(18)စန္ဒာ ( The Moon)

ခွေးနှင့် ၀ံပုလွေတို့သည် လမင်းကိုကြည့်၍ အူနေကြသည်။ ၀ံပုလွေသည် သဘာဝ၏ အရိုင်းထည်ကို ပြပြီး၊ ခွေးသည် လူသားတို့နှင့်အတူ လိုက်လျောညီထွေရှိမှုကို ပြ၏။ ရေကန်ထဲမှ တက်လာသော သတ္တ၀ါသည် ကဏန်းကောင် ဖြစ်သည်။ နက္ခတ္တဗေဒပညာအရ ၄င်းသည် ခန္ဓာ၏ အုပ်စိုးမှုအောက်တွင် ရှိသည်။ အချို့ကတ်ပြားများတွင် အမျိုးသမီး တစ်ဦးက ကဏန်းကောင်ကို စီးနင်းလာပုံ၊ လက်တစ်ဖက်က မှန်ကိုင်ထားပုံများ ပါဝင်သည်။

အချို့ကတ်များတွင်မူ “ မား” ဟု စာလုံးထွင်းထားသော စာချွန်လွှာကို တွေ့ရသည်။ “ မား ” ဆိုသည်မှာ ပျောက်ဆုံးနေသော “ မူး ” လူမျိုးတို့၏ တိုက်အမည် ဖြစ်၏။ ထို “မူး” တိုက်ကြီးနှင့် တားရော့ ဆက်စပ်မှုကို ပြဆိုသည်ဟု ယူဆကြသည်။ စောစောပိုင်းက ထုတ်သောကတ်များတွင် ဒိုင်ယာနာ နတ်သမီးသည် ဆန်းစသော်တာ လစန္ဒာကို ကိုင်ထားပုံပါ၏။ လျှို့ဝှက်ရန်သူရှိခြင်း၊ အန္တရာယ်မျာခြင်း၊ ချစ်ခင်သူများကို ဒုက္ခပေးတတ်ခြင်းတို့၏ အဓိပ္ပာယ်ကို ဖော်ဆောင်သော ကတ်ဖြစ်၏။

ဒီကတ်ပြားရဲ့ အဓိက ဇာတ်လိုက်ဟာ လနတ်သမီးရဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ လမင်းစန္ဒာဟာ ထွန်းလင်းတယ်။ အေးမြတယ်။ ဟိုး မိုးကောင်းကင်ပေါ် အမြင့်မှာ ရှိနေပါတယ်။ ဒါကြောင့် ဒီကတ်ပြားကို အကောင်းလို့ ယူဆချင်ဖွယ်ရာ ရှိပါတယ်။

ဒါပေမဲ့ လနတ်သမီး ခင်ဗျာ မနာ လိုသူ များက မျက်နှာကို ကိုက်ဖဲ့ ကုတ်ခြစ်ထားခြင်းကို ခံစား ထားရတဲ့ အတွက် ဒဏ်ရာ ဗရပွနဲ့ သွေးစက်တွေ တပေါက်ပေါက် ကျနေပါတယ်။ အဲဒါကြောင့် ဒီကတ်ပြားကို သွေးထွက်သော လမင်း ရယ်လို့လည်း ခေါ်ဝေါ်လေ့ ရှိပါတယ်။ဟိုး..အောက် မြေပြင် ရေစပ်မှာတော့ ကိုက်ဖဲ့ ကုတ်ခြစ်တတ်တဲ့ ၊ ရန်လိုတတ်တဲ့ တိရစ္ဆာန် သုံးကောင်ဟာ လမင်းကြီးကို ငေးမျှော်ပြီး ကြည့်ရှု့ နေပါတယ်။

အကောင်း သဘော ကြည့်တာမျိုး မဟုတ်ပါဘူး။ ရန်လို စွာ ကြည့်နေတာ မျိုးပါ။ ဒါပေမဲ့ သူတို့ အနေနဲ့ လမင်း ကြီးကို ရန်ပြု ယှဉ်ပြိုင်ဖို့ ဆိုတာဟာ ဘယ်လို နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ အဲဒိတော့ ရန်ပြုမယ် ဆိုရင်လည်း ကောင်းသော ယှဉ်ပြိုင်ခြင်း မျိုးနဲ့တော့ ယှဉ်ပြိုင်ဖို့ရာ မလွယ်ပါဘူး။ ညစ်တဲ့နည်း ၊ အကောက် ကြံတဲ့နည်း ၊ ယုတ်မာတဲ့နည်း တွေနဲ့သာ ရန်လုပ်ကြမှာ ဖြစ်ပါတယ်။

ရန်လိုသူတွေ ရှိနေတဲ့ အတွက် လမင်းကြီး ခမျာ စိတ်ညစ်နေရ ရှာပါတယ်။ ရန်သူတွေကလည်း ညစ်မဲ့ ရန်သူ တွေပါ။ သူညစ် ကိုယ်ညစ် နှစ်ယောက် ညစ်ရမယ့် အခြေအနေ မျိုးပေါ့။ ဒါကြောင့် ဒီကတ်ပြားကို အဆိုး သဘောအဖြစ်နဲ့ ယူဆ ဟောပြောရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လို မေးခွန်းမျိုးကိုပဲ မေးလာ မေးလာ နံပါတ်(၁၈) လမင်းစန္ဒာ ကတ်ပြား ကျလာခဲ့ရင် .....

# မဖြစ်နိုင် ၊ မရနိုင် ၊ မအောင်မြင်နိုင် ရယ်လို့ အဟောထုပ်ရမှာ ဖြစ်ပါတယ်။ သူညစ် ကိုယ်ညစ် နှစ်ဦးနှစ် ဘက် ညစ်စရာ လေးတွေကို အကြောင်းပြုပြီး ဆိုးညစ်ရယ်လို့ အလွယ်မှတ် ထားနိုင်ပါတယ်။
# မနာလို ရန်လိုသူ ။ မကောင်းကြံလိုသူ ၊ အကောက် ကြံမည့်သူများ ရှိနေတတ်ပါသည်။
# စွပ်စွဲနာမည် ဖျက်ခြင်း ၊ အကြောင်းမဲ့ ရန်လုပ် ပုတ်ခတ်ခြင်းများ ကြုံလာရ တတ်သည်။
# အထူးသဖြင့် လူသုံးဦး ပေါင်း၍ မိမိ၏ ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည် လာတတ်သည်။ ထိုလူများ သည် မြစ်နား ချောင်းနား ကန်နား နီးလိမ့်မည်။
# ဘာပဲ လုပ်လုပ် ဘာပဲ ပြောပြော အကောင်းမြင် မခံရခြင်း ကြုံနေတတ်သည်။
# ခွေး ။ ကြောင် ၊ ကြက် ...စသော တိရစ္ဆာန်များကို အကြောင်းပြု၍ အန္တရာယ် ကြုံခြင်း ၊ စကားများ ဖြေရှင်း ရခြင်းများ ကြုံတွေ့တတ်သည် စသော ဟောကိန်းတွေ ဟောနိုင်ပေတာပေါ့ဗျာ...။

ဒီအောက်က ဟောကိန်းလေးတွေကတော့ အဘမင်းသိင်္ခရဲ့ ပုံသေနည်းလေးတွေ ဖြစ်ပါတယ်...

၁။ အိမ်ကိစ္စ ပြဿနာပေါ်မည်။
၂။ သားသမီးတစ်ဦးဦးအတွက် စိတ်ညစ်ရမည်။
၃။ လောင်းကစားလုပ် သူဆိုပါက ဒုက္ခရောက်တော့မည်။ ရပ်ထားပါ။
၎။ ခရီးဝေးသွားရလိမ့်မည်။ သွားရမည့်ခရီးမှာ တောင်စူးစူးဖြစ်မည်။ နိုင်ငံရပ်ခြားခရီးလည်းဖြစ်မည်။
၅။ မိမိနေသောအရပ်တွင် တွေ့နေကြဆိုင်းဘုတ်တစ်ခု ဖြုတ်ချလိုက်၍ မတွေ့တော့ဘဲရှိမည်။ ဤသို့ဖြစ်လျှင် မုဆိုးမတစ်ဦးကို မိမိထိုးလိုသော ဂဏန်းပြော၍ ထီးထိုးခိုင်းပါ။ ထီပေါက်မည်။
၆။ ဘုရားရုပ်တုတော်၊ ဆင်းတုတော်ကြွလာမည်။
၇။ ဘာသာရေးသမား များ အ၀င်အထွက်လုပ်လာမည်။ လက်ခံပါ။
၈။ ငွေများဝင်သောလည်း ထွက်စရာဆက်တိုက်ပေါ်မည်။ ခြေထောက်နာမည်။
၉။ အိုးသစ်အိမ်သစ်ပြောင်းရကိန်းပေါ်မည်။ (သို့) အိမ်ပြင်ရမည်။
၁၀။ မီးဖိုဘက်တွင် မီးလန့်ခြင်း၊ တစ်စုံတစ်ယောက်ကို အပူလောင်ခြင်းဖြစ်မည်။ ဤသို့ဖြစ်သော် မိမိ၏ အ၀တ်ဟောင်းတစ်ထည်ကိုစွန့်ပစ်ပြီး ထီထိုးပါ။
၁၀ ပုံ ၁ပုံလှူပါမည်ဟု အဓိဋ္ဌာန်ပြုပါ။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ မအောင်မြင်နိုင်ပါ။ ဆက်လုပ်လျှင် မျက်ရည်ကျဖို့ရှိပါသည်။

1 comments:

Ei said...

ဆရာရှင့်..အကယ်ရ်ျ တားေ၇ာ့ကဒ်က ကိုယ့်ဘက်ကိုပြောင်းပြန်ကျ တဲ့ အခါဆို ဘယ်လို အဓိပါယ်ကောက်ပါသလဲရှင့်

Post a Comment