မည်သူမဆို အလုပ်မရှိသေး၍ အလုပ်တစ်ခုကို အမြန်ဆုံးရှာနေသောသူများ အောက်ပါ အစီအရင်အတိုင်း ဆောင်ရွက်ကြပါလေ။ ထိုအစီအရင်သည် အလုပ်အမြန်ရစေသော အစီအရင်ပင်ဖြစ်ပါသည်။ အလုပ် အမြန်ရစေသော ဂါထာကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။ ထိုဂါထာကလေးကို ကူးယူပြီးလျှင် ဖယောင်းတိုင် တစ်တိုင်လျှင် ဂါထာစာရွက် တစ်ရွက်ကပ်ပါလေ။ ပြီးလျှင် နံက်ကိုးနာရီတိုင်း ထိုဖယောင်းတိုင်ကို မီးထွန်း၍ ဘုရားပူဇော်ပြီး ဆုတောင်းပါလေ။ ဖယောင်းတိုင် မကုန်မီ အလုပ်သစ်ကို ရပေလိမ့်မည်။ အသက်(၄၀)ရှိသော လူ အလုပ်ရှာလိုလျှင် ဖယောင်းတိုင် အတိုင်(၄၀)လုပ်ရမည်။ အသက်(၂၀)ရှိသောလူ အလုပ်ရှာလိုလျှင် အတိုင်(၂၀)လုပ်ရပါမည်။
အလုပ်ရစေသက်စိစေဂါထာ
ဥုံ တာပုန္န ဂဗ္ဘိမာတာတေ ကတွာ ဟေတွာ
ဗလံ ၀ိဇ္ဇာရိတံ ပုတ္တံ သုခေနစ။
ဗလံ ၀ိဇ္ဇာရိတံ ပုတ္တံ သုခေနစ။



2 comments:
ဆရာ
အထက်ပါ ဂါထာကို ကူးယူရာတွင် copy ကူးထားတဲ့စာရွက်ကို သုံးလို့ ရလား..
ကိုယ်တိုင်လက်ရေးနဲ့ ကူးရမှာလား သိချင်ပါတယ်..
ဆရာ
အထက်ပါ ဂါထာကို အလုပ်ရှိလည်း အလုပ်သစ် အမြန်ဆုံးရှာနေသောသူများသုံးလို့ ရလား?
Thank you so much Sayar..
Post a Comment