ပေးထားသောငွေများပြန်ရစေသောယတြာ





ကျွန်တော်ဆီကို လာတဲ့ လူတော်တော် များများမှာ ကိုယ်က ပိုက်ဆံ သူများကို ချေးထားတယ်။ တောင်းတော့ ပြန်မရဘူး။ တစ်ချို့ ဆို အတိုး ယူတာ မဟုတ်ဘူး။ ကိုယ့် မိတ်ဆွေ ကိုယ့် အပေါင်းအသင်း ၊ ကိုယ် ညီအကို မောင်နှမဆိုပြီး အလကား ကူညီပေးထားတာ။ ပြန်တောင်းတော့ လွယ်လွယ်မရဘူး။ တစ်ချို့ဆို တိုင်ချင်တဲ့ နေရာ တိုင် ။ အဲဒီလို မိုက်ရိုင်းကြတာ။ တစ်ချို့ဆို နေရာ ပြောင်းပြေးကြရော။ ပိုက်ဆံ ကူညီထားတဲ့ လူက ဘယ်လိုက်လို့ လိုက်ရမှန်း မသိတော့ဘူး။ ဒါဆိုရင် သူတို့ ဗေဒင်ဆရာဆီ ရောက်လာကြပြီ။ ဆရာ ကူညီပါ ဦးတဲ့။
ကျွန်တော်တို့ ဂမ္ဘီရ ပညာမှာ အဲဒီလိုကိစ္စ အတွက် ပညာရှိတယ်။ အဆင်ပြေတယ်။ တစ်နည်း မဟုတ် တစ်နည်း ပြန်လာပေး ရတာပါပဲ။ မပေးဘဲကို နေလို့ မရဘူး။ မြန်တာနဲ့ နည်းနည်း ကြာတာ ဒီလောက်ပဲ ရှိပါတယ်။ အဓိက ကတော့ ကိုယ်လုပ်တဲ့ နည်းစနစ် အပေါ်မှာ ယုံယုံ ကြည်ကြည် လေးလေးနက်နက် ရှိဖို့ အဓိက ပါ။


ဒါလေး လုပ်တာ ဒီလောက်တောင် အဆင်ပြေ ပါ့မလား ဆိုတဲ့ အတွေးမျိုး မရှိစေချင်ဘူး။ ပြောချင်တာက လုပ်ကြည့်ပါ။ ငွေအရမ်း ကုန်တာမှ မဟုတ်တာ။ ဒီအတိုင်း ထိုင်ပြီး လက်လျှော့ လိုက်တာနဲ့ စာရင် တစ်ခုခု ဆောင်ရွက်လိုက်တဲ့ အတွက် တစ်ခုခုတော့ ထူးခြားလာမှာ အသေအချာပဲလေ။


ပေးထားသောငွေများအမြန်ပြန်ရစေသောအစီအရင်


အပေါ်မှာ အင်းတစ်ကွက် ဖော်ပြထားပါတယ်။ အဲဒီ အင်းတော်ကြီးက သရဏဂုံ နဲ့ လက္ခဏာရေး သုံးပါးကို မြင်းသွားနဲ့ အင်းချထားတာပါ။ အရမ်းစွမ်းပါတယ်။ အလယ်မှာ အကွက်လေးကွက် လွတ်နေတယ်။ တွေ့တယ် နော်။ အဲဒီ လွတ်နေတဲ့ အကွက် လေးကွက်မှာ မိမိ ဖြစ်ချင်တာ နောက်ဆုံးမှာ စေ ခံပြီး ရေးရမှာ။ လေးလုံးပဲ ရေးရ မှာနော်။ ဥပမာ-ငွေပြန်ရစေ...။ အလုပ်ရစေ။ လူချစ်ပါစေ...။ အိမ်ပြန်လာစေ...။ အဲဒီလို ရေးရမှာ။ ရပြီနော်။


အဲဒီလို ရေးပြီးရင် ကြွေပုဂံပြား တစ်ချပ်မှာ အဲဒီ အင်းတော်ကြီးကို ကတ်လိုက်။ ကော်နဲ့ပေါ့ဗျာ။ ပြီးရင် ဘုရားစင်ပေါ်တင်။ အလယ်ခေါင် တည့်တည့်မှာ နံက် ဖယောင်းတိုင် တစ်တိုင် ညနေ ဖယောင်းတိုင် တစ်တိုင် ထွန်းပြီး ဆုတောင်းပေ တော့။ ဖယောင်းတိုင် ထွန်းရင် တစ်ခုခု ခံထွန်းနော်။ အင်းတော်ကြီးကို မီးလောင်သွားဦး မယ်။ သေချာပါတယ် ။မိတ်ဆွေတို့ရဲ့ ကိစ္စ ရက်ပိုင်း လပိုင်းအတွင်း အောင်မြင်မယ်ဆိုတာ.......


စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်




2 comments:

Anonymous said...

Can the wife do the yadayar for husband?

Anonymous said...

Can the wife do the yadayar for husband?

Post a Comment