စားသောက်ဆိုင်တွေအတွက် ရှောင်သင့်သော အရောင်

တစ်နေ့သ၌ ကျွန်ုပ်သည် အခန်းထဲတွင် တစ်ယောက်တည်းထိုင်၍ မိုးအေးအေးဖြင့်ထိုင်ကာ စာအုပ်တစ်အုပ်ကို ဇိမ်နှင့်ထိုင်ကာ ဖတ်နေမိလေတော့၏။ ထိုအချိန်တွင် ကျွန်ုပ်၏ လက်ကိုင်ဖုန်းသံ မြည်လာသောကြောင့် ဖုံးကိုကိုင်၍ ကြည့်လိုက်လေရာ ကျွန်ပ်၏ မိတ်ရင်းဆွေရင်းတစ်ဦး ဖြစ်သူ ပွဲစားမင်းသူ ဖြစ်နေလေ၏။ ကိုမင်းသူက ဆရာ ထမင်းစားပြီးပြီလား၊ မစားရသေးရင် ကျွန်တော် လာခေါ်မယ်။ လမ်းထိပ်မှာ ထမင်းသွားစားကြတာပေါ့ဟု ပြောသောကြောင့် ကျွန်ုပ်လည်း ဗိုက်ဆာနေတာနဲ့ အတော်ပဲ ကိုမင်းသူရေဟု ပြန်ပြောလိုက်လေတော့၏။ ခနအကြာတွင် ကိုမင်းသူသည် ပွဲစားတို့ ထုံးစံအတိုင်း မြောက်ကြွမြောက်ကြွဖြင့် ကျွန်ုပ်၏ အခန်းအတွင်းသို့ ရောက်ရှိလာလေတော့၏။

ကျွန်ုပ်လည်း အခန်းထဲတွင် မိုးရွာလျှင် မိုးရေများအခန်းအတွင်းသို့ မ၀င်စေရန် ပြူတင်းတံခါးများကို သေသေချာချာ ပိတ်၏။ ထို့နောက် အိပ်ထဲတွင် လက်ကိုင်ဖုံးကို ထည့်၏။ ပါတ်စပို့စာအုပ် ပါမပါ စစ်ဆေးကြည့်ရှု့ပြီး အိပ်ကို လွယ်ကာ ပွဲစားမင်းသူနှင့်အတူ ထမင်းစားရန် ထွက်လာခဲ့လေတော့၏။

ကျွန်ုပ်နှင့် ပွဲစားမင်းသူတို့သည် လမ်းအတိုင်း ဆိုင်ကယ်မောင်းလာခဲ့၏။ လမ်းတွင် ထမင်းဆိုင်သုံးဆိုင် တန်းစီရှိ၏။ ပထမဦးဆုံးတွေ့သော ထမင်းဆိုင်ကို ကျော်၍ ဆိုင်ကယ် မောင်းသွား၏။ ဒုတိယဆိုင်ကို ကျော်၍ နောက်ဆုံး တတိယမြောက် ထမင်းဆိုင်ရှေ့တွင် ဆိုင်ကယ်ကို ရပ်ကာ ထမင်းဆိုင်ထဲသို့ ၀င်ကြလေ၏။ ကျွန်ုပ်က မင်းသူုအား

ဘယ်လိုလဲ ကိုမင်းသူရဲ့။ အရင်ဆုံးတွေ့တဲ့ ထမင်းဆိုင်လေးကလည်း သန့်သန့်ပြန်ပြန့်လေး၊ သတ်သတ်ရပ်ရပ်လေးပါပဲ။ ဘာဖြစ်လို့ အဲဒီထမင်းဆိုင်မှာ မစားပဲ အဲဒီဆိုင်လောက် မကောင်းတဲ့ ဒီထမင်းဆိုင်ကို ကျော်လာရတာလဲဟု ကျွန်ုပ်က မေးလိုက်လေရာ ကိုမင်းသူက...

ဒီလိုရှိတယ်ဆရာရဲ့။ ကျွန်တော်လည်း ဘယ်လို ပြောရမှန်းကို မသိပါဘူး။ ဗိုက်က ထမင်းတအားဆာလာလို့ အဲဒီဆိုင်ကို ထမင်းစားဖို့ ၀င်လိုက်တာနဲ့ ကျွန်တော်ဗိုက်ထဲမှာ ပြည့်လာသလို ခံစားရတယ်။ ဆာနေတဲ့ စိတ်တွေတောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ ဗိုက်ကြီးပြည့်လာပြီး မအီမသာ ခံစားလိုက်ရတယ်။ အဲဒါက တစ်ခါတစ်လေ ဖြစ်တာ မဟုတ်ဘူးနော် ဆရာ။ ထမင်းဆာလို့ အဲဒီဆိုင်ကို ထမင်းစားမလို့ ၀င်လိုက်တိုင်း အဲဒီလို ခံစားလိုက်ရတာ။ ဒါကြောင့် နောက်ထမင်းစားလာရင် အဲဒီဆိုင်ကို မ၀င်ဖြစ်တော့တာ။ ဒုတိယမြောက်ဆိုင်ကတော့ တခြားကြောင့်မဟုတ်ပါဘူး ဆရာရယ်။ နည်းနည်းညစ်ပတ်လို့ပါဟု ပြန်ပြောလေ၏။

အင်း ကျွန်တော်တစ်ခုတော့ စဉ်းစားမိတယ်ဗျ။ အဲဒါ ဘာလဲဆိုတော့ ခုနက အဲဒီဆိုင်ရှေ့က ဖြတ်လာတဲ့ အချိန် အဲဒီဆိုင်မှာ ကျွန်တော်တစ်ခု သတိထားမိတယ်ဗျ။ တစ်ဆိုင်လုံးကို ဆေးအ၀ါေ၇ာင်တွေ သုတ်ထားတာ။ အဲဒါကြောင့် ဖြစ်မယ်ထင်တယ်ဟု ပြန်ပြောလိုက်လေလျှင် ကိုမင်းသူက..

ဆေးအ၀ါရောင်နဲ့ ထမင်းစားချင်စိတ်ကုန်သွားတာနဲ့ ဘာဆိုင်လို့လဲ ဆရာသမားရဲ့ဟု ပြန်မေးလေ၏။ ထို့ကြောင့် ကျွန်ုပ်က ကျွန်တော်တို့ အရောင်နဲ့ပါတ်သက်တဲ့ ပညာရပ်မှာ (ကာလာလော်ဂျီ) အ၀ါရောင်ကို ဘယ်လို ဖွင့်ဆိုထားသလဲဆိုတော့

“ အ၀ါရောင်ဟာ လူကို ပြည့်အင်စေတယ်၊ မဆာလောင်စေဘူးလို့ ” ဆိုထားသဗျ။ ဒါကြောင့် ထမင်းဆိုင်တို့ စားသောက်ဆိုင်တို့ စတဲ့ အစားအသောက်ရောင်းတဲ့ ဆိုင်တွေမှာ ဆေးသုပ်ရင် အ၀ါရောင်ကို ရှောင်တာ ကောင်းတယ်လို့ ဆိုထားသဗျ။ အ၀ါရောင်တွေ တဆိုင်လုံး လင်းနေအောင် သုပ်ထားတာကြောင့် ဖြစ်နိုင်တယ်။ ဒါကတော့ ဗေဒင်ဆရာတစ်ဦးရဲ့ ဗေဒင်ပညာနဲ့ အမြင်ပေါ့ဗျာ။”ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေ၏။ ထိုအချိန်တွင် မှာထားသော ထမင်းဟင်းလျှာများ ရောက်ရှိလာသောကြောင့် ကျွန်ုပ်နှင့် ကိုမင်းသူသည် ထမင်းဟင်းလျှာများကို မိန်ရည်ရှက်ရည် စားသောက်ကြလေတော့သတည်း။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့)

0 comments:

Post a Comment