နာမက္ခရဆန်း နာမည်အဟောကျမ်းကြီး-အပိုင်း(၂)

၃။ ဆန်း၏ သဘာဝ ဣဋ္ဌ- အနိဋ္ဌ

ဆန်း ဗေဒင်သည် ဣဋ္ဌာရုံ ၊ အနိဋ္ဌာရုံသည် အရေးကြီးသာ အပိုင်းကဏ္ဍတွင် ပါဝင်၏။ ထို့ကြောင့် နာမက္ခရဆန်း နာမည်အဟော ကျမ်းမှာလည်း ဣဋ္ဌာရုံ ၊ အနိဋ္ဌာရုံကို ရှေးဦးစွာ ဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။

၁။ ဣဋ္ဌာရုံသည် နှစ်သက်မြတ်နိုး အပ်သည်ကို ဣဋ္ဌာရုံဟု ခေါ်၏။ ကောင်းသောသဘောကို နှစ်သက်၏
၂။ ၊ အနိဋ္ဌာရုံသည် မနှစ်သက်အပ် မမြတ်နိုးအပ် အလိုမရှိအပ်သည်ကို ၊ အနိဋ္ဌာရုံဟုခေါ်၏။ မကောင်းသော သဘောကို နှစ်သက်၏။

ဆန်း ဗေဒင်ပညာသည် ဣဋ္ဌသဘော၊ အနိဋ္ဌသဘောကို ကြံဆ၍ ဆန့်ကျင်ဘက် သဘောများကို ကြည့်ရှု့ပြီး တီထွင်ထားကြောင်း သိအပ်၏။ ဤသတ္တလောကမှာ -ကောင်းသောသဘော၊ မကောင်းသောသဘော ဟူ၍ (၂ ) မျိုး ရပေ၏။ ကောင်းခြင်း၊ မကောင်းခြင်းတို့သည် ဆန့်ကျင်ဘက် သဘောများ ဖြစ်ကြ၏။ အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက်၊ အောက်နှင့် အထက် စသော သဘောများသည် ဆန့်ကျင်ဘက်ဖြစ်ကြောင်း သိသာလှ၏ ။

ဤနေရာ၌ ဣဋ္ဌ အနိဋ္ဌ ယူပုံမှာ -
ကောင်းသော သဘောဟူသမျှကို ဣဋ္ဌ ဟု ယူပါ။
မကောင်းသော သဘောဟူသမျှကို အနိဋ္ဌ ဟုယူပါ။

၎။ ဆန့်ကျက်ဘက်ကို သိစေလို

ကောင်းသော သဘောဟူသည် မကောင်းသော သဘောကိုကြည့်ပြီး အကောင်းဟူ၍လည်းကောင်း၊
မကောင်းသော သဘောဟူသည် ကောင်းသော သဘောကိုကြည့်ပြီး မကောင်းဟူ၍လည်းကောင်း သိအပ်၏။

ဤသတ္တလောကမှာ…….
ကောင်းသော သဘောနှင့် မကောင်းသော သဘောများရှိသကဲ့သို့ အပူနှင့် အအေး၊ ဖိုနှင့်မ၊ ဦးခေါင်းနှင့် ခြေဖ၀ါး၊ လူနှင့် တိရစ္ဆာန်၊ အတွန်းနှင့် အဆွဲ၊ အပေါင်းနှင့်အနုတ်၊ အမြှောက်နှင့်အစား၊ မီးနှင့်ရေ၊ လေနှင့်မြေ၊ အဖြူနှင့် အနက်၊ အနီနှင့် အစိမ်းစသော ဆန့်ကျင်ဘက်များ ရှိကြကြောင်း သတိပြုစေရန် ဖော်ပြလိုက်ခြင်းဖြစ်၏။

ဆန်းပညာဆိုသည်မှာ…..
အညမညသဘော၊ ပဋိပက္ခသဘော၊ မိတ်သဘော၊ ရန်သဘောတို့ကို ရွေးထုတ်၍ ကောင်းခြင်း၊ မကောင်းခြင်း ကိုပင် ဆုံးဖြတ်ထားခြင်းဖြစ်သည်။

၅။ အညမည ပဋိပက္ခယူပုံ

မိတ် ရန်တို့သဘောကိုပင် ထင်ရှားအောင်ပြပေအံ့။ မိတ်နှင့် မိတ် ၊ ရန်နှင့် ရန်တို့သည် အချင်းချင်း အညမည ဖြစ်ခြင်းကြောင့် အကောင်းဟူ၍လည်းကောင်း ၊ မိတ်နှင့်ရန် ၊ ရန်နှင့်မိတ်တို့သည် အချင်းချင်း ပဋိပက္ခဖြစ်ခြင်း ကြောင့် မကောင်းဟူ၍လည်းကောင်း သဘော ပေါက်ထားရန် လိုအပ်ပေသည်။

ကောင်း + ကောင်း = ကောင်း (အညမညသဘော)
မကောင်း + မကောင်း = ကောင်း (အညမညသဘော)
ကောင်း + မကောင်း = မကောင်း (ပဋိပက္ခသဘော)
မကောင်း + ကောင်း = မကောင်း (ပဋိပက္ခသဘော)
မိတ် + မိတ် = ကောင်း (အညမညသဘော)
ရန် + ရန် = မကောင်း (အညမညသဘော)
မိတ် + ရန် = မကောင်း (ပဋိပက္ခသဘော)
ရန် + မိတ် = မကောင်း (ပဋိပက္ခသဘော)
ပါပ + ပါပ = ကောင်း (အညမညသဘော)
သောမ + သောမ = ကောင်း (အညမညသဘော)
ပါပ + သောမ = မကောင်း (ပဋိပက္ခသဘော)
သောမ + ပါပ = မကောင်း (ပဋိပက္ခသဘော)

ဤနာမက္ခရကျန်း၏ ယူဆပုံနည်းမှာ သိပ္ပံပညာ ဘာသာရပ်ဖြစ်သော အက္ခရာ သင်္ချာနယ်ပယ်တွင် အသုံးပြုလေ့ ရှိသော လက္ခဏာ အမှတ်အသားကို လေ့လာဖူးပါက ပိုမိုလွယ်ကူပါလိမ့်မည်။ အက္ခ၇ာသင်္ချာ လက္ခဏာ သဘောအရ ပြန်ကြည့်ပါလျှင် ဆန်းဗေးဒင် နည်းမှာလည်း သိပ္ပံနည်းကျသည်ကို အောက်ပါတိုင်း တွေ့နိုင်၏။

+ အပေါင်း + = +
+ အပေါင်း - = -
- အပေါင်း - = +

ဤမျှဖော်ပြသဖြင့် သဘောပေါက်လောက်ပေပြီ။

၆။ ပါပ သောမ သိကောင်းလှ

ကမ္ဘာဦးအစ တပေါင်းလပြည့်ကျော် ၁ ရက်နေ့ သူရိယနေမင်းသည် အရှေ့ ပုဗ္ဗ၀ိဒေဟကျွန်မှ ရှေးဦးစွာ စတင် ထွက်ပေါ်လာသောအခါ အင်္ဂါဂြိုဟ်၊ စနေဂြိုဟ်၊ ရာဟုဂြိုဟ် ဟု ဆိုအပ်သော ဂြိုဟ် သုံးလုံးတို့သည်လည်း မရှေးမနှောင်း တစ်ပေါင်းတည်း ထွက်ပေါ်လာကြကုန်၏။ ထို့နောက် သူရိယ နေမင်းကွယ်ပျောက်၍ ညချမ်းသို့ရောက်သောအခါ စန္ဒာလမင်းသည် ထွက်ပေါ်လာ၏။ ဗုဒ္ဓဟူးဂြိုဟ်၊ ကြသပတေးဂြိုဟ်၊ သောကြာဂြိုဟ် ဟုဆိုအပ်သော ဂြိုဟ်သုံးလုံးတို့သည်လည်း မရှေးမနှောင်း တစ်ပေါင်းတည်း ထွက်ပေါ် လာကြကုန်၏ဟု ရှေးပညာရှင်များ အဆိုရှိခဲ့ကြကုန်၏။

ကပ္ပာလင်္ကာရ ကမ္ဘာဦးကျမ်း၌ သင်္ကေတ သင်္ချာအားဖြင့် ဂဏန်းစဉ်အတိုင်း ထွက်ပေါ်လာကြကုန်၏ဟု ကျမ်းဂန် အလာ ရှိလေသည်။ ကျန်းဂန် အထောက်အထားအရ မည်သို့ပင်လာသည်ဟု ဆိုစေကာမူ ဗေဒင်ပညာ လေ့လာ လိုက်စားသူတို့အတွက် အငြင်းပွါးစရာ မလိုပေ။ ဤနေရာ၌ ကမ္ဘာလောကကြီးတွင် ဂြိုဟ်ကြီး ၈ လုံးရှိသည်ကို ယနေ့တိုင် ဗေဒင်ပညာရှင်များက အသိအမှတ်ပြု လက်ခံထားကြပေ၏။

သူရိယနေမင်းသည် ပူလောင်ခြင်း သဘောရှိသောကြောင့် ရှေးပညာရှင်များက ပါပဂြိုဟ်ဟု ခေါ်ဝေါ် သမုတ်ကြကုန်၏။ နေမင်းနှင့်တကွ ထွက်ပေါ်လာသော အင်္ဂါ စနေ ရာဟုဂြိုဟ် တို့ကိုလည်း ပါပဂြိုဟ် များဟု ခေါ်ဝေါ် သမုတ်ကြကုန်၏။

(၁-၃-၇-၈ ) ပါပဂြိုဟ်များသည် ပူလောင်ခြင်း၊ ရဲရင့်ခြင်း၊ ထွန်းတောက်ခြင်း၊ လှုပ်ရှားခြင်း၊ သွက်လက်ခြင်း၊ ကျယ်လောင်ခြင်း၊ စူးရှခြင်း၊ ကြုံလှီခြင်း၊ အထောင့်အရပ်ကို နှစ်သက်ခြင်း သဘောရှိ၏။ စန္ဒာလမင်းသည် အေးငြိမ်းခြင်း သဘော ရှိသောကြောင့် ရှေးပညာရှိများက သောမဂြိုဟ်ဟု ခေါ်ဝေါ်သမုတ်ကြကုန်၏။ စန္ဒာလမင်းနှင့် အတူ ထွက်ပေါ်လာသော တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာဂြိုဟ် တို့ကိုလည်း သောမဂြိုဟ် များဟု ခေါ်ဝေါ်သမုတ်ကြ၏။ ( ၂-၄-၅-၆ ) သောမဂြိုဟ်များသည် အေးငြိမ်းခြင်း၊ တင့်တယ်ခြင်း၊ တည်ကြည်ခြင်း၊ လေးတွဲခြင်း၊ ဆူဖြိုးခြင်း၊ ထိုင်းမှိုင်ခြင်း၊ အက်ကွဲခြင်း၊ အဖြောင့်အရပ်ကို နှစ်သက်ခြင်း သဘောရှိ၏ ။

၇။ ဂြိုဟ်နှင့် ဂဏန်း တွဲစပ်ခန်း

၁ တစ် တနင်္ဂနွေဂြိုဟ်
၂ နှစ် တနင်္လာဂြိုဟ်
၃ သုံး အင်္ဂါဂြိုဟ်
၎ လေး ဗုဒ္ဓဟူးဂြိုဟ်
၅ ငါး ကြာသပတေးဂြိုဟ်
၆ ခြောက် သောကြာဂြိုဟ်
၇ စနေ စနေဂြိုဟ်
၈ ရှစ် ရာဟုဂြိုဟ်
၉ ကိုး ကိတ်ဂြိုဟ်

၈။ အရပ်ဒိသာ ဂြိုဟ်ရှစ်ဖြာ

နေမင်းနှင့်တကွ ထွက်ပေါ်လာသော ( ၁-၃-၇-၈) နေပိုင် ပါပဂြိုဟ်များသည် အထောင့်အရပ်ကို နှစ်သက်သော ကြောင့် အဋ္ဌလင်္ဂခွင်တွင် ထောင့်လေးထောင့်မှာ သွင်း၊ လမင်းနှင့်တကွ ထွက်ပေါ်လာသော ( ၂-၄-၅-၆ ) လ ပိုင် သောမဂြိုဟ်များသည် အဖြောင့်အရပ်ကို နှစ်သက်သောကြောင့် အဋ္ဌလဂ်ခွင်တွင် အဖြောင့် လေးမျက်နှာမှာ သွင်း။

၁ တနင်္ဂနွေဂြိုဟ် အရှေ့မြောက်ထောင့်
၂ တနင်္လာဂြိုဟ် အရှေ့
၃ အင်္ဂါဂြိုဟ် အရှေ့တောင်ထောင့်
၎ ဗုဒ္ဓဟူးဂြိုဟ် တောင်
၇ စနေဂြိုဟ် အနောက်တောင်ထောင့်
၅ ကြသပတေးဂြိုဟ် အနောက်
၈ ရာဟုဂြိုဟ် အနောက်မြောက်ထောင့်
၆ သောကြာဂြိုဟ် မြောက်


၉။ ဂြိုဟ်တို့အရောင် သိကောင်းအောင်

၁ တနင်္ဂနွေ အနီရောင်
၂ တနင်္လာ အဖြူရောင်
၃ အင်္ဂါ နီညို၊ အ၀ါနုရောင်
၎ ဗုဒ္ဓဟူး အစိမ်းရောင်
၅ ကြာသပတေး အ၀ါရင့်-ရွှေဝါရောင်
၆ သောကြာ ဖြူသောသောအရောင်
၇ စနေ အနက်ရောင်
၈ ရာဟု ရွှံ့ပုပ်ရောင်
၉ ကိတ် ၇ ရောင်စုံဖြစ်သောအရောင်


မှတ်ချက်။ ဂြိုဟ်တို့သည် နေ့သားအားဖြင့် ၇ နေ့
အရပ်မျက်နှာအားဖြင့် ၈ မျက်နှာ
အရောင်အားဖြင့် ၉ မျိုးရှိ၏

၁၀။ ဂြိုဟ်နှင့်အက္ခရာ တွဲစပ်ပါ

က-ခ-ဂ-ဃ-င တနင်္လာနံ ၂ ဂဏန်း
စ-ဆ-ဇ-ဈ-ည အင်္ဂါနံ ၃ ဂဏန်း
ဋ-ဌ-ဍ-ဎ-ဏ
တ-ထ-ဒ-ဓ-န စနေနံ ၇ ဂဏန်း
ပ-ဖ-ဗ-ဘ-မ ကြာသပတေးနံ ၅ ဂဏန်း
ယ-လ-၀ ဗုဒ္ဓဟူးနံ ၄ ဂဏန်း
သ-ဟ သောကြာနံ ၆ ဂဏန်း
ရ-ဋ္ဌ ရာဟုနံ ၈ ဂဏန်း
အ-အာ-ဣ-ဤ-ဥ-ဦ-ဧ-သြ တနင်္ဂနွေနံ ၁ ဂဏန်း



၁၁။ ဂြိုဟ်သက်စဉ်မှ ဖြစ်ပေါ်လာ

၁၀၈ န၀င်းကိုတည်၊ အရပ် ၈ မျက်နှာရှိသောကြောင့် ၈ ခုနှင့်စား၊ အကြွင်း ၄၊ ရလဒ် ၁၃ ရ၏။

ပါပဂြိုဟ်သက်။ ။ အကြွင်း ၄ ကိုတည်၊ နေလ ၂ ပါးနှော၊ တနင်္ဂနွေ ဂြိုဟ်သက် ၆ နှစ်ဖြစ်၏။ တနင်္ဂနွေဂြိုဟ်သက် ၆နှစ်ကိုတည်၊ နေလ ၂ ပါးနှော အင်္ဂါဂြိုဟ်သက် ၈ နှစ်ဖြစ်၏။

အင်္ဂါဂြိုဟ်သက် ၈ နှစ်ကိုတည်၊ နေလ ၂ ပါးထပ်နှော။ စနေဂြိုဟ်သက် ၁၀ နှစ်ဖြစ်၏။ စနေဂြိုဟ်သက် ၁၀နှစ်ကို တည်၊ နေလ ၂ပါးထပ်၍နှော၊ ရာဟုဂြိုဟ်သက် ၁၂ ဖြစ်၏။

သောမဂြိုဟ်သက်။ ။ ရလဒ် ၁၃ ကိုတည် ၊ နေလ ၂ပါးထပ်နှော၊ တနင်္လာဂြိုဟ်သက် ၁၅နှစ်ဖြစ်၏။ တနင်္လာဂြိုဟ် သက် ၁၅နှစ်ကိုတည်၊ နေလ ၂ ပါးထပ်နှော ဗုဒ္ဓဟူးဂြိုဟ်သက် ၁၇နှစ်ဖြစ်၏။ ဗုဒ္ဓဟူးသက် ၁၇နှစ်ကို တည်၊ နေလ ၂ပါးထပ်နှော၊ ကြာသတေး ဂြိုဟ်သက် ၁၉ နှစ်ဖြစ်၏။ ကြာသပတေး ဂြိုဟ်သက် ၁၉ နှစ်ကိုတည်၊ နေလ ၂ ပါးထပ်နှော၊ သောကြာဂြိုဟ်သက် ၂၁ နှစ်ဖြစ်၏။

ဗေဒင်ပညာကို လေ့လာလိုက်စားကြသော ပုဂ္ဂိုလ်များတွင် အချို့သော ပုဂ္ဂိုလ်များသည် ဗေဒင်ပညာကို အသင့်အတင့် အခြေခံ ရှိပြီးကြသော်လည်း အချို့သော ပုဂ္ဂိုလ်များသည် ဗေဒင်ပညာကို ၀ါသနာပါ၍သာ စာအုပ် ၀ယ်ဖတ်ရသည်။ အခြေခံ လုံးဝမရှိသူများကိုလည်း တွေ့ရပေသည်။ ဤနာမက္ခရဆန်း နာမည် အဟောကျမ်းကြီးသည် အခြေခံ လုံးဝမရှိသော သူများကိုပင် နားလည်ကြစေရန် ရည်ရွယ်၍ အခြေခံကို အသေးစိတ် ဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။

ပြန်လည်တင်ပြသူ
သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

နာမက္ခရဆန်း နာမည်အဟောကျမ်းကြီး-အပိုင်း(၁)

သင်တန်းပြကထိက ဇေယျသိဒ္ဓိ ဆရာဦးစိုးမင်း၏ နာမက္ခရဆန်း နာမည် အဟောကျမ်းကြီးကို အစမှ အဆုံး တိုင်အောင် တင်ပေးသွားမည်။ ပညာရပ်တစ်ခုကို စနစ်တကျ လေ့လာသင်ယူ တတ်မြောက်လိုသူများ ဗေဒင် ၀ါသနာရှင်များအတွက် ရည်ရွယ်သည်။ မူရင်းကျမ်းအတိုင်း ပြန်လည် ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်း မရှိ ပြန်လည် တင်ပြပေးခြင်း ဖြစ်ပါသည်။ ကျွန်ုပ်၏ရည်ရွယ်ချက်မှာ ဗေဒင်ပညာရပ်များကို လေ့လာလိုသူ ၀ါသနာရှင် များအတွက် ဗေဒင်ပညာရပ်မျိုးစုံကို တင်ပြပေးမည်ဟု ရည်ရွယ်ပါသည်။ (နောင်တွင် အခြားဗေဒင်ပညာရပ် မျိုးစုံကို တင်ပြပေးနိုင်ရန် စီစဉ်နေပါသည်) ဒီနာမက္ခရ ဆန်းကျမ်းထဲတွင် အမည်နာမ၊ ဝေါဟာရ အမျိုးမျိုးတို့၏ ဣဋ္ဌ ၊ အနိဋ္ဌ၊ ပဋိပက္ခ၊ မိတ်၊ ရန်၊ ဓာတ် ၊ ဥဒါသိန် စသည်တို့ကို ကဏ္ဍကြီး အသီးသီးတို့ဖြင့် ဖော်ပြထားသည်။

ပဋိသန္ဓာရ စကားဦး

သာဝိတ္တိဆန်း ပုရပိုက်သည် ကျွန်ုပ်ထံသို့ ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း ၂၉ နှစ်ပင် ရှိခဲ့လေပြီ။ ယခုအချိန်အထိ ကျွန်ုပ်သည် ဤပညာရပ်ကို ၁။ မြတ်နိုးခြင်း၊ ၂။ လေ့လာခြင်း၊ ၃။ ကျင့်သုံးခြင်း၊ ၄။ လေးစားခြင်း အပြည့်ပင် ရှိသေး၏။

မြတ်နိုးခြင်းဟူသည်မှာ သာဝိတ္တိဆန်း ဗေဒင်ပညာရပ်နှင့် ပတ်သက်သော စာရွက်စာတမ်းများသို့ စနစ်တကျ ထိန်းသိမ်းခြင်း၊ ဤပညာရပ်ကို မလျော်ကန်သော သူများထံ မရောက်စေခြင်း၊ လျော်ကန်သင့်မြတ်သော ပုဂ္ဂိုလ်များကို ပညာပေးသော အခါမှာလည်း သာဝိတ္တိဆန်း ဗေဒင်ပညာရပ်ကို တီထွင်ခဲ့သော ပုဂ္ဂိုလ်၊ ဤပညာရပ်ကို စောင့်ရှောက်သော ပုဂ္ဂိုလ်များအား ရိုသေမြတ်နိုးစွာ ကန်တော့ပွဲဖြင့် ကန်တော့ပြီးမှသာ ဤပညာရပ်ကို သင်ကြားပေးခြင်း၊ သင်ကြားပြီးလျှင်လည်း စာမေးပွဲပြုလုပ် စစ်ဆေးပြီး၍ အောင်မြင်သော ပုဂ္ဂိုလ်မှသာ ဟောပြောခွင့် ပေးခြင်းတို့ ဖြစ်ပါသည်။

သာဝိတ္တိဆန်း ဗေဒင်ပညာရပ်ကို ၁။ အခြေခံ ဟောပြောရေး သင်တန်းနာရီ ၅၀၊ ၂။အဆင့်မြင့်သင်တန်း ၇၅ နာရီ၊
၃။ ဆရာဖြစ်သင်တန်း ၃၈ နာရီအားဖြင့် အဆင့်ဆင့် ပိုင်းခြားပြီး သာဝိတ္တိဆန်း ပညာရပ်များ ထွန်းတောက် ကျယ်ပြန့်လာစေရန် စနစ်တကျ စီစဉ်ထားရှိခဲ့လေသည်။ သာဝိတ္တိဆန်း ဗေဒင်အခြေခံ ဟောပြောရေးသင်တန်း ဖွင့်လှစ် သင်ကြား၍ သုံးနှစ်မြောက်သောအခါ လက်ထောက် သင်တန်းပြ ဆရာတစ်ဦး ပေါ်ထွက်လာခဲ့၏။ ယင်းလက်ထောက် သင်တန်းပြဆရာသည် တူအရင်းဖြစ်သည့် အားလျော်စွာ နေ့ညမနား ကျက်မှတ် သင်ကြားစေ၍ သင်တန်းစုံ ပညာကုန် လွှဲအပ်ပြီး သင်တန်းပြဆရာ အဖြစ် ချီးမြှောက်ခဲ့၏။ ထိုဆရာမှာ ဦးဖေတင့် ဖြစ်၏။

ထို့နောက် ကိုးနှစ်မြောက်သောအခါမှာ သင်တန်းလက်ထောက် ဆရာတစ်ဦး ပေါ်ထွက်လာပြန်၏။ ယင်း သင်တန်း လက်ထောက် ဆရာသည် သုံးနှစ်တိုင်တိုင် ဆရာအားလုပ်ကျွေး၍ ပညာရင်နို့ သောက်စို့ခဲ့သော တပည့်ဖြစ်၍ သင်တန်းစုံ ပညာကုန်လွှဲအပ်ကာ သင်တန်းပြဆရာအဖြစ် ချီးမြှောက်ခဲ့၏။ ထိုဆရာကား ဆရာဦးစံမင်းပင်တည်း။

လေ့လာခြင်းမှာ ဤသာဝိတ္တိဆန်း ဗေဒင်ပညာကို ရရှိသည့်နေမှ ယခုကျမ်းရေးသည်အထိ သာဝိတ္တိဆန်းဗေဒင် ပုရပိုက်ကို တစ်ပတ်လျှင် သုံးရက်မှန်မှန်ဖတ်ခြင်း ၊ တွေ့ကြုံသော ဇာတာရှင်များအား မှတ်တမ်းတင်၍ အကြိမ်ကြိမ် စစ်ဆေးခြင်း၊ အမည်ပညတ်များကို အထပ်ထပ်ညှိနှိုင်းခြင်း၊ လေ့လာပြီး ဟောကွက်များကို အမှားအမှန် ရှိမရှိ ကြည့်ရှုမှတ်သားခြင်းစသော လေ့လာခြင်းအမျိုးမျိုးတို့ကို နေ့စဉ် အလုပ်အဖြစ် သတ်မှတ် လေ့လာခဲ့ပါသည်။

ကျင့်သုံးခြင်းမှာ ၁။ ငါးပါးသီလ မြဲစွာဆောက်တည်ခြင်း၊ ၂။ သာဝိတ္တိဆန်း ဂါထာတော်ကို နံနက်ည ရွတ်ဖတ်ခြင်း၊
၃။ သာဝိတ္တိဆန်း ဗေဒင်ပညာကို တီထွင်သော ပုဂ္ဂိုလ်၊ ဤ ပညာရပ်ကို စောင့်ရှောက်သော ပုဂ္ဂိုလ်များအား မေတ္တာပို့ အမျှဝေခြင်း၊ ၄။ မေတ္တာပွားခြင်း၊ ၅။ သစ္စာမေတ္တာ ကရုဏာတရားဖြင့် ဟောကြားခြင်းများကို နေ့စဉ် ကျင့်သုံးလျက် ရှိပါသည်။ လေးစားခြင်းမှာ သာဝိတ္တိဆန်း ဗေဒင်ပညာရပ်ကို ရရှိသော အချိန်မှစ၍ ပညာကို လေးစားသောအားဖြင့် အနိဋ္ဌသဘောဖြင့် ဟောပြောခြင်းမှ ရှောင်ကြဉ်၍ ဣဋ္ဌသဘောမျိုးဖြင့်သာ ဟောပြော ခဲ့ပါသည်။

စကားဦး

အနိဋ္ဌသဘောဖြင့် ဟောပြောခြင်းဟူသည် ၁။ မသန့်ရှင်းသောကိုယ်ဖြင့် ဟောပြောခြင်း၊ ၂။ လမ်းဘေး သုဿန် နိမ့်ကျသောနေရာမှာ ဟောပြောခြင်း၊ ၃။ အမြင့်မှမေးသူကို ဟောပြောခြင်း၊ အထက်မှမေးသူကို ဟောပြောခြင်း၊ လမ်းလျှောက်၍ မေးသူကို ဟောပြောခြင်း၊ ရပ်လျက်နေသူကို ဟောပြောခြင်း၊ ၄။ ပညာကို အကြောင်းပြ၍ လွှဲရှောင် ဖြေကြားခြင်းကို ဆိုလိုသည်။ ဤကဲ့သို့ ဤပညာရပ်ကို မြတ်နိုး လေ့လာ ကျင့်သုံး လေးစား၍ ဆရာတော်များ မှာကြားချက်အတိုင်း ဆောက်တည်လျက်ရှိသည့်အပြင် ရှေးကြေးပုရပိုက် မူရင်းမပျက် စေတနာ မေတ္တာ ရှေ့ထား၍ ရေးသားခဲ့ပါသည်။

ပညာပါရမီ ကူညီခဲ့သူများ

ဤကျမ်းဖြစ်မြောက်ရေးအတွက် စာစစ်ခြင်း၊ စာကူးခြင်း စသည်ဖြင့် အဘက်ဘက်မှ ၀ိုင်းဝန်းကူညီခဲ့ကြသော ဆရာ ဦးစန်းမြင့် ၊ ဆရာ ဦးဖေတင့်၊ ဆရာဦးမင်းဟန်၊ ဆရာ ဦးစံမင်း၊ ဆရာ ဦးအေးမောင်၊ ဆရာ တင့်ခိုင်၊ ဆရာ ဦးအုန်းမြင့်၊ ဆရာ ဇေယျာလင်း၊ ဆရာ စိုးသိန်း၊ ဆရာမြင့်သိန်းနှင့် ဆရာ ဦးမောင်ဟန်တို့အား အစဉ် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။

ကျမ်းပြုသူ

သင်တန်းပြကထိက ဇေယျသိဒ္ဓိ ဆရာဦးစိုးမင်း

နိဒါန်း

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဓုဒ္ဓဿ

နာမက္ခရဆန်း ပညာသည် တွက်ချက် ဟောပြောသော ဗေဒင်ပညာတို့တွင် အထိရောက်ဆုံး၊ အထက်မြက်ဆုံး၊ တိကျမှန်ကန်မှု၊ အရှိဆုံးသော အတတ်ပညာ တစ်ရပ်ဖြစ်ပေသည်။ အရပ်ရပ်သော ဗေဒင်ပညာရပ်များမှ လိုရင်းအနှစ် သာရများကို ရှေးပညာရှင် က၀ိအကျော်အမော်တို့က ကျစ်လျစ်သိပ်သည်းစွာ လျှို့ဝှက် စုပေါင်းထားခဲ့သော အတတ်ပညာတစ်ရပ် ဖြစ်ပေသည်။

နာမက္ခရဆန်း ပညာသည် သစ္စာခံပညာဟု အများက အသိအမှတ်ပြု ကြသည်။ အများအသိအမှတ်ပြုကြသကဲ့သို့ သစ္စာခံခြင်းသည်လည်း ရှိပါ၏။ သိပ်သည်းခြင်းလည်း ရှိပါ၏။ ယင်းသို့ဖြစ်သည်မှာ နောင် လူအများ မတတ်စေလိုသော ကျဉ်းမြောင်းသည့် အမြင်ဖြင့် သစ္စာခံခြင်းမျိုး မဖြစ်နိုင်ချေ။ သစ္စာမဲ့ဖျင်း၊ သီလကင်း၍ ၊ အကျင့်မမှန် စိတ်ဖောက်ပြန်သူများ ဤပညာကို တတ်မြောက်သွားပါက မာနခက်ထန် စိတ်မမှန်ဘဲ ကျေးဇူးရှင် ဆရာများကို စော်ကားတာတစ်ဖုံ ၊ ဘေးအန္တရာယ် ကြုံမည့်အရေး မျှော်တွေး၍သာ သစ္စာကတိ ထားခဲ့ကြခြင်း ဖြစ်ရာ၏။

ဤကဲ့သို့ လျှို့ဝှက်ခက်ခဲနက်နဲ၍ သစ္စာခံထိုက်သော ပညာရပ်ကို တိမ်ကော ပျောက်ကွယ်မသွားစေရေးအတွက် တတ်စွန်းသမျှ ကြိုးပမ်းအားထုတ်ကြ၍ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းကာ သိသင့် သိထိုက်သူများ၊ တတ်သင့် တတ်ထိုက်သူများကို တတ်သိကျွမ်းကျင်ကြစေရန် ဆန္ဒ ရှိသည့် အားလျှော်စွာ…….

နာမက္ခရဆန်း နာမည်အဟောကျမ်းကြီးကို ရှေးပုရပိုက် မူရင်းမပျက် ဂြိုလ်ပရိယာယ်တို့ဖြင့် အခြေခံနာမည် စစ်ဆေးပုံ အသွယ်သွယ်၊ ဗျဉ္စနသုဒ္ဓိ ဆန်းနည်းဖြင့် ဗျည်းအက္ခရာတို့ကို စစ်ဆေးပုံ အမျိုးမျိုး၊ နာမက္ခရဆန်းဖြင့် နာမည်စစ်ဆေးပုံ အဖြာဖြာ၊ ကောဇမဟာဘုတ်၊ နေ့မဟာဘုတ်တို့ဖြင့် ဟောပြောပုံ အ၀၀တို့ကို ရေးသားဖော်ပြ၍ ပြည်သူအပေါင်းတို့၏ လက်တွင်းသို့ အပ်နှင်းလိုက်ပါသည်။

၁။ ပဋိညာဉ်

ဤနာမက္ခရဆန်း နာမည်အဟောကျမ်းသည် ဆန်း ( ၃) ပါးတွင် ဗျဉ္စနသုဒ္ဓိဆန်း နှင့် နာမက္ခရဆန်းကို အခြေခံပြီး အမည်ဟူသမျှကို ၀ုဒ္ဓိ ဒီဃရဿ ၀ဏ္ဏ ဒြပ် သကတ် ဗျုပ္ပတ် ဓာတ် တိုင်စဉ် ဖို၊ မ ဌာန်ဟု ဆိုအပ်သော နာမည်၏ အင်္ဂါ (၁၀ )ပါးဖြင့် ရွေးချယ်စိစစ်၍ အကျယ်တ၀င့် ဟောပြောနိုင်ခြင်း၊ နာမည်ပြောင်းနိုင်ခြင်း၊ နာမည်သစ် ရွေးပေးနိုင်ခြင်း ဆန်းပညာ အဆီအနှစ်တို့ကို စုံလင်စွာ ခံစားနိုင်စေရန် ပါဠိမပါ လင်္ကာမဖတ် မြန်မာစကားပြေ သက်သက်ဖြင့် ဖော်ပြရေးသားပါအံ့။


၂။ ရည်ရွယ်ချက်

၁။ မည်သူမဆို နာမက္ခရဆန်းပညာ နည်းမှန်လမ်းမှန်ဖြင့် တတ်မြောက်စေလိုခြင်း။
၂။ ဗေဒင်ပညာကို မလေ့လာ မဆည်းပူးရသေးသူတို့ပင် စာဖတ်စာရေးတတ်လျှင် နာမက္ခရဆန်းပညာကို တတ်မြောက်စေခြင်း။
၃။ ဆရာအထူး မရှာရဘဲဤကျမ်းစာကို ကြည့်ရှုလေ့လာရုံဖြင့် နာမည် အမှန်- အမှားကို သိမြင်ဟောပြောနိုင်ခြင်း၊
၎။ အိမ်ထောင်ရေး ဒုက္ခကြုံသော အမည်၊ ပညာရေး၊ စီးပွါးရေး ရန်ပေါ်ပျက်ပြားသော အမည်၊ ဥပါဒ် သင့်သော အမည်၊ သြဇာမဲ့သော အမည်များကို ကြိုတင် ကာကွယ်နိုင်ခြင်း၊
၅။ ပညာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေးများ သာယာဖြောင့်ဖြူး၍ ကျော်စောထင်ရှားခြင်းနှင့် ဘေးဥပါဒ် အပေါင်းမှ ကင်းလွတ်ပြီး ပြကတေ့ ချမ်းမြေ့သာယာသော အမည်ကောင်း အမည်မှန် ဖြစ်ကြစေရန် ရည်ရွယ် လျက် ရေးသားဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။ (အပိုင်း(၂)ကို ဆက်လက်ဖော်ပြပေးပါမည်)

ပြန်လည်တင်ပြသူ
သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

၂၀၁၂ - ခု သြဂုတ်လအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်း

သြဂုတ်လအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်းကို တင်ပေးလိုက်ပါတယ်။ နည်းနည်းတောင် နောက်ကျနေတယ်။ အမှန်က တစ်လစာ ဟောစာတမ်းဆိုတာ လမကုန်ခင် (၅) ရက်လောက် အလိုကတည်းက တင်ထားရမှာ။ အခုတော့ လကုန်ပြီးမှ တင်ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် သီးခံခွင့်လွှတ်ကြပါကုန်။ အခုတလော ပို့အသစ်တွေလည်း မတင်ဖြစ်ဘူး။ ယတြာတွေ အဆောင်တွေ လိုအပ်နေတဲ့သူတွေ အနေနဲ့ကတော့ ပို့အဟောင်းလေး တွေထဲမှာ အဆင်သင့် ရှိပါတယ်။ နည်းနည်းလေး ဂရုစိုက်ရှာဖွေပြီး ဆောင်ရွက်ကြပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

တနင်္ဂနွေသားသမီးများအတွက်

ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။ သိကြားမ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။ လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။ လုပ်ငန်သစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ ၀န်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန် စက်ပစ္စည်များဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။ ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။ အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။ အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။ လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။ ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။


တနင်္လာသားသမီးများအတွက်

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။ သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။ ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။ အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော် ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ တစ်ခုခု ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သော ပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။ လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ


အင်္ဂါသားသမီးများအတွက်

အလှူအတန်း ကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှ လည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။ ဤကာလမျိုး၌ သာမန် အခြေအနေမျိုးမှ နေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။ မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင် သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။ မိမိအား ပြဿနာ လုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ် သူများနှင့် ပြန်လည် သင့်မြတ်သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေ မိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများ အရေးဖြစ်တတ်သည်။ လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။ ခရီးများ မကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ ၀န်ထမ်းဆိုလျှင် ရာထူးတက်ခြင်း အခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။ ပညာရေးကိစ္စများ သင်တန်း ကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆို ဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။ အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောက ရောက်ရခြင်းများ ကြုံ ရတတ်သည်။ ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။ စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။ ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့်မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။ အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။ ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ထီးဖြူအသေးသက်စေ့နှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနံ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။


ဗုဒ္ဓဟူးသားသမီးများအတွက်

ဘုရားဆင်းတုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွက်သော ခရီးများ သွားရတတ်သည်။ သူတစ်ပါး ကိစ္စအတွက် ခရီးသွားရတတ်သည်။ လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့်မည်။ မိမိထက်မြင့် သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့ မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့်များ နေလိမ့်မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆို ဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ် ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။ အထူးသတိပြုရန် ။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ်သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မဌားရမ်းပါနှင့် ဆုံးလိမ့်မည်။ ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။ အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။ ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ် တစ်ခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့ သွားရတတ်သည်။ ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။ ဤကာလအတွင်း ကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါ ယတြာများကို ဂရုစိုက်ပြုလုပ်လေ။ နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ် အဓိဋ္ဌာန်ဝင်ပါ။


ကြာသပတေးသားသမီးများအတွက်

ခရီးတို ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် အကျိုးထူး စေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခု သင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။ ဤလအတွင်း အစစအရာရာ သတိကြီးစွာ ထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နာ၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါ ကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက် ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေးတတ်သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။ ငွေဒလဟော ထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။ အထူးသတိပြုရန် ကျန်းမာရေး ညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။ ခြေထောက် တွင် အန္တရာယ်ဖြစ်တတ်သည်။ လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။ ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။ လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။


သောကြာသားသမီးများအတွက်

ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။ သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။ ဤကာလအတွင်း ထီမထိုးသင်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာ ခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုးအကြီး အကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။ စပ်တူရှယ်ယာ လုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေ အပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။ ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။ သူ့သဘော သူဆောင် ရလာသော ငွေနှင့် လိုက်လျော ညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ် ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အိမ်ကြီးကြီး ကျယ်ကျယ် မဆောက်ပါနှင့် ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမို ရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါ ယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။


စနေသားသမီးများအတွက်

ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။ ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။ လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများ သည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ အလှူအတန်း ပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသော နိမိတ် ဖြစ်ပါသည် ဤကာလ အတွင်း၌ စီးပွားအလွန် ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။ အမှုအခင်း ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။ အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်း လက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ဆရာသမား ကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။ ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။ မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။ ဤကာလအတွင်း ကောင်းကျိုး ချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ ။ ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။

အခုတလော ထိုင်းရုပ်သံသတင်းတွေမှာ နာမည်ကျော်ကြားနေသော မြန်မာနိုင်ငံမှ အကြားအမြင်ဆရာမ အီတီ

အခုတလော ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိနေကြတဲ့ ထိုင်းလူမျိုးတွေက မြန်မာနိုင်ငံက အကြားအမြင် ဆရာမ အကြောင်းကို တော်တော်လေး ပြောဆိုနေကြပါတယ်။ အရမ်း မှန်ကန်ကြောင်း တွေပါ။ ကောင်းသ တင်းတွေ ပြောပြကြတာပါ။ နောက်ပြီး မြန်မာပြည်က ဗေဒင်ပညာက အရမ်း ထိရောက်တယ် ၊ ကောင်းတယ်၊ စစ်မှန် တယ်လို့လည်း ပြောကြပါတယ်။ ထိုင်းနိုင်ငံက စစ်ဘက်၊ အရပ်ဘက် ထိပ်သီး ပိုင်းတွေတောင် မြန်မာပြည်မှာ ဗေဒင်သွားမေးကြတယ်လို့လဲ ပြောကြတယ်။ နောက်ပြီး ထိုင်းရုပ်သံ ဌာနကလည်း ဒီအကြောင်းကို မကြာခန ဆိုသလို ထုပ်လွင့်ပြသ နေတာကိုလည်း တွေ့ရတယ်။ ဒီမနက်မှ အင်တာနက်မှာ ရှာကြည့်ပြီး တွေ့ရသလောက် လေ့လာမိပါတယ်။ ဆရာမအကြောင်းကို အသေးစိတ် ရေးထားတဲ့ ဃဃနန ရေးသားထားတဲ့ အကြောင်းအရာတွေကိုတော့ သိတ်မတွေ့မိဘူး။ အရမ်း စိတ်ဝင်စားမိပါတယ်။ ဒါကြောင့် ဆရာမ အီးတီနှင့် ပါတ်သက်ပြီး ကိုယ်တွေ့ သိရှိသူများ ကော်မန့်မှာ ကျေးဇူးပြုပြီး ရေးသားထားခဲ့စေလိုပါတယ်။





ဒီအောက်က အကြောင်းအရာ ရေးသားချက်ကတော့ ဧရာဝတီဘလော့က ရေးသားထားချက်ပါ။

ET လို့ ထင်ရှားတဲ့ ဒေါ်ဆွေဆွေဝင်းဟာ အသက် ၅၀ ကျော်စ ပြုလာပါပြီ။

သူဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက မြန်မာပြည်မှာ လူသိများလာသူ ဖြစ်ပါတယ်။
သူနာမည်ထွက်စမှာ ပေါ်ပေါက်လာတဲ့ ကမ္ဘာကျော်ရုပ်ရှင် ဂြိုလ်သား ET ဇာတ်ကားထဲက ဇာတ်ကောင်နဲ့ ဆင်တူတဲ့ အတွက် သူ့နာမည်က ET ဖြစ်သွားတာပါပဲ။ မြန်မာပြည် ET ရဲ့ ဟောပြောချက်တွေ မှန်ကန်တယ်လို့ အများက ပြောဆိုကြတာ ကြားဖူးကြမှာပါ။

နောက်ပိုင်းမှာတော့ သူ့ရဲ့ အကြားအမြင် သတင်းက ပြည်ပကိုပါ ရောက်သွားပါတယ်။ သူ့ဆီကို အရောက်များတဲ့ နိုင်ငံခြား သားတွေဟာ ထိုင်းနိုင်ငံက အများဆုံး ဖြစ်မှာပါ။ အစောပိုင်း သတင်းတွေအရ အဲဒီထဲမှာ ထိုင်းနိုင်ငံက စစ်ဘက်၊ အရပ်ဘက် ထိပ်သီးပိုင်းတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

ဒီအောက်က ရေးသားချက်ကတော့ ဆရာတေးအေးရိပ် ဘလော့က ဆရာရေးသားထားတဲ့ မူရင်းအ တိုင်း ဖော်ပြပေးထားခြင်း ဖြစ်ပါတယ်။

အီးတီဟာ ခိုကိုးရာမဲ့ ကလေးငယ်များ ၊ ပရဟိတ မိဘမဲ့ကလေးများကို နှစ်စဉ်နှစ်တိုင်း အလှူဒါန ပြုလေ့ ရှိပါ တယ်လို့ ကြားဖူးပါတယ်။ သူ့ ရည်မှန်းချက် ဖြစ်တဲ့ ပုသိမ်မြို့ ပရိယတ္တိ စာသင်တိုက်မှာ တိုးချဲ့ တန်ဆောင်းကြီး၊ သိမ်တော်ကြီး နဲ့  သုံးထပ်ကျောင်းဆောင် တွေကို ကိုယ်တိုင်မ,တည်ပြီးတော့ အများကုသိုလ် ပါဝင်နိုင်အောင် ပံ့ပိုး လှုံ့ ဆော် တည်ဆောက်ခဲ့ပါတယ်။ ထေရ၀ါဒ တစ်ထပ်ဆောင်ကိုလည်း လှူဒါန်းခဲ့ပါတယ်။

ပုသိမ်မြို့ မြောင်းမြစာသင်တိုက်၊ တိုက်ကြီးကျောင်းစာသင်တိုက်မှ ဆရာတော် ၃ပါးကို ဗုဒ္ဓဂယာခရီး ပို့ ဆောင်ခဲ့ပါတယ်။ မြောင်းမြစာသင်တိုက်က ဓမ္မာစရိယ ပါဠိပါရဂူဘွဲ့ ရ ဆရာတော်တစ်ပါးကိုလည်း မလေးရှား နဲ့  စင်္ကာပူ နိုင်ငံ ပို့ ပြီး အသံတိမ်ရောဂါကို ပျောက်ကင်းအောင် ဆေးကုသစေခဲ့ပါတယ်။

အီးတီဟာ သာမန်လူနဲ့မတူတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားတဲ့သူ တစ်ဦးပါ။ နားအကြားအာရုံကြော အားနည်းပြီးတော့ လေသံမျှလောက်သာ ပြောနိုင်ပါတယ်။

ရည်မှန်းချက်
လူသား အားလုံး စိတ်နှလုံးလှလှ နဲ့  သာသနာပြု လုပ်ငန်း ၀၀ကြီး လုပ်ဆောင်ပြီး လူသား အချင်းချင်း ရိုင်းပင်းစေချင်၊ တတ်နိုင်သရွေ့  ရှေ့ ဆောင်လမ်းညွန် ဆရာကောင်း တစ်ဆူဖြစ်အောင် စွမ်းအားပြည့် နှင့် ပံ့ပိုး ချင်ပါတယ်။

အီးတီ (ဒေါ်ဆွေဆွေဝင်း)

အီးတီရဲ့ ဟောပြောနည်းကတော့ မေးလာသူရဲ့ အိတ်ကပ်ထဲက ပိုက်ဆံ ဘယ်လောက်ပါတယ်။ တစ်ဆက်တည်းမှာပဲ အဲဒီ ငွေစက္ကူရဲ့နံပါတ်ကို စာရွတ်လွတ်ပေါ်မှာ ရေးလေ့ရှိပါတယ်။ မယုံရင် တိုက်ကြည့်လိုက်ပါ။ အံ့သြ ဖွယ်ကောင်းလောက်အောင် အတိအကျ တူနေပါစေ့မယ်။ တစ်ခါမိသားစု ဆွေမျိုးထဲက အမည်မှန်သမျှကို သိနေရပါစေ့မယ်။ ပြောပြစရာမလိုဘဲ သူကပဲ စာရွတ်ပေါ်မှာ အမည်တွေနဲ့ တော်စပ်ပုံတွေကို ရေးပြတတ်ပါတယ်။ အီးတီဟာ သင်္ကန်းကျွန်း ရတနာသီရိအိမ်ရာမှာ နေထိုင်ပါတယ်။


ဒီအောက်မှာတော့ YOUTUBE မှာတွေ့ရတဲ့ ရုပ်သံမှတ်တမ်းတွေပါ။

















ဒီအောက်ဆုံး ဗွီဒီယိုမှတ်တမ်းကတော့ ဒီပို့နဲ့ မပတ်သက်ပါဘူး။ ထိုင်းနိုင်ငံက နာမည်ကျော် ဆရာတစ်ဦးရဲ့ မှတ်တမ်းဖြစ်ပါတယ်။ အဲဒီ ဆရာကလည်း ထိုင်းမှာ အရမ်း နာမည်ကျော်ကြားလှပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရိုးရာ အင်းစမတွေကို တက်တူးထိုးသလို ထိုးပေးတာ ဖြစ်ပါတယ်။ ပွဲတော်ရက်ဆိုရင် ရုပ်သံဌာနတွေက တိုက်ရိုက် ထုပ်လွင့်ပေးပါတယ်။ ကြည့်ရတာ အရမ်း ထူးဆန်းတာတွေကို မြင်တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဂမ္ဘီရပညာရပ်တွေကို လေ့လာခွင့် ရလို့ ထိုင်းကို ရောက်နေတာတောင် ၀မ်းသာရမလိုပါပဲ။ ထိုင်းဘာသာစကား ကျွမ်းကျင်နှံ့စပ်တဲ့ သူတွေကို အကူအညီတောင်းပြီး ထိုင်းနိုင်ငံက ဂမ္ဘီရပညာရပ်တွေကို စိတ်ဝင်တစား လေ့လာ ဘာသာပြန်နေပါတယ်။ အဆင်ပြေ ချောမွေ့မယ်ဆိုရင်တော့ အားလုံးအတွက် ဗဟုသုတ အနေနဲ့ရော ၊ ပညာရပ် တစ်ခုအနေနဲ့ပါ ထိုင်းနိုင်ငံမှ ဂမ္ဘီရပညာရပ်များ ဆိုပြီး ဒီဘလော့မှာ တင်ပေးဖို့ မျှဝေပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ယုံကြည်သူနဲ့ မယုံကြည်သူ ဆိုတဲ့ အစွန်းနှစ်ဖက်ကြားမှာ စိတ်ဝင်စားစရာ ပညာရပ်တစ်ခုအနေနှင့် ဆက်လက်လေ့လာ အားထုပ်နေဖြစ်ဦးမှာပါပဲ။

အားလုံးကိုခင်မင်လေးစားစွာဖြင့်
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

မိတ်ဆွေ ... သင် ဘယ်အရပ်ကို မျက်နှာမူပြီး စီးပွားရှာမလဲ၊ ဘယ်အရပ်ကို ရှောင်မှာလဲ ?

ဒီနေ့တင်မယ့် ပို့လေးကတော့ အရမ်း အရေးကြီးပါတယ်။ အရပ်ရှစ်မျက်နှာ အကြောင်းကို ပြောပြချင်တာ။ မိမိ၏အိမ်ကနေ ကြည့်လိုက်ရင် ဟိုဘက်ဒီဘက် အရပ်ရှစ်မျက်နှာ ရှိတယ်။ အဲဒီ အရပ် ရှစ်မျက်နှာကိုသာ ကျွန်တော်တို့ စနစ်တကျ လေ့လာပြီး တကယ့်ကို နေထိုင်ပြုမူမယ်ဆိုရင် လောကီ ကောင်းကျိုး ချမ်းသာတွေ ပြည့်ဝလာစေနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး အရပ်ဒေသကို အကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့် ညံ့ခြင်း၊ခိုက်ခြင်း ၊ ပိတ်ပင်ခြင်း၊ တားစီးခြင်းတွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။ ဒါကြောင့် အရမ်းလည်း အရေးကြီးသလို အရမ်းလည်း ကျေးဇူးပြုမယ့် ပို့လေး ဖြစ်ပါတယ်။ အရင်ဆုံးပြောချင်တာက အရပ်ဒေသအားဖြင့် ရှစ်မျိုးရှိတယ်။ အဲဒါကတော့ လူတိုင်းသိတဲ့ အရှေ့ အနောက် တောင်မြောက်စတဲ့ အရပ်ဒေသ ရှစ်ခုပါ။

အခု အောက်မှာ ရှစ်မျိုးရှိတယ်။ အဲဒါလေးကို အရင်မှတ်မိအောင် တစ်ချက်ကြည့်ထားနော်။

ပရိဝါရ- အခြွေအရံ ပေါများစေသောအရပ်။
အာယု-အသက်ရှည်ရာ အရပ်။
နဂရ-မြို့ပြကျေးရွာ တည်ထောင်ရာအရပ်။
ဘုမ္မိ- မကောင်းတာ စွန့်ပစ်ရာအရပ်။
ဂဟပတိ-စည်းစိမ် ဥစ္စာထားသိုရာအရပ်။
တေဇ-တန်ခိုးသြဇာရှိစေသောအရပ်။
ဌာန- မြဲမြံစေသောအရပ်။
သီရိ- ကျက်သရေ မင်္ဂလာ ရစေသော အရပ်။

အဲဒီတော့ မိတ်ဆွေတို့အလုပ်မှာ ဘယ်ဘက်ကို မျက်နှာမူပြီး အလုပ်လုပ်မလဲ။ ဈေးဆိုင်ကို ဘယ်အရပ်ကို မျက်နှာမူထားမလဲ။ အိမ်သာကို ဘယ်ဘက်မှာ ဆောက်မလဲ။ အမှိုက်ပုံးကို ဘယ်နေရာမှာ ထားသင့်လဲ။ ကိုယ်ပိုင် ဥစ္စာပစ္စည်းတွေကို ဘယ်နေရာမှာ သိမ်းဆည်း ထားသင့်လဲ။ စပါးတွေကို ဘယ်နေရာမှာ ကျဉ်ဆောက် သင့်လဲ။ ခေါင်းဆေး မင်္ဂလာကို ဘယ်အရပ်ဒေသ မျက်နှာမူ ပြုသင့်လဲ။ ကျက်သရေ မင်္ဂလာရှိအောင် ဘယ်အရပ်ကို ခေါင်းထားအိပ်သင့်သလဲ... အများကြီးပါပဲ...။

အရေးအကြီးဆုံးက ဘုမ္မိဆိုတဲ့အရပ်ပါ။ ဘုမ္မိဆိုတာ မကောင်းသော အညစ်အကြေး အညံ့အခိုက်များကို စွန့်ပစ်ရာ အရပ်လို့ ဆိုပါတယ်။ အဲဒီတော့ မိမိ၏ ဘုမ္မိကျရာ အရပ်ကို သတိထား ရှောင်သင့်ပါတယ်။ နေအိမ်ကို မျက်နှာပြု ဆောက်လုပ်တာတို့ ၊ မိမိ၏ အလုပ်စားပွဲကို မျက်နှာမူထားတာတို့ ၊ မျက်နှာမူ စီးပွားရှာတာတို့ မလုပ်သင့်ပါဘူး။ ခိုက်တတ် ညံ့တတ်ပါတယ်။ ပိတ်ဆို့စေပါတယ်။ ချုချာစေတယ်။ မအောင်မြင်တတ်ပါဘူး။

ကျန်တဲ့ အရပ်ဒေသတွေကိုတော့ မိမိတို့ ဆက်လက်ကြံဆကြပါလို့ ပြောရင်း... အောက်ဘက်တွင် (၇)ရက် သားသမီးများ အားလုံးအတွက် အရပ်ဒေသများကို ပြည့်စုံစွာ ဖော်ပြလိုက်ရပါသတည်း..















မိတ်ဆွေတို့အတွက် ပုတီးစိပ်-အဓိဋ္ဌာန် ဂါထာတော်များ

အတုလဆရာတော် ခင်ကြီးဖျော်ရေးသား စီရင်ခဲ့သော သုတ၀န္ဒနာ ဘုရားရှိခိုးကျမ်းစာအုပ်မှ ဖြစ်ပါသည်။ ဘုရားရှိခိုးတွင် ထည့်၍ ရှိခိုးသည်ဖြစ်စေ ထိုဂါထာများကို ပုတီးစိပ်၍ဖြစ်စေ လွန်စွာ အစွမ်းထက်၍ အကျိုးထူးစေပါသည်။ ဂါထာ စုစုပေါင်း (၃၁) ဖော်ပြပေးပါမည်။ ကျန်ဂါထာတော်များကို ဆက်လက်ဖော်ပြပေးပါ ဦးမည်။ ပါဠိစာပေးကို အလွတ်ရအောင် ကျက်မှတ်နည်းမှာ ဂါထာတစ်ကြောင်းကို ပါးစပ်မှ ချောမောသွားအောင် အရင်ဆုံး တတွတ်တွတ် ရွတ်ဆိုပါ။ နောက် တစ်ကြောင်းနှင့် နှစ်ကြောင်းပေါင်းဆိုပါ။ နောက် သုံးကြောင်းလေးကြောင်း စသည်ဖြင့် ဆိုပါ။ အစအဆုံး တတွတ်တွတ် ရွတ်ဆိုပါ။ နောက်ဆုံးတွင် ဂါထာ တစ်ပုဒ်လုံးကို ချောမောစွာ အလွတ် ရွတ်ဆို သွားနိုင်ပါလိမ့်မည်။ မှတ်ချက် ။ ဂါထာအသံထွက်များကို ရွတ်ဆိုရန် အခက်အခဲ ရှိသူများ နီးစပ်ရာ ရဟန်း သံဃာတော်များကို ရိုသေစွာ ချဉ်းကပ်၍ လျှောက်ထားကြပါကုန်....

အသံတော်(၈)ပါးနှင့် ပြည့်စုံစေခြင်း ပုတီးစိပ်

ဝိသဋ္ဌံ မဉ္ဇု ၀ိညေယျံ ၊ သ၀နီယာ ၀ိသာရိဏာ
ဂမ္ဘီရော ဗိန္ဒု နိန္နာဒေါ ၊ အဋ္ဌင်္ဂီက သရံ နမေ

ကြံစည်တိုင်း ပြီးမြောက်စေလိုကြောင်း ပုတီးစိပ်

ပုညဿိ မဿ တေဇေန ၊ ယထာ စိတ္တံ သမိဇ္ဈတု။
သဗ္ဗိစ္ဆာ သဗ္ဗစိန္တာ စ ၊ ခိပ္ပံ မေ ဇာတိ ဇာတိယံ။

မရှိဟူသောစကား ၊ ပေးပါဟူသောစကား မပြောလိုကြောင်း ပုတီးစိပ်

နတ္တီတိ ဝစနံ ဒုက္ခံ ၊ ဒေဟီတိ ဝစနံ တထာ။
တသ္မာ နတ္တီတိ ဒေဟီတိ ၊ မာ မေ ဟောတု ဘဝါဘဝေ။

သူ့အလိုမလိုက် ၊ ကိုယ့်စိတ်ကြိုက်သာ ဖြစ်စေလိုကြောင်း ပုတီးစိပ်

သဗ္ဗံ ပရဝသံ ဒုက္ခံ ၊ သဗ္ဗံ မိဿရိယံ သုခံ။
သဗ္ဗံ ပရဝသမ တ္ထု ၊ သဗ္ဗံ မိဿရိယံ ဘဝေ။

ရဲရင့်၍ ဆဒ္ဒန်ဆင်မင်းအားကို ဆောင်နိုင်လိုကြောင်း ပုတီးစိပ်

ဝိတက္ကေန္တော ဘဇ္ဇကာယော ၊ သဗ္ဗာဝုဓ ဝါရဏော စ။
ဆဒ္ဒန္တ ဝါရဏ ဗလော ၊ ဘဝေယျံ ဇာတိဇာတိယံ။

အဆင်းလှ၍ အသံကောင်းလိုကြောင်း ပုတီးစိပ်

သုဘလက္ခဏ သမ္ပန္နော ၊ သုဝဏ္ဏ ဝဏ္ဏဝါ ဘဝေ ။
ဗြဟ္မဿရော ကရဝိက ၊ ဘာဏီစ ဇာတိ ဇာတိယံ။

အလုံးစုံတတ်မြောက်၍ မေးမြန်းသမျှ ဖြေဆိုနိုင်လိုကြောင်း ပုတီးစိပ်

ဘူရိမပညော သိပ္ပာနံ ၊ သဗ္ဗေသံ ကုသလော ဘဝေ။
ဝိသဇ္ဇေတုံ သမတ္တောဝ ၊ သဗ္ဗပုစ္ဆာနံ ဌာနသော။

ဘေးရန်ကင်း၍ ဥစ္စာပရိသတ် အင်အားကောင်းလိုကြောင်း ဆုတောင်းပုတီးစိပ်

ဝေရာ ဓံသီယ ဘောဂါစ ၊ အနန္တာ ခီဏ ဘောဂဝါ။
အနန္တာ ဘဇ္ဇ ပရိသော ၊ ဘဝသော ပါပုဏေ သိဝံ။

ကိုယ်နှင့် ဥစ္စာကို ရန်သူတို့ မဖျက်ဆီးနိုင်လိုကြောင်း ပုတီးစိပ်

မာနေဿယျံ ပသယှေယျံ ၊ ဥဿုက္ကေဟိ ပျ ဟံ သဟ။
ပဉ္စဝေရေဟိ ကောဋီဟိ ၊ ဘဏ္ဍံဝါ အကာတု ကာမိတံ။

အလိုရှိသမျှ ဖန်ဆင်းနိုင်လိုကြောင်း ပုတီးစိပ်

မေဃံ ဝါတဉ္စ ရတနံ ၊ ဓညံ ဝတ္ထဉ္စ ဘောစနံ။
သဗ္ဗိစ္ဆိဟံ တဒညမ္ပိ ၊ မာပေယျံ ကမ္မဇိဒ္ဓိယာ။

စက် ၊ သမ္မဒါ ၊ သူတော်ဥစ္စာနှင့် ပြည့်စုံလိုကြောင်း ပုတီးစိပ်

ပညေနေတေန နိဗ္ဗာနံ ၊ သန္တံ ပပ္ပေါမိ တာဝတာ။
ဘဝေယျံ သဗ္ဗဇာတီသု ၊ စတာ သမ္ပတ္တိယာ သဒါ။
စတုစက္ကေန သမ္ပန္နော ၊ သဒ္ဓမ္မေဟိ စ သတ္တဟိ။

ချမ်းသာကြွယ်ဝ၍ အမျိုးမြတ်၌ ဖြစ်စေလိုကြောင်း ပုတီးစိပ်

သမ္မာဒိဌိ ဝသု ပေတေ ၊ ကုလမှိ သေဋ္ဌသမ္မတေ ၊
သဗ္ဗသက္ကတ သံသုဒ္ဓေ ၊ ဘဝ တိဟေတု သန္ဓိကော။

ကိုယ်တိုင် မလုပ်ရဘဲ တန်ခိုးဖြင့် ပြီးသည်ကိုသာ သုံးဆောင်လိုကြောင်း ပုတီးစိပ်

ယာ သစ္ဆာဒနံ ဘောဂံ စ ၊ နေဝ ဟတ္ထေန ကတာန ၊
ဘုဉ္ဇေယျ မိဒ္ဓိယာတွေဝ ၊ မာပေတွာ ယာဝဒတ္တကံ ။

လူမမီ နတ်တမျှ ဖြစ်စေလိုကြောင်း ပုတီးစိပ်

မနုဿာနံ အတိက္ကမ္မ ၊ ဒေဝါနံ ဝိယ ဘောဇနံ ၊
ဝတ္ထ ဘောဂေါ စ မေ ဟေန္တု ၊ ပရိဝါရော တိသုန္ဒရာ။

စိုးရိမ်ကြောင့်ကြ မရှိလိုကြောင်း ပုတီးစိပ်

ဒသာသုတ္တံပိ မေ ဘောဂံ ၊ ပဉ္စဝေရာ ဘဝေ ဘဝေ။
မာဂဏှေယျုဉ္စ နေဿယျုံ ၊ အသောကော ဘောဂ ဟေတုမေ။

အင်္ဂါကြီးငယ် တင့်တယ်လိုကြောင်း ပုတီးစိပ်

သဗ္ဗင်္ဂ သုဘ သမ္ပန္နော ၊ သိင်္ဂီနိက္ခ သဝဏ္ဏဝါ။
ဗာတ္တိံသ လက္ခဏူ ပေတော ၊ အတပ္ပန ရူပဝါ ဘဝေ။

ရနံ့နှင့် အသံကောင်းလိုကြောင်း ပုတီးစိပ်

ကာယော စန္ဒန ဂန္ဓောစ ၊ မုခံ ဥပ္ပလ ဂန္ဓိကံ။
အဌ င်္ဂိကော ကရဝိက ၊ မဉ္ဇူဃောသော စ မေ ဟောတု။

ဗျဉ္ဇနဗုဒ္ဓိ(၁၀)ပါးတို့ထက် မြတ်သော ပညာရတနာကို ရစေခြင်း ပုတီးစိပ်

သိထိလံ ဓနိတံ ဒီဃံ ၊ ရဿဉ္စ ဂရုတံ လဟု
နိဂ္ဂဟိတံ ၀ိမုတ္တဉ္စ ၊ သမ္ဗန္ဓဉ္စ ပ၀တ္တိတံ
ဝိ၀ရန္တံ နမေ ဓမ္မံ ၊ ဒသဗုဉ္စန ဘေဒိတံ


သဒ္ဓါဂုဏ်ဆယ်ပါးနှင့် ပြည့်စုံစေခြင်း ပုတီးစိပ်

ပသာဒေါ ဇော မဓုရတာ ၊ သမတာ သုခု မာလတာ
သိလေသော ဒါရတာ ကန္တိ ၊ အတ္တဗျတ္တိ သမာဓယော
ဒသ သဒ္ဒဂုဏောပေတံ ၊ ဓမ္မံ ပါတု ကရံနမေ


မိုးကြိုးဆယ်မျိုးထက် ပြင်းထန်သော ပညာမိုးကြိုးကို ရစေခြင်းပုတီးစိပ်

သတေရာ ဒဏ္ဍ မဏိတာ ၊ မစ္ဆ၀ိလောလ ဂဂ္ဂရာ
သုက္ခာသနိ ကပိသိသာ ၊ ၀ိစက္ကာ သည ကုက္ကဋာ
န၀ါ သနီဟိ ဖာလေန္တံ ၊ တိဗ္ဗံ ပညာသနိံ နမေ


အဆင်းလှလိုကြောင်း ပုတီးစိပ်

ရူပါရူပါ ၀ိလာသဂ္ဂ ၊ ရူပါ စိန္တေယျ သံယုတ္တံ
ဝန္ဒေသာရ ဂုဏောပေတံ ၊ တေန မှာ တုလ ရူပ၀ါ။


တန်ခိုးကြီးမားလိုကြောင်းပုတီးစိပ်

ဣဒ္ဓိဣဒ္ဓိ ၀ိလာသဂ္ဂ ၊ ဣဒ္ဓိ စိန္တေယျ သံယုတ္တံ
ဝန္ဒေ သာရ ဂုဏောပေတံ ၊ တေနမှာ တုလ ဣဒ္ဓိမာ


စကားပြောကောင်းလိုကြောင်းပုတီးစိပ်

ဝါစာ ၀ါစာ ၀ိလာသဂ္ဂ ၊ ၀ါစာ စိန္တေယျ သံယုတ္တံ
ဝန္ဒေသာရ ဂုဏောပေတံ ၊ တေနမှာ တုလ၀ါစကော


ညာဏ်ထက်မြက်လိုကြောင်း ပုတီးစိပ်

ဉာဏာ ဉာဏာ ၀ိလာသဂ္ဂ ၊ ဉာဏာ စိန္တေယျ သံယုတ္တံ
ဝန္ဒေသာရ ဂုဏောပေတံ ၊ တေနမှာ တုလဉာဏ၀ါ


စိတ်တိုင်းကျဖန်ဆင်းနိုင်လိုကြောင်းပုတီးစိပ်

သဇ္ဈံ ဟေမဉ္စ ရတနံ ၊ ဂေဟံ ၀တ္တဉ္စ ဘောဇနံ
တဒညေပိ ယထာစိတ္တံ ၊ မာပေယျံ ကမ္မဇိဒ္ဓိယာ


ရတနာအမျိုးမျိုးရလိုကြောင်းပုတီးစိပ်

စက္ကာဒီ သတ္တရတနံ ၊ မုတ္တာဒိ ရတနံ သုဘံ
ဝတ္ထပ္ပ ဘုတိ ရတနံ ၊ ဆန္ဒက္ခဏေ လဘာမ ဟံ


ကြံစည်တိုင်းပြည့်စုံစေလိုကြောင်းပုတီးစိပ်

သမ္ပဏ္ဏ စိတ္တ သင်္ကပ္ပေါ ၊ ယထာ ကင်္ခီတ မာပကော
ယေနစိ နဘိ ဘူတမှိ ၊ သဗ္ဗာ ဘိဘူ ဘဝေဘဝေ


ကာယ ဉာဏ အားဆယ်ပါးနှင့် ပြည့်စုံစေကြောင်း ပုတီးစိပ်

ဒသ ဆဒ္ဒန္တ နာဂရာဇာဝ ၊ ဒသ ကာယဗလော မုနိ
ဒသ ဉာဏဗ္ဗလော တုလျော ၊ ၀န္ဒေတံ သမဏုတ္တမံ


ခွန်အားကြီး၍ လျင်သောဉာဏ်ရစေကြောင်းပုတီးစိပ်

ဆဒ္ဒန္တ နာဂ ရာဇာဝ ၊ ဘဝေဘဝေ မဟဗ္ဗလော
ရာဇာဇ၀န ဟံသောဝ ၊ မရမဂ္ဂ ဇဝေါ ဘဝေ


ရေပြင်ကောင်းကင်ပြင်သို့ သွားနိုင်ကြောင်း ပုတီးစိပ်

ဥဒကာ ကာသ စာရီစ ၊ မဟိနိ မုဇ္ဇကော ဘဝေ
မာပကောစ ယထာစိတ္တံ ၊ ဘ၀သော ကမ္မဇိဒ္ဓိယာ


အနန္တလာဘ်လာဘ ရှိလိုကြောင်း ပုတီးစိပ်

ဂါမေ ၀နေစ သဗ္ဗတ္ထ ၊ ဒေဝေဟိ မနုေဿဟိစ
အာဘတာ နန္တ လာဘောမေ ၊ သဒါ ဟောတု ဘ၀ါဘဝေ

ပုတီးစိပ်ခြင်းနှင့် ပါတ်သက်၍ ဆက်လက်ဖတ်မှတ် လေ့လာလိုပါက...အဓိဋ္ဌာန်နှင့် ပါတ်သက်သောနေရာတွင် ဆက်လက်လေ့လာကြပါရန်

မိတ်ဆွေတို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

၂၀၁၂ - ခု ဇူလိုင်လအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်

ဒီလအတွင်းမှာ ထွက်နေ၊ ဆုံးရှုံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။ လုပ်ငန်းဟောင်း နေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်း ပြန်လည် ဆုံဆည်းရတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်တာကိုလည်း သတိပြုဖို့ လိုပါတယ်။ ငွေ တအားရွှင်မယ်။ ရတနာပစ္စည်းတွေ အလှကုန် ပစ္စည်းတွေတအားရွှင်မယ်။ ကား၊ ကျောက် ၊ ကွန်ပြူတာ၊ ကင်မရာ၊ ရွှေ၊ အလှကုန်လုပ်ငန်းတွေ အကျိုးပေးအောင်မြင်မယ်။ သူတစ်ပါး မနာလိုဖြစ်လောက်အောင် စီးပွားတက် အောင်မြင်မယ့် ကိန်းမျိုးဖြစ်ပါတယ်။ တမင် ရန်စနှောက် ယှက်တာ မျိုးတွေ ခံရတတ်ပါတယ်။ လူရင်း လူယုံ ဒုက္ခပေးတတ်ပါတယ်။ ဘယ်ကိစ္စမဆို အနှောင့်အယှက်လေးတွေ ကြုံပြီးမှ အောင်မြင်တတ်ပါတယ်။ ချစ်သူရည်စားများအတွက် ကံကြမ္မာ အထူးပွင့်လင်းနေပြီး အိမ်ထောင်ရှင်များ အတွက်တော့ မတင်မကျ ကိစ္စလေးတွေ ရှိနေပါလိမ့်မယ်။ ထီဝါသနာရှင်များ အနေနှင့်ကတော့ ၂၄-၄၂-အတွဲလိုက်စတဲ့ ထီနံပါတ်ကို ဖိဖိစီးစီး ထိုးသင့်ပါတယ်။

ယတြာ......
ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ကလေးများကို ချောကလက် ဒါနလုပ်ပြီး လိုရာဆုကိုတောင်းပါလေ။


တနင်္လာသားသမီးများအတွက်

ဒီလအတွင်းမှ အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာမယ်။ စီးပွားရေးလုပ်ငန်းတွေ အထူးတိုးချဲ့သင့်တဲ့ အချိန်ကာလ သမယပါပဲ။ မိတ်ကောင်း ဆရာကောင်းတွေ တွေ့မယ်။ စပါတူ ရှယ်ရာအလုပ်၊ ပြည်တွင်းပြည်ပခရီး၊ ပညာရေးကိစ္စတွေ အထူးကောင်းပါတယ်။ ဆန်ဆီဆေးဆား၊ စက်မှု့၊ စာအုပ်၊ မြေ ၊ အမွေ၊ ဖုန်း ကိစ္စများမှာ အောင်မြင်မယ်။ အလှူအတန်း မင်္ဂလာကိစ္စများနဲ့လည်း ကြုံကြိုက်ရ တတ်ပါတယ်။ ဘာသာရေး လုပ်သလောက်၊ ကံပွင့်လန်း နေမယ့် ရက်မျိုး ဖြစ်ပါတယ်။ ဆွေမျိုးသားချင်း တွေနဲ့တော့ ပြဿနာ ကြီးကြီးမားမား ဖြစ်ရတတ်ပါတယ်။ လူရင်းတို့ရဲ့ မကောင်းသတင်း တချို့လည်း ကြားရတတ်ပါတယ်။ အထည် ၊ ထီး၊ ဖိနပ်၊ ရွှေ၊ အောက်လက်ငယ်သားတို့ အတွက်တော့ စိပ်ရှုပ်ခေါင်းစား ရတတ်ပါတယ်။ ချစ်သူရည်စားများ၊ ဆုံးဖြတ်ရခက်တဲ့ အခြေအနေကြုံလာမယ်။ အိမ်ထောင်ရှင်ဆိုရင် အညံ့များနေတတ်ပါတယ်။ ထီထိုးမယ်ဆိုရင် (၃၅)ပူးနေတဲ့ ထီလက်မှတ်ဟာ လာဘ်လာဘတွေ ခေါ်ဆောင်လာပါလိမ့်မယ်။ ဒူး၊ နား၊ ရင်ဘတ်၊ သတိထားပါ။
ယတြာ....
ညံ့တာတွေပြေပျောက်၊ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သံဃာတော်များကို ဆပ်ပြာမွှေးရှစ်ခု ကပ်လှူပါ။

အင်္ဂါသားသမီးများအတွက်

ဒီလအတွင်းမှာ လုပ်ငန်းသစ်စခြင်း၊ နေရာပြောင်းခြင်း၊ အခြေအနေပြောင်းတဲ့ ကိစ္စများ အကျိုးပေး အောင်မြင်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးတွေ အောင်မြင်မယ်။ ထွက်နေတဲ့ ပစ္စည်းတွေ ငွေတွေ ပြန်ဝင်လာလိမ့်မယ်။ ကွဲကွာနေသူများနဲ့ ပြန်လည်ဆုံစည်းရတတ်တယ်။ အသီး၊ အနှံ ၊ သစ်၊ သွပ်၊ သံ ၊ ရေထွက်ကုန်၊ ရွှေ၊ အလှကုန်၊ လျှပ်စစ်ပစည်း၊ ခရီးသွား လုပ်ငန်းတွေ၊ အောင်မြင်နိုင်သော အချိန်ဖြစ်ပါတယ်။ ငွေကတော့ တအားဝင်ပြီး တအားထွက် နေမယ်။ ၀မ်းဗိုက်၊ ဦးခေါင်း၊ အဆစ်အမြစ်၊ ကျန်းမာရေး ဂရုစိုက်ဖို့ လိုပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲလေးတွေ ကြုံလာရ တတ်ပါတယ်။ ဘာမဆို အထစ်အငေါ့လေးတွေ ကြုံပေမယ့် အောင်မြင်နိုင်သောကိန်း ဖြစ်ပါတယ်။ ထီဝါသနာ ပါသူများ ရှေ့ဆုံးမှာ (၄၆) ပူးနေတဲ့ ဂဏန်းကို ထိုးသင့်ပါတယ်။
ယတြာ.....
ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အိမ်ဘုရားစင်မှာသစ်သီး (၆)မျိုး သောက်တော်ရေ လေးခွက် လှူဒါန်းလိုက်ပါလေ။


ဗုဒ္ဓဟူးသားသမီးများအတွက်

ဒီလအတွင်းမှာ ငွေကံ တအားကောင်းနေမယ်။ နာမည်ဂုဏ်သတင်း တက်စရာတွေလည်း ကြုံမယ်။ နိုင်ငံခြားခရီး၊ လူမျိုးခြားနဲ့ ပတ်သက်တဲ့ အလုပ်တွေ အကျိုးပေးအောင်မြင်မယ်။ ၂၇- အတွဲလိုက်ပူးပြီးတော့ စတဲ့ ထီလက်မှတ်တွေ ထိုးသင့်ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်၊ ကား၊ ကွန်ပြူတာ၊ ကျောက်၊ ကင်မရာလုပ်ငန်းများ၊ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ မိသားစုထဲမှာ အလှူပွဲ မင်္ဂလာပွဲတွေ ကြုံရတတ် ပါတယ်။ အဲဒိနေ့မှာ ထီဖိထိုးသင့်ပါတယ်။ စပ်တူ စာချုပ်ကိစ္စ တွေမှာတော့ မရေမရာ ဖြစ်တတ် ပါတယ်။ မြေကိစ္စ၊ အမွေကိစ္စ၊ ဖုန်းကိစ္စများကိုတော့ ခေတ္တဆိုင်းငံ့ ထားသင့်တဲ့အချိန်ပါပဲ။ ဘာမဆို နှစ်မျိုးနှစ်ခု ကြုံနိုင်ပါတယ်။ အာရုံကြော၊ ၀မ်းဗိုက်၊ ဆီး၊ မျက်စိရောဂါများ ဂရုစိုက်ရမယ့် ကာလဖြစ်ပါတယ်။
ယတြာ....
ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတေါပိုကောင်းလာစေဖို့အတွက် ဓာတ်ခဲကိုးလုံးကို ဘုရားစင်ရှေ့တွင် တန်းစီချထား၍ ထိုအပေါ်တွင် ဖယောင်းတိုင် ကိုးတိုင်တင်ထွန်း၍ ဘုရားမီးပူဇော်ပါ။


ကြာသပတေးသားသမီးများအတွက်

ဒီလအတွင်းမှာ တအားပင်ပန်းမယ်။ စိတ်မောလူမောတွေ ဖြစ်ရမယ်။ အလုပ်ပိပြီး ကျန်းမာရေး ညံ့သွားတတ်ပါတယ်။ စိတ်တိုင်းမကျစရာတွေများနေမယ်။ တတ်နိုင်သမျှ စိတ်ရှည်ရှည် ခေါင်းအေးအေးနဲ့ အလုပ်တွေကို သက်တောင့်သက်သာလေး လုပ်သွားသင့်တဲ့ အချိန်ဖြစ်ပါတယ်။ အလုပ်ထွက်ချင် ပြောင်းချင်တဲ့ ဆန္ဒ ခေတ္တခနလေး စောင့်သင့်ပါတယ်။ နေရာကိစ္စ အိမ်ကိစ္စများ တိုးလို့တန်းလန်း ဖြစ်နေတတ်ပါတယ်။ မိတ်ကောင်း ဆရာကောင်းတွေရဲ့ အကူအညီကောင်းတွေ ပေါ်လာမယ်။ နိုင်ငံခြားနဲ့ ပတ်သက်လို့ အဆက်အသွယ် အခွင့်အရေးကောင်း ပေါ်လာတတ်တယ်။ မြေ ၊ အမွေ ၊ ဖုန်း၊ အထည် ၊ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်လုပ်ငန်းတွေမှာတော့ အထူးအောင်မြင် အကျိုးပေးနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ခြေထောက်၊ ခါး၊ အစာအိမ်၊ ကျန်းမာရေး သတိပြုသင့်ပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ အတွက်တော့ အဆင်မပြေမှု့တွေ များနေပါ့မယ်။ ထီဝါသနာပါရင် ၅၇-အတွဲလိုက် စတဲ့ ထီလက်မှတ်ကို ရှာထိုးပါလေ။
ယတြာ......
ညံ့တာတွေပြေပျောက် ကောင်းတာတွေ ပိုကောင်းလာဖို့အတွက် မုန့်ဖက်ထုပ်(၇) ထုပ် (သို့) နို့ထမင်း (၅)ပွဲ ဘုရားလှူပါ။



သောကြာသားသမီးများအတွက်

ဒီလအတွင်းမှာ ကံအညံ့လေးတွေ များနေပါတယ်။ အဖက်ဖက်က အနှောင့်အယှက် အယှက်ရှိမယ်။ ခရီးသွားခြင်းဟာ အကောင်းဆုံးယတြာပါပဲ။ နေရာသစ်၊ အိမ်သစ်၊ လုပ်ငန်းသစ်၊ အစီအစဉ်းများ အထူးပဲကောင်းပါတယ်။ ရပ်ဝေးပြည်ပကိစ္စတွေ အတွက်လည်း ဦးစားပေးပြီး စီစဉ်သင့်ပါတယ်။ ကွဲကွာနေသူများ ပြန်ဆုံခြင်း ၊ ရပ်ဝေးက အကူအညီကောင်းရခြင်းများ ကြုံမယ်။ ငွေကတော့ တအားဝင်သလို တအားထွက်နေလိမ့်မယ်။ မထင်မှတ်တဲ့ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်း ကောင်းတွေ ပေါ်လာတတ် ပါတယ်။ အသီးအနှံ၊ ရေထွက်ကုန်၊ သစ်၊ သံ ၊ သွတ်၊ အလုပ်များ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ မီး၊ လျှပ်စစ်၊ သူခိုး၊ သတိထားသင့်တဲ့ အချက်များ ဖြစ်ပါတယ်။ သတိထားပါ။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်စားများ၊ ၇ပ်ဝေးခွဲရ ကိန်းရှိနေပါတယ်။ ထီဝါသနာပါရင် (၁၄)အတွဲလိုက် စတဲ့နံပတ်ရှာပြီး ထိုးပါ။
ယတြာ....
ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အုန်းသီးပါသော မုန့်လှူပါ။


စနေသားသမီးများအတွက်

ဒီလအတွင်းမှာ အဆင်မပြေ လွဲချော်မှု့တွေ များနေမယ်။ ဟိုဟာလုပ်ရတော့ မလိုလို ၊ဒီဟာ လုပ်ရတော့ မလိုလိုနဲ့ အချိန်ကုန် နေတတ်ပါတယ်။ သူများပြဿနာ တွေမှာလည်း ကြားညှပ်တတ်ပါတယ်။ ဘာမဆို စိတ်ရှည်သင့်တဲ့ အချိန်ပါပဲ။ လုပ်ငန်းသစ်စတာ တဖြေးဖြေးတိုးချဲ့တာ၊ စပ်တူရှယ်ရာအလုပ်၊ စာချုပ်လုပ်ငန်းတွေ ကောင်းပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက္ကူ။ စာအုပ်၊ အင်္ဂါနံတွေ အလုပ်ဖြစ်မယ်။ မထင်မှတ်ဘဲ အိမ်အလုပ်၊နေရာ၊ ရာထူး၊ ဆိုင်ခန်း၊ အခွင့်အရေးတွေ ကြုံတတ်ပါတယ်။ နိုင်ငံခြားနှင့် ပတ်သက်နေတဲ့ အခွင့်အရေးကောင်း အဆက်အသွယ် ကောင်းတွေလည်း ရတတ်ပါတယ်။ မိတ်ရင်း ဆရာရင်း တို့ကြောင့် စိတ်ရှုပ် ရတတ်ပါတယ်။ ငွေကံကတော့ အတော်လေး နိမ့်နေပါတယ်။ ငွေများများ ရှိရင်လည်း ဆေးဖိုးဝါးခ ဖြစ်သွား တတ်ပါတယ်။ အိမ်ထောင်ရှင်များ၊ အဆင်မပြေမှု့တွေ ပြေလည်သွား လိမ့် မယ်။ ချစ်သူရည်းစား များကတော့ ဆုံးဖြတ်ရခက်တဲ့ အကျပ်အတည်းမျိုး ကြုံလာတတ်ပါတယ်။ (၃၁) အတွဲလိုက် စတဲ့ ထီလက်မှတ်ကို ရှာပြီး ထိုးသင့်ပါတယ်။
ယတြာ...
ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သြဇာသီး (၄) လုံး ဘုရားလှူဒါန်း၍ လိုရာ ဆုတောင်းပါလေ။

အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ၊မဟာချိုင်မြို့
www.heintinzaw.com

အဘမင်းသိင်္ခ၏ ထူးဆန်းသော ပုတီးကလေးအကြောင်း

တစ်နေ့သ၌ ကျွန်ုပ်သည် ပုတီးစိပ်ရင်း တစ်စုံတစ်ယောက်ကို စောင့်မျှော်နေလေ၏။ ထိုသို့ စောင့်မျှော်နေစဉ် အတွင်း ရောင်ပြန်မဂ္ဂဇင်း အယ်ဒီတာ မောင်မောင်မြင့်အေးသည် ထမင်းချိုင့်ကြီး တစ်လုံးကို ဆွဲ၍ ရောက်ရှိလာလေ ၏။ ကျွန်ုပ်လည်း ပုတီးစိပ်ခြင်းကို ရပ်နားလိုက်၏။ ကျွန်ုပ်သည် ၎င်း၏လက်မှ ထမင်းချိုင့်ကြီးကို မြင်လျှင်

“ တခြားစကားတွေ နောက်မှပြောကွာ။ မင်းချိုင့်ကြီးမြင်တာနဲ့ ငါတောင် ထမင်းဆာလာပြီ။ ထမင်းစားကြ ရအောင်။ သြော် .... ဒါနဲ့။ မင်းရဲ့ မိန်းမရော... ဘယ်လိုလဲ” ဟု မေးလိုက်လေ၏။



“ ဗေဒင်ဟောနေတယ်လေ။ အခုမှ ဟန်ကျတာ ဆရာရေ့။ ဆရာကြီး သင်ပေးတဲ့ ပညာနဲ့ ကျွန်တော့မိန်းမ စောယုနွယ်တော့ ဟောနေတော့တာပဲ။ ကြည့်တဲ့လူတွေကတော့ မှန်တယ်၊ မှန်တယ်နဲ့ ချီးမွန်းကြတယ် ဆရာကြီးရေ့။ အထူးသဖြင့် ကတော့ ကျွန်တော့ မိန်းမမှ မဟုတ်ဘူး။ ဆရာကြီး တပည့်တွေနဲ့လည်း
တွေ့ဖူးပါရဲ့။ ဟောတာထက် ယတြာက ပိုပြီးစွမ်းတယ်လို့ နာမည်ထွက်တယ် ဆရာကြီးရဲ့။ ကျွန်တော့မိန်းမလည်း
ဟောတာ သိပ်မကြာသေးဘူး။ အဲဒီဘက်က နာမည် ထွက်လာတယ်"ဟု မောင်မောင်မြင့်အေးက ပြန်ပြောလေ၏။

"အောင်မြင်မှာပါကွာ။ အတွေ့အကြုံ နည်းသေးလို့ပါ။ ပညာရပ်တွေမှာက အတွေ့အကြုံလည်း စကားပြောတယ်ကွ။ နောက်တော့ ကျွမ်းကျင်သွားမယ်။ အဲဒီအခါမှာ နာမည်လည်း အတော်ကြီးသွားလိမ့်မယ်။ ဒါ
နဲ့ေ နစမ်းပါဦး။ ဒီလ ရောင်ပြန်အတွက် မင်းအနေနဲ့ ဘာထည့်မလဲကွာ" ဟု မေးရာ မောင်မောင်မြင့်အေးက

“ ကျွန်တော်လည်း အဲဒါကိုပဲ မေးမလို့ ဆရာကြီးဆီကို လာခဲ့တာ" ဟု မောင်မောင်မြင့်အေးက ပြောလေ၏။

“ ပြီးခဲ့တဲ့လက ဓာတ်တူနာမ်တူ အဆောင်ကတော့ လူတွေအတွက် အတော်အကျိုးရှိတယ်ကွ။ ဒါပေမယ့် အဲဒီစာ ရွက်တွေ ရိုက်ပြီးပေးရတာ အဲဒီလမှာရမယ့် မဂ္ဂဇင်းရဲ့ အမြတ်စွန်းလေးဟာ ကုန်ပါလေရောကွာ" ဟုကျွန်ုက ပြောလိုက်ရာ မောင်မောင်မြင့်အေးက "ဟုတ်တယ် ဆရာကြီးရေ" ဟုဆိုကာ ရယ်လေ၏။

ထိုသို့ရယ်ပြီးနောက် ၄င်းကပင် "ဆရာ့လက်ထဲက ပုတီးလေးက သေးလှချည်လား" ဟုမေးလိုက်လေ၏။ သေးဆို ဒီလိုကွာ။ တစ်ရာ့ရှစ်လုံး ပုတီးဟုတ်ဘူး။ နှစ်ဆယ့် ခုနစ်လုံးပုတီးကွ။ လွန်ခဲ့တဲ့ ရှစ်နှစ်၊ ကိုးနှစ်လောက်တုန်းက ဆရာကြီး ဦးဆန်းထွန်းက ဒီပုတီးအကြောင်း ဆောင်းပါးရေးဖူးတယ်။ ငါကလည်း အလုပ်များနေလို့ အဲဒီဆောင်းပါး ကို မဖတ်ဖြစ်ဘူးဟေ့။ အင်းစိန်ကန်းနားပိုင်း ထနီးလမ်းမှာနေတဲ့ ငါ့ရဲ့ဦးလေး ဦးမျိုးတင့်ဆိုတာ ပင်စင်စားကြီးကွာ။ နဂိုကတည်းက စာဖတ်ဝါသနာ ပါလေတော့ ပင်စင်စားဘ၀ ရောက်တဲ့အခါမှာ တွေ့သမျှစာတွေ ဖတ်တော့တာပဲဟေ့။ တရုတ်သိုင်းတွေလည်း မလွတ်ဘူး။ မဂ္ဂဇင်းတွေလည်း မလွတ်ဘူးဟေ့။ စာကြီး ပေကြီးတွေလည်း ဖတ်ပါတယ်။ အဲဒီမှာ ဆရာကြီး ဦးဆန်းထွန်းရဲ့ ပုတီးစိပ် ဆောင်းပါးကိုဖတ်ပြီး ငါ့ဦးလေးဟာ နှစ်ဆယ့်ခုနှစ်လုံး ပုတီးနဲ့ စိပ်တော့တာပဲဟေ့။

ငါ့ဦးလေးရဲ့ အတွေ့အကြုံအရ ပြောတာကတော့ အဲဒီပုတီးကလေးကို စပြီး စိပ်တဲ့နေ့ကစပြီး သူ့ရဲ့ စားရေး သောက်ရေး ၀တ်ရေး သိတ်ပြီး မပူပင်ရတော့ဆိုပဲ။ ဘယ်လို အခက်အခဲ မျိုးပဲဖြစ်ဖြစ် နောက်ဆုံးမှာ သူ့နည်း သူဟန်နဲ့သူ ပြေလည် သွားတယ်ဆိုပဲ။ နောက်ပြီး သူဟာ ငါ့ဆီရောက်လာပြီး အဲဒီ ဆောင်းပါးအကြောင်း ပြောတယ်။ ငါက အဲဒီဆောင်းပါးကို မဖတ်ဖြစ်တဲ့ အကြောင်း ပြောတဲ့အခါမှာ ငါ့ကို ဆူလိုက် ကျိန်းလိုက်တာကွာ။ မင်းက ဘာဖြစ်လို့ ဒီလို ဆောင်းပါးမျိုး မဖတ်ဖြစ်ရတာလဲဆိုပြီး မာန်တော့တာပဲဟေ့။ ဒါနဲ့ ငါကလည်း မတတ်နိုင်တော့ဘူး။ မဖတ်တော့ပါဘူး ဦးလေးရယ်။ ဦးလေး ကောင်းတယ်ဆို ပြီးတာပါပဲ။ ဦးလေးဆီကပဲ ပုတီးစိပ်နည်း သင်ယူပါတော့မယ်လို့ ၀န်ခံလိုက်ရတယ်ဟေ့။ အဲဒီတော့ ငါ့ဦးလေးက ဆရာကြီး ဦးဆန်းထွန်းရဲ့ ဆောင်းပါးထဲမှာ ပါတဲ့နည်းကို သင်ပြပေးတယ်။

“ ပုတီးက နှစ်ဆယ့်ခုနှစ်လုံး ပုတီးဖြစ်ရမယ်။ ပထမငါးလုံးက အနန္တောအနန္တ ငါးပါးစိပ်ရမယ်။ ဗုဒ္ဓဂုဏော အနန္တော၊ ဓမ္မဂုဏော အနန္တော ၊ သံဃာ့ဂုဏော အနန္တော ၊ မာတာပိတု ဂုဏော အနန္တော ၊ အာစရိယ ဂုဏော အနန္တောပေါ့ကွာ ” ဟု ကျွန်ုပ်ကို ပြောလိုက်လေ၏။

“ ပုတီးက နှစ်ဆယ့် ခုနှစ်လုံးရှိတာ အဲဒီ ငါးလုံးစိပ်ပြီး ရပ်ထားရမှာလား ” ဟု မောင်မောင်မြင့်အေးက မေးလိုက်လေ၏။

“ မဟုတ်ဘူးလေကွာ။ ပထမငါးလုံးပဲ အဲဒါနဲ့ စိပ်ရမယ်။ နောက်ပြီးတော့ ဆယ့်ကိုးလုံး တိတိ အရဟံ ဂုဏ်တော်ကိုချည်း စိပ်ရမယ်။ ပြီးတော့ သတ္တ၀ါများ ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုပြီး သုံးလုံးစိပ်ရမယ်။ အဲဒီတော့ မင်းစဉ်းစား ကြည့်လေကွာ။ အနန္တာအနန္တ ငါးပါးက ငါးလုံး၊ အရဟံက ဆယ့်ကိုးလုံး ၊ မေတ္တာပို့က သုံးလုံးဆိုတော့ စုစုပေါင်း နှစ်ဆယ့်ခုနှစ်လုံးပေါ့ကွာ ” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ ထိုအခါ မောင်မောင်မြင့် အေးက

ဆရာ့ရဲ့ အင်းစိန်က ဦးလေးဆီက တစ်ဆင့်ကြားရတာနဲ့ အဲဒီပုတီးကို စမ်းပြီး စိပ်တယ်ဆိုပါတော့ဟု မေးလိုက်လေ ၏။

“ စမ်းစိပ်တာ မဟုတ်ဘူးဟေ့။ ဦးလေးလည်းပြန်သွားရော ရွှေတိဂုံဘုရားကို သွားပြီး နှစ်ဆယ့်ခုနှစ်လုံး ပုတီး လုပ်တော့ တာပဲဟေ့။ ပြီးတော့ အဲဒီညမှာ စိပ်တယ်။ အဲဒီလိုစိပ်တော့ ပြဿနာတစ်ခုတော့ ရှိတယ်။ အနန္တငါးပါး စိပ်ပြီးတဲ့ အခါ အရဟံ ဆယ့်ကိုးလုံး စိပ်ရတယ် မဟုတ်လား။ အဲဒီလို စိပ်ရတဲ့အခါမှာ ဆယ့်ကိုးလုံး ပြည့်မပြည့် စိတ်နဲ့ လိုက်ပြီး ရေနေရတာက ဒုက္ခတစ်ခုကွ။ ဒီကြားထဲ မှားသေးတယ်။ အဲဒါနဲ့ ငါလည်း ရွှေတိဂုံဘုရား သွားပြီး တောင်ဘက်မုဒ်မှာရှိတဲ့ ရတနာဝင်း ပုတီးဆိုင်မှာ စပါယ်ရှယ် ပုတီးတစ်ကုံး လုပ်ခိုင်းတယ်ဟေ့။

အနန္တောအနန္တ ငါးပါးအတွက်က ပုတီးအလုံး ကြီးကြီးပေါ့ကွာ။ အရဟံ ဆယ့်ကိုးလုံး အတွက်က အသေးစား ပုတီး ဆယ့်ကိုးလုံးကွာ။ ပြီးတော့ မေတ္တာပို့အတွက် အလတ်စား သုံးလုံးကွာ။ အဲဒီတော့ အကြီးငါးလုံး စိပ်ပြီးတာနဲ့ အသေးလုံးကို ကိုင်မိတာနဲ့ အရဟံကို စပြီး စိပ်တော့တာပဲ။ အရဟံ ဆယ့်ကိုးလုံး စိပ်ပြီးတာနဲ့ ပုတီးအလတ်ကို ကိုင်မိတော့တာပဲ။ အဲဒီမှာ မေတ္တာပို့ကို စပြီးစိပ်တယ်။ အဲဒီလို လုပ်လိုက်တော့ ပုတီးစိပ်ရတာ ပိုပြီး လွယ်သွားတယ်ဟေ့။ အဲဒါနဲ့ ငါလည်း စွဲစွဲမြဲမြဲ စိပ်လိုက်တာ တစ်ပတ်အတွင်းမှာပဲ ထူးခြားတယ်ဟေ့။

အဲဒီလို ထူးခြားတော့ ဆရာကြီး ဦးဆန်းထွန်းကို ကန်တော့ဖို့ ပုတီးလေးတစ်ကုံး တစ်ဆင့်ပြောပြတဲ့ ငါ့ဦးလေးကို ကန်တော့ဖို့ ပုတီးလေးတစ်ကုံး လုပ်ပြီး အိပ်ထဲမှာ ထည့်ထားတယ်ဟေ့။ သုံးရက်လောက် လည်းကြာရော ဥက္ကလာမှာ စာပေဟောပြောပွဲရှိလို့ သွားတာ အဲဒီပုတီးကလေး ပါသွားတယ်။ အဲဒီ စာပေဟောပြောပွဲမှာ ဆရာမကြီး စောမုံညှင်းနဲ့ တွေ့တော့ ဆရာမကြီးနဲ့ ဆရာကြီးဟာ မြန်မာစာ ကော်မရှင်မှာ နေ့စဉ်တွေ့ကြတယ်လို့ သိရတာနဲ့ ဆရာမကြီးကနေ တစ်ဆင့် ဆရာကြီး ဦးဆန်းထွန်းဆီကို ပုတီးလေး ကန်တော့လိုက်ရတယ်ဟု ကျွန်ုပ်က ပြောလိုက်ရာ မောင်မောင်မြင့်အေးက

“ ဆရာ အဲဒီပုတီးကို စိပ်တာ ကြာပြီနော် ” ဟု မေးလေ၏။

ကြာပြီကွ။ ပုတီးက မမြဲဘူးဟေ့။ ပုတီးကစိပ်လို့ နည်းနည်း အသားကျလာရင် အဲဒီ ပုတီးကလေးကို တောင်းတဲ့လူ ပေါ်လာတော့တာပဲ။ အဲဒီတော့လည်း ပေးလိုက်ရတာပေါ့ကွာ။ နောက်ဆုံး တောင်းလွန်းအားကြီး တာနဲ့ ငွေပုတီးလေး တစ်ကုံး လုပ်ရတော့တယ်ဟေ့။ ငွေနဲ့ လုပ်ထားတော့ တောင်းရတဲ့လူက အားနာပြီး မတောင်းတော့ဘူးပေါ့ကွာ”ဟု ကျွန်ုပ်က ပြောလိုက်ရာ မောင်မောင်မြင့်အေးက ...

“ ဘယ်ငွေပန်းထိမ်မှာ လုပ်တာလဲဆရာ ” ဟု မေးလေ၏။

ကျောက်မြောင်း ၊ မလွှကုန်းလမ်းနဲ့ ကျောက်တော လမ်းတောင့်က ငွေပန်းထိမ်ဆိုင်မှာ လုပ်တာကွ။ ဟောဒီမှာ ကြည့် ” ဟုဆိုကာ ကျွန်ုပ်၏ လှပသော ငွေပုတီးကလေးကို မောင်မောင်မြင့်အေးအား ပြလိုက်လေ၏။ ထိုအခါ မောင်မောင်မြင့်အေးက .....

“ အတော် သေသပ်လှပတဲ့ လက်ရာပါပဲ ဆရာ ” ဟု ငွေပန်းထိမ် လက်ရာကို ချီးကျူးလေ၏။

“ ဘာပဲဖြစ်ဖြစ်ကွာ။ တခြားနေရာတွေမှာ သုံးတဲ့ ငွေထဲက ချွေတာပြီး ဒီလိုပုတီး ကလေးတော့ ပုတီးသမားတစ် ယောက်ဆီမှာ ရှိထားသင့်တယ်ကွာ” ဟု ကျွန်ုပ်က ပြောလိုက်မိလေ၏။ ထိုအခါ မောင်မောင် မြင့်အေးက

“ အဲဒီ ပုတီးစိပ်တဲ့ ကျေးဇူးကို ပြောပါဦး ဆရာရဲ ” ဟု မေးလေ၏။

“ ဒီကျေးဇူးကို ပြောရင် စာအုပ်ကြီးတစ်အုပ် ဖြစ်ဖို့ရှိတယ်။ ယုံနိုင်ဖို့လည်း ခက်တယ်။ ငါမင်းကို ပုတီးတစ်ကုံး ပေးလိုက်မယ်။ တစ်လလောက် စိပ်ကြည့်။ သူ့ရဲ့ အကျိုးကျေးဇူး သိလိမ့်မယ်။ သူ့ရဲ့ အကျိုးကျေးဇူး သိတဲ့အခါမှာ မင်းနဲ့ငါနဲ့ အခု ပြောပြတဲ့ အကြောင်းအရာကို ဆောင်းပါးတစ်ပုဒ် ရေးပြီး ရောင်ပြန်မဂ္ဂဇင်းမှာ ထည့်လိုက်ကွာ ” ဟု ကျွန်ုပ်က ပြောလိုက်ရာ မောင်မောင်မြင့်အေးက ....

“ ယုံပါတယ် ဆရာရယ် ” ဟု ပြောပြီး ကျွန်ုပ်ထံမှ ပုတီးကို ယူ၍ ပြန်သွားလေတော့သတည်း။

သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ

(မှတ်ချက်- အဘမင်းသိင်္ခ၏ ပုတီးစိပ်နည်း အကြောင်းကို ပြန်လည် ဖော်ပြပေးပါဟု တောင်းဆိုထားသောကြောင့် ပြန်လည် ဖော်ပြပေးလိုက်ရပေသည်။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော (ဆရာဟိန်းတင့်ဇော်-ထိုင်းနိုင်ငံ-မဟာချိုင်မြို့)

ကိုးလုံးပုတီးဖြင့် လိုရာပြည့်စုံစေသောနည်း

ဂုဏ်တော်ကိုးပါးနှင့် အဓိဋ္ဌာန်အကျိုးကျေးဇူး

ဘုန်းတန်ခိုးတိုးတက်မြင့်မားလိုပါက “သောဘဂ၀ါ ဣတိပိ အရဟံ”
အကြံအစည်ကောင်း ပေါ်ထွန်းခြင်း ညာဏ်သစ်ပွင့်ခြင်း လိုလားပါက “ သောဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ”
အကြံအစည် အောင်မြင်လိုပါက “ သောဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏ သမ္ပန္နော”
စကားပြော အောင်မြင်စေလိုပါက “ သောဘဂ၀ါ ဣတိပိ သုဂတော ”
ထင်ပေါ်ကျော်ကြားလိုပါက “ သောဘဂ၀ါ ဣတိပိ လောက၀ိဒူ ”
ယှဉ်ပြိုင်အောင်မြင်ခြင်းကို လိုလားပါက “ သောဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဓမ္မသာရထိ”
တစ်ပါးသူအပေါ် ကူညီကယ်တင်နိုင်ခြင်း အကျိုးပြုနိုင်ခြင်းကို လိုလားပါက “ သောဘဂ၀ါ ဣတိပိ သတ္တာဒေ၀ မနုဿာနံ ”
လောကီလောကုတ္တရာ အောင်မြင်ခြင်းကို လိုလားပါက “ သောဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ ”
တစ်ပါးသူမှ အသိအမှတ်ပြု လေးစားခြင်း ရိုသေခြင်းတို့ကို လိုလားပါက “ သောဘဂ၀ါ ဣတိပိ ဘဂ၀ါ ”


မည်သည့်အသားနှင့် လုပ်ထားတဲ့ ပုတီးနှင့် စိပ်ရမလဲ....?

မည်သူမဆို နေ့သားအလိုက် မိမိမွေးနံကို အခြေတည်၍ အမြစ်အညွန်နံနှစ်ခု အသားနဲ့ တွဲစပ် လုပ်ထားသော ကိုးလုံးပုတီးနှင့် စိပ်ခြင်း ၊ဆောင်ခြင်း ပြုရပါမည်။ (၇) ရက်သားသမီးများအားလုံး အတွက် အမြစ်အညွန့်နံ နှစ်ခုတွဲစပ် အသားများကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီးများအတွက် အမြစ်အညွန်ပုတီး - ဒန်းကြီးသားပုတီး
တနင်္လာသားသမီးများအတွက် အမြစ်အညွန်ပုတီး - သြဇာသားပုတီး
အင်္ဂါသားသမီးများအတွက် အမြစ်အညွန့် ပုတီး - ခရေသားပုတီး
ဗုဒ္ဓဟူးသားသမီးများအတွက် အမြစ်အညွန့်ပုတီး - စိန်ပန်းသားပုတီး
ကြာသပတေးသားသမီးများအတွက် အမြစ်အညွန်ပုတီး - လောက်သေသားပုတီး(ရေသံပုတီး)
သောကြာသားသမီးများအတွက် အမြစ်အညွန့်ပုတီး - ပိတောက်သားပုတီး
စနေသားသမီးများအတွက် - သစ်အယ်သား

မှတ်ချက် ။ ။ အထက်ပါအသားပုတီးများကို အော်ဒါမှာမှ ရနိုင်မည်ဖြစ်ပါသည်။ ကျွန်ုပ်သည် မြန်မာပြည်သို့ ခေတ္တပြန်ရောက်သော အခါတွင် စုံစမ်းကြည့်သော အခါ ရွှေတိဂုံဘုရားတွင် အသားမျိုးစုံဖြင့် ပုတီးများ အော်ဒါမှာယူ ရရှိနိုင်ပါကြောင်း...။

အဲဒီလို ကိုးလုံးပုတီးကို ဆောင်ထားခြင်း ။ စိပ်ခြင်းဖြင့် ဘုန်းကံကောင်းခြင်း ၊ အကြံကောင်းပေါ်ခြင်း ၊ စကားပြောအောင်မြင်ခြင်း ၊ ထင်ပေါ်ကျော်ကြားခြင်း ၊ ရန်သူကို အောင်နိုင်ခြင်း ၊ ဒုက္ခရောက်နေသူကို ကယ်တင်နိုင်ခြင်း ၊ သာသနာ့အကျိုးကို သယ်ပိုးနိုင်ခြင်း ၊ သူတစ်ပါးတို့ ရိုသေလေးစားခြင်း ၊ အကျိုးကိုးပါးကို ရရှိစေနိုင်ပါသည်။ မိမိလိုလားသော အကျိုးကို ရည်စူး၍လည်း စိပ်နိုင်ပါသည်။ ပုတီးပတ်မည်မျှ စိပ်ရမည်ဟူ၍ သတ်မှတ်ထားခြင်း မရှိ။ မိမိဆန္ဒအလျှောက် သဒ္ဓါပေါက်သလောက် စိပ်နိုင်ပါသည်။ စိပ်ရင် ကောင်းမလား မကောင်းဘူးလားလို့ စဉ်းစားနေမယ့် အစား အခုကတည်းကပင် စတင် ဆောင်ထား စိပ်နိုင်ပြီဖြစ်ပါကြောင်း...

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ-မဟာချိုင်မြို့)

ဘယ်နေ့ အိမ်အသစ် စတင်ဆောက်ရင် ကောင်းမလဲ...

မိတ်ဆွေများခင်ဗျာ...

သင်ဟာ ကိုယ်ပိုင် အိမ်တစ်လုံး ဆောက်မယ် ဆိုရင် ဘယ်နေ့ ဘယ်ရက်မှာ စတင်ပြီး အိမ်ပန္နက်ချမလဲ။ ဘယ်နေ့မှာ စတင်ပြီး ဆောက်သင့်လဲ ဆိုတာကို သိချင်တယ် ဆိုရင်တော့ အကောင်းဆုံး နီးစပ်ရာဗေဒင်ဆရာ တစ်ဦးဦးထံမှာ သွားရောက်ပြီး တိုင်ပင်ဆွေးနွေးလိုက်တာ ကောင်းပါတယ်။ အဲဒါဆိုရင် ပြည့်ပြည့်စုံစုံ ပြောပြဆိုပြပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘဲ အိမ်ဆောက်တာနဲ့ ပါတ်သက်လို့ အလွယ်တကူ ရွေးချယ်ချင်တယ် ၊ ရက်ရာဇာ ပြဿဒါး ရွေးချယ်ရုံလောက်နဲ့ မလုံလောက်ဘူးဆိုရင်တော့ ဒီမြန်မာရိုးရာ ဗေဒင်ပညာ နည်းစနစ် တစ်ခုကို တင်ပြပေးလိုက်ပါတယ်။


တနင်္ဂနွေနေ့သားသမီးများအတွက်

တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက အောင်မြင်စွာပြီးဆုံးခြင်း ရှိမည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက ဆင်းရဲမည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက အဆုံးသတ်အထိ ပြီးစီးအောင်မြင်မည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက လာဘ်လာဘတိုးပွားမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက အခက်အခဲ ကြုံမည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက အမှုအခင်းများနှင့် ရင်ဆိုင်ရမည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက ချစ်ချစ်ခင်ခင် နေထိုင်ရရမည်။

တနင်္လာနေ့သားသမီးများအတွက်

တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက အောင်မြင်မှု့များရှိမည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက ဆင်းရဲခြင်း ဘေးဒုက္ခနှင့် ကြုံတွေ့ရမည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက ပြီးဆုံးခြင်းရှိမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက လာဘ်လာဘ တိုးပွားမည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက ခက်ခဲမှု့များ ရှိမည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက အမှု့အခင်းများ ကြုံမည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက ချစ်ချစ်ခင်ခင်နှင့် နေထိုင်သွားကြရမည်။

အင်္ဂါနေသားသမီးများအတွက်

အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက အောင်မြင်စွာ ပြီးဆုံးမည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက ဆင်းရဲခြင်း ရှိမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက ပြီးစီးအောင်မြင်မည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက လာဘ်လာဘပေါကြွယ်ဝမည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရမည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက အမှု့အခင်း ပြဿနာများ ဖြေရှင်းရမည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက ချစ်ချစ်ခင်ခင် နေထိုင်ရမည်။

ဗုဒ္ဓဟူးနေ့သားသမီးများအတွက်

ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက အောင်မြင်စွာ ပြီးဆုံးသွားမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက ဆင်းရဲခြင်းများ ကျရောက်မည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက အချောသတ်ပြီးစီးမည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက လာဘ်လာဘပေါကြွယ်ဝမည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက အခက်အခဲများနှင့် ရင်ဆိုင်ရမည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက အမှု့အခင်းများနှင့် ရင်ဆိုင်ရမည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက စိတ်ချမ်းမြေ့မည်။ အဆင်ပြေမည်။ ချစ်ချစ်ခင်ခင်နေထိုင်ရမည်။

ကြာသပတေးနေ့ သားသမီးများအတွက်

ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက အောင်မြင်မည်။ အဆင်ပြေမည်။ စိတ်ချမ်းသာမည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက ဆင်းရဲ ၊ ငွေအဖတ်မတင် ၊အကုန်အကျများမည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက ပြီးစီးအောင်မြင်မည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက လာဘ်လာဘပေါကြွယ်ဝမည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက အခက်အခဲများနှင့် ကြုံမည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက အမှု့အခင်းများနှင့် ကြုံမည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက ချစ်ချစ်ခင်ခင် နေထိုင်သွားရမည်။

သောကြာနေ့ သားသမီးများအတွက်

သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက အောင်မြင်မည်။ အဆင်ပြေချောမွေ့မည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက ဆင်းရဲမည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက ပြီးစီးအောင်မြင်မည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက လာဘ်လာဘပေါကြွယ်ဝမည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက အခက်အခဲများနှင့် ရင်ဆိုင်ရမည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက အမှု့အခင်းများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက ချစ်ခင်ကြင်နာစွာ နေထိုင်ရမည်။

စနေနေ့ သားသမီးများအတွက်

စနေနေ့တွင် စတင်ဆောက်လုပ်ပါက အောင်မြင်မှု့များ ရရှမည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက ဆင်းရဲခြင်း ရှိမည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက ပြီးစီးအောင်မြင်မည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက လာဘ်လာဘရစေမည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက အခက်အခဲများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက အမှု့အခင်းများနှင့် ရင်ဆိုင်ရမည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေထိုင်ရမည်။