ကိုးလုံးပုတီးဖြင့် လိုရာပြည့်စုံစေသောနည်း

ဂုဏ်တော်ကိုးပါးနှင့် အဓိဋ္ဌာန်အကျိုးကျေးဇူး

ဘုန်းတန်ခိုးတိုးတက်မြင့်မားလိုပါက “သောဘဂ၀ါ ဣတိပိ အရဟံ”
အကြံအစည်ကောင်း ပေါ်ထွန်းခြင်း ညာဏ်သစ်ပွင့်ခြင်း လိုလားပါက “ သောဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ”
အကြံအစည် အောင်မြင်လိုပါက “ သောဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏ သမ္ပန္နော”
စကားပြော အောင်မြင်စေလိုပါက “ သောဘဂ၀ါ ဣတိပိ သုဂတော ”
ထင်ပေါ်ကျော်ကြားလိုပါက “ သောဘဂ၀ါ ဣတိပိ လောက၀ိဒူ ”
ယှဉ်ပြိုင်အောင်မြင်ခြင်းကို လိုလားပါက “ သောဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဓမ္မသာရထိ”
တစ်ပါးသူအပေါ် ကူညီကယ်တင်နိုင်ခြင်း အကျိုးပြုနိုင်ခြင်းကို လိုလားပါက “ သောဘဂ၀ါ ဣတိပိ သတ္တာဒေ၀ မနုဿာနံ ”
လောကီလောကုတ္တရာ အောင်မြင်ခြင်းကို လိုလားပါက “ သောဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ ”
တစ်ပါးသူမှ အသိအမှတ်ပြု လေးစားခြင်း ရိုသေခြင်းတို့ကို လိုလားပါက “ သောဘဂ၀ါ ဣတိပိ ဘဂ၀ါ ”


မည်သည့်အသားနှင့် လုပ်ထားတဲ့ ပုတီးနှင့် စိပ်ရမလဲ....?

မည်သူမဆို နေ့သားအလိုက် မိမိမွေးနံကို အခြေတည်၍ အမြစ်အညွန်နံနှစ်ခု အသားနဲ့ တွဲစပ် လုပ်ထားသော ကိုးလုံးပုတီးနှင့် စိပ်ခြင်း ၊ဆောင်ခြင်း ပြုရပါမည်။ (၇) ရက်သားသမီးများအားလုံး အတွက် အမြစ်အညွန့်နံ နှစ်ခုတွဲစပ် အသားများကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီးများအတွက် အမြစ်အညွန်ပုတီး - ဒန်းကြီးသားပုတီး
တနင်္လာသားသမီးများအတွက် အမြစ်အညွန်ပုတီး - သြဇာသားပုတီး
အင်္ဂါသားသမီးများအတွက် အမြစ်အညွန့် ပုတီး - ခရေသားပုတီး
ဗုဒ္ဓဟူးသားသမီးများအတွက် အမြစ်အညွန့်ပုတီး - စိန်ပန်းသားပုတီး
ကြာသပတေးသားသမီးများအတွက် အမြစ်အညွန်ပုတီး - လောက်သေသားပုတီး(ရေသံပုတီး)
သောကြာသားသမီးများအတွက် အမြစ်အညွန့်ပုတီး - ပိတောက်သားပုတီး
စနေသားသမီးများအတွက် - သစ်အယ်သား

မှတ်ချက် ။ ။ အထက်ပါအသားပုတီးများကို အော်ဒါမှာမှ ရနိုင်မည်ဖြစ်ပါသည်။ ကျွန်ုပ်သည် မြန်မာပြည်သို့ ခေတ္တပြန်ရောက်သော အခါတွင် စုံစမ်းကြည့်သော အခါ ရွှေတိဂုံဘုရားတွင် အသားမျိုးစုံဖြင့် ပုတီးများ အော်ဒါမှာယူ ရရှိနိုင်ပါကြောင်း...။

အဲဒီလို ကိုးလုံးပုတီးကို ဆောင်ထားခြင်း ။ စိပ်ခြင်းဖြင့် ဘုန်းကံကောင်းခြင်း ၊ အကြံကောင်းပေါ်ခြင်း ၊ စကားပြောအောင်မြင်ခြင်း ၊ ထင်ပေါ်ကျော်ကြားခြင်း ၊ ရန်သူကို အောင်နိုင်ခြင်း ၊ ဒုက္ခရောက်နေသူကို ကယ်တင်နိုင်ခြင်း ၊ သာသနာ့အကျိုးကို သယ်ပိုးနိုင်ခြင်း ၊ သူတစ်ပါးတို့ ရိုသေလေးစားခြင်း ၊ အကျိုးကိုးပါးကို ရရှိစေနိုင်ပါသည်။ မိမိလိုလားသော အကျိုးကို ရည်စူး၍လည်း စိပ်နိုင်ပါသည်။ ပုတီးပတ်မည်မျှ စိပ်ရမည်ဟူ၍ သတ်မှတ်ထားခြင်း မရှိ။ မိမိဆန္ဒအလျှောက် သဒ္ဓါပေါက်သလောက် စိပ်နိုင်ပါသည်။ စိပ်ရင် ကောင်းမလား မကောင်းဘူးလားလို့ စဉ်းစားနေမယ့် အစား အခုကတည်းကပင် စတင် ဆောင်ထား စိပ်နိုင်ပြီဖြစ်ပါကြောင်း...

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ-မဟာချိုင်မြို့)

3 comments:

မိမိသက် said...

စိတ်ပုတီးမဟုတ်ပဲ counter နဲ့ စိတ်ရင်ရောမရဘူးလားဆရာ..

Ma said...

(၄) သုဂတောဂုဏ်တော် ...မတွေ့ပါသဖြင့်..။
ဂုဏ်တော်ကိုးပါး
(၁) အရဟံ (၆) အနုတ္တရော ပုရိသ ဓမ္မသာရထိ
(၂) သမ္မာသမ္ဗုဒ္ဓေါ (၇) သတ္တာဒေ၀ မနုဿာနံ
(၃) ၀ိဇ္ဇာစရဏ သမ္ပန္နော (၈) ဗုဒ္ဓေါ
(၄)......... (၉) ဘဂ၀ါ ။
(၅) လောက၀ိဒူ

Anonymous said...

ကျေးဇူးတင်ပါတယ်ဆရာ၊ အခုလောလောဆယ် ငွေကြေးအခက်အခဲ၊ လုပ်ငန်း အခက်အခဲနှင့် ရင်ဆိုင်နေရပါတယ်၊အားလုံးပြေလဲသွားအောင် ဘာလုပ်သင့်ပါသလဲ ဆရာ။
မောင်ပေါက်ကျိုင်း၊ကြံခင်းမြို့

Post a Comment