့။ ဘာသာရေးနှင့် ပါတ်သက်တဲ့ မိန်းမကြီးတစ်ဦးကလည်း ကူညီနိုင်တာပေါ့။ သူ့ရဲ့လည်ပင်းမှာ လက်ဝါးကပ်တိုင်လို တံဆိပ်လေးတစ်ခု ဆွဲထားပါတယ်။ ကြက်ခြေခပ် လေးပေါ့။ ကျွန်တော်တို့ မျက်လုံးထဲမှာတော့ ကြက်ခြေခတ်ဆိုရင် ဆေးရုံဆေးခန်းကို ပြေးမြင်လိုက်ကြတော့ တာပါပဲ။
ဒါဖြင့် အဲဒီ မိန်းမကြီးဟာ ဆေးရုံ ဆေးခန်း ဆေးဆိုင် ကျန်းမာရေး စတာတွေနဲ့ ပတ်သက်မယ်လို့လည်း မှတ်ယူပေနိုင်တာပေါ့။ နောက်တစ်ခု စဉ်းစားဖို့က ဒီကတ်ပြားဟာ ငွေရေး ကြေးရေးနဲ့ ပတ်သက်တဲ့ ကတ်ပြားဖြစ်ပါတယ်။ လာဘ်ရွှင် ၊ ငွေရွှင်ချင်ရင် ၊ ငွေကြေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ ပြေ လည်ချင်ရင် မယ်တော်ကြီးကတ်ပြားကို မိတ္တူကူး ၊ ဖယောင်းတိုင်မှာပတ်ပြီး မီးထွန်းနိုင်ပါတယ်။
အဲဒီတော့ ဒီကတ်ပြားကို တွေ့တဲ့အခါ ငွေရွှင်မယ် ၊ လာဘ်လာဘတွေဝင်မယ် ။ သူက ၂-ဂဏန်းဆိုတော့ ၀င်မယ့် ငွေပမာဏဟာ ၂-ဂဏန်း ၁၁-ဂဏန်းဖြစ်နိုင်တယ်။ ၂-ရက် ၁၁-ရက် ၂-ပါတ်အတွင်းမှာ ၀င်နိုင်တယ်။ ၂-ကြိမ် ဆက်ပြီးတော့တောင် ၀င်နိုင်တယ်လို့ ဟောနိုင်တာပေါ့။
မယ်တော်ကြီးဟာ ကျမ်းစာရွက် တစ်လိပ်ကို လက်မှာကိုင်ထားပါတယ်။ ကောင်းသော ကတ်ပြားဖြစ်တဲ့အတွက် ကောင်းသော စာရွက်စာတမ်းလို့ ယူဆရမှာပေါ့။ အဲဒါကြောင့် စာချုပ်စာတမ်းကိစ္စ ၊ စာရင်းဇယားကိစ္စတွေ အောင် မြင်မယ်။ ၀မ်းသာစရာ စာတွေ ၊ ကောင်းသောစာတွေ ၊ မင်္ဂလာဖိတ်စာတွေ ၊ အလှူဖိတ်စာတွေ ရောက်လာတတ် တယ်။
အလှူမဂ်လာပွဲကို ဖိတ်တယ်ဆိုတာကလည်း ကိုယ်နှင့်ရင်းနှီးလို့ပေါ့။ အဲဒီတော့ ဆွေမျိုး မိတ်ဆွေရင်း တွေထဲမှာ အလှူပွဲ ၊ မင်္ဂလာပွဲ ပေါ်ပေါက် လိမ့်မယ်လို့လည်း ဟောနိုင်တာပေါ့။ ကိုယ့်အိမ်မှာ ကိုယ့်မိသားစုမှာလည်း အလှူ မင်္ဂလာပွဲတွေ ကြုံနိုင်တာပေါ့။
နောက်တစ်ခု စဉ်းစားဖို့က မယ်တော်ကြီးရဲ့ ခြေရင်းမှာ လခြမ်းတစ်ခု တွေ့နေရပါတယ်။ ဒါပေမဲ့ ကျွန်တော့် မျက်စိ ထဲမှာ ကျွဲချို နွားချိုကြီးလို့ မြင်နေရပါတယ်။ ချိုဆိုကတည်းက အကောင်မဟုတ်တော့ဘူး။ အသေပေါ့။ သင်၏ အိမ်၌ ကျွဲသေလိမ့်မည်။ နွားသေလိမ့်မည်လို့ ဟောရင်တော့ ကိုးဆယ့်ကိုး ဒဿမ ကိုးကိုး ရာခိုင်းနှုန်း လွဲမှာပါပဲ။ ဒါဖြင့် အိမ်မွေး တိရစ္ဆာန်များ သေဆုံးလိမ့်မယ်လို့ ဟောသင့်တာပေါ့။
နောက်တစ်ခု စဉ်းစားဖို့က မယ်တော်ကြီးဟာ တိုင်တစ်လုံးက အဖြူ ၊ တိုင်တစ်လုံးက အမဲ ဖြစ်နေတဲ့ မုခ်ဝမှာ ထိုင်နေပါတယ်။ မဟုတ်ပါဘူး။ တကယ်က အဖြူရောင် မုခ်ဦးနှင့် အမည်းရောင် မုခ်ဦး နှစ်ခုရဲ့ ကြားထဲမှာ ထိုင်နေခြင်း ဖြစ်ပါတယ်။ မုခ်ဦးအမဲက ငရဲပြည်ကို သွားတဲ့လမ်း၊ မုခ် အဖြူက နတ်ပြည်တက်လမ်းပေါ့။ မယ်တော်ကြီးက အဲဒီကြားထဲမှာ နေတာပါ။ ဒါဆိုရင် အကောင်းနဲ့ အဆိုး နှစ်မျိုးကြားထဲမှာ ရောက်နေတဲ့အ တွက် သတင်းကောင်းနဲ့ သတင်းဆိုး ၊ အခြေအနေကောင်းနဲ့ အခြေအနေဆိုး နှစ်မျိုးကို တစ်ပြိုင်တည်းမှာ ကြုံရ ကိန်းရှိတယ်လို့လည်း ဟောနိုင်ပေတာပေါ့။
အဲဒါတွေက မယ်တော်ကြီး ကတ်ပြားကို ကျွန်တော် စဉ်းစား မိတာလေးတွေပါ။ အနှစ်ချုပ်လိုက်မယ် ဆိုရင်တော့ မယ်တော်ကြီး ကတ်ပြားကျလာခဲ့ရင်........
1. ဘာကိစ္စကိုပဲ မေးမေး ကောင်းတယ် ၊ ဖြစ်မယ် ၊ ရမယ် ၊ အောင်မြင်မယ်လို့ အကောင်းဟောပါ။
သူက ငွေ ရွှင် ၊ ချမ်းသာတာနဲပါ ပတ်သက်လေတော့ အောင်မြင်တဲ့ အပြင်
ချမ်းသာကြွယ်ဝတာနဲ့ပါ တွဲပြီး ဟောနိုင်ပါတယ်။ (ကောင်းချမ်းသာလို့ အလွယ်မှတ်သားနိုင်ပါတယ်)
2. မိခင် အဒေါ်စသော မိန်းမကြီးတစ်ဦးထံမှ အကူအညီကောင်း ရလိမ့်မယ်။
၎င်းတို့၏ သတင်းကောင်းလည်း ကြား၇မည်။
3. ဆေးရုံ ဆေးခန်း ဆေးဆိုင် ကျန်းမာရေးနှင့် ပါတ်သက်သော ၊
ဘာသာရေးနှင့် ပါတ်သက်သော မိန်းမကြီး တစ်ဦးကလည်း ကူညီလိမ့်မည်။
4. ထီပေါက်ခြင်း ၊ ငွေအစုလိုက် အပုံလိုက်ဝင်ခြင်း ၊ ငွေကြေးလာဘ်လာဘ ရွှင်လန်းခြင်း ၊
ငွေကိစ္စ အောင်မြင် ခြင်းများ ကြုံမည်။ ထီထိုးလိုလျှင် ၂-ဂဏန်း အပူးအခွ ထိုးပါ။
5. ၀မ်းသာစရာ စာများ ၊ သတင်းများ ရောက်လာမည်။
စာချုပ် စာတမ်း စာရင်း ဇယားကိစ္စများ အောင်မြင်မည်
6. ဆွေမျိုး မိတ်ဆွေများထဲမှ အလှူ မင်္ဂလာ ပွဲလမ်း သဘင်ကြုံလိမ့်မည်။
မိမိအိမ် မိသားစုတွင်လည်း အလှူ မင်္ဂလာ ၊ နတ်ကန္နား ။ ပွဲလမ်းသဘင် ကြုံရလိမ့်မည်။
7. သတင်းကောင်းနှင့် သတင်းဆိုး တစ်ပြိုင်တည်းမှာကြားရတတ်သည်။
8. အိမ်မွေးတိရစ္ဆာန်များ သေဆုံးလိမ့်မည်။
ဆိုတဲ့ ဟောချက်မျိုးတွေကို ဟောနိုင်ပေတာပေါ့။ ရဲရဲသာဟောပါ။ ဒက်ကနဲ ဒက်ကနဲနေအောင် မှန်ကန်မှာကို မျက်ဝါးထင်ထင် တွေ့ရပါလိမ့်မည်.....။
ဒီအောက်မှာတော့ အဘမင်းသိင်္ခ၏ ပုံသေနည်းလေးပါ။
၁။ အိမ်ထောင်ရေး အဆင်မပြေဖြစ်မည်။
၂။ သားသမီးတစ်ဦး၏ အောင်မြင်သောသတင်းကိုကြားရ မည်။
ထို့အတူ မကျန်းမာသောသတင်းပါ ပါလာမည်။
၃။ အိမ်သို့ ဧည့်သည်များရောက်လာမည်။ ၎င်းတို့အတွက် စိတ်ညစ်ရမည်။
၎။ မကြာခဏဆိုသလို ခရီးထွက်ရမည်။ ၅။ အလုပ်အကိုင်တိုးတက်မည်။
၆။ အလုပ် ရွှေ့ပြောင်းရမည်။
၇။ နေအိမ်ပြင်ခြင်း၊ ဆေးသုတ်ခြင်း ပြုလုပ်ရလိမ့်မည်။
၈။ ထူးခြားသောပုဂ္ဂိုလ်တစ်ဦး၏ ဓာတ်ပုံ ရောက်လာမည်။
၉။ ငွေအလုံးအရင်းနှင့်ဝင်မည်။
၁၀။ အိမ်နားတွင် ပွဲလမ်းသဘင်ဖြစ်မည်။ ထို့သို့ဖြစ်ပါက သင့်အနေနှင့် စီးပွားတက်လိမ့်မည်။
၁၁။ ယောက်ျားလျာ၊ မိန်းမလျာ အိမ်နားမှာရှိသည်။ မိမိအိမ် သို့အလာမခံပါနှင့်။ လာဘ်တိတ်လိမ့်မည်။
၁၂။မျက်နှာချင်းဆိုင်အိမ် (သို့မဟုတ်) ခေါင်းရင်ဘက် အိမ်၌ အလှူ (သို့မဟုတ်) မင်္ဂလာဆောင်ဖြစ်လိမ့်မည်။
ဤသို့ဖြစ်လျှင် သင့်အိမ် စီးပွားတက်လိမ့်မည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . .
ထိုကိစ္စသည် မုချအောင်မြင်မည်။ အမျိုးသမီးကြီးတစ်ဦး ကူညီမည်။



0 comments:
Post a Comment