(၂၀၁၂)-ခု ၊ဖေဖော်ဝါရီလအတွက်-ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်
ဒီလအတွင်းမှာ လုပ်ငန်းသစ်စခြင်း၊ နေရာပြောင်းခြင်း၊ အခြေအနေပြောင်းတဲ့ ကိစ္စများ အကျိုးပေး အောင်မြင်နိုင်ပါတယ်။ ပြည်တွင်းပြည်ပခရီးတွေ အောင်မြင်မယ်။ ထွက်နေတဲ့ ပစ္စည်းတွေ ငွေတွေ ပြန်ဝင်လာလိမ့်မယ်။ကွဲကွာနေသူများနဲ့ ပြန်လည်ဆုံစည်းရတတ်တယ်။ အသီး၊ အနှံ ၊ သစ်၊ သွပ်၊ သံ ၊ ရေထွက်ကုန်၊ ရွှေ၊ အလှကုန်၊ လျှပ်စစ်ပစည်း၊ ခရီးသွား လုပ်ငန်းတွေ၊ အောင်မြင်နိုင်သော အချိန် ဖြစ်ပါတယ်။ ငွေကတော့ တအားဝင်ပြီး တအားထွက်နေမယ်။ ၀မ်းဗိုက်၊ ဦးခေါင်း၊ အဆစ်အမြစ်၊ ကျန်းမာရေး ဂရုစိုက်ဖို့ လိုပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲလေးတွေ ကြုံလာရ တတ်ပါတယ်။ ဘာမဆိုအထစ်အငေါ့လေးတွေ ကြုံပေမယ့် အောင်မြင်နိုင်သောကိန်း ဖြစ်ပါတယ်။ ထီးဝါသနာပါသူများ ရှေ့ဆုံးမှာ (၄၆) ပူးနေတဲ့ ဂဏန်းကို ထိုးသင့်ပါတယ်။

ယတြာ..... ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အိမ်ဘုရားစင်မှာ ရှောက်သီး သုပ် (၄)ပန်းကန် လှူဒါန်းလိုက်ပါလေ။ မိမိကိုယ်တိုင်လည်း စားရင်း ဆုတောင်းပါ။


တနင်္လာသားသမီးများအတွက်
ဒီလအတွင်းမှာ ငွေကံ တအားကောင်းနေမယ်။ နာမည်ဂုဏ်သတင်းတက်စရာတွေလည်း ကြုံမယ်။ နိုင်ငံခြားခရီး၊ လူမျိုးခြားနဲ့ ပတ်သက်တဲ့ အလုပ်တွေ အကျိုးပေးအောင်မြင်မယ်။ ၂၇- အတွဲလိုက်ပူးပြီးတော့ စတဲ့ထီလက်မှတ်တွေ ထိုးသင့်ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်၊ ကား၊ ကွန်ပြူတာ၊ ကျောက်၊ ကင်မရာလုပ်ငန်းများ၊ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ မိသားစုထဲမှာ အလှူပွဲ မေင်္ဂလာပွဲတွေ ကြုံရတတ်ပါတယ်။အဲဒိနေ့မှာ ထီဖိထိုးသင့်ပါတယ်။ စပ်တူ စာချုပ်ကိစ္စတွေမှာတော့ မရေမရာ ဖြစ်တတ် ပါတယ်။ မြေကိစ္စ၊ အမွေကိစ္စ၊ ဖုန်းကိစ္စများကိုတော့ ခေတ္တဆိုင်းငံ့ထားသင့်တဲ့အချိန်ပါပဲ။ ဘာမဆို နှစ်မျိုးနှစ်ခု ကြုံနိုင်ပါတယ်။ အာရုံကြော၊၀မ်းဗိုက်၊ ဆီး၊ မျက်စိရောဂါများ ဂရုစိုက်ရမယ့် ကာလဖြစ်ပါတယ်။

ယတြာ.... ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတေါပိုကောင်းလာစေဖို့အတွက် ဂုဏ်တော်ကိုးပါး ပုတီး ၂၇-ပတ် ၂-ရက်ဆက်ပြီး အဓိဋ္ဌာန်နဲ့ စိပ်လိုက်ပါလေ။


အင်္ဂါသားသမီးများအတွက်
ဒီလအတွင်းမှာ တအားပင်ပန်းမယ်။ စိတ်မောလူမောတွေ ဖြစ်ရမယ်။ အလုပ်ပိပြီး ကျန်းမာရေး ညံ့သွားတတ်ပါတယ်။ စိတ်တိုင်းမကျစရာတွေ များနေမယ်။ တတ်နိုင်သမျှ စိတ်ရှည်ရှည် ခေါင်းအေးအေးနဲ့ အလုပ်တွေကိုသက်တောင့်သက်သာလေး လုပ်သွားသင့်တဲ့ အချိန်ဖြစ်ပါတယ်။ အလုပ်ထွက်ချင် ပြောင်းချင်တဲ့ ဆန္ဒ ခေတ္တလေး စောင့်သင့်ပါတယ်။နေရာကိစ္စ အိမ်ကိစ္စများတိုးလို့တန်းလန်း ဖြစ်နေ တတ်ပါတယ်။ မိတ်ကောင်းဆရာကောင်းတွေရဲ့ အကူအညီကောင်းတွေ ပေါ်လာမယ်။ နိုင်ငံခြားနဲ့ ပတ်သက်လို့ အဆက်အသွယ် အခွင့်အရေးကောင်း ပေါ်လာတတ်တယ်။ မြေ ၊ အမွေ ၊ ဖုန်း၊ အထည် ၊ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊လျှပ်စစ်လုပ်ငန်းတွေမှာတော့ အထူးအောင်မြင် အကျိုးပေးနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ခြေထောက်၊ ခါး၊ အစာအိမ်၊ ကျန်းမာရေး သတိပြုသင့်ပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ အတွက်တော့အဆင်မပြေမှု့တွေ များနေပါ့မယ်။ ထီဝါသနာပါရင် ၅၇-အတွဲလိုက် စတဲ့ ထီလက်မှတ်ကို ရှာထိုးပါလေ။

ယတြာ...... ညံ့တာတွေပြေပျောက် ကောင်းတာတွေ ပိုကောင်းလာဖို့အတွက် ဗုဒ္ဓေါဂုဏ်တော် ပုတီး (၅)ပတ်၊ (၅)ရက်စိပ်ပြီး အဓိဋ္ဌာန် ၀င်လိုက်ပါလေ။



ဗုဒ္ဓဟူးသားသမီးများအတွက်
ဒီလအတွင်းမှာ ကံအညံ့လေးတွေ များနေပါတယ်။ အဖက်ဖက်က အနှောင့်အယှက် အယှက်ရှိမယ်။ ခရီးသွားခြင်းဟာ အကောင်းဆုံးယတြာပါပဲ။ နေရာသစ်၊ အိမ်သစ်၊ လုပ်ငန်းသစ်၊ အစီအစဉ်းများ အထူးပဲ ကောင်းပါတယ်။ရပ်ဝေးပြည်ပကိစ္စတွေ အတွက်လည်း ဦးစားပေးပြီး စီစဉ်သင့်ပါတယ်။ ကွဲကွာနေသူများ ပြန်ဆုံခြင်း ၊ ရပ်ဝေးက အကူအညီ ကောင်းရခြင်းများ ကြုံမယ်။ ငွေကတော့ တအားဝင်သလို တအားထွက်နေလိမ့်မယ်။မထင်မှတ်တဲ့ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်းကောင်းတွေ ပေါ်လာတတ်ပါတယ်။ အသီးအနှံ၊ ရေထွက်ကုန်၊ သစ်၊ သံ ၊ သွတ်၊ အလုပ်များ တိုးချဲ့သင့်တဲ့ အချိန်ဖြစ် ပါတယ်။ မီး၊ လျှပ်စစ်၊ သူခိုး၊ သတိထားသင့်တဲ့အချိန်ဖြစ်ပါတယ်။ ရာထူး နေရာကိစ္စတွေမှာလည်း အနှောင့်အယှက်တွေ ကြားက အောင်မြင်သွားတတ်ပါတယ်။ စပ်တူအလုပ်များ သတိထားပါ။ အရေးကြီး စာရွက်စာတမ်းများ သတိထားပါ။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်စားများ၊ ၇ပ်ဝေးခွဲရကိန်း ရှိနေပါတယ်။ ထီဝါသနာပါရင် (၁၄)အတွဲလိုက် စတဲ့နံပတ်ရှာပြီး ထိုးပါ။

ယတြာ.... ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အရဟံသိဒ္ဓိ ပုတီး ၆-ပတ် ၆-ရက် အဓိဋ္ဌာန်ဝင်လိုက်ပါ။



ကြာသပတေးသားသမီးများအတွက်...
ဒီလအတွင်းမှာ အဆင်မပြေလွဲချော်မှု့တွေ များနေမယ်။ ဟိုဟာလုပ်ရတော့မ လိုလို ၊ ဒီဟာလုပ်ရတော့ မလိုလိုနဲ့ အချိန်ကုန် နေတတ်ပါတယ်။ သူများပြဿနာတွေမှာလည်း ကြားညှပ်တတ်ပါတယ်။ ဘာမဆို စိတ်ရှည်သင့်တဲ့ အချိန်ပါပဲ။ လုပ်ငန်းသစ်စတာ တဖြေးဖြေးတိုးချဲ့တာ၊ စပ်တူရှယ်ရာအလုပ်၊ စာချုပ်လုပ်ငန်းတွေ ကောင်းပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက္ကူ။ စာအုပ်၊ အင်္ဂါနံတွေ အလုပ်ဖြစ်မယ်။ မထင်မှတ်ဘဲ အိမ်အလုပ်၊ နေရာ၊ရာထူး၊ ဆိုင်ခန်း၊ အခွင့်အရေးတွေ ကြုံတတ်ပါတယ်။ နိုင်ငံခြားနှင့် ပတ်သက်နေတဲ့ အခွင့်အရေးကောင်း အဆက်အသွယ် ကောင်းတွေလည်း ရတတ်ပါတယ်။ မိတ်ရင်း ဆရာရင်းတို့ကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။ ငွေကံကတော့အတော်လေး နိမ့်နေပါတယ်။ ငွေများများ ရှိရင်လည်း ဆေးဖိုးဝါးခ ဖြစ်သွားတတ်ပါတယ်။ အိမ်ထောင်ရှင်များ၊ အဆင်မပြေမှု့တွေ ပြေလည်သွားလိမ့် မယ်။ ချစ်သူရည်းစားများကတော့ ဆုံးဖြတ်ရခက်တဲ့ အကျပ်အတည်းမျိုး ကြုံလာတတ်ပါတယ်။ (၃၁) အတွဲလိုက် စတဲ့ ထီလက်မှတ်ကို ရှာပြီး ထိုးသင့်ပါတယ်။

ယတြာ... ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် စာအုပ် ၃-အုပ်၊ လက်ဆောင် ပေးရင်း လိုရာ ဆုတောင်းပါလေ။



သောကြာသားသမီးများအတွက်
ဒီလအတွင်းမှာ ထွက်နေ၊ ဆုံးရှုံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။ လုပ်ငန်းဟောင်း နေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်း ပြန်လည် ဆုံဆည်းရတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်တာကိုလည်း သတိပြုဖို့ လိုပါတယ်။ ငွေ တအားရွှင်မယ်။ ရတနာပစ္စည်းတွေ အလှကုန် ပစ္စည်းတွေတအားရွှင်မယ်။ ကား၊ ကျောက် ၊ ကွန်ပြူတာ၊ ကင်မရာ၊ ရွှေ၊ အလှကုန် လုပ်ငန်းတွေ အကျိုးပေးအောင်မြင်မယ်။ သူတစ်ပါး မနာလိုဖြစ်လောက်အောင် စီးပွားတက်အောင်မြင်မယ့် ကိန်းမျိုးဖြစ်ပါတယ်။ တမင် ရန်စ နှောက်ယှက်တာမျိုးတွေ ခံရတတ်ပါတယ်။ လူရင်း လူယုံဒုက္ခပေးတတ်ပါတယ်။ ဘယ်ကိစ္စမဆို အနှောင့်အယှက်လေးတွေ ကြုံပြီးမှ အောင်မြင် တတ်ပါတယ်။ ချစ်သူရည်စားများအတွက် ကံကြမ္မာ အထူးပွင့်လင်းနေပြီး အိမ်ထောင်ရှင်များအတွက်တော့ မတင်မကျကိစ္စလေးတွေရှိနေပါလိမ့်မယ်။ ထီဝါသနာရှင်များ အနေနှင့်ကတော့ ၂၄-၄၂-အတွဲလိုက်စတဲ့ ထီနံပါတ်ကို ဖိဖိစီးစီး ထိုးသင့်ပါတယ်။

ယတြာ...... ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ကလေးများကို လဘက်ရည်နဲ့ ကိတ်မုန့် ဒါနလုပ်ပြီး လိုရာဆုကိုတောင်းပါလေ။



စနေသားသမီးများအတွက်
ဒီလအတွင်းမှ အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာမယ်။ စီးပွားရေးလုပ်ငန်းတွေ အထူးတိုးချဲ့သင့်တဲ့ အချိန်ကာလ သမယပါပဲ။ မိတ်ကောင်း ဆရာကောင်းတွေ တွေ့မယ်။ စပါတူရှယ်ရာအလုပ်၊ပြည်တွင်းပြည်ပခရီး၊ ပညာရေးကိစ္စတွေ အထူးကောင်းပါတယ်။ ဆန်ဆီဆေးဆား၊ စက်မှု့၊ စာအုပ်၊ မြေ ၊ အမွေ၊ ဖုန်း ကိစ္စများမှာ အောင်မြင်မယ်။ အလှူအတန်း မင်္ဂလာကိစ္စများနဲ့လည်း ကြုံကြိုက်ရတတ်ပါတယ်။ ဘာသာရေး လုပ်သလောက်၊ ကံပွင့်လန်းနေမယ့်ရက်မျိုး ဖြစ်ပါတယ်။ ဆွေမျိုးသားချင်း တွေနဲ့တော့ ပြဿနာ ကြီးကြီးမားမား ဖြစ်ရတတ်ပါတယ်။ လူရင်းတို့ရဲ့ မကောင်းသတင်းတချို့လည်း ကြားရတတ်ပါတယ်။ အထည် ၊ထီး၊ ဖိနပ်၊ ရွှေ၊ အောက်လက်ငယ်သားတို့ အတွက်တော့ စိပ်ရှုပ်ခေါင်းစားရတတ်ပါတယ်။ ချစ်သူရည်စားများ၊ ဆုံးဖြတ်ရခက်တဲ့ အခြေအနေ ကြုံလာမယ်။ အိမ်ထောင်ရှင်ဆိုရင် အညံ့များနေတတ်ပါတယ်။ ထီထိုးမယ်ဆိုရင် (၃၅)ပူးနေတဲ့ ထီလက်မှတ်ဟာ လာဘ်လာဘတွေ ခေါ်ဆောင်လာပါလိမ့်မယ်။ ဒူး၊ နား၊ ရင်ဘတ်၊ သတိထားပါ။

ယတြာ.... ညံ့တာတွေပြေပျောက်၊ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အိမ်ဘုရားစင်မှာ စမူစာရှစ်ခု ဆွမ်းတော်ကပ်လှူပါ။ မိမိကိုယ်တိုင်လည်း စားရင်း ဆုတောင်းပါ။

0 comments:

Post a Comment