(20) စီရင်ချက်

နတ်သားတစ်ပါးက တိမ်ကြားထဲမှ ထွက်လာကာ တံပိုးခရာ မှုတ်နေသည်။ တံပိုးခရာနှင့် တွဲလျှက် အဖြူရောင်နောက်ခံတွင် အနီရောင် ကြက်ခြေပါသော တံခွန်ကို တွဲချဉ်ထားသည်။ ကိုယ်လုံးတီးနှင့် လူသုံးဦးတို့က ခေါင်းများထဲမှ ထွက်လာကာ လက်ဆန့်တန်းနေကြသည်။ အဝေးမှ လူများကလည်း ထိုသို့ပင် လုပ်နေကြသည်။ သူတို့အားလုံး ကိုယ်လုံးတီး ဖြစ်နေကြခြင်းမှာ လောကီအဆောင် အယောင် ၀တ်ရုံများကို ခွါချကာ စိတ်ပိုင်းဆိုင်ရာ တန်းဖိုးများကို ဆင်မြန်းနေကြသည်။

တံပိုးခရာမှုတ်သံသည် လူတို့အား လွတ်မြောက်မှု့ကို ဖြစ်စေသည်။ အချို့ကဒ်များတွင် အဝေးမှ တောင်တန်းပုံများ ပါတတ်သည်။ ရှေ့ဟောင်းကဒ်ပြားများတွင် ဤကဒ်ကို နတ်သားဟု ခေါ်ကြသည်။ ဤကဒ်ပြားသည် အတွေးအခေါ် ပြောင်းလဲမှု့ ဘ၀သစ်လမ်း ကြောင်းပေါ် ရောက်မှု့တို့ကို ပြဆိုသည်။ ဤကဒ်ပြားသည် အရှေ့တိုင်း ဒဿနအရ ကံကြမ္မာကို ဆိုလိုသည်။ အနောက်တိုင်း ဒဿနအရ ကိုယ်ပြုသမျှ ကိုယ်ခံရ ၊ စံရမည်ဆိုသော သဘောကို ကိုယ်စားပြုသည်။

ဒီကတ်ပြားမှာ ကောင်းကင် တမန်တော်က တံပိုးခရာ မှုတ်ပြီး နှိုးလိုက်တဲ့ အခါမှာ သချိုင်း ကုန်းက သေနေသူတွေ ပြန်ပြီး ရှင်သန် ထမြောက်လာတဲ့ နိမိတ်ပုံတွေကို တွေ့ရပါတယ်။ သေနေတဲ့ လူတွေတောင် ပြန်ရှင်လာတယ် ဆိုတော့ ဒီကတ်ပြားကို အကောင်း သဘောပဲ ယူဆ ရမှာပေါ့။

ပျောက်နေတဲ့ သူတွေ ပြန်တွေ့မယ်။ ကွဲကွာနေတဲ့ သူတွေ ပြန်ဆုံမယ်။ မိတ်ဟောင်း ဆွေဟောင်း တွေနဲ့ ပြန်တွေ့မယ်။ ထွက်နေ ပျောက်နေတဲ့ ပစ္စည်းတွေ ငွေတွေ ၊ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ ပြန်ပြီး ရတတ်တယ် ဆိုတဲ့ သဘောတွေကို အဟော ထုပ်ရမှာ ပေါ့ ခင်ဗျာ။

ဒီကတ်ပြားမှာ လည်း တစ်ခု သတိထားရမှာက မေးတဲ့ မေးခွန်းအပေါ် မူတည်ပြီင်္း အဖြေဟာ အများကြီး ပြောင်း သွားနိုင်ပါတယ်။ ကျွန်တော့် အဖိုး အသည်း အသန် ဖြစ်နေတယ်။ သူ့ရဲ့ အခြေအနေကို ကြည့်ပေးပါ လို့ မေးလာလို့ ဒီကတ်ပြား ကျလာခဲ့ရင် သူ့အဖိုးကို မေးတာ ဖြစ်တဲ့ အတွက် သူ့အဖိုး အသက်မသေ ပြန်ရှင်မယ် လို့ ဟောနိုင်ပါတယ်။

အဲဒီလို မဟုတ်ပဲ ကျွန်တော် အဖိုး လေဖြတ်ပြီး အိပ်ယာထဲ လဲနေတယ်။ အဲဒီ ရောဂါ အခြေ အနေလေး သိချင် လို့ပါ လို့ မေးလာခဲ့ရင် ရောဂါကို မေးတာ ဖြစ်တဲ့အတွက် ရောဂါဟာ ပြန်ရှင်လာမယ်။ အားကောင်းလာမယ် ဆိုတဲ့ အဓိပ္ပါယ် ထွက်လာပါတယ်။ ရောဂါ အားကောင်းလာမှာ ဖြစ်တဲ့ အတွက် သူ့အဖိုးရဲ့ အသက်ဟာ စိုးရိမ် ရေမှတ်ကို ရောက်သွားပြီလို့ ပြောရမှာပါပဲ...။ အဲဒီတော့ ဘယ်လို မေးခွန်းကိုပဲ မေးမေး နံပါတ်(၂၀) ရှင်ပြန် ထမြောက် ကတ်ပြား ကျလာခဲ့ရင်....

# ကောင်းးသည် ၊ ရမည် ၊ အောင်မြင်မည် ရယ်လို့ပဲ အဟော ထုပ်ရမှာပေါ့။ အသစ်တစ်ဖန် ပြန်ဖြစ်ခြင်း ဆိုတဲ့ သဘော လေးကိုပါ တွဲပြီး ဒီကတ်ပြားကို ကောင်းရှင်ပြန် ရယ်လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
# ထွက်နေ ၊ ဆုံးရှုံးနေသော ငွေများ ၊ ပစ္စည်းဟောင်း များ အခွင့်အရေး ဟောင်းများ ပြန်ရလာမည်။
# ကွဲကွာနေသူများ ပျောက်ဆုံးနေ သူများနှင့် ပြန်လည် ဆုံတွေ့ရတတ်သည်။
# လုပ်ငန်းဟောင်း ။ နေရာဟောင်း ၊ အဖြစ် အပျက်ဟောင်းများနှင့် ပြန်ကြုံရတတ်သည်။
# အံ့သြစရာ ကောင်းလောက်အောင် အကူ အညီ ကောင်းပေးမည့် သူများ ပေါ်လာမည်။
# ကျန်းမာရေး ညံ့နေလျှင် ဆရာကောင်း ဆေးကောင်းများနှင့် ကြုံမည် ဆိုတဲ့ ဟောချက်မျိုးတွေ ဟောနိုင်ပေတာပေါ့ဗျာ...။

ဒီအောက်က ဟောကိန်းလေးတွေကတော့ အဘမင်းသိင်္ခရဲ့ ပုံသေနည်းလေးတွေ ဖြစ်ပါတယ်...

၁။ ရပ်ဝေးရောက်နေသော အိမ်သားတစ်ဦး ပြန်ရောက်လာလိမ့်မည်။
၂။ မိမိအထက်အရာရှိတစ်ဦး ပြောင်းရတော့မည်။ ရက်ပိုင်း သာလိုတော့သည်။
၃။ ယခုမှ နှစ်လကျော်လျှင် စီးပွားအလွန်တက်မည်။ တစ်စုံ တစ်ဦး ကလေးမွေးဖွားသောသတင်းကြားရလျှင်လည်း စီးပွားတက်တတ်ပါသည်။
၎။ ဆွေမျိုးထဲမှ အမျိုး သမီးကြီးတစ်ဦး၏ အကူအညီကိုရမည်။
၅။ ရွှေဝင်မည်။
၆။ လက်တွဲရန် အဖော်ကောင်းရမည်။
၇။ဘုရားဖူးခရီးသွားရတတ်သည်။ (သို့မဟုတ်) မွန်မြတ်သောခရိးကို ဆိုလိုပါသည်။
၈။ ရပ်ဆိုင်းထားသောလုပ်ငန်းများကို ပြန်လည်ရှင်သန်လာမည်။
၉။ နာမည်ဂုဏ်သတင်းများ နေ့ချင်းညချင်း တိုးတက်လာမည်။
၁၀။ မျှော်လင့်ထားသော အကြောင်းအရာအားလုံး လက်ဝယ် ပိုင်ပိုင်ရရှိမည်။
၁၁။ ထူးခြားသော စာအုပ်တစ်အုပ် ဖတ်ရမည်။ ထိုစာအုပ်မှ အကြံသစ်ဥာဏ်သစ်ရရှိမည်။
၁၂။ ဥာဏ်မကွန့်ပါနှင့် ရိုးရိုးသားသားလုပ်ပါ။ မုချအောင်မြင်မည်။

လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . . ထိုကိစ္စ မုချအောင်မြင်ပါလိမ့်မည်။
အစပထမတွင် မအောင်မြင်သကဲ့သို့ ဖြစ်နေပြီး နောက်ဆုံး၌ အောင်မြင်ပါလိမ့်မည်။

0 comments:

Post a Comment