ချစ်သူများ ( The Loers )

နေမင်းသည် အထွတ်အထိပ်သို့ ရောက်ကာ အစွမ်းကုန် ထွန်းလင်း တောက်ပလျက်ရှိ၏။ နေမင်း၏ အောက်တွင် တောင်ပံနှစ်ဖက်ပါသော တမန်တော် တစ်ဦသည် လက်နှစ်ဖက် ဆန့်တန်းလျက် ကောင်းချီးမင်္ဂလာများ ဖြန့်ဝေပေးနေသည်။ တမန်တော်၏ ရှေ့တွင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးပုံ ရှိသည်။

နှစ်ဦးလုံး အ၀တ်တန်ဆာ မ၀တ်ဆင်ထား၊ ကမ္ဘာမြေ၏ အဦးအစ အာဒမ်နှင့် ဧ၀ ပုံမျိုးဖြစ်သည်။ အမျိုးသားဖြစ်သူ၏ နောက်တွင် အသက်နှင့်ဆိုင်သော အပင်တစ်ပင်ရှိ၏။ ထိုအပင်မှ အသီး 12 သီး သီးနေသည်။ အမျိုးသမီး ဖြစ်သူ၏ နောက်တွင် အကောင်းအဆိုး ခွဲခြားသိသော ပညာနှင့်ဆိုင်သော သစ်ပင် တစ်ပင်ရှိသည်။

၎င်းသစ်ပင်တွင် မြွေတစ်ကောင် ရစ်ပတ်နေသည်။ အမျိုးသမီး ၊အမျိုးသားတို့၏ ပုံများသည် နုပျိုမှု၊ အပျိုစင် ၊ လူပျိုစင် ဖြစ်မှု၊ အပြစ်ကင်းစင်မှုနှင့် မေတ္တာတို့၏ အမှတ်အသား ဖြစ်သည်။ ဤကတ်သည် ဘ၀ဖြစ်တည်မှုနှင့် သစ္စာတရားတို့၏ သရုပ်ကို ဆောင်သည်။

အချို့ကတ်ပြားများတွင် တောင်ပံပါသော တမန်တော်အစား လေးနှင့်မြား ကိုင်ဆောင်ထားသော ၀၀ကစ်ကစ် ချစ်စဖွယ်ရာ မြားနတ်မောင်ကလေးကို ထည့်သွင်းထားသည်ကို တွေ့ရ၏။ ပထမပိုင်း ထုတ်ဝေသော ကတ်များသည် နတ်မိမယ် သုံးပါး၏ ပုံပါ၏။ နောက်ပိုင်းတွင်ကား နှစ်ပါးသာ ပါတော့၏။

(6).The Lovers-ချစ်သူနှစ်ဦး)

ဒီကတ်ပြားရဲ့ အဓိက ဇာတ်လိုက် များကတော့ ယောက်ျားတစ်ယောက်နဲ့ မိန်းမ တစ်ယောက် ချစ်သူနှစ်ဦး ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ ကတ်ပြားဆိုတော့ အကောင်းလို့ ယူဆရုံ မှ တစ်ပါး အခြား မရှိနိုင်ပါဘူး။ ဒဲ့(တည့်)ကြီးပြောမယ် ဆိုရင်တော့ အချစ်ရေး အချစ်ရာ ကိစ္စ များ အောင်မြင်မည်လို့ ပြောလိုက်ရုံပေါ့ဗျာ....

ဒီကတ်ပြားကို ထပ်ပြီး စဉ်းစားကြည့်ရအောင်ပါ။ ချစ်သူ နှစ်ဦးဟာ အိမ်ထဲ အဆောက်အဦးထဲ မှာ မရှိဘဲ ကွင်းထဲကို ရောက်နေပါတယ်။ ဟိုး နောက်မှာလည်း တောင်တန်းတွေကို လှမ်းပြီး မြင်နေရပါတယ်။ အဲဒီတော့ ကျွန်တော်က နံပါတ်(၆) ကတ်ပြားကို တွေ့တဲ့အခါတိုင်း ခရီးကောင်း သွားရမည်။ ၀မ်း သားစရာ စကားတွေ ကြားရမယ်။ ပျော်ရွှင်ဖွယ် ခရီးတွေ ဖြစ်မယ်။ အချစ်ရေးနှင့် ပါတ်သက်တဲ့ ခရီး သွားရတတ် တယ်။ ချစ်သူရဲ့ သတင်းကောင်း ကြားရမယ်... ဆိုတာမျိုးတွေ ထည့်ပြီး ဟောလေ့ရှိပါတယ်။

ချစ်သူနှစ်ဦးမှာ မိန်းမပျိုဟာ ကောင်းကင်ပြင်ကို မော့ပြီး ကြည့်နေပါတယ်။ လုင်ပျိုကတော့ မြေပြင်ကို ငေးစိုက်နေပါ တယ်။

ကမာ့္ဘတွေးခေါ် ပညာရှင်ကြီးများက မိန်းမများဟာ အချစ်ရေး အချစ်ရာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ဘ၀ မြင့်မားအောင် မြင်မှု့များကို မျှော်လင့်လေ့ရှိတယ်။ ယောက်ျားများကတော့ အချစ်အတွက် ဆိုရင် အနစ်နာခံ စွန်လွှတ်ဖို့ ဆုံးဖြတ် ထားလေ့ရှိတယ်လို့ ပြောခဲ့ကြဖူးပါတယ်။ ဒီကတ်ပြားမှာလည်း အဲဒီ သဘော သဘာဝကို ဖော်ညွန်းထားတယ် ရယ် လို့ ပညာရှင် အချို့က ဖွင့်ဆိုကြပါတယ်။

ဒီကတ်ပြားထဲက သစ်ပင်တစ်ပင်မှာ မြွေတစ်ကောင် တက်နေတာကိုလည်း တွေ့ရပါတယ်။ ဒဲ့(တည့်) ဟောမယ်ဆို ရင်တော့ အဆိတ်ရှိသော သတ္တ၀ါ သတိထားရမည်ပေါ့ဗျာ...။ နောက်တစ်ခုကတော့ ပုံထဲမှာ ချစ်သူနှစ်ဦးကို အချစ် နတ်သမီးက ကောင်းချီး ပေးနေတာကို တွေ့ရပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ အချစ်ရေးကိစ္စ ၊ မင်္ဂလာကိစ္စတွေမှာ ကူ ညီပံ့ပိုးပေးမယ့်သူတွေ ပေါ်ပေါက်လာမယ်လို့လည်း ဟောနိုင်တာပေါ့။ အဲဒါတွေ အားလုံးကို ခြုံလိုက်တဲ့အခါ ...

1. ဘယ်မေးခွန်းကိုပဲ မေးမေး ကောင်းသည် ၊ ဖြစ်မည် ၊ အောင်မြင်မည် ၊ ရမည်လို့ ဟောနိုင်ပါတယ်။ ချစ်ခြင်း မေတ္တာရဲ့ သဘောသဘာဝ တွေနဲ့ ဆက်စပ်ပြီး ဟောပြျောနိုင်တဲ့ အတွက် ကောင်းချစ်လို့ အလွယ်မှတ်ထား နိုင်ပါတယ်။
2. ချစ်သူနှင့် ပတ်သက်၍ သတင်းကောင်း ကြားမည်။
3. အချစ်ရေးကိစ္စ ၊ မင်္ဂလာကိစ္စတွင် ကူညီပံ့ပိုးပေးမည့်သူများ ပေါ်ပေါက်လာလိမ့်မည်။
4. ကောင်းသောခရီး ၊ သွားရမည်။ အချစ်ရေါ်နှင့် ပတ်သက်သော ခရီးများလည်း အောင်မြင်မည်။
5. ရပ်ဝေးမှ ၀မ်းသာစရာ သတင်းကောင်း ဧည့်သည်ကောင်း ရောက်လာမည်။
6. အဆိပ်ရှိသော သတ္တ၀ါ သတိထားရမည်။
7. ရေကြောင်းခရီး ၊ နိုင်ငံခြားခရီးများလည်း အောင်မြင်မည် စသော ဟောချက်များကို ဟောဆိုနိုင်ပါကြောင်း...

ဒါကတော့ အဘမင်းသိင်္ခ၏ တားရော့ ပုံသေဟောနည်းလေး ဖြစ်ပါတယ်..

၁။ မင်္ဂလာရက်ရွှေ့ရမည်။
၂။ အချစ်ရေးတွင် ကြားလူအနှောင့်အယှက် ပေါ်မည်။
၃။ မြေ၊ အိမ် ရတတ်သည်။
၎။ စက်တစ်ခုဝင်လာမည်။ အလွန်ကောင်းသည်။
၅။ ပညာဖြင့် လာဘ်ရမ်ည။ ၆။ ပညာထူးရရှိမည်။
၇။ ရေကြောင်းခရီးသွားရမည်။ (ပြည်ပခရီးဖြစ်နိုင်သည်)
၈။ အမှုဖြစ်လိမ့်မည်။
၉။ အလုပ်၌ စိတ်မ၀င်စားသကဲ့သို့ ရှိမည်။ အလုပ်ပြောင်း ရမည်။
၁၀။ ငွေရေးကြေးရေး အဆင်မပြေဖြစ်လိမ့်မည်။
၁၁။ မိဘ ကို ကောင်းစွာလုပ်ကျွေးရလိမ့်မည်။
၁၂။ အိမ်တွင် နားလေးသူရှိမည်။ မရှီပါက မိမိကိုယ်တိုင် နားကို ဥပဒ်ပေးတတ်သည်။

လတ်တလောကိစ္စအတွက် မေးမြန်ဝါမူ .. ထိုကိစ္စ အောင်မြင်မည်။ သို့သော အချိန်အနည်းငယ်နောက် ကျပြီးမှ အောင်မြင်တတ်သည်။

0 comments:

Post a Comment