ဤကတ်ပြားသည် နောက်ဆုံးကတ်ပြား ဖြစ်သလို အရှုပ်အထွေးဆုံး ကတ်ပြားလည်းဖြစ်၏။ နတ်မိမယ် တစ်ပါး လှပစွာ ကနေသည့် ပုံဖြစ်သည်။ လက်တစ်ဖက်စီတွင် တုတ်တံများ ကိုင်စွဲထားသည်။ ကတ်ပြား၏ ထောင့်လေးထောင့်တွင် ခြင်္သေံ၊ လင်းယုန်ငှက်။ လူနှင့် နွားရိုင်းတို့၏ ခေါင်းပုံများ ပါသည်။ နတ်မိမယ်က ခရမ်းရောင် ခြုံလွှာကို ၀တ်ထားသည်။ ခြင်္သေံ့က နွေရာသီ၊ မီးကို ကိုယ်စားပြုသည်။ လင်းယုန်က ဆောင်းဦးရာသီ၊ ရေကို ကိုယ်စားပြုသည်။
လူက ဆောင်းရာသီ၊ လေကို ကိုယ်စားပြုသည်။ နွားရိုင်းက နွေဦးရာသီ၊ မြေကြီးကို ကိုယ်စားပြုသည်။ ထိုသတ္တ၀ါလေးခု ပေါင်းပြီး ကြန်အင်လက္ခဏာ စုံလင်သော ပဉ္စမသတ္တ၀ါကို ဖြစ်ထွန်းစေသည်။ ရှေးဦး ပြင်သစ်ကတ်ပြားများတွင် ဤကတ်ကို Th Card of the Magi ဟု ခေါ်သည်။ ဤကတ်ပြားသည် အကောင်းဆုံး ကတ်ပြားဖြစ်သည်။ လုံးဝဥဿုံ ပြည့်စုံမှု ၊ ဆုလာဘ်တို့ကို ဆိုလိုသည်။ ရေလမ်းခရီးသွားပါမူ ပျော်ရွှင်သုခ ခံစားရမှုတို့၏ အဓိပ္ပာယ်လည်း ဖြစ်၏။
ဒီကတ်ပြားမှာ မိန်းကလေး တစ်ဦးဟာ ပျော်ရွှင် မြူးတူးစွာနဲ့ ကမ္ဘာတစ်ပတ် ခရီးဆန်နေတဲ့ နိမိတ်ပုံကို ပြထားပါတယ်။ မကောင်းသော အနိဋ္ဌ သဘောတွေ မပါတဲ့ အတွက် ဒီကတ်ပြား ကို အကောင်းလို့ပဲ ယူဆရမှာ ဖြစ်ပါတယ်။
လွတ်လတ်ခြင်း ၊ ကျယ်ပြောခြင်း ၊ ခရီးရှည် စတာတွေနဲ့ ပတ်သက်နေပါတယ်။ နံပါတ်(၁၀) ကတ်ပြားတုန်းက ပြောခဲ့တဲ့ စဖင့်ရုပ်ကြီးက သတ္တ၀ါ လေးမျိုးနဲ့လည်း ပါတ်သက်နေပါတယ်။ မိန်းမပျိုဟာ လက်ထဲမှာ တုတ်ကလေး နှစ်ချောင်းကို ကိုင်ပြထားပါတယ်။ နှစ်ခု နှစ်ခွ နှစ်မျိုး ဆိုတဲ့ အဓိပ္ပါယ် တွေကိုလည်း ပြောနိုင် ပေတာပေါ့။
မိန်းမပျိုရဲ့ ဘေးမှာ စက်ဝိုင်း တစ်ခုနဲ့ ပတ်ရံထားပါတယ်။ အဲဒါက မြွေဟာ ကိုယ့်အမြီးကိ ပြန် မျိုထားတဲ့ ပုံ ဖြစ်ပါတယ်။စက်ဝိုင်း တစ်ပတ် လည်တဲ့ သဘော မူလနေရာ မူလ အလုပ်ကို ပြန်ရောက်တဲ့ သဘောမျိုးတွေကို ဟောနိုင်ပေတာပေါ့။ အဲဒါတွေကို ခြုံငုံ လိုက်တဲ့အခါ ဘယ်လို မေးခွန်းမျိုး ကိုပဲ မေးမေး နံပါတ် ၂၁- ကမ္ဘာလော က ကတ်ပြား ကျလာခဲ့ရင် ...
ကောင်းသည် ၊ ရသည် ၊ အောင်မြင်မည် ဆိုတာတွေကိုပဲ ဟောရမှာပေါ့။ ကမ္ဘာနှင့် အ၀ှမ်း ကျယ်ပြောခြင်း ဆိုတဲ့ အဓိပ္ပါယ် ကိုပါ တွဲစပ်ပြီး ဒီကတ်ပြားကို ကောင်းကမ္ဘာ လို့လည်း အလွယ် မှတ်ထား နိုင်ပါတယ်။
# ရပ်ဝေးမှ ပြည်ပမှ အဆက် အသွယ်ကောင်း အချိတ်အဆက် ကောင်းများ ရလာမည်။
# ရပ်ဝေးမြေခြား ခရီး ၊ နိုင်ငံခြား ခရီးများ သွားရတတ်သည်။
# အလုပ်နှစ်မျိုး ၊ ၀င်ငွေ နှစ်မျိုး ၊ အောင်မြင်မှု့ နှစ်မျိုး ကြုံရတတ်သည်။
# အကြံသစ် ၊ ညဏ်သစ် ။ စိတ်ကူးသစ်များ ရရှိမည်။
# ရပ်ဝေးမှ သတင်းကောင်း ၊ ဧည့်သည်ကောင်း များလည်း ရောက်ရှိ လာတတ်သည် ဆိုတဲ့ ဟောကိန်းတွေ အဟော ထုပ်နိုင်ပါကြောင်း......
ဒီအောက်က ဟောကိန်းလေးတွေကတော့ အဘမင်းသိင်္ခရဲ့ ပုံသေနည်းလေးတွေ ဖြစ်ပါတယ်...
၁။ နိုင်ငံရပ်ခြားနှင့်ဆိုင်သောကိစ္စများပေါ်မည်။ အောင်မြင်မည်။
၂။ ကိုးကွယ်သောနတ်များ မ တော်မူမည်။
၃။ သိုလှောင်ပစ္စည်းမြတ်မည်။
၎။ အစွပ်စွဲခံရကိန်းရှိသည်။ သတိပြုပါ။
၅။ မင်းစိုးရာဇာဂုဏ်ပြုလိမ့်မည်။
၆။ သိကြား မ သကဲ့သို့ ရုတ်တရက် ကြီးပွားချမ်းသာသွားမည်။
၇။ ရှေ့ရေးအတွက် ဘာမှမပူပါနှင့် အားလုံးကောင်းပြီဟု နားလည်ပါ။
၈။ ယခုနေသောနေရာမှလည်း ပြောင်းရွှေ့ ရကိန်းရှိသည်။ ပို၍ ကောင်း သောနေရာသို့ ရောက်မည်။
၉။ ပူပင်သောက အားလုံးကို မေ့ပစ်လိုက်ပါတော့။
၁၀။ စိတ်ချမ်းသာမှုများ တိုးတက်မှုများ တစ်ခုပြီးတစ်ခုရှိမည်။
၁၁။ ကြံစည်ထားသော အကြံအစည်များ ဆုတ်ဆိုင်းခြင်းမရှိ အားလုံး အဆင်ပြေသွားမည်။
၁၂။ ထီပေါက်ကိန်းရှိသည်။ ပေါက်သော် သတိထားပါ။ အိမ်သူအိမ်သားတစ်ဦးဦး ရုတ်တရက် နာမကျန်းကြီးစွာ ဖြစ်တတ်သည်။
လက်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ မုချအောင်မြင်မည်။ ရဲရဲသာလုပ်ပါး ထိုကိစ္စအောင်မြင်ပြီး ရက်အနည်းငယ်အတွင်း၌ သင်ခရီးထွက် ရလိမ့်မည်။

0 comments:
Post a Comment