
နောက်ဘက်တွင် နေကြာပန်းခင်းကြီးက လန်းစွင့်နေသည်။ ကလေးငယ်က မြူးတူးရွှင်ပျစွာဖြင့် လက်များဆန့်တန်း ကြိုဆိုနေသည်။ ကလေး၏ မျက်နှာပြင်က ၀င်းလက်နေ၏။ ရှေးလူကြီးများ၏ အယူအဆအရ သူရိယနေမင်းသည် မဟာဆန်မှုနှင့် သစ္စာရှိသူတို့၏ သင်္ကေတ ဖြစ်သည်။ ရှေးခေတ် ရောမ လူမျိုးတို့နှင့် အီဂျစ်လူမျိုးတို့က သူရိယအမှတ်အသား ကို သူတို့၏ အဆောက်အအုံများတွင် တန်ဆာဆင်ထားတတ်ကြသည်။ အချို့ အရပ်သားများသည် သူရိယ အမှတ်အသားကို အဆောင်လက်ဖွဲ့ အနေဖြင့်ထားပြီး အောင်မြင်မှုနှင့် အန္တရာယ်ကင်းမှုအတွက် ဆောင်တတ်ကြ၏။
နေမင်းသူရိယ၏ မွေးနေ့မှာ ဒီဇင်ဘာ 25 ရက်ဖြစ်သည်။ ထိုနေ့ကို ခရစ်ယာန်ဘာသာဝင်များက ခရစ်တော်မွေးနေ့အဖြစ် ယူထားကြ၏။ ဤကတ်ပြား၏ နိမိတ်မှာ အိမ်ထောင်ရေး ကောင်းမှု၊ လွတ်လပ်ပျော်ရွှင်မှုရှိုခြင်းတို့၏ သရုပ်ဖြစ်သည်။
ဒီကတ်ပြားဟာ သူရိယ နေမင်းကြီးကို ကိုယ်စားပြုတဲ့ ကတ်ပြား ဖြစ်ပါတယ်။ အချို့ ဂန္ဓာရီ ပညာရှင် များက ကျတော့လည်း နေမင်းကြီး မဟုတ်ဘူး ။ နေမင်းကြီးရဲ့ သားတော်လေး ဖြစ်တယ်လို့ ယူဆကြ ပါတယ်။ ဒါကြောင့် ဒီကတ်ပြားကို “နေမင်း၏ သားတော် ” လို့ လည်း ခေါ်ဝေါ်ကြပါတယ်။
သူရဇ္ဇလို့ ခေါ်တဲ့ သူရဇ္ဇ နေမင်းကြီးဟာ ကျွန်တော်တို့ စကြာဝဠာမှာ အကြီးမားဆုံး ။ အလင်းလက် ဆုံး အရှိန်အ၀ါ အထက်မြက်ဆုံး ဖြစ်ပါတယ်။ ဒီစကြာဝဠာရဲ့ အသက်ဓာတ်လို့ သတ်မှတ်ကြပါတယ်။
အဲဒိတော့ ဒီကတ်ပြားကို အကောင်းသဘော လို့ ယူဆရမှာ ဖြစ်ပါတယ်။ နာမည် ဂုဏ်သတင်း ကြီးမားခြင်း ၊ အရှိန်အ၀ါ သြဇာအာဏာ ထက်မြက်ခြင်း ၊ တစ်ပါးသူတို့ကို ကူညီ ထောက်ပံ့ နိုင်ခြင်း ဆိုတဲ့ သဘောတွေကို ထည့်ပြီး ဟောရမှာ ဖြစ်ပါတယ်။
နေမင်းကြီးရဲ့ သားတော်ဟာ မြင်းတစ်ကောင်ကို စီးပြီး ပျော်ရွှင်စွာ ခရီး ထွက်လာခဲ့ပါတယ်။ အဲဒီတော့ အောက်လက်ငယ်သား သားသမီး တို့နှင့် ပါတ်သက်ပြီး သတင်းကောင်း ကြားရခြင်း ၊ ပျော်ရွှင်ဖွယ် ခရီး ၊ အကျိုးထူး သောခရီးများ သွားရခြင်း ဆိုတာတွေလည်း ထည့်ပြီး ဟောရမှာ ဖြစ်ပါတယ်။ အဲဒါတွေကို ခြုံငုံ စဉ်းစား လိုက်တဲ့ အခါ ဘယ်လို မေးခွန်းမျိုးကိုပဲ မေးလာမေးလာ နံပါတ်(၁၉) နေသူရိန် ကတ်ပြား ကျလာ ခဲ့ရင် .......
1. ဖြစ်မည် ရမည် အောင်မြင်မည် ဆိုတဲ့ အဟောတွေပဲ ဟောရမှာ ဖြစ်ပါတယ်။ လောကမှာ ထယ်ဝါ ထင်ပေါ်တဲ့ သဘော ကိုပါ တွဲစပ်ပြီး ဒီကတ်ပြားကို ကောင်းထင်ပေါ် ရယ်လို့ အလွယ် မှတ်ထား နိုင်ပါတယ်။
2. အောက်လက်ငယ်သား ၊ သားသမီး တို့နှင့် ပတ်သက်ပြီး သတင်းကောင်း ကြားရမည်။
3. နာမည် ဂုဏ်သတင်း တိုးတက်ခြင်း သြဇာ အာဏာ တိုးတက်ခြင်းများ ဖြစ်လာမည်။
4. ၀န်ထမ်းဆိုလျှင် ရာထူးတိုး တက်မည်။
5. ပျော်ရွှင်ဖွယ် ခရီး ၊ အကျိုး ထူးသော ခရီးများ သွားရလိမ့်မည်။
6. ရပ်ဝေးက သတင်းကောင်း ၊ ဧည်သည်ကောင်းများ ရောက်လာမည်။
7. ကား ၊ ဆိုင်ကယ် ၊ စက်ဘီး စသော ယာဉ်များ ၀င်လာတတ်သည် စသော ဟောကိန်းများ အဟောထုပ် နိုင်ပေတာပေါ့ဗျာ...။
ဒီအောက်က ဟောကိန်းလေးတွေကတော့ အဘမင်းသိင်္ခရဲ့ ပုံသေနည်းလေးတွေ ဖြစ်ပါတယ်...
၁။ ပညာထူးချွန်မည်။
၂။ စပ်တူလုပ်ငန်းလုပ်ရမည်။ အောင်မြင်မည်။
၃။ အချစ်ရေးကံကောင်းသည်။ အိမ်ထောင်ရေး ပို၍ ကံကောင်းပါသည်။
၎။ ဆွေးမျိုးကို အကြောင်းပြုပြီး လင်မယားစိတ်ကောက်ရခြင်းရှိသည်
၅။ အောင်မြင်မည့်ကာလဖြစ်သည်။ ဘာကိုပဲလုပ်လုပ်ရဲရဲလုပ်ပါ။
၆။ ရပ်ဝေးခရီးရှိသည်။
၇။ မုချ တိုးတက်ခြင်းဖြစ်သည်။
၈။ မမျှော်လင့်သောသူထံမှ အကူအညီရမည်။
၉။ ယခုအခါ အောင်မြင်ခြင်းသည် ကြီးမားသော အကောင်မြင်ခြင်းဖြစ်သည်။
၁၀။ ငွေ (၇) ဂဏန်းဆုံးရှုံးတတ်သည်။
၁၁။ စွန့်စားရသော လုပ်ငန်းများကို လုပ်နိုင်ပါသည်။
၁၂။ ပြည်တွင်းပြည်ပခရီးများသွားရလိမ့်မည်။
၁၃။ လုပ်ချင်သောလုပ်ငန်းကို ရဲရဲသာလုပ်ပါ။ မုချအောင်မြင်မည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါမူ . . ထိုကိစ္စ မုချအောင်မြင်ပါလိမ့်မည်။ ပျော်ရွှင်မှုနှင့် အဆုံးသတ်ပါလိမ့်မည်။
0 comments:
Post a Comment